2.19.2010

ကင်တားနား ၅ရက် ခရီးနှင့် ကုလသမဂ္ဂ၏ အခန်းကဏ္ဍ(သတင်း သုံးသပ်ချက်)

ဖေဖေါ်ဝါရီ ၁၉၊ ရန်ကုန်။
Photobucket
မစ္စတာ ကင်တားနား ရန်ကုန်လေဆိပ်တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ်
မြန်မာနိုင်ငံသို့ ၅ရက်ကြာ သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားက ယနေ့ညနေပိုင်း မြန်မာနိုင်ငံက ဘန်ကောက်သို့ မထွက်ခွာခင် ရန်ကုန် လေဆိပ်မှာ ကျင်းပတဲ့ သတင်းစာ ကွန်ဖရင့်တခုမှာ သတင်းသမားတွေနဲ့ သတင်းစာ ရှင်းလင်းပွဲတခု ပြုလုပ်ခဲ့ပါတယ်။
အဲဒီ သတင်းစာရှင်းလင်းပွဲမှာ မစ္စတာ ကင်တားနားက သူ့အနေနဲ့ ယခုခရီးစဉ် အတွင်းမှာ ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ အထူး အလေးထား တောင်းဆိုခဲ့ပေမယ့်။ တွေ့ခွင့်မရတဲ့ အတွက် အလွန်အမင်း စိတ်ပျက် ရကြောင်း ပြောဆိုခဲ့ပါတယ်။ အခုလို မြန်မာနိုင်ငံအတွက် အရေးကြီးနေတဲ့ကာလမှာ သူမနဲ့ တွေ့ဆုံ ခွင့် မရခဲ့တာနဲပါတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ အခုနှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပါဝင်နိုင်ခွင့် ရမယ့် အရိပ်အယောင်ကို မတွေ့မြင်ခဲ့ရသလို နှစ် နှစ်ဆယ်အတွင်းမှာ ထပ်မံကျင်းပမယ့် ရွေးကောက်ပွဲဟာ တရားမျှတစွာ ကျင်းပနိုင်မယ့် အရိပ်အယောင် မတွေ့ဘူးလို့ သတင်းထောက်တွေကို ပြောပြပါတယ်။
တကယ်လို့များ သူ့ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပြုခဲ့မယ် ဆိုရင် စစ်အုပ်စုအနေနဲ့ နိုင်ငံတကာရဲ့ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေအရ သူတို့ဟာ အပြုသဘောဆောင်တဲ့ ဆောင်ရွက်ချက်တွေကို လုပ်ဆောင် နေတယ်လို့ သက်သေ ပြနိုင်ခဲ့မယ်လို့လဲ ကင်တားနားက ပြောခဲ့ပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် မြန်မာစစ်အာဏာပိုင် တွေနဲ့ တွေ့ဆုံခဲ့ရာမှာ သူ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး လွှတ်ပေးဖို့ တိုက်တွန်း တောင်းဆိုခဲ့တယ်လို့လဲ သတင်းထောက်တွေကို ပြောပြပါတယ်။
ထို့အတူပဲ မြန်မာ စစ်အုပ်စုတွေအနေနဲ့ နိုင်ငံရေးအကျဉ်းသား ၂၂၀၀ ကိုလဲ ရွေးကောက်ပွဲ မတိုင်ခင် လွှတ်ပေးမယ့် အရိပ်အယောင်နဲ့ ပါဝင်ပါတ်သက်ခွင့် ပြုမယ့် သဘောထားကို မပြခဲ့လို့ ပြည်သူလူထုတွေ မဲပေးကြရမယ့် လာမယ့်ရွေးကောက်ပွဲဟာ တရားမျှတမှု ရှိပါတယ်ဆိုတဲ့ ဘယ်လို အပြုသဘောဆောင်တဲ့ လုပ်ရပ် ကိုမှ မမြင်တွေ့ ခဲ့ရဘူးလို့ ဆိုပါတယ်။
သူက ဆက်လက်ပြောပြရာမှာ သူ့အနေနဲ့ အခု ၅ရက် ခရီးစဉ်အတွင်း နိုင်ငံရေးလှုပ်ရှားသူတွေ၊ သတင်းထောက် တွေနဲ့ ရှမ်းပြည်နယ်ရဲ့ ထင်ရှားတဲ့ ခေါင်းဆောင်တွေ အပါအဝင် နိုင်ငံရေး အကျဉ်းသား ၁၅ဦးကို တွေ့ဆုံခဲ့ရ တယ်လို့ ဆိုပါတယ်။
သူတွေ့ခဲ့ရတဲ့ နိုင်ငံရေး အကျဉ်းသားတွေထဲမှာ ထောင်ဒဏ် ၆၅နှစ် အထိ ချမှတ် ခံခဲရတဲ့ နိုင်ငံရေး အကျဉ်းသား တချို့လဲ ပါဝင်တယ်လို့ ပြောပြပါတယ်။ အဲဒီကာလမှာပဲ အချို့ နိုင်ငံရေး အကျဉ်းသားတွေဟာ ဝေးလံတဲ့ ထောင် တွေကို ရွှေ့ပြောင်းခြင်း ခံခဲ့ရတယ်လို့လဲ ပြောပြခဲ့ပါတယ်။
သူက ရခိုင်ဒေသကို ၂ရက်ကြာ သွားရောက်ခဲ့ပြီးတော့ အဲဒီဒေသမှာရှိတဲ့ မူဆလင် ဘာသာဝင် တွေနဲ့လည်း တွေ့ဆုံ ဆွေးနွေးခဲ့ပြီး သူတို့တွေကို စစ်အုပ်စုက ခွဲခြားဖိနှိပ်နေမှုတွေနဲ့ ပါတ်သက်ပြီးလဲ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
သူဟာ နေပြည်တော်ကိုလဲ သွားရောက်ခဲ့ပြီး နအဖ ပြည်ထဲရေးဝန်ကြီးနဲ့ အလုပ်သမားဝန်ကြီး အပါအဝင် အရေးကြီးတဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ရပေမယ့် ဦးသန်းရွှေနဲ့တော့ တွေ့ဆုံခဲ့ရခြင်း မရှိပါဘူး။
ဒါပေမယ့်သူဟာ ဦးတင်ဦး၊ ဦးဝင်းတင်နဲ့ ဦးခင်မောင်ဆွေတို့ပါဝင်တဲ့ NLD ရဲ့ CEC တွေနဲ့တော့ တွေ့ဆုံခွင့် ရခဲ့ပါတယ်။ အဲဒီလို တွေ့ဆုံခဲ့ရာမှာလဲ NLD ရဲ့ CEC တွေက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ လိုအပ် ကြောင်းနဲ့ ရွေးကောက်ပွဲကို ကျင်းပမယ်ဆိုရင် လိုအပ်တဲ့ တရားမျှတတဲ့ အခြေခံအချက်တွေကို သူ့ကို ရှင်းလင်း ပြောပြခဲ့ကြပါတယ်။
Photobucket
မစ္စတာ ကင်တားနားနှင့် တွေ့ဆုံအပြီး NLD ဒုဥက္ကဌ
ဦးတင်ဦးအား သတင်းထောက်များ မေးမြန်းနေစဉ်
ILO ရဲ့တာဝန်ရှိသူရဲ့ ခရီးစဉ်နဲ့ သိပ်မကြာခင်မှာ လာရောက်ခဲ့တဲ့ မစ္စတာ ကင်တားနားတို့ နှစ်ဦးစလုံးဟာ မြန်မာနိုင်ငံက အလုပ်သမားတွေရဲ့ အလုပ်သမား အခွင့်အရေး တောင်းဆိုနေမှုတွေကို ကြုံတွေ့ခဲ့ရပါတယ်။ ဒါ့ အပြင် အကျဉ်းထောင်ထဲက နိုင်ငံရေး အကျဉ်းသားတွေက မစ္စတာကင်တားနား မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ရက်မှာပဲ အကျဉ်းသားတွေရဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေရတာနဲ့ ပါတ်သက်ပြီး တောင်းဆိုခဲ့ကြပါတယ်။ ထောင်ကျ ခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အနေနဲ့ အခုလို တောင်းဆိုမှုပြုရတာ ဘယ်လောက် အန္တရာယ် များပြီး အခက်အခဲတွေ ရှိလိမ့်မယ်ဆိုတာ မြန်မာနိုင်ငံကို တတိယ အကြိမ်မြောက် လာရောက်ခဲ့ပြီး လာရောက် တိုင်းလဲ နိုင်ငံရေး အကျဉ်းသားတွေကို တွေ့ဆုံလေ့ရှိတဲ့ မစ္စတာကင်တားနားကတော့ နားလည် သဘောပေါက် လိမ့်မယ်လို့ ယူဆပါတယ်။ ဒါပေမယ့် မစ္စတာ ကင်တားနားက သူရဲ့ သတင်းစာရှင်းလင်းပွဲမှာ အဲင်္ဒီ အကြောင်း ဘာမှာ ထုတ်ဖေါ် ပြောဆိုသွားခဲ့ခြင်း မရှိသေးပါဘူး။
ILO ကတာဝန်ရှိသူ အနေနဲ့ သူတောင်းဆိုခဲ့တဲ့ ILO ကိုတိုင်တန်းလို့ မတရားအမှုဆင် ထောင်ချခံထားရတဲ့ လယ်သမားတွေကို လွတ်မြောက်အောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့် မစ္စတာ ကင်တားနား အနေနဲ့ကတော့ မြန်မာ နိုင်ငံရဲ့ လက်ရှိအခြေအနေအတွက် အရေးပါတဲ့ လူနှစ်ဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသန်းရွှေ နှစ်ယောက်စလုံးကို တွေ့ဆုံနိုင်ခွင့်မရခဲ့သလို ဘာသဘောတူညီချက်၊ ဘယ်လိုရှင်းလင်းချက်ကိုမှ ပြန်လည် ယူဆောင် လာနိုင်ခဲ့တယ်လို့ ပြောပြနိုင် ခဲ့ခြင်း မရှိပါဘူး။
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကိုယ်တိုင်လဲ သူ့ရဲ့ မြန်မာပြည် ခရီးစဉ်တုန်းက ဗိုလ်ချုပ် မှူးကြီးသန်းရွှေနဲ့ တွေ့ဆုံခွင့် မရခဲ့လို့ မစ္စတာကင်တားနားရဲ့ ခရီးစဉ်ဟာ မအောင်မြင်ဘူးလို့ ပြောလို့မရပေမယ့် မြန်မာနိုင်ငံနဲ့ ပါတ်သက်ပြီး ကုလသမဂ္ဂရဲ့ အရေးပါမှုကိုတော့ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။
တိုင်းရင်းသား လူမျိုးစုတွေ အပါအဝင် အတိုက်အခံ နိုင်ငံရေးသမားတွေနဲ့ အကဲခတ်တွေရဲ့ သုံးသပ်ချက်တွေ အရ အတိုက်အခံတွေရဲ့ လိုလားချက်တွေကို အကောင်အထည် ဖေါ်ပေးနိုင်မယ့် သူဟာ ဒေါ်အောင်ဆန်း စုကြည် ဖြစ်ပြီး၊ လက်ရှိ နအဖရဲ့ ပေါ်လစီတွေနဲ့ ပါတ်သက်ပြီး အဆုံးအဖြတ် ပေးနိုင်သူဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဗိုလ်ချုပ်ကြီးမောင်အေးတို့သာ ဖြစ်တယ်လို့ ပြောဆိုကြပါတယ်။
အဲဒီလို အဆုံးအဖြတ် ပေးနိုင်မယ့် သူတွေရဲ့ အဆိုပြုချက်တွေကို သယ်ဆောင်လာနိုင်ခြင်း မရှိရုံမျှမက ဘယ်သူ နဲ့မှ တွေ့ဆုံခွင့် မရခဲ့တဲ့ ကင်တားနားရဲ့ ခရီးစဉ်ဟာ အောင်မြင်မှု ရရှိခဲ့တယ်လို့ ဘယ်လိုမှ ပြောလို့ မရဘူးလို့ ပြောကြပါတယ်။
ဒါပေမယ့် ကင်တားနားကတော့ သူ့ရဲ့ သတင်းစာရှင်းလင်းပွဲရဲ့ နိဂုံးမှာ ဘယ်လိုပဲဖြစ်ဖြစ် သူ့ရဲ့ ခရီးစဉ်ကို ခွင်ြ့ပု ခဲ့တဲ့ နအဖကို ကျေးဇူးတင်ကြောင်းပြောခဲ့ပါတယ်။
မစ္စတာကင်တားနား၊ မစ္စတာ ဂမ်ဘာရီနဲ့ ကုလအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းတို့ရဲ့ မြန်မာပြည် ခရီးစဉ် တွေ အတွင်း ဘာတွေ အောင်မြင်မှုတွေ ရခဲ့သလဲဆိုတာရယ်နဲ့ ၊ မြန်မာနိုင်ငံနဲ့ ပါတ်သက်ပြီး ကုလသမဂ္ဂ ရဲ့ အရေးပါမှု အခန်းကဏ္ဍကိုတော့ မေးခွန်းထုတ်စရာတွေ များစွာရှိနေပါတယ်လို့ တင်ပြလိုက်ရပါတယ်။

