5.05.2008

Lasted News about Burma after cyclone Nargis






Dozens Reported Dead in Insein Prison Clash


By THE IRRAWADDY Monday, May 5, 2008

E-MAIL
PRINT

Thirty six inmates of Rangoon’s Insein prison reportedly died in a clash with troops and riot police after setting the jail ablaze as Saturday’s cyclone hit the city.

Prison sources said prisoners had demanded to be moved to security after the cyclone blew off the roof of the jail’s Building No. 1.

When prison authorities refused, the prisoners set fire to a hall, the sources said. Guards failed to suppress the rioters and called in troops and riot police, who opened fire.

It was not known on Monday how many prisoners had died in the fire or from gunshot wounds. Seventy injured were reportedly admitted to the prison hospital.

About 800 prisoners are confined in Insein’s No. 1 building.

အင်းစိန်ထောင် မီးလောင် ၃၆ ဦးသေ၊ ၇၀ ဒါဏ်ရာရ Print E-mail
မဇ္ဈိမသတင်းဌာန
Monday, 05 May 2008 17:10 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ နာမည်ဆိုးဖြင့် ကျော်ကြားသော အင်းစိန် အကျဉ်းထောင်တွင် စနေနေ့က မီးလောင်မှု ဖြစ်ပွားပြီး အဓိကရုဏ်း ဖြစ်ပွားရာ လူ ၃၆ ဦး သေဆုံးပြီး ၇၀ ကျော် ဒဏ်ရာ ရသွားခဲ့သည်။

အကျဉ်းထောင် အတွင်းရှိ နှစ်ထပ်ဆောင် အဆောင် ၁ တွင် စနေနေ့ နံနက်က မီးလောင်မှု ဖြစ်ပွားရာ အပေါ်ထပ် ပြိုကျပြီးနောက် ထောင်လုံခြုံရေး တပ်ဖွဲ့များက ပစ်ခတ်မှု ဖြစ်ခဲ့သည်။ အကျဉ်းထောင်ထဲရှိ အဆောင်တခုလျှင် အနည်းဆုံး အကျဉ်းသား ၁၅၀၀ ရှိသည်။

"လေတိုက်ပြီးတော့ မိုးတွေ ရွာနေတဲ့အခါမှာ အကျဉ်းသားတွေ မနက်အစောကြီး မီးလှုံတဲ့ အခါမှာ လေတိုက်ပြီးတော့ အိပ်ဆောင် မီးကူးတယ်၊ မီးကူးတဲ့ အခါမှာ ထောင်အာဏာပိုင်တွေ ရောက်လာတယ်။ ၀န်ထမ်းတွေ ရောက်လာတယ်အခါ ထောင်သားတွေက ထွက်ပြေးတယ်။ ထွက်ပြေးတော့ ထောင်အာဏာပိုင်တွေက မီးကို မငြိမ်းသတ်ဘဲနဲ့ အကျဉ်းသားတွေကို ပစ်ခတ်တာ" ဟု ထိုင်းနိုင်ငံ အခြေစိုက် အေအေပီပီ ခေါ် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) မှ ကိုတိတ်နိုင်က ပြောသည်။

နာဂစ်မုန်တိုင်း တိုက်ခိုက်သည့် စနေနေ့တွင် ထောင်မီးလောင်သည့် သတင်း ထွက်ပေါ်ခဲ့သော်လည်း ယနေ့မှသာ ထောင်ဝင်စာ တွေ့ခွင့်ရ၍ သတင်း ခိုင်ခိုင်လုံလုံ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ထောင်အာဏာပိုင်များ၏ ဆူပူမှုကို ကိုင်တွယ်ပုံကို ကိုတိတ်နိုင်က ဝေဖန်လိုက်သည်။

