1.12.2009

Burma News

When the Market Speaks

By YENI
The sharp fall in oil prices on world markets has created a unique situation in Burma, where the cost of fuel on the black market is now lower than at government-controlled pumps.
A Burmese woman smokes a cheroot in her ramshackle home. (Photo: Yuzo/The Irrawaddy)

East Timor President Calls for Review of Burma Sanctions Policy

By WAI MOE
Jose Ramos-Horta has urged Western countries to reconsider their sanctions against Burma, saying they punish ordinary people for the actions of their leaders.
INTERVIEW

Messenger in the Dark

By THE IRRAWADDY
The Burmese artist Chaw Ei Thein talks about the challenges of Burma’s artists, at home and abroad, and describes her own role as that of a “messenger.”

New Bangkok Governor has Big Plans

By THE IRRAWADDY
The newly elected Bangkok governor, representing the Democrat Party, says he will tackle the city’s economic, transportation and water problems.

Warrants Issued for Santika Owner, Manager

By THE IRRAWADDY
Thai court issues arrest warrants for nightclub owner, manager over New Year's Eve blaze.


Two Singaporeans defending Burmese workers arrested
Mizzima.com - New Delhi,Delhi,India
Seelan Palay and Chong Kai Xiong, who were demonstrating outside the Ministry of Manpower (MOM) office in Singapore, to highlight the plight of Burmese ...
See all stories on this topic
The Irrawaddy News Magazine
East Timor President Calls for Review of Burma Sanctions Policy
The Irrawaddy News Magazine - Chiang Mai,Thailand
By WAI MOE East Timor President Jose Ramos-Horta criticized the West’s sanction policy on Burma on Sunday, saying that the country’s people should not be ...
See all stories on this topic
New Bangkok Governor has Big Plans
The Irrawaddy News Magazine - Chiang Mai,Thailand
Sukhumbhand Paribatra has also been a strong critic of the military regime in Burma. The Democrat Party-led coalition won 20 of the 29 House seats in the ...
See all stories on this topic

Top News Story

Palestinians flee their homes in Gaza City (12.1.09)Israelis 'edge into urban Gaza'

Israeli forces move slowly into Gaza's most densely populated areas, reports say, but the military denies an escalation.



Palestinians run from the area during an Israeli airstrike in Rafah, southern Gaza Strip, 12 Jan 2009
Updated: Mon. 12 Jan 2009 1501 UTC

Israeli Bombing Continues, Palestinian Death Toll Tops 900

Israel attacks Gaza from the air and from the sea, as ground troops battle militants in house-to-house combat, edging closer to the center of Gaza City

Full Story »
Man Arrested Smuggling Fertilizer to Burma
Narinjara News - Dhaka,Bangladesh
Dhaka: Fertilizer prices recently went down in Burma, but Bangladeshi traders continue to export fertilizer products to Burma illegally by sea. ...
See all stories on this topic
Burma needs reform, unified and balanced structure
Mizzima.com - New Delhi,Delhi,India
by Htet Win Rangoon (Mizzima) Burma is in urgent need of mainstream political figures who are capable of shaping unified public opinion, which will allow ...
See all stories on this topic
"International Artists Collaborate in Fight for Freedom"
Absolutearts.com - USA
... a key political figure who was placed under house arrest in Myanmar (formerly Burma) 19 years ago over her bid for political freedom. ...
See all stories on this topic
Not standing up and being counted on Burma
Manila Times - Philippines
THE Philippines missed out on a gilt-edged chance to make a principled stand on the burning question of Myanmar—or Burma as the civilized world remembers ...
See all stories on this topic

Blogs Alert for: Burma news

8888 Newspaper No (3) - Mandalay 8888 Newspaper No (4) - Mandalay ...
Burma needs reform, unified and balanced structure - Commentary · 8888 Newspaper No (3) - Mandalay 8888 Newspaper No (4) - Mandalay 2/3.9.88 Niknayman · Voices on attempt to form of New Parallel Gov in Exile (2) VDO Mizzima TV ...
democracy for burma - http://democracyforburma.wordpress.com/
GAZA WAR NEWS « San Oo Aung’s Weblog
Possibly related posts: (automatically generated). News in Brief: 19 June 2007 · New York Times “News Analysis” of Annapolis… Mindless word drool whil… Filed under: Burma. « Thai Government Freeze on Myanmar Migrant Registration ...
San Oo Aung's Weblog - http://sanooaung.wordpress.com/
Karen rebels under the gun along Thai-Burma border | MOTHER IRRAWADDY
Posted by: admin in Feature, News. DKBA head Saw Kyaw San. DKBA head Saw Kyaw Than. Burma’s ethnic Karen rebels are facing another daunting challenge, as a Burmese military campaign designed to hunt out opposition forces and put an end ...
MOTHER IRRAWADDY - http://irrawaddy.burmabloggers.net/
Religious Connections: Persecution in Burma
By BaptistPlanet
The latest news on Obama Elected President, Unemployment, Gaza-Ceasefire, Gaza-Humanitarian Crisis, Economic Stimulus, Home Loans, Labor, War Resister Ordered Out, Nuclear Weapons, Afghanistan, Zimbabwe, Passing, and Select Op-eds. ...
Religious Connections - http://baptistplanet.blogspot.com/
Singapore News Alternative: Taiwan Allows Casinos After Repealing ...
By singaporenewsalternative
Two local activists, Seelan Palay & Chong Kai Xiong, arrested outside MOM for speaking out on Burmese work permit issue - This blogpost (or my twitter) will be updated if i get any news. Plainclothes police officers keep watch and block ...
Singapore News Alternative - http://singaporenewsalternative.blogspot.com/
- Changes in Myanmar wanted click
- Myanmar Rat Infestation Causing Food Crisis - NGO click
- 2 arrested for protest click
- Burma: Myanmar Blog Academy Award 2008 Winners Announced click
- Myanmar to take part in int'l yachting tournament click
- Horizon Open 2009 Table-Tennis Championship to be held in Myanmar click
- International Artists Collaborate in Fight for Freedom click

ရဟန်းတော်များ နိုင်ငံရေး လုပ်သင့် မလုပ်သင့်

မြန်မာနိုင်ငံတွင် စစ်အစိုးရအလိုကျ ဆောင်ရွက်လုပ်ကိုင်နေသော နိုင်ငံတော်သံဃာ့နာယကအဖွဲ့က ရဟန်း တော်များ နိုင်ငံရေးမလုပ်သင့်၊မလုပ်ရဟု ညွှန်ကြားလွှာများ ထုတ်ပြန်ထားလေသည်။ယင်းညွှန်ကြားလွှာ များကို ကြည့် ၍ အချို့သော ဒကာ ဒကာမ များကလည်း ရဟန်းတော်များ နိုင်ငံရေး မလုပ်သင့်တာ ဟုတ်များ ဟုတ်လေ မလားဟု ယုံမှား တွေဝေနေကြလေသည်။

၎င်းအယူအဆ မှန်၊မမှန်ကို ဘာသာရေး အထောက်အထား သမိုင်းကြောင်း အ ထောက်အထား များဖြင့် မိမိတို့ ကိုယ်တိုင် သုံးသပ်နိုင်အောင် တင်ပြရေးသား သွားပါ မည်။အယူအဆပိုင်း အရ ခိုင်မာမှုရှိသွားပြီဆိုလျှင် လက်တွေ့ဆောင်ရွက်မှုကိုပြတ် သားစွာဆောင်ရွက်နိုင်ရန် ရည်ရွည်၍ ဤဆောင်းပါး ကိုရေးသားခြင်းဖြစ်ပါသည်။

ဝိဋဋူပ၏ စစ်တပ်ကြီး သာကီဝင် လူမျိုးများကိုသတ်ဖြတ်ရန် စစ်ချီသွားသောအခါ ဘုရားရှင် ကိုယ်တော် မြတ်ကြီးသည် သစ်ပင်ရိပ် အနည်းငယ်သာရှိသော နေရာသို့ ကြွ၍ သာကီဝင် လူမျိုးများကို သတ်ဖြတ် ဖျက်ဆီးခြင်း မပြုရန် မေတ္တာရပ်ခံလေသည်။