ရွှေဝါရောင်သတင်းလွှာ၏
ပြည်တွင်း သတင်းထောက်ပေးပို့လာသော
သတင်းဆောင်းပါးကို
Saffron News Letter မှ သုံးသပ်တင်ပြထားပါသည်။

Breaking News of UN Human Rights Special Rapporteur Tomas Ojea Quintana press confrence at Rangoon Airport

Photobucket

UN Human Rights Special Rapporteur Tomas Ojea Quintana made a press conference held at the Yangon International Airport this evening just before he boarded the plane for Bangkok.
He told to news men as follow;

“I deeply regret that my special request to meet Daw Aung San Suu Kyi was not granted. I had requested specifically to meet Daw Aung San Suu Kyi in advance of my mission. Nonetheless this meeting did not take place. I am disappointed that even this time I was not able to see her in this crucial time of the election year, which will be the first national elections in 20 years. Her role in the elections will be critical for the coming elections to be seen as credible,”

“If granted my meeting with
Aung San Suu Kyi would have been positive indication of the Myanmar government’s willingness to engage with the international human rights system,”


“Anyhow during my talks with Myanmar government authorities I have repeatedly requested Myanmar government to release Daw Aung San Suu Kyi immediately from her house arrest,”
“Without full participation of the people including the 2200 prisoners of conscience and the environment that allows the parties to engage in the range of electoral activities, the elections to be held will not be credible,”

“I am deeply concerned about the systematic and indiscrimination faced by the Muslim community.”

Reported by Internal reporter of Saffron Mail Letter

Burma's News World's News


Ayatollah Ali Khamenei
Iran's supreme leader denies it is developing nuclear weapons, after a new UN report sparks an international outcry.

Niger military coup condemned
The African Union leads criticism of a coup in Niger, after soldiers seize power promising to restore democracy and end corruption.

Oceans yield 5,000 new species
A marine census involving 80 countries has discovered 5,000 new species, many of them with healing powers, scientists say.


UN Envoy “Regrets” Not Meeting Suu Kyi

By BA KAUNG
UN Human Rights Envoy Tomás Ojea Quintana concludes his five-day visit to Burma without meeting Aung San Suu Kyi.

Than Shwe's 'Discipline Flourishing Democracy' Fools No One

By DR ZARNI
The release from house arrest of Tin Oo has failed to impress the international community or the Burmese opposition, who view it as a calculated act of regime “magnanimity.”

Swine Flu Reported in Nyapyidaw

By THE IRRAWADDY
Cases of A/H1N1 swine flu are reported in Naypyidaw, the Burmese capital, following a similar outbreak in Rangoon earlier this month.

Two Bombs Explode in Kawkareik Market

By THE IRRAWADDY
Two bombs explode on Friday at a market in Kawkareik Township in southern Karen State. One person is reportedly killed and two are injured.

Exchanging One Prison Existence for Another

By KO HTWE
After surviving repression and imprisonment in Burma and then seeking refuge in Thailand, many former Burmese political prisoners feel they have exchanged one prison for another.

Thai Human Rights Officials Visit Karen Camps

By ALEX ELLGEE
The Thai National Human Rights Commission visits Karen refugees at Naung Bwa and Mae U Su temporary camps on a fact-finding mission.