"ပုံမှန်အားဖြင့်တော့ အာဏာပိုင်တွေဟာ မီးလောင်ရင်တော့ မီးသတ်ပေးဖို့ တာဝန်ရှိတယ်လေ။ ထောင်သားတွေ ဆူပူလာရင်လည်း စနစ်တကျ ပြန်သွင်းပေးရမှာ။ အခုတော့ သူတို့က ပစ်ခတ်လို့ သေတာက များနေတယ်။" ဟု သူက ပြောသည်။

အင်းစိန် အကျဉ်းထောင်အနီး နေထိုင်သူများမှာ မီးခိုးလုံးများ ထွက်ပေါ်ခဲ့သည်ကို မြင်တွေ့ခဲ့ရပြီး သေနတ်သံများ ကျယ်ကျယ်လောင်လောင် ကြားခဲ့ကြသည်။

အကျဉ်းသားများ ထွက်ပြေး လွတ်မြောက်ဖွယ် မရှိဟု ထောင်အနီး နေသူတဦးက ပြောသည်။

ထောင်အဓိကရုဏ်းကြောင့် ထောင်ကျခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များ၏ မိသားစုဝင်များ စိုးရိမ်တကြီးဖြင့် စုံစမ်းမေးမြန်းမှုများ ပြုလုပ်နေခဲ့ကြသည်။

သို့သော် သေဆုံး၊ ဒဏ်ရာရသူများတွင် နိုင်ငံရေး အကျဉ်းသားများ ပါဝင်ခြင်းမရှိဟု အေအေပီပီက ပြောသည်။

Confirmed deaths: 3,939 from Yangon and Irrawaddy division
2879 Missing ( Yangon and Irrawaddy division )
IN BOGALAY alone ten of thounsands deaths - forcasted
IN Lupputta alone thousands deaths - forcasted
Junta must open international humanitarian assistance and set national mourning days.
From SPDC Radio Announcement


Nearly 4,000 People Dead; 3,000 People Missing


By AYE AYE WIN / AP WRITER / RANGOON Monday, May 5, 2008

E-MAIL
PRINT

Officials said on Monday nearly 4,000 people died in the wake of cyclone Nargis which swept through Burma on Saturday. An estimated 3,000 people are missing. Several hundred thousand of people may be homeless throughout the Irrawaddy delta.

Residents of Burma's biggest city, Rangoon, face the third day of severe shortages of water, power and other essentials as they battle to clean up after the disastrous cyclone.

Older citizens said they had never seen Rangoon, a city of some 6.5 million, so devastated in their lifetimes.

Residents rebuild their house after cyclone Nargis on the outskirts of Rangoon on May 4. At least 351 people were killed and nearly 100,000 left homeless when tropical cyclone Nargis tore through Burma, razing thousands of buildings and knocking out power lines, state media said. (Photo: AFP)
Despite the havoc wreaked by tropical cyclone Nargis across wide swathes of the Southeast Asian country on Saturday, the government indicated that a referendum on the country's draft constitution would proceed as planned on May 10.

"It's only a few days left before the coming referendum and people are eager to cast their vote," the state-owned Burmese language newspaper Myanma Ahlin said on Monday.

Pro-democracy groups in the country and many international critics have branded the constitution as merely a tool for the military's continued grip on power.

Should the junta be seen as failing disaster victims, voters who already blame the regime for ruining the economy and squashing democracy could take out their frustrations at the ballot box.

Some in Rangoon complained that the 400,000-strong military was doing little to help victims after Saturday's storm, only clearing streets where the ruling elite resided but leaving residents to cope on their own in most other areas.

Residents, as well as Buddhist monks from the city's many monasteries, banded together on Monday, wielding axes and knives to clear roads of tree trunks and branches torn off by the cyclone’s 190 kph (120 mph) winds.

With the city's already unstable electricity supply virtually nonfunctional, citizens lined up to buy candles, which doubled in price, as well as water as a lack of electricity-driven pumps left most households dry. Some walked to the city's lakes to wash.

