5.05.2009

မီးစတဖက်၊ ရေမှုတ်တဖက် နအဖရဲ့  စီမံချက် (အပိုင်း-၁)

ဗိုလ်ထက်မင်း / ၅ မေ ၂၀၀၉
ဒီအပိုင်းမှာတော့ မြန်မာ့နိုင်ငံရေး၊ စစ်ရေး သမိုင်း ကြောင်းတွေမှာ တိုင်းရင်းသား အခွင့်အရေး တန်းတူရရှိ ဖို့ တစိုက် မတ်မတ် အရှည်ကြာဆုံး တိုက်ပွဲဝင်နေတဲ့ ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) အပေါ် ထားရှိသော နအဖရဲ့  မူဝါဒတွေနဲ့ အတွင်းရေး ဇာတ်လမ်းတွေ၊ ပြုမူ ဆောင်ရွက်ခဲ့ပုံတွေ၊ ထိပ်ပိုင်း သဘော ထား ကွဲလွဲခဲ့ပုံတွေကို ဆက်လက် ဖော်ထုတ်တင်ပြ သွားပါ့မယ်။
ကေအန်ယူရဲ့ တော်လှန်ရေး သမိုင်း တလျှောက်ကို ကြည့်ရင် စစ်အာဏာရှင်များအား စစ်မြေပြင်တွင် သာမက အစိုးရရုံးစိုက်ရာ ရန်ကုန်မြို့တော် အထိ တိုက်ရိုက် ခြိမ်းခြောက်နိုင်ခဲ့တဲ့ စစ်ရေးစွမ်းရည် စွမ်းဆောင်မှုတွေ ရှိခဲ့တာ တွေ့ရမှာဖြစ်ပါတယ်။
ဦးနေ၀င်းလက်ထက်တွင် ရန်ကုန်မြို့တော်ရှိ မြန်မာ့ အသံလွှင့်ဌာန အဆောက် အဦးကို ကေအန်ယူ တပ်မဟာ (၇) မှ ကွန်မန်ဒိုများက ပစ်ခတ်နိုင်ခဲ့ပြီး “စိန်ခေါ်နေတဲ့ ဧရာဝတီ” ဆိုတဲ့ ခေတ်ပြိုင်ဂျာနယ် ဆောင်းပါးတပုဒ်တွင် တင်ပြပြီးခဲ့သလို ဧရာဝတီတိုင်းလိုမျိုး အဖြူရောင် နယ်မြေကိုတောင် ကေအန်ယူက ထိုးဖောက် တိုက်ခိုက် နိုင်သည်အထိ ထက်မြက်ခဲ့ပါတယ်။
တပ်မတော်ရဲ့  တိုက်ပွဲကြီးများနဲ့ ပတ်သက်ပြီး စစ်ရုံးရှိ တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ်ရုံးရဲ့ သင်ခန်းစာ ဖော်ထုတ် လေ့လာသုံးသပ်ချက်များအရ အခက် အခဲဆုံး စံချိန်တင်ထိုက်တဲ့ တိုက်ပွဲတွေထဲမှာ ကေအန်ယူနဲ့ တိုက်ခဲ့တဲ့ မဲသဝေါ၊ ၀မ်ခ (အသစ်၊ အဟောင်း) တိုက်ပွဲကြီး များဟာ ထိပ်ဆုံးက ပါဝင်ခဲ့ပါတယ်။
ဗကပဟာ သမားရိုးကျ စစ်ကို ကျွမ်းကျင်သော်လည်း စစ်တပ်ရဲ့  ဖြတ်လေးဖြတ် နည်းဗျူဟာ ကြောင့် ကျဆုံးခဲ့ရပါ တယ်။ ကေအန်ယူအနေနဲ့တော့ မဆုတ်တမ်း ခံစစ်နည်းဗျူဟာကဲ့သို့ သမားရိုးကျ စစ်ရော မိုင်းစစ်ဆင်ရေး အပါအ၀င် ပြောက်ကျားစစ်ပါ ရောမွှေသုံး တိုက်ခိုက် နိုင်ခဲ့တဲ့ အပြင် ကရင် ပြည်သူ လူထုကပါ ထောက်ခံခဲ့တဲ့အတွက် နအဖရဲ့  ဖြတ်လေးဖြတ် နည်းဗျူဟာ မအောင်မြင်ခဲ့ဘဲ ယနေ့အထိ ရှင်သန်ရပ်တည်နိုင်တာကို တွေ့ရမှာ ဖြစ်ပါတယ်။