UN expert warns of mass deportations of Burmese

Feb 19, 2010 (DVB)-Jorge A. Bustamante, a UN expert on the human rights of migrants has expressed concern about the millions of migrants in Thailand who face deportation if they have not registered biographical data by the end of the month to governments in their nations of origin. - more


UN envoy meets ministers but not Than Shwe

Feb 19, 2010 (AFP)–A UN rights envoy held talks in Burma's remote capital with senior members of the military regime Friday but was not granted an audience with reclusive junta supremo Than Shwe, officials said. - more


Charity Monk Jailed

Feb 19, 2010 (DVB)–A Buddhist monk arrested last year at Rangoon's international airport was sentenced to seven years' imprisonment by the Rangoon western district court on Wednesday. - more

မလေးရှားကြောင်နဲ့ မြန်မာကြွက်

ချုံထူတဲ့ တောတန်းထဲကို လွှားခနဲ မ၀င်ခင် တောစပ်မှာ ရပ်ရင်း ဘယ်သူကမှ စောင့်ကြည့်မနေဘူး ဆိုတာကို သေချာအောင် ကျနော့် အဖော်တွေက နောက်ဆုံး တချက် ဝေ့ကြည့် လိုက်ကြတယ်။ ခရီးစတင်ပြီး တောထူထူကို တဖြည်းဖြည်း တိုးရင်းနဲ့ နောက်ဆုံးမှာ ကျနော်တို့ လေးယောက်သား တောင်ကုန်းပေါ်ကို ရောက်သွားတယ်။ ကျနော့် အဖော်တွေက အ၀တ်စိုတွေကို သစ်ပင်မှာ ဖြန့်လှန်းကြပြီး အိပ်စရာ အတွက် အုန်းလက်တွေကို မြေကြီးပေါ် ခင်းကြပါတယ်။

တောတွင်း တနေရာမှ ပြင်ပကို ငေးမောနေသည့် မြန်မာ အလုပ်သမား တဦး၊ လိုက်လံ ဖမ်းဆီးသည့် မလေးရှား အာဏာပိုင်တို့နှင့် ပြေးလွှား နေရသည့် အလုပ်သမားတို့၏ အနေအထားသည် ကာတွန်း ကားထဲမှ ကြောင်နှင့် ကြွက်ကဲ့သို့ ဖြစ်နေသည်ဟု အလုပ်သမား တဦးက ဆိုသည် (ဓာတ်ပုံ - အဲလက်စ်အဲလ်ဂီး)

“ဒါ ကျနော်တို့ စခန်းလေ၊ ကျနော်တို့ ဒီမှာပဲ လာပုန်း ကြတာပေါ့” လို့ တယောက်က ပြောပြပါတယ်။

ဒီလူတွေ အားလုံးဟာ သူပုန် တပ်ကလည်း မဟုတ်သလို ဓားပြ တွေလည်း မဟုတ်ကြပါဘူး။ သူတို့ ကျူးလွန်တဲ့ ရာဇ၀တ်မှု ကတော့ ဒုက္ခသည်တွေ အပေါ်မှာ စာနာစိတ်နဲ့ မဆက်ဆံ တတ်တဲ့ နိုင်ငံတခုမှာ တရားမ၀င် အလုပ် လုပ်မိခြင်းပါပဲ။

ခိုလှုံခွင့် တောင်းထားတဲ့ ထောင်နဲ့ချီတဲ့ တခြားသူ တွေလိုပဲ မြန်မာ ရွှေ့ပြောင်း အလုပ်သမား တွေဟာ လူဝင်မှု ကြီးကြပ်ရေးဌာန (လ၀က) အာဏာပိုင် တွေရဲ့ ဘေးရန်နဲ့ ဝေးရာ တောခေါင်ခေါင်ထဲ ခြေဦးလှည့် ကြရပါတယ်။ မလေးရှား နိုင်ငံ တောနက်တွေထဲ ပျံ့နှံ့နေကြတဲ့ မြန်မာ ဒုက္ခသည်တွေ ဘ၀က ဆင်ဆင်ပါပဲ၊ အားလုံး ခနော်ခနဲ့ ၀ါးတဲလေးတွေနဲ့ နေကြရတာပါ။ အဖမ်းအဆီး အကြီးအကျယ် လုပ်တဲ့ အချိန်ဆိုရင် ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေက မြို့ပြကို စွန့်ခွာပြီး ရဲတွေ ရှာမတွေ့နိုင်တဲ့ နေရာတွေဆီ သွားကြပါတယ်။

“ကာတွန်း ကားထဲက ကြောင်နဲ့ ကြွက်လိုပေါ့ဗျာ” လို့ ကျနော့်ကို လိုက်ပို့တဲ့ တယောက်က ရယ်မောရင်း ပြောပါတယ်။ “ရဲတွေ လာရင် ကျနော်တို့ ပြေးတယ်၊ အခုလည်း အဖမ်းအဆီး နောက်တခေါက် လုပ်ဦးမှာမို့ တောထဲကို ပြေးမယ့် “ကြွက်ကလေးတွေ” အများကြီး ထပ်တိုးလာတော့မှာပေါ့ဗျာ” လို့ သူက ဆက်ပြောပါသေးတယ်။

တရားမ၀င် အလုပ်သမားတွေကို ငှားရမ်းတဲ့ အလုပ်ရှင်တွေကို ပြင်းပြင်း ထန်ထန် အရေးယူမယ်လို့ မလေးရှား အစိုးရက မကြာသေးခင်ကပဲ ကြေညာခဲ့ပါတယ်။ လ၀က ဌာန ညွှန်ကြားရေးမှူးချုပ် ဒတုအဒူရာမန်အိုဟမ် က တရားမ၀င် ၀င်ရောက်လာသူတွေကို လက်ခံထားတာ ဒါမှမဟုတ် အလုပ်လုပ်ဖို့ ငှားထားတာဟာ လူကုန်ကူးမှု ဆန့်ကျင်ရေး ဥပဒေ (Anti-trafficking Persons Act) နဲ့ တရားစွဲခံရနိုင်တယ်လို့ ဆိုပါတယ်။

“သတ်မှတ် ကာလထက် ပိုပြီး နိုင်ငံထဲ နေနေကြတဲ့သူတွေကို ထိန်းချုပ်နိုင်ဖို့ ဒီလို ပြင်းထန် ထိရောက်တဲ့ အရေးယူမှုတွေ လိုအပ်တယ်” လို့ ဒတုအဒူရာမန်အိုဟမ် က ပြောပါတယ်။

တရားမ၀င် ၀င်ရောက်လာသူတွေ နိုင်ငံထဲမှာ အလုပ် လုပ်နေကြတယ် ဆိုတာကို သူတို့အနေနဲ့ ယုံကြည်တယ်လို့ မလေးရှား အစိုးရက ဆိုပေမယ့် လူ့အခွင့်အရေး အဖွဲ့တွေကတော့ အဲ့ဒီလူတွေကို နှိမ်နင်းဖို့ အစိုးရက မူဝါဒ ချမှတ်မှု အပိုင်းမှာ ရှင်းရှင်း လင်းလင်း မရှိဘူးလို့ ထင်ကြပါတယ်။ တချို့အဖွဲ့တွေ ဆိုရင် အလုပ်သမားတွေရဲ့ ကောင်းကျိုးချမ်းသာဟာ မလေးရှားရဲ့ အာဏာနိုင်ငံရေး လက်ထဲ ကျရောက်သွားပြီ လို့တောင် စိုရိမ်တကြီး ပြောဆိုကြတာ ရှိပါတယ်။

အစိုးရက တရားမ၀င် ၀င်ရောက်လာသူတွေကို နှိမ်နင်းမယ်လို့ တရုတ်နှစ်သစ်ကူးနေ့ ဖြစ်တဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ကြေညာတာမို့ တက်ကြွလှုပ်ရှားသူ တချို့က ဒါဟာ တရုတ်လူမျိုးတွေ အာဏာရပါတီကို ထောက်ခံဖို့ အတွက် တိုက်ရိုက် ခြိမ်းခြောက်တာပဲလို့ ယူဆကြပါတယ်။ အာဏာရပါတီဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက တရုတ်တွေရဲ့ထောက်ခံမှုကို နည်းနည်းပဲ ရခဲ့တာပါ။ အတိုက်အခံ နိုင်ငံရေးသမားလည်းဖြစ် တီနာဂါနိသ (Tenaganita) လို့ ခေါ်တဲ့ NGO အဖွဲ့ရဲ့ ညွှန်ကြားရေးမှူးဖြစ်သူ အိုင်ရင်းဖာနန်ဒက် ကတော့ ကြေညာချက်မှာ နိုင်ငံရေးအရ လှုံ့ဆော်မှုတွေ ပါနေတယ်လို့ ယူဆပါတယ်။

