1.26.2009

ထိုင်း-မြန်မာ အောက်လမ်းခရီး ဟွေ့ဟင်ဖွန်ဂိတ်နှင့် (၉၉၉) လူပွဲစားများ

ရဲရင့်မြင့်မောင် / ၂၃ ဇန်န၀ါရီ ၂၀၀၉

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ကမ်းနားရှိ အမှတ် (၁၀) ဂိတ်တည်ရှိရာ ထာ့အာရွာ၏ တဖက်ကမ်း မြန်မာနိုင်ငံ မြဝတီ ဘက်ကမ်းရှိ (၉၉၉) ဒီကေဘီအေဂိတ်သည် ထိုင်းနိုင်ငံအတွင်းပိုင်းသို့ ဝင်ရောက်ပြီး အလုပ်အကိုင် ရှာဖွေကြသည့် မြန်မာ နိုင်ငံသားများကို လူကုန်ကူးရောင်းဝယ်ဖောက်ကားရာ နေရာဒေသ တခုအဖြစ် တည်ရှိလာခဲ့သည်မှာ ဆယ်စုနှစ်တခုခန့် ရှိခဲ့ပြီဖြစ်သော်လည်း မြန်မာအာဏာပိုင်များ၏ ခွင့်ပြု ချက်ဖြင့် မြဝတီခရိုင်အာဏာပိုင်များ၊ ဒီကေဘီအေအဖွဲ့ဝင်များ၊ လူပွဲစားများ ပူးပေါင်းကာ လုပ်ကိုင်ကြသဖြင့် မည်သည့် အာဏာပိုင်အဖွဲ့အစည်းများမှ အရေးယူဆောင်ရွက်ခြင်းမရှိဘဲ ယနေ့ထက်တိုင် လူကုန်ကူးမှုများကို ပေါ်ပေါ် ထင်ထင် လုပ်ဆောင်နေလျက်ရှိသည်။

ဘန်ကောက်မြို့နှင့် ထိုင်းနိုင်ငံနေရာဒေသအနှံ့အပြားတွင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာ အလုပ်သမား များမှာ မြန်မာ ပြည် ပြန်မည့်အချိန်တွင် မိမိတို့စုဆောင်းထားသည့် လုပ်အားခများကို နယ်စပ်ရှိ မိမိတို့ ဆွေမျိုး သားချင်း အသိမိတ်ဆွေ များထံ ဘဏ်မှတဆင့်ငွေလွှဲကြပြီး ဘန်ကောက်ရှိ မော်ချိကားဂိတ်သို့သွားကာ ဘန်ကောက်-မဲဆောက် ပြေးဆွဲသည့် ညကားဖြင့် မဲဆောက်သို့ ပြန်လာကြသည်။

မနက် (၅) နာရီခန့်တွင် မဲဆောက်မြို့အဝင် စစ်ဆေးရေးဂိတ်ကြီးဖြစ်သည့် ဟွေ့ဟင်ဖွန်ဂိတ် အရောက်တွင် ထိုင်းလူဝင်မှုကြီးကြပ်ရေးတပ်ဖွဲ့ဝင်များ ကားပေါ်တက်လာပြီး “ဒီကားပေါ်မှာပါတဲ့ ဗမာ၊ ကရင်၊ မွန် အားလုံး ဆင်းကြပါ” ဟုဆိုလျှင် ကားပေါ်ပါ မြန်မာနိုင်ငံသားအားလုံး မိမိတို့ယူဆောင်လာသည့် ပစ္စည်း၊ အထုပ်အပိုး များနှင့်အတူ ကားပေါ်မှဆင်းပြီး အဖမ်းခံကြရသည်။

ဘန်ကောက်-မဲဆောက် ကားတစီးလျှင် နေ့စဉ်မြန်မာ (၁၅) ဦးမှ (၂၀) အထိ ပုံမှန်ပါရှိတတ်ပြီး မဲဆောက်-ဘန်ကောက်ပြေးဆွဲသည့် ခရီးသည်တင်လိုင်းကားကြီးများမှာ နေ့စဉ် (၁၅) စီးခန့် ပုံမှန်ပြေးဆွဲလျက်ရှိသည်။ ၎င်းနည်းလမ်းဖြင့် ဘန်ကောက်မှပြန်လာကြသည့် မြန်မာနိုင်ငံသားများ နေ့စဉ် (၁၀၀) မှ (၁၅၀) ခန့် ပုံမှန်ရှိသည်။ အခါကြီးရက်ကြီးများဖြစ်သည့် သင်္ကြန်ကာလ၊ နှစ်သစ်ကူးကာလ၊ သီတင်းကျွတ်ကာလများတွင် ဘန်ကောက်မှ လိုင်းကားစီး၍ ပြန်ဆင်းလာသူ နေ့စဉ် (၃၀၀) ခန့်ရှိသည်။

အဆိုပါ ထိုင်းလဝက၏ ဖမ်းဆီးခြင်းခံရသူများကို မဲဆောက် ထိုင်းလဝကရုံးတွင် ကိုယ်ရေးအချက်အလက်နှင့် ဓာတ်ပုံမှတ် တမ်းများ ယူပြီး ထိုင်းလဝက က ထိုင်းဘက်ကမ်း အမှတ် (၁၀) ဂိတ်မှ မြန်မာဘက် ခြမ်းရှိ (၉၉၉) ဒီကေဘီအေဂိတ်သို့ စာရင်းနှင့်တကွလွှဲအပ်ပြီး နယ်နှင် လိုက်သည်။ နယ်နှင်ခံရသည့် မြန်မာနိုင်ငံသားများ (၉၉၉) ဒီကေဘီအေ ဂိတ်သို့ ရောက်ရှိချိန်တွင် အသင့်စောင့်ဆိုင်းနေသော ဒီကေဘီအေဂိတ်မှ တာဝန်ရှိသူများက လူစာရင်းကောက်ယူပြီးနောက် ၎င်းတို့ လက်သပ် မွေးထားသည့် အမာခံ လူပွဲစားများထံသို့ ရောက်ရှိလာသူများကို တဦးလျှင် ထိုင်းဘတ်ငွေ (၉၀၀) နှုန်းဖြင့် အချိုးကျခွဲဝေပေးလိုက်သည်။ လူတဦး (၉၀၀) နှုန်းဖြင့် လူတရာအတွက် ဘတ်ငွေ (၉) သောင်းအား ဒီကေဘီအေ သို့ ပေးရသည်။

ဒီကေဘီအေဂိတ်မှ ရွေးထုတ်သွားသူများကို ပွဲစားများက မိမိတို့ နေအိမ်အသီးသီးသို့ ခေါ်ဆောင်သွားပြီး လူတဦးလျှင် (၁,၂၀၀) နှုန်းဖြင့် အရွေး ခံစေသည်။ မြဝတီမှ အောက်ပြန်ဆင်းမည့် ခရီးစဉ်ကိုလည်း ၎င်းတို့ပိုင် ကားများဖြင့်သာ လိုရာသို့ သွားစေသည်။ ဘန်ကောက်ပြန်အများစုမှာ နယ်စပ်အခြေအနေအား ကြိုတင်သိရှိထားသဖြင့် အနည်းဆုံး ဘတ်ငွေ (၃-၄) ထောင်ခန့် ဆောင်ထားကြသည့်အတွက် ပွဲစားအား ငွေ (၁,၂၀၀) ပေး၍ ပွဲစား၏အစီစဉ်ဖြင့် မြဝတီမြို့ကားဂိတ်မှတဆင့် အနယ်နယ်အရပ်ရပ်သို့ လိုရာခရီးဆက်ကြရသည်။ အချို့ ငွေပါမလာသူများအား ပွဲစားများက ၎င်းတို့အိမ်တွင် ထား၍ ထိုင်း နိုင်ငံနှင့် မြန်မာနိုင်ငံရှိ ဆွေမျိုးများအား အဆက် အသွယ် လုပ်စေပြီး ငွေဖြင့် လာ၍ရွေးရသည်။ လူကိုယ်တိုင်မလာနိုင်သူ များအနေဖြင့် ပွဲစား၏ ဘဏ်စာရင်းမှ တဆင့် ငွေလွှဲပေးရသည်။ လာရွေးမည့်လူမရောက်ခင်စပ်ကြား နေထိုင်စားသောက် ရေးအတွက် ပွဲစားက တရက် (၁၀၀) နှုန်းဖြင့် တာဝန်ယူကျွေးမွေးထားပြီး ရက်အလိုက် ကုန်ကျသမျှကို ဆွေမျိုးများက ငွေ ပေးချေ ပြီးမှ ခေါ်သွားခွင့်ရှိသည်။

လူတဦးလျှင် ဘတ် (၉၀၀) နှုန်းဖြင့် နေ့စဉ် လူ (၁၀၀) မှ (၂၀၀) အတွက် ရရှိသည့်ငွေများကို ဒီကေဘီအေသို့ ပေးရသည့် ကိစ္စနှင့် ပတ်သက်၍ မြန်မာလူပွဲစားတဦးက “ဒီကေဘီအေက ဒီငွေတွေကို အကုန်လုံးမရဘူး။ ထိုင်းလဝကကို လည်း ရာခိုင်နှုန်းနဲ့ ပြန်ပေးရတယ်။ လူတယောက်ကို ဒီကေဘီအေက (၉၀၀) ရတယ်။ ထိုင်းလဝကကို တယောက် သုံးရာနှုန်းနဲ့ ပြန်ပေးရတယ်လို့ သိရတယ်။ ဒါတရားဝင်တော့မဟုတ်ဘူး။ ထိုင်းလဝကရယ်၊ ဒီကေဘီအေရယ် မြန်မာလူပွဲစားတွေ သူတို့ညှိပြီးလုပ်ထားတဲ့ နားလည်မှုပဲ” ဟု ပြောသည်။