ကေအန်ယူဟာ နိုင်ငံတကာ အဖွဲ့အစည်းများနဲ့ ဆက်စပ်ကာ လက်လှမ်းမီ ပေါက်ရောက်ခဲ့သလို ပညာတတ် ပုဂ္ဂိုလ်များစွာလည်း ပါရှိနေပြီး ထိုင်းနိုင်ငံကို အကျိုးကျေးဇူး များစွာ လုပ်ပေးခဲ့ ပါတယ်။ ကေအန်ယူအနေနဲ့ အတိုက်အခံအဖွဲ့အစည်းများ အားလုံးရဲ့ မှီခိုရာအရိပ်ဖြစ်ခဲ့ပြီး တော်လှန်ရေးရဲ့  ဗဟိုဟန်ချက်အဖြစ်လည်း ရပ်တည် ပေးခဲ့ပါတယ်။
ဒါ့အပြင် အာရှလမ်းမကြီး ဖောက်လုပ်မှု စီမံကိန်းနဲ့ ဟတ်ကြီး (သံလွင်) ရေအား လျှပ်စစ် စီမံကိန်းအပေါ် ကေအန်ယူရဲ့  ကန့်ကွက်ချက်၊ မဲသရောထ ကြေညာချက်တွေကြောင့် နအဖက ရန်သူ့စာရင်း ပစ်မှတ်အမျိုးအစားထဲမှာ ကေအန်ယူအား ထိပ်ဆုံးနားမှာ သတ်မှတ်ထားခဲ့ ပါတယ်။
ပထမတော့ အမျိုးသားညီလာခံ ကျင်းပခါနီးမှာ စစ်အာဏာရှင်တွေဟာ မဟာဗျူဟာ (Strategy) အရ ကေအန်ယူ အနေနဲ့ နအဖလက်အောက်သို့ ၀င်လာပါက အပစ်ရပ် တိုင်းရင်းသားတွေ အားလုံးရဲ့  legitimacy ထောက်ခံ အားဖြင့် ပြည်တွင်းထောက်ခံမှု ရနေတဲ့ အန်အယ်လ်ဒီကို နိုင်ငံရေး အပေါ် စီးရယူကာ အပြုတ်“ချ” ဖို့ ကြံရွယ်ခဲ့ပါတယ်။
ဒါ့အပြင် မဟာဗျူဟာ ဒုတိယရည်မှန်းချက်ကတော့ နအဖဟာ ကြည့်လို့ မရဖြစ်နေတဲ့ နယ်စပ်က အတိုက်အခံ အဖွဲ့အစည်းတွေရဲ့  လှုပ်ရှားမှုကို သေသွားအောင်၊ အထီးကျန် ဖြစ်သွားအောင် ကေအန်ယူကို ဆွဲခေါ်ဖို့ ဖြစ်ပါတယ်။
အရင်ကနဦး နအဖအနေနဲ့ မာနယ်ပလောဌာနချုပ်အား သိမ်းလိုက်နိုင်ပြီဖြစ်လို့ ကေအန်ယူကို အလွယ်တကူ စည်းရုံးလို့ရမယ်လို့ ထင်ခဲ့ပါတယ်။ တကယ်တမ်း ဆွေးနွေးကြည့်တော့ ကေအန်ယူ ဟာ နိုင်ငံရေးရင့်ကျက်မှုနဲ့ စိတ်ဓာတ်ကြံ့ခိုင်မှု တွေရှိနေပြီး စကားလုံး အသုံးအနှုန်း သုံးစွဲပုံ၊ စာလုံးအကျအနက အစ စိစစ်ခဲ့ တာကြောင့် နအဖအနေနဲ့ အံ့သြခဲ့ရပါတယ်။
၁၉၉၆ ခုနှစ် ကေအန်ယူနဲ့ နအဖတို့ တတိယအကြိမ်ဆွေးနွေးပွဲ လုပ်ပြီးချိန်မှာ တရားဝင် သတင်းထုတ်ပြန်ရမယ့် ခေါင်းစဉ်ဖြစ်တဲ့ လက်နက်နဲ့ ငြိမ်းချမ်းရေး စကားလုံး အထူးသဖြင့် လက်နက်ကိုင် လမ်းစဉ် စွန့်လွှတ်ပြီး တရားဥပဒေ ဘောင်ထဲ ၀င်ရောက်လာတယ်ဆိုတဲ့ စကားလုံးအား ပြန်လည် စဉ်းစား ပါရစေအုံးလို့ဆိုကာ ကေအန်ယူက အချိန်တောင်းဆိုခဲ့ပါတယ်။
လက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်ခြင်းဟာ ကရင့်ခေါင်းဆောင် စောဘဦးကြီး မူနဲ့ ဆန့်ကျင်နေပြီး တရား ဥပဒေဘောင်ထဲ ၀င်တယ်ဆိုတာကလည်း နအဖရဲ့  တရားဥပဒေတွေဟာ မတရား တာကြောင့် အဲဒီလို စဉ်းစားခဲ့တာ မှန်တယ်လို့ ယူဆမိပါတယ်။
