1.16.2009

ကျားကစားကြသူများ


ယခုဆောင်းပါးကို ၂၀၀၈ခုနှစ် စက်တင်ဘာလ၂၇ရက်က တကြီမ် ဖေါ်ပြခဲ့ပြီးဖြစ်ပါသည်။

ကျားလို့ ပြောလိုက်တာနဲ့ တောထဲက Tiger လို့ ခေါ်တဲ့ ကျားကြီးကို ပြေးမမြင် လိုက်ကြပါနဲ့ဦး။ ကျွန်တော် ပြောမှာက အကွက်ရွှေ့ပြီး ကစားရတဲ့ “ကျား”၊ ဆရာကျားဘညိမ်းကို “ကျားဘညိမ်း” ဆိုတဲ့ နာမည်တလုံး ရစေခဲ့တဲ့ ကျားကစားနည်း အကြောင်းပါ။

ကျားကစား ကြတာတော့ အားလုံးပဲ မြင်ဘူးကြမယ် ထင်ပါတယ်။ စစ်တုရင်လို့ ခေါ်တဲ့ချက် ကစားနည်းလို ကမ္ဘာကျော် မဟုတ်ပေမယ့် မြန်မာ ပရိတ်သတ်နဲ့ဆို ပိုရင်းနှီးပါတယ်။ လက်ဘက်ရည်ဆိုင်မှာ၊ ကွမ်းယာဆိုင် ဘေးမှာ၊ ဆိုက်ကားဂိတ်နားမှာ၊ ရပ်ကွက်ထဲက လူငယ်တွေ စုတဲ့နေရာမှာ နေရာစုံမှာ အလွယ်တကူ တွေနိုင်တဲ့ အင်မတန်ကို အများနဲ့ နီးစပ်တဲ့ ကစားနည်းလို့ ဆိုချင်ပါတယ်။ လူတော်တော် များများလဲ ကစားတတ် ကြ ပါတယ်။

အခု ကျွန်တော်ပြောချင်တာ အဲဒီကစားနည်းကို ကစားကြတဲ့ လူတွေရဲ့ အကြောင်း တစေ့တစောင်းလေး မြင်သမျှ ကိုပါ။ သဘောသဘာဝ လေးကိုတော့ နည်းနည်းလောက် ရှင်းပြ ပါရစေ။ စစ်တုရင် ကစားနည်းနဲ့ ကျားကစားနည်းဟာ တဖက်ကို အနိုင်ရအောင် အကွက်ဆင် ရွှေ့ရတာက လွဲရင် တော်တော် ခြားနားပါတယ်။ စစ်တုရင်မှာ အစကတည်းက ဘုရင်၊ဘုရင်မ၊ စစ်ကဲ၊ ဘုန်းကြီး၊ ပွန်းစသည်ဖြင့် အဆင့်သတ်မှတ်ချက်က ရှိပြီး သားပါ။ တိုက်ရတာကိုက ဘုရင်ကျရင် တဖက်လူမှာ ဘယ်နှစ်ကောင်ပဲ ကျန်ကျန် ပွဲပြီးသွားပါပြီ။

ကျားမှာတော့ အစမှာ အားလုံးဟာ ကျားကောင် ပါဝါတူတွေသာ ဖြစ်ပြီး နောက်မှ ကင်းပေါက်တဲ့ အကောင်က ပါဝါတက်ပြီး အဆင့်ပြောင်း သွားတာပါ။ အနိုင်အရှုံးကိုလဲ နောက်ဆုံးတကောင် ကျန်တဲ့အထိ အဆုံးအဖြတ် ပေးပါတယ်။ အဲ့ဒီ တဖက် ဆယ့်နှစ်ကောင် ကစားရတဲ့ ကျားမှာပဲ သူများ အကောင်တွေကို နိုင်အောင် ကစားရတဲ့ ပုံမှန်ကစားနည်း အပြင်၊ အလွယ် ကစားနိုင်တဲ့ ကိုယ့်ကျားတွေကို အတင်းထိုးကျွေးပြီး အရင်အကောင်ကုန်တဲ့ လူက နိုင်တဲ့ ကစားနည်း တမျိုးလဲ ရှိပါသေးတယ်။ ကလေးတွေ တော်တော်များများ ကစားလေ့ရှိပါတယ်။

ကျွန်တော်တို့ ငယ်ငယ်ကတော့ နိုင်အောင် ကစားတဲ့နည်းကို ကျနိုင်(ကျားနိုင်)၊ကုန်အောင် ကစားတဲ့နည်းကို ကျကုန်(ကျားကုန်)လို့ ခေါ်ပါတယ်။ ငယ်ငယ်တုန်းကဆို ရှုံးထွက်ကစားနည်းနဲ့ တနေကုန် ကစားကြတာပါ။

ဥပမာ ကျွန်တော်က ကျားခုံပိုင်သူဆိုယင် ကျွန်တော့်ကို သရေကစားနိုင်ရုံနဲ့ ဖယ်ခိုင်းလို့ မရပဲ အနိုင်ရအောင် ကစားနိုင်တဲ့ သူရှိမှ ဖယ်ပေးရမှာပါ။

ဘာမဟုတ်တဲ့ ကစားနည်း အကြောင်းကို ဇာချဲ့နေတယ်လို့ အထင်မစောပါနဲ့ဦး ခင်ဗျာ။ ကျွန်တော့်မှာ ဥပမာ ခိုင်းနှိုင်းပြစရာလေး ရှိနေလို့ပါ။ တကယ်လို့များ ကျွန်တော်တို့ နိုင်ငံရေးသမား တတွေဟာ ကျားပွဲတခု ကစားနေကြတာ ဆိုပါစို့။ နအဖဟာ တရားနည်းနဲ့ ပဲရရ၊ မတရားနည်းနဲ့ပဲ ရရ မြန်မာနိုင်ငံကို အုပ်ချုပ် နေနိုင်တဲ့ လက်ရှိ အခြေအနေနဲ့ သို့မဟုတ် ကျားခုံဟာ သူတို့ လက်ထဲမှာ ရှိနေတဲ့ ပြိုင်ဘက် ဖြစ်နေတယ် ဆိုကြပါစို့။

သေချာတာ ကတော့

(၁)ကျွန်တော်တို့ ရှုံးရင် ထွက်ပေးရမယ်။
(၂)သရေကျရင်လဲ ထွက်ပေးရမယ်။
(၃)ပါဝါတူလို့ သရေပဲ ပွဲပြီးမသွားအောင် ရွှေ့နေတယ် ထားဦး အချိန်မရွေး သူ့ကျားခုံကို ပြန်သိမ်း သွားနိုင်ခွင့် ရှိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျားခုံက သူ့လက်ထဲမှာ ဖြစ်နေတယ်။

အဲဒီ အခြေခံလေးကိုပဲ တဆင့်တက်ပြီး စဉ်းစား ကြည့်မယ်ဆိုယင် ကျွန်တော့်မှာ မေးခွန်းထုတ်စရာ အချက် အလက် အချို့ ရှိလာပါတယ်။ မေးခွန်းတခုချင်းနဲ့ ရှင်းလင်းချက် တွဲသွားချင်ပါတယ်။

အဲဒီ မေးခွန်းတွေကတော့

(၁)ကျွန်တော်တို့ဟာ ကျားကုန် ကစားနေတာလား၊ ကျားနိုင် ကစားနေတာလား ဆိုတာပါ။

ဒီမေးခွန်းအတွက် ရှင်းလင်းချက် မပေးခင် ကျွန်တော်ရဲ့ ကိုယ်ပိုင် ခံစားချက်အချို့ကို တင်ပြလိုပါ သေးတယ်။ အဲဒါကတော့ ကျွန်တော်တို့ဟာ စစ်အာဏာရှင် စနစ်ကို ဖြုတ်ချပြီး ဒီမိုကရေစီ စနစ်ကို တကယ် ကူးပြောင်းဖို့ ကြိုးစားနေတာ ဟုတ်မဟုတ် ကိုယ့်ကိုကိုယ် မေးခွန်းထုတ်ကြဖို့ပါ။ ထူးချွန်အောင်မြင်တဲ့ ကျောင်းသားဖြစ်ချင်ရင် တကယ် စာကြိုးစားရမယ် ။ ဒီမိုကရေစီနဲ့ အခြေခံ လူ့အခွင့်အရေး တွေကို လိုချင်ရင် ကိုယ်တိုင်လဲ ဒီမိုကရေစီ ကို တကယ် ယုံကြည်ပြီး ဒီမိုကရေစီ နည်းလမ်းကျကျ လက်ခံ ကျင့်သုံးရမယ်။ ပါးစပ်က ဘုရားဘုရား လက်က ကားယားကားယား လုပ်လို့တော့ မရပါဘူး။ဒီမိုကရေစီ လိုချင်တယ်လို့လဲ ပြောသေးတယ်၊ ဒီမိုကရေစီ နည်းလမ်း ကျကျ မျှမျှတတ ဝေဖန်တာတောင် လက်မခံနိုင်ဘူး ဆိုရင်တော့ ကျွန်တော် ဆက်ဆွေးနွေးစရာ မရှိတော့ပါဘူး။

အခု ဆက်ဆွေးနွေးမယ့် အချက်တွေဟာ ဒီမိုကရေစီ နည်းလမ်းကျကျ တကယ် ကျင့်သုံးချင်တဲ့သူတွေ အတွက်ပဲ ရည်ရွယ်ပါတယ်။ အခုခေါင်းစဉ်မှာ ပြောခဲ့သလို ကင်းပေါက်နေတဲ့ သူတွေကကိုယ်ပိုင်ဆိုင်ထားတဲ့ ကျားတွေကို ကျွေးပြီး ကျားကုန် ကစားနေတာလား၊ ဒါမှမဟုတ် ကျားနိုင်ကစားနေတာလား ဆိုတာ အရေးတကြီး ပြန်သုံးသပ် ဖို့လိုပါတယ်။ ကျားနိုင်ကစားနေတာ ဆိုရင်ကျားကွက် ပေါ်မှာရှိတဲ့ ကျွန်တော်တို့ ပိုင်ဆိုင်တဲ့ ဘယ်ကျားကောင် မဆိုရဲ့ တန်ဖိုးဟာ တန်ဖိုးဖြတ်လို့ မရပါဘူး။ သူကလဲ တချိန်မှာ ကင်းပေါက်ပြီး ပါဝါ တက်လာနိုင်တဲ့ တန်ဖိုးရှိတဲ့ သူဖြစ်နိုင်လို့ပါပဲ။

