2.28.2010

သင်ရိုးညွှန်းတမ်း ထိမ်းညှိရေးဆိုင်ရာ အစည်းအဝေး ပြုလုပ်

သင်ရိုးညွှန်းတမ်း ထိမ်းညှိရေးဆိုင်ရာ အစည်းအဝေး ပြုလုပ်

၂၇ ၊ ဖေဖေါ်ဝါရီ၊ ၂၀၁၀။
MMWEC (Burmese Migrant worker Education Committee) ၏ Migrant Curriculum Team (MCT) နှင့် Burmese Migrant Teacher’s Association တို့ ပူးပေါင်း၍ သင်ရိုးညွှန်းတမ်း ထိမ်းညှိရေး ဆိုင်ရာ အစည်းအဝေးကို  Children Development Center (CDC) တွင် ယနေ့ နံနက် ၁၀နာရီက ကျင်းပပြုလုပ်ခဲ့ပါသည်။
ထိုအစည်းအဝေးသို့ မဲဆောက် တပ်ခ် ခရိုင်ရှိ မိုက်ဂရန့်ကျောင်း ၃၃ ကျောင်းမှ ကျောင်း ဒါရိုက်တာများ တာဝန်ခံများ ကျောင်းအုပ်များ တက်ရောက်ကြပြီး၊ BMWEC , MCT နှင့် BMTA တို့မှ တာဝန်ရှိသူများနှင့် World Education မှ Mr.Antos (Saya Gerg) တို့ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် BMTA ဥက္ကဌနှင့် MCT ၏ အဖွဲ့ခေါင်းဆောင် ဆရာမန်းရွှေနှင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး MCT ၏ Coordinator Naw Sweet မှ MCT ၏ ရည်မှန်းချက် လုပ်ဆောင်နေမှုများနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် ကိစ္စများကို ရှင်း လင်း တင်ပြသွားခဲ့ သလို BMWEC ၏ အလုပ်အမှုဆောင် အဖွဲ့ဝင် ဆရာကျော်ဝင်းအောင်မှ BMWEC ၏ သဘောထား အမြင်များကို တင်ပြသွားခဲ့ပါသည်။
ထို့နောက် ကျောင်းအသီးသီးမှ ကျောင်းတာဝန်ခံများက သူတို့၏ သဘောထား အမြင်များကို ထုတ်ဖေါ်ဆွေးနွေးကြပြီး မနှစ်က နွေရာသီကျောင်းပိတ်ရက်တွင် TTBT မှ Dr သိန်းလွင်၏ အကူအညီဖြင့် ရေးဆွဲခဲ့ကြသော အခြေခံ သင်ရိုးညွှန်းတမ်း၏ သင်ရိုးမာတိကာများနှင့် ပါတ်သက်ပြီး ဖြည့်စွက် အကြံပြုခဲ့ကြပါသည်။
ထိုနောက် လာမည့် မတ်လ ၁၃ရက်နေ့တွင် ပြုလုပ်မည့် English နှင့် Biology Subject အတွက် သင်ရိုးညွှန်းတမ်းညှိနှိုင်းရေး အစည်းအဝေးနှင့် လာမည့် မေလ ၃ရက်နေ့မှ ရ၇က်နေ့အထိ ဆရာမ Rose ( Ph.D. Candidate in Education at Connerl University .USA) မှ ဦးဆောင်ဆွေးနွေးမည့် သမိုင်းသင်ကြားရေးဆိုင်ရာ သင်တန်းသို့ တက်ရောက်နိုင်မည့် ဆရာ ဆရာမများစာရင်းကို ကျောင်းတာဝန်ခံများက ပေးအပ်ခဲ့ ကြပါသည်။
World Education မှ တာဝန်ရှိသူ တဥိးဖြစ်သူ Saya Gerg မှ ဆရာဆရာမများအား ဂုဏ်ပြု ချီးကျူးစကား နှင့် နိဂုံးချုပ် အမှာ စကားကို ပြောကြားပေးခဲ့ပြီး နေ့လည် ၂နာရီတွင် အစည်းအဝေးတက်ရောက် လာသူအားလုံး လက်တွဲ၍ We are here because you are here အမည်ရှိ သီချင်းကို သီဆိုရင်း အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။
Migrant Curriculum Team တွင် BMWEC မှ တာဝန်ပေးထားသော ကျောင်း အသီးသီးမှ ဆရာ၊ဆရာမများနှင့် ဘာသာရပ်ဆိုင်ရာ တာဝန်ခံ ဆရာ ၊ ဆရာမများဖြင့် ဖွဲစည်းထားပြီး၊ အဓိက တာဝန်များမှာ မိုက်ဂရန့်နယ်မြေရှိ သင်ရိုးညွှန်းတမ်းများ စံချိန်ကိုက် တပြေးညီ အဆင့်အတန်း မြင့်လာစေရန် ထိန်းညှိဆောင်ရွက်ပေးရန်၊ WE မှ ရေးဆွဲပေးထားသော ၁တန်းမှ ၆တန်းအထိ သင်ရိုးညွှန်းတမ်း၏ အားနည်းချက် အားသာချက်များကို လေ့လာ၍ ပြန်လည် တင်ပြပေးရန်၊ ရွှေ့ပြောင်း ဒေသ ကျောင်းများအတွက် သမိုင်းဘာသာရပ် သင်ရိုးကို ပြုစုပေးရန်နှင့် သမိုင်း သင်ကြားမှု ဆိုင်ရာ နည်းစနစ်များကို ကျွမ်းကျင် ပညာရှင်များ အကူအညီဖြင့် လေ့ကျင့် သင်ကြား ပေးရန်တို့ ဖြစ်ပါသည်။
ထိုလုပ်ဆောင်မှုအတွက် World Education မှ ကူညီပုံပိုးပေးပါသည်။
bmta05.wordpress.com မှ

မြန်မာ့သတင်း ကမ္ဘာ့သတင်း

Rescue workers pull out of the rubble an earthquake survivor in Concepcion, southern Chile, Saturday, Feb. 27, 2010-AP

ချီလီနိုင်ငံမှာ ပြင်းထန်တဲ့ ငလျင် လှုပ်ခတ်ခဲ့လို့ ကြီးမားတဲ့ အပျက်အဆီးတွေ ကြုံခဲ့ရပြီး နောက်တရက်ဖြစ်တဲ့ ဒီကနေ့မှာတော့ အသက်မသေ ရှင်ကျန်ရစ်သူတွေကို ရှာဖွေတဲ့ လုပ်ငန်းတွေကို အရေးပေါ် ကယ်ဆယ်ရေး လုပ်သားတွေက လုပ်ဆောင်နေကြပါတယ်။
A resident removes the rubble of a destroyed house in Talca, Chile, 27 Feb. 2010-AP
A Thai Explosive Ordinance Disposal officer inspects a branch of the Bangkok Bank in Bangkok on Saturday Feb 27. 2010-AP

ယာယီနိုင်ငံကူးလက်မှတ်လုပ်သူများကို မဖမ်းဟု ပြည်ထဲရေးဝန်ကြီး ပြော

မြန်မာ စစ်အစိုးရ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးသည် ယနေ့ နေ့လယ်ပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက် မြို့အနီးရှိ မဟာချိုင်ဒေသသို့ လာရောက်၍ ယာယီနိုင်ငံကူး လက်မှတ်(ပတ်စ်ပို့)ပြုလုပ်သည့် အလုပ်သမားများကို ဖမ်းဆီးမှုမပြုလုပ်ကြောင်း

ဦးတင်ဦး၏ စိတ်ဒဏ်ရာ ဒဏ်ချက်များ

ဦးတင်ဦး၏ စိတ်ဒဏ်ရာ ဒဏ်ချက်များ မကြာသေးခင်က စစ်အစိုးရ၏ နေအိမ်အကျယ်ချုပ် ချထားရာမှ ပြန်လည် လွတ်မြောက် လာသည့် အသက် (၈၃) နှစ်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒု ဥက္ကဌ ဦးတင်ဦး၏ နိုင်ငံရေး အတွေ့အကြုံများ၊ အနာဂတ် အမြော် အမြင်များ၊
ဆက်ဖတ်ရန် ...
ငါးထောင်တန် ငွေစက္ကူ သုံးစွဲရခြင်းကို လာဘ်မကောင်းဟု ယူဆနေကြ
မိုးမခ အထောက်တော်၊ ရန်ကုန်
ဖေဖော်ဝါရီ ၂၈၊ ၂၀၁၀
အပြည့်အစုံသို့ ...
 

