
NEJ /ဧပြီလ(၆) ရက်၊ ၂၀၀၉
အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စတွင် ထိုင်း-မြန်မာနယ်စပ်မှ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များပါဝင်ရန် ထိုင်းအစိုးရအား မြန်မာစစ်အစိုးရဘက်မှ ဖိအားပေးသည့်အတွက် ကေအန်ယူ ထိပ်ပိုင်းခေါင်းဆောင်အချို့နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူများ ယနေ့ဘန်ကောက်မြို့တွင် စတင်တွေ့ဆုံဆွေးနွေး မည်ဟု အမည်မဖော်လိုသည့် ကေအန်ယူအရာရှိ....အပြည့်အစုံသို့
ဖြူးမြို့မှာ လုံခြုံရေးတင်းကျပ် ဒေသခံပြည်သူများ စိတ်အနှောင့်အယှက်ဖြစ်
အောင်ထက် / ဧပြီလ(၆) ရက်၊ ၂၀၀၉ ပဲခူးတိုင်း ဖြူးမြို့နယ် ဖြူးဘူတာရုံ၌ ဒေသခံခရီးသွားများအား မှတ်ပုံတင်နှင့် လူတိုက်ဆိုင်စစ်ဆေးခြင်းများကို ဒေသအာဏာ ပိုင်များနှင့် ဘူတာလုံခြုံရေးများက တင်းတင်းကျပ်ကျပ် ပြုလုပ်နေသဖြင့် ဒေသခံများ စိတ်အနှောင့်အယှက် ဖြစ်နေကြ ကြောင်း သိရသည်။ “ခုရက်ပိုင်း ဘာသတင်းတွေ ကြားလဲ မပြောတတ်ဘူး။ လုံခြုံရေး ပိုတင်းကျပ်လာ....အပြည့်အစုံသို့
ကေအန်ယူစခန်းကို ဒီကေဘီအေ ထိုးစစ်ဆင်
NEJ / ဧပြီ်လ(၆) ရက်၊ ၂၀၀၉ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ဝေါ်လီခီး အရပ်ရှိ တပ်ရင်း (၂၀၁) တပ်စခန်းကို သိမ်းပိုက်နိုင်ရန် အတွက် ယနေ့ နံနက် (၆) နာရီမှ စတင်ကာ နအဖတပ်နှင့် ဒီကေဘီအေ ပူးပေါင်းတပ်ဖွဲ့ဝင်များက လက်နက်ကြီး လက်နက်ငယ် များဖြင့် ထိုးစစ်ဆင်လျက်ရှိသည်။ မဲဆောက် မြို့တောင်ဘက် ကီလိုမီတာ (၅၀) ခန့် ....အပြည့်အစုံသို့
ဗဟန်းရွှေဂုံတိုင် ယာဉ်ထိန်းရဲ ကန်ထရိုက်စနစ်ဖြင့် ငွေကြေးကောက်ခံ
အောင်ထက် / ဧပြီလ(၆) ရက်၊ ၂၀၀၉ ရန်ကုန်မြို့၏ ယာဉ်အသွားအလာအထူထပ်ဆုံး နေရာတခု ဖြစ်သော ဗဟန်း ရွှေဂုံတိုင် မီးပွိုင့်လမ်းဆုံတွင် ခရီးသည်တင် ယာဉ်များအား ငွေကြေးကောက်ခံရာ၌ ယာဉ်ထိန်းရဲများက တနေ့ (၁၂,၀၀၀) ကျပ်ဖြင့် လူငှား ကန်ထရိုက်ပေးထား ကြောင်း သိရသည်။ အဆိုပါ လမ်းဆုံသည် ဆူးလေအဆင်း-မြောက်ဥက္ကလာအတက်နှင့် မြေနီကုန်းအဆင်း.အပြည့်အစုံသို့
ကော့သောင်းယုဇနဆီအုန်းစိုက်ပျိုးရေးစီမံကိန်းမှ အဓမ္မခိုင်းစေမှုများ
အောင်ထက် / ဧပြီ်လ(၆) ရက်၊ ၂၀၀၉ ကော့သောင်းမြို့နယ် ယုဇနဆီအုန်းစိုက်ပျိုးရေးခြံ၌ စရိတ်ငြိမ်းတနေ့ (၅,၀၀၀) ကျပ်ရမည်၊ ပြန်လိုက အချိန်မရွေး ပြန်နိုင် စသည်ဖြင့် မြန်မာနိုင်ငံ အောက်ခြေကျေးလက်များ အထိ ယုဇနဆီအုန်းကိုယ်စားလှယ်များက လိုက်လံ စည်းရုံး သိမ်းသွင်းနေသော်လည်း ကော့သောင်းမြို့ ဆီးအုန်းခြံသို့ ရောက်ပြီးနောက် ကိုယ်စားလှယ်များ ....အပြည့်အစုံသို့
ဂျီတော့ခ်သုံးစွဲသူတို့ လုံခြုံရေးသတိ ရှိစေလို