တနည်းဆိုရင် တချိန်တုန်းက အားလုံးဟာ ဘဝတူရဲဘော်တွေပါ။ ဆန့်ကျင်ဘက်က ကျားတကောင်နဲ့ တန်ဖိုးတူ လဲရမယ်ဆိုရင်တောင် ကျွန်တော့်အနေနဲ့ ဆိုရင် အင်မတန် မလိုအပ်ပဲ မလဲချင်ပါဘူး။ခင်ဗျားက ကျားကုန် ကစား နေတယ်ဆိုရင်တော့ ကျွန်တော်အနေနဲ့ ဘာမှပြောစရာ မရှိတော့ပါဘူး။ဒါပေမယ့် တခုရှိတာက နောက်ဆုံး ကျရင် ခင်ဗျားကိုယ် ခင်ဗျားလဲ ထိုးကျွေးရမယ် ဆိုတာပါပဲ။

ဒါပေမယ့် ကျွန်တော့်မှာ ပါဝါတခုခု ရှိခဲ့မယ် ဆိုယင်တော့ ဘဝတူတွေကို ချကျွေးနေတဲ့ ကျားကုန်ကစားပွဲ ခင်ဗျား ကစားဖို့ ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်ပါဘူး။ ကျွန်တော့်အနေနဲ့ ပြောရရင်ကျွန်တော်တို့ ဘက်က ကျား တကောင် တိုင်းဟာ အဖိုးအနဂ္ဂ ထိုက်တန်နေတယ် ဆိုတာပါပဲ။

(၂)ကျွန်တော်တို့ သရေ ကစားနေတာလား?

ကျွန်တော် အထက်မှာ ပြောခဲ့သလိုပါပဲ လက်ရှိ အခြေအနေမှာ သရေ ကစားနေတာဟာ ပါဝါတူ ရတယ်လို့ ကျွန်တော် လုံးဝ လက်မခံနိုင်ပါဘူး။ ခင်ဗျားကတော့ ကင်းပေါက်သွားလို့ ခင်ဗျားသွားချင်ရာ ခင်ဗျား ရွှေ့ချင်ရာ အကွက်ကို ကင်းပီပီ ရွှေ့လို့ ရနေပြီး ခင်ဗျား ကင်းပေါက်အောင် လုပ်ပေးခဲ့ရတဲ့ အရင်တုန်းက ခင်ဗျားနဲ့ ဘဝတူ ကျားတွေကတော့ ဒေါင့်ကပ်တဲ့ အကောင်ကကပ်၊ လတ်တလော အစားခံရတဲ့ အကောင်က အစားခံရ၊ ခင်ဗျားကစားနေတဲ့ ကျားခုံကြီးဖြစ်တဲ့ မြန်မာနိုင်ငံနဲ့ မြန်မာ ပြည်သူလူထု တွေကတော့ ခင်ဗျားကစားနေတဲ့ ပွဲရှည်ရင် ရှည်သလောက် ဆင်းရဲဒုက္ခတွေ အမျိုးမျိုး ရောက်နေတယ်ဆိုတာ မေ့မထားစေချင်ပါဘူး။ ဒီကြားထဲမှာ နအဖက ကျပ်မပြည့်တဲ့ ခပ်ဆိုးဆိုး ကလေးကြီးလို သူ့ကျားခုံကြီး ပြန်သိမ်းသွားလိုက်၊ စိတ်လိုရင် ဒါမှမဟုတ် လူကြီးတွေကို တိုင်လိုက်ရင် ပြန်ထုတ်လာ လိုက်နဲ့။

မြန်မာနိုင်ငံက ပြည်သူတွေ အတွက်ဆိုရင် တရက်၊ အသွင်ကူးပြောင်းမှု စောရင် တရက် လူ့ငရဲက လွတ်မြောက် ရသလိုပါပဲ။ ဇာတ်ထဲက လူပြက်တွေလို ပြောရရင်တော့ စောစောသေရင် စောစော အိပ်ရတယ် ပေါ့ဗျာ။ ဘာမှမလုပ်ရင် ဘာမှမဖြစ်ဘူး ဘာမှ ဒီ့ထက်ပို မဆိုးလာ နိုင်ဘူးလို့ ဆိုပေမယ့် အခုလက်ရှိ ရင်ဆိုင်နေရတဲ့ အခြေအနေထက် ပိုဆိုးနိုင်တဲ့ အခြေအနေတော့ မရှိတော့ဘူးလို့ ပြည်သူတဦး တယောက်က ပြောလာခဲ့ရင် ကျွန်တော်တို့ ဘယ်လို ဖြေရှင်း ကြမလဲ၊ သေချာတာ တခုကတော့ သရေကစားပြီး အချိန်ဆွဲနေတဲ့ နည်းလမ်းဟာ အကျိုး သက်ရောက်မှု ရှိတဲ့ နည်းလမ်း မဟုတ်ဘူး ဆိုတာပါ။

(၃)ကျွန်တော်တို့ ဘယ်လို အနိုင်ကစားကြမလဲ?

အခြေအနေတွေ အားလုံးက အနိုင်မရရင် ကျွန်တော်တို့ အသာမရနိုင်ဘူးဆိုတာ ပြဆို နေပါတယ်။ ကျွန်တော်တို့ ဘယ်လို အနိုင်ကစားကြမလဲ။ လက်ရှိကစားနေတဲ့ PLAYER တွေ ဘာကြောင့် အသာရအောင် အနိုင်ရအောင် မကစားနိုင်ကြသလဲ ဆိုတာ စစ်တမ်းထုတ်ဖို့ လိုလာပါတယ်။

ကြုံဖူးတဲ့ လူတွေဆိုရင် စစ်တုရင် ဝိုင်းတွေ ကျားကစားတဲ့ ဝိုင်းတွေမှာ ဘေးမပြောရ ဆိုပြီး စည်းကမ်းချက် ထုတ် ထားတာ တွေ့ဖူးကြမှာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ အားလုံး လက်ခံတဲ့ အယူအဆ တရပ်က ဘေးက ကြည့်နေတဲ့ သူတွေဟာ ကိုယ်တိုင် ကစားနေတဲ့ သူတွေထက် အချို့အကွက် ကလေးတွေမှာ ပိုပြီး မြင်နိုင်လို့ပါပဲ။ ကစား နေတဲ့ လူတွေထက် ပိုတော်တယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဘေးကလူက နှစ်ဖက်မျှ ကြည့်နေမိလို့ သဘော သဘာဝအရ အကွက်ပိုမြင်တာပါ။ သူဘာသာသူ ဝင်ကစားရင် လက်ရှိ လူထက်ညံ့ချင် ညံ့နေမှာပါ။ အဲဒါကြောင့် ဘေးမပြောရဆိုတဲ့ စည်းကမ်း ထုတ်ထားတာပါ။

ဒီနေရာမှာ ကျွန်တော်တခု ပြောချင်တာက

-န.အ.ဖဟာ တရားမျှတစွာ အခုကစားပွဲကို ကစားနေတယ်လို့များ ကျွန်တော်တို့ ဘက်က PLAYERတွေ ယူဆ ထားပါသလား?
-ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် အားကစား စိတ်ဓါတ်သာ အဓိကမို့ အနိုင်အရှုံးကို အဓိကထားစရာ မလိုဘူးလို့  ကျွန်တော်တို့ ဘက်က PLAYERတွေ ယူဆထားပါသလား?
ဆိုတာ ရှင်းလင်း ကွဲပြားစေချင်တာပါ။

ကျွန်တော့်အနေနဲ့ ပြောရရင်တော့ ဘယ်လိုနည်းနဲ့မဆို ကျွန်တော်တို့ အနိုင်ရဖို့ လိုတယ် ဆိုတာပါပဲ။ ဘာဖြစ် လို့လဲ ဆိုတော့ အဲဒီ အရှုံးအနိုင်ဟာ သန်းငါးဆယ်နီးပါးသော မြန်မာပြည်သူ လူထုတွေရဲ့ ဘဝကို ကိုယ်စား ပြု နေလို့ပါပဲ။ အချစ်နဲ့ စစ်မှာကျတော့ မတရားဘူး ဆိုတာ မရှိဘူးလို့ ပြောကြတယ်။ သန်းငါးဆယ်သော မြန်မာ ပြည်သူ လူထုနဲ့ ဆိုင်တဲ့ ကိစ္စမှာ ဘယ်လို ကိစ္စက မတရားဘူးလို့ ခင်ဗျားတို့ ယူဆ နေကြပါသလဲ?