နေပူပြင်းသည့် အချိန် သုံးကြိမ်တိုင်အောင် ထိုကဲ့သို့ လာရောက် မေတ္တာရပ်ခံ သောကြောင့် ၀ိဋဋူပလည်း သုံးကြိမ်စလုံး လှည့်၍ ပြန်သွားရလေသည်။ဘုရားရှင် ပွင့်ထွန်းရခြင်း၏ အဓိကရည်ရွယ်ချက်သည် သတ္တ၀ါများ သံသရာမှ လွတ်မြောက်ရန် ဖြစ်သော်လည်း ထိုအလုပ်ကိုသာ အမြဲတမ်း ဆောင်ရွက်နေသည် မဟုတ်ပဲ အခြား သောသတ္တ၀ါ တို့၏ အကျိုးစီးပွါးများကိုလည်း အခွင့်သင့်သလို ဆောင်ရွက်ခဲ့သည့်သာ ဓကများ မြောက်များစွာ ရှိခဲ့ လေသည်။

မြန်မာအစိုးရအလိုကျဆေင်ရွက်လုပ်ကိုင်နေသော သံဃနာယကအဖွဲ့က ရဟန်း တော်များအား ဂန္ထဓူရ ၊၀ိပဿနာ ဓူရ( စာပေအလုပ်၊တရားအလုပ်)နှစ်မျိုးသာဆောင်ရွက်ရမည်ဟု ညွှန်ကြားလွှာများ ထုတ်ပြန် ထားလေသည်။တကယ်တော့ သံဃာတော်များအား အစိုးရက ချုပ်ကိုင်လိုသော ရည်ရွယ်ချက်ဖြင့် စစ်အာဏာရှင် အ လိုကျ ၎င်းညွှန်ကြားလွှာများကို ထုတ်ပြန်ခဲ့ခြင်းဖြစ်လေသည်။ဤ ညွှန်ကြားလွှာများ ထုတ်ပြန် နေသောအလုပ်သည်ပင်ဂန္ထဓူရ ၊၀ိပဿနာဓူရ ၏ အပြင်ဘက်က အလုပ်များ ဖြစ်နေသည်ကို တွေ့နိုင် ပေသည်။

ဘုရားရှင်ပွင့်ထွန်းခြင်းသည် သတ္တ၀ါတို့၏ အကျိုးစီးပွါးအလို့ငှာ ချမ်းသာခြင်း အကျိုးငှာ ဖြစ်သကဲ့သို့ ဘုရားသားတော် ရဟန်းတော်များသည်လည်း ဘုရားရှင်၏ အတုကိုလိုက်၍ သတ္တ၀ါတို့၏ အကျိုးစီးပွါးအတွက် ချမ်းသာရေးအတွက် ဆောင်ရွက် သင့် သည်မှာ အထူးပြောစရာလိုမည်မဟုတ်ပေ။

မရိုးမသား စိတ်ထားဖြင့် ဂန္ထဓူရ၊၀ိပဿနာဓူရ ကိစ္စ မှလွဲ၍ အခြားကိစ္စ မလုပ်ရ ဟုတားမြစ်ခြင်းသည် ဘုရားရှင်၏ ဆန္ဒတော်နှင့် သံဃာတော်များ၏ အများအကျိုး ဆောက်ရွက်ခွင့်ကို တားမြစ်ခြင်း ဖြစ်လေသည်။တနည်းအားဖြင့် သာသနာတော်၏ ကောင်းမြတ်သော အစဉ်အလာနှင့် သာသနာတော်အပေါ် လူအများတို့ အားကိုးမျှော် လင့်မှုများကို ရိုက်ချိုး ဖျက်ဆီးခြင်းပင် ဖြစ်လေသည်။

မြန်မာ့ရာဇ၀င်ကိုပြန်ကြည့်လျှင် ပုဂံခေတ်၌ ရှင်ဒိသာပါမောက်သည် မြန်မာ့မြေ ပေါ်သို့ ကျူးကျော် သိမ်းပိုက် လာသော တရုတ် ဘုရင်နှင့် စစ်တပ်များကို ကျူးကျော်ခြင်း မှရပ်တန့်ပါရန် ကြွရောက် မေတ္တာရပ် ခံခဲ့သောကြောင့် တရုတ်စစ်သည်တော်များပြန် ဆုတ်ခွာသွားသောသည့်အတွက် မြန်မာပြည်သူများ ချမ်းသာရာ ရခဲ့ကြ လေသည်။

အင်းဝခေတ်တွင် အင်းဝကိုလာရောက်တိုက်ခိုက်သော မွန်ဘုရင်ရာဇာဓိရာဇ်ကို စကြိုသူမြတ်ရဟန်းတော်က ကြွရောက် မေတ္တာရပ်ခံ တရားဟောသောကြောင့် ရာဇာ ဓိရာဇ် ဘုရင်လှည့်ပြန်သွားခဲ့သည်။မွန်ဘုရင်မကြီး ရှင်စောပုသည် မွန်ရဟန်းတော်နှစ် ပါး၏ အကူအညီဖြင့် သူမ မပျော်ပိုက်သော အင်းဝမှ မွန်တို့နန်းစိုက်ရာ ဒဂုံသို့ ထွက်ပြေး လွတ်မြောက်လာနိုင်ခဲ့လေသည်။

အထက်ပါမြန်မာရဟန်းတော်တို့၏ ပြည်သူတို့အရေးဆောင်ရွက်ခဲ့မှုများကို ရှေး ခေတ် ကျောင်းသုံး စာအုပ်များ တွင်ပင် ပြဌာန်း ခဲ့ဘူးလေသည်။ကိုလိုနီခေတ်တွင် ဆရာတော်ဦးဥတ္တမနှင့် ဆရာတော် ဦးဝိစာရတို့၏ မြန်မာ့ လွတ်လပ်ရေး အတွက် စွမ်းစွမ်းတမန် ဆောင်ရွက်ခဲ့ မှုများသည် မြန်မာနိုင်ငံသမိုင်းကြောင်း၌ မည်သို့မျှချန်ထား ၍ မရသော အခန်းကဏ္ဌများဖြစ်လေသည်။

ယနေ့မျိုးဆက်သစ်များသည်ပင် တွေ့မြင်နေရသောဦးဥတ္တမပန်းခြံ၊ဦးဥတ္တမလမ်း ဦးဝိစာရကျောက်တိုင်၊ ဦးဝိစာရလမ်း တို့သည် မြန်မာရဟန်းတော်တို့၏ မြန်မာ့နိုင်ငံရေး တနည်းအားဖြင့် အများပြည်သူတို့၏ ချမ်းသာရေးအတွက် ဆောင်ရွက်ခဲ့မှုများကို လိမ် ညာလှည့်ဖျား မေ့ဖျောက်၍ မရနိုင်သော အမှတ် အသား များဖြစ်လေသည်။

ရဟန်းတော်များသည် လူတစ်စု တစ်ဖွဲ့ အာဏာရဖို့ အတွက် ဒကာ၊ဒကာမတို့၏ ကြည်ညိုမှုနှင့် ဘုရားရှင် သာသနာတော်ကို အသုံးချ၍ စည်းရုံးဟောပြောခြင်း၊မပြုလုပ် သင့်ပေ။တနည်းအားဖြင့် ပါတီနိုင်ငံရေးများတွင် ပါဝင် ဆောင်ရွက်ခြင်း မပြုသင့်ပေ။သို့ သော် နိုင်ငံရေးဟုခေါ်သည်ဖြစ်စေ၊မခေါ်သည်ဖြစ်စေ အများ ပြည်သူတို့၏ ဆင်းရဲဒုက္ခမှ ကယ်တင်ရန်နှင့် ဘ၀လွတ်မြောက်ရေးဆောင်ရွက်ရန်အတွက် သမိုင်းပေး တာဝန် အရ မလွဲမသွေ ဆောင်ရွက် သင့် ဆောင်ရွက်ထိုက်ပေသည်။