အဲဒီနောက် နအဖရဲ့  ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးခွန်မြတ်တို့ဟာ ကေအန်ယူနဲ့ နှစ်ဖက်ငြိမ်းချမ်းရေး ပြန်လည်ရစေလိုတဲ့ဆန္ဒနဲ့ နယ်စပ်သို့ ထွက်လာခဲ့ရာ အတိုက်အခံ အဖွဲ့အစည်း တချို့ က နအဖရဲ့ လှည့်ဖြားမှုကို သိနေလို့ ထောက်ပြကြတဲ့အတွက် အောင်မြင်မှု မရဘဲ ပြန်သွားခဲ့ရပါတယ်။
အဲဒီအချိန်မှာ ဗိုလ်သန်းရွှေဟာ ကကလှမ်းမှ ဗိုလ်ကျော်ဝင်း၊ ဗိုလ်ကျော်သိန်း နဲ့ အဖွဲ့ကို ထပ်မံ ခေါ်ယူပြီး ကေအန်ယူ အား မရိုးမသား လှည့်ဖြားလိုကာ တင်းမာတဲ့ သဘော ထား မူဝါဒတွေနဲ့ ပြင်ဆင်ချက်တွေ ပေးခဲ့ပြန်ပါတယ်။ အဲဒါကတော့ “ဒီတခါ ကေအန်ယူ ပြန်လာရင် ယခင်ကလို ကေအိုင်အေ၊ ယူဒဗလျူ အက်စ်အေ “၀”နဲ့ ကိုးကန့်တွေလိုမျိုး အဆင့်အတန်းမျိုး မပေးနိုင်တော့ကြောင်း၊ ကေအန်ယူကို အင်အားချည့်နဲ့ စေဖို့ တပ်မဟာ အလိုက် ခွဲထုတ်ဖို့ စည်းရုံးဖဲ့ထုတ်ဖို့ လိုကြောင်း၊ ကေအန်ယူကို လက်ခံခဲ့ရင်တောင် စောသမူဟဲ လိုမျိုး လက်နက်ချခိုင်းတဲ့ အခမ်းအနား ပုံစံမျိုး လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်တဲ့ အဆင့်မျိုးလုပ်ရန် လိုကြောင်း” ညွှန်ကြားခဲ့ပါတယ်။
အဲဒီ လက်နက်ချအခမ်းအနားမှာ ကေအန်ယူအလံကို နင်းချေပြီး ဦးကျိုး သွားအောင် လုပ်ခြင်းဖြင့် နိုင်ငံတကာနဲ့ ပြည်တွင်းမှာပါ စောသမူဟဲအား နိုင်ငံရေး သေသွားအောင် ရိုက်ချိုးပြီးမှ ၀င်ခွင့်ပြု ခဲ့တာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီကေဘီအေနဲ့ ဖဒိုအောင်ဆန်း၊ စောသမူဟဲအဖွဲ့တွေကိုလည်း ကေအန်ယူရဲ့ လက်အောက်ခံအဖြစ် ထားခွင့်ပြုမှာ မဟုတ်တော့ကြောင်း ထည့်သွင်းပြောကြားရာ ဗိုလ်သန်းရွှေ ပြင်ဆင်ညွှန်ကြားလိုက်တဲ့ အဲဒီလို စည်းကမ်းသတ်မှတ်ချက်မျိုးတွေဟာ တင်းမာပြင်းထန်တဲ့ စည်းကမ်းချက်တွေ ဖြစ်နေပါတယ်။
ဗိုလ်သန်းရွှေရဲ့  ညွှန်ကြားချက်အရ ကကလှမ်းဟာ တပ်မဟာ (၄) မှူး ဗိုလ်အော်လီဗာနဲ့ တပ်မဟာ (၆)မှူး ဗိုလ်ရွှေဆိုင်းတို့ကို တိုက်ရိုက်ချဉ်းကပ် စည်းရုံးဖဲ့ထုတ်ဖို့ ကြိုးစားခဲ့ပြန်ပါတော့တယ်။ ဒါပေမယ့် အဲဒီ တပ်မဟာမှူးတွေ ကတော့ ကေအန်ယူ ခေါင်းဆောင် ဗိုလ်ချုပ်ကြီးမြအပေါ် သစ္စာရှိကြပြီး ပြတ်သားစွာ ငြင်းဆန်လိုက်တဲ့အတွက် နအဖဟာ ဗိုလ်ချုပ်ကြီးမြကိုပဲ ထပ်မံ စည်းရုံးဖို့ ကြိုးစားရပြန်ပါတယ်။
နအဖရဲ့  ပရိယာယ် အခင်းအကျင်းတွေကို အပိုင်း (၂) မှာ ဆက်လက် တင်ပြ သွားပါမယ်။