န.အ.ဖအတွက် မျှတမှုမရှိဘူးလို့ ပြောချင်တဲ့ သူတွေ ပြောကြပါစေ။ ကျွန်တော်တို့ ပြည်သူတွေ အတွက် လွတ် မြောက်ဖို့ ကိစ္စမှာ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ ပြည့်ဝစွာ ခံစားနိုင်ဖို့ ဖန်တည်းပေးဖို့ ကိစ္စမှာ တကမ္ဘာလုံးက မီးဟုန်းဟုန်း ထအောင် ကန့်ကွက်နေတောင်မှ ကျွန်တော်တို့ ပြည်သူလူထု အတွက်ဆို မဖြစ်မနေ အနိုင်ရအောင် လုပ်ရမယ်လို့ ကျွန်တော်ကတော့ ယုံကြည်ပါတယ်။ ဒီမိုကရေစီလိုလား သူအားလုံး ထောက်ခံနေသားပဲဗျာ။

ကျွန်တော်သာ ဆိုရင်တော့ ဘေးကပဲ ဝင်ပြောပြော၊ ကျွန်တော့်လက်ကို ဝင်ချုပ်ပြီးတော့ပဲ ရွှေ့ရွှေ့ အဲဒီ ရွှေ့ကွက်ဟာ မြန်မာပြည်သူ လူထုတွေအတွက် အကောင်းဆုံးနဲ့ အကျိုးအရှိဆုံး ရွှေ့ကွက်ဆိုရင် ဝမ်းမြောက် ဝမ်းသာစွာနဲ့ ရွှေ့ပစ်လိုက်မှာ ပါပဲဗျာ။

ကျွန်တော်တို့ဘက်က အကွက်ရွှေ့နေတဲ့ အဖိုးတန် PLAYERတွေ အားလုံး မြန်မာပြည်ရဲ့ သန်းငါးဆယ် နီးပါး သော ပြည်သူလူထုတွေကို၊ ကိုယ်နဲ့ ဘဝတူဖြစ်ခဲ့ဖူးတဲ့ တိုက်ပွဲဝင်ဖေါ်ဝင်ဘက် ရဲဘော်ရဲဘက် ကျားကောင်တွေ ကို တန်ဖိုးထားတတ်တဲ့ အကောင်းဆုံး PLAYERတွေ ဖြစ်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

D- WAVE

သတင်းပဒေသာ

UN workers, Palestinian firefighters try to save bags of food aid after an Israeli strike on UN headquarters in Gaza City, 15 Jan  2009

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက ဂါဇာမြို့တော်မှာရှိတဲ့ ကုလသမဂ္ဂရုံးချုပ်ရှိရာ အဆောက်အအုံကို အစ္စရေးလ်တို့က ဗုံးကြဲခဲ့တာ သူ့အနေနဲ့ အလွန်အမင်း စိတ်ပျက်ရတယ်လို့ ပြောလိုက်ပါတယ်။


အမေရိကန်ဒဏ်ခတ်မှုကို မဝေဖန်လိုဟု
မက်စ်မြန်မာကုမ္ပဏီပိုင်ရှင်ပြော

NEJ/ ၁၆ ဇန်န၀ါရီ ၂၀၀၉ မိမိလူမျိုးကောင်းအောင် လုပ်ကိုင် နေခြင်း ဖြစ်သည့်အတွက် မက်စ်မြန်မာကုမ္ပဏီအား အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန က စီးပွားရေးဒဏ်ခတ်သည့်ကိစ္စအပေါ် ဝေဖန်မှုမလုပ်လို ကြောင်း မက်စ်မြန်မာကုမ္ပဏီပိုင်ရှင်...အပြည့်အစုံသို့

ကရင်သူပုန်များကို တိုက်ခိုက်ရန် နောက်ထပ် တိုက်ပွဲ မကြာမီ စတင်မည်

ထိုင်းနယ်စပ်မြို့ မဲဆောက်၏ တောင်ဘက်တွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ၏ အထူးတပ်ရင်း ၁ဝ၃ ကို တပ်မဟာ ၆ တပ်ရင်း ၂ဝ၁...

မြန်မာ့ ယွန်းလုပ်ငန်း ပျက်လုနီးပြီ

မြန်မာ့ ယွန်းလုပ်ငန်း ပျက်လုနီးပြီ

ပုဂံမြို့ မြင်းကပါရပ်က ယွန်းထည် လုပ်ငန်းပိုင်ရှင် ကိုချမ်းအေး တယောက် သူ့ ယွန်းထည် အလုပ်ရုံကို လွန်ခဲ့တဲ့ ၂ လခန့် ကတည်းက ပိတ်ထားလိုက်ရပါတယ်။ နိုင်ငံခြား ခရီးသွား

ဒဂုံဝင်းအောင်နှင့် Max ဇော်ဇော်တို့ကို USက ဒဏ်ခတ်

သမ္မတ သက်တမ်း လေးရက်သာ ကျန်တော့သည့် အမေရိကန် သမ္မတ ဂျော့ဒဗလျူဘုရှ် အစိုးရက မြန်မာ ဗိုလ်ချုပ် ကြီးများနှင့် နီးစပ်သော လုပ်ငန်းရှင်ကြီး နှစ်ဦးကို အရေးယူ ဒဏ်ခတ်

ရိုဟင်ဂျာများကို ညှာတာရန် ထိုင်းကို ပန်ကြား

မြန်မာပြည်မှ လှေဖြင့် ရောက်လာသော ရိုဟင်ဂျာများကို ပင်လယ်တွင်းသို့ ပြန်လည် မောင်းထုတ် နေခြင်းများအား ရပ်ဆိုင်းရန် ဒုက္ခသည် အဖွဲ့အစည်း တခုက ထိုင်းအစိုးရကို တောင်းဆို

ဘုရားစူး ဂျာနယ်လစ်များ၏ ချစ်ကြည်ရေး မိတ်ဆုံစားပွဲ

ဘုရားစူး ဂျာနယ်လစ်များ၏ ချစ်ကြည်ရေး မိတ်ဆုံစားပွဲ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ဟောလီးဒေး ဂါးဒင်း စားသောက်ဆိုင် ထဲတွင် ပြည်တွင်း၊ ပြည်ပမှ ဂျာနယ် လစ်များ၏ မိတ်ဆုံစားပွဲ ကျင်းပလျက် ရှိသည်။ ထိုအထဲတွင် ဖိုးရှုပ်၊ ကြွက်စုတ်နှင့်
ဆက်ဖတ်ရန် ...

“ဒီမိုကရေစီကိုတော့ မမြင်ရသေးပါဘူး”

“ဒီမိုကရေစီကိုတော့ မမြင်ရသေးပါဘူး” မြန်မာ နိုင်ငံတွင် ကုလ သမဂ္ဂနှင့် အာဆီယံ အသင်းကြီး တို့၏ အခန်းကဏ္ဍ၊ ဆိုင်ကလုန်း နာဂစ် နောက်ပိုင်း ကယ်ဆယ်ရေး အထောက် အပံ့ လုပ်ငန်းများလုပ်ဆောင် နေမှု
ဆက်ဖတ်ရန် ...
- သမ္မတသစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲ (ဗွီဒီယိုသတင်း) click
- ထိုင်းစစ်တပ်က လှေစီးဒုက္ခသည်တွေကို ပင်လယ်ထဲပြန်မျှော click
- ဦးခေါင်းခွံပြင်ပ ဦးနှောက်ရောက်နေသည့် ကလေးငယ် ဆေးကုရန် လိုအပ်နေ click
- ဂါဇာ ကုလရုံးဝင်း ဗုံးဆံထိမှန်မှု အတွင်းရေးမှူးချုပ် ရှုတ်ချ click
- မြန်မာအပေါ် စီးပွားရေးဒဏ်ခတ်သည့်စာရင်း အမေရိကန် ဖြည့်စွက် click
- မြစ်ဝကျွန်းပေါ် လယ်သမားများ စိုက်ပျိုးစရိတ် အခက်ကြုံ click
- မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ထိုင်းဘက်က မောင်းထုတ် click
- ဆန်ဈေးကျလို့ ထိုင်းလယ်သမားများ ကြွေးဒဏ်ပိ click
- အရှေ့တီမောသမ္မတရဲ့ မြန်မာအရေးသုံးသပ်ချက်အပေါ် တုန့်ပြန်ချက် (ဗွီအိုအေ မျက်မှောက်ရေးရာ) click
- အမျိုးသမီးများအတွက်လိုအပ်တဲ့ ဖောလစ်အက်ဆစ်(ဗွီအိုအေ ကျန်းမာရေးကဏ္ဍ) click
- နိုင်ငံရေးဖိနှိပ်ချုပ်ချယ်မှုများ မြန်မာနိုင်ငံတွင် ဆက်လက်ရှိနေဆဲ click
- အကြီးဆုံး နဂါးရုံဘုရားတည်ရန် လယ်မြေသိမ်းမှု နယ်ခံများမကျေနပ် click
- ထိုင်းအာဏာပိုင်များ မြန်မာရွှေ့ပြောင်းအလုပ်သမားရွာကို ဖျက်သိမ်းခိုင်း click
- မလေးရှား-ထိုင်းနယ်စပ် လူမှောင်ခိုမှု အမေရိကန်အထက်လွှတ်တော် စုံစမ်း click
- အလုပ်ကြမ်းစခန်းရောက် နိုင်ငံရေးအကျဉ်းသား အသက်အန္တရာယ်စိုးရိမ်ရ click
- ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းကို နိုင်ငံရေးပါတီအဖြစ် ပြောင်းလဲမည်ဟု တရားဝင်ပြောဆို click
- ပူတာအိုထောင်မှာ ထောင်ဝင်စာတွေ့ရေး ခက်ခဲ click
- ဂါဇာအပစ်ရပ် သဘောတူညီချက်ရဖို့ ကုလအကောင်းမြင် click
- သက်တမ်းရှည် ပဋိပက္ခ (အပိုင်း ၁) (သတင်းဆောင်းပါး) click
- သက်တမ်းရှည် ပဋိပက္ခ (အပိုင်း ၂) (သတင်းဆောင်းပါး) click
- ပြည်တွင်းက ဖတ်မိသမျှ ဂျာနယ် အပိုင်းအစ click
- ဗွိုက်စ်ဂျာနယ်ကပြောတဲ့ လွတ်လပ်ရေးနေ့ ဆရာကြီးများအမြင် click
- မြန်မာအလုပ်သမားများ နေအိမ်ဖျက်ပြီး တောထဲတွင် ပုန်းအောင်းနေရ click
- မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး (အင်တာဗျူး) click

Burma News

'Cold Wave' likely to sweep Burma

A 'Cold Wave' is likely to sweep Burma by the last week of January because of a change in the course of the winds, an official at Burma's Meteorological department...