ချီလီငလျင်အလွန် မြင်ကွင်းများ
ဓာတ်ပုံသတင်း
ဖေဖော်ဝါရီ ၂၈၊ ၂၀၁၀
ယမန်နေ့က လှုပ်ခတ်ခဲ့သည့် ငလျင်ကြီးကြောင့် ဆူနာမီ လှိုင်းလုံးကြီးများ ဆိုက်ရောက်လာဖွယ်ရှိသည်ဟု တပ်လှန့်ထားသည့် ဂျပန်နိုင်ငံ မြောက်ပိုင်း Shichigahama ဒေသမှ ဒေသခံများ ယနေ့ ပင်လယ်ကို စောင့်ကြည့်နေကြပုံ။ ဆူနာမီလှိုင်းလုံးတချို့ ဂျပန်သို့ ယနေ့ ရောက်လာသော်လည်း ပျက်စီးထိခိုက်မှု မရှိဟု သိရသည်။ (ဓာတ်ပုံများ - AP)
အပြည့်အစုံသို့ ...
 

ထပ်စင်ပိုင်ဆိုင်တဲ့ပစ္စည်းတန်ဖိုး ဘတ်ငွေ ၄၆ဘီလျံကို တရားရုံးက သိမ်းယူ
Sunday, February 28, 2010 ...
အပြည့်အစုံသို့

မျှတမှုမရှိတဲ့ တရားစီရင်ချက်ကို ထပ်စင် ရင်ဆိုင်ဖြေရှင်းမယ်
Sunday, February 28, 2010 ...
အပြည့်အစုံသို့

( ဇန်နဝါရီလ ၂၈ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ်ဂျာနယ် အတွဲ(၆)၊ အမှတ် (၄)၊ အချုပ်ပို (A) မှ ဆောင်းပါးရှင် ကိုကိုလှိုင်၏ ဆောင်းပါး ဖြစ်ပါတယ်။ ဒီနေ့ နိုင်ငံရေး လှုပ်ရှားသူများ၊ ဒီမိုကရေစီ အရေး လှုပ်ရှားသူများ သိထားသင့်တဲ့ ဗိုလ်ချုပ်ရဲ့ အယူအဆ များ ပါဝင်နေလို့ မျှဝေ ပေးလိုက် ပါတယ်။ )
“အများအားဖြင့် စင်မြင့်ပေါ်တက် အသံ ကျယ်ကျယ်အော်၊ ဟိုဆဲဒီဆဲ ဆိုလျှင် နိုင်ငံရေးဟု ထင်၏။ ဤအရာမျိုးကား နိုင်ငံရေး မဟုတ်။ ဓမင်ဂေါ်ဂီ (Demagogy) ခေါ် လူပြိန်းကြိုက် လူပေါစား အလုပ်မျိုး ဖြစ်၏။
အချို့နိုင်ငံရေး သမားများနှင့် လူငယ်များသည် ဒီလိုအပေါစား အလုပ်ကိုပင် တကယ့် တကယ်ကြီး ထင်ကာ ဟစ်တလာ ယောင်ယောင်၊ မူဆိုလီနီ ယောင်ယောင်ဝါး ကြသည်ကို တွေ့ရပေ၏။ ဒီလို ဝါးကြသူများမှာ ကြာရှည် မခံတတ်။ အချိန်တန်လျှင် သူ့နဂို ပေါ်လာသဖြင့် လူအများ အထင်ကြီးသလောက် မဟုတ်၍ တိမ်မြုပ်၍ သွားကြသည်သာ များလေသည်။ အချို့ကလည်း ဤခေတ်သစ်တွင် ပေါ်လာသော ဝါဒများကို ကြားရပြီး မဟုတ် တမ်းတရမ်း ပြောလိုပြော၊ ရေးလိုရေး၊ သီချင်းစပ် လိုစပ် တွေ့ရပေသည်”