Cyclone Nargis knocked out Rangoon’s municipal water supply, forcing residents to rely on backyard wells. (Photo: AFP)
Hotels and richer families were using private generators but only sparingly, given the soaring price of fuel.

Public transport was almost at a standstill although airlines announced that Rangoon's international airport had reopened for foreign and domestic flights on Monday.

Most telephone landlines, mobile phones and Internet connections were down.

With the city plunged into almost total darkness overnight, security concerns mounted, and many shops sold their goods through partially opened doors or iron grills.

At least 351 people were killed, including 162 who lived on Haing Gyi island off the country's southwest coast, military-run Myaddy television station reported. Many of the others died in the low-lying Irrawaddy delta.

"The Irrawaddy delta was hit extremely hard not only because of the wind and rain but because of the storm surge," said Chris Kaye, the UN's acting humanitarian coordinator in Rangoon. "The villages there have reportedly been completely flattened."

State television reported that in the Irrawaddy's Labutta township, 75 percent of the buildings had collapsed.

The UN planned to send teams on Monday to assess the damage, Kaye said. Initial assessment efforts had been hampered by roads clogged with debris and downed phone lines, he added.

The Forum for Democracy in Burma and other dissident groups outside Burma urged the military junta on Sunday to allow aid groups to operate freely in the wake of the cyclone.


မုန်တိုင်းဘေး ဒုက္ခသည်များအတွက် ပြည်ပရောက်မြန်မာများ စိုးရိမ် Print E-mail
နေသွင်
Monday, 05 May 2008 16:48 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ မုန်တိုင်းဒဏ်ကြောင့် ဒုက္ခရောက်နေသူများသည် အစားအသောက်နှင့် ရေပြဿနာ အကြီးအကျယ် ကြုံနေရပြီး ကယ်ဆယ်ရေး လုပ်ငန်းများနှင့် အကူအညီ ပေးရေးလုပ်ငန်းများ ယခုတိုင် မစတင်နိုင်သေးသဖြင့် ပြည်ပရောက် မြန်မာအသိုင်းအ၀ိုင်းက စိုးရိမ်နေကြသည်။

ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ပြည်တွင်းးမှ မုန်တိုင်းဒဏ် ခံရသော ဒုက္ခသည်များကို အရေးပေါ် အကူအညီ ပေးနိုင်ရေးအတွက် နိုင်ငံတကာ အကူအညီများ တောင်းခံထားသည်။

နယ်စပ်အခြေစိုက် အတိုက်အခံ အဖွဲ့က စစ်အစိုးရအနေဖြင့် အကူအညီများကို ကိုယ်ကျိုးစီးပွားနှင့် နိုင်ငံရေး အမြတ်မထုတ်ဘဲ မှန်မှန်ကန်ကန် ကိုင်တွယ်ရန် နယ်စပ် အခြေစိုက်အဖွဲ့က တိုက်တွန်းထားသည်။

ရန်ကုန်မြို့တွင် ကုန်ဈေးနှုန်း (၅) ဆမှ (၁၀) ဆအထိ ထိုးတက်သွားပြီး အစားအသောက် ရှားပါးမှုကြောင့် သာကေတ၊ ဒလ၊ ညောင်ပင်လေးဈေးဘက်တွင် လုယက်မှုများ ဖြစ်ပေါ်နေသည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) မှ ဦးမြင့်စိုးက ပြောသည်။

ဦးမြင့်စိုးက "ရန်ကုန်မှာ အစားအသောက်ဈေးတွေ တက်ကုန်ပြီး၊ ကားတွေမထွက်နိုင်ဘူး၊ ဒီနေ့ မနက်မှ ပြန်ထွက်တယ်၊ ဓာတ်ဆီဈေးက (၅) ထောင်ကနေ တသောင်းခွဲကို ခုန်တက်သွားတယ်၊ ကားက ဟိုနားဒီနား ၃၀၀။ ၅ မှတ်တိုင်လောက်ဆို ၅၀၀။ အဲဒီထက်များရင် တထောင်၊ စီအန်ဂျီတွေ မပေးနိုင်ဘူး၊ ဘဲဥ တလုံးဆို ၃၀၀၊ ဆန်က ရောင်းမယ့်လူ မရှိဘူး၊ အငတ်ဘေးလည်း ဖြစ်လာတော့၊ တမြို့လုံး အတိုင်းအတာနှင့် အတော်ကြီးတယ်၊ အခုချိန်ထိ ဒဂုံမြို့သစ်။ ဒဂုံ တက္ကသိုလ်တို့မှာ ရေမြုပ်နေတုန်းပဲ" ဟုပြောသည်။

