8.23.2009

Burma's News World's News

John Yettaw, just back from his Burmese prison odyssey, explains how he unwittingly created an international diplomatic crisis.

How was a retired bus driver from Missouri able to make a flipper-clad, two-kilometer swim to the heavily guarded house of Burmese pro-democracy leader Aung Sang Suu Kyi, one of the world's most famous dissidents? While John Yettaw languished in Burmese jail during his trial for "illegal swimming," all we could do is speculate. But now, in an exclusive interview with NEWSWEEK, Yettaw has offered an explanation: Burmese security officials let him. "I don't know why they didn't stop me," he says. "The man with the AK-47 shook my hand and let me in."
Read More

ဧည့်သည်တွေ့ဆုံခွင့် ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်းချက်တောင်း

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စည်းကမ်းသတ်မှတ်ချက် တွေနဲ့အညီ နေအိမ်မှာ ပြန်နေဖို့ဆိုပြီး စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ညွှန်ကြားခဲ့ပေမယ့် တချို့ သတ်မှတ်ချက် တွေပေါ် မရှင်းလင်းတဲ့ အတွက် အာဏာပိုင်တွေ ဆီကနေ ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်းချက် တောင်းခံ ထားပါတယ်။ အဓိက မရှင်းလင်းတာကတော့ ဧည့်သည်တွေနဲ့ တွေ့ခွင့်ပြုတာနဲ့ဆိုင်တဲ့ အချက်ပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

အမေရိကန်နိုင်ငံသား ဂျွန် ၀ီလျံ ယက်တော က သူ့သဘောနဲ့သူ နေအိမ်ထဲကို တိတ်တဆိတ် ရေကူးဝင်ရောက် လာခဲ့ပြီးတဲ့ နောက် နေအိမ်မှာ အထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်က အကျယ်ချုပ်တားမြစ်မိန့်ကို ဖောက်ဖျက်တယ် ဆိုပြီး ထောင်ဒဏ်သုံး နှစ်ချမှတ်ခံရပါတယ်။ အဲဒီနောက်မှာ မြန်မာစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သက်ညှာ ထောက်ထားပြီးတော့ ဆိုပြီး ထောင်ဒဏ်ကို ထက်ဝက်လျှော့၊ အဲဒီ ထက်ဝက်ကိုလည်း ဆိုင်းငံ့ထား၊ နေအိမ်မှာ စည်းကမ်း သတ်မှတ်ချက်တွေနဲ့အညီ ပြန်နေစေဆိုပြီး ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်ခင်ခင်ဝင်းနဲ့ မ၀င်းမမတို့ကို အိမ်ပြန်ပို့ခဲ့တာပါ။

ဒီနေရာမှာ စည်းကမ်းသတ်မှတ်ချက်တွေနဲ့အညီ ဆိုတဲ့အထဲ ကြိုတင်ခွင့်ပြုချက်ရတဲ့ ဧည့်သည်တွေနဲ့ တွေ့ခွင့်ရှိတယ်ဆိုတဲ့အချက် ပါပါတယ်။ ဒါပေမယ့်လည်း ခွင့်ပြုချက်ကို တွေ့ချင်တဲ့လူက တောင်းခံရမှာလား၊ ဒေါ်အောင်ဆန်းစုကြည်က တောင်းခံရမှာလား ဆိုတာ ရှင်းရှင်းလင်းလင်း ဖော်ပြမထားတဲ့အတွက် ရှင်းလင်း ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က အာဏာပိုင်တွေဆီကို အကြောင်း ကြားထားတယ်လို့ အကျိုးဆောင် ရှေ့နေတဦးလည်းဖြစ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်တဲ့ ဦးဉာဏ်ဝင်းက ဗွီအိုအေကိုပြောပါတယ်။

"ကျနော်တို့ သွားတာအပြင်ကို ဧည့်သည်တွေကို ခွင့်ပြုတာတွေကို၊ အဲဒီစာမှာ မရှင်းသေးဘူး။ ဒီဟာကို ရှင်းရှင်းလင်းလင်း ပြောဖို့လုပ်ဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုထားတယ်လို့လည်း သိရတယ်။"

ဒေါ်အောင်ဆန်းစုကြည် အိမ်ပြန်ရောက်ပြီးကာမှ ဦးဉာဏ်ဝင်းတို့ ရှေ့နေအဖွဲ့နဲ့ ပထမအကြိမ်တွေ့ဆုံခဲ့ကြပြီးပါပြီ။ အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ် ၀က်ဘ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပြီး နောက်ပိုင်းမှာ ဖြစ်ပါတယ်။ အဲဒီတုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်က အာဏာပိုင်တွေကို ပြောပြီးတော့ အာဏာပိုင်တွေ ကနေ ဦးဉာဏ်ဝင်းတို့ကို လာအကြောင်းကြား ခဲ့တာကြောင့် သွားတွေ့ခဲ့ကြတာပါ။ အခု ဒီသီတင်းပတ်ထဲမှာ ပြန်တွေ့ကြမယ်လို့ အဲဒီအချိန်က ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပေမယ့် ဒီကနေ့ထိတော့ ဘာမှ အကြောင်းမကြားသေးဘူးလို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