မြန်မာ့သတင်း ကမ္ဘာ့သတင်း

Georgian President Mikhail Saakashvili attends a service in the Holy Trinity Cathedral in Tbilisi, Tuesday, April 28, 2009 as Catholicos-Patriarch Ilia II declared Tuesday a national day of repentance.AP

ဂျော်ဂျီယာနိုင်ငံ တီဘလစ်ဆီမြို့ပြင်က စစ်အခြေစိုက်စခန်းတခုမှာ တပ်တွင်းပုန်ကန်မှု ဖြစ်ပွားတာကို ထိန်းချုပ်လိုက်နိုင်ပြီလို့ ဂျော်ဂျီယာသမ္မတ မစ်ခ်ခေးလ် ဆာကပ်ရှ်ဗီလီက ပြောပါတယ်။



မင်းနိုင်သူ / ၅ မေ ၂၀၀၉


ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ်အမှုအယူခံကို နအဖစစ်အစိုးရက ပယ်ချလိုက်ပြီဖြစ်သည်။ အယူခံပယ်ဖျက်မှုကို ဧပြီ (၃၀) ရက်တွင် တွဲဖက်ရှေ့နေ ဦးလှမျိုးမြင့်ကိုယ်တိုင် နေပြည်တော်သို့ သွားယူခဲ့ရ ကြောင်း ရှေ့နေကြီး ဦးကြည်ဝင်းက သတင်းဌာနများသို့ ပြောသည်။....အပြည့်အစုံသို့
တပ်ဖွဲ့အင်အား လျှော့ချမည့်ကိစ္စ ဒီကေဘီအေအတွင်း သဘောထားကွဲ
NEJ / ၅ မေ ၂၀၀၉
တိုးတက်သောကရင်ဗုဒ္စဘာသာအဖွဲ့ (ဒီကေဘီအေ) ကို နယ်ခြားစောင့်တပ်အဖြစ် မြန်မာစစ်အစိုးရက ပြင်ဆင်ဖွဲ့စည်း ပေးမည်ကို သဘောတူလက်ခံသော်လည်း တပ်ဖွဲ့ဝင်အင်အား လျှော့ချမည့် ကိစ္စနှင့်ပတ်သက်၍ ဒီကေဘီအေအတွင်း သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်နေသည်ဟု အဖွဲ့၏အဆင့်မြင့် အရာရှိတဦးက ပြောသည်။..အပြည့်အစုံသို့
ဧရာဝတီတိုင်းတွင် ကန်ရေကြောင့် ၀မ်းရောဂါဖြစ်သူများ
NEJ / ၅ မေ ၂၀၀၉
ဧရာဝတီတိုင်းတွင် ၀မ်းရောဂါ ဖြစ်ပွားမှုနှုန်းမှာ ယခင်နှစ်က ထက် များကြောင်း ဘိုကလေးမြို့နယ်ဆေးရုံမှ တာဝန်ကျ ဆရာဝန်တဦးက ပြောသည်။ ယခင်နှစ်များကလည်း ၀မ်းရောဂါဖြစ်ပွားမှု ရှိခဲ့ကြောင်း၊ သို့သော် ယခုနှစ်ပိုများ ကြောင်း အဆိုပါ မြို့နယ်ဆရာဝန်က ပြောသည်။ ဧရာဝတီ တိုင်း အတွင်းတွင် နာဂစ်မုန်တိုင်းကြောင့် ...အပြည့်အစုံသို့