ယခင်ကဆိုလျှင် ဘန်ကောက်မှမဲဆောက်သို့ ပြန်လာသူများမှာ တရားဝင်မဟုတ်သောနည်းဖြင့် ထိုင်းလဝကကို တဦးလျှင် ဘတ် (၅၀၀) နှုန်း ဒဏ်ကြေးပေးဆောင်ရပြီး ထိုင်းလဝကမှ နယ်စပ်သို့ သွားရောက်ပို့ဆောင်ပေးသည်။ ၎င်းကိစ္စနှင့်ပတ် သက်၍ အထက်သို့တိုင်တန်းမှုများရှိ၍ ပြဿနာ တက်သော ကြောင့် လွန်ခဲ့သည့် ၂၀၀၅ ခုနှစ်ခန့်ကစကာ ယခင်ကဲ့သို့ဘတ် (၅၀၀) ပေးဆောင်စရာ မလိုတော့သော်လည်း ထိုင်းလဝက၊ ဒီကေဘီအေနှင့် လူပွဲစားများညှိကာ နားလည်မှုဖြင့် ဆက်လက်လုပ်ကိုင်ကြသည်ဟု ဒီကေဘီအေ တပ်ဖွဲ့ဝင်တဦးက ပြောသည်။

အဆိုပါ (၉၉၉) ဒီကေဘီအေဂိတ်ကို အခြေပြု၍ လူပွဲစားများက မြဝတီမှတဆင့် ဘန်ကောက်သို့ အလုပ်သွားလုပ်မည့် မြန်မာ နိုင်ငံသားများကို လူတဦးလျှင် ထိုင်းဘတ်ငွေ (၁၅,၀၀၀) ဖြင့် ပို့ဆောင် ပေးလျက် ရှိသည်။

လိုရာခရီးရောက်သူများရှိပြီး အချို့လမ်းခရီးတွင် ဖမ်းဆီးခံရကာ နယ်စပ်ပြန်ပို့ခံရသူများလည်းရှိသည်။ အချို့မှာ ခရီးစဉ်လမ်းကြောအတွင်း အကြောင်းအမျိုးမျိုးကြောင့် သေဆုံးသူများနှင့် ပျောက်ဆုံးသူများလည်း မကြာခဏ ဖြစ်လေ့ရှိသည်။

မြန်မာလူပွဲစားများက ဘန်ကောက် သွားမည့်သူများကို ထိုင်းဘက်ကမ်းသို့ တဆင့်ပေးပို့ပြီး ထိုင်းဘက်ကမ်းရှိ လူကြိုလူပို့မည့် ဒေသခံများနှင့် ဆက်သွယ်ကာ လိုရာခရီးသို့ ပို့ဆောင်ပေးကြသည်။ မဲဆောက်မှ ဘန်ကောက်သို့ သွားရာတွင် ကားကြီးကားငယ်များတွင် နည်းအမျိုးမျိုးဖြင့် ဝှက်ကာ တိုက်ရိုက်သယ်ဆောင်သူများရှိပြီး အချို့လူကယ်ရီများမှာ မဲဆောက်မှ တာခ်ခရိုင်မြို့အထိ တောလမ်းခရီးကို တရက်၊ နှစ်ရက်ခရီးခန့် လမ်းလျှောက်ရပြီး စစ်ဆေးရေးဂိတ်များကို ရှောင်ကွင်း၍ သွားကြရသူများလည်း ရှိသည်။ အချို့ တောလမ်း ခရီးတွင် အဖမ်းခံရပြီး ငွေကုန်လူပန်းဖြစ်ရသူများနှင့် ဖျားနာ၍သေဆုံးသူများလည်း မကြာခဏ ရှိသည်ဟု ကိုယ်တွေ့ ကြုံခဲ့ ရသူတဦးက ပြောသည်။

လက်ရှိမြန်မာနိုင်ငံ၏ စီးပွားရေးချွတ်ခြုံကျမှုကြောင့် မြန်မာနိုင်ငံအရပ်ရပ်မှ လူငယ်၊ လူရွယ်အများစုမှာ လုပ်အားခပိုမိုရရှိ သည့် ထိုင်းနိုင်ငံသို့ မည်မျှပင်အခက်အခဲနှင့် အန္တရာယ်ရှိစေကာမူ မြန်မာပြည်တွင် ငတ်တလှည့်၊ ပြတ်တလှည့်ဖြင့် နေရ သည်ထက် ယခုကဲ့သို့ စွန့်စားပါက မြန်မာနိုင်ငံထက်စာလျှင် မျှော်လင့်ချက် များစွာရှိသည်ဟု လယ်သမားဘဝကိုကျောခိုင်း ပြီး မိသားစုနှင့်အတူ မဲဆောက်ရောက်လာသည့် ပဲခူးမြို့သား ကိုတင်အောင် က ပြောသည်။

(၉၉၉) ဂိတ်မှ လူပွဲစားအမျိုးသမီးတဦးက “လူကုန်မှုဥပဒေတွေဘာတွေ ငါတို့မသိဘူး။ ဘယ်သူ့ဆီမှလည်း ပိုက်ဆံအလ ကားမတောင်းဘူး။ တန်ရာတန်ကြေးပဲယူတယ်။ အကုန်လုံးရတာလည်း မဟုတ်ဘူး။ ဟိုခွံ့ဒီခွံ့ လိုက်လုပ် ရတာတွေလည်း အများကြီးရှိတယ်။ ဘန်ကောက်သွားဖို့ လာခဲ့ကြလို့ ဘယ်သူ့ကိုမှမခေါ်ဘူး၊ ဒီဂိတ်က ပြန်လာကြပါလို့ ဘယ်သူ့ကိုမှလည်း မပြောဘူး၊ သွားမယ့်သူက သူတို့ဘာသာသူတို့ သွားကြလာကြတာပဲ။ ကားတန်းတရက်ခြား အောက်ကနေ မြဝတီကို တက်လာတဲ့လူ တနေ့ (၃-၄) ရာလောက်ရှိတယ်။ ကိုယ်တိုင် လုပ်တာလည်း မဟုတ်ဘူး၊ ငါတို့ကတဆင့်ခံပွဲစားပဲ။ ငါတို့ရတာပဲ လူမြင်တယ်၊ ပြဿနာဖြစ်လို့ အဖမ်းခံရတာ၊ ငွေကုန်တာ ဘယ်သူမှမမြင်ဘူး။ မြဝတီမှာက အကုန်လုံးနဲ့ ဝေစားမျှစားလုပ်ရတယ်။ အဲလိုလုပ်တာတောင်မှ မနှစ်က ပွဲစားတယောက် နေပြည်တော်က လာဖမ်းလို့ အခု ထောင်ကျနေတယ်။ မထွက်သေးဘူး။ ဘန်ကောက်က ပြန်လာတဲ့သူတွေကို ငါတို့က (၉၀၀) နဲ့ရွေးပြီး (၁,၂၀၀) နဲ့ ပြန်တောင်းတယ်။ တချို့ပြန်လာတဲ့ လူတွေ မြဝတီက ဟိုလူကြီးအမျိုး၊ ဒီလူကြီးအမျိုးဆိုပြီးတော့ ဒီအတိုင်းလာခေါ်သွားတယ်။ အဲဒါတွေကျတော့ ငါတို့ စိုက်ထားတာတွေ တပြားမှပြန်မရဘူး။ လူတွေကို မလာစေချင်ရင် မြဝတီမှာ အဝင်မခံနဲ့ပေါ့။ ကော့ကရိတ်မှာ ပိတ်ဖမ်းပါလား။ ဘယ်သူလာရဲမလဲ။ သိချင်ရင်အောက်ဆင်းသွား၊ ကရင်ပြည်နယ်မှာဆိုရင် ရွာတိုင်းပဲ အပျိုလူပျို မရှိတော့ဘူး။ အားလုံး ထိုင်းမှာချည်းပဲ။ ဒီကိစ္စရဲ့ အရင်းခံဟာ ပွဲစားမဟုတ်ဘူး၊ သဘောပေါက်" ဟု ခေတ်ပြိုင်သို့ ပြောသည်။

ထိုင်းလဝကမှ (၉၉၉) ဂိတ်သို့ ပြန်ပို့သည့် ဘန်ကောက်ပြန်များမှာ ငွေကြေးရှိပြီး မိမိအစီစဉ်ဖြင့် ပြန်လာကြ သူများကိုသာ အဓိကပို့ဆောင်ပေးပြီး မိမိအစီစဉ်ဖြင့်မဟုတ်ဘဲ ဘန်ကောက်နှင့် အခြားဒေသများတွင် အဖမ်းခံ ရ၍ ပြန်လာကြသူများကို ထိုင်းလဝကက အခြားဂိတ်များမှတဆင့် မြဝတီဘက်ပြန်ပို့ကြသည်။