Indonesia may deport Burmese and Bangladeshi boatpeople

Indonesia has indicated it is holding discussions to send back nearly 200 Burmese and Bangladeshi boatpeople, stranded off Sabang Island near Aceh province in early January, a Foreign Affairs Ministry...

Thailand Urged to Stop Pushing Refugees Out to Sea

By LAWI WENG
A US-based refugee rights group has called on the Thai authorities to stop abandoning Rohingya boat people at sea.

Thailand’s New PM Seeks Reconciliation

By GRANT PECK
Thailand’s new prime minister has vowed to reconcile the country after more than two years of instability by promoting justice, political reform and economic revival.

QUOTE OF THE DAY
Strengthening relations with neighboring countries remains at the heart of our foreign policy.
— Thai Prime Minister Abhisit Vejjajiva

OPINION

Abhisit Needs to Set a New Course on Burma

By AUNG ZAW
Burmese are hopeful that Thailand’s new prime minister will be able to steer his country’s Burma policy in the right direction.

Burma Situation Affects Region: Thai PM

By WAI MOE
Thai Prime Minister Abhisit Vejjajiva outlines the Thai-Burma relationship in statements to journalists and the diplomatic corps.

Non-military Pilots to be Trained in Rangoon

By MIN LWIN
A pilot ground training course that will allow non-military applicants to obtain commercial pilots’ licenses is due to open soon at Hmawbi Air Force Base.

Human Rights in Burma Deteriorating: Report

By LALIT K JHA
In its latest annual report, Human Rights Watch says that Burma’s ruling junta has stepped up its human rights abuses over the past year.

Burmese Schoolteacher and Family Repatriated

By SAW YAN NAING
The founder of a primary school for Burmese children in southern Thailand has been arrested after being repatriated to Burma.
Political Prisoner Zaw Naing Htwe In Danger Of Losing His Life

To:

Media statement: for immediate release



15 January 2009

Political prisoner Zaw Naing Htwe is in danger of losing his life at Four Mile Labor Camp near Taungoo Town in Pegu Division, according to the Assistance Association for Political Prisoners (Burma). He is currently being held in iron shackles whilst being forced to perform hard labor by the authorities. He is not being given enough food and water.

On December 15 2008 he was sentenced to 9 years in prison, charged under sections 41/b and 42 of the prisons procedural code, related to exchanging correspondence in prison. He received a letter from his elder brother, 88 Generation Students Group member Kyaw Kyaw Htwe aka Marky, on 2 February 2008 during a prison visit.

In the first week of January 2009 Zaw Naing Htwe was transferred to Four Mile Labor Camp, 175 miles from Taungoo Town in Pegu Division.

Tate Naing, Secretary of the Assistance Association for Political Prisoners (Burma), said, "When the regime transfers political prisoners to labor camps, they are intentionally trying to kill them.
There is little chance that political prisoners will return home after being in the labor camps."

In 2008, at least 17 political prisoners were transferred to labor camps around Burma. In October 1990, many monks participated in the boycott, pattam nikkujjana kamma or "overturning the bowl", refusing to accept alms from members of the armed forces and their families. As punishment some were transferred to labor camps, and 19 monks died there.

-ENDS-
ှAAPP
ABFSU mumber sentenced 104 years in jail
To:


Media Statement - for immediate release

18 January 2009

ABFSU member sentenced to 104 years in jail

A member of the Upper Burma (Mandalay) branch of the All Burma Federation of Students Unions has been sentenced to a total of 104 years in jail, the Assistance Association for Political Prisoners(Burma) can confirm. Bo Min Yu Ko aka Phyo Gyi, in his early 20s, was arrested on 18 September 2008. He was handed his final sentence on 3 January by Obo Prison Court in Mandalay Division. He was charged under many different sections of law, including 6 counts under Section 13/1 of the Immigration Act alone. Bo Min Yu Ko was not allowed to have a defense lawyer and his family were not allowed to attend his court hearing.

"This is yet another harsh and cruel sentence handed down by the regime's kangaroo courts. The courts are not independent and simply follow orders from the regime. Criminals sentenced on drug charges are often given relatively light sentences, but political activists are given very long terms of imprisonment," said Bo Kyi, Joint-Secretary of AAPP.

Since the recent spate of sentencing began in October 2008, at least 280 political activists have been sentenced. Bo Min Yu Ko's 104-year sentence is the harshest punishment handed out so far.

"Political activists are systematically denied their legal and human rights. Bo Min Yu Ko had no chance to prepare a defence. Until now, he has not been allowed to meet with his family," said Bo Kyi. "ASEAN leaders mustn't bury their heads in the sand. The forthcoming ASEAN summit is the perfect opportunity for them to discuss this issue frankly with the military leaders. They must call on them to immediately release all political prisoners, including Daw Aung San
Suu Kyi, and start an open dialogue for national reconciliation."

-ENDS-
AAPP



- U.S. freezes assets of "regime cronies" in Myanmar click
- Myanmar to hold gems emporium in March click
- US slaps more sanctions on Myanmar regime backers click
- Thailand forces asylum seekers out to sea click
- UN agencies team up on family planning for refugees in Thailand click
- US hits Myanmar with additional sanctions click
- Vice President Ansari to visit Myanmar in February click
- Thais 'leave boat people to die' click
- TCG study tour to Thailand shares experience and lessons learnt in natural disaster management click
- Myanmar: Cyclone recovery "will take up to four years click
- THAILAND: Addressing sexual violence in Mae La refugee camp click
- Burma: India Uncut congratulates Ashin Mettacara click
- Vietnam army phone firm seeks Myanmar, N.Korea work click
- Activist jailed 104 years click
- Thai PTTEP to write off $27 mln for Myanmar M3 block click
- Myanmar arrested 277 drug traffickers in December click
- Burma: Left to burn on hot sand - how the Thai Navy punishes Burmese refugees click

ဘန်ကောက်မြို့ ကုန်တိုက်ကြီးတစ်ခုတွင် မြန်မာနှင့် လော အလုပ်သမားများအား ဖမ်းဆီး


ဖမ်းဆီးခံထားရသော အလုပ်သမားများ

(Photo by-Manager)

ဇန်န၀ါရီ ၁၆

ယမန်နေ့ နေ့လည်ပိုင်းက ဘန်ကောက်မြို့ ဘန်ခေ တမော ကုန်တိုက်ကြီးတွင် လုံခြုံရေး အစောင့် အလုပ်သမား များအား ထိုင်းအာဏာပိုင်များက အင်အားသုံး၍ စီးနင်းဝင်ရောက် ဖမ်းဆီးလိုက်သည်။

ဖမ်းဆီးခံရသော ၄၉ ဦးသည် မြန်မာနှင့် လော အလုပ်သမားများ ဖြစ်သည်။ (ယမ်း)ခေါ် အစောင့် လုံခြုံရေး အလုပ်သမားများ အဖြစ် အချိန်အတော်ကြာကပင် လုပ်ကိုင်နေကြသော သူများဖြစ်သည်။ ကုန်တိုက်များ စက်ရုံများတွင် လုံခြုံရေး အစောင့် လုပ်ကိုင်နေသူများအား ဖမ်းဆီးခြင်းမှာ ယခုအကြီမ်သည် ပထမ ဦးဆုံး ဖြစ်ပြီး အရေအတွက် အများဆုံး ဖြစ်သည်။

နယ်မြေခံရဲများက ဖမ်းဆီးရမိသော အလုပ်သမားများကို နိုင်ငံတွင်း တရားမ၀င် ၀င်ရောက်မှု၊ တရားမ၀င် အလုပ်လုပ်ကိုင်မှု တို့ဖြင့် တရားစွဲဆိုမည့် အပြင်၊ တရားမ၀င် အလုပ်သမားများကို ငှားရမ်းသော ကုမ္ပဏီ ကိုလည်း ရဲဆင့်စာ ခေါ်မည် ဖြစ်ကြောင်း ပြောသည်။

ကမ္ဘာ့ စီးပွားရေး ကျဆင်းမှုကြောင့် ထိုင်းနိုင်ငံသို့ နိုင်ငံခြားမှ လာရောက် ရင်းနှီးမြှုပ်နှံသော ကုမ္ပဏီနှင့်၊ စက်ရုံ အချို့ အား ၂၀၀၈ ခုနှစ် ကုန်ပိုင်းတွင် ပိတ်ခဲ့ရသဖြင့်၊ ထိုင်းအလုပ်သမား အမြောက်အများ အလုပ်လက်မဲ့ ဖြစ်နေ ကြရသည်။

ထိုင်းနိုင်ငံတွင် လာရောက် အလုပ်လုပ်ကိုင် နေသော မြန်မာ အလုပ်သမားများကို ထိုင်းပုလိပ်များက ဖမ်းဆီး ငွေတောင်းသည်မှာ လုပ်ရိုး လုပ်စဉ် ဖြစ်ရိုး ဖြစ်စဉ် ဖြစ်သော်လည်း ကမ္ဘာ့စီးပွားရေး ကျဆင်းမှု ဂယက်ရိုက် ခတ်မှု နောက်ပိုင်း၊ ထိုင်းနိုင်ငံအတွင်း တရားမ၀င် ၀င်ရောက် အလုပ်ကိုင်နေကြသော မြန်မာ အပါအ၀င် နိုင်ငံခြားသား အလုပ်သမားများကို စီမံကိန်းချ၍ ပိုက်စိတ်တိုက် ရှာဖွေ ဖမ်းဆီး လျှက်ရှိသည်။

မြန်မာနိုင်ငံသို့ ကုန်ပစ္စည်းမျိုးစုံ အ၀ယ် ကိုယ်စားလှယ်လုပ် နေသော မြန်မာတစ်ဦး အပြောအရ ၂၀၀၉ ခု အစ ရက်ပိုင်းက ထိုင်းစက်ရုံ ၊ အလုပ်ရုံများတွင် တရားမ၀င် လုပ်သမားများကို ထုတ်ပယ်ရန်နှင့် ထိုင်းလူမျိုး အလုပ်သမားများအား အလုပ်ခန့်ထား ပေးရန် သက်ဆိုင်ရာမှ တရားဝင် အကြောင်းကြားစာများ ပို့ထားကြောင်း သိရသည်။