ပြီးခဲ့သည့် ၂၀၀၇ စက်တင်ဘာသံဃာအရေးအခင်းတွင် ရဟန်းငယ်များ၏ လမ်း လျှောက်မေတ္တာပို့ ဆန္ဒပြ ခြင်းသည် ဒကာ ဒကာမတို့၏ နိမ့်ကျဆင်းရဲမှုများ၊အထွေထွေ အကျပ်အတည်းများကို ပြေလည်စေ နိုင်ရန်အတွက် မိမိတို့တတ်စွမ်းနိုင်သည့်ဘက်က ဆောင်ရွက်ကြခြင်းပင်ဖြစ်ပါသည်။တနည်းအားဖြင့် အများ ပြည်သူကို အနိုင်ကျင့်နှိပ်စက် နေသော စစ်အာဏာရှင်တို့၏ ကုလားထိုင်ကို ကိုင်လှုပ်ခဲ့သော လုပ်ရပ်များ ဖြစ် ခဲ့ ပါ သည်။

ယင်းနောက် နိုင်ငံတော်သံဃနာယကအဖွဲ့က ၎င်းတို့အစဉ်အဆက်ထုတ်ပြန်ခဲ့ သောညွှန် ကြားလွှာများဖြင့် စစ်အာဏာပိုင်များကို မီးစိမ်းပြလိုက်သောအခါ ရဟန်း တော်တို့၏ သွေးမြေကျဖြစ်ရပ်များ ပေါ်ပေါက် ခဲ့ရလေသည်။တကယ်တော့ နိုင်ငံတော် သံဃနာယကအဖွဲ့သည် စစ်အာဏာပိုင်များ လှူဒါန်းသော ကျောင်းတိုက်မျာ၊ ကားများ ၊လျှပ်စစ်ဇိမ်ခံပစ္စည်းများ၊ အခြားငွေကြေးနှင့်လှူဖွယ်ဝထ္ထုများကိုလက်ခံရရှိနေသော အဖွဲ့ ဖြစ်လေသည်။

နိုင်ငံတော်သံဃနာယကအဖွဲ့သည် စစ်အာဏာပိုင်တို့၏ ရဟန်းရှင်လူပြည်သူတို့ အပေါ်ညှင်းပန်းနှိပ်စက်မှုများအတွက် တစုံတရာ မေတ္တာရပ်ခံ၊ တားမြစ်ဆုံးမ ကန့်ကွက်ခြင်း ကာကွယ်ပေးခြင်း မရှိခဲ့ပဲ စစ်အာဏာရှင်တို့ အလိုကျသာ ၎င်းတို့၏ ညွှန်ကြားလွှာများဖြင့် ရဟန်းငယ်များ၏ ပြည်သူတို့အရေး ဆောင့်ရွက်ချက်များကို တား မြစ် ကန့်ကွက်ခဲ့လေသည်။

ရဟန်းတော်များ နိုင်ငံရေး လုပ်သင့် မလုပ်သင့် ဟူသော အယူအဆနှင့် ပတ်သက်၍ ပီနန်ဆရာတော်ကြီး ဦးပညာဝံသကတော့ နိုင်ငံဆိုတာ အိမ်နှင့်တူကြောင်း နိုင်ငံတွင်းနေပြည်သူများသည် မိသားစုနှင့်တူကြောင်း အိမ်၏အရေးကိစ္စသည် မိသားစု အားလုံးနှင့် သက်ဆိုင်သကဲ့သို့ နိုင်ငံ၏ အရေးသည်လည်း နိုင်ငံသား အားလုံးနှင့် သက် ဆိုင်ကြောင်း ရှင်းလင်းစွာ မိန့်ကြားတော်မူပါသည်။

အထက်ပါတင်ပြချက်များကို အကျဉ်းချုပ်သုံးသပ်ကြည့်လျှင် ရဟန်းတော်များ အနေဖြင့် မိမိတို့၏ အာဏာ၊ ငွေကြေး၊ လာဘ်လာဘ ဟူသော အတ္တဟိတ အကျိုးစီးပွါးအတွက် လုံးဝမဆောင်ရွက်သင့် မဆောင်ရွက်ထိုက်ပဲ အများ ပြည်သူ ဒကာ ဒကာမတို့အနေဖြင့် လည်း ထိုကဲ့သို့သော လုပ်ရပ်များကိုလုံးဝ ကန့်ကွက် ရှုံ့ချ ထိုက် ပေသည်။ နိုင်ငံရေးဟု ဆိုသည်ဖြစ်စေ မဆိုသည်ဖြစ်စေ အများပြည်သူတို့၏ လွတ်မြောက် ရေးနှင့် ကောင်းကျိုး ချမ်းသာရေး ဟူသော ပရဟိတ အကျိုးစီးပွါးအတွက် ဆောင်ရွက်နေ သောရဟန်းတော်များကို မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့ အစည်း မဆို လုံးဝ မတားမြစ်သင့်ပဲ ထောက်ခံ အားပေး ကူညီဆောင့်ရွက်သင့် ကြောင်း တင်ပြ ရေးသား လိုက်ရပါသည်။

ဖိုးလမင်း

သတင်းပဒေသာ

Photo News

NEW GENERATION MOVEMENT FOR JUSTICE




ဗိုလ်ချုပ်ခင်ညွန့် ဆောက်သည့် မင်္ဂလာဒုံအ၀င် မုခ်ဦး
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဖြိုချ

NEJ/ ၁၂ ဇန်န၀ါရီ ၂၀၀၉

မင်္ဂလာဒုံလေဆိပ် အဝင်လမ်းမကြီးနှင့် ပြည်လမ်းအနီး ပြည်လမ်းမကြီးပေါ်တွင် တည်ဆောက်ထားသည့် ရန်ကုန်မြို့၏ အကြီးဆုံးမုခ်ဦးကို လုံခြုံရေးအကြောင်း ပြချက်ဖြင့် ဖြိုချဖျက်ဆီး လိုက်ပြီဖြစ်ကြောင်း လေဆိပ်လုံခြုံရေး တာဝန်ယူထား သည့် အမည်မဖော်လိုသူ တပ်မတော် ...အပြည့်အစုံသို့

------------------------------------------------------------------------------------------------------------------------------
ပုဂံညောင်ဦး တောင်ကူးမြောက်ပြေး
စီးပွားရေးသံသရာ

NEJ/ ၁၂ ဇန်န၀ါရီ ၂၀၀၉
ပုဂံ၏ ယွန်းလုပ်ငန်း (၇၀) ရာခိုင်နှုန်းခန့် ရပ်ဆိုင်း။ ပုဂံရှိ မြန်မာ့ရိုးရာ ယွန်းလုပ်ငန်းများ ရပ်ဆိုင်းသွားကြောင်း ပုဂံသူ ပုဂံသားများ၏ ပြောပြချက်အရ သိရသည်။ ပုဂံ (မြို့ဟောင်း၊ မြို့သစ်) နှင့် မြင်းကပါအရပ်တို့တွင် ယွန်းလုပ်ငန်းကို တနိုင်တပိုင် စီးပွားရေးအဖြစ် အသက်မွေးဝမ်းပြုကြသည့် ရာခိုင်နှုန်းမှာ (၇၅) ရာခိုင်နှုန်းခန့် ရှိကြောင်း..အပြည့်အစုံသို့
ရန်ကုန် ဒီပီအေ သတင်းထောက်အား အရေးယူရန်
အတိုက်အခံများ ဒီပီအေသတင်းဌာနကို ဖိအားပေးပြီ