သောက်ရေရှားပါးမှုကြောင့် ဂျိုးဖြူရေနှင့် မီးသတ်ပိုက်များကို ဖောက်ယူနေကြသည်ဟု သူက ဖြည့်စွက် ပြောကြားသည်။

ကိုးရီးယားရောက် မြန်မာ အသိုင်းအ၀ိုင်းကလည်း လေဘေး ဒုက္ခသည်များကို အကူအညီပေးရေးအတွက် အလှူငွေများ စုဆောင်းရန် ယနေ့မှ စ၍ စီစဉ်လျက် ရှိသည်။

ကိုးရီးယားတွင် ဖွဲ့ထားသော မြန်မာနိုင်ငံ အမျိုးသားရေး မြင့်တင်ရေးအဖွဲ့မှ ဘဏ္ဍာရေးအဖွဲ့ဝင် ဇေ မင်းအောင်က "ပြည်တွင်းမှာရှိတဲ့ မုန်တိုင်း ဒဏ်ခံရသူများကို ကူညီနိုင်ဖို့ ပထမအဆင့် အနေနဲ့ ရန်ပုံငွေရဖို့။ ကောက်ခံတဲ့အခါမှာ ကိုရီးယားမှာ ရှိတဲ့ အဖွဲ့အစည်းတွေက ကောက်ခံဖို့ စီစဉ်ထားပါတယ်၊ ရန်ပုံငွေ ရရှိပြီးတဲ့ နောက်မှာတော့ ဒုကရောက်နေတဲ့ ဒေသတွေဆီ ရောက်အောင် ပို့သွားမှာပါ" ဟု ပြောသည်။

အဖွဲ့တွင် ကိုးရီးယားနိုင်ငံရောက် အမျိုးသား ဒီမိုကရေစီအဖွဲ့ (လွတ်မြောက်နယ်မြေ) အပါအ၀င် ကိုးရီးယားရောက် မြန်မာအဖွဲ့အစည်း (၇) ဖွဲ့ဖြင့် ဖွဲ့စည်းထားသည်။ ကိုးရီးယားတွင် မြန်မာအလုပ်သမား။ ကျောင်းသား စုစုပေါင်း အယောက် (၂၀၀၀) ၀န်းကျင်ရှိမည်ဟု မြန်မာအသိုင်းအ၀ိုင်းက ခန့်မှန်းသည်။

စင်ကာပူတွင်လည်း လေဘေး ဒုက္ခသည်များကို အကူအညီပေးရေးအတွက် စင်္ကာပူတွင် ဖွဲ့ထားသော ပြည်ပရောက် မျိုးချစ်မြန်မာများ အဖွဲ့မှ အကူငွေများ စုဆောင်းနေလျက် ရှိသည်။

စင်ကာပူနိုင်ငံရှိ ပြည်ပရောက် မျိုးချစ်မြန်မာ အဖွဲ့သားများမှ အလှုငွေများ စတင် ကောက်ခံမည်ဖြစ်ရာ တယ်လီဖုန်း မက်ဆေ့ခ်ျများ စင်္ကာပူကျွန်းတခုလုံးမှာ ဖြန့်နေကြောင်း စင်ကာပူ အသိုင်းအ၀ိုင်းက ပြောသည်။