ဗိုလ်ချုပ်အောင်ဆန်း
(နိုင်ငံရေးအမျိုးမျိုး)
ခေတ်အပြောင်းအလဲ ကာလ နီးကပ်လာချိန်တွင် လွတ်လပ်ရေး မရမီက ဗိုလ်ချုပ် ပြောခဲ့သော အခြင်းအရာမျိုး ပြန်တွေ့ လာရသည်ဟု ခံစားမိပါသည်။
အင်တာနက် ဝက်ဘ်ဆိုက်များ၊ ပုံနှိပ် စာမျက်နှာများ အပေါ်တွင်တက်၍ ခွပ်ကြ၊ ထိုးကြ၊ နှက်ကြနှင့် ကြိုးဝိုင်းမဲ့ စိန်ခေါ်ပွဲ များကို တွေ့မြင်လာရသည်။ လွတ်လပ်စွာ ပြောဆိုခွင့် ရေးသားခွင့် ပိုမိုရရှိ လာမှုနှင့်အတူ ဤလှိုင်းတံပိုး မည်မျှ ပြင်းထန် ဆိုးရွား လာမည်ကို မှန်းမျှော်ကြည့်ရင်း သက်ပြင်းချမိပါသည်။
ဗုဒ္ဓဘာသာ ထွန်းကားလှပါသည် ဆိုသော မြန်မာနိုင်ငံတွင် မေတ္တာဖြင့် ယှဉ်၍ ပြောဆိုနိုင်မှု နည်းပါးလှပြီး အာဃာတနှင့် ဝီဘစ္ဆရသ၊ ရုဒ္ဒရသ လွှမ်းသော အပြောအဆိုများသာ တွင်ကျယ်နေခြင်း အပေါ် လူအများ လေးစားခြင်း ခံရသော ပညာရှင်ကြီး တစ်ဦးက မချင့်မရဲ ထောက်ပြဝေဖန် ခဲ့သည်ကိုလည်း မကြာမီက ဖတ်ရှုခဲ့ရ ပြန်ပါ၏။
နိုင်ငံသစ် ထူထောင်ဖို့အတွက် ဘယ်နေရာမှာ ဘာတွေ လိုနေသေးသည်။ ဘယ်စိန်ခေါ်မှုတွေကို ဘယ်လို စုပေါင်း ရင်ဆိုင် ကျော်လွှား ကြမည်။ တိုင်းပြည်ကောင်းစားဖို့ ဘာတွေ ဝိုင်းလုပ်ကြမည် ဆိုသော တွက်ဆ မြော်မြင် ပြောဆိုမှု များကား ကြားခဲ ရလှပါသည်။
မီဒီယာ အမျိုးမျိုး အပေါ်၌ ‘လူ’ နှင့် ‘နေရာ’တို့နှင့် စပ်လျဉ်း၍သာ နားမဆံ့အောင် ကြားနေရသည်။ အသက်အရွယ်၊ အတွေးအခေါ်၊ ရပ်တည်ချက်၊ ရည်မှန်းချက်၊ အသွေးအရောင် မတူသော ပုဂ္ဂိုလ်အမျိုးမျိုး ပေါင်းစုလှုပ်ရှား လာကြသည် ကိုလည်း သတိထားမိသည်။ ထိုသို့ အသွေးအဆင် စုံလှသော အစုအဖွဲ့တို့ မည်သို့သော ဘုံရပ်တည်ချက် ပလက်ဖောင်း ကို ရှာကြမည်နည်း။ ထိုဘုံရပ်တည်ချက် ဆိုသည်တို့မှာလည်း အမှန်တကယ် ရည်ရွယ်ရင်းလော၊ ဗိုလ်ချုပ်ပြောသည့် ‘လူပြိုင်းကြိုက်’ ကျော်အောင် ညာသည့် ကြော်ငြာများ ဖြစ်မည်လော၊ မသေချာလှသေးပါ။
အပြောမျှနှင့်ပင် အားရစရာ မရှိသေးလျှင် အပြောထက် များစွာခက်သော အလုပ်အတွက်မှာမူ ဆိုစရာပင် မရှိပါ။
အထက်ပါ “နိုင်ငံရေးအမျိုးမျိုး” သူသည့် ဆောင်းပါး၌ပင် ဗိုလ်ချုပ်အောင်ဆန်းက ပြောခဲ့ဖူးသည်။ “တိုင်းပြည် ကောင်းစား အောင် အပြောကားလွယ်၏။ အလုပ်ကား ခက်၏။ ဥပမာ- ဆင်းရဲသားတွေ လယ်မဲ့နေတယ်၊ လယ်ရအောင် လုပ်ပေးမယ် ဆိုလျှင် ပထမ ဗမာပြည်မှာ ဘယ်နှယောက် လယ်မဲ့နေတာကို သိရမည်။ ဒုတိယ သိသလောက် လူတွေကိုပေးစရာ မြေ ရှိ၊ မရှိ။ ရှိပြန်လျှင်လည်း ဘယ်လိုလုပ်၍ ဘယ်လောက်စီ ပေးဝေရမည် ကို သိရမည်။
သစ်တောထွင်း၍ မြေရအောင်လုပ်မလား။ ချစ်တီးတွေ လက်ထဲကပဲ အတင်းလုမလား လုပ်ပြီးတဲ့ ချစ်တီးတွေ မရှိလို့ လယ်သမားတွေ လယ်စိုက်ဖို့၊ ပျိုးနုတ်ဖို့ လယ်စရိတ်တွေ မရှိလျှင် ဘယ်သူက ပေးမလဲ။ လယ်တွေ ဖွံ့ဖြိုး အောင် ခေတ်သစ် နည်းတွေနဲ့ လုပ်ဖို့ ဘယ်သူတွေက ဘာသင်ပေးမလဲ။ ဘယ်လိုကိရိယာမျိုး ဘယ်ကကူမလဲ၊ ဝယ်ယူမလား၊ နိုင်ငံခြားက လယ်ယာ စိုက်ပျိုးရေး အတတ် ကျွမ်းကျင်တဲ့ လူတွေခေါ်ယူမလား။
ဒီလိုဆိုရင် ငွေတွေ တက်တက်စင် ကုန်မည်။ ကုန်လျှင် ဘယ်ကရမလဲ။ တိုင်းပြည်ကရတဲ့ အခွန်တွေက များလွန်းလို့ မလောက်ဘူး တဲ့။ ဘယ်ကချေးမလဲ၊ ဗမာတွေ ဆီကလား။ နိုင်ငံခြား အစိုးရတွေနဲ့ မဟာမိတ် လုပ်ပြီး သူတို့ဆီက ချေးမလား။ ချေးတယ်ဆိုရင်ပဲ အလကား ရမှာမဟုတ်ဘူး။ ဒီက သူတို့လိုချင်တဲ့ စီးပွားရေး၊ နိုင်ငံရေး အချက်လက်တွေ ပေးရလိမ့်မယ်။ ဤကဲ့သို့ တစ်မျှော် တစ်ခေါ်ကြီး စဉ်းစားရ၏။ ငှက်ပျောသီး နွှာစားသလို မလွယ်။”
မကြာသေးမီက နိုဘယ် စီးပွားရေးဆုရ ကမ္ဘာကျော် စီးပွားရေးပညာရှင် ဂျိုးဇက်စတစ်ဂလစ် မြန်မာနိုင်ငံသို့ လာသွား၏။ မြန်မာနိုင်ငံတွင် လယ်ယာစီးပွားရေး၏ အဓိကကျပုံကို ထောက်ပြသွား၏။
မြန်မာနိုင်ငံသည် စနစ်တကျ ဆောင်ရွက်နိုင်ပါက ကမ္ဘာ့ထိပ်တန်း ဆန်တင်ပို့ နိုင်ငံတစ်နိုင်ငံ ဖြစ်လာနိုင်သည့် အလားအလာ ရှိကြောင်း သုံးသပ်ပြသွား၏။ သို့သော် ထိုအလားအလာကို အမှန်တကယ် ဖော်ဆောင် နိုင်အောင် မည်သို့ ဆောင်ရွက်ကြမည်နည်း တရားဝင် စာရင်းဇယားများ အရ ၂၀၀၈- ၂၀၀၉ ခုနှစ်၌ မြန်မာနိုင်ငံတွင် လူဦးရေ ၅၈ ဒသမ ၄သန်း ရှိ၏။ အိမ်နီးချင်း ထိုင်းနိုင်ငံ၌ ၆၈ ဒသမ၄ သန်း ရှိ၏။ ဆန်စပါး ထွက်ရှိမှု၌ မြန်မာနိုင်ငံမှ ထိုနှစ်တွင် စပါးမက်ထရစ် တန်ချိန် ၃၅ ဒသမ၈သန်း ထွက်၏။ထိုင်းနိုင်ငံ၌ ၃၅သန်းသာ ထွက်၏။ သို့သော် ထိုင်းနိုင်ငံက ၂၀၀၇ ခုနှစ်တွင် ဆန်တန်ချိန် ၈ဒသမ၅သန်း တင်ပို့နိုင်ချိန်၌ မြန်မာနိုင်ငံက တန်ချိန် ၃၅၀၀၀၀ သာ တင်ပို့နိုင်သေးသည်။ ၂၀၀၈ -၂၀၀၉၌ မြန်မာနိုင်ငံက ဆန်တန်ချိန် တစ်သန်းခန့် တင်ပို့နိုင်ခဲ့ချိန်တွင် ထိုင်းနိုင်ငံက ဆန်တန်ချိန် ရှစ်သန်းမှ ၁၀သန်းအကြား တင်ပို့နိုင်ဖွယ် ရှိသည် ဆို၏။ စားသုံးသူဦးရေ ပိုများပြီး ဆန်ထွက်ပမာဏ ပိုနည်းသည့် ထိုင်းနိုင်ငံက ဆန်တင်ပို့ရာ၌ မြန်မာနိုင်ငံထက် ရှစ်ဆခန့် ပိုများနေသည် ဆိုခြင်းမှာ အဘယ်ကြောင့်နည်း။ မြန်မာနိုင်ငံ၏ ဆန်စပါးစိုက်ပျိုး၊ ထုတ်လုပ်တင်ပို့မှု လုပ်ငန်းတွင် မည်သို့ပြုပြင် ဖော်ဆောင် သွားသင့်သနည်း။ အရင်းအနှီး၊ နည်းပညာ၊ အခြေခံ အဆောက်အအုံ၊ စက်ကိရိယာ၊ မျိုးကောင်းမျိုးသနု့်၊ ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ စက်သုံးဆီရရှိရေး၊ ရိတ်သိမ်းချိန်လွန် သိုလှောင် ကြိတ်ခွဲမှုစနစ်၊ ဈေးကွက်ရှာဖွေမှု၊ ဈေးနှုန်းထိန်းသိမ်းရေး၊ စိုက်ပျိုး ထုတ်လုပ်များ အတွက် မက်လုံး၊ ပို့ကုန် သွင်းကုန် စည်းမျဉ်းများနှင့် လုပ်ထုံး လုပ်နည်းများ၊ သင်္ဘောတင်စနစ်၊ နိုင်ငံခြားငွေ လဲလှယ်မှု စသည် စသည် စဉ်းစားစရာ တွေက တစ်ပုံတစ်ပင်ကြီး ရှိသည်။
နိုင်ငံခြားသား ပညာရှင်တွေက မနေနိုင်၊ မထိုင်နိုင် လာကူပြီး စဉ်းစားပေးသွားသည်။ မြန်မာနိုင်ငံရေး သမားများ ထိုသို့ မည်မျှ စဉ်းစား ထားပြီး ကြပါပြီနည်း။
နိုင်ငံရေးဟူသည် အပြောကား လွယ်၏။ အလုပ်ကားခက်၏။ ဒီမိုကရေစီ ရပြီဆိုသည်နှင့် ပဒေသာပင်မြေက ပေါက်လာမည် မဟုတ်။ အာဏာရရုံ မျှသာ စိတ်ကူးနေသော နိုင်ငံရေးသမားများ၊ လူပြိုန်းကြိုက် အပြော သက်သက် နိုင်ငံရေးသမားများထက် အမြင်ကျယ်သော စဉ်းစားတွေးခေါ်နိုင်သော၊ သဘောထားကြီးသော၊ လုပ်ရည်ကိုင်ရည် အမှန်တကယ် ရှိသော၊ အပြောထက် အလုပ်ဖြင့် သက်သေပြနိုင် သော နိုင်ငံရေး ခေါင်းဆောင်များကိုသာ ပြည်သူတို့က မျှော်လင့် နေကြပါသည်။