မဲဆောက်မှမြဝတီသို့ ဝင်ရောက်ရာတွင် (၉၉၉) ဂိတ်အပါအဝင် ထိုင်း-မြန်မာချစ်ကြည်ရေးတံတားကြီး၏ ဘေးဝဲယာတွင် ထိုင်း-မြန်မာနှစ်နိုင်ငံနားလည်မှုဖြင့် ဖွင့်လှစ်ထားသည့် လှေဆိပ် (၁၇) ဂိတ်ရှိသည်။ အဖမ်းခံရ၍ ရောက်ရှိလာသူများမှာ ငွေကြေးမပါရှိကြဘဲ အဝတ်တထည် ကိုယ်တခုဖြင့် ပြန်လာကြသူများ ဖြစ်ကြသည်။ ထိုင်းနိုင်ငံအတွင်း တရားမဝင် နေထိုင်သူများ ဖမ်းဆီးခံရပါက ငွေရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ထိုင်းလူဝင်မှုကြီးကြပ်ရေးအဖွဲ့က ဥပဒေအရ သက်ဆိုင်ရာနိုင်ငံသို့ ပြန်ပို့ရမည်ဖြစ်သည်ဟု မဲဆောက်အခြေစိုက် ရောင်ခြည်ဦး မြန်မာအလုပ်သမားအဖွဲ့မှ ဥပဒေရေးရာတာဝန်ခံ ကိုကျော်ထွေးက ပြောသည်။

ကားတန်းတရက်ခြား မြဝတီမြို့မှတဆင့် မဲဆောက်ဒေသအတွင်း ဝင်ရောက်ပြီး အလုပ်အကိုင်ရှာဖွေသူ (၃၀၀) ခန့်ရှိသည် ဟု ထိုင်းလူဝင်မှုကြီးကြပ်ရေးတပ်ဖွဲ့ဝင်တဦးက ခန့်မှန်းပြောဆိုသည်။ မြန်မာ လူကယ်ရီ တဦး၏ အဆိုအရ ဘန်ကောက်နှင့် ထိုင်းနိုင်ငံအတွင်းပိုင်းသို့ မဲဆောက်မြို့မှတဆင့် ဝင်ရောက်သူများမှာ နေ့စဉ်လူဦးရေ (၁၅၀) ခန့်ရှိသည်ဟု ဆိုသည်။

ထိုင်းအစိုးရက ၂၀၀၈ ခုနှစ်တွင် အသစ်ပြဋ္ဌာန်းလိုက်သည့် လူကုန်ကူးမှုဆိုင်ရာ တိုက်ဖျက်ရေးဥပဒေ (BE ၂၅၅၁) အရ ထိုင်းအာဏာပိုင်များက မြန်မာအပါအဝင် အခြားအိမ်နီးချင်းနိုင်ငံအချို့မှ အလုပ်အကိုင်လာရောက် ရှာဖွေ သူများအား ထိုင်း နိုင်ငံအတွင်းသို့ အလုံးအရင်းနှင့် ဝင်ရောက်မှုတားဆီးရေးကို အရှိန်အဟုန်ဖြင့် လုပ်ကိုင် လျက်ရှိသော်လည်း သန်းချီသည့် တရားမဝင် ဝင်ရောက်သူများ ထိုင်းနိုင်ငံအတွင်းသို့ ရောက်ရှိ နေခြင်းသည် လူကုန် ကူးမှုများတွင် ဒေသခံများနှင့် အာဏာ ပိုင်အချို့ ပါဝင်ပတ်သက်မှုရှိ၍သာ ဖြစ်သည်ဟု မြန်မာ ရွှေ့ပြောင်းအလုပ်သမား အကူအညီပေးရေးအဖွဲ့တခုမှ တာဝန်ရှိသူ တဦးက သုံးသပ် ပြောဆိုသည်။

ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံကြားတွင်လည်း နယ်စပ်ဖြတ်ကျော်သည့် လူကုန်ကူးမှုတွင် နှစ်နိုင်ငံ အာဏာပိုင် အဖွဲ့ အစည်း များနှင့် ဒေသခံအာဏာပိုင်များ ပါဝင်ပတ်သက်မှုမရှိလျှင် ယခုကဲ့သို့ လူကုန်ကူးမှုနှင့် ဆက်စပ်သည့် အခြေနေ ဆိုးများ ဖြစ်ပေါ်လာနိုင်မည် မဟုတ်ကြောင်းလည်း ဆက်လက်ပြောကြားသည်။

ထိုင်းရှေ့နေများအဖွဲ့က ကမကထပြုပြီး မဲဆောက်မြို့တွင် ပြုလုပ်ခဲ့သည့် ရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာ ဥပဒေ ရေးရာဆွေးနွေးပွဲတခုတွင် လာရောက်ဆွေးနွေးပို့ချသည့် ထိုင်းရှေ့နေအဖွဲ့မှ ရှေ့နေတဦးက ဆွေးနွေးပွဲတက်ရောက်လာ သည့် မြန်မာ့အရေးဆောင်ရွက်နေကြသော အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ် များကို “ထိုင်းနိုင်ငံမှာ လာဘ်စားမှု တွေရှိတဲ့အတွက် အဲဒါကိုခင်ဗျားတို့ ကျေးဇူးတင်ရမယ်။ ဒီက လူတွေ လာဘ်မစားဘူး ဆိုရင် ခင်ဗျားတို့အခုလိုတောင် ဒီဆွေး နွေးပွဲကို လာတက်ခွင့်ရမှာ မဟုတ်ဘူး” ဟု ပြောကြား ခဲ့သည်။

မြဝတီခရိုင်အတွင်း ဖြစ်ပွားနေသည့် လူကုန်ကူးမှုများနှင့်ပတ်သက် ၍ မြဝတီမြို့ခံကုန်သည်တဦးက "ဒီကိစ္စမှာ ဒီကေဘီ အေနဲ့လူပွဲစား တွေ အဓိက လုပ်နေကြပေမယ့် တကယ်မရှိမဖြစ်ကတော့ ခရိုင် အာဏာပိုင် တွေရဲ့ ပါဝင်ပတ်သက်မှုက အဓိက ကျပါတယ်။ ခရိုင်အာဏာပိုင်တွေရဲ့ နားလည်မှု မရရင် မြဝတီမှာ ဘာမှလုပ်လို့ မရပါဘူး။ မနှစ်ကဆိုရင် (၉၉၉) ဂိတ်က ပွဲစားကြီးတဦးကို နေပြည်တော်က တိုက်ရိုက်လာဖမ်းပြီး လူကုန်ကူး မှုနဲ့ အဲဒီလူ အခု ထောင်ကျနေတယ်။ အဲဒီလူကို စစ်ကြောရေး ဝင်တော့ အကုန်ဖော် ရတော့တာပဲ။ ခရိုင်အဆင့်ကို ဘယ်လောက် ပေးရတယ်၊ ရပ်ကွက် အဆင့်ကို ဘယ်လောက်ပေးရတယ်၊ ဘယ်သူ့ကို ရာခိုင်နှုန်း ဘယ်လောက်ပေးရလဲ၊ လစဉ်ကြေးဘယ်လောက်ပေးရသလဲ ဆိုတာက အစ ဖော်တော့ သူတို့ ပိုက်ဆံပေးရတဲ့လူတွေထဲမှာ မြဝတီခရိုင် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဦးအောင်ဆွေညွန့်လည်း ပါဝင် ပတ်သက်နေတဲ့အတွက် နေပြည်တော်ကနေ သူ့ကို မနှစ်က နယ်ပြောင်းပြီး အရေးယူလိုက် တယ်။ ကျနော်တို့နိုင်ငံမှာက လူကုန် ကူးမှုမှာ ပါဝင်ပတ်သက်တဲ့ ခရိုင်ဥက္ကဋ္ဌလိုအဆင့်တောင် နယ်ပြောင်းတာ လောက်ပဲ အရေးယူ ခံရတယ်။ တကယ် တိုင်းပြည်ကောင်းအောင် လုပ်မယ့် လူတွေကို တော့ ထောင်နှစ် (၁၀၀) တို့၊ (၇၀) တို့ချတာတွေ လုပ်တယ်။ ကျနော်တို့နိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးစနစ်ကို တွက်သာ ကြည့်တော့။ အခုသူ့နေရာမှာလာတဲ့ မြဝတီခရိုင်ဥက္ကဋ္ဌ ဗိုလ်မှူးထွန်းထွန်း လက်ထက်မှာလည်း အစကတော့ ဟုတ်မလိုလိုနဲ့ အခုပုံမှန်လိုပဲ ပြန်ဖြစ်နေပါပြီ။ ဒီကေဘီအေနဲ့ လူပွဲစားတွေဟာ ဘန်ကောက်က ပြန်လာတဲ့ လူတွေကို ရွေးထုတ်တာအပြင် နေ့တိုင်းဘန်ကောက်ကို ခိုးသွားကြတဲ့ မြန်မာတွေကိုလည်း သူတို့ပဲ လူပွဲစား လုပ်ပြီး စီစဉ်ဆောင်ရွက်ပေးနေတာပါ။ ဒီကိစ္စ ကနေ့အထိ လုပ်လို့ရနေတာကတော့ အာဏာပိုင်တွေရဲ့ ပူးပေါင်း ပါဝင်မှု ကြောင့်ဖြစ်တယ်။ ခက်တာက မြဝတီမှာ အမှန်ပြောရင် ပြဿနာရှိတယ်” ဟု ပြောသည်။

လူပွဲစားများသည် မြဝတီ-ဘားအံ ပြေးဆွဲသည့်ကားများ အသီးသီးဝယ်ထားကြပြီး ဘန်ကောက်တက်၍ အလုပ် လုပ်မည့် လူများအား ဘားအံမှတဆင့် မြဝတီ၊ ဘန်ကောက်သို့ တိုက်ရိုက်ပို့ဆောင်ပေးမှုများလည်း ရှိသည်။