NEJ/ ၁၂ ဇန်န၀ါရီ ၂၀၀၉
ဦးဝင်းတင်နှင့် အန်အယ်လ်ဒီအား သိက္ခာကျစေရန် ရေးသားခဲ့သည့် ဒီပီအေ ရန်ကုန်သတင်းထောက်အား အရေးယူပေးရန် ဘန်ကောက် ဒီပီအေသတင်းဌာနကို ဖိအား ပေးရေး အတိုက်အခံများက နိုင်ငံတကာ ကမ်ပိန်းအနေဖြင့် စည်းရုံးနေကြောင်း ဒေါက်တာ လွဏ်းဆွေဘလော့ဆိုက်တွင် ..အပြည့်အစုံသို့

မြိုင် ရေနံမှော်တွင် အခြေနေများတင်းမာနေဆဲ
ပွဲစား (၁၀) ဦးခန့် အဖမ်းခံထားရ

မင်းနိုင်သူ/ ၁၂ ဇန်န၀ါရီ ၂၀၀၉
မကွေးတိုင်း မြိုင်မြို့နယ်အတွင်းရှိ နှောပင်ရေနံမြေ တွင် ညမထွက်ရအမိန့် ထုတ်ပြန်ထားဆဲဖြစ်ပြီး အခြေအနေများ တင်းမာနေဆဲဖြစ်ကာ အာဏာပိုင်များ က ရေနံစိမ်းပွဲစား (၁၀) ဦးခန့် ဖမ်းဆီးထိန်းသိမ်း ထားကြောင်း တွင်းပိုင်တဦးက ပြောသည်။ “သူတို့ တွက် တာက ပွဲစားကြောင့် ဒီလိုဖြစ်တယ် ပေါ့ဗျာ။ ကုမ္ပဏီပေးတဲ့ ဈေးထက်...အပြည့်အစုံသို့
ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေး ရခိုင်ပြည်နယ်ရောက်
စစ်တွေမြို့မှ မော်တော်ယာဉ်များ ချောဆွဲခံရ

မင်းနိုင်သူ/ ၁၂ ဇန်န၀ါရီ ၂၀၀၉
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ပြဿနာဖြစ်ပွားပြီး နောက် ပထမဆုံးအကြိမ်အဖြစ် ရခိုင်ပြည်နယ်သို့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး ရောက်ရှိလာကြောင်းနှင့် ၎င်းရောက်ရှိစဉ်အတွင်း ပုဂ္ဂလိက ...အပြည့်အစုံသို့

မြန်မာနိုင်ငံမှာ အပြောင်းအလဲ မြင်ချင်ဟု
ထိုင်းဝန်ကြီးချုပ် အာဘီဆစ်ပြော

NEJ/ ၁၂ ဇန်န၀ါရီ ၂၀၀၉

မြန်မာနိုင်ငံမှာ အပြောင်းအလဲ ဖြစ်သည်ကို မြင်လိုသည့် ဆန္ဒရှိသော်လည်း မြန်မာနှင့်ဆက်ဆံရာတွင် အနောက်နိုင်ငံများနှင့် မတူသည့် နည်းလမ်းကို သုံးသွားမည်ဟု ထိုင်းဝန်ကြီးချုပ် အာဘီဆစ် ၀ိဇ္ဇာဇီဝက ပြောသည်။

“မြန်မာနိုင်ငံနဲ့ ပတ်သက်လာရင် အနောက်နိုင်ငံတွေနဲ့ မြန်မာနိုင်ငံ တည်ရှိနေတဲ့ ဒေသတွင်းနိုင်ငံတွေ ဘာမှ မခြားနားပါဘူး။ ကျနော်တို့အားလုံး မြန်မာနိုင်ငံမှာ အပြောင်းအလဲ တခုခုဖြစ်တာ မြင်ချင်ကြတာပါပဲ” ဟု ၀န်ကြီးချုပ် အာဘီဆစ်က သတင်းထောက်များကို ပြောသည်။..အပြည့်အစုံသို့



ရှမ်းပြည်မှ ထီလိမ်ဂိုဏ်း
၆ ဇန်န၀ါရီ ၂၀၀၉
ရန်ကုန်မြို့မှ ထီဆိုင်ကြီးအချို့သည် ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့၊ ရွှေ ညောင်မြို့၊ ညောင်ရွှေမြို့ပေါ်ရှိ လုပ်ငန်းရှင်အချို့၏ အမည်နှင့်ဖုန်းနံပါတ်ကို ရယူဆက်သွယ်ပြီး အများသူငှာရောင်းချသော ...အပြည့်အစုံသို့



----------------------------------------------------------------------------------------------------------------------

တာချီလိတ်-မယ်ဆိုင် နကသများဒုက္ခပေး
၆ ဇန်န၀ါရီ ၂၀၀၉
တာချီလိတ်-မယ်ဆိုင် အမှတ် (၁) ချစ်ကြည်ရေးတံတားပေါ်ရှိ နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာန ...အပြည့်အစုံသို့


အီလက်ထရွန်နစ် ဈေးကွက်ပျက်

အီလက်ထရွန်နစ် ဈေးကွက်ပျက်

ကမ္ဘာလုံးဆိုင်ရာ ငွေကြေး အကြပ် အတည်းကြောင့် ရန်ကုန်၊ မန္တလေးနှင့် မြို့ပြ ဒေသကြီးများရှိ တီဗီ၊ ဒီဗီဒီ၊ ရေခဲသေတ္တာ အပါအ၀င် ဇိမ်ခံ အီလက်ထရွန်နစ် ပစ္စည်းများ၏ ဈေးနှုန်း

အနောက်မှ ပိတ်ဆို့မှု ပြန်သုံးသပ်ဟု အရှေ့တီမော တိုက်တွန်း

မြန်မာပြည်အား စီးပွားရေး ပိတ်ဆို့သည့် အနောက် နိုင်ငံတို့၏ မူဝါဒကို ပြန်လည် သုံးသပ်ကြရန် အရှေ့တီမော သမ္မတက ယမန်နေ့က ထပ်မံ တိုက်တွန်း လိုက်သည်။

ရခိုင် အဖွဲ့ချုပ်ဝင် တဦးကို ထောင် ၁၅ နှစ် ထပ်တိုး

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ရခိုင်ပြည်နယ် တောင်ကုတ်မြို့ တွဲဖက် အတွင်းရေးမှူး ကိုမင်းအောင်ကို စစ်အစိုးရက ထောင်ဒဏ် ၁၅ နှစ် ထပ်မံ တိုးလိုက်ကြောင်း

- မြန်မာနိုင်ငံမှာ အပြောင်းအလဲမြင်ချင်ဟု ထိုင်းဝန်ကြီးချုပ် အာဘီဆစ်ပြော click
- ရန်ကုန် ဒီပီအေသတင်းထောက်အား အရေးယူရန် အတိုက်အခံများ ဒီပီအေသတင်းဌာနကို ဖိအားပေးပြီ click
- ဗိုလ်ချုပ်ခင်ညွန့်ဆောက်သည့် မင်္ဂလာဒုံအ၀င်မုခ်ဦး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဖြိုချ click
- ကရင်သူပုန်များ တိုက်ခိုက်ခံနေရ click
- မြိုင်ရေနံမှော်တွင် အခြေနေများ တင်းမာနေဆဲ၊ ပွဲစား(၁၀)ဦးခန့် အဖမ်းခံထားရ click
- အစိုးရသစ်ဖွဲ့စည်းမည့် အစီအစဉ်အပေါ် သူတို့အမြင် (၂) click
- ပုဂံညောင်ဦး တောင်ကူးမြောက်ပြေး စီးပွားရေးသံသရာ (သတင်းဆောင်းပါး) click
- ဂါဇာကို ဆက်လက်ထိုးစစ်ဆင်ရေး အစ္စရေးဝန်ကြီးအဖွဲ့ ဆွေးနွေး click
- ထောင်ဝင်စာတွေ့ခွင့်မရဘဲ လှည့်ပြန်ရ၍ ငွေကုန် လူပန်း click
- လွမ်းဖွယ့် မိတ်ဆွေများ (ပန်းချီစံတိုး - ၁၉၄၁-၂ဝဝ၂) (အမှတ်တရများ) click
- ရေပြင်ပိုင်နက်သတ်မှတ်ရေးနှင့် ကုန်သွယ်ရေးတိုးမြှင့်ရေးသည် ဘင်္ဂလာဒေခ်ျ့အစိုးရသစ်အတွက် အထူးဦး စားပေးလုပ်ငန်းဖြစ် click

Burma News

Heavy Storm Sinks Passenger Ferry in Indonesian

By IRWAN FIRDAUS
At least 250 people are missing and feared dead after a ferry capsized in high seas off Sulawesi Island in Indonesia on Monday.