***ကိုကိုလှိုင်***


Read More...



more



more



more



more



more
အယူခံပယ်ချမှု အဝေးရောက်အစိုးရ ဝေဖန်ရှုတ်ချ
ရွှေပြည်သာစက်႟ုံ နောက်ထပ်တ႟ုံက အလုပ်သမားတွေ ထပ်မံဆန္ဒပြ
အဓမ္မခိုင်းစေမှု ပညာပေးလုပ်ငန်း ရခိုင်ပြည်နယ်မှာ လှုပ်ရှား
ယာယီ နိုင်ငံကူးလက်မှတ်ကိစ္စ မြန်မာ ပြည်ထဲရေးဝန်ကြီး ရှင်းလင်း
ဒေၞအောင်ဆန်းစုကြည် အယူခံကို ပယ်ချတဲ့အတွက် ကုလသမဂ္ဂ၊ အမေရိကန်၊ ႓ဗိတိန္နဲႛ ကေနဒၝ အစိုးရေတြက ႟ႈတ္ခ်

2.27.2010

Burma's News World's News





A massive 8.8 magnitude quake hits central Chile, north-east of the city of Concepcion, killing at least 78 people, ministers say.
Uribe new term bid rejected
Constitutional judges in Colombia reject a referendum to allow President Alvaro Uribe to stand for a third term in office.

Tiger Woods dropped by Gatorade
Drinks firm Gatorade ends deal with Tiger Woods in the wake of the golfer's admission of extra-marital affairs.

Temporary and Precarious States of Being

By JACKIE POLLOCK
An exhibition at the Pridi Banomyong Institute in Bangkok offered a variety of responses and commentary on Thailand immigration policies affecting migrant workers.

Burmese Official Urges Migrants in Mahachai to Register

By SAW YAN NAING
Burma's home minister tells migrant workers in Thailand's largest Burmese community to register for temporary passports so they can remain in the country legally.

Thaksin Found Guilty over Burma Loan

By SAW YAN NAING and THE ASSOCIATED PRESS
The ousted Thai prime minister was found guilty of using his influence while in power to extend a low-interest loan to Burma that benefited his telecommunications company.

Thaksin Supporters Denounce Thai Court Verdict

By THANYARAT DOKSONE
Supporters of populist Thaksin denounced a court order to seize $1.4 billion of his assets, and vowed to pursue a nonviolent struggle for what they said would be a people's democracy.

Migrant Registration in Chaos

By LAWI WENG
The Thai government has extended the deadline for migrant workers to register for work permits and national verification till Mar. 2, but rights groups say the system is in chaos.
QUOTE OF THE DAY
The women talk the same language, that we want peace. But what kind of peace? Not just the absence of war. We want peace that offers better opportunities for all ethnic groups, for different people and different genders.
—Hseng Noung of the Women’s League of Burma

Privatization? What Privatization?

By YENI
The recent sell-off of state-owned businesses by Burma's ruling generals is just an extension of their wholesale theft of the country's resources.
FEC prices show downward trend
Foreign Exchange Certificate (FEC) prices have been falling over the past one month, traders said. In December 2009, ...
Car carrying Burmese migrants shot at three killed
Three illegal Burmese migrants in Ranong were shot dead when Thai security forces ...
Little Hope for Burma's Political Prisoners
tomas-ojea-quintana-nld1ssThe United Nations special rapporteur for human rights in Burma, Tomas Ojea Quintana ...
Pervasive drug production linked to rebel groups: UNODC
The eradication of drug production in Burma is contingent upon a reduction ...

FEC prices show downward trend

Foreign Exchange Certificate (FEC) prices have been falling over the past one month, traders said. In December 2009, the FEC price increased ...

Melted Euphoria

As I was leaving the township chicken market, a young man in a blue municipal uniform approached me.  I was surprised and scared. “Brother, I just ...
Suu Kyi appeal rejected by Burma court Feb 26, 2010 (AFP)–Burma's Supreme Court on Friday rejected an appeal by Aung San Suu Kyi against her extended house arrest, an official said, keeping her in detention ahead of elections promised by the junta this year. - more

 
Karen boy killed by Burmese shell Feb 26, 2010 (DVB)–A village for internally displaced persons in eastern Burma has been shelled by Burmese troops, causing the death of a 15-year-old boy. - more

 
S Korea blocks Burmese migrants Feb 26, 2010 (DVB)–South Korea has suspended permits for Burmese migrant workers after Korean police discovered “illegal activity” being carried out by migrants, although it declined to say what these were. - more

 
Thai troops kill three Burmese migrant kids Feb 26, 2010 (DVB)–Thai soldiers have shot and killed three Burmese migrant children and wounded five more when they opened fire on a pick-up truck that sped through a border checkpoint. - more