အလှူငွေများကို ပင်နီဇူလား ပလာဇာ (Peninzula Plza) ရှိ လင်းလက် ရောင်းဝယ်ရေး (၂- လွှာ)၊ စင်မြန်မာ လေယာဉ် လက်မှတ် အရောင်းဆိုင် (၃- လွှာ)၊ သပြေနု ရောင်းဝယ်ရေး (၄-လွှာ) နှင့် လမ်းပြကြယ် စာကြည့်တိုက် (၅-လွှာ) တို့တွင် လက်ခံလျက် ရှိသည်။ ကောက်ခံရရှိငွေများ အားလုံးကို မြန်မာနိုင်ငံတွင်းရှိ နာရေးကူညီမှု အသင်းကြီးတခုကို လွှဲပေးမည် ဖြစ်ကြောင်းသိရသည်။

စင်္ကာပူရှိ ပြည်ပရောက် မျိုးချစ်မြန်မာ အဖွဲ့သားများ အဖွဲ့တွင် စင်္ကာပူရောက် မြန်မာကျောင်းသား လူငယ်များနှင့် မြန်မာ့အရေး တက်ကြွသူများနှင့် ဖွဲ့စည်းထားသော အဖွဲ့ ဖြစ်သည်။

အလားတူ ယူကေနိုင်ငံရှိ မြန်မာ အသိုင်းအ၀ိုင်းကလည်း အကူအညီပေးရေးအတွက် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်း တော်များအဖွဲ့ (ယူကေ) နှင့် ယူ၂ ဗွီကော်မတီမှ (Unity To Victory) ဦးဆောင်ပြီး လေဘေး ဒုက္ခသည်များ အတွက် အလှူငွေများ ယမန်နေ့မှ စ၍ ကောက်ခံလျက် ရှိသည်ဟု ယူကေ အသိုင်းအ၀ိုင်းမှ စုံစမ်းသိရသည်။



ဒေးဒရဲလမ်းဘေးတွင် လူသေအလောင်းများ တွေ့ခဲ့ရဟု မျက်မြင်သက်သေပြော Print E-mail
မဇ္ဈိမသတင်းဌာန
Monday, 05 May 2008 15:12 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ နာဂစ်မုန်တိုင်းကြောင့် ဒေးဒရဲမြို့တွင်း လူအသေအပျောက် မြောက်များစွာ ရှိနေပြီး လူသေ အလောင်းများကို လမ်းဘေးတွင်ပင် မြင်တွေ့ခဲ့ရသည်ဟု မျက်မြင်သက်သေ တဦးက ပြောသည်။

ယမန်နေ့က ရန်ကုန်သို့ ရောက်ရှိလာသူတဦးက ပြောကြားရာတွင် ရန်ကုန်မှ မိုင် ၄၀ ခန့်ဝေးသော ဧရာဝတီတိုင်းအတွင်းရှိ ဒေးဒရဲမြို့ကို ဖြတ်သန်းသွားသော အဝေးပြေး လမ်းမဘေးးတွင် လူသေအလောင်းများ၊ တိရိစ္ဆာန် အလောင်းများ တွေ့မြင်ခဲ့ရသည်ဟု ဆိုသည်။

လူအသေအပျောက်နှင့် ပတ်သက်၍ အရေအတွက်ကို အတိအကျ မပြောနိုင်သော်လည်း ရာဂဏန်းအထိ ရှိနိုင်သည်ဟု ပြောသည်။

အစိုးရက ထုတ်ပြန်သော စာရင်းဇယားများတွင် ဒေးဒရဲမြို့၏ ပျက်စီးအဆုံးအရှုံး အသေအပျောက်နှင့် ပတ်သက်၍ ထည့်သွင်း ကြေညာခြင်း မရှိပေ။

ဧရာဝတီတိုင်းတွင်း တယ်လီဖုံး ပြတ်တောက်မှုဖြစ်ရာ ဒေသတွင်းမှ ဖြတ်သန်းလာသူများ၏ ပြန်ပြောစကားကိုသာ စီစစ်နေရသည်။