Falling Fuel Prices Have No Effect on Gov’t Pumps

By MIN LWIN
Official fuel prices in Burma, unchanged since the country’s ruling junta slashed subsidies in August 2007, have overtaken black market rates in recent weeks.

Karen rebels under the gun along Thai-Burma border

Burma's ethnic Karen rebels are facing another daunting challenge, as a Burmese military campaign designed to hunt out opposition forces and put an end to the world's longest running civil...

Junta struggling to keep state budget afloat

Experiencing increased pains related to the global financial crisis, Burma's military government is struggling to maintain a solvent state budget, seemingly exploiting every option available to them
Fresh offensive on Thai-Burmese border
Mizzima.com - New Delhi,Delhi,India
by Mizzima News Chiang Mai (Mizzima) – A fresh offensive has broken out along the Thai-Burmese border between ethnic Karen guerillas of the Karen National ...
See all stories on this topic
The Irrawaddy News Magazine
Burmese Abbot’s Birthday Draws Thousands to Thailand Celebrations
The Irrawaddy News Magazine - Chiang Mai,Thailand
By WAI MOE Tens of thousands of Burmese pilgrims crossed into Thailand this week to attend celebrations marking the 46th birthday of a monk who was once a ...
See all stories on this topic
Ban must visit Burma to begin the end-game
European Voice - Brussels,Belgium
By Thaung Htun A more active role by the UN's secretary-general is one of ways the international community can deepen its engagement with Burma's problems, ...
See all stories on this topic
Business Roundup (January 9, 2009)
The Irrawaddy News Magazine - Chiang Mai,Thailand
By WILLIAM BOOT A new study of Burma’s economy reveals several trends in terms of the military regime’s foreign trading partners. ...
See all stories on this topic
Aon fined record £5.25m
Telegraph.co.uk - United Kingdom
... and individuals in countries including Bahrain, Vietnam, Bangladesh, Bulgaria, Indonesia and Burma between 14 January 2005 and 30 September 2007. ...
See all stories on this topic
CWS emergency appeal update: Myanmar (Burma) Cyclone Nargis
ReliefWeb (press release) - Geneva,Switzerland
Nargis struck Myanmar (Burma) on May 2-3, 2008, and killed more than 84530 persons. More than 53000 are still reported missing. Relief and early recovery ...
See all stories on this topic
Maternal health care 'extremely limited' in Eastern Burma
ReliefWeb (press release) - Geneva,Switzerland
According to the report, published on Monday in the US medical journal PLoS Medicine, researchers surveyed some 3000 women in eastern Burma—especially from ...
See all stories on this topic
Burma's fight against polio continues
Mizzima.com - New Delhi,Delhi,India
by Solomon New Delhi (Mizzima) - With the help of donations from international organizations the Burmese Health Ministry said it will administer polio ...
See all stories on this topic

Blogs Alert for: Burma news

Two soldiers accused of rape and murder attempt | Burma Bloggers ...
BBN: KNU Brigade 2 victory news In the afternoon of December 1, 2008, a Karen soldier from Karen National Liberation Army (KNLA) Second Brigade Battalion 5 approached [...] ...
Burma Bloggers' Network - http://www.burmabloggers.net/
The IDPs of Eastern Burma rely on cross-border aid and intrepid ...
The IDPs of Eastern Burma rely on cross-border aid and intrepid groups such as the Free Burma Rangers (FBR) and the Back Pack Health Worker Teams Nowhere to Hide. January 9, 2009 · No Comments. by Irrawaddy.news They are constantly ...
democracy for burma - http://democracyforburma.wordpress.com/
New Statesman - The anti-Israel party?
In Burma, Aye Maung posting on the Burma Blogger's Network reported on the alleged rape and murder of a 7-year old girl from the country's minority Karen community, at the hands of a Burmese soldier. "The family of the victims and the ...
politics - http://www.newstatesman.com/politics
World focus on Burma (9 January 2009) « Save Burma
eTaiwan News, Taiwan - The amendments will also benefit about 800 descendants of Chinese Nationalist soldiers who fled to Thailand and present-day Myanmar, the former Burma, … Maternal health care ‘extremely limited’ in ...
Save Burma - http://antidictatorship.wordpress.com/
Carl Barat plays solo gig supporting Glasvegas | News | NME.COM
Following the set Glasvegas played songs including 'Flowers And Football Tops', 'Daddy's Gone' and their cover of The Ronettes' 'Be My Baby'. Carl Barat played: 'What a Waster' 'The Man Who Would Be King' 'BURMA' 'Blood Thirsty Bastards' ... Up-to-the-minute news stories; The best new music and free downloads; Video interviews, photo galleries, competitions and more; Album and track reviews for the week ahead; Essential gigs in your area ...
NME.COM - http://www.nme.com/

သတင်းပဒေသာ

East Timorese President Jose Ramos-Horta gestures during his speech at Foreign Correspondents Club of Thailand in Bangkok, 11 Jan 2009

မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့ အရေးယူတဲ့ မူဝါဒ ထားကြတဲ့ အမေရိကန်နဲ့  ဥရောပသမဂ္ဂတို့ အနေနဲ့  သူတို့ရဲ့ မူဝါဒတွေကို ပြန်ပြီး သုံးသပ် သင့်တယ်လို့  အရှေ့တီမော သမ္မတ Hose Ramos Horta က ပြောကြားလိုက်ပါတယ်။
ထိုင်း-မြန်မာနယ်စပ်တွင် တိုက်ပွဲဖြစ် Print E-mail
မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ ဇန်နဝါရီလ 09 2009 19:36 - မြန်မာစံတော်ချိန်


ချင်းမိုင် (မဇ္ဈိမ)။ ။ထိုင်း-မြန်မာနယ်စပ်တွင် ကရင်အမျိုးသား အစည်းအရုံးတပ်နှင့် စစ်အစိုးရနှင့် စစ်အစိုးရလိုလားသော တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်တို့ တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိကြောင်း နယ်စပ်မှ လာသော စစ်သတင်းများအရ သိရသည်။

ကေအင်ယူ ထိန်းချုပ်ထားသော နယ်မြေကို သိမ်းပိုက်ရန် ရည်ရွယ်ချက်ဖြင့် စစ်အစိုးရနှင့် ပူးပေါင်းတပ်များက ကြံစည်နေသည်ဟု ယုံကြည်ရသော တိုက်ပွဲသည် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့၏ တောင်ဘက် အုန်းဖျန်ကျေးရွာ နယ်နမိတ်အတွင်း၌ ဖြစ်ပွားခဲ့သည်။

"တိုက်ပွဲကတော့ တောက်လျှောက်ဖြစ်နေတာပဲ။ သူတို့က ဒီဖက် အခြေကုတ် စခန်းတွေကို သိမ်းသွားပြီးတော့ ဒီခု မတ် ၂၇ မတိုင်ခင် နီးလာပြီ ဆိုတော့ ဒီဖက်မှာ ရှိတဲ့ အခြေကုတ်စခန်းတွေကို အပြီးသိမ်းဖို့ ရည်ရွယ်ချက် နဲ့ လာပြီးတော့ တိုက်နေတာ ဖြစ်တယ်။

စစ်အစိုးရတပ်များက ထိုင်းနိုင်ငံနယ်နမိတ်ထဲမှ ၀င်ရောက်ကာ တိုက်ခိုက်ရန် ကြိုးစားမှုများ ရှိသည်ဟု နယ်စပ် စစ်ရေး သတင်းရပ်ကွက်များက ပြောသည်။