မဟရင် မနေနိုင်တာကလွဲလို့ …မဖွရင် မနေနိုင်တာကလွဲလို့

 
စိန်အိုးစည်/ ၂၆ ဖေဖော်ဝါရီ ၂၀၁၀
၂၆/ ဖေဖော်ဝါရီ ၂၀၁၀
အိမ်သူသက်ထား ဇနီးမယား ကရားရေလွှတ် တတွတ်တွတ် မလုပ်အားသေးမီ အိမ်သာမှာ အချိန်ကြာ နေတုန်း သူမ၏ ဈေးပြန်ကြွပ်ကြွပ်အိတ်ထဲက ဘိန်းမုန့်တချပ်ကို ရွှေဂျိုးတယောက် ပါးစပ်ထဲသို့ ပလုတ် ပလောင်း ကောက်သွတ် လိုက်သည်။ ပြီးသည်နှင့် “မိန်းမရေ ကိုယ် လက်ဖက်ရည်ဆိုင် ခဏသွား လိုက်ဦးမယ်ကွာ” ဟု ချိုချိုသာသာ လှမ်းအော်နှုတ်ဆက်ကာ စက်ဘီးစုတ်လေးကို အလျင်အမြန် ကောက်ဆွဲ လိုက်သည်။ ထို့နောက် လှုပ်လီလှုပ်လဲ့ ဖင်ထိုင်ခုံလေးပေါ် ရွရွလေး တက်ခွကာ လေပုပ်ထုတ်ကုန်း လက်ဖက်ရည်ဆိုင်လေးဆီ ဖြည်းဖြည်းငြိမ့်ငြိမ့်လေး နင်းလာခဲ့သည်။
လေပုပ်ထုတ်ကုန်း လက်ဖက်ရည်ဆိုင်ရှေ့ရောက်တော့ ဒီနေ့လည်း ထူးခြားပြန်သည်ဟု ရွှေဂျိုးစိတ်ထဲ ရေရွတ်မိလိုက်သည်။ ခါတိုင်း ရွှေဂျိုးတို့ဝိုင်းဘေးတွင် အဖွဲ့ကျတတ်သည့် သတင်းသမား၊ အေအေပီပီ၊ အေဘီ၊ ဆေးဆရာပါ ပါသည့်အုပ်စုကို တယောက်တလေမျှ မတွေ့ရဘဲ လေအိုးတယောက်သာ ထိုင်နေကျ ၀ိုင်းတွင် စာရွက်လိပ်ကလေးကိုင်ရင်း ပြုံးဖြီးဖြီး ဆီးကြိုနေသည်ကို တွေ့ရ၍ဖြစ်သည်။ ရွှေဂျိုးတယောက် စက်ဘီး ဒေါက်ထောက်နေရင်းမှ မအောင့်နိုင်မအည်းနိုင် လေအိုးကို လှမ်းမေးလိုက်သည်။
ရွှေဂျိုး ။ ။ ဗျို့ … ကိုလေအိုး၊ ဟိုဘက်ဝိုင်းက ဆရာသမားတွေ ဒီနေ့ တယောက်မှ မတွေ့ပါလားဗျ။ တယ် ထူးဆန်းနေပါပေါ့လား။
လေအိုး ။ ။ မတွေ့ရတော့ နားမငြီးဘူးပေါ့ဗျာ။ ရှိနေရင် သူတို့အသံတွေချည်းပဲဥစ္စာ။ အခုတော့ လေအိုးနဲ့ ရွှေဂျိုးနှစ်ယောက်တည်း ဖရီးဒစ်စကတ်ရှင် လုပ်လို့ရတာပေါ့ဗျာ။ ဟား ဟား ဟား ဟား (ပြောရင်းဆိုရင်း လေအိုးတယောက် ပါးစပ်ကို လက်နှင့်အုပ်ပြီး ရယ်)။
ထိုစဉ် အဖျော်ဆရာလေး ပိုက်ထွေး၏ အသံ ကြားဖြတ်ဝင်လာသည်။
ပိုက်ထွေး ။ ။ မဟုတ်ဘူး အစ်ကိုရွှေဂျိုးရေ၊ သတင်းဆရာတွေက သတင်းညီလာခံရှိလို့တဲ့၊ ဆေးဆရာ တွေကတော့ ဆေးညီလာခံရှိလို့တဲ့။ ညီလာခံနှစ်ခုက ရက်တထပ်တည်းကျနေတယ်ဆိုလား ပြောနေသံ ကြားတယ်။ အဲဒါကြောင့် ပျောက်နေကြတာဖြစ်မယ်။
ပိုက်ထွေးပြောပြီးနောက် လေအိုးက အတည်ပေါက်နှင့် ပိုက်ထွေးဘက် လှည့်အော်သည်။
လေအိုး ။ ။ အေး … ပိုက်ထွေး မင်းချည်းပဲ ပြောတော့ကွာ။ ငါ မပြောတော့ဘူး။
ပိုက်ထွေးက လက်ဖက်ရည်ဖျော်ရင်းမှ ထွန်းအိန္ဒြာဗိုအလိုက်လေးနှင့် လေအိုးကို ပြန်နောက်နေသည်။
ပိုက်ထွေး ။ ။ ဟား ဟား ဟား အစ်ကိုလေအိုးကလည်းဗျာ စိတ်ကြီးလှချည်လား။ “မပြောရင် မနေနိုင်တာကလွဲလို့ … မပြောရင် မနေနိုင်တာက လွဲ…လို့ အို ဟို ဟို့”
ရွှေဂျိုးက ထိုင်နေကျခုံမှာ ၀င်ထိုင်ရင်း ပိုက်ထွေးကို တောင်းတောင်းပန်ပန် လှမ်းပြောလိုက်သည်။
ရွှေဂျိုး ။ ။ တော်ပါတော့ ပိုက်ထွေးရာ၊ ကျက်သရေ မင်္ဂလာရှိတဲ့ မနက်ခင်းလေးကို မင်းအသံကြီးနဲ့ မဖျက်ဆီး စမ်းပါနဲ့။ လုပ်စမ်းပါဦး ရေနွေး (အဲ …) လက်ဖက်ရည်တခွက်လောက်ကွာ။
ထို့နောက် ဘေးဝိုင်းက ဆရာသမားတွေ ပျောက်ဆုံးနေမှုကို အတိအကျ သိနိုင်ရန် လေအိုးဘက်သို့ ရွှေဂျိုး ပြန်လှည့်လိုက်သည်။
ရွှေဂျိုး ။ ။ လုပ်စမ်းပါဦး ကိုလေအိုး၊ ခင်ဗျားက ပိုသိမှာပေါ့။ ဒီနယ်မြေမှာ ကိုလေအိုး မသိတာ မရှိ သလောက်ပဲဟာ၊ အကျယ်တ၀င့်လေး လင်းစမ်းပါဦးဗျ။
လေအိုး ။ ။ ဘာကို လင်းရဦးမှာလဲ၊ ခုနက ပိုက်ထွေးပြောတာ ဟုတ်နေတာပဲ။ ဒီထက် ဘာပို သိချင်သေးလို့လဲ။
ရွှေဂျိုး ။ ။ ဒီလိုလေ ကိုလေအိုးရာ၊ သတင်းသမားတွေ၊ ဆေးဆရာတွေက ညီလာခံတွေ ကိုယ်စီရှိလို့ ပျောက်နေကြတာ ဟုတ်ပါပြီ။ ဒါနဲ့ အေအေပီပီနဲ့ အေဘီတွေကရောဗျ။
လေအိုး ။ ။ ဟ … ကိုရွှေဂျိုးနဲ့တော့ ခက်နေပါပြီ၊ ဒီမှာက သတင်းသမားရယ်၊ အေအေပီပီရယ်၊ အေဘီရယ်၊ ဆေးဆရာရယ်ဆိုပေမယ့် တယောက်ကို အတွင်းခံ (အဲ …) ဦးထုပ်နှစ်လုံး၊ သုံးလုံးစွပ်ထားကြတဲ့ ရောသမမွှေ တွေချည်းပဲဟာ။ အေအေပီပီနဲ့ အေဘီတွေလည်း ညီလာခံထဲ ရောက်ချင်ရောက် နေကြမှာပေါ့ဗျ။ ဒါတွေ ထားလိုက်စမ်းပါဗျာ။ အရေးကြီးတာက နားအေးပါးအေးရှိဖို့ပဲမဟုတ်လားဗျ ဟား ဟား ဟား ဟား။
ရွှေဂျိုး ။ ။ ဟား ဟား ဟုတ်ပါပြီ ကိုလေအိုး၊ ခင်ဗျားလင်းမှပဲ ပိုရှင်းသွားပါပြီ။ ဒါနဲ့ ခင်ဗျားလက်ထဲ ဘာ အလိပ်ကြီး ကိုင်ထားတာလဲဗျ။
လေအိုး ။ ။ အေး … ကျုပ်ကလည်း ဒီအလိပ်ထဲက သတင်းထူး သတင်းဦးအကြောင်း ခင်ဗျားနဲ့ ဆွေးနွေးဖို့ အိမ်ကနေ ပရင့်အောက်ထုတ်လာတာဗျ။ သတင်းက ပျောက်နေတဲ့ ဟိုဘက်ဝိုင်းက ဆရာသမား တွေနဲ့လည်း ပတ်သက်နေတယ်ဗျ။
ရွှေဂျိုး ။ ။ ဟာ ဟုတ်လား၊ ဘယ်လိုပတ်သက်တာလဲ၊ ဘာသတင်းမို့လဲဗျ။ လုပ်စမ်းပါဦး၊ မြန်မြန်လေး ဖတ်ပြစမ်းပါဦးဗျ။