ဘားအံမှ စထွက်ရာတွင် မှတ်ပုံတင်မရှိသူများအတွက် လူပွဲစားများက ဘားအံနှင့်မြဝတီကြားရှိ စစ်ဆေးရေး ဂိတ်များကို လာဘ်ငွေပေး၍ အခက်အခဲမရှိ ဖြတ်ကျော်နိုင်ကြပြီး မြဝတီရောက်ရှိသည့်အခါ ၎င်းတို့ ခေါ်လာသူ များအား ဒီကေဘီအေ (၉၉၉) ဂိတ်အတွင်းသို့ ခေါ်ဆောင်သွားပြီး ၎င်းတို့အိမ်များတွင် တည်းခိုစေသည်။ ထိုမှ တဆင့် ဘန်ကောက်သို့ ဘတ် (၁၅,၀၀၀) နှုန်းဖြင့် လက်ငင်း ငွေပေးချေပြီးမှ ဆက်လက်ပို့ဆောင်ပေးသည်။ ဘားအံ-မြဝတီလမ်းကြောအတွက် ကုန်ကျသည့်လမ်းခရီးစရိတ် ကျပ် (၁) သောင်းခန့်ကိုလည်း သီးခြား ပေးရ သည်ဟု သိရှိရသည်။

မြဝတီမှ မြန်မာဘုန်းတော်ကြီးတစ်ပါးက “ဒီကိစ္စဘာကြောင့် ဖြစ်ရသလဲဆိုတာ လူတွေအားလုံးသိကြပါတယ်။ မြန်မာပြည် ကို အုပ်ချုပ်မင်းလုပ်နေတဲ့လူတွေလည်း သူတို့သိကြပါတယ်။ ခက်တာက အမှန်တရားကို သူတို့ လက်မခံ ကြဘူး။ သူတို့ဖြစ် ချင်တာပဲ သူတို့လုပ်တယ်။ တိုင်းပြည် မအေးချမ်းသရွေ့တော့ ဒီပြဿနာတွေ ရှိနေ အုံးမှာပဲ။ တိုင်းပြည် အေးချမ်းမှပဲ လူထု တွေလည်း သက်သာမယ်။ ဒါမှမဟုတ်ပဲ ဒီအတိုင်းသာ ဆက်သွားမယ် ဆိုရင်တော့ ဒီဒုက္ခသံသရာကြီးဟာ ဒီလိုပဲ သံသရာ လည်နေမှာဖြစ်တယ်” ဟု မိန့်ကြားခဲ့သည်။

ထိုင်းနိုင်ငံအခြေစိုက် မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေကြသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ အဆိုအရ ထိုင်းနိုင်ငံအတွင်း တရားမဝင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသား (၂) သန်းခန့်ရှိပြီး ထိုင်းအလုပ်သမား ဝန်ကြီးဌာနတွင် တရားဝင် အလုပ်လုပ်ကိုင်ခွင့် မှတ်ပုံတင်ထားသူမှာ (၅) သိန်းခန့်ရှိသည်ဟု သိရသည်။

သတင်းပဒေသာ

ဝါရှင်တန်သံအမတ်ဟောင်း ဦးလင်းမြိုင်ကို
နအဖက အမေရိကန်ပြန်လွှတ်ဟု အတိုက်အခံ စွပ်စွဲ
NEJ/ ၂၆ ဇန်န၀ါရီ ၂၀၀၉
တချိန်က အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီမြို့၌ မြန်မာသံအမတ် တာဝန်ထမ်းဆောင်ခဲ့သူ သံအမတ်ဟောင်း ဦးလင်းမြိုင် မကြာခင်က အမေရိကန်နိုင်ငံ ပြန်ရောက်နေသည်ဟု ရန်ကုန်မြို့မှ ဦးလင်းမြိုင်နှင့် နီးစပ်သူများက အတည်ပြုပြောသည်။ ၀ါရှင်တန် မြန်မာသံရုံးမှတဆင့် ...အပြည့်အစုံသို့
ကမ္ဘာ့ရွှေဈေး အတက်အကျကြမ်း
ဘန်ကောက်ရွှေဆိုင်များ ပိတ်

NEJ/ ၂၆ ဇန်န၀ါရီ ၂၀၀၉
ကမ္ဘာ့ရွှေဈေးမှာ တရက်တည်း အတက်အကျ မြန်လွန်းနေသည့် အတွက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တရုတ်တန်းရှိ နာမည်ကြီး ရောင်ဝရတ်ရွှေဈေးတန်းမှ ရွှေဆိုင်များ တရုတ်နှစ်သစ်ကူး ရက်အတွင်းမှာပင် ပိတ်လိုက်ရကြောင်း...အပြည့်အစုံသို့
၂၀၀၉ မြန်မာ့စီးပွားရေးအကျပ်အတည်းနှင့်
လူထုအုံကြွမှု
မင်းနိုင်သူ/ ၂၆ ဇန်န၀ါရီ ၂၀၀၉
၂၀၀၉ ခုနှစ်အတွင်း အာရှနိုင်ငံများ၌ စီးပွားရေးကို အခြေခံသော လူမှုအုံကြွမှုများ ပေါ်ပေါက်လာနိုင်ကြောင်း သတိပေးချက်တရပ်ရှိသည်။ ထိုကဲ့သို့ သတိပေးသူမှာ ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် အာရှ-ပစိဖိတ်ဒေသ ဆိုင်ရာ ဗဟိုရုံးအကြီးအကဲ Ajay Chhibber ဖြစ်သည်။ ၎င်းက အခြေခံဒီမိုကရေစီစံနှုန်းများ ....အပြည့်အစုံသို့

မြန်မာပြည်တွင်း ပထမဆုံး နိုင်ငံရေးဂျာနယ် ထွက်မည်ဟုဆို
ဆင်ဆာဖြတ်တောက်မှုဆိုးရွားလှသည့် မြန်မာပြည်တွင် နိုင်ငံရေးအကြောင်းအရာများ ဖော်ပြမည်ဆိုသော ဂျာနယ်တခုကို လာမည့် ကြာသာပတေးနေ့တွင် ထုတ်ဝေသွားမည်ဟု သိရသည်။ ၂၀၁၀ ရွေးကောက်ပွဲအမှီ နိုင်ငံရေးအမြင်၊ သုံးသပ်ချက်နှင့် ဆောင်းပါးများ အဓိက...

အိုဘားမားမိန့်ခွန်း ဆင်ဆာထိ

ရန်ကုန် အခြေစိုက် သတင်းဂျာနယ်များတွင် အမေရိကန် သမ္မတသစ် အိုဘားမား၏ မိန့်ခွန်း အပြည့်အစုံကို ဖော်ပြခွင့် မရှိကြောင်း သတင်းဂျာနယ် အသိုင်းအဝန်းမှ ကြားသိရသည်။

လူကုန်ကူးခံရသူ မိန်းကလေး ၃ ဦး စိုးရိမ်ရ

တရုတ် နိုင်ငံဘက်သို့ နယ်စပ် ဖြတ်ကျော် လူကုန်ကူး ခံခဲ့ရသော မိန်းကလေး ၃ ဦးနှင့် ပတ်သက်သည့် လက်ရှိ အခြေအနေမှန်ကို မကြားသိရ သောကြောင့် မိသားစုဝင်များက

ရိုဟင်ဂျာအရေး ထိုင်းက အလျှော့မပေး

ထိုင်းနိုင်ငံသို့ ပြီးခဲ့သည့် နှစ်များအတွင်း ရိုဟင်ဂျာ နှစ်သောင်းခန့် ရောက်ရှိခဲ့ပြီး၊ အချို့မှာ ထိုင်း နိုင်ငံတွင် သောင်တင် နေကြောင်း ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာနက ယနေ့ ပြောကြား

ဂန်ဘာရီ မြန်မာပြည် သွားဦးမည်

ကမ္ဘာ့ ကုသမဂ္ဂ၏ မြန်မာ နိုင်ငံဆိုင်ရာ အထူး အကြံပေး အရာရှိ မစ္စတာ အီဗရာဟင် ဂန်ဘာရီသည် ယခု လကုန်ပိုင်းတွင် မြန်မာနိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း

မဵက်မှောက်ရေးရာ - ဓာတ်ပုံသတင်း
မြန်မာပြည်မှ အသက်အငယ်ဆုံး သီလရှင်
ဓာတ်ပုံသတင်း
ဇန်န၀ါရီ ၂၆၊ ၂၀၀၉

သရုပ်ဆောင် လူမင်းက ၎င်း၏သမီးဖြစ်သူကို ယခုလ ၁ ရက်နေ့၌ ကျရောက်သော ရက် ၁၀၀ ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် သီလရှင် ၀တ်ပေးခဲ့ကြောင်း အလင်းတန်းဂျာနယ်တွင် ဖော်ပြခဲ့သည်။ (ဓာတ်ပုံ- အလင်းတန်းဂျာနယ်)

ပုံ ၁ - အသက်အငယ်ဆုံး သီလရှင် မစန္ဒာဓိကာ၊ အမည်ရင်း မဧရာဝတီလူမင်း။

ပုံ ၂ - ရွှေတိဂုံစေတီတွင် တွေ့ရသော နာမည်ကျော် ဆရာတော် အရှင်ဆန္ဒာဓိက နှင့် သရုပ်ဆောင်လူမင်း