“နိုင်ငံခြားအလုပ်သမားတွေ အပေါ် မှီခိုနေမှုကို လျှော့ချ ဖို့လိုတယ်လို့ အစိုးရက ဆိုတယ်၊ အဲ့ဒါ တကယ် မဟုတ်ဘူး၊ ပြီးခဲ့တဲ့ အပတ်ကတောင် ရွှေ့ပြောင်း အလုပ်သမား အသစ် တသိန်း အလုပ် လုပ်ခွင့်ကို ၀န်ကြီးက အတည်ပြုပေးခဲ့သေးတယ်လေ” လို့ အိုင်ရင်းဖာနန်ဒက်က ဆိုပါတယ်။

“လူတွေက အဲ့ဒီအလုပ်သမားတွေကြောင့် ပိုက်ဆံ ဖောချင်းသောချင်း ရကြတာ ရှင့်၊ အစိုးရလည်း အတူတူပဲ။ အလုပ်သမား ရှာဖွေရေး အေဂျင်စီတွေကလည်း အစိုးရနဲ့ ထဲထဲဝင်ဝင် ပတ်သက်သူတွေနဲ့ သူတို့ မိသားစုတွေချည်းပဲ။ ရွှေ့ပြောင်း အလုပ်
သမားတွေ ပိုပြီး တရားဝင် ဖြစ်လေလေ သူတို့ ပိုက်ဆံ ပိုရလေလေပဲပေါ့” လို့ သူက ဆက်ပြောပါတယ်။

ရွှေ့ပြောင်းအလုပ်သမားတွေကြောင့် ဘယ်လို တဟုန်ထိုး အကျိုးအမြတ်တွေ ရတယ် ဆိုတာကိုလည်း သူက ရှင်းပြပါသေး တယ်။ အလုပ်သမားတွေဟာ အခွန်ဆောင်ရတဲ့ အပြင် ဗီဇာသက်တမ်းတိုးတာ နဲ့ အခြား ၀န်ဆောင်မှုမျိုးစုံ အတွက် ကိုယ့်ဘာသာကိုယ် ပေးရတယ်လို့ သိရပါတယ်။

မလေးရှားနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်ပြီးတော့ “မလေးရှားအစိုးရက အခွင့်အရေးတွေကို ကာကွယ် စောင့်ရှောက်ဖို့ထက် ရေတို နိုင်ငံရေး အကျိုး အမြတ်ရဖို့ ပိုစိတ်ဝင်စားတာကို တွေ့ရပါတယ်။ အာဏာ တည်မြဲရေးဆိုတဲ့ မျှော်လင့်ချက်တွေအောက်မှာ လူထုရဲ့ အခွင့်အရေးတွေကို ကာကွယ်ဖို့ သူတို့ ပေးထားတဲ့ ကတိတွေကို အစိုးရက ကျောခိုင်း သွားပါပြီ” လို့ လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေး အဖွဲ့ (Human Rights Watch - HRW) ရဲ့ အာရှဆိုင်ရာ လက်ထောက် ညွှန်ကြားရေးမှူး ဖေးရော်ဘာစတင်က မှတ်ချက်ပေးပါတယ်။

အခုလို နှိမ်နင်းမှု ဖြစ်လုဆဲဆဲ အခြေအနေက သူတို့အိမ်တွေကို မလေးရှား အာဏာပိုင်တွေက ၀င်စီးလေမလားလို့ စိုးရိမ်နေကြ တဲ့ ဒုက္ခသည်တွေ အားလုံးကို တုန်လှုပ် ချောက်ချား ဖြစ်စေပါတယ်။ မလေးရှားမှာ အဖမ်းခံရတာဟာ တခြားနိုင်ငံတွေမှာ အဖမ်းခံရတာနဲ့ မတူပါဘူး၊ တခြားနိုင်ငံတွေမှာ ဆိုရင် အဖမ်းခံရသူကို ဆုံးမလိုက်တာမျိုးနဲ့ ဒဏ်ငွေ နည်းနည်း ရိုက်လိုက်တာမျိုးပဲ လုပ်ပါတယ်။ မလေးရှားမှာကတော့ အဖမ်းခံရတဲ့သူကို နိုင်ငံထဲက ထိန်းသိမ်းရေးစခန်း တခုခုဆီ ပို့လိုက်တာ ဖြစ်ပါတယ်။

ကွာလာလမ်ပူနဲ့ အနီးတ၀ိုက်မှာ နေထိုင်ကြတဲ့ ဒုက္ခသည်အားလုံး နီးပါးဟာ မလေးရှားမှာ နေထိုင်တဲ့ကာလအတွင်း တကြိမ် မဟုတ် တကြိမ် အထိန်းသိမ်း ခံရဖူးတယ်လို့ သိရပါတယ်။ ကျနော်နဲ့ စကားပြောဖြစ်တဲ့ သူတိုင်းက ဆိုးရွားလှတဲ့ ထောင်တွင်း အခြေ အနေတွေနဲ့ နှိပ်စက် ညှဉ်းပန်းခံရမှုတွေကို ပြောပြကြပါတယ်။

“ရောက်တာနဲ့ ကျနော့်ကို ကျာပွတ်နဲ့ အသားကုန် ရိုက်တာ ကျနော် ရက်တော်တော်ကြာတဲ့အထိ လမ်းမလျှောက်နိုင်ဘူး” လို့ အဖမ်းခံရဖူးသူ တယောက်က ပြောပြပါတယ်။ “ထောင်ထဲမှာနေရတဲ့ ၆ လ လုံးလုံး ကျနော် တောက်လျှောက် အရိုက်ခံရတယ်။ ကျနော့်ဘ၀ရဲ့ တကယ့် အဆိုးရွားဆုံး အချိန်တွေပေါ့ဗျာ။ နေထိုင် စားသောက်ရတဲ့ အခြေအနေကလည်း သိပ် ဆိုးတယ်။ အဆိုးဆုံးကတော့ အမျိုးသမီးတွေကို အစောင့်တွေက မုဒိန်းကျင့်တယ် ဆိုတာကို သိနေရတာပဲ” လို့ သူက ဆက်ပြောပါတယ်။

ဒုက္ခသည်တွေ အတွက် လှုပ်ရှားနေကြတဲ့ NGO အတော်များများက ထိန်းသိမ်းရေးစခန်း အခြေအနေတွေနဲ့ ပတ်သက်ပြီး သူတို့ စိုးရိမ် ပူပန်မိတယ်လို့ ပြောပါတယ်။ NGO ၀န်ထမ်း တယောက်ကတော့ လူတွေ တရားရုံးဝင်းထဲက မြက်တွေ စားနေကြတာကို တွေ့တဲ့သူက သူတို့ကို ပြန်ပြောပြတယ်လို့ ဆိုပါတယ်။ အဲဒီလိုစားတာဟာ ကိုယ့်ကိုယ်ကိုယ် ၀မ်းချုပ်အောင် လုပ်တာဖြစ်ပြီး ဗိုက်ဆာနေတာကြောင့်လည်း စားကြတယ်လို့ ဆိုပါတယ်။ သူ့အပြောအရ ထိန်းသိမ်းရေး စခန်းတွေထဲမှာ သေဆုံးသူ တော်တော်များတဲ့ အပြင်၊ မကြာသေးခင်ကလည်း ကြွက်ရဲ့ ကျင်ငယ်ရည်က တဆင့် ပြန့်ပွားတဲ့ leptospirosis ရောဂါပိုး ကူးစက်နေသူဦးရေ တရိပ်ရိပ် တက်နေတယ်လို့ သိရပါတယ်။

မလေးရှားနိုင်ငံက ထောင် ၈ ခုထဲမှာ လူဝင်မှုကြီးကြပ်ရေးအမှု နဲ့ ထိန်းသိမ်းခံထားရတဲ့ နိုင်ငံခြားသား စုစုပေါင်း ၅၄၀၀ ရှိတယ်လို့ အကျဉ်းထောင် ဌာန ညွှန်ကြားရေးမှူးချုပ် ဒတုဇူကီဖီလီအိုမာ က မကြားသေးခင်ကပဲ ကြေညာသွားခဲ့ပါတယ်။