လေအိုး ။ ။ ဟိုတနေ့က ခင်ဗျားကို ကျုပ်ပြောသလို တတုံးစားလည်း မမှတ်၊ နှစ်တုံးစားလည်း မမှတ်ဆို တဲ့သူတွေ အကြောင်းပေါ့ ကိုရွှေဂျိုးရာ။ အခုဟာက သန်းရွှေကြီး ကျွေးမယ့်အတုံးကို စားချင်လွန်းနေတဲ့ ပြည်တွင်းက ဦးသုဝေနဲ့ ဒေါက်တာ ခင်ဇော်ဝင်းတို့က ပြည်ပက လူတွေပါ အတူတကွ သုံးဆောင်ကြပါဆိုတဲ့ အထာနဲ့ မြန်မာသတင်းသမဂ္ဂညီလာခံမှာ သေဖော်လာညှိတဲ့ သတင်းဗျ။ ခေတ်ပြိုင်မှာက အဲဒီသတင်းကို “ရွေးကောက်ပွဲသည် စစ်တပ်က စနစ်တကျ တပ်ဆုတ်ခြင်းဖြစ်ဟု ဦးသုဝေ သုံးသပ်” ဆိုတဲ့ ခေါင်းစီးနဲ့ ဖော်ပြထားတယ်။ အဲ … ဧရာဝတီမှာကတော့ “ရွေးကောက်ပွဲဝင်ကြရန် နိုင်ငံရေးသမား (၂) ဦး ပြည်ပတွင် တိုက်တွန်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖော်ပြထားသဗျ။
ရွှေဂျိုး ။ ။ ဟ … သူတို့က ပိုင်လှချည်လားဗျ။ မြန်မာ့သတင်းသမဂ္ဂညီလာခံ စင်မြင့်ပေါ်တောင် တက်ပြောရဲရလောက်အောင် ဒီပုဂ္ဂိုလ် (၂) ဦးက ဘယ်လိုသတ္တိထူးတွေများ ပိုင်ဆိုင်နေလို့လဲ။ ပြန်သွားရင် ဆန့်ကျင်ဘက်အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်တယ်ဆိုပြီး အဖမ်းမခံရနိုင်ဘူးလားဗျ ကိုလေအိုး။
လေအိုး ။ ။ ဘာပိုင်ရမှာလဲဗျာ။ သန်းရွှေတို့က လွှတ်ပြီး သူတို့လုပ်မယ့် ရွေးကောက်ပွဲအတွက် ပွဲစားလုပ်ခိုင်းလို့နေမှာပေါ့။ မဟုတ်ရင်တော့လား မင်္ဂလာဒုံလေဆိပ်မှာတင် ဒင်းတို့ ဆွဲစေ့ခံရတာ ကြာလှ နေမှာပေါ့။ နွားတွေလုပ်မယ့် ရွေးကောက်ပွဲအတွက် လော်ဘီလာလုပ်တာဆိုတော့ နွားပွဲစားတွေလို့ ပြောရင် လည်း ရသပေါ့ဗျာ။ ဟား ဟား ဟား ဟား။
ရွှေဂျိုး ။ ။ အိုကေ သူတို့နှစ်ယောက်က သန်းရွှေတို့ လွှတ်လို့ လာတာတော့ ဟုတ်ပါပြီ။ ဒီဘက် သတင်း သမဂ္ဂက အမောင်ယောင်တောင်တောင် (အဲ …) ကိုယ်တော်ချောတွေကရော ဘာဖြစ်လို့ စင်မြင့်ပေါ် ပေးတက်ရတာလဲဗျ။ သူတို့ကပါ အလိုတူ အလိုပါ ဖြစ်နေလို့လား။ သူတို့ရော စားချင်နေကြပြီလား။ ရှုပ်ရှုပ်ယှက်ယှက် တော်တော်လုပ်တဲ့ လူတွေဗျာ။
လေအိုး ။ ။ ဟိုးထား ဟိုးထား အဲဒီကိစ္စကတော့ အပြောမစောနဲ့ဦးဗျို့။ အသေးစိတ်ကို ဟိုဘက်ဝိုင်းက ပျောက်စေဆရာတွေ ပြန်ရောက်လာမှ စပ်စုကြည့်ရမယ်ဗျ။ ခေတ်ပြိုင်မှာ ဖတ်ရသလောက်ကတော့ “ဒုတိယနေ့အဖြစ် ဆက်လက်ကျင်းပသည့် သတ္တမအကြိမ်မြောက် မြန်မာသတင်းသမဂ္ဂ၏ မီဒီယာ ညီလာခံတွင် ဗွီအိုအေအသံလွှင့်ဌာနမှ ပြုလုပ်သော မြန်မာ့နိုင်ငံရေးနှင့် ၂၀၁၀ ရွေးကောက်ပွဲအစီအစဉ်၌ ပြောကြားသွားခြင်းဖြစ်သည်” လို့ ရေးထားသဗျ။
ရွှေဂျိုး ။ ။ အော် ဒါဆို ကိုကျော်ဇံသာတို့ ဗွီအိုအေက ပွဲဆူအောင် မြန်မာသတင်းသမဂ္ဂညီလာခံကို ခုတုံး ၀င်လုပ်တဲ့ သဘောပေါ့ဗျ။
လေအိုး ။ ။ ပွဲဆူအောင် လုပ်မလုပ် ဒီမှာ ဓာတ်ပုံကြည့်ဗျို့။ စင်ပေါ်မှာ မိန့်မိန့်ကြီးတွေ ထိုင်နေလိုက်ကြတာ၊ ပုံကြီးတွေကို ပြူးနေတာပဲ။ ဟား ဟား ဟား ဟား။
လေအိုးလက်ထဲမှ စာရွက်ကို ရွှေဂျိုး အလျင်အမြန် ယူကြည့်လိုက်သည်။
ရွှေဂျိုး ။ ။ ဟုတ်ပါရဲ့ဗျာ။ ကိုသန်းလွင်ထွန်းနဲ့ ကိုကျော်ဇံသာတို့က ငါတို့တော့ ပွဲပဲဆိုတဲ့ မျက်နှာပေါက်တွေနဲ့ ထိုင်နေကြပါလားဗျ။ အံမယ် အံမယ် အန်စီယူဘီက ကိုမောင်မောင်ရော ပါတာကိုးဗျ။ ဟိုဘက်က ထိပ်ပြောင်ပြောင် မျက်မှန်နဲ့က ကိုမောင်မောင်မြင့် မဟုတ်လားဗျာ။ သန်းရွှေကြီးကတောင် ရွေးကောက်ပွဲ လုပ်မယ့်နေ့ကို မကြေညာရဲသေးဘူး။ ဒီလူတွေက ဘယ်လိုဖြစ်လို့ ရွပိုးထိုးနေကြတာလဲဗျ။ ကျုပ်တို့ ပြည်သူတွေ ခေါင်းထဲ ရှင်းနေပြီးသားကိစ္စကို ဒီလူတွေက ရှုပ်အောင် လုပ်ချင်နေတဲ့ သဘောလားဗျာ။ ဟိုတလောလေးကတင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က အန်အယ်လ်ဒီ ရွေးကောက်ပွဲဝင်မ၀င် ဆုံးဖြတ်ရန် အချိန်မရောက်သေးလို့ ပြောပြီးပြီပဲဥစ္စာ။ အန်အယ်လ်ဒီလို ပါတီကြီး ကတောင် ဘာသံမှမဟသေးတာ ငမြောက်ငခြောက်တွေ လာအော်တာကို အရေးလုပ်စရာလားဗျ။ ခက်တယ်ဗျာ ဒီလူတွေနဲ့တော့ ခက်တယ် ခက်တယ်။
လေအိုး ။ ။ ဒီလိုနေမှာပေါ့ ကိုရွှေဂျိုး၊ ခုနက ပိုက်ထွေး ဆိုပြတဲ့ ထွန်းအိန္ဒြာဗိုအလိုက်လေးလို နေမှာပေါ့။ ဦးသုဝေနဲ့ ဒေါက်တာခင်ဇော်ဝင်းတို့က “မဟရင် မနေနိုင်တာကလွဲလို့” ပေါ့၊ ပါးစပ်လေ ပါးစပ် အဟဲ သန်းရွှေကျွေးမယ့် အတုံးကို အဆင်သင့် စားဖို့ ၀ါးဖို့၊ ကိုသန်းလွင်ထွန်းနဲ့ ကိုကျော်ဇံသာတို့ကတော့ “မဖွရင် မနေနိုင်တာကလွဲလို့” ဖြစ်မှာပေါ့၊ ပွဲဆူအောင်လို့လေ။ ဟား ဟား ဟား ဟား တကယ့်အီးမရှင်းတွေပါပဲဗျာ။
ပြောပြောဆိုဆို လေအိုးက “မဟရင် မနေနိုင်တာက လွဲလို့ … မဖွရင် မနေနိုင်တာကလွဲလို့” ဟူသည့် သီချင်းစာသားလေးကို ပါးစပ်က ညည်းဆိုရင်း စက်ဘီးပေါ်တက်ကာ ထွက်ခွာသွားသကဲ့သို့ ရွှေဂျိုးကတော့ ကြောင်ပြေးသည့်အလား ဆိုင်နောက်ဖေးသို့ ဖော့ဖော့ကလေး သုတ်ခြေတင်သွားလေသည်တကား။ ။