ဘောလုံးပွဲ၊ လက်ဝှေ့ပွဲများကို လုံခြုံရေးတင်းကျပ်
NEJ / ၅ မေ ၂၀၀၉ ဘောလုံးပွဲနှင့် လက်ဝှေ့ပွဲများကို နအဖအာဏာပိုင်များ တက်ရောက် ကြည့်ရှုသောကြောင့် လုံခြုံရေး အထူးတင်းကျပ်စွာ ချထားကျင်းပ ခဲ့ကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။ ပြီးခဲ့သည့် စနေ၊ တနင်္ဂနွေတွင် ရန်ကုန်၌ ကျင်းပခဲ့သည့် ....အပြည့်အစုံသို့


နာဂစ်လေဘေးဒုက္ခသည် (၅) သိန်းအတွက် နေအိမ်များလိုအပ်ဆဲ
NEJ / ၅ မေ ၂၀၀၉
မြန်မာနိုင်ငံတွင် နာဂစ်မုန်တိုင်းတိုက်ခတ်ပြီး (၁) နှစ်ပြည့်ပြီး သော်လည်း မုန်တိုင်းဒဏ်ခံရသူများအတွက် အကူအညီများ လိုအပ်နေဆဲဖြစ်ကြောင်း ကမ္ဘာ့အကူအညီပေး ရေးအဖွဲ့များ က ပြောသည်။ လေဘေးဒုက္ခသည် (၅) သိန်းခန့် အတွက် နေစရာအိမ်များ အမြန်ဆုံးလိုအပ်နေကြောင်း လူသားချင်း စာနာ ထောက်ထားမှု အကူအညီ....အပြည့်အစုံသို့

လေဘေးသင့် ပြည်သူများကို ကူညီရန် စာပေပညာရှင်များ၊ လုပ်ငန်းရှင်များနှင့် မိတ်ဆွေများက ကုညီလှူဒါန်းရေး အဖွဲ့ဖွဲ့
ဓာတ်ပုံသတင်း
မေ ၂၄၊ ၂၀၀၈