ထိုင်းနှင့်မြန်မာ အစိုးရတို့၏ နှစ်နိုင်ငံ အလုပ်သမား ငှားရမ်းရေး သဘောတူညီချက် အား အကောင်အထည် ဖေါ်နေရာတွင်လည်း၊ ထိုင်းနိုင်ငံ နေရာ အနှံ့ အလုပ် လုပ်ကိုင်နေကြသော မြန်မာ အလုပ်သမားများမှာ နယ်စပ်ကို ဆင်း၍ တရားဝင် ပတ်စပို့ လုပ်ကိုင်ရေး ကိစ္စမှာလည်း အလုပ်သမားများ အနေဖြင့် အထူး ခက်ခဲလျှက် ရှိကြောင်း သိရသည်

ထိုင်းနိုင်ငံတွင် အလုပ် လုပ်ကိုင်နေကြသော မြန်မာ အလုပ်သမားများမှာ အလုပ်လုပ်ရရင် ပြီးရော သဘောဖြင့် အမည်နှင့် အသက်မှာ ပေးချင်သလို ပေးထားကြ သူများဖြစ်သည်။

အချို့မှာ ၀န်ထမ်း မိသားစုဖြစ်၍ လည်းကောင်း၊ အချို့ မှာ နိုင်ငံရေးနှင့် ပတ်သက်နေ၍ လည်းကောင်း၊ အချို့ မှာ မိမိနေရပ်၌ပင် မှတ်ပုံတင် ထားခြင်း မရှိကြချေ။ နယ်စပ်သို့ သွားလျှင် ထိုင်းပုလိပ် ဖမ်းဆီး၍ နယ်စပ်ရှိ လူကုန် ကူးသူများ လက်သို့ ပို့ဆောင်ပေးမည့် အန္တရာယ် အပါအ၀င် ပတ်စပို့ လုပ်ကိုင်နေစဉ် စားသောက်နေထိုင် ရေးနှင့် အခြားစရိတ်စက အခက်အခဲ ပေါင်းများစွာ ရင်ဆိုင်ရမည် ဖြစ်သဖြင့် အလုပ်သမားများ စိတ်သောက ရောက်လျှက် ရှိကြသည်။

ကိုကျော်သောင်းမှပေးပို့ပါသည်။

မြန်မာ ရွေပြောင်း အလုပ်သမားများ စုပေါင်း နေထိုင်ရာ ရပ်ကွက်တစ်ခု ဖျက်ဆီးခံရ ပုန်းရှောင်နေရာများတွင် လိုက်လံဖမ်းဆီး

ဇန်နဝါရီ ၁၅

ထိုင်းနိုင်ငံ မဲဆောက်မြို့ တောင်ဘက် ဖုဖရမြို့ နယ်၊ အတွင်းရှိ မြန်မာ အလုပ်သမားများ နေထိုင်ရာ ဝေါတော ရပ်ကွက်ကို ယမန်နေ့က ဖျက်ဆီးပေးခဲ့ရပြီး တောစပ်နှင့် တောင်ယာတဲများတွင် ရှောင်တိမ်း ပုန်းအောင်း နေသော မြန်မာ အလုပ်သမားများအား ထိုင်းအာဏာပိုင်များ ရှာဖွေ ဖမ်းဆီး နေကြောင်း သိရှိရသည်။

ရွာဖျက်ဆီးခံရပြီး ရှောင်တိမ်းနေရသူ ဦးသောင်းကြည်က “မနက် ရှစ်နာရီ လောက်က ကားဆယ်စီး ကျော်လောက် ရောက်လာတယ်၊ ဆယ်ဘီးကား တစ်စီးနဲ့ စစ်သားတွေ အပြည့် ကားလေးနှစ်စီးနဲ့ ပုလိပ်အပြည့် လာကြတယ်။ တွေ့သမျှ လူတွေ လိုက်ဖမ်းနေပါတယ်၊ တောထဲကို ၀င်ပြီး တောနင်း ရှာနေကြတယ် ခုထိ ဆက်ဖမ်းနေပါတယ်။ အနီးအနား ရွာတွေမှာ ရှိတဲ့ မြန်မာ အလုပ်သမားတွေကိုလည်း ရှာဖမ်း နေပါတယ်။”ဟု မျက်မြင်ကို ပြောပြသည်။

မဲဆောက်မြို့  တောင်ဘက် ၄၄ကီလို အကွာတွင် ရှိသော မြန်မာ အလုပ်သမားများ (၂၀၀)ကျော်ခန့် စုပေါင်း နေထိုင်ရာ အိမ်ခြေ ၇၀ ကျော် ရှိသော ရွာအား ထိုင်းအာဏာပိုင်များက ဖျက်ဆီးခိုင်းသဖြင့် ယမန်နေ့ နေ့လည် ၁နာရီခန့်က ဖျက်ဆီး ပေးခဲ့ရသည်။

အဆိုပါရွာတွင် ထိုင်းပညာရေးအဖွဲ့ ( MOE)နှင့် HWF (Help Wouthout frontier) အဖွဲ့တို့၏ ထောက်ပံ့မှုဖြင့် တည်ဆောက်ထားသော မြန်မာစာသင်ကျောင်း တစ်ကျောင်း အပါအ၀င်၊ အိုင်အာစီ မှ ဆောက်လုပ် ပေးထားသော ကျေးလက် ဆေးပေးခန်း၊ စာကြည့်တိုက်နှင့် ရေလောင်း အိမ်သာများ၊ သောက်ရေများ စနစ်တကျ တည်ရှိသော ရွာဖြစ်သည်။ လျှပ်စစ်မီး မရှိသည်က လွဲ၍ အထူး နေချင်စဖွယ် ရွာဖြစ်ကြောင်း ကျောင်းဆရာ ဦးထိုက်သူအောင်ကပြောသည်။

“ကျနော်တို့ ဒီရွာကလေးက နေချင်စဖွယ် သပ်သပ်ရပ်ရပ် ရှိပါတယ်။ ၂၀၀၁ ခုနှစ်က စပြီး ကိုယ်ထူကိုယ်ထ ကျောင်းဖွင့်လှစ် ခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်မှာ အခုရှိတဲ့ ကျောင်းကို ထိုင်းပညာရေးအဖွဲ့ ( MOE)နဲ့ HWF (Help Without frontier) အဖွဲ့တို့က ဆောက်ပေး ပါတယ်။ ဗမာရွာလို ဖြစ်လာတယ်။ လူတွေ တဖြည်းဖြည်းနဲ့ များလာတယ်။ ဒါကြောင့် ထိုင်းအာဏာပိုင်တွေက အလိုရှိဟန် မတူဘူး။ တစ်ရွာလုံးဖျက်လိုက် ရတယ်။ ကျနော့်တပည့်တွေကို ကျနော် ဘယ်လို ပညာသင် နိုင်တော့မလဲ။ နေအိမ်တွေကို ဖျက်ပြီး စိုက်ခင်းတွေ။ တောင်ခြေတွေကို သွားကုန်ကြပြီ။ နိုင်ငံမဲ့ကလေးတွေ၊ စာလည်းမတတ်ဘူး ဆိုရင် သူတို့ အနာဂါတ် မတွေးရဲ စရာ ပဲဗျာ။ ကျနော်တို့ တတ်နိုင်သမျှ ကြိုးစား ကြည့်ပါဦးမယ်’’ ဟု ပြောသည်။

အဆိုပါ စာသင်ကျောင်းတွင် သူငယ်တန်းမှ စတုတ္ထတန်း အထိ သင်ကြားပေးသည်။ ထိုင်းဆရာမတစ်ဦး။ မြန်မာ ဆရာမတစ်ဦးနှင့် မြန်မာကျောင်းဆရာ နှစ်ဦး ရှိပြီး ကျောင်းသား ကျောင်းသူ (၁၄၆)ယောက် ရှိကြောင်း ပြောသည်။

မဲဆောက်အခြေစိုက် မြန်မာပြည်သားအဖွဲ့ ခေါင်းဆောင် ကိုမိုးကြိုးက ဘတ်မရှိတဲ့အတွက် ဥပဒေကြောင်း အရ လုပ်လို့ မရနိုင်ပေမယ့် ထိုင်းနယ်ခြားစောင့် တပ်ကို အဲဒီရွာ အနားမှာရှိတဲ့ ကရင်လူငယ်အစည်းအရုံး (KYO) အဖွဲ့နဲ့ သွားပြီးတော့ ကျနော်တို့ မေတ္တာရပ်ခံ ထားခဲ့ပါတယ်။ ရွာကလေးက တော်တော်နေဖို့ ကောင်းတယ် ဘယ်တတ်နိုင် မလဲဗျာ။ စနစ်ပေါ့ ကိုယ့်တိုင်းပြည်မှာ စားစရာမရှိ အလုပ်အကိုင်က မရှိ၊ သူတပါး တိုင်းပြည်မှာ လာပြီး ဒုက္ခရောက် ကြရတယ်။ ကျနော်တို့က မှတ်တမ်း တင်ပေးတယ်။ အကူအညီ ပေးထားတဲ့ အဖွဲ့တွေကို အကြောင်းကြား ပေးတယ်”ဟု ပြောသည်။

ထိုင်းမြန်မာ နယ်စပ် မဲဆောက်မြို့ နယ်တွင် မြန်မာ အလုပ်သမားပေါင်း တစ်သိန်းဝန်းကျင်ခန့် တပ်ခရိုင်အတွင်း မြန်မာနိုင်ငံသားပေါင်း ခြောက်သိန်းခန့် ရှိကြောင်း မဲဆောက်အခြေစိုက် မြန်မာပြည်သား အဖွဲ့က စစ်တမ်း ကောက်ယူထားကြောင်း သိရသည်။