ရန်ကုန်တဘက်ကမ်း ဒလမြို့တွင်လည်း မြို့လုံးကျွတ်နီးပါး အိုးအိမ်များ ပျက်စီးဆုံးရှုံးမှု ရှိသည်။ ထို့အပြင် သောက်ရေ ပြတ်တောက်မှုကို ဆိုးဆိုးဝါးဝါး ခံနေရသည်။

တခုတည်းသော ဆက်သွယ်ရေး ဖြစ်သည့် ရန်ကုန်နှင့် ဒလမြို့သို့ ကူးခတ်နေသည့် သမ္ဗာန်များ၏ ၉၀ ရာခိုင်နှုန်းခန့် ပျက်စီးသွားခဲ့သည်။

အစိုးရ၏ ထုတ်ပြန် ကြေညာချက်များတွင် အနည်းဆုံး လူပေါင်း ၃၅၁ ယောက် သေဆုံးရာတွင် ဟိုင်းကြီးကျွန်းသည် ၁၀၉ ယောက် သေဆုံးပြီး အဆိုးဝါးဆုံး ဖြစ်သည်ဟု ဆိုသည်။ အနည်ဆုံး အိမ်ခြေ ၂၀၀၀၀ ပျက်စီးပြီး လူ ၉၀၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့သည်ဟု ပါရှိသည်။

အစဉ်အမြဲ သတင်းအမှောင်ချ လျှို့ဝှက်လေ့ရှိသည့် မြန်မာ စစ်အစိုးရကြောင့် စောင့်ကြည့် လေ့လာသူများက အမှန်တကယ် သေဆုံးသူ အရေအတွက်မှာ အစိုးရ ထုတ်ပြန်ချက်ထက် များနိုင်သည်ဟု ပြောသည်။

စစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များ ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့သို့ ရဟတ်ယာဉ်ဖြင့် သွားရောက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ အပျက်အစီးများသည့် မြို့များတွင် မော်လမြိုင်ကျွန်း ပါဝင်နိုင်သည်ဟု ရန်ကုန်ရှိ မဇ္ဈိမသတင်းထောက်က ပြောသည်။

ရန်ကုန်ပင်လယ်ဝတွင် ရပ်နားထားသော စစ်သင်္ဘောတစီး မြုပ်သွားခဲ့ပြီး ကြည့်မြင်တိုင် ဆိပ်ကမ်းတွင် ငါးတင် သင်္ဘောတစီး နှစ်မြုပ်သွားသည်။

ရန်ကုန်တွင်တော့ ရေပြတ်တောက်မှုကို ကြုံတွေ့နေရသဖြင့် အင်းယားကန်၊ ကန်တော်ကြီးများတွင် ဆယ်ဘီးကားများ၊ ထရပ်ကားများဖြင့် လာရောက် ရေသယ်၊ ရေချိုး ပြုလုပ်နေကြသည်။

အနော်ရထာ လမ်းမကြီးတွင် စည်ပင်သာယာမှ ရေကားများက ရေဝေမှု ပြုလုပ်နေရာ ရေပုံး၊ ရေခွက် အရွယ်စုံဖြင့် ရေလာယူသူ လူတန်းရှည်ကြီးများ ဖြစ်ပေါ်လျှက် ရှိသည်။

တောင်ဥက္ကလာပ မြို့နယ်နှင့် ရန်ကင်းမြို့များတွင် ဂျိုးဖြူပိုက်ကို ဖောက်၍ သောက်သုံးရေ ရရှိရန် ကြိုးစားမှုများ ရှိခဲ့သည်။ မီးသတ် ပိုက်ခေါင်းများကို ဖွင့်၍ ရေဝေသုံးစွဲမှုများ သာကေတမြို့နယ်တွင် တွေ့ရသည်။