နိုင်ငံရေးနဲ့ စာပေအနုပညာ (၂၁)
ဆရာ သိန်းဖေမြင့်၏ စာပေအရှိန်အဝါ
ထိန်လင်း
ဇန်န၀ါရီ ၁၁၊ ၂၀၀၈

စာပေအနုပညာဆိုတာ လူတွေရဲ့စိတ်နှလုံးကို တစုံတရာ ခံစားစေဖို့ ဖျော်ဖြေတင်ဆက်မှု သက်သက် မဟုတ်ဘဲ သက်ဆိုင်ရာ ခေတ်စနစ်တွေကို အထိုက်အလျောက် ထင်ဟပ်စေနိုင်တဲ့ အရာလည်း ဖြစ်ပါတယ်။ ခေတ်ရဲ့ အငွေ့အသက်တွေကို အနုပညာသည်တွေရဲ့ ဖန်တီးမှုတွေမှာ တွေ့မြင်နိုင်သလို ခေတ်ကို လှုပ်နှိုးတဲ့သဘောတွေ၊ ခေတ်ကို ရှေ့ဆောင်တဲ့သဘောတွေလည်း ရှိပါတယ်။ အထူးသဖြင့် ဖန်တီးထားတဲ့ အနုပညာတွေက လူတွေအပေါ် လွှမ်းမိုးတဲ့သဘော၊ အငွေ့အသက် ကပ်ငြိတဲ့သဘောတွေ ရှိတတ်ပါတယ်။ ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ရဲ့ စကား၊ သီချင်းထဲက စာသားတချို့က လူတွေနေ့စဉ်ပြောနေတဲ့ စကားရပ်ထဲ ဝင်ရောက်သွားတာ ဒီသဘောတွေပါပဲ။ ဒီလိုပဲ စာပေရဲ့ အငွေ့အသက်တွေကလည်း ခေတ်ကို လွှမ်းမိုးရှေ့ဆောင်နိုင်တာကို တွေ့ရမှာဖြစ်ပါတယ်။

အျပည့္အစုံသိုႛ ...


မူဆယ်ခရိုင် တရားရုံးသစ်ဖွင့်ပွဲ တရားသူကြီးချုပ် တက်ရောက် Print E-mail
မျိုးကြီး
သောကြာနေ့၊ ဇန်နဝါရီလ 09 2009 19:04 - မြန်မာစံတော်ချိန်


ရွှေလီ (မဇ္ဈိမ)။ ။ လူသတ်မှု၊ လုယက်မှုများ ယခုတလော ခပ်စိပ်စိပ် ဖြစ်ပွားနေသော ရှမ်းပြည် (မြောက်ပိုင်း) မူဆယ်မြို့တွင် ယနေ့ ခရိုင်တရားရုံးအသစ် ဖွင့်ပွဲ ကျင်းပခဲ့သည်။

ဖွင့်ပွဲသို့ နိုင်ငံတော် တရားသူကြီးချုပ် ဦးအောင်တိုး ကိုယ်တိုင် တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။

"ခရိုင်တရားရုံးအသစ် ဖွင့်ပွဲပေါ့။ တရားသူကြီးချုပ် ဦးအောင်တိုးနဲ့ တိုင်းမှူး အောင်သန်းထွဋ်တို့ လာကြတယ်။ အရင်နေရာဟောင်းကနေ နေရာအသစ်ကို ရွှေ့လိုက်တာပါ'' ဟု မူဆယ်ရှိ တရားရုံးချုပ်ရှေ့နေတဦးက မဇ္ဈိမကို ပြောသည်။

ယခင်က မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) လက်ထက်ကတည်းက မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ရဲစခန်းအနီးတွင် ဖွင့်လှစ်ခဲ့သည့် မြို့နယ်နှင့် ခရိုင်တရားရုံးကို ယခုအခါ မြို့အထွက် လေယာဉ်ကွင်းလမ်း ဂေါက်ကွင်းအနီးသို့ ပြောင်းလဲဖွင့်လှစ်ခြင်း ဖြစ်သည်။

အဆောက်အဦမှာ ၃ ထပ်ဖြစ်ပြီး မြို့နယ်တရားသူကြီး ဦးဟန်တင် ရုံးထိုင်မည်ဟု ရှေ့နေက ဆိုသည်။

လွန်ခဲ့သည့် ၃ လကျော်မှ စတင်ကာ မူဆယ်တွင် ခိုးဆိုးလုယက် ဖောက်ထွင်းမှုများ နေ့စဉ်နှင့်အမျှ ဖြစ်ပွားခဲ့ရကြောင်း မကြာသေးခင်က ဆက်သွယ် မေးမြန်းမှုများတွင် ဒေသခံများက မဇ္ဈိမကို ပြောဆိုခဲ့သည်။

ယခုလို အမှုအခင်းများ ဖြစ်ပေါ်နေသော်လည်း အမှုအများအပြားမှာ လက်သည်တရားခံများ ဖော်ထုတ် ဖမ်းဆီးနိုင်ခြင်း မရှိကြောင်းလည်း သူတို့က ပြောဆိုသည်။

ပြီးခဲ့သည့်လ ၂၂ ရက်နေ့က လုယက်မှုများ ဖြစ်ပွားရာတွင် တရက်ထဲတွင်ပင် အမျိုးသားတဦးနှင့် အမျိုးသမီးတဦး သေဆုံးခဲ့ရသေးသည်။

သူတို့စကား

"ကျနော်တို့က နိုင်ငံရေး လုပ်တဲ့အခါကြတော့ တယူသန်ဖို့၊ ခေါင်းမာဖို့ဆိုတာ မဟုတ်ပါဘူး။ သို့သော် ကျနော်တို့ ဆုပ်ကိုင်ထားတဲ့ အခြေခံမူဝါဒတွေ၊ အခြေခံ သဘောတရားတွေကိုတော့ ကျနော်တို့က စွန့်လွှတ်ပြီး၊ ပစ်ပယ်ပြီး သူများခိုင်းတိုင်း၊ သူများခေါ်တိုင်း မသွားနိုင်ပါဘူး။ ထပ်ထပ်ပြီး အခြေအနေသစ်တွေ ပေါ်ပေါက်လာခြင်း မရှိဘဲနဲ့ဆိုရင်တော့ ရှေ့အလားအလာကလည်း အတော်တော့ မှုန်ဝါးနေတဲ့၊ မှေးမှိန်တဲ့ အနေအထားမှာ ရှိနေပါတယ်။ မှေးမှိန်မှာ ကြောက်တာ တခုတည်းနဲ့တော့ ကျနော်တို့တွေ အကုန်လုံးက သူတို့ ခြေသလုံးဖက်လို့တော့ မရတော့ဘူး။ ဒီလမ်းကိုလျှောက်ဆိုပြီးတော့ ကျနော်တို့ကို နဖားကြိုးတပ် ဆွဲခေါ်တိုင်းလည်း ကျနော်တို့ မလိုက်နိုင်တော့ဘူး။"

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်

ဗကသခေါင်းဆောင် ဆေးရုံတက် Print E-mail
သန်းထိုက်ဦး
ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ 07 2009 20:07 - မြန်မာစံတော်ချိန်


ချင်းမိုင် (မဇ္ဈိမ)။ ။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ခေါင်းဆောင်တဦးဖြစ်သူ ကိုကျော်ကိုကိုသည် အင်းစိန်ထောင် ဆေးရုံတွင် အသဲရောင် အသားဝါရောဂါဖြင့် ဆေးကုသခံယူနေရသည်။

ယခုလ ၅ ရက်နေ့က အင်းစိန်ထောင်အတွင်း ကိုကျော်ကိုကိုအား ထောင်ဝင်စာ သွားရောက်တွေ့ဆုံရာမှ ဆေးရုံတက်နေကြောင်း ဖခင်ဖြစ်သူ ဦးကျော်အေးက သိရှိရခြင်းဖြစ်သည်။