မိုးမခ စာဖတ်သူတဦး
ဧပြီ ၆၊ ၂၀၀၉
စစ်အစိုးရဖက်က ကမကထလုပ်ဖွင့်ထားတဲ့ အင်တာနက်ဆိုင်တွေအနက်၊ ((သို့မဟုတ်) စစ်အစိုးရဖိအားပေး အကြပ်ကိုင်ခံထားရလို့ သတင်းပေးလုပ်နေတဲ့ဆိုင်တွေ ထဲက လို့ ပြောချင်လည်း ရပါတယ်) ရွှေပြည်သာမြို့နယ်က ဆိုင်အချို့မှာ သွားရောက်သုံးစွဲခဲ့ပြီး ရက်ပိုင်းအတွင်း ဖမ်းဆီးခံလိုက်ရတာလို့ ပြောပါတယ်။
အင်တာနက်နှေးလွန်းလို့၊ အင်တာနက်ပိတ်ဆို့ထားလို့ ဆိုတဲ့အကြောင်းပြချက်တွေကြောင့်၊ ယခုတလောမှာ မိမိမိတ်ဆွေများကတဆင့် သို့မဟုတ် အင်တာနက်ဆိုင်တွေရဲ့ လမ်းညွှန်ချက်တွေကတဆင့်၊ ဂျီလိုက်တ် သို့မဟုတ် ပရော့စီဆားဗစ် သို့မဟုတ် တဆင့်ခံလိပ်စာများကို သုံးစွဲပြီးတော့ အီးမေးတွေ၊ ပတ်စ်ဝဒ်တွေ သုံးစွဲတာမျိုးကို ဆင်ခြင်သင့်တယ်လို့ သတိပေးချင်ပါတယ်။ နိုင်ငံရေးကိစ္စတွေ သတင်းတွေနဲ့ ပတ်သက်ပြီး ဂျီးမေးသုံးတာ၊ ဂျီတော့ခ်သုံးတာတွေကို အခုတလော ဂရုစိုက်စေချင်ပါတယ်။ စကားဝှက်တွေလည်း အသစ်လဲထားသင့်ပါတယ်။
အကောင်းဆုံးကတော့ မိမိကိုယ်တိုင် စိတ်ချရတဲ့ အင်တာနက်ဆိုင်၊ မိမိသုံးစွဲတာတွေကို ကြားဖြတ်ခိုးယူ စောင့်ကြည့်ခြင်း မပြုလုပ်တဲ့ ဆိုင်တွေကိုသာ ရွေးချယ်သုံးစွဲသင့်ပါတယ်။ မြန်မာပြည်မှာ အင်တာနက်ကို ထိမ်းချုပ်တာအပြင် အီးမေးတွေ၊ ချက်လိုင်းတွေကိုပါ စောင့်ကြည့် စစ်ဆေးတာတွေ လုပ်လာတာကြောင့် အားလုံးက ထိတ်လန့်နေရတာကို တွေ့နေရပါတယ်။ နောက်တခုက ဧပြီလ ၇ ရက်အထိ အင်တာနက်တွေ နှေးနေဦးမယ်လို့ ကြေငြာထားပြန်ပါတယ်။
(ပြည်တွင်းက G mail , G talk အသုံးပြုပြီး ပြည်ပ ဆက်သွယ်လိုသူတွေ အနေနဲ့ မိမိတို့ အမည်ရင်းများ အသုံးပြုမယ့်အစား Pan Name အမည်ဝှက်များ အသုံးပြုတဲ့ G mail account များ အသုံးပြုပြီးသာ ဆက်မှု ပြုသင့်ပါကြေင်း ထပ်ဆင့် အကြံပြုလိုပါတယ်။)
Saffron News Letter Group
![]() more | audio |
![]() more |
![]() more |
![]() more |
![]() more |
![]() more |
![]() more |
ကေအိုင်အေ ဒုစစ်ဦးစီးချုပ် ကွယ်လွန်ကချင် လွတ်မြောက်ရေး အဖွဲ့၏ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဖုန်ကန်ဇော်နန်သည် အသက် ၆၂ နှစ်အရွယ်တွင် တရုတ်-မြန်မာနယ်စပ်၌ ကင်ဆာရောဂါဖြင့် ယနေ့ ကွယ်လွန်သွား ... |
















By U Tun Kyaw: The son of late Karen National Union leader General Bo Mya has defected to the Burmese military junta, a junta official reported on Saturday.
Mrauk U: Fire in the ancient city of Mrauk U in Arakan State engulfed 20 homes in just one hour, said an elder from the town.