လုယက်မှုများ ဖြစ်နိုင်သည် ဆိုသော စိုးရိမ်ချက်များကား ဒေသခံများတွင် ဖြစ်ပေါ်လျှက် ရှိသည်။

အစိုးရ စက်သုံးဆီအရောင်းဆိုင်များ ပြန်လည် ဖွင့်လှစ်လိုက်ပြီဖြစ်ရာ လောင်စာဆီ ပြတ်တောက်မှု အနည်းငယ် လျော့ပါးသွားသည်။ သို့သော် နှစ်မိုင်ခန့်ပင် ရှည်လျားသော ဆီထည့်ရန် စောင့်နေသည့် ယာဉ်တန်းကြီးများကို ဆီဆိုင်တိုင်းလိုလိုတွင် တွေ့မြင်ရသည်။ မှောင်ခို ဈေးကွက်တွင်တော့ ဈေးတက်ဆဲ ဖြစ်ရာ ဓာတ်ဆီတဂါလံ ၁၂၀၀၀ ကျပ်နှင့် ဒီဇယ်ဆီတဂါလံ ၁၅၀၀၀ ကျပ် ဖြစ်သည်။

စက်သုံးဆီအရောင်းဆိုင်များက ည ၁၀ နာရီအထိ ရောင်းချပေးသွားမည် ဖြစ်သည်ဟု ကြေညာထားသည်။

ကမ္ဘာအေး ဘုရားလမ်း ကဲ့သို့သော လမ်းမကြီးအချို့ ပြန်ပွင့်လာသော်လည်း ယာဉ်လမ်းပိတ်ဆို့မှု ဖြစ်ပေါ်နေသည်။ မြို့ထဲတွင်တော့ မီးစက်သံများတညံညံ ပေါ်ထွက်နေသည်။

အိမ်မိုးသွပ်ဈေးများ ၅ ဆ မြင့်တက်သွားပြီး တပေလျှင် ကျပ် ၃၀၀၀ သို့ ရောက်ရှိသွားသည်။ မုန်တိုင်း မတိုက်မီက တပေလျှင် ကျပ် ၆၀၀ သာ ရှိသည်။ သွပ်ရိုက် သံကတော့ တပိသာလျှင် ၃ သောင်းကျပ် ဖြစ်သည်။

ဒဂုံမြို့သစ်မြောက်ပိုင်းတွင် ဒီရေ ၀င်ရောက်ပြီး ရေလျှံနေသည်။ အိမ်တွေယိုင်၊ သစ်ပင်ပြိုလဲမှု အဖြစ်များသည်။

အင်းယားလမ်း ပိတ်ထားဆဲ ဖြစ်ပြီး ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေထိုင်ရာ တက္ကသိုလ်ရိပ်သာ လမ်းတလျှေက် သစ်ပင်ပြိုလဲမှု များသည်။ စစ်အစိုးရက အပျက်အစီးများ လုံးဝ ဖယ်ရှားခြင်း မပြုသေးပေ။ မုန်တိုင်း မကျမီလေးကမှ ဒေါ်စုအိမ်အနီး လုံခြုံရေး အတားအဆီးများ တိုးမြှင့်ခဲ့သေးသည်။

သို့သော် အပင်များ လဲပြိုသွားပြီဖြစ်သဖြင့် ဒေါ်စုနေအိမ်ကို ယခုအခါတွင် အင်ယားကန်ဘောင်မှပင် လမ်းမြင်နေရပြီ ဖြစ်သည်။ ဒေါ်စုနေအိမ် ပျက်စီးမှု ရှိ မရှိကို မဇ္ဈိမအနေဖြင့် စုံစမ်း မရသေးပါ။

ရန်ကုန်လေဆိပ် ပြန်လည် ဖွင့်လှစ်ပြီးနောက် ခရီးသည်များ တင်ဆောင်ထားသော ပြည်ပ လေယာဉ်များ ပြန်လည် ပြေးဆွဲနေပြီ ဖြစ်သည်။