စည်းကမ်းသတ်မှတ်ချက်ထဲမှာ မြန်မာ့ရုပ်မြင်သံကြားကြည့်ရှုခွင့်ရှိတယ်၊ တရားဝင်ထုတ်ဝေတဲ့ သတင်းစာတွေ ဖတ်ခွင့်ရှိတယ်လို့ ပါရှိပေမယ့် ရေဒီယိုနားထောင်ခွင့်နဲ့ ပတ်သက်လို့ ဘာမှဖော်ပြမထားသလို ဒေါ်အောင်ဆန်း စုကြည် ဆီမှာ ရေဒီယို ရှိမရှိလည်း သူ သေချာမသိဘူးလို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။ ဒါပေမယ့် ရုပ်မြင် သံကြားတော့ သူမတွေ့မိပါဘူးလို့ ပြောပါတယ်။

"ဟုတ်တယ်။ မပါဘူး။ ကျနော်လည်း သိပ်တော့မသိဘူးဗျ။ ရှိမရှိ။ တီဗွီလည်း ကျနော် မတွေ့ဘူး။"

သတ်မှတ်ချက်တွေထဲမှာ ဆရာဝန်တို့၊ သူနာပြုတို့နဲ့တွေ့ခွင့်ရှိတာတွေပါဝင်ပါတယ်။ အိမ်ပြန်ရောက်ပြီးတဲ့နောက် အာဏာပိုင်တွေ က ဆရာဝန်တဦးကို လွှတ်ပေးခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်က သူတွေ့နေကျ ဆရာဝန် မဟုတ်တဲ့အတွက် လက်မခံခဲ့ပါဘူး။

"ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ကတော့ သူ ကုသနေကျဆရာဝန်နဲ့ပဲ သူ ကုသချင်တယ်လို့ ကျနော်တို့ သိတယ်။"


ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်ပြန်မပို့ခင်မှာ နေအိမ်ခြံဝန်းကိုရှင်းလင်းတာ၊ အင်းလျားကန်ဘက်ခြမ်းမှာ ခြံစည်းရိုးကာတာတွေ ကို အာဏာပိုင်တွေက လုပ်နေပါတယ်။ လုံခြုံရေးကတော့ အရင်ကာလတွေတုန်းကပဲ တင်းကျပ်ထားပြီး အစောပိုင်းမှာ NLD လူငယ်အဖွဲ့ဝင်နှစ်ဦးကို လုံခြုံရေးအဖြစ် လက်ခံခဲ့သေးပေမယ့် နောက်ပိုင်းမှာတော့ ဘာအကြောင်းကြောင့်မှန်းမသိရဘဲ ဆက်ပြီး လက်မခံတော့ဘူးလို့ ဦးဉာဏ်ဝင်း ကပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ထပ်ပြီး ချမှတ်ခံရတဲ့ထိဖြစ်စေခဲ့တဲ့ အဓိကလက်သည်ဖြစ်သူ အမေရိကန်နိုင်ငံသား ဂျွန် ၀ီလျံ ယက်တော ကတော့ အခုဆိုရင် သူ့ရဲ့နေအိမ်ကို ပြန်ရောက်သွားပြီဖြစ်ပြီး မိသားစုနဲ့အတူ ရှိနေပြီဖြစ်ပါတယ်။ သူ့ရဲ့ လုပ်ရပ် အတွက် နောင်တမရပါဘူးလို့ မစ္စတာယက်တောက ပြောဆိုထားသလို လိုအပ်ဦးမယ်ဆိုရင် နောက်ထပ် အကြိမ်ရာ နဲ့ချီပြီး လုပ်ရဦးမယ်ဆိုရင်လည်း အလားတူ လုပ်ဦးမှာပါလို့ ပြောကြောင်း သူ အမေရိကန်ပြည်ထောင်စုကို ရောက်တဲ့အချိန်မှာ ပြောတာတွေကို သတင်းတွေမှာတွေ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ အခုအချိန်မှာ ချမှတ်ခံထားရတဲ့ ထောင်ဒဏ်ကို အယူခံဝင်ဖို့ ပြင်ဆင်နေ ပါတယ်။

1c5ca78

မြန်မာ့သတင်း ကမ္ဘာ့သတင်း

Pakistani Taliban commander Baitullah Mehsud (bottom C) speaks to  the media at his stronghold in South Waziristan (file photo)