ပုံ ၃ - ရွှေတိဂုံစေတီ အထက်ပစ္စယံတွင် ရွှေပြား တပ်ဆင် လှူဒါန်းနေသော ရုပ်ရှင်မင်းသား။

အျပည့္အစုံသိုႛ ...
Mar Mar Aye - 261
- Mar Mar Aye
ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ် (၂၆၁)
‘ရွှေပြည်စိုး’ နဲ့ ‘ဟေ၀န်နန်း’
မာမာအေး
ဇန်န၀ါရီ ၂၅၊ ၂၀၀၉

“ - - သီချင်းနှစ်ပုဒ်မှာ အစအဆုံး ထပ်တူ မူကွဲ မဖြစ်နေပါဘူး။ ခြေဆင်းပိုဒ် အပြီးမှာ စည်းဝါးနဲ့ စပြီး ဆိုရတဲ့ ပထမပိုဒ်နဲ့ သီချင်းတပိုဒ်စီရဲ့ အဆုံး သီချင်းအချတွေမှာသာ အလိုက်တူ ဖြစ်နေတာပါ။ - - ”

အျပည့္အစုံသိုႛ ...
U Thant turns 100 at SF Bay Area
မဵက်မှောက်ရေးရာ - ဓာတ်ပုံသတင်း
From U Thant turns 100 in SF

ဦးသန့် နှစ် ၁၀၀ မွေးနေ့ ဆန်ဖရန်စစ္စကိုဘေးဧရိယာမှာ ပြုလုပ်

မိုးမခ ဓာတ်ပုံသတင်း

အဇန်န၀ါရီ ၂၅၊ ၂၀၀၉

ယမန်နေ့ နေ့လယ်ပိုင်းက ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ချုပ်ကြီးရဲ့ တတိယမြောက် အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်တဲ့ ကွယ်လွန်သူ ဦးသန့်ရဲ့ နှစ်တရာပြည့် အထိမ်းအမှတ်ပွဲ ပြုလုပ်ကြပါတယ်။ နေရာက ဖရီးမောင့်မြို့ မေတ္တာနန္ဒဝိဟာရ ဓမ္မ ရိပ်သာမှာပါ။ ဒီပွဲကို ဆန်ဖရန်စစ္စကို ဘေးဧရာရှိ လူငယ်များက ဦးဆောင် ကမကထပြုလုပ်ကာ ကျင်းပကြတာပါ။ ဦးသန့်အကြောင်းကို လူငယ်တွေပိုမိုသိရှိစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျင်းပကြခြင်းဖြစ်ပါတယ်။ အရှင်ဉာဏိက၊ ဆရာဦးလှမင်း၊ ဆရာကိုထိန်လင်းနဲ့ ဆရာမင်းဇင်တို့က ဟောပြောကြပါတယ်။

U Thant by Nyan Oo Maung
စာပဒေသာ - အတွေးအမြင်
အနှစ်တရာ မမေ့သာ
ဉာဏ်ဦးမောင်
ဇန်န၀ါရီ ၂၅၊ ၂၀၀၉

ဒီနေ့ နေ့လယ်ပိုင်းက ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ချုပ်ကြီး ရဲ့ တတိယမြောက် အထွေထွေအတွင်းရေးမှူးချုပ် ဖြစ်တဲ့ ကွယ်လွန်သူ ဦးသန့်ရဲ့ နှစ်တရာပြည့် အထိမ်းအမှတ်ပွဲ ပြုလုပ်ကြပါတယ်။ နေရာက ဖရီးမောင့်မြို့ မေတ္တာနန္ဒဝိဟာရ ဓမ္မ ရိပ်သာမှာပါ။ ဒီပွဲကို ဆန်ဖရန်စစ္စကို ဘေးဧရာရှိ လူငယ်များက ဦးဆောင် ကမကထပြုလုပ်ကာ ကျင်းပကြတာပါ။ ဦးသန့်အကြောင်းကို လူငယ်တွေ ပိုမို သိရှိစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျင်းပကြခြင်းဖြစ်ပါတယ်။ အရှင်ဉာဏိက၊ ဆရာဦးလှမင်း၊ ဆရာကိုထိန်လင်းနဲ့ ဆရာမင်းဇင်တို့က ဟောပြောကြပါတယ်။

အျပည့္အစုံသိုႛ ...
Biography of Mahn Win Maung, President of Burma in 1957 (Part -7)
သမိုင်းနှင့်အစဉ်အလာ - မှတ်စုမှတ်တမ်း
မန်းဝင်းမောင် အတ္ထုပ္ပတ္တိ အပိုင်း(၇)
မှတ်စုမှတ်တမ်း
ဇန်န၀ါရီ ၂၄၊ ၂၀၀၉

မြန်မာပြည်သို့ လာရောက်လည်ပတ်သော ထိုင်းဘုရင် နဲ့ သမ္မတမန်းဝင်းမောင်

မြင်းမွေးမြူရေးနဲ့ သားစပ်ရေးစခန်းများ သုံးနေရာ ဖွင့်လှစ်ထားပါတယ်။ ရန်ကုန်မှာ တနေရာ၊ မန္တလေးမှာ တနေရာနဲ့ တောင်ကြီးမှာ တနေရာဖြစ်ပါတယ်။ ရန်ကုန်စခန်းကို ဦးဘလှိုင်၊ မန္တလေး စခန်းကို ဦးကင်းနဲ့ တောင်ကြီးစခန်းကို ဦးဘပေါတို့က အုပ်ချုပ်ပါတယ်။ ရန်ကုန်စခန်းဟာ သမ္မတအိမ်တော်ဝင်း ရှမ်းလမ်းနဲ့ အလုံလမ်းထောင့်ဘက်မှာ ဖွင့်လှစ်ထားပါတယ်။

အျပည့္အစုံသိုႛ ...

- ၀ါရှင်တန်သံအမတ်ဟောင်း ဦးလင်းမြိုင်ကို နအဖက အမေရိကန်ပြန်လွှတ်ဟု အတိုက်အခံ စွပ်စွဲ click
- ကမ္ဘာ့ရွှေဈေး အတက်အကျကြမ်း၊ ဘန်ကောက်ရွှေဆိုင်များ ပိတ် click
- ၂၀၀၉ မြန်မာ့စီးပွားရေးအကျပ်အတည်းနှင့် လူထုအုံကြွမှု (သုံးသပ်ချက်) click
- မြန်မာလူရည်ချွန်သုံးဦး ရာပြည့် click
- အခွန်တိုးမြှင့်ကောက်ခံခြင်းကြောင့် မီးသွေးလုပ်ငန်းလုပ်ကိုင်သူများ စာဝတ်နေရေးကျပ်တည်းလာ click
- တရုတ်နဂါးကသည့် ရန်ကုန်ည (ဆောင်းပါး) click
- ဆက်တွန်းရင် ပိတ်နေတဲ့တံခါး ပွင့်သွားနိုင်တယ် (အင်တာဗျူး) click
- သီးလေးသီးအငြိမ့်သဘင် ဖီးနစ်မြို့ဖျော်ဖြေပွဲ ပြီးဆုံး click
- ရင်နာလွန်းလို့ (ပေးစာ) click
- ရန်ကုန်မြို့ လှည်းတန်းလမ်းမတွင် မီးလောင်မှုဖြစ်ပွား click
- စုံညီအစည်းအဝေးခေါ်ဖို့ မိတ္ထီလာအဖွဲ့ချုပ်က အဖွဲ့ချုပ်ဗဟိုကို တောင်းဆို click
- အိုဘားမားထံမှာ မြန်မာတွေ ဘာများလေ့လာသင်ယူသင့်သလဲ click
- ရန်ကုန်မြို့နယ်အချို့တွင် ပြည်ခိုင်ဖြိုးအသင်း အသင်းဝင်စုဆောင်း click
- မြင်းခြံဂျီတီစီကျောင်းသားနှစ်ဦး ဆိုင်ကယ်တိုက်ခံရမှု နောက်ဆက်တွဲ click

Burma News

LETTER FROM DELTA

On the Road to Labutta

By KYI WAI
The Irrawaddy’s Rangoon-based reporter recently returned to the scene of last year’s cyclone disaster and witnessed first-hand how villagers are handling the aftermath.

Editorial, Opinion and Analysis

A New U.S. Strategy for Burma

(Commentary) The inauguration of Barack Obama as the 44th President of the United States will mark major changes in policy in many...