ပြည်တွင်းက ဖတ်မိသမျှ ဂျာနယ် အပိုင်းအစ

ဂျာနယ်ဂြိုလ် သာဂိ

မေ ၅၊ ၂၀၀၉

မေလ ၁ ရက်က ၃ ရက်အထိ ကျင်းပတဲ့ တပ်မတော်ခန်းမကွန်ပြူတာပြပွဲ မြင်ကွင်း။ ပြည်တွင်းရေနံစိမ်း တပီပါ ၄ သောင်း ကျပ်။ ရေစစ်မြေအိုး ဘယ်လိုထုတ်၊ ဘယ်လိုသုံး။ မန္တလေးမှာ မြေထောင်၊ မြေစိုက်၊ တိုင်ကပ်နဲ့ လမ်းဖြတ်ကြော်ငြာများ။ ဇုန်ထုတ်ဂျစ် မှန်းသလောက် မရောင်းရ။ ဧပြီ ၁၆ တွံတေးတူးမြောင်း အမည်မရှိ စက်လှေမှောက်၊ ၄ ဦး ပျောက်ဆုံး။ နာဂစ်ဒေသ မိုးစပါးအကူအညီ မင်္ဂလာမြန်မာ အင်န်ဂျီအိုက ဆက်ကူညီမည်။ မိုဘိုင်းဖုံးအတွင်း အင်တာနက်ဆော့ဝဲများ ထည့်။ သင်္ကြန်အပြီး မိုဘိုင်းဖုံး အရောင်းအ၀ယ် ဈေးတက်။ အင်တာနက်ဆက်နွယ်လုပ်ငန်းများ ကျဆင်း။ ဒီမှာ ဖတ်ပါ -
နိုင်ငံရေးနဲ့ စာပေအနုပညာ (၃၅)
ရဲရဲတောက် သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း
ထိန်လင်း
မေ ၄၊ ၂၀၀၉

တိုင်းပြည်တစ်ခုဟာ ဆိုးဝါးတဲ့ ခေတ်ရဲ့အောက်မှာ ရောက်နေရပြီဆိုရင် အဲဒီ ဆိုးဝါးမှုတွေကြောင့် ဆုံးရှုံးမှုတွေ ဖြစ်တတ်သလို ကျပ်တည်းမှုတွေကြားမှာပဲ ထူးချွန်သူတွေ၊ ပညာရှင်တွေ ထွက်ပေါ်တတ်ပါတယ်။ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းက အဲဒီလို ထွက်ပေါ်ခဲ့တဲ့ ပညာရှင်တွေထဲက တစ်ဦးဖြစ်ပါတယ်။

အျပည့္အစုံသိုႛ ...


ကာတွန်းနေမျိုးအေးရဲ့ သင်ခန်းစာ
မေ ၄၊ ၂၀၀၉

ကျောင်းတွေဖွင့်လျှင် …

ကျောင်းတွေဖွင့်လျှင် … ဒီနှစ် ကျောင်းဖွင့်စောမည်ဟု လူကြီးတွေပြောသံ ကြားကတည်းက သံချောင်းတယောက် ပျော်နေမိသည်။ ခုတခါ ကျောင်းတက်ရလျှင်တော့ သူ ပထမတန်း ရောက်ပြီ ဖြစ်သည်။
ဆက်ဖတ်ရန် ...
နာဂစ် နှစ်ပတ်လည် သတင်းများ ဖော်ပြခွင့်မရ

နာဂစ် နှစ်ပတ်လည် သတင်းများ ဖော်ပြခွင့်မရ

နာဂစ်မုန်တိုင်း နှစ်ပတ်လည် သတင်းဆောင်းပါး၊ ဓာတ်ပုံများကို မြန်မာပြည်တွင်းရှိ အပတ်စဉ်ထုတ် ဂျာနယ်များတွင် ဖော်ပြခွင့်မရကြောင်း သိရသည်။

နာဂစ်ဒေသရှိ အခမဲ့ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းများ လျှော့ချ

နာဂစ်ဒဏ်သင့် ဒေသများရှိ အခမဲ့ ကျန်းမာရေး ၀န်ဆောင်မှု ပေးနေသည့် NGO များ၏ လုပ်ငန်းစဉ် ၈၀ ရာခိုင်နှုန်းကို သက်ဆိုင်ရာက ဧပြီ နောက်ဆုံးအပတ်တွင် စတင်လျှော့ချ ခဲ့ကြောင်း

လွတ်လပ်စွာ သတင်းယူနိုင်ကြောင်း ငါး အဖွဲ့ချုပ်က ပြောဆို

သတင်းမီဒီယာများ သိလိုသည်များကို မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်တွင် လွတ်လပ်စွာ မေးမြန်းနိုင်ကြောင်း ယနေ့ ကျင်းပသည့် ငါးလုပ်ငန်း ပုံမှန်အစည်းအဝေး၌ အဖွဲ့ချုပ် အမှုဆောင်တဦးက ပြောဆို ......