ပါကစ္စတန်နိုင်ငံမှာ တာလီဘန်အင်အားစုက ခေါင်းဆောင်သစ်တယောက် ရွေးချယ်တင်မြှောက်လိုက်ပြီလို့ တာလီဘန်စစ်သွေးကြွတွေက ပြောပါတယ်။


၂၀၁၀ ရွေးကောက်ပွဲသည် `အပြောင်းအလဲအတွက် အခွင့်အလမ်း´ ဟု ICG ပြော

မြန်မာစစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲအပေါ် ကျယ်ပြန့်စွာ ဝေဖန်ပြောဆိုမှုများ ရှိနေသော်လည်း ယင်းသည် `အပြောင်းအလဲအတွက် ဖြစ်နိုင်ခြေ´ တရပ်ဖြစ်ကြောင်းနှင့် ထို့ကြောင့်လည်း အစိုးရ၊ ...

“ဆေးစက်ကျရာ ကပြသူတွေနဲ့ ဆေးစက်ချသူများ”

ညနေပိုင်းမှာ အံ့သြစရာကောင်းတဲ့ သတင်းတပုဒ် ထွက်လာခဲ့ပါတယ်။ အဲဒါက ဂျွန်ဝီလျံ ယက်တောကို ပြန်လွှတ်ပေးလိုက်တဲ့ သတင်းပါ။ အချိန်တခုအတွင်း ပြန်လွှတ်ပေးမယ်လို့...

ဆူနာမီသတိပေးချက် အစမ်းလေ့ကျင့်မှု ပြုလုပ်

ထိုင်းနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနနှင့် မြေငလျင်တိုင်းထွာရေးဌာနတို့ ပူးပေါင်း၍ ဆူနာမီသတိပေးချက် အစမ်းလေ့ကျင့်မှုကို ယနေ့နံနက် ၉ နာရီခွဲမှ ၁၁...

မြတ်သော ယုံကြည်ချက်အတွက် (အရှင်ဂမ္ဘီရသို့ အမှတ်တရ)

"ကျုပ်ဘက်ကတော့ အားလုံးကို အနစ်နာခံ စွန့်လွှတ်ခဲ့ပြီးပါပြီ။ အပြင်မှာရှိနေကြတဲ့ ဒကာတော်ကြီးတွေအနေနဲ့ ကိုယ့်တာဝန်ကို ကိုယ်ကျေပွန်ဘို့ လိုတယ်" အမတော်နှင့် တဆင့်ပါးလိုက်သည့်...


Cartoon Maung Yit - Non-Burmese were more interested in 2010 Burmese Junta's Election than real Burmese !!!!

August 22, 2009

ရွှေတိဂုံဘုရား အင်္ဂါနံဒေါင့် ဆုတောင်းသူ ၁၄ ဦး အဖမ်းဆီးခံရသည့် စာရင်း လက်ခံရရှိ

မိုးမခ

သြဂုတ် ၂၁၊ ၂၀၀၉

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် ဆုတောင်းဝတ်ပြုကြသူများကို စစ်အာဏာပိုင်တို့က နှောက်ယှက်နေသည့် သတင်းများထွက်ပေါ်နေချိန်အတွင်း ယမန်နေ့က လက်ခံရရှိသော ပေးစာတခုတွင် ရွှေတိဂုံဘုရားအင်္ဂါနံဒေါင့်တွင် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် ဆုတောင်းသဖြင့် ဖမ်းဆီးခြင်းခံခဲ့ရသူ ၁၄ ဦး ၏ စာရင်းကို ယမန့်နေ့ နေ့စွဲဖြင့် လက်ခံရရှိသည်။

၎င်းတို့ကို ပန်းဝါစစ်ကြောရေးစခန်း အဆောင် ၄ တွင် မနက် ၈ နာရီက ည ၈ နာရီအထိ စစ်ဆေးခဲ့သည်ဟု ရေးသားထားပြီး၊ အမည်စာရင်းကို အောက်ပါအတိုင်း ဖော်ပြထားသည်။
အဴပည့္အစုံသိုႛ ...


more

ဒေၞအောင်ဆန်းစုကြည်ကို မိသားစုဆရာဝန်နဲႛ တွေႛခွင့်မပေးသေး

ဒီကေဘီအေနဲႛ ကေအန်ယူ ပြန်လည်ပူးပေၝင်းဖိုႛ အလားအလာရှိ

ဂျာနယ်တစောင် ထုတ်ဝေခွင့်ပိတ်

ပြည်တွင်းမှ ထုတ်ပြန် ကြေငြာချက်များ

အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုကြီး အကောင်အထည်ဖေါ်ရေး ပြည်တွင်းတွင် ဖွဲ့စည်း
Sangha 454_2009

Photobucket

ဗိုလ်မှူး အောင်လင်းထွဋ်၏ သြဂုတ်လ အစီရင်ခံစာ

report1


report2c


report3d


report4


report5u