ကိုကျော်သောင်းမှပေးပို့ပါသည်။

အလုပ်သမား ပတ်စပို့လုပ်မည်ဟု လုပ်ငန်းရှင်ကခေါ်ယူစည်းဝေး အလုပ်သမားများစိုးရိမ်

ဇန်နဝါရီ ၁၄

ထိုင်းနိုင်ငံ တောင်ပိုင်း ဆုံခါမြို့ နယ်၊ ဟတ်ယိုင်မြို့  ထုံလုံရပ်ကွက်နှင့် စူစပ် ရပ်ကွက်အကြားတွင် တည်ရှိသော လက်အိပ် စက်ရုံ (Siam-Sempermed) လက်အိပ်စက်ရုံတို့တွင် လုပ်ငန်းရှင်က တရားဝင် အလုပ်သမား ပတ်စပို့ လုပ်ရန် ပြောကြားသဖြင့် မြန်မာ ရွေ့ ပြောင်း အလုပ်သမားများ စိုးရိမ်နေကြကြောင်းသိရသည်။

( စရံ ) လက်အိပ်စက်ရုံမှ အလုပ်သမ မအေး က“ကျမတို့ ဒီအလုပ်ရုံမှာ အယင်နှစ်က အလုပ်သမား ဘတ်လုပ်ခ ဆိုပြီး ဘတ်ငွေ (၆၀၀၀)ပေးပြီး နေထိုင်ခဲ့ရတယ်၊ ၀င်ဝင်ခြင်း (၂၀၀၀)ပေးရတယ်။ တစ်လကို (၁၀၀၀)စီ ဖြတ်ခဲ့ ပါတယ်။ ခုနှစ်ကုန်တော့ မနေ့က အစည်းအဝေးခေါ်တယ်၊ နယ်စပ်ကိုသွားပြီး ပတ်စပို့လုပ်ရမယ်လို့ ပြောပါတယ်၊ တစ်ယောက်ကို ဘတ် (၈၅၀၀) ဖြတ်မယ်လို့ ပြောပါတယ်၊ အမည်ရင်း၊ နေရပ်လိပ်စာ အပြည့် အစုံပေးရမယ် လို့ပြောပါတယ်၊ ကျမတို့က ထိုင်းမှာ ဘတ်လုပ်ထားတာ အမည်လည်း ပေးချင်သလို ပေးထားတယ်၊ အသက်လည်း အမှန်မဟုတ်ဘူး၊ ဗမာပြည်မှာ ဂွက်ထော် က ဒီမှာ မေသူအောင် ဖြစ်ချင် ဖြစ်နေတယ်၊ ပြီးတော့ နာမည်အမှန် နေရပ်လိပ်စာ အမှန်ကို ပေးရမယ်ဆိုရင် ကျမတို့ နောက်ကြောင်း စိတ် ချရပါ့မလား၊ ရွာမှာသွားပြီး အခွန်ကောက်မလား အမျိုးမျိုး စဉ်းစားနေကြတယ်၊ ဆက်ပြီး လုပ်နေကြမလား၊ အလုပ်ပဲ ပြောင်းမလား နေရပ်ကို ပြန်ရင် ကောင်းမလား မသိတော့ပါဘူး။ ၂၀ ရက်နေ့ ငွေထုတ်ရင် ဘတ် ၂၈၀၀ ဖြတ်မယ် ပြောပါတယ်။ မလုပ်ရင်လည်း အလုပ်က ထွက်ရမယ်လို့ ပြောပါတယ်”ဟု ပြောသည်။

ရုံချင်းကပ်လျှက် အလုပ်ရုံဖြစ်သော (Aimberly-clkrk) စက်စကင်း လက်အိပ်စက်ရုံမှ အလုပ်သမား ကိုကျော်သန်း က “ကျနော်တို့စက်ရုံကို ၀င်ဝင်ချင်း ဘတ်(၂၅၀၀) ပေးရပါတယ်။ တစ်လကို (၁၀၀၀)ဖြတ်ပါတယ်၊ မနေ့က အစည်းအဝေးမှာ မန်နေဂျာ က ပြောပါတယ်၊ ကော့သောင်း၊ မဲဆောက်၊တာချီလိတ် တို့ကို တစ်သုတ်ကို အလုပ်သမား(၁၀၀)စီ ပို့မယ်လို့ ပြောပါတယ်၊ ကျနော်တို့တော့ အခက် တွေ့နေရ ပါတယ်၊ ကျနော်တို့က ရခိုင်ကလာတာ၊ ကျနော်တို့ သန်းခေါင် စာရင်းကို အချိန်တို အတွင်းဘယ်လိုမှ မရနိုင်ပါဘူး၊ လနဲ့ချီ စောင့်လို့ စောင့်တာတောင် ရပါမလား၊ စောင့်နေတဲ့အခါ ဘာနဲ့ စားမလဲ၊ ဘယ်မှာ တည်းမလဲ၊ အလုပ်လည်း မလုပ်ရ ဒုက္ခတော့ တွေ့တော့မှာပဲဗျာ”ဟု ပြောသည်။

အဆိုပါ အလုပ်ရုံများမှာ စင်္ကာပူ၊ မလေးရှားနှင့် ထိုင်းလူမျိုး လုပ်ငန်းရှင်များ ပိုင်ဆိုင်ကြောင်း အလုပ်သမားများ ကပြောသည်။

ထိုင်း မြန်မာနယ်စပ် မဲဆောက် အခြေစိုက် မြန်မာပြည်သားအဖွဲ့ မှ ကိုမိုးကြိုးက “ထိုင်းမှာ အလုပ်လာလုပ်တဲ့ အလုပ်သမားတွေဟာ အမည်တစ်ခြား၊ အသက်တစ်ခြား ပေးထားပြီး သူများဘ၀ထဲ ၀င်နေကြသူတွေပါ၊ နယ်စပ်မှာ ပတ်စပို့လာလုပ်ရင် ထိုင်းမှာ ပေးထားတဲ့ အမည်က တစ်မျိုး အသက်က မမှန်၊ ဆိုတော့ ဗမာ အာဏာပိုင် တွေက သိတဲ့အတိုင်းပဲ ရစ်တော့မှာ၊ မြ၀တီမှာ ပတ်စပို့လာလုပ်တာ ၂၀၀၈ အောက်တိုဘာလက တည်းကပါ၊ လူရာဂဏန်းလောက် လုပ်တယ်လို့ ကြားရပါတယ်၊ မဲဆောက်မှာ မြန်မာ အလုပ်သမား သိန်းချီရှိတာ ဒီလောက်ပဲ လုပ်တယ်။

ရနောင်းဘက်မှာ သိတော့ သိတယ် လုပ်တဲ့ လူတွေ မရှိဘူးလို့ ကျနော်တို့ စုံစမ်းလို့ သိရတယ်၊ တာချီလိတ် ဘက်မှာ စိတ်လည်း မ၀င်စားဘူးလို့ သိရပါတယ်။ ဗမာ အလုပ်သမားတွေက နောက်ကြောင်း စုံစမ်းမှာ မလို ချင်ကြဘူး၊ နေရပ်က မိသားစုတွေဆီမှာ အခွန်မကောက်ဘူးလို့ ဘယ်သူ ပြောနိုင်မလဲ ဘာမှ စိတ်မချ ရဘူး”ဟု ပြောသည်။

ထိုင်းအစိုးရနှင့် မြန်မာအစိုးရတို့ နှစ်နိုင်ငံ သဘောတူညီချက်အရ တရားဝင် အလုပ်သမား ငှားရမ်းရေး အစီ အမံများ စီစဉ်ခဲ့သည်မှာ နှစ်အတန် ကြာခဲ့သော်လည်း ယခုထိ အကောင်အထည် ပေါ်ခြင်း မရှိသေးချေ။ ပထမတွင် မြန်မာအစိုးရက ဘတ်ငွေ(၂၀၀၀)စီ သတ်မှတ်ခဲ့သော်လည်း နာက်ဆုံးတွင် ဘတ်(၅၀၀)သို့ လျှော့ ချခဲ့သည်။

ထိုင်းအစိုးရဘက်က အလုပ်သမား ဘတ်လုပ်သကဲ့သို ဘတ်ငွေ(၃၈၀၀)နှင့် အခြေခံလစာ သတ်မှတ်ချက် ဘတ်(၆၀၀၀)မှ လစဉ်ဝင်ငွေခွန် ဆယ်ရာခိုင်နှုန်း ပေးသွင်းရမည် ဖြစ်သဖြင့် တစ်လကို (၆၀၀)ဘတ် ၊ တစ်နှစ် အတွက် (၇၂၀၀) အပြင် ဗီဇာကြေး ဘတ်(၂၀၀၀) ဖြစ်၍ အလုပ်သမား တစ်ယောက်အတွက် တစ်နှစ် အတွက် ဘတ်ငွေ (၁၃၀၀၀) ဖြစ်နေသဖြင့် အလုပ်သမားများ ကုန်ကျမည့် ငွေပမာဏမှာ များလွန်း နေကြောင်း အလုပ် သမားအရေး ဆောင်ရွက်နေသော အဖွဲ့အစည်းများက သုံးသပ်နေကြသည်။ ထိုင်းနိုင်ငံ၏ စာရင်းဇယား အားလုံး တို့မှာ ကွန်ပြူတာ စနစ်ဖြစ်သော်လည်း၊ မြန်မာနိုင်ငံ၏ စာရင်းဇယားများမှာ မူ စာရွက် စာတမ်း စနစ်သာ ရှိသေးသဖြင့် နှစ်နိုင်ငံ အလုပ်သမား ပတ်စပို့ လုပ်ကိုင်ရေးကိစ္စမှာ လွယ်ကူချောမွေ့စွာ ဖြစ်နိုင်ဘွယ် မရှိကြောင်း အလုပ်သမား အရေး ကျွမ်းကျင်သူများက ပြောဆိုနေကြသည်။

