3.17.2010

မနက်ဖြန် တွင် ထုတ်ပြန်ကြေငြာမည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေများ

 မနက်ဖြန်တွင် ထုတ်ပြန်ကြေငြာမည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဆိုင်ရာ နည်းဥပဒေများကို ယနေ့ညနေပိုင်းတွင် လူငယ့်အသံ အွန်လိုင်းသတင်းဂျာနယ် အမည်တပ်ထားသော RDF ဖိုင်ဖြင့် ဖြန့်ဝေ လာသည်ကို တွေ့ရပါသည်။ 
အများပြည်သူ ဖတ်ရှုနိုင်ရန် ဆက်လက်ဖြန့်ဝေပေးလိုက်ပါသည်။ တကယ်ထုတ်ပြန်မည့် နည်းဥပဒေ ဟုတ်မဟုတ် ကိုတော့ မနက်ဖြန်တွင် စောင့်ကြည့်ရမည် ဖြစ်ပါသည်။
Reg Poliparty

မူးယစ်ဆေးဝါးရောင်းဝယ်သည့်မြန်မာတစ်ဦးအား ထိုင်း၇ဲကသေနတ်ဖြင့်ပစ်ဖမ်း

Photobucket
မတ်လ၁၇
ကိုတီ(ရခိုင့်တံခွန်ဂျာနယ်)
ယနေ့ နံနက်စောစောက ချင်းမိုင်မြို့နယ်၊ စုဘောင်းရွာ၊ ရေတံခါးအနီးတွင် ရာဘမူးယစ်ဆေးဝါး သယ်ဆောင်လာသည့် မြန်မာတစ်ဦးက သေနတ် ၃ချက်ပစ်ခတ်ခုခံသဖြင့် ၄င်းကို ထိုင်း၇ဲက သေနတ်ဖြင့် ပစ်ခတ် ဖမ်းဆီးလိုက်သည်။
နံနက် ၅နာရီအချိန်ခန့်တွင် အဆိုပါရွာအနီး ရေတံတားအမှတ် ၃နေရာတွင် မူးယစ်ဆေးဝါးများ အရောင်းအ၀ယ် ပြုလုပ်မည် ဖြစ်ကြောင်း ချင်းမိုင်မြို့နယ် ရဲစခန်းက သတင်း ရရှိထားသည်ဟု ဆိုသည်။

အသက်သုံးဆယ်ကျော် အရွယ် အမည်မသိ မြန်မာတစ်ဦးက သေနတ်ဖြင့် ပြန်လည်ခုခံ တိုက်ခိုက်သဖြင့် ထိုင်း၇ဲများက ပစ်ခတ် ဖမ်းဆီးခဲ့ရကြောင်း ဒေလီနယူး အွန်လိုင်းတွင် ရေးသားဖေါ်ပြထားသည်။ သတင်းအရ ထိုင်းမူးယစ်ဆေးဝါး နှိမ်နင်းရေးအဖွဲ့ ၀င်များ စောင့်ဆိုင်းနေစဉ် အဖြူရောင် နောက်အမိုးဖွင့် ကားတစီး ဆိုက်ရောက်လာခဲ့ပြီး ထိုင်းလူမျိုး၂ဦး ဆင်းလာခဲ့သည်။ စောင့်ဆိုင်းနေသော ထိုင်းရဲများကို မြင်သဖြင့် ကားပေါ်ပြန်တက်ပြီး ထွက်ပြေး လွတ်မြောက်သွားခဲ့ကြသည်။

အမည်ဖေါ်ပြမထားသည့် အသက် ၃၅နှစ်နှင့် ၄၀အကြားရှိ မြန်မာ၏ အလောင်းအားရှာဖွေရာ ရာဘဆေးပြားအလုံး၂၀၀၀ နှင့်အတူ ငွေအချို့လည်း သိမ်းဆည်းရမိခဲ့သည်။ သေဆုံးသူအနီးမှ ၉၉မမ ခြောက်လုံးပြူးတစ်လက်နှင့် ၄င်းကျည် ၅တောင့်တို့အား သိမ်းဆည်းရမိခဲ့သည်။

အမှုလိုက်ရဲအရာရှိ အလုံကော်က “ဒီဗမာကို မျက်ခြေမပြတ် စောင့်ကြည့်နေတာ ကြာပြီ၊ ထွက်ပြေးသွား သူများအပြင် ဒီဂိုဏ်တစ်ခုလုံးကို အမြန်ဆုံး ဖေါ်ထုတ်ပြီး ဥပဒေအရ အရေးယူနိုင်အောင် ကြိုးစား သွားပါမယ်”ဟု ဒေသခံ သတင်းထောက်များအားပြောသည်။