အခြား ဒုက္ခသည် တယောက်ကတော့ သူ့ အတွေ့အကြုံက ဆိုးလွန်းတာမို့ ထိန်းသိမ်းရေး စခန်းကို ရောက်ပါစေလို့တောင် ဆုတောင်းမိတယ်လို့ ကျနော့်ကို ပြောပြပါတယ်။ သူဟာ အာဏာပိုင်တွေက ကွာလာလမ်ပူမြို့တော်က သူ့အိမ်ကို ညသန်းခေါင် ၀င်စီးတဲ့အချိန် အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ ပထမဆုံး သူ့ကို အချုပ်ဆီ ခေါ်သွားတယ်၊ အစောင့်တွေက သူ့ကို ပစ္စည်းခိုးတယ် လို့ စွပ်စွဲပြီး ရိုက်နှက်ကြတယ် လို့ ဆိုပါတယ်။

တရားမ၀င် နေထိုင်သူ နိုင်ငံခြားသား အလုပ်သမားများကို ချုပ်နှောင်ထားသည့် ကွာလာလမ်ပူမြို့တော် အပြင်ဘက်ရှိ ထိန်းသိမ်းရေး စခန်းတခု မြင်ကွင်း (ဓာတ်ပုံ - AP)

အဲ့ဒီနောက် တခြား အဖမ်းခံရ သူတွေနဲ့ ပြည့်နေတဲ့ ကားထဲကို အတင်း ထည့်ပြီး မလေးရှား - ထိုင်း နယ်စပ်ကို ညတွင်းချင်း မောင်းသွား တယ်လို့ ပြောပါတယ်။ နယ်စပ် ရောက်လို့ ငွေရှာနိုင်ရင် ပြန်လွှတ် ပေးမယ်၊ အဲ့ဒီလိုမှ မဟုတ်ရင်တော့ ဘယ်သူမှ မသိလိုက်ဘဲနဲ့ အသတ်ခံရ နိုင်တယ်ဆိုပြီး အာဏာပိုင်တွေက ပြောတယ် လို့လည်း ဆိုပါတယ်။ နယ်စပ်မှာ အဆက် အသွယ် လုပ်ဖို့ မိသားစု မရှိ ဘယ်သူ မှလည်း မရှိတာမို့ သူ ငွေမရှာ နိုင်ခဲ့ပါဘူး၊ ဒါကြောင့် အာဏာပိုင် တွေက သူ့ကို ငါးဖမ်းလှေမှာ အလုပ်လုပ်ဖို့ ရောင်းစား လိုက်ပါတော့တယ်။

“ငါးဖမ်း လှေပေါ်မှာ တနှစ် ကြာတယ်၊ အရိုက်လည်း ခံရတယ်။ နေ့ရော ညရော အလုပ် လုပ်ပေမယ့် လုပ်အားခ တပြားမှ မရဘူး။ ငါ ကျွန်ဖြစ်နေ ပါလားလို့ ခံစားရတာကို ဘယ်တော့မှ မေ့လို့ရမှာ မဟုတ်ဘူး” လို့ သူက ကျနော့်ကို ပြောပြရှာပါတယ်။

သူ့အဖြစ်အပျက်က မလေးရှား အာဏာပိုင်တွေရဲ့ အသိအမှတ် ပြုတာကို မခံရတဲ့ ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေ ကြုံတွေ့ခဲ့ရတာ တွေနဲ့ ခပ်ဆင်ဆင်ပါပဲ။ သူ အသက် ၂၀ အရွယ်တုန်းက စစ်သားတွေက သူ့အမေအိမ်ကို ရောက်လာပြီး သူတို့ကို နှင်ထုတ်ခဲ့တယ်လို့ ဆိုပါတယ်၊ ရခိုင်ပြည်နယ်နဲ့ ရန်ကုန် အဝေးပြေးလမ်းမ တည်ဆောက်ဖို့ အတွက် သူတို့မြေကို သိမ်းမှာမို့ အခုလို နှင်ထုတ်ခံရတာလို့ သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး သူက စိတ်လိုက် မာန်ပါ ခုခံ ပြောဆိုတာမို့ ထောင်ချခံရပါတယ်။ နောက်ဆုံး ထောင်က လွတ်တဲ့ အချိန်မှာတော့ မြို့မှာ ဆက်နေဖို့ ဘယ်လိုမှ မလုံခြုံတော့ဘူး လို့ ခံစားရတာမို့ ထိုင်းနိုင်ငံကို ထွက်ခွာခဲ့ပြီး အဲ့ဒီကနေ တဆင့် မလေးရှားကို ရောက်လာခဲ့ပါတယ်။ မလေးရှားမှာ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က သူ့ကို ဒုက္ခသည် အဖြစ် အသိအမှတ်ပြုပြီး အထောက် အထား လက်မှတ် ထုတ်ပေးထားပေမယ့် ထိုင်းနယ်စပ်မှာ ရောင်းစားခံလိုက်ရပြီးကတည်းက လုံခြုံမှုရှိတယ်လို့ မခံစားရတော့ဘူးလို့ သူက ပြောပြပါတယ်။

မလေးရှားမှာ ရလာ (Rala) လို့ လူသိများတဲ့ လူထု စေတနာ့ ၀န်ထမ်းဌာန (Ikatan Relawan Rakyat) အဖွဲ့ဝင်တွေ နဲ့ လ၀က ရဲတွေဟာ UNHCR လက်မှတ် ကိုင်ဆောင်ထားသူတွေကို ဒုက္ခသည်တွေ အဖြစ် သဘော မထားပါဘူး။ ဒါ့အပြင် UNHCR နဲ့ မလေးရှား အစိုးရကြားမှာ ဘာ သဘောတူညီချက်မှ မရှိတာမို့ အဲ့ဒီ လက်မှတ်တွေဟာ သူတို့အတွက် ဘာအဓိပ္ပာယ်မှ မရှိဘူးဆိုပြီး ပြောတယ်လို့ လက်မှတ်ကိုင်ထားသူ တော်တော်များများက ပြန်ပြောပြကြပါတယ်။ မလေးရှားနိုင်ငံဟာ ဒုက္ခသည်တွေ ခိုလှုံ နေထိုင်ခွင့်ဆိုင်ရာ ကုလသမဂ္ဂ သဘောတူညီချက်မှာ လက်မှတ် မထိုးထားပါဘူး။

ဒုက္ခသည်တွေ အဖမ်းမခံရအောင် လက်မှတ် တမျိုး ထုတ်ပေးမယ်လို့ မလေးရှားအစိုးရက မကြာသေးခင်ကပဲ ကြေညာပါတယ်၊ ဒါပေမယ့် ဒုက္ခသည်တွေကတော့ အဲဒီ လက်မှတ်တွေဟာ အလုပ် ဖြစ်လိမ့်မယ်လို့ မယုံကြပါဘူး။ ဒုက္ခသည် လက်မှတ် ကိုင်ဆောင်ထားသူတွေကို ရလာတွေက ဘယ်လို ဆက်ဆံတယ် ဆိုတာနဲ့ ပတ်သက်ပြီး အတွေ့ အကြုံရှိပြီး ဖြစ်တာမို့ အခု မလေးအစိုးရက ထုတ်ပေးမယ့် လက်မှတ် ဆိုတာလည်း ရလာတွေအတွက် နောက်ထပ် နည်းလမ်းတခု ဖန်တီးပေးတာလို့ သူတို့ ယူဆကြပါတယ်။ ရလာတွေ အနေနဲ့ အဲ့ဒီကတ်ကို သိမ်းပြီး သူတို့ကို ငွေနဲ့ ပြန်ရွေးခိုင်းနိုင်တယ်၊ ဒါမှမဟုတ်လည်း ကတ်ကို ဆွဲဖြဲပြီး သူတို့ကို ထိန်းသိမ်းရေး စခန်းတွေဆီ ပို့နိုင်တယ်လို့ သူတို့က နားလည်ကြပါတယ်။