ထိုင်နိုင်ငံတွင် မြန်မာ အလုပ်သမားများ ကိုင်ဆောင်ထားသော အလုပ်လုပ်ကိုင်ခွင့် (ဘတ်)ကို ၂၀၀၉ ခုနှစ် အထိ သက်တမ်းတိုး ပေးဦးမည် ဖြစ်သော်လည်း ၂၀၁၀ ပြည့်လွန် နှစ်များတွင် တရားဝင် ဗီဇာ ရှိသူ များကိုသာ နေထိုင် အလုပ်လုပ်ကိုင်ခွင့် ပြုတော့မည် ဖြစ်ကြောင်း ထိုင်းအစိုးရ အလုပ်သမား ၀န်ကြီးဌာနမှ ထုတ်ပြန် ကြေညာ ထားသည်။

ကိုကျော်သောင်းမှပေးပို့ပါသည်။

သတင်းပဒေသာ

ပူတာအိုထောင်က ကိုအောင်သူ
ကျန်းမာရေးမကောင်း

NEJ/ ၁၅ ဇန်န၀ါရီ ၂၀၀၉ မြန်မာပြည်မြောက်ဖျား၊ ပူတာအို အကျဉ်းထောင်တွင် ထောင်ဒဏ် (၆၅)နှစ် ချမှတ်ခံထားရသည့် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တဦးဖြစ်သူ ကိုအောင်သူ၏ ခြေထောက်မှာ သေးလိုက်လာပြီး အစာ မျိုချ ..အပြည့်အစုံသို့
ဆန္ဒပြ အန်အယ်လ်ဒီလူငယ် (၆) ဦး ပြန်လွတ်
(၃) ဦးကို ဆက်လက်ဖမ်းဆီးထားဆဲ

မင်းနိုင်သူ/ ၁၅ ဇန်န၀ါရီ ၂၀၀၉ ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရေးတောင်းဆို ဆန္ဒပြခဲ့ခြင်းကြောင့် အာဏာပိုင်များ၏ ဖမ်းဆီး ထိန်းသိမ်း ခြင်းခံခဲ့ရသော အန်အယ်လ်ဒီလူငယ် (၉) ဦး အနက် (၆) ဦး ယမန်နေ့က ပြန်လည်လွတ်မြောက်လာပြီး (၃)ဦးကို ဆက်လက်ဖမ်းဆီး ထားဆဲဖြစ်ကြောင်း အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဝင်းနိုင်က ...အပြည့်အစုံသို့

ဦးဝင်းတင်ပြောစကား မှားယွင်းသတင်းရေးမိကြောင်း
ရန်ကုန် ဒီပီအေသတင်းထောက်ဝန်ခံ

မင်းနိုင်သူ / ၁၄ ဇန်န၀ါရီ ၂၀၀၉

အန်အယ်လ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်အား အင်တာဗျူးပြီး ရေးသားခဲ့သည်ဆိုသော ဒီပီအေသတင်းပါ သတင်းရေးသားချက်များ မှန်ကန်မှုမရှိကြောင်း ဦးဝင်းတင်က မြန်မာနိုင်ငံ နိုင်ငံခြား သတင်းထောက်များအသင်းသို့ တိုင်ကြားခဲ့သည်။ အဆိုပါအမှုကို ဇန်န၀ါရီ (၈) ရက်တွင် ယင်းအသင်းရုံး၌ ရန်ကုန် ဒီပီအေသတင်းထောက်ကို စုံစမ်းမေးမြန်းမှုများ ပြုလုပ်ခဲ့ရာ မှားယွင်းသတင်း ရေးမိကြောင်း သတင်းထောက် ကိုကို (စက်မှုတက္ကသိုလ်) က ၀န်ခံသွားသည်။..အပြည့်အစုံသို့


မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး (အင်တာဗျူး)

(အတိုက်အခံရှေ့နေနှင့် အင်တာဗျူး) မြန်မာနိုင်ငံတွင် ယုံကြည်ချက်ကြောင့် နှစ်တို-နှစ်ရှည်အကျဉ်းကျခံနေရသူပေါင်း (၂,၀၀၀) ကျော်ရှိသည်ဟု နိုင်ငံရေးအကျဉ်း သားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) က ထုတ်ပြန်ထားသည်။ မြန်မာစစ်အစိုးရက ၎င်းတို့နှင့် ယုံကြည်ချက်မတူညီ၊...

ပြန်ပို့ခံရသည့် မြန်မာ ၄ ဦး ကော့သောင်းရဲ ဖမ်း

ထိုင်း အာဏာ ပိုင်များက မကြာ သေးခင်က ဖမ်းဆီး၍ မြန်မာ နိုင်ငံဘက်သို့ ပြန်ပို့ လိုက်သည့် ထိုင်းနိုင်ငံ တောင်ပိုင်း ရနောင်းမြို့မှ ကျောင်းဆရာနှင့် မိသားစုဝင် ၃ ဦးကို မြန်မာ အာဏာ

ကျောက်စိမ်း ဈေးကွက် တရုတ်ဘက် ရွေ့ပြီလား

တရုတ်ပြည် ယူနန် ပြည်နယ်ရှိ ရင်ကျန်း မြို့တွင် တရုတ် အာဏာပိုင်က ပထမဆုံး ဦးစီး ကျင်းပသည့် ကျောက်စိမ်း ပြပွဲတွင် မြန်မာ ကျောက်စိမ်း ကုန်သည်များ သွားရောက် ရောင်းချ

ထိုင်းက မြန်မာ့အရေး ပိုမိုလုပ်ဆောင်မည်

ထိုင်း ဝန်ကြီးချုပ်သစ် အဖိဆစ် ဝေ့ချာချီဝက မြန်မာပြည် အကြပ် အတည်းသည် ဒေသတွင်း နိုင်ငံများကို ထိခိုက် သောကြောင့် ၎င်း၏ အစိုးရက မြန်မာပြည် အရေးကို ယခင်ကထက်

မြန်မာ့ ရွှေဈေးကွက် အေးစက်

မြန်မာ့ ရွှေဈေးကွက် အေးစက်

မြန်မာ နိုင်ငံတွင် ရွှေဈေးနှုန်းများ ဆက်တိုက် ကျဆင်းနေ သော်လည်း ၀ယ်လက် မရှိသောကြောင့် အရောင်း ဈေးကွက် အေးနေကြောင်း သိရသည်။ ရွှေဈေးကွက်တွင် ယခုလ
သက်တမ်းရှည်ပဋိပက္ခ (အပိုင်း ၂)
အောင်သာငယ်
ဇန်န၀ါရီ ၁၆၊ ၂၀၀၉

ပထမ အာရပ်-အစ္စရေးစစ်ပွဲ (၁၉၄၈)

ဒီစစ်ပွဲဟာ အာရပ်ပြည်နဲ့ ဂျူးပြည် ၂ ခု အတူတွဲ ရှိရမယ် ဆိုတဲ့ ကုလသမဂ္ဂ အဖွဲ့ကြီးက အတည်ပြု လိုက်တဲ့ အထွေထွေ ညီလာခံ ဆုံးဖြတ်ချက် အမှတ်(၁၈၁) ကို အာရပ်ကမ္ဘာက ငြင်းပယ်ခဲ့တာကနေ စတင်ခဲ့တာပါပဲ။

ဒီအခါမှာ အစ္စရေး ၀န်ကြီးချုပ် ဒေးဗစ်ဘန်ဂူရီယမ်က အစ္စရေးနိုင်ငံဟာ ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးခွင့် ရှိတဲ့ လွတ်လပ်သော အချုပ်အခြာ အာဏာပိုင် နိုင်ငံ ဖြစ်ကြောင်း မေလ ၁၄ ရက်မှာ ကြေညာပြီး တုန့်ပြန်ခဲ့ပါတယ်။ ဒီနောက်မှာတော့ အာရပ်နိုင်ငံတွေက အစ္စရေးကို စတင် ၀င်ရောက် တိုက်ခိုက်ရာကနေ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲပါ။

အချိန်ကာလ ရှည်ကြာစွာ ဖြစ်ပွားနေတဲ့ အာရပ်-အစ္စရေးပဋိပက္ခ တလျှောက် ဖြစ်ပွားခဲ့သမျှ စစ်ပွဲတွေ အားလုံးရဲ့ ပထမဆုံးသော စစ်ပွဲလည်း ဖြစ်ပါတယ်။ အစ္စရေးကတော့ လွတ်မြောက်ရေး စစ်ပွဲလို့ အမည်ပေးခဲ့ပါတယ်။

အျပည့္အစုံသိုႛ ...
Burmese Journal Digest - 15th Jan 2009
သောင်းပြောင်းထွေလာ - မဂ္ဂဇင်းဂျာနယ် အညွန်း

#fullpost {display:none;}

ပြည်တွင်းက ဖတ်မိသမျှ ဂျာနယ် အပိုင်းအစ

ဂျာနယ်ဂြိုလ် သာဂိ

ဇန္န၀ၝရီ ၁၅၊ ၂၀၀၉

ထက်ထက်ဦးဝေ ငွေပေးမည်ဟု စည်းရုံးထားလို့ လူငယ်များက စတန့်ထွင်လမ်းလျောက်။ ၂၀၀၈ ၂၀၀၉ ဘဏ္ဍာရေးနှစ်တွင် ဆန်တန်ချိန် ၁ သိန်း ခွဲ ပို့မည်။ ပျဉ်းမနားမြို့မဈေးကို ဖျက်ပြီး နေပြည်တော်တွင် ဆိုင် ၁ ခန်း သိန်း ၁၀၀ တန် ပေးရမည့် ရှော့ပင့်းမောကြီး ဆောက်မည်။

၅ နှစ်အောက် ကလေး ၇ သန်း ကျော် ပိုလီယိုဆေး တိုက်ပေးပြီး။ ပြည့်တန်ဆာအမှုများကို မန္တလေးရဲအဖွဲ့က အရေးယူမည်၊ တိုင်ကြားပါ။ နေပြည်တော် ယာဉ်တိုက်မှုကင်းစင်မြို့တော် ဖြစ်ရမည်။ မြန်မာပြည်က မှတ်ပုံတင်ယာဉ်များတွင် ၈၀ ရာခိုင်နှုန်းသည် ဆိုက်ကယ်၊ မုံရွာတမြို့တည်းမှာ ဆိုင်ကယ် ၁၆ သိန်းဖြင့် အများဆုံးဖြစ်ကြောင်း။