စိတ်ဒဏ်ရာနှင့် စိုးရိမ်သောကတို့ ဆိုင်ကလုံး မုန်တိုင်းဒဏ်မှ နလန်ထူရေးတွင် အနာရွတ်တခု ဖြစ်နေ

အဖျက်စွမ်းအား ကြီးမားလှသေည့် နာဂစ် ဆိုင်ကလုံးမုန်တိုင်း တိုက်ခတ်ခဲ့သည်မှာ တနှစ်ပြည့်သည့် အချိန်တွင် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ အပြည့်အဝ နာလန်ထူရေးတွင်...

မန္တလေး မြို့တည် နန်းတည် နှစ်ပတ်လည်ပွဲတော် ကျင်းပ

မန္တလေး မြို့တည် နန်းတည် နှစ် ၁၅၀ ပြည့် “မန္တလေး အနုပညာပုံရိပ် ပွဲတော်” ကို ပြီးခဲ့သည့်လ...

မြန်မာ့ဂီတ ရေစီးကြောင်း အချိုးအကွေ့၊ အပြောင်းအလဲ

စိုင်းထီးဆိုင်၊ မွန်းအောင်၊ စိုးသူ၊ ကိုင်ဇာ၊ စိုးလွင်လွင်၊ ချစ်ကောင်း၊ ဟေမာနေဝင်း၊ မေဆွိ၊ မေခလာ စသည့် အဆိုတော်များက...

တနှစ်ပြည့် နာဂစ်ဒေသ၏ အစီရင်ခံစာ

အစီရင်ခံစာများတွင် တူညီနေသော အချက်မှာ အစားအသောက်များ၊ ကူညီထောက်ပံ့များ လိုအပ်နေမှု၊ သောက်သုံးရေသန့် အခက်အခဲများ ဖြစ်ပေါ်နေမှု၊ အိုးမဲ့အိမ်မဲ့ ဖြစ်နေမှု၊...



more


more

ရွှေတိဂုံဘုရား အောင်မြေနေရာအား နအဖမိသားစုဝင်တစ်ဦးမှ အပိုင်စီးနေရာယူထားခြင်း

05/05/2009
Photobucket
Photobucket
ဧပြီလ (၂၅) ရက်နေ့  မနက် (၇) နာရီလောက်က ရွှေတိဂုံဘုရားကို သွားရောက်ဖူးမြော်ခဲ့ရာမှာ ရွှေတိဂုံဘုရားရဲ့  သမိုင်းဝင်နေရာတစ်ခုဖြစ်တဲ့ ဗုဒ္ဒဘာသာဝင်တို့  အလေးအမြတ်ထားရာ အောင်မြေမှာ သွားရောက်ဆုတောင်းဖို့  ကြိုးစားခဲ့ပါတယ်။ အဲ့ဒီအောင်မြေနေရာရောက်တဲ့အခါမှာ အကာအ၀န်းထဲမှာ အမျိုးသမီးတစ်ဦး တစ်ယောက် တည်း ထိုင်ပြီး ၀တ်ပြုဆုတောင်းနေတာတွေ့ ရပါတယ်။

ဒါနဲ့  အောင်မြေနေရာထဲဝင်ရောက်ပြီး ဆုတောင်းဖို့ လုပ်တဲ့အခါမှာ အကာအ၀န်းထဲကို မ၀င်ရောက်ဖို့  ပိတ်ပင် တားမြစ်ခြင်း ခံရပါတယ်။ အောင်မြေအကာအ၀န်းဘေးအပြင်မှာ မတ်တတ်ရပ်စောင့်နေတဲ့ ဘုရားလုံခြုံရေး နှစ်ဦးကနေ တားမြစ်တာ ဖြစ်ပါတယ်။ အဲ့ဒီ အောင်မြေအကာအ၀န်းထဲမှာ ၀င်ရောက်ဆုတောင်းနေသူက နအဖ မိသားစုဝင်တစ်ဦးဖြစ်လို့ ဆိုတာ သိရပါတယ်။
အဆိုပါ နအဖမိသားစုဝင် အမျိုးသမီး ဆုတောင်းနေတာမို့  မည်သူ့ ကိုမျှ အောင်မြေဆုတောင်းတဲ့နေရာ အကာအ၀န်းလေးထဲကို ပေးမ၀င်ဘဲ တားဆီးနေတဲ့ ဘုရားလုံခြုံရေးနှစ်ဦးဟာ ဘုရားဖူး ၀တ်ပြုဆုတောင်းလိုတဲ့ ပြည်သူတွေကို ပိတ်ပင်တားဆီးရုံမက အဆိုပါ အမျိုးသမီး အနီးအနားကို ငှက်များ ပျံသန်းရောက်ရှိလာတာကို မောင်းထုတ်နေတာ တွေ့ ရပါတယ်။