ရလာဝန်ထမ်းတွေဟာ အာဏာကို အလွဲသုံးစား လုပ်တယ်လို့ မကြာခဏ စွပ်စွဲ ခံရသူတွေပါ။ ရလာတွေကို ပညာအရည် အချင်း မဆိုစလောက်ပဲ ရှိပြီး တခြားမှာ အလုပ် မရနိုင်တဲ့ လူ ၃သိန်းလောက်နဲ့ ဖွဲ့ထားတာပါ၊ သူတို့မှာ မလေးရှားနိုင်ငံထဲ တရားမ၀င် ရောက်နေတဲ့ နိုင်ငံခြားသားတွေကို စုပေးဖို့ အဓိက တာဝန်ရှိပါတယ်။ သူတို့ကို ရက် အနည်းငယ်လောက်ပဲ သင်တန်းပေးပြီး လမ်းမတွေပေါ် လွှတ်ထားတာ ဖြစ်ပါတယ်၊ သူတို့ အလုပ်ကတော့ တရားမ၀င် ၀င်ရောက်လာသူတွေကို မတွေ့ တွေ့အောင် ရှာပြီး ထိန်းသိမ်းရေး စခန်းတွေဆီ ပို့ပေးရတာပါပဲ။

UNHCR အသိအမှတ်ပြုတာကို ခံထားရတဲ့ ဒုက္ခသည်တွေမှာ အဖမ်းအဆီးနဲ့ ပတ်သက်ပြီး စိုးရိမ်နေကြပါတယ်၊ ဒါပေမယ့် သူတို့ရဲ့ စိုးရိမ်မှုက ဒုက္ခသည်အဖြစ် လျှောက်ထားသူတွေရဲ့ စိုးရိမ်မှုလောက်တော့ မများပါဘူး။ လက်မှတ် ဒါမှမဟုတ် အထောက် အထား စာရွက်စာတမ်း မရှိတဲ့သူတွေက အဖမ်းခံရနိုင်တဲ့ အန္တရာယ်နဲ့ အဆိုးဆုံး ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။

ရလာတွေ ၀င်ရောက်ဖမ်းဆီးတဲ့အခါမျိုးမှာ ဘယ်လို ရက်စက် ကြမ်းကြုတ်တယ်၊ UNHCR လက်မှတ်တွေကို ဘယ်လို ဆုတ်ဖြဲပစ်တယ် ဆိုတာတွေကို ဒုက္ခသည် တော်တော် များများက ကျနော့်ကို ပြောပြပါတယ်။ ရလာတွေက သူတို့ ဘယ်လောက် တာဝန်ကျေတယ် ဆိုတာ အစိုးရသိအောင် လုပ်ပြတာဖြစ်တယ် လို့ ဒုက္ခသည်တွေက ယူဆကြပါတယ်။

အရင်ကဆိုရင် ရလာတွေအတွက် မက်လုံး တခုကတော့ အလုပ်သမားတယောက်ကို ဖမ်းမိတိုင်း မလေးရှား ရင်းဂစ် ၈၀ (၂၅ ဒေါ်လာ) ရတဲ့ အချက်ပဲလို့ ဆိုပါတယ်။ အခု အဲ့ဒီ စနစ် ဖျက်လိုက်ပြီမို့ အရင်လို ဆုကြေး မရကြတော့ပါဘူး၊ ဒါပေမယ့် အဲ့ဒီ မက်လုံးလိုမျိုး ခပ်ဆင်ဆင် ဆုကြေးတွေ ရှိနေသေးတယ်လို့ ကြားသိရပါတယ်။

HRW အဖွဲ့ မလေးရှားဌာနခွဲက “ရလာတွေဆိုတာ ရှာဖွေ ဖမ်းဆီးတဲ့ဝရမ်း မပါဘဲ အာဏာသုံးပြီး ရပ်ကွက်တွေထဲ ၀င်၊ လူတွေကို ဖမ်းနေတဲ့၊ စနစ်တကျ လေ့ကျင့်မထားတဲ့ အရိုင်းအစိုင်း အရပ်သား တပ်ဖွဲ့” လို့ သရုပ်ခွဲပြပါတယ်။

ရာလာတွေကို အစိုးရက အသုံးပြုရတဲ့ အကြောင်းရင်း ၂ ခု ရှိတယ်လို့ လူ့အခွင့်အရေးအဖွဲ့ တော်တော်များများက ယူဆကြပါတယ်။ ဖမ်းဆီးမှုတွေမှာ ရဲတပ်ဖွဲ့ကို မသုံးတဲ့အတွက် ကုန်ကျစရိတ် ချွေတာနိုင်တယ်၊ ရလာတွေအတွက် ပင်စင်နဲ့ ရေရှည် အလုပ်အကိုင် စာချုပ်စာတမ်း ကိစ္စတွေလည်း မလိုဘူး ဆိုတဲ့ အချက်တွေ ဖြစ်တယ်လို့ ပြောကြပါတယ်။

အခုလို နှိမ်နင်းမှုတွေကြောင့် ရလာတွေ၊ လ၀က အရာရှိတွေနဲ့ ထိပ်တိုက်မတွေ့ချင်တဲ့ မလေးရှား အလုပ်ရှင်တွေလည်း သောက ရောက်နေပါတယ်။

ဒါကြောင့် အလုပ်ရှင် အတော်များများက ဒဏ်ငွေ အများကြီး ဆောင်ဖို့ မတတ်နိုင်ဘူး ဆိုပြီး တရားမ၀င် အလုပ်သမားတွေကို အလုပ် ထုတ်ပစ်လိုက်ကြပါတယ်။ အကျိုးဆက်ကတော့ အလုပ်သမားတွေ အလုပ်လက်မဲ့ ဖြစ်ပြီး ရပ်တည်ရေးအတွက် အသည်း အသန် ရုန်းကန်နေကြရတော့တာပါပဲ။

တိုင်းရင်းသား ဒုက္ခသည် အဖွဲ့ တဖွဲ့ နေထိုင်ရာ နေရာလေးတခုကို ရောက်သွားချိန်မှာတော့ အဲ့ဒီနေရာရဲ့ တာဝန်ခံက “ဒီမှာ နေစရာက ပြည့်ကျပ်နေပြီ။ မကြာသေးခင်ကပဲ အလုပ်ပြုတ်လာတဲ့ ဒုက္ခသည် ၂၀၀ လည်း ရှိသေးတယ်။ အခြေအနေက အရမ်း စိုးရိမ်စရာ ကောင်းတယ်။ လာမယ့်လတွေမှာ အလုပ် ပြုတ်မယ့်သူတွေ ပိုပို များလာဦးမယ် ဆိုတော့ သူတို့ ဘယ်လို ရပ်တည်ကြမလဲ မသိဘူး” လို့ ကျနော့်ကို ပြောပါတယ်။

အဲလက်စ်အဲလ်ဂီး ရေးသားသည့် Playing Tom and Jerry in Malaysia ဆောင်းပါးကို ဆီလျော်အောင် ပြန်ဆိုသည်။

မြန်မာ့သတင်း ကမ္ဘာ့သတင်း

Electron micrograph of swine flu virus

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်ထဲမှာ ရှိတဲ့ APT အထည်ချုပ်စက်ရုံမှာ H1N1 ၀က်တုပ်ကွေးရောဂါ ဖြစ်သူတွေ ရှိတဲ့အတွက် သူတို့ကို ဆေးရုံတင်ပြီး ကုသပေးနေရပါတယ်။

The Dalai Lama speaks to reporters outside the White House in Washington, Thursday, Feb. 18, 2010, following a meeting with President Barack Obama-AP

Quintana meet with NLD CEC, U Win Tin(L) and U Tin Oo, Feb 18, 2010-UNIC Yangon

ရန်ကုန်ကျောင်းတချို့ ဦးတေဇတို့ ရမည်

ရန်ကုန်ကျောင်းတချို့ ဦးတေဇတို့ ရမည်

မကြာမီ ခွင့်ပြုတော့မည့် ပုဂ္ဂလိကကျောင်း တည်ထောင်ရေး လုပ်ငန်းများတွင် စစ်အစိုးရနှင့် နီးစပ်သည့် ဦးတေဇ၊ ဦးဇော်ဇော် စသည့် လုပ်ငန်း ရှင်ကြီးများ အခွင့်အရေး ရကြမည် ဖြစ်ကြောင်း သိရသည်။
မြန်မာ အလုပ်သမားများကို ထိုင်းက ပြန်ပို့ဖွယ်ရှိ