A New US Strategy for Burma
Mizzima.com - New Delhi,Delhi,India
However, the Obama administration is highly likely to continue the Bush policy of pushing for restoration of civilian democratic rule in Burma. ...
See all stories on this topic
REFUGEES STRUGGLE: Economic situation makes life tougher for newcomers
High Point Enterprise (subscription) - High Point,NC,USA
The refugees came from Myanmar (Burma), Iraq, Iran, Cuba, Vietnam, Bhutan, Somalia, Sudan and Burundi, and though currently about 118 refugees are employed, ...
See all stories on this topic
Tom Lantos JADE Act Guidelines Released
IDEX Online - Israel
The Act specifies that all rubies and jadeite originally from Burma (Myanmar) or jewelry containing these gemstones cannot enter the US even if they had ...
See all stories on this topic
Rights groups demand fair treatment for migrant workers in Thailand
Mizzima.com - New Delhi,Delhi,India
The migrant workers in Thailand hail from Laos, Cambodia and Burma, while most of them are from Burma and have not registered themselves. ...
See all stories on this topic
Rohingya issue early test for government
Bangkok Post - Thailand
As everyone knows, however, there is one nation that can go a very long way toward solving the problem on its own, and that is Burma. ...
See all stories on this topic
Reality is harsh; hope remains strong
High Point Enterprise (subscription) - High Point,NC,USA
By Karen Underwood HIGH POINT - Hang Khan Pau, a refugee from Burma who came to High Point through World Relief, is one of the 11.1 million people in the ...
See all stories on this topic
Merrimack High club helps make a difference
Nashua Telegraph - Nashua,NH,USA
Random Acts of Kindness is also planning a benefit concert called Beats for Burma. The concert will take place on the football field and will feature local ...
See all stories on this topic
Variety
'Push' wins big at Sundance Awards
Variety - Los Angeles,CA,USA
... to Janus Billeskov Jansen and Thomas Papapetros for “Burma VJ,” about Burmese journalists who covertly shot and sent out footage of the 2007 protests. ...
See all stories on this topic
Learn from Rangoon, but do not involve it
Nation Multimedia - Bangkok,Thailand
Whatever the answer, the red-shirts have mocked Thailand, Burma and themselves at the same time. The pro-Thaksin group was effectively telling the world ...
See all stories on this topic
Mission of Burma with Huak and The Rattlesnakes
MaineToday.com - Portland,ME,USA
Yes, THE Mission of Burma! "They're making their noise their way, the same way they did some two decades ago. And it's a sound as vital and inspirational as ...
See all stories on this topic

Blogs Alert for: Burma news

Rights groups demand fair treatment for migrant workers in ...
The migrant workers in Thailand hail from Laos, Cambodia and Burma, while most of them are from Burma and have not registered themselves. So this plan seems intended solely for Burmese migrant workers. ...
Burma Bloggers' Network - http://www.burmabloggers.net/
Fear from Freedom: Travel to Myanmar
By May Burma
The boatman take you around the islands and you can fish. He also brings his own seafood and drinks which he cooks for you at an island while you snorkel or rest. Posted by May Burma at 5:27 AM ...
Fear from Freedom - http://www.mayburma.com/
Myanmar Celebrities' Gossip, News, Videos, Photos, Fashion ...
By Zenith Zin
Myanmar celebrity, Myanmar models, Myanmar sexy actress, Myanmar sexy model,hot photos, gossip, news, Burmese actress, actor News and photos, Burmese movie stars, Burmese film stars news and gossips.
Myanmar Celebrities' Gossip,... - http://www.myanmarcelebrity.com/
Six months on « TEEP news lord
Filed under: all lord news — admin @ 6:45 am. Hope dawns in post-Nargis Burma Save the Children This is expected Six months after Cyclone Nargis to continue into 2009. Although devastated parts of southern Burma nearly all the delta's ...
TEEP news lord - http://lordblogsave.com/
Burma Wants Freedom & Democracy: Foreign mind transmissions
By Jeg
Let's read the news online and find out how the same topic can be twisted conveniently to suit their business. Burma Activism is in a critical stage right now and we have to put aside all unnecessary emotional wastage. ...
Burma Wants Freedom & Democracy - http://jegsburma.blogspot.com/
- Asean nations can help end refugees’ woes click
- Officials probe lead poisoning among refugees click
- Poor Healthcare for Female Prisoners in Burma click
- Umno Youth Helping Trace Tan Hui Ming In Myanmar click
- Thai government faced with new abuse charges click
- Myanmar-Chinese in Myanmar prepare for new year celebration click
- Thais deny boat people abuse claims click
- UN envoy to visit Myanmar, but reform hopes low click
- Myanmar puppet players to perform in Tokyo click
- Int'l private college to provide scholarship to Myanmar students click
- Int'l organization to help Myanmar conduct research on forestry click

၂၀၁၀ ရွေးကောက်ပွဲနဲ့ အပစ်အခတ်ရပ်စဲရေးအဖွဲ့များ ကံကြမ္မာ-၂

ဗိုလ်ထက်မင်း / ၂၃ ဇန်န၀ါရီ ၂၀၀၉

နအဖရဲ့  One Army group အရ အပစ်ရပ် အဖွဲ့ကို မြန်မာ့ တပ်မတော်မှာ လက်ခံ မယ် ဆိုရင် လည်း သူတို့အား အဆင့်တူပေးဖို့ အခက် အခဲတွေ ရှိနေ ပါသေးတယ်။

သူတို့ရဲ့  ဗိုလ်ကြီးတဦးကို မြန်မာ့ တပ်မတော်မှာ တပ်ခွဲမှူးရာထူး ဗိုလ်ကြီး အဆင့် ပေးမယ်ဆိုရင် စစ်နည်းဗျူဟာ သင်ခန်းစာများ စနစ်တကျ မသင်ခဲ့ ရလို့ မကျွမ်းကျင်မှု အပြင် ပညာရေး အဆင့် အတန်း၊ ဘာသာစကား ကလည်း စကား ပြောပြီး မြန်မာ စစ်သားများရဲ့ ကြည်ညို လေးစားမှုကို ရရန် တော်တော် ခက်ခက်ခဲခဲ တည်ဆောက်ရဖို့ ရှိပါတယ်။

အချို့အပစ်ရပ်အဖွဲ့တွေဆိုရင် ပါတီတရပ်အသွင်ကူးပြောင်းပြီး သူတို့ရဲ့ လူမျိုးစု ဆိုင်ရာ ပါတီမရှိခဲ့တာကြောင့် ရွေးကောက်ပွဲဝင်ဖို့ စိုင်းပြင်းနေ ကြပါတယ်။ လွှတ်တော်မှာ တရားဝင် ပြောရေးဆိုခွင့် အခွင့်အရေး လက်လွှတ် သွားကြမှာ စိုးရိမ်ဟန် ရှိပါတယ်။

ဒါပေမယ့် ကချင်ပြည်နယ်မှာပင် ကချင်ပြည်လွတ်လပ်ရေးတပ်မတော် (KIA) က လုပ်မယ့်ပါတီတရပ်ကို စခုန်တိန်ယိန်း ဦးစီးတဲ့ ဒီမိုကရေစီသစ် တပ်မတော်- ကချင် NDA (K) နဲ့ KIA ခွဲထွက် ဗိုလ်မှူးကြီး လဆန်အောင်ဝါတို့ အဖွဲ့တွေ ပူးပေါင်းပါဝင်မှု ရှိ မရှိ မသေချာသေးကြောင်း သိရပါတယ်။

နအဖက လက်နက်ကိုင် အပစ်ရပ်အဖွဲ့တွေကို လက်နက်ဖြုတ်သိမ်းဖို့ ကြိုးစား တဲ့နေရာမှာ အပစ်ရပ်အဖွဲ့တွေက ပါတီတရပ်အဖြစ် ၀င်မယ်ဆိုရင် အခြေခံ ဥပဒေအရ လက်နက်ကိုင် မိခင်တပ်က အပြီးအပိုင် ထွက်ရမှာဖြစ်လို့ သူ့အလိုလို လက်နက် ဖြုတ်ခိုင်းပြီးသား ဖြစ်သွားမှာကိုလည်း အပစ်ရပ် အဖွဲ့တွေက စိုးရိမ်နေကြပါတယ်။ ဒါကြောင့် အချို့အပစ်ရပ်အဖွဲ့တွေက လက်နက် ဖြုတ်ခိုင်းတာ မခံချင်တာကြောင့် ရွေးကောက်ပွဲ မ၀င်ဘူးလို့ ပြောနေ သံလည်း ကြားနေရပါတယ်။

တချို့ အားနည်းတဲ့ အပစ်ရပ် တိုင်းရင်းသားအဖွဲ့တွေကို ရှမ်းပြည်နယ်မှာ နအဖက အင်အားသုံး ခြိမ်းခြောက် လက်နက်ဖြုတ်ဖို့ သွေးထိုး စမ်းကြည့်တဲ့အခါမှာ အင်အားကြီး အပစ်ရပ်အဖွဲ့တွေရဲ့  ဝေဖန်သံ ပွက်လော ရိုက် သွားလို့ နအဖလည်း အရှိန်တန့်သွားပါသေးတယ်။

နအဖနဲ့ ငြိမ်းချမ်းရေး ရယူထားခဲ့တဲ့ ထဲဘူးဖဲ ဦးစီး ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) နဲ့ စိုင်းရီ ဦးစီး ရှမ်းပြည် အမျိုးသား တပ်မတော် (SSNA) (တပ်မဟာ ၁၁၊ ၁၉) အဖွဲ့၊ ခွန်သူရိန် ဦးစီး (ပင်မအဖွဲ့ တချို့  မပါ) ရှမ်းပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (ရလလဖ) အဖွဲ့တို့ဟာလည်း နအဖနဲ့ ပဋိပက္ခဖြစ်ပြီး တောထဲ ပြန်ဝင်သွားကြပါတယ်။