"ထောင်ဝင်စာ သွားတွေ့တော့မှ သူတို့ ၃ တိုက်က ၀န်ထမ်းက ကိုကျော်ကိုကို တိုက်မှာ မရှိဘူးတဲ့။ ဆေးရုံတင်ထားရတယ်တဲ့။ အသဲရောင် အသားဝါ ဖြစ်လို့ပါတဲ့။ အဲဒါကြောင့် ကျနော်တို့က ဆေးရုံရောက်မှန်း သိတယ်" ဟု ဦးကျော်အေးက မဇ္ဈိမကို ပြောပြသည်။

၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးတွင် တက်ကြွစွာ ပါဝင်ခဲ့ပြီးနောက်ပိုင်း ရှောင်တိမ်းနေရာမှ ၂၀၀၈ ခုနှစ် မတ်လ ၁၆ ရက်နေ့တွင် နေအိမ်၌ ပြန်ရောက်လာသည့် ညတွင် အဖမ်းခံခဲ့ရပြီး ဗီဒီယို အက်ဥပဒေ ပုဒ်မ ၃၂ (က) ဖြင့် တရားစွဲဆိုထားကာ မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံးတွင် ရုံးထုတ်စစ်ဆေးနေဆဲဖြစ်သည်။

အမှုအတွက် ရန်ကုန်ရှိ လူငယ်ရှေ့နေ ကိုသန်းဇော်အောင်က လိုက်လံဆောင်ရွက်ပေးနေသည်။

လောင်စာဆီနှင့် ကုန်ဈေးနှုန်း ကျဆင်းရေး လူထုလှုပ်ရှားမှုများ ဖြစ်ပွားနေစဉ် ၂ဝဝ၇ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့က ဗကသ အဖွဲ့ချုပ် ပြန်လည်ဖွဲ့စည်းရာ၌ ဦးဆောင်သူတဦးအဖြစ် ပါဝင်လာခဲ့သည်။

FTUB Statement














မြိုင် ရေနံမှော်အလုပ်သမား အဓိကရုဏ်း စစ်တပ်က ပစ်ခတ်နှိမ်နှင်း

Posted by: YTO

မြန်မာပြည် အလယ်ပိုင်း မကွေးတိုင်း မြိုင်မြို့နယ်မှာ ပုဂ္ဂလိကပိုင် ကုမ္ပဏီ တခုနဲ့ ဒေသခံတွေ ရေနံ တူးဖော်ရေး လုပ်ငန်းတို့ အချေအတင်တွေ ဖြစ်ကြရာက ပဋိပက္ခတွေ ဖြစ်ခဲ့လို့၊ အာဏာပိုင်တွေက ဖမ်းဆီးအရေးယှုတာတွေ ထိခိုက်ဒဏ်ရာ ရသူတွေ ရှိတဲ့အထိ ဖြစ်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့ညပိုင်းက စတင်လိုက်တဲ့ ပြဿနာကြောင့် နောက်ဆက်တွဲ မြိုင်မြို့နယ် ရေနံမြေဒေသမှာ အခြေအနေတွေဟာ တင်းမာနေဆဲ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ အကြောင်းစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

မကွေးတိုင်း မြိုင်မြို့အနီးက ရေနံ ထွက်ရာဒေသမှာ ဒေသခံ ရေနံ တူးဖော်ရေး လုပ်ငန်း လုပ်သူတွေနဲ့ ပုဂ္ဂလိကပိုင် ကုမ္ပဏီ တခုတို့အကြား အချေအတင်ဖြစ်ရာက ပဋိပက္ခတွေ ဖြစ်တဲ့အထိ ပြဿနာတွေ ကြီးထွားခဲ့တာပါ။ နောက်ဆုံး လုံခြုံရေး အာဏာပိုင်တွေဘက်က ပစ်တာခတ်တာ ဖမ်းတာဆီးတာတွေ လုပ်ခဲ့တဲ့အထိ ဖြစ်ခဲ့ရတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။ မနေ့ညပိုင်းက စဖြစ်ခဲ့တဲ့ ဒီပဋိပက္ခမှုနဲ့ ပတ်သက်လို့ အနည်းဆုံး လူတဦး သေနတ်ဒဏ်ရာ ရပြီးတော့ ဒေသခံတချို့လည်း ဖမ်းဆီးခံခဲ့ရတယ်ဆိုပြီး မြိုင်မြို့ခံ တဦး ပြောပြတာကတော့ -

“မနေ့က ၇နာရီလောက်က ရေနံကုမ္ပဏီ တခုနဲ့ ဒေသခံတွေနဲ့ ပြဿနာတက်သွားတာပေါ့။ စစ်သားတွေက သေနတ်နဲ့ ပစ်လို့လေ။ လူ ၁ ယောက် ဒဏ်ရာရ။ ပြဿနာက ကုမ္ပဏီက ဒေသခံတွေ ရောင်းဝယ်နေတဲ့ ဆီကို ထုတ်ပိုင်ခွင့်ကို အရင်ပိတ်လိုက်ပြီး၊ ဆီဝယ်တဲ့အခါမှာလည်း ဈေးကို နှိမ်ဝယ်တယ်။ အလုပ်သမားတွေကိုလည်း လုပ်အားခ အပြည့်အ၀မပေးဘူး။ အလုပ်သမားတွေက လုပ်အားခကို အပြည့်အ၀ ပေးဖို့နဲ့ ဆီဈေးကိုလည်း တန်ရာတန်ကြေး ရဖို့ တောင်းဆိုရာက သူတို့ ငြင်းတယ်၊ ငေါက်လွှတ်တယ်။ လုံခြုံရေးတွေက လာပြီးတောင်းဆိုတဲ့သူတွေကို သေနတ်နဲ့ ချိန်းခြောက်ပြီး ပစ်တယ်။ လူတွေက မခံနိုင်တာနဲ့ စကားများကြပြီး မီးလောင်မှုဖြစ်တယ်။ အရပ်သားတွေဘက်က လူ ၇၀၀လောက်ရှိတယ်။ တောင်းဆိုခါစကတော့ လူ၂၀၀ လောက်ပေါ့။ အလုပ်သမား စုစုပေါင်းဆိုရင်တော့ ၁၀၀၀၀ ကျော် ရှိတယ်။ အလုပ်သမားတွေက ရပိုင်ခွင့် တောင်းဆိုတဲ့ အချိန်မှာ စစ်သားတွေက သေနတ်နဲ့ ပစ်တယ်။ မှော်တဲ ဆိုတာက တဲလေးတွေနဲ့ နေတဲ့လူတွေ၊ တဲလေးတွေ အားလုံးကို သေနတ်နဲ့ လိုက်ပစ်တာ။ ရေစကြို ၂၅၇တပ်က လိုက်ပစ်တာ။ တဲထဲက ကောင်းမလေး သေနတ်နဲ့ အပစ်ခံရတယ်။ မှော်တဲက ဆီတွေနဲ့ဆိုတော့ မီး ကို အမြဲတမ်း ကြောက်နေရတယ်။ မီးလောင်မှာ ကြောက်လို့ ပစ္စည်းတွေ သိမ်းနေရင်းနဲ့ တဲ ခေါင်မိုးကို ဖောက်ပြီး တဲထဲမှာ ရှိတဲ့ သူကို သေနတ်နဲ့ လှမ်းပစ်တာ။ ဒီထဲက လူတွေက ဆေးလိပ်သောက်တာတို့ တခုခုနေမှာပေါ့။ မီးလောင်မှု ဖြစ်တယ်။ ကုမ္ပဏီက လူတွေက ဒေသခံ အလုပ်သမားတွေက သူတို့ကို မီးရှို့တယ်ဆိုပြီး လူ ၄ ယောက်ကို ဖမ်းသွားတယ်။ ကုမ္ပဏီ ရုံးပဲ မီးလောင်တာ။ မှော်ထဲမှာ။ မှော်တဲနဲ့ မြိုင်မြို့နဲ့က ၂၁ မိုင်ဝေးတယ်။ ထိခိုက် ပျက်စီးမှုက တဲတွေ ပျက်တယ်။ သူတို့ အတင်းအဓ္ဓမနဲ့ သိမ်းထားတဲ့ ဆီတွေ မီးလောင်ပြီး ပျက်သွားတာပေါ့။ တဲ ၂တဲ ပျက်တယ်။ ကား၂ စီး မီးလောင်တယ်။”