မြန်မာ အလုပ်သမားများကို ထိုင်းက ပြန်ပို့ဖွယ်ရှိ

ယခု လကုန်ပိုင်းတွင် ထိုင်းအစိုးရက မြန်မာပြည်သား အများစု ပါဝင်သည့် နိုင်ငံခြားသား အလုပ်သမား အများအပြားကို နေရပ်ရင်းသို့ အတင်းအကျပ် ပြန်ပို့ဖွယ် ရှိသဖြင့် လူ့အခွင့်အရေး အဖွဲ့များက

ရခိုင်ဒေသ ဓာတ်ငွေ့ ပိုက်လိုင်းတွင် အိန္ဒိယ၏ မြှုပ်နှံမှု တိုးချဲ့

ရခိုင်ကမ်းလွန်ဒေသ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း တည်ဆောက်ရေး စီမံကိန်းတွင် ထပ်မံရင်းနှီး မြှုပ်နှံမှု ပြုလုပ်ရန် အိန္ဒိယ အစိုးရက အိန္ဒိယ ကုမ္ပဏီ ၂ ခုကို ခွင့်ပြု လိုက်ကြောင်း ယမန်နေ့က

နေပြည်တော်တွင် ၀က်တုပ်ကွေးဖြစ်

နေပြည်တော် မြို့တော်သစ်၌ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း A (H1N1) ၀က်တုပ်ကွေး ရောဂါပိုး ကူးစက်ခံသူ တချို့ကို တွေ့ရှိကြောင်း သတင်းရရှိသည်။ နေပြည်တော်ရှိ အစိုးရ၀န်ထမ်း အပါအ၀င် အရပ်သား

ကော့ကရိတ်တွင် ဗုံး ၂ လုံးကွဲ ၁ ဦးသေ

ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ်ရှိ ဈေးထဲ၌ ယနေ့ နံနက်ပိုင်းက ဗုံး ၂ လုံး ပေါက်ကွဲ ခဲ့သဖြင့် ဒေသခံ ၁ ဦး သေဆုံး သွားကြောင်း သိရသည်။ “ဗုံးပေါက်တာ ဟုတ်ပါတယ်၊ ကော့ကရိတ် ဈေးထဲမှာ ဖြစ်တာ”

ရန်ကုန်ရှိ ဈေးဟောင်းများ အဆင့်မြင့်ဈေးအဖြစ် ပြောင်းမည်

စည်ပင် သာယာရေး ကော်မတီ၏ စီမံခန့်ခွဲမှု လက်အောက်ရှိ ဈေးဟောင်းများကို အဆင့်မြင့်ဈေး အဖြစ် ပြောင်းလဲ တည်ဆောက် သွားမည် ဖြစ်ကြောင်း မကြာသေးမီက ရန်ကုန် မြို့တော်ဝန်

ကင်တားနား၏ အစီရင်ခံစာ ပြည့်စုံမည်မဟုတ်ဟု တိုင်းရင်းသားများနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများ ဝေဖန်
ဝီရ/ ၁၉ ဖေဖော်ဝါရီ ၂၀၁၀

“၂၀၁၀ ခုနှစ်ဟာ မြန်မာပြည်သားတွေအတွက် အရေးကြီးတဲ့နှစ်လို့ ကင်တားနားက မလာခင် ပြောသွားတယ်။ ဒါပေမယ့် ၂၀၁၀ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ တိုင်းရင်းသားတွေရဲ့ အမြင်ကိုလည်း သိသင့်လျက်သားနဲ့ သိခွင့်မရလိုက်ဘူး။ ဒါဟာ သူ့ခရီးစဉ် အောင်မြင်မှု ရှိ မရှိ တိုင်းတာရာမှာ လိုအပ်သွားတဲ့ အဓိက သော့ချက်တခုဖြစ်တယ်။ တိုင်းရင်းသားတွေ ဘာကြောင့် .... ” အပြည့်အစုံသို့

ဘိလပ်မြေဈေး ထောင်တက်နေ၍ ဆောက်လုပ်ရေးလုပ်ငန်းများ အခက်တွေ့

စိုးမိုး/ ၁၉ ဖေဖော်ဝါရီ ၂၀၁၀
“အ၀င်ကုန်က ရှိတယ်။ ကိုယ်စား လှယ်က ထိန်းထားတယ်။ သွင်းခွင့် ရတဲ့ ...” အပြည့်အစုံသို့
မြိုင်ကြီးငူဆရာတော် ဘန်ကောက်တွင် ဆေးကုသမှုခံယူ

ရဲရင့်/ ၁၉ ဖေဖော်ဝါရီ ၂၀၁၀
“ဘုန်းကြီးရောဂါက အတော် ဆိုးတယ်။ ရန်ကုန်မှာကုရင်တော့ မလွယ်ဘူး ...” အပြည့်အစုံသို့
လူကြိုက်နည်း စက်မှု (၁) စက်ဘီးကို ပြိုင်ပွဲဖြင့် အရောင်းမြှင့်
တက်လူ/ ၁၉ ဖေဖော်ဝါရီ ၂ဝ၁ဝ
“ဒါက စက်ဘီးပရိုမိုးရှင်းပွဲ သေချာပါတယ်။ စက်မှု (၁) စက်ဘီးကို ၀ယ်စီးသူနည်းလို့ လုပ်တာလည်း ဖြစ်နိုင်တယ်။ စက်ဘီးပြိုင်ပွဲကို ဖေဖော်ဝါရီ (၁) ရက် ...” အပြည့်အစုံသို့
အသက်မပြည့် မြန်မာမိန်းကလေးငယ်များ ပြည့်တန်ဆာအဖြစ် လုပ်ကိုင်နေကြ
ရဲရင့်/ ၁၉ ဖေဖော်ဝါရီ ၂၀၁၀
“ပြဿနာရှိတော့ သူတို့ကို သီးသန့်ထားရတယ်။ တကြိမ်ဆိုရင် ဘတ် (၂,၀၀၀) လောက်ရတယ်။ သူတို့ကို ခေါ်တဲ့သူ အများစုက တိုင်ဝမ်နဲ့တရုတ် ...” အပြည့်အစုံသို့

ဘယ်ဆီဘယ်ဝယ် မှန်းဆကာတွေးမိတယ်
စိန်အိုးစည်/ ၁၉ ဖေဖော်ဝါရီ ၂၀၁၀

“ကဲ အခုပဲ ၂၀၁၀ လည်ပင်း ကျိုးတော့မယ် ဘယ်မလဲ ပါတီထောင်ခွင့်၊ ဘယ်မလဲ လွတ်လပ်စွာ ဟောပြော စည်းရုံးခွင့်၊ ဘယ်မလဲ လွတ်လပ်စွာ ရေးသား ပြောဆိုခွင့်၊ လွတ်လပ်စွာ စည်းရုံးဖို့ နေနေသာသာ၊ မတွေ့ဘူးလား ဟိုတလောလေးတုန်းကပဲ အေးလွင်တို့ လူလိမ်အဖွဲ့ကို ကြံ့ဖွံ့တွေ ၀ိုင်းရိုက်လွှတ်လိုက်တာ။ ဒါတောင်နော် ဒီကောင်တွေက နအဖကို ဖားယားနေတဲ့ ကောင်တွေ၊ ကဲ နအဖကို မဖားမယားတဲ့ ... အပြည့်အစုံသို့


CDMA 450 ကို ကျပ် ၅ သိန်းဖြင့် ငှားရမ်းမည်
ကမ်းရိုးတန်းဖုန်းဟု နာမည်ကြီးသော CDMA 450 မဂ္ဂါဟဇ် မိုဘိုင်းဖုန်းများကို မြန်မာ့ဆက်သွယ်ရေးက...
စစ်တွေ အင်တာနက်ဆိုင်များ တင်းကျပ်ထား
ရခိုင်ပြည်နယ် စစ်တွေမြို့ရှိသည့် အင်တာနက်ဆိုင်များ ကို အာဏာပိုင်များက ယခုနှစ်ဦးပိုင်းမှစ၍ ...
ဒုက္ခသည်များထံမှ ဘင်္ဂလား ဒေသခံများ ငွေညှစ်
ဘင်္ဂလားဒေ့ခ်ျ-မြန်မာနယ်စပ်တွင် တရားမဝင် နေထိုင်သည့် မြန်မာနိုင်ငံဘက်မှ ဒုက္ခသည်များ ...
၂၀၀၉ ခုနှစ်က စံချိန်တင်အောင် ဆုံးရှုံးခဲ့
၂၀၀၉ ခုနှစ်အတွင်း မီးလောင်မှုကြောင့် ဆုံးရှုံးခဲ့သည့် တန်ဖိုးသည် ၂၂ နှစ်နီးပါး ကာလအတွင်း ...