NLD ၏ တရားဝင် အတည်ပြုလိုက်ပြီး ထပ်တိုး အီးစီစာရင်း

NLD CC Final List

မြန်မာ့သတင်း ကမ္ဘာ့သတင်း

Daw Aung San Suu Kyi's Birthday Celebration

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူ့အပေါ်ချမှတ်ထားတဲ့ ထောင်ဒဏ်နဲ့ပတ်သက်ပြီး ပြင်ဆင်ချက် လျှောက်ထားတင်သွင်းတာကို ဗဟိုတရားရုံးက ပယ်ချလိုက်တဲ့အတွက် နိုင်ငံတကာက စိတ်ပျက်လက်ပျက် ဝေဖန်ပြောဆိုလိုက်ကြပါတယ်။
Ethnic Karens refugees wait at a refugee camp along the Thai-Myanmar border Wednesday, Jan 15,2003
ဘန်ကောက်တွင် ပအို့ဝ် ယဉ်ကျေးမှု ပွဲတော်ကျင်းပ

ဘန်ကောက်တွင် ပအို့ဝ် ယဉ်ကျေးမှု ပွဲတော်ကျင်းပ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ယနေ့တွင် ပအို့ဝ် တိုင်းရင်းသားများ၏ ရိုးရာ အဆိုအက၊ စာပေ အနုပညာများ ပါဝင်ပြသသည့် ယဉ်ကျေးမှုပွဲတော် ကျင်းပသည်။
ဥရောပ သံတမန်များနှင့် NLD ခေါင်းဆောင်များတွေ့

ဥရောပ သံတမန်များနှင့် NLD ခေါင်းဆောင်များတွေ့

ဥရောပ သမဂ္ဂ (EU) အဖွဲ့ဝင် နိုင်ငံများမှ သံတမန်များသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင်များနှင့် ယနေ့ နေ့လယ်ပိုင်းတွင် တွေ့ဆုံပြီး ၂၀၁၀ ရွေးကောက်ပွဲနှင့်
မြန်မာ့ကာတွန်းလောက ဆင်ဆာရှစ် (၃) ခုကို ဖြတ်သန်းနေရ
စိုးမိုး/ ၂၆ ဖေဖော်ဝါရီ ၂၀၁၀
“အိုင်ဒီယာ တခုရလာရင် ငါ ဒါကိုဆွဲရင် ဆင်ဆာနဲ့
လွတ်ပါ့မလား ...” အပြည့်အစုံသို့နအဖ တူးမြောင်းဖောက်ပုံမမှန်၍ ရေနက်ကွင်းပိုတိုး
အောင်ထက်/၂၆ ဖေဖော်ဝါရီ ၂၀၁၀
“နွေပိုင်းမှာ ပြဿနာမရှိဘူး။ ဒီဒေသက မိုးကာလမှာ ရေများ တယ်။ အဲဒီရေတွေက ကွမ်းခြံကုန်း၊ ထန်းတော ရေတံခါးကပဲ ထွက်ပေါက်ရှိတယ်။ ရေတံခါးက ...” အပြည့်အစုံသို့မြန်မာအမျိုးသမီးများ သစ်လုပ်ငန်းခွင်အတွင်း ဘဝပျက်ကြရ
ပေါက်ပေါက်/ ၂၆ ဖေဖော်ဝါရီ ၂ဝ၁ဝ
“မိန်းကလေးတွေက ကချင်မလေးတွေ၊ ဗမာမလေးတွေ များတယ်။ တောထဲတောင်ထဲ ထမင်းချက်၊ ဟင်းချက် လိုက်ဖို့ဆိုတော့ အရွယ်ရောက်တဲ့သူတွေပဲ ...” အပြည့်အစုံသို့
အလုပ်သမားဆန္ဒပြမှုကို ၀န်ကြီးစိုးရိမ်
မျိုးချစ်သူ/ ၂၆ ဖေဖော်ဝါရီ ၂၀၁၀
“၀န်ကြီးကတော့ တော်တော်စိုးရိမ်နေတာ။ ကျနော်တို့ကိုလည်း အလုပ်သမားနဲ့ပတ်သက်ပြီးတော့ တင်းကျပ်တဲ့ လုံခြုံရေး မလုပ်ဖို့ပြောတယ်...” အပြည့်အစုံသို့
မြန်မာများ ပါရှိသည့်ကား သေနတ်ပစ်ခံရ၊ ၃ ဦး သေဆုံး
ထိုင်းနိုင်ငံ ရနောင်းခရိုင်အတွင်း၌ စစ်ဆေးခြင်းမခံဘဲ မောင်းပြေးသည့် တရားမဝင် မြန်မာများ ... ဒေါ်စုအမှု ပြင်ဆင်မှု တရားရုံးက ပယ်ချ
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် ၁၈ လချမှတ်ထားမှုအပေါ် ..စစ်တပ်က ပစ်ခတ်သဖြင့် ကရင်ကျောင်းသားငယ် သေဆုံး
ကရင်ပြည်နယ်တွင်း ကျေးရွာတရွာရှိ မူလတန်းကျောင်း ကို စစ်အစိုးရတပ်များက ယခုလ ၁၉ ရက် ... မြန်မာ စစ်အာဏာရှင်တွေကလဲ အာဏာတည်မြဲရေးအတွက် သွေးချောင်းစီး လူသတ်ပွဲပြုလုပ် တာ၊ တိုင်းရင်းသား လူမျိုးစုတွေကို ဖိနှိပ်ချုပ်ချယ်တာတွေကို နိုင်ငံတော်ရဲ့ အမျိုးသားအကျိုးစီးပွားကို ကာကွယ်... အပြည့်အစုံသို့
မြန်မာစစ်တပ်၏ နှိပ်စက်ခံရသည့် သူကြီးမ အစီရင်ခံစာ ကေဒဗလျူအို ထုတ်ပြန်
Fri, 26/02/10 – 0:59 | No Comment
ဖေဖော်ဝါရီလ ၂၆ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
မြန်မာနိုင်ငံအရှေ့ပိုင်းရှိ ကရင်ဒေသများမှ အမျိုးသမီးသူကြီးများသည် မြန်မာစစ်တပ်၏ နည်းမျိုးစုံဖြင့် အစီအစဉ်ချကာ ညှင်း ပမ်းနှိပ်စက်ခံနေရသည်ဟု ကရင်အမျိုးသမီးအစည်းအရုံး(ကေဒဗလျူအို)က ယမန်နေ့က အစီရင်ခံစာတစောင် ထုတ်ပြန်လိုက်သည်။

ဝ နယ်ထဲ နအဖ တပ်မ ၂ ခု ပို့မည်ဟု တရုတ်မှတဆင့် ခြိမ်းခြောက်

ဝ နယ်ထဲ နအဖ တပ်မ ၂ ခု ပို့မည်ဟု တရုတ်မှတဆင့် ခြိမ်းခြောက်ဝ ခေါင်းဆောင်နှင့် နအဖ ကိုယ်စားလှယ်တို့တွေ့သည်ဖြစ်စေ မတွေ့သည်ဖြစ်စေ နယ်စပ်လုံခြုံရေးအရ ၀ နယ် မြေအတွင်း တပ်မနှစ်ခုပို့မည်ဖြစ်ကြောင်း တန့်ယန်းသို့ ၀ ခေါင်းဆောင်များ မထွက်ခွါမှီ တရုတ်မှတဆင့် ဖိအား ပေးခဲ့သည် ဟု စုံစမ်းသိရှိရပါသည်။

မိုင်းလားကိုယ်စားလှယ်များအား တြိဂံတိုင်းမှူးလက်မခံ

မိုင်းလားကိုယ်စားလှယ်များအား တြိဂံတိုင်းမှူးလက်မခံတြိဂံတိုင်းမှူး ဖိတ်ကြားချက်အရ ကျိုင်းတုံ တြိဂံစစ်တိုင်းရုံးသို့ မိုင်းလားအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့တဖွဲ့သွားရောက် သော်လည်း ဥက္ကဌ ဦးစိုင်းလင်း ကိုယ်တိုင်မသွားသဖြင့် တိုင်းမှူး ကိုယ်တိုင် လက်ခံတွေ့ဆုံခြင်းမရှိကြောင်း စုံစမ်းသိရှိ ရပါသည်။

သွင်းကုန် စည်းကြပ်ခွန် ပြင်ပငွေလဲနှုန်း ပေးရမည်

သွင်းကုန် စည်းကြပ်ခွန် ပြင်ပငွေလဲနှုန်း ပေးရမည် တရုတ်နယ်စပ်မှ သျှမ်းပြည် (မြောက်ပိုင်း) မူစယ် (၁၀၅) မိုင် ကုန်သွယ်ရေး လမ်းအတိုင်း တင်သွင်းသည့် သွင်းကုန် အားလုံး၏ စည်းကြပ်ခွန် ဈေးနှုန်းကို ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့မှစ၍  အမေရိကန်ဒေါ်လာ ပြင်ပပေါက်ဈေး အတိုင်း ပေးဆောင်ရမည်ဖြစ်သည်။
 