ဒါကြောင့် အဖွဲ့ဝင်အားလုံးပါတဲ့ KNPP နဲ့ SSNA နှစ်ဖွဲ့ နုတ်လိုက်ပါက လက်ကျန်အဖွဲ့ စုစုပေါင်း (၃၄) ဖွဲ့ရှိရာ အပစ်ရပ် လက်နက်ကိုင်အဖွဲ့နှင့် လက်နက်ကိုင် စွန့်လွှတ် ထားသော အဖွဲ့များ အပါအ၀င် အုပ်စု အမျိုးအစားအနေနဲ့ အင်အားကြီးအဖွဲ့ (၁၅) ဖွဲ့နဲ့ အင်အားငယ်သော အဖွဲ့ငယ် (၁၉) ဖွဲ့ပါဝင်ပါတယ်။ အဲဒီ အဖွဲ့တွေရဲ့  ခေါင်းဆောင်များ၊ အဖွဲ့အမည်တွေနဲ့ ငြိမ်းချမ်းရေး စတင်ဝင်ရောက်ခဲ့စဉ်က အင်အား (လက်နက်စာရင်း အမှန်မရှိနိုင်၍ မဖော်ပြတော့ပါ) စာရင်းကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

မှတ်ချက်။ ။ ဂျော်နီထူး ဦးစီး ကရင် God's Army (၁၀ ဦး)၊ ဒေးမူး KNPP၊ စောဘေးဘေ KNPP နဲ့ တိတ်စိုး/ သန်းစိုးအောင် ရခိုင် အမျိုးသား ညီညွတ်ရေးပါတီ (NUPA) တို့ဟာ အင်အားနည်းပြီး တဦးချင်း ၀င်၍ အဖွဲ့ အနေနဲ့ မဖော်ပြတော့ပါ။

အင်အား (၁) ထောင် အထက်ရှိလို့ အနက်လိုင်း တင်ထားတဲ့ အင်အားကြီး အဖွဲ့ (၁၅) ဖွဲ့ထဲမှ မော်ထိုင်း တပ်မတော် (MTA) အဖွဲ့အား လက်နက်အချို့  ပြန်လည် ထုတ်ပေးပြီး ဒေသ ပြည်သူ့စစ် အဖွဲ့အနေနဲ့ ရှမ်းပြည်နယ် တောင်ပိုင်းမှာ (၉) ဖွဲ့ ဖြန့်ခွဲထားပါတယ်။

ဒါ့အပြင် နအဖက လက်နက်တပ်ဆင် ဖွဲ့စည်းပေးထားသော သီးခြားအဖွဲ့သစ် အဖြစ် ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ပြည်သူ့စစ်အဖွဲ့ (၉) ဖွဲ့ ရှိပါသေးတယ်။ အဲဒီ ပြည်သူ့စစ်အဖွဲ့ အမည်များမှာ မုံးကိုး၊ ဖောင်းဆိုင်း၊ သိန္နီ၊ တာမိုးညဲ၊ ကွတ်ခိုင်၊ မုံးပေါ်၊ မူဆယ်၊ နမ့်ခမ်း၊ မိုင်းငေါ့ တို့ ဖြစ်ပါတယ်။

အဲဒီလို အဖွဲ့ပေါင်းများစွာကို ကိုင်တွယ်နိုင်ဖို့ နအဖက ငြိမ်းချမ်းရေး ရယူခဲ့စဉ်မှာ သဘောတူညီချက် (၁၄) ချက် ထားရှိပေမယ့် အပစ်ရပ် တိုင်းရင်းသား အဖွဲ့တွေက နအဖရဲ့ မရိုးသားမှုကို သိရှိလာတာရယ်၊ အချင်းချင်း မယုံသင်္ကာ သံသယစိတ် ရှိတာရယ်ကြောင့် စည်းကမ်းချက် တွေအား မထိန်းဘဲ ဖောက်ဖျက်မှုတွေ ရှိကြပါတယ်။

အဲဒီ (၁၄) ချက်အနက် ဖောက်ဖျက်ခဲ့တဲ့အချက်အများစုကို ရှင်းပြရရင်

-အစိုးရ ဆန့်ကျင်တဲ့ အဖွဲ့အစည်းများနှင့် လုံးဝ မဆက်သွယ်ရန် ဆိုတာကို လျှို့ဝှက်စွာ ဆက်သွယ်နေကြခြင်း၊

-လက်ရှိ တပ်အင်အားအပြင် ထပ်မံတိုးချဲ့ ခြင်း၊ လူသစ် မစုရန်ဆိုတာကို မလိုက်နာဘဲ KIA နဲ့ ၀ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) တပ်ဖွဲ့ အင်အားများ တိုးချဲ့ နေကြခြင်း၊

-သင်တန်းဖွင့်လှစ်၍ စစ်ရေးလေ့ကျင့်မှုများ မပြုလုပ်ရန် ဆိုတာကို နားမထောင်ဘဲ UWSA၊ KIA၊ မွန်ပြည်သစ်ပါတီ (NMSP) အပစ်ရပ်အဖွဲ့များ စစ်ရေးပြ သင်တန်းဆင်းပွဲများ အကြိမ်ကြိမ် ပြုလုပ်ကြခြင်း၊

-လူ လက်နက် ခဲယမ်း ဖွဲ့စည်းပုံစာရင်း အသေးစိတ်ပေးရန် ဆိုတာကို နှိပ်ကွပ်မှာ စိုးလို့ အင်အားကို လျော့ပြီး မမှန်မကန် ပေးထားခြင်း၊

-ဆက်ကြေးကောက်ခြင်း၊ ဘိန်းခွန်ကောက်ခြင်း၊ ဘိန်းလုပ်ငန်းကို လုပ်ကိုင်ခြင်း၊ လူထုကို အနိုင်ကျင့်ခြင်း စတာတွေ လုံးဝမပြုရ ဆိုတဲ့အချက်တွေ ဖြစ်ပါတယ်။

ဒါပေမယ့် တိုးတက်သောဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA) အပါအ၀င် ရှမ်းပြည်နယ်ရှိ အပစ်ရပ် တိုင်းရင်းသားအဖွဲ့ အများစုက အလေးအနက် လိုက်နာခြင်း မပြုဘဲ လုပ်ကိုင်ဆောင်ရွက်နေကြခြင်း၊ သတ်မှတ် နယ်မြေတွင် သွားလာ၍ ရသော်လည်း အခြား နေရာများ သွားလာလိုပါက တပ်စခန်းများသို့ သတင်း ပို့၍ လက်နက်မဲ့ သွားလာရန် ဆိုတာကို နားမထောင်ဘဲ မန္တလေးမြို့ တော်အထိ ပစ္စတို ကဲ့သို့ လက်နက်တိုများ ယူဆောင်သွားရာ စားသောက်ဆိုင် များတွင် ပြဿနာ တက်ရာမှ တိုင်းမှူးနှင့် ထိပ်တိုက် တွေ့ခြင်း၊ နိုင်ငံရေး ပါတီများနှင့် ကင်းရှင်းစွာ နေထိုင်ရန် ဆိုတာကို တရားမ၀င်ရော၊ တရားဝင်ပါ ဆက်သွယ်ကြခြင်း၊ အစိုးရရဲ့  အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး၊ တရားစီရင်ရေး အပိုင်းများမှာ ၀င်ရောက်စွက်ဖက်ခြင်း မပြုရန် ဆိုတာကို အပစ်ရပ် အဖွဲ့များက မြို့များ ပေါ်တွင် သူတို့ရဲ့  တပ်ဖွဲ့ဝင်တွေ ပြဿနာ ဖြစ်ပွားတာနဲ့ ရဲနဲ့ တရားသူကြီးအား ခြိမ်းခြောက်ခြင်းနဲ့ စစ်ထောက်လှမ်းရေး အကာအကွယ် သုံးပြီး ဆွဲထုတ်ခြင်း စတဲ့ ဖောက်ဖျက် ကျူးလွန်နေ ကြတာတွေ အားလုံးကို နအဖက အတွင်းကြိတ်ပြီး ဖြေရှင်းနေရတာတွေ အများကြီး ရှိပါတယ်။

အရေးကြီးဆုံး အချက်ဖြစ်တဲ့ အချက် နံပါတ် (၂) အရ အပစ်ရပ် အဖွဲ့တွေအနေနဲ့ လက်နက်ကိုင် တော်လှန်ရေး လမ်းစဉ် စွန့်လွှတ်ရန်ဆိုတဲ့ အချက်ကို စစ်အာဏာရှင်တွေ မလုပ်နိုင်သေးတာ တွေ့ရပါတယ်။

စရဖ မှ ဗိုလ်ရဲမြင့်ဟာ အပစ်ရပ် တိုင်းရင်းသားအဖွဲ့တွေနဲ့ ညှိနှိုင်းနေပြီး နည်းလမ်း ရှာဖွေ နေကြပါတယ်။ ဗိုလ်ရဲမြင့်ဟာ ရှမ်းအရှေ့  မိုင်းလားဒေသ အထူးဒေသ (၄) အပစ်အခတ် ရပ်စဲရေး အဖွဲ့ခေါင်းဆောင် ဦးစိုင်းလင်းကို တွေ့ဆုံကာ လာမယ့်ရွေးကောက်ပွဲမှာ ခေါင်းဆောင်များအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ရန် တိုက်တွန်း ခဲ့ပါတယ်။

အချို့သော တိုင်းရင်းသား အပစ်အခတ်ရပ်စဲရေး ခေါင်းဆောင်များအနေနဲ့ စစ်အစိုးရ ချဉ်းကပ်လာတဲ့ “အပစ်အခတ်ရပ်စဲရေး ပုံစံအသစ်” အား လက်ခံလိုတဲ့ သဘောရှိဟန်တူပါတယ်။ သူတို့က လိုချင်တဲ့ နိုင်ငံရေး အခွင့်အရေး တချို့ကိုလည်း ရမယ်။ မိမိတို့ရဲ့ လက်နက်ကိုင်တပ်ကိုလည်း ဖျက်သိမ်းဖို့ မလိုတဲ့အတွက် စစ်အစိုးရ ကမ်းလှမ်းလာတဲ့ ထိုအပစ်အခတ် ရပ်စဲရေး ပုံစံသစ်အား သဘောကျကောင်း ကျနိုင်ပါတယ်။