ရန်ကုန်တိုင်း ဧက ၈ ထောင်ကျော်ကို ပြည်ပနိုင်ငံက လယ်ယာလုပ်ကိုင်မည်။ ၆၀ ကျော်မှ နိုင်ငံကူးလက်မှတ်လိုသူများ အိမ်တိုင်ရာရောက် လုပ်ပေးမည်။ အိမ်တိုင်ရာရောက် မိတ်ကပ်လိမ်း၊ အလှပြင်နှင့် ဆံပင်ညှပ်လုပ်ငန်းများ ရှိနေပြီ၊ အနည်းဆုံး ကျပ် ၁ သိန်းနှင့် အထက်။

ကြေးချောင်းနှင့် ရုပ်သံလိုင်း ဖမ်းကြည့်နိုင်ပြီ။ လှိုင်သာယာ စက်မှုဇုန်တွင် ၁ နေ့ ၉ နာရီ မီးပေးဝေ။ ဖတ်ပါ့။

Two Senior Wrtiers and thier independence according to Voice Journal
မဵက်မှောက်ရေးရာ - ဓာတ်ပုံသတင်း

#fullpost {display:none;}

ဗွိုက်စ် ဂျာနယ် ကပြောတဲ့ လွတ်လပ်ရေးနေ့ ဆရာကြီးများအမြင်
မိုးမခ ဓာတ်ပုံသတင်း

ဇန်န၀ါရီ ၁၅၊ ၂၀၀၉

ဆရာပါရဂူက ဘေးအိမ်က ခွေးမအော်သံကြောင့် သူ့လွတ်လပ်ရေး ထိခိုက်ရကြောင်း ပြောသလို၊ ဆရာမောင်စူးစမ်းကလည်း ယနေ့ခေတ်မှာ လွတ်လပ်ရေးဆုံးရှုံးတယ် ဆိုတာ မရှိတော့ဘူးလို့ ထုတ်ဖော်လိုက်ပါတယ်။ ရည်ညွှန်း - ဗွိုက်စ် ဂျာနယ်

checkFull("post-" + "25426754212688585");
အျပည့္အစုံသိုႛ ...
Decades-Long conflict (1)
မဵက်မှောက်ရေးရာ - သတင်းဆောင်းပၝး
သက်တမ်းရှည်ပဋိပက္ခ (အပိုင်း ၁)
အောင်သာငယ်
ဇန်န၀ါရီ ၁၅၊ ၂၀၀၉

နိဒါန်း

ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ၊ အာရပ်-အစ္စရေး ပဋိပက္ခဟာ ရာစုနှစ်ပေါင်းများစွာ တောက်လောင်နေခဲ့တဲ့ မီးပုံတခုပါပဲ။ ယခု လက်ရှိ ခေတ်ကာလမှာလည်း ဒီမီးပုံကြီးဟာ ငြိမ်းမလိုလိုနဲ့ ပြန်လည် ကြီးထွားလာတာကို စိတ် မချမ်းမြေ့စရာ မြင်တွေ့ ကြားသိနေရပါတယ်။ ကိုယ်နဲ့ အဝေးကြီးလို့ ပြောလို့ ရပေမယ့် အနည်းဆုံး အဆင့် ကတော့ တီဗွီ မျက်နှာပြင်ပေါ်မှာ တောက်လောင်နေတဲ့ မီးတွေကို တွေ့မြင်ရတိုင်း ကိုယ့်ကိုလည်း အပူတွေ လာဟပ်တာပါပဲ။ ကမ္ဘာ့ အဝေးဆုံး ထောင့်ကြားမှာ နေခဲ့ရင်တောင် တီဗွီ ဖွင့်ကြည့်မိရင် အပူတွေ ဟပ်တယ်။

အျပည့္အစုံသိုႛ ...
a letter on the coming school
လူမှုရှုခင်း - ဆောင်းပၝးစုံ
ဝမ်းမြောက်ကြည်သာ သာဓု စာ
အရှင်ဉာဏိက
ဇန်န၀ါရီ ၁၅၊ ၂၀၀၉

လက်ရှိသင်ကြားနေသော ကျောင်းဆောင်လေး

ဒကာကြီး (ကိုယ့်အဖေ) အလွန်ဆန္ဒရှိနေတဲ့ ရွာအလယ်တန်း ကျောင်းဆောင်လေး ဆောက်လုပ်ရေးနဲ့ ပတ်သက်ပြီး ‘အဖေပေးတဲ့ အားဆေးတခွက်’ ခေါင်းစဉ်နဲ့ ဆောင်းပါးလေးတပုဒ် ရေးဖြစ်ခဲ့တယ်။ ရေးလိုက်တုန်းကတော့ ဘာရယ်လို့ မဟုတ်ဘူး။ ကိုယ့်စိတ်ထဲ ရေးလိုစိတ်ပေါက်လို့ ရေးဖြစ်လိုက်တာ။ ဦးတည်ချက်လည်း ကြီးကြီးမားမား မရှိဘူး။ ပြောရလျင် အများတကာ ဖတ်ဖို့အထိတောင် ရည်ရွယ်ပြီး ရေးခဲ့တာ မဟုတ်ဘူး။ စိတ်လိုလက်ရရှိတဲ့အခါများမှာ ရေးလေ့ရှိတဲ့ နေ့စဉ်မှတ်တမ်းရဲ့ အစိတ်အပိုင်းတခုအနေနဲ့ ရေးလိုက်တာ။

အျပည့္အစုံသိုႛ ...

- ဒေါက်တာစိန်ဝင်း စင်ပြိုင်အစိုးရ သက်တမ်းမရှိတော့ဟု ဒေါ်စန်းစန်းပြော click
- ယခုနှစ် ဘွဲ့တံဆိပ်တော်လျှောက်သည့် သံဃာနည်းပါး၊ ဓမ္မကထိက ဆရာတော်များအား စစ်အစိုးရက လိမ် လျှောက်ခိုင်း click
- ပူတာအိုထောင်က ကိုအောင်သူ ကျန်းမာရေးမကောင်း click
- ဆန္ဒပြ အန်အယ်လ်ဒီလူငယ် ၆ ဦး ပြန်လွတ်၊ ၃ ဦးကို ဆက်လက်ဖမ်းဆီးထားဆဲ click
- ဓာတ်တိုင်စိုက်ရန် တအိမ်ထောင် ကျပ် ၅,၀၀၀ အဓမ္မကောက် click
- အအေးလှိုင်း ရိုက်ခတ်ဖွယ်ရှိ click
- ဆန္ဒပြ အန်အယ်ဒီလူငယ် ၆ ဦး ပြန်လွတ်လာ click
- မြန်မာပြည်ပြောင်းလဲရန် အချိန်တန်ပြီဟု ထိုင်းဝန်ကြီးချုပ် ပြောကြား click
- ကျောင်းသား ထောင်ဒဏ် ၁၀၄ နှစ် click
- ဆိုင်းဘုတ်များနှင့် တို့တိုင်းဌာနေ (ဆောင်းပါး) click
- ရဲဘက်စခန်းများတွင် နိုင်ငံရေးအကျဉ်းသားများ ကျန်းမာရေး စိုးရိမ်နေရ click
- ကျောက်စိမ်းဈေးကွက် တရုတ်ဘက် ရွေ့ပြီလား click
- ထိုင်းက မြန်မာ့အရေး ပိုမိုလုပ်ဆောင်မည် click
- မြန်မာ့ရွှေဈေးကွက် အေးစက် click
- ပြန်ပို့ခံရသည့် မြန်မာ ၄ ဦး ကော့သောင်းရဲ ဖမ်း click
- သတင်းသမားများနှင့် ၂၀၀၈ (အထူးဆောင်းပါး) click
- မြန်မာစစ်အစိုးရကို လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ အပြင်းအထန် ဝေဖန် click
- ရဲဘက်စခန်း အပို့ခံရသည့် နိုင်ငံရေးအကျဉ်းသား ကျန်းမာရေး စိုးရိမ်ရ click
- ပြည်ခိုင်ဖြိုးအသင်းဝင် လယ်သမားတွေကို ဦးစားပေးငွေချေး click
- ဒေါ်အောင်ဆန်းစုကြည်လွတ်ရေး ဆန္ဒပြလို့ အဖမ်းခံရသူ လူငယ် ၉ ဦးထဲက ၆ ဦး ပြန်လွတ် click
- ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်မှ လွတ်သင့်ပြီဟု ရှေ့နေပြော click
- ဒီမိုကရေစီအသွင်ကူးပြောင်းရေး ကြေညာချက်တခု ရန်ကုန်၌ ပျံ့နှံ့နေ click
- ရေနံတွင်းမီးလောင်မှု အဖမ်းခံရသူတွေထဲမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ တူ ပါဝင် click
- စားသောက်ကုန်ဈေးနှုန်း ကျဆင်းပေမယ့် ပြည်သူတွေ မ၀ယ်နိုင် click
- ဦးသန်းရွှေ ပြန်ပြီးနောက် ဇလွန် မယက အဖြုတ်ခံရ၊ ခယက နယ်ပြောင်းခံရ click
- နှစ်သစ်ဦးနဲ့အတူ (အမှတ်တရများ) click
- မဖြစ်မနေ ငွေပေးဆောင်ရမှုကြောင့် ပြည်သူများ အခက်တွေ့ click
- အပစ်အခတ်ရပ်စဲရေး ပုံစံအသစ်လော၊ အပစ်ရပ်အဖွဲ့အစည်းတို့၏ နိဂုံးလော (မွန်သတင်းအေဂျင်စီ အယ်ဒီ တာ့အာဘော်) click