 
ဒေါ်စုကို လွှတ်မပေးသည့် စစ်အစိုးရကို ဒဏ်ခတ်ရန် အမေရိကန် အမတ် ပြောဆို
AFP သတင်းဌာန
ဖေဖော်ဝါရီ ၂၇၊ ၂၀၁၀ ယနေ့ ရန်ကုန်တွင် ထုတ်ဝေသည့် သတင်းစာများတွင် ဖော်ပြထားသော တရားရုံးချုပ် စီရင်ချက် သတင်း
မြန်မာနိုင်ငံ တရားရုံးချုပ်က ဒေါ်အောင်ဆန်းစုကြည်အမှု၏ ပြင်ဆင်ချက်ကို သောကြာနေ့တွင် ပယ်ချလိုက်သဖြင့် အမေရိကန်က အပြစ်တင် ဝေဖန်လိုက်ပြီး၊ အမေရိကန် လွှတ်တော်အမတ်တဦးကလည်း စစ်အစိုးရအပေါ် ပိတ်ဆို့ ဒဏ်ခတ်မှုများ ပိုမိုတင်းကျပ်ရမည်ဟု ပြောလိုက်သည်။
အပြည့်အစုံသို့ ...
 
မိုးမခ၏ ဖေဖော်ဝါရီ စာကိုး စကားကိုး
ဖေဖော်ဝါရီ ၂၇၊ ၂၀၁၀

အမေရိကားမှာ ငယ်ငယ်နဲ့ နှစ်ယောက်ထဲ နေတုန်း ဆီပုံးထဲကို ကြွက်ဝင်ဖူးတယ်။ မသိလိုက်ဘူး။ ဆရာ နီကိုရဲ ရဲ့ 'နှလုံးသားထဲ ကြွက်ဝင်နေသည်' ဆိုတာ တကယ်ဖြစ်သွားတာ။ အိမ်အတွက် ပါတီ လုပ်တော့ လာသမျှလူတွေကို အဲဒါနဲ့ပဲ ချက်ကျွေးတာ။ ကုန်ခါနီးမှ ဘုတ် ဘုတ် နဲ့ အသံကြားတော့ ကြွက်ဖြစ်နေတယ်။
အဆိုတော် သားစိုး
8 DAYS A WEEK ဂျာနယ်၊ ဖေဖော်ဝါရီ ၁၉
အပြည့်အစုံသို့ ...
 
ကာတွန်းမောင်ရစ် - ၂၀၁၀ ကို ဒိုင်စားသွားမယ်
ဖေဖော်ဝါရီ ၂၇၊ ၂၀၁၀
ဘာသာပြန်ညံ့သူ
ခက်မာ
(ပန်းချီ - သန်းဌေးမောင်)
ဖေဖော်ဝါရီ ၂၇၊ ၂၀၁၀
အပြည့်အစုံသို့ ...
 
မြင်းစီးနေရသော လှေထိုးသား (သို့မဟုတ်) ဝံပုလွေကြီး၏ ဘဝနှင့်စာပေ…..
မင်းဟန်
ဖေဖော်ဝါရီ ၂၇၊ ၂၀၁၀
ဒိဋ္ဌိကြီး၏ ဈာပန
           ‘တစ္ဆေ’ အမည်ရှိ သင်္ဘောသည် ဆန်ဖရန်စစ္စကိုမြို့၏ ကမ်းလွန်ပင်လယ်ပြင်တွင် ရွက်လွှင့်၍နေသည်။ လေသည် ပြင်းပြင်းထန်ထန် တိုက်ခတ်၍နေ၏။ သင်္ဘောပဲ့ပိုင်းသည် တိမ်းစောင်း၍သွားသည်။ ရေများ ပဲ့ပိုင်းလက်ရန်းကို ကျော်ဖြတ်ပြီး ကုန်းပတ်ပေါ်အထိ ဝင်လာသည်။ `အလောင်းကောင်’ ပေါ်သို့ ရေများ ဖြတ်သွား၏။
အပြည့်အစုံသို့ ...
ကိုဇာဂနာ ဖတ်ဖို့ ဟာသ
၂၀၁၀ အကြံသစ် ဉာဏ်သစ်များ
 
ပျော်တော်ဆက်သာဂိ
ဖေဖော်ဝါရီ ၂၆၊ ၂၀၁၀
၂၀၁၀ အတွက် အစွမ်းကုန် ပြင်ဆင်နေကြချိန်မှာ နိုင်ငံရေးအကျဉ်းသားတွေက ထောင်ထဲမှာ ဘာတွေ ပြင်ဆင်ကြရင် ကောင်းမှာလဲ အကို။ တလောက အေအေပီပီက ကြေညာချက်ထုတ်သလို ထောင်ထဲမှာ အနှစ် ၁၀၀ ကနေ ကမ္ဘာ တသိန်းလောက် နေရတော့မယ့်အတူတူ ထောင်ထဲမှာ စိတ်ချမ်းသာအောင် ထားကြပါလို့ပဲ ၀ိုင်းပြောကြရင် ကောင်းမှာလား။
အပြည့်အစုံသို့ ...
 
ဂျပန်နိုင်ငံတွင် မြန်မာနိုင်ငံသား ၇ ထောင်ကျော် မှတ်ပုံတင်စာရင်းပေါက်
မိုးသောက်ကြယ်သတင်းဌာနမှ ကူးယူဖော်ပြသည်
ဖေဖော်ဝါရီ ၂၆၊ ၂၀၁၀
မိမိတို့ရရှိထားသည့် နေထိုင်ခွင့် ဗီဇာအမျိုးအစားအလိုက် နိုင်ငံခြားမှတ်ပုံတင်ပြီး ဂျပန်နိုင်ငံနေရာအနှံ့တွင် နေထိုင်နေကြသည့် မြန်မာနိုင်ငံသား ၇,၇၈၉ ဦး ရှိကြောင်း ဂျပန်တရားရေးဌာန အင်တာနက်စာမျက်နှာတွင် ဖော်ပြထားချက်အရသိရသည်။
ယခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ထုတ်ပြန်လိုက်စာရင်းများအရ ဂျပန်နိုင်ငံတွင် နိုင်ငံခြားသား ၂,၂၁၇,၄၂၆ ရှိပြီး၊ အဆိုပါအရေအတွက်မှာ ယမန်နှစ်စာရင်းနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ၆၆,၄၅၃ ဦး များပြားလာခဲ့ကြောင်း သိရှိရသည်။(မြန်မာလူမျိုးမှာလည်း ယမန်နှစ်ထက် ၁,ဝ၅၄ ဦး တိုးပွားလာခဲ့သည်။
အပြည့်အစုံသို့ ...
 

more

 

more

 

more

 

more

 

more

 

more

 

more

ဒေၞအောင်ဆန်းစုကည် အယူခံကို ပယ်ခဵတဲ့အတွက် ကုလသမဂ္ဂ၊ အမေရိကန်၊ ႓ဗိတိန္နဲႛ ကေနဒၝ အစိုးရေတြက ႟ႈတ္ခ်

နိုင်ငံသားစိစစ်ရေး စာရင်းသွင်းရက် မတ်လ ၂ ရက်နေႛအထိ အချိန်တိုး

EU နှင့် အမေရိကန်သံတမန်များ NLD ပၝတီခေၝင်းဆောင်တွေနဲႛ တွေ့ဆုံ

ဒေၞအောင်ဆန်းစုကြည်ရဲႛ အယူခံ ဗဟိုတရားရုံးက ပယ်ချ

စစ်တပ်ရဲ့နှိပ်စက်သတ်ဖြတ်မှုတွေ ကရင် အမျိုးသမီးထု ခံနေရ

NLD ပၝတီ ဒုတိယ ဥကၠဌ ဦးတင္ဦး နယ္လွည့္ခရီး ထြက္ဖိုႛစဥ္းစား

NLD ဗဟိုဦးစီးအဖြဲႚကို အေယာက္ ၁၀၀ ထိ တုိးခ်ဲႚ