ပူပူနွေးနွေး ပြဿနာဖြစ်ခဲ့တဲ့ မြိုင်မြို့နယ် ရေနံမြေမှာ ဒီကနေ့ အခြေအနေတွေဟာ တည်တည်ငြိမ်ငြိမ် ရှိနေပေမယ့် လုံခြုံရေး အာဏာပိုင်တွေကတော့ ဆက်ပြီး ထိန်းချုပ်ထားတာမျိုးတွေကိုတော့ တွေ့နေရတုန်းပဲ ပြီးတော့လည်း ဒီဒေသခံကပဲ ဆက်ပြောပါတယ်။

“အခုတော့ တိုင်းဗျူဟာမှူးတွေ ဆင်းလာပြီးတော့ ဒီလို သောင်းကျန်းရမလားဆိုပြီး ရောက်လာတယ်။ ရဲတွေလာတယ်။ ခရိုင်မှူးတွေ အကုန်စုံတွေ အများကြီးလာတယ်။ စစ်တပ်က ဒီနေ့ထိကိုပဲ ဆက်ရှိနေတုန်းပဲ။ ပြီးတော့ အရောင်းအ၀ယ် ကုမ္ပဏီ လုပ်ပိုင်ခွင့်ရတယ်ဆိုတဲ့ ကုမ္ပဏီကလည်း ဒီနေ့ ဆီအရောင်းအ၀ယ်တွေ ဆက်လုပ်နေတယ်။ ဒေသခံတွေ ကျေနပ်အောင် ဖြေရှင်းပေးခြင်း ဘာမှ မရှိဘဲ သူတို့ အလုပ်ကိုပဲ ဆက်လုပ်နေတာပဲ။ ဆီတွေ သယ်တယ်၊ ရောင်းတယ်။ စစ်တပ်တွေ ချထားတယ်။ ဒေသခံလူတွေ သွားသွားလာလာ မလုပ်ရဘူး။”

ဒီပြဿနာနဲ့ ပတ်သက်လို့ အဲဒီမှာရှိတဲ့ အာဏာပိုင်တွေနဲ့ သက်ဆိုင်ရာ ကုမ္ပဏီကို ဆက်သွယ်ပေမယ့်လည်း မရခဲ့ပါဘူး။ မြိုင်မြို့နယ်နားက ပခုက္ကူမြို့နယ် ရဲတပ်ဖွဲ့ကတော့ ဒီကိစ္စကို သူတို့ကိုင်တွယ်နေတာမျိုး မရှိဘူးလို့ပြောပါတယ်။ မြိုင်မြို့နယ်အတွင်းမှာ ရေနံထွက်တာကို တွေ့ရတဲ့အတွက် လွန်ခဲ့တဲ့ (၁၀) နှစ်ကျော်လောက်ကစပြီး ဒေသခံတွေက ကိုယ်ပိုင်လယ်မြေတွေမှာ တပိုင်တနိုင်ရေနံတူးဖော်တာတွေ လုပ်လာခဲ့တာပါ။ နောက်ပိုင်းမှာတော့ ပုဂ္ဂလိကပိုင် ကုမ္ပဏီတွေ လုပ်ငန်းတွေပါ ၀င်ရောက်လာပြီးတော့ တူးဖော်ရောင်းဝယ်တာတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်လာတာ လို့လည်း ဒေသခံတွေက ဆိုပါတယ်။



- စစ်အစိုးရကို နိုက်ဂျီးယားနိုင်ငံက ငွေတိုက်ရိုက်လှူဒါန်းတဲ့အတွက် နိုင်ငံတကာက စိုးရိမ်မကင်းဖြစ် click
- ဗကသခေါင်းဆောင် ကိုကျော်ကိုကို အင်းစိန်ထောင်ဆေးရုံ တင်ထားရ click
- ရေနံမြေအဓိကရုဏ်းနဲ့ ပတ်သက်လို့ လူ ၂၀ ကျော်ဖမ်းပြီး ညမထွက်ရအမိန့်ထုတ်ထား click
- မြန်မာနိုင်ငံအတွင်း အဂတိလိုက်စားမှုတွေ တိုးပွားနေကြောင်း ဆွေးနွေးချက် (အာရ်အက်ဖ်အေ တနင်္ဂနွေ ဆွေးနွေးပွဲ) click
- မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့ထားမှုအပေါ် အရှေ့တီမော သမ္မတက ဆန့်ကျင် click
- မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုများ ပြန်လည်သုံးသပ်ရန် အရှေ့တီမောသမ္မတ တိုက်တွန်း click
- မြန်မာပြည်စီးပွားရေးပိတ်ဆို့မှု အရှေ့တီမောသမ္မတ ကန့်ကွက် click
- မုန်တိုင်းကြောင့် လူ ၂၆၀ ပါ ခရီးသည်တင်သင်္ဘော အင်ဒိုနီးရှားမှာ တိမ်းမှောက် click
- အစိုးရချေးငွေမရလို့ မြစ်ဝကျွန်းပေါ်က လယ်သမားတွေ နွေစပါးစိုက်ဖို့ အခက်အခဲတွေ့နေ click
- ပို့ကုန်ဝင်ငွေ တန်ဖိုးကျတဲ့အတွက် ဆန်ပို့သူလုပ်ငန်းရှင်တွေနဲ့ လယ်သမားတွေ အရှုံးပေါ်နေ click
- အစိုးရသစ်တက်ပြီး ပထမဆုံးအကြိမ် ထိုင်းနိုင်ငံ ကြားဖြတ်လွှတ်တော်ရွေးကောက်ပွဲ ပြုလုပ် click
- အစ္စရေးတို့ရဲ့ ရည်မှန်းချက် ပြည့်လုနီးပြီလို့ ပြော click
- ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ် (၂၅၉) - မေ့ကွက်ကိုရှာ (ဘီဘီစီ အသံလွှင့်ဆောင်းပါး) click
- ဆရာသိန်းဖေမြင့်၏ စာပေအရှိန်အဝါ (ဒီဗွီဘီ အသံလွှင့်ဆောင်းပါး) click
- ရခိုင်သယာယအသင်း နှစ်ပတ်လည်အသင်း အစည်းအဝေး ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် ကျင်းပမည် click
- ထောင်သက်တမ်းပြည့်ပြီးသူ နိုင်ငံခြားသားအများအပြားကို ဘင်္ဂလားမှ လွှတ်ပေးမည်ဆို click
- မန်းဝင်းမောင် အတ္ထုပ္ပတ္တိ - အပိုင်း ၃ (မှတ်စုမှတ်တမ်း) click
- အပစ်ရပ်တောင်းဆိုချက်ကို အန်တု၊ အစ္စရေးလ်နဲ့ ဟားမတ်စ် ဆက် တိုက်နေကြ click
- ဂါဇာမှာ စစ်ဆင်ရေးအရှိန်မြှင့်မယ်လို့ အစ္စရေးပြော click
- ကချင်နှစ်သစ်ကူးမနောပွဲ မြစ်ကြီးနား၌ ကျင်းပနေ click
- ဒီဗွီဘီနိုင်ငံတကာသတင်း click
- မြိုင်ရေနံမြေ၌ အရေးဆိုသူများကို စစ်တပ်က ပစ်ခတ်၍ အမျိုးသမီး တဦးဒဏ်ရာရ၊ ကုမ္ပဏီမီးလောင်မှု၌ မသင်္ကာသူများကို ရဲကဖမ်း click