လက်ခံမယ်ဆိုရင် စစ်အစိုးရ အထိုက်အလျောက်ခွဲပေးတဲ့ နိုင်ငံရေးနှင့် စီးပွားရေး အခွင့်အရေးတချို့ကို ရရှိမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့  လက်နက်ကိုင်တပ်ဖွဲ့တွေကို စစ်အစိုးရက ပြုပြင်ပြောင်းလဲ ဖွဲ့စည်းမှာကိုတော့ လက်ခံရမှာ ဖြစ်ပါတယ်။

အဲဒါကတော့ အပစ်ရပ် အဖွဲ့တွေရဲ့ တပ်တွေကို ပြည်နယ်စောင့် အထူးရဲများအဖြစ် အသွင်ပြောင်းထားရှိဖို့နဲ့ တိုင်းမှူးရဲ့ ကွပ်ကဲမှု အောက်ထဲသို့ ထည့်သွင်းစေရေး နည်းလမ်း ဖြစ်ပါတယ်။

စစ်တပ်ရဲ့  ကွပ်ကဲမှုအောက် အခြေခံယူနစ်ဖြစ်တဲ့ တပ်ရင်းတွေထဲ တိုက်ရိုက် ထည့်ပြန်ရင်လည်း အထက်မှာ တင်ပြခဲ့သလို အခက်အခဲများ ရှိလာနိုင်တာမို့ နည်းလမ်းအသစ် ရွေးချယ်နေဟန် တူပါတယ်။

ဒါပေမယ့် ပြည်နယ်စောင့် ရဲတပ်ဖွဲ့အနေနဲ့ သူတို့ကို ဖွဲ့စည်းခွင့် ပေးရင်တောင် ရဲတပ်ဖွဲ့ရဲ့  ဖွဲ့စည်းပုံ သတ်မှတ် ချက်အရ ဆက်ထားခွင့် မရနိုင်တဲ့ လေယာဉ်ပစ် ဒုံးပျံများ၊ စွမ်းအားမြှင့် ပေါက်ကွဲမှု ပြင်းထန်တဲ့ လက်နက်ကြီးများ၊ ဗုံးများ၊ မိုင်းဗုံးများ လုံခြုံရေးနဲ့ ဆက်သွယ်ရေးစက်များကို မြန်မာစစ်တပ်က ပြန်သိမ်းလို့ ရ၊ မရ ဆိုတဲ့ပြဿနာများလည်း ရှိနေပါတယ်။

တဖန် အပစ်ရပ် အဖွဲ့ခေါင်းဆောင်တွေက တိုင်းမှူးရဲ့  အမိန့်အတိုင်း နာခံမှု အပိုင်းမှာ နာခံမှု မရှိနိုင်ဘဲ တိုင်းမှူးရဲ့  လုပ်ပိုင်ခွင့် အာဏာနဲ့ ဆုံးဖြတ်ပေးနိုင်မှု နိမ့်ပါးလာနိုင်တာမို့ အာခံနိုင်ကြောင်း “၀” တပ်ဖွဲ့တွေရဲ့ ဖြစ်စဉ် ကလည်း သက်သေပြနေပါတယ်။

ဒါ့အပြင် အချို့  တိုင်းလက်အောက်ခံ တိုင်းမှူးရဲ့  ကွပ်ကဲမှုအောက် တပ်အင်အားမှာ အပစ်ရပ်အဖွဲ့ရဲ့  အင်အားနဲ့ နှိုင်းယှဉ်ပါက အင်အား ချည့်နဲ့ နေတာလည်း ထည့်သွင်းစဉ်းစားစရာ ဖြစ်နေပါတယ်။

အချုပ်ဆိုရရင် နအဖရဲ့  လက်နက်ကိုင် အပြီးစွန့်လွှတ်နိုင်ရေး “မူ” ကို အပစ်ရပ် အဖွဲ့တွေက တင်းမာစွာ တုံ့ပြန်ကြမယ့် သဘောရှိပါတယ်။

ဒါကြောင့် အပစ်ရပ်အဖွဲ့တွေဟာ စစ်အာဏာရှင်တွေအတွက် စိန်ခေါ်မှုတရပ် ဖြစ်နေပြီး ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီး တက်လာမယ့် ရုပ်သေး အရပ်သား အစိုးရသစ်အတွက် လည်း ခေါင်းခဲစရာ ပြဿနာ တရပ်အဖြစ် ရှိနိုင်ပါတယ်။

“အင်္ဂလိပ်အခက် ဗမာ့အချက်” ဆိုပြီး မြန်မာ့လွတ်လပ်ရေးအတွက် တနိုင်ငံလုံး တိုက်ပွဲဝင်ခဲ့ကြပါတယ်။ “နအဖရဲ့  အခက် ပြည်သူတွေရဲ့ အချက်” ဆိုတာကို သတိထားပြီး မပြီးဆုံးသေးတဲ့ မြန်မာနိုင်ငံရဲ့ လွတ်လပ်မှု တရားမျှတမှု တို့အတွက် နည်းလမ်းပေါင်းစုံနဲ့ ဆက်လက်တိုက်ပွဲဝင်ရမှာ ဖြစ်ပါတယ်။

(၂၀၁၀ ရွေးကောက်ပွဲနဲ့ အပစ်အခတ်ရပ်စဲရေးအဖွဲ့များ ကံကြမ္မာ-၁)

သတင်းပဒေသာ

President Obama delivers radio address, 24 Jan 2009

အမေရိကန် ဒေါ်လာ ၈၂၅ ဘီလီယံ သုံးစွဲမယ့် အမေရိကန် စီးပွားရေးကို နိုးဆွပေးမယ့် အစိုးရရဲ့ အစီအစဉ်အပေါ် ပြည်သူတွေရဲ့ ထောက်ခံမှု ရရှိဖို့ အမေရိကန် သမ္မတ ဘားရက်ခ် အိုဘားမား အကြီးအကျယ် ကြိုးစားနေပါတယ်။

ဒေါက်တာစိန်ဝင်းကိုပင် စင်ပြိုင်အစိုးရ ၀န်ကြီးချုပ်အဖြစ် ရွေးချယ်

ပုံမှန်လုပ်နေကြ ရွေးကောက်ပွဲက အတိုက်အခံ စင်ပြိုင်အစိုးရ ၀န်ကြီးချုပ်အဖြစ် ဒေါက်တာစိန်ဝင်းကိုပင် ပြန်လည်ရွေးချယ် လိုက်ကြသည်။ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွှန့်ပေါင်းအစိုးရ (အန်စီဂျီယူဘီ) ၏ အကြီးအကဲကို ....

- ဘင်္ဂလာဒေခ်ျ့အစိုးရအရာရှိများကို ရခိုင်လက်နက်ကိုင် အဖွဲ့အစည်းတခုက ပြန်ပေးဆွဲ click
- စီးပွားရေးပြန်လည်ဦးမော့ရေးအစီအစဉ် အတည်ဖြစ်ရေး သမ္မတ အိုဘားမား ကြိုးပမ်းနေ click
- တရုတ်နှစ်သစ်ကူးပွဲတော်တွေ ကမ္ဘာတ၀ှမ်းကျင်းပ click
- တရုတ်နိုင်ငံ ယခုနှစ်အတွင်း ကြက်ငှက်တုတ်ကွေး ကူးစက်ခံရမှု ၆ ကြိမ်ဖြစ်ပွား click
- ဂါဇာတိုက်ပွဲဝင်စစ်သားများကို ဥပဒေကြောင်းအရ အစ္စရေးက အကာအကွယ်ပေးမည် click
- မြန်မာစစ်အစိုးရအပေါ် အမေရိကန်သမ္မတ အိုဘားမား ဘယ်လိုကိုင်တွယ်ဆက်ဆံလာနိုင်သလဲ (ဗွီအိုအေ တိုက်ရိုက်လေလှိုင်းအစီအစဉ်) click
- သံဃာအရေးအခင်း မှတ်တမ်းရုပ်ရှင် တည်းဖြတ်မှုဆိုင်ရာ နိုင်ငံတကာရုပ်ရှင်ဆုရ click
- နောက်ဆုံးအသုတ် လှေစီးရိုဟင်ဂျာဒုက္ခသည်တွေကို ထိုင်းအာဏာပိုင်တွေ ပင်လယ်ထဲပြန်ပို့ click
- အမေရိကန်သမ္မသစ် အိုဘားမား မြန်မာစစ်အစိုးရအပေါ် ဘယ်လိုဆက်ဆံလာနိုင်သလဲ (အာရ်အက်ဖ်အေ တနင်္ဂနွေဆွေးနွေးပွဲ) click
- တမီလ်ကျားသူပုန်တို့ရဲ့ နောက်ဆုံးခြေကုပ်မြို့ကို စစ်တပ်သိမ်း click
- တမီလ်ကျားတို့ရဲ့ နောက်ဆုံးမြို့ကို စစ်တပ်သိမ်း click
- မြန်မာပြည်မှ အသက်အငယ်ဆုံး သီလရှင် click
- ဝန်ကြီးချုပ်သိန်းစိန် ခရီးစဉ်အတွက် အာဏာပိုင်များက မောင်တောမြို့ကို အလှဆင် click