အင်တာနက်လိုင်း နှေးကွေးသဖြင့် လုပ်ငန်းများ ထိခိုက်

အင်တာနက် ကွန်နက်ရှင် နှေးကွေးနေသဖြင့် ရန်ကုန်တွင် နိုင်ငံတကာနှင့် ဆက်သွယ်၍ လုပ်ကိုင်နေသော သွင်းကုန်ထုတ်ကုန်...

“မရဏာ နုသတိ” နှင့် စာပေသြဇာ…

စာအုပ်အား ဘေးတွင်ချပြီး ကျနော့်လက်က ကျနော်၏ လက်ယာဘက် နံဘေးဆီသို့ စမ်းကြည့်မိ၏။ နံရိုးအောက်နားက၊ နာသလို ......


ဆရာစွမ်း ရှည်ပါစေသော်ဝ် သက်တော်ရာကျော်

မောင်ရစ်

ဖေဖော်ဝါရီ ၁၉၊ ၂၀၁၀

ဖေဖော်ဝါရီ ၁၇ မှာ ဆရာစွမ်း သက်တော် ၇၃ ပြည့်တယ်။ တခါဖူးကမှ ကျနော့်မှာ မွေးနေ့တွေ စာမရေးဖူးဘူး။ မိုးမခမှာ နာရေးတွေ၊ နှစ်ပတ်လည်တွေအတွက် သတင်းတွေ၊ စာတွေ ရေးနေကြဖြစ်နေတော့ မွေးနေ့အတွက် မရေးတတ်တာ ခွင့်လွှတ်ပါဗျာ။ ပြီးတော့ ဆရာစွမ်းမွေးနေ့ကို နှစ်တိုင်းမှာ နောက်ကျပြီးတော့မှ သတိရတယ်။ နောက်ကျပြီးမှ သတိရတဲ့အကြောင်းကတော့

အပြည့်အစုံသို့ ...


ကာတွန်း စောငို - ၂၀၁၀ မှာလည်း ကျွတ်တန်းမ၀င်ကြသေး
ဖေဖော်ဝါရီ ၁၉၊ ၂၀၁၀

အတွေ့သံသရာလည်နေပုံ ရင်ခုန်လို့လည်းမရခဲ့သေးဘူး

ဆောင်းယွန်းလ

ဖေဖော်ဝါရီ ၁၉၊ ၂၀၁၀

တရေးတမော မတွေးတောမိကြလို့များ

ဦးဏှောက်တွေ တုံးသွားခဲ့ကြသလား….

မသိတာက ခက်နေခဲ့သလို

မရှိတာကလည်း ခက်နေခဲ့ပြန်ပါတယ်….
အပြည့်အစုံသို့ ...


အီး-စာအုပ်စင် ဖတ်ချင်စရာများ
စာအုပ်စင် သာဂိ
ဖေဖော်ဝါရီ ၁၉၊ ၂၀၁၀
ပြည်တွင်းက စာပေသမားများထုတ်တဲ့ အလံတော်သစ်ဂျာနယ် နံပါတ် ၂ ထွက်ပါပြီ။ အီးဘုတ်တွေ စုလေ့ရှိတဲ့ စကရစ်ဘ်ဝက်ဆိုက်မှာ တင်ထားပါတယ်။ စာမျက်နှာ ၁၃၁ မျက်နှာပါပြီးတော့ ကောက်နုတ်ချက်တွေ၊ ဆောင်းပါးတွေ အလွန်ဝေဆာပါတယ်။ ဒေါ်စုရဲ့ ဟောပြောပွဲတခု ကောက်နုတ်ချက် ဆောင်းပါးရှည်ကြီးလည်းပါဝင်ပါတယ်။ ကာတွန်းဟန်လေးရဲ့ ကာတွန်းတွေ အများကြီးပဲ။ အဓိက ကတော့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ အင်န်အယ်ဒီလက်ရှိ ရပ်တည်ချက်ကို မီးမောင်းထိုးပြထားတဲ့ ပုံပါပဲ။ ဖတ်ကြပါအုံး။

အပြည့်အစုံသို့ ...

စစ်ရေး ပါဝါဟာ အတားအဆီးသဖွယ်ဖြစ်လာနိုင်မလား Friday, February 19, 2010 ...

အပြည့်အစုံသို့

မူးယစ်ဆေးဝါးနှိမ်နှင်းရေးအတွက် ဘတ် သန်း ၄၀၀ Thursday, February 18, 2010 ...

အပြည့်အစုံသို့

ဂျာမန် ၇ ယောက်မှာ ၁ ယောက်နှုန်း အခြေခံစားဝတ်နေရေး ဖူလုံမှုအဆင့်မှာပဲရှိ Thursday, February 18, 2010 ... အပြည့်အစုံသို့


အမျိုးသမီးအလုပ်သမားလှုပ်ရှားမှုနှင့် တောင်ကိုးရီးယားနိုင်ငံ
ခင်မမမျိုး
Friday, February 19, 2010

အမျိုးသမီးအခွင့်အရေးလှုပ်ရှားမှုဆိုတာ အမျိုးသား၊ အမျိုးသမီး တန်းတူအခွင့်အရေးရရှိမှု တခုတည်းကိုတင် ကိုယ် စားပြုတာ မဟုတ်ပါဘူး။ လူသားတိုင်း ရရှိခံစားရမယ့် လူ့အခွင့်အရေးကို တန်းတူညီမျှ ခံစားခွင့်ကို ကိုယ်စားပြုတာ ဖြစ်ပါတယ်။ အာဏာရှင် နိုင်ငံ များမှာဆိုရင် အမျိုးသမီးများသာမက အမျိုးသားများပါ လူသား... အပြည့်အစုံသို့


ဗုံးပေါက်ကွဲမှုကြောင့် လူတစ်ဦး ဆေးရုံတင်ထားရ
Fri 19 Feb 2010, မိကျလွန်းထော
မွန်ပြည်နယ်၊ ရေးမြို့နယ် ဒူးယားကျေးရွာတွင် ယမန်နေ့ည ၈ နာရီ ၄၅ မိနစ်ခန့်က ကျေးရွာဥက္ကဌ ဦးသက်ချို နေအိမ်၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူတစ်ယောက်...

ပင်လုံဗုံးပေါက်ကွဲမှု နအဖ သတင်းမှန်ထိမ်ချန်

ပင်လုံမြို့ လောင်းက၀ိုင်း လေးကောင်ဂျင်ခုံအနီး ဗုံးပေါက်သည်ကို နအဖ မီဒီယာက ပြည်ထောင်စုနေ့Fun Fair ဇာတ်ပွဲရုံ မီးစက်အနီး ပေါက်ကွဲသည်ဟု ၁၈ ရက်နေ့ထုတ်မြန်မာ့အလင်းသတင်းစာ၌ လိမ်လည်ဝါဒဖြန့်ကြောင်းပင်လုံသားတဦး ကပြောပါသည်။


more


more


more


more


more


more


more


more


more

ကုလ အထူးကိုယ်စားလှယ်နှင့် NLDခေၝင်းဆောင်များတွေ့ဆုံ
ရှမ်းပြည်နယ် ဗုံးပေၝက်မှု စွပ်စွဲချက် အက်စ်အက်စ်အေ ပြန်လည် ငြင်းဆို
အင်းစိန်အကျဉ်းထောင်ကို မစ္စတာကင်တာနား သွားရောက်လေ့လာ
ုနိုင်ငံကူးလက်မှတ်မလျှောက်သူတွေပြန်ပိုႛဖိုႛ ထိုင်းစီစဉ်
ပြည်ထောင်စုနေႛ ကိုယ်စားလှယ်များ ဝက်တုပ်ကွေး ရောဂၝကူးစက်
မြန်မာအလုပ်သမားတွေကြံတွေႚနေရတဲ့ ယာယီနိုင်ငံကူးလက်မှတ်နဲႛ အလုပ်လုပ်ခွင့် သက်တမ်းတိုးဖိုႛကိစ္စ