မေးချင်တာကတော့ - ဒီလိုမျိုး အစဉ်အလာကြီးမားပြီး ပြည်သူပိုင် ရွှေတိဂုံဘုရားမြေပေါ်မှာ အခုလို အောင်မြေ နေရာကို စိတ်ကြိုက်သိမ်းပိုက်ထားပြီး အများပြည်သူကို ဆုတောင်းဝတ်ပြုခွင့်မပေးရလောက်အောင် ပြည်သူပိုင် နေရာမြေဒေသကို ကိုယ်ပိုင်ပစ္စည်းလို သဘောထားပြီး မောင်ပိုင်စီးထားရသလား ဆိုတာပါ။

(ရွှေတိဂုံမြတ်စေတီတော် အောင်မြေမှာ ၀တ်ပြုဆုတောင်းခွင့်မရခဲ့တဲ့ ပြည်သူတစ်ဦး)။

အတ္တကင်းစင် ဒီမိုကရေစီ လွင်ပြင် မှကူးယူဖေါ်ပြပါသည်။

Burma's News World's News



Georgian armoured personnel carriers move to the Mukkrovani military base. Photo: 5 May 2009
Georgia says a mutiny at a military base near Tbilisi that officials linked to an alleged Russian coup attempt is over.

A senior Pakistani official urges residents to evacuate the troubled Swat valley in the north-west.

Dozens of Mexicans quarantined in China because of swine flu fears are being flown home on a chartered Mexican plane.




Georgian Interior Ministry spokesman Shota Utiashvili gives a news conference in Tbilisi, 05 May 2009
Tue. 05 May 2009 0905 UTC

Georgia Says Mutiny Underway

Defense Minister says a 'rebellion' is under way at a military base outside Tbilisi

Full Story »

Pakistani police officers examine site of suicide bombing near Peshawar, 05 May 2009

Suicide Bomber Kills 5 in Northwestern Pakistan

Officials say attack happened at checkpoint near Peshawar, at least 21 wounded including children

Benjamin Netanyahu, 25 Mar 2009

Netanyahu Plan Calls for Fresh Approach to Peace With Palestinians Audio Clip Available

But the Israeli prime minister is making no mention of a two-state solution

Zimbabwean human rights activist Jestina Mukoko arrives at magistrate's court in Harare, 24 Dec 2008

Zimbabwe Detains 18 Activists

Court orders activists, including human rights campaigner Jestina Mukoko, detained on charges of plotting to overthrow President Robert Mugabe

Afghanistan

Afghan Governor Says Security Forces Kill 25 Insurgents

Farah provincial governor Rohul Amin said security forces were backed by Western warplanes


QUOTE OF THE DAY
Today, I lend my voice of support and admiration to all those brave men and women of the press who labor to expose truth and enhance accountability around the world.
— US President Barack Obama

NARGIS ANNIVERSARY

Food Insecurity Threatens Cyclone Survivors

By WAI SANN
Rice fields destroyed by the cyclone, combined with a fear of storing rice in case of another disaster, means many families in the delta are going hungry these days.

Contaminated Shrimp Paste Brands Banned in Burma

By ARKAR MOE
Burma’s Ministry of Health has banned the sale of 37 brands of shrimp paste, warning that they contain a dangerous chemical dye.

Family Survives by Trapping Rodents

By AUNG THET WINE
A father and mother of six children trap rats in a field at night to sell at the morning market, earning enough money to scrimp by.

Armed Ceasefire Groups to be ‘Border Guard Force’

By WAI MOE
The Burmese military plans to incorporate armed ethnic ceasefire groups into a border guard force within the Tatmadaw (Burmese armed forces) after the 2010 election.

Asking for more aid for coffer of generals

It is truly depressing and annoying to read reports about the need for more international aid funds to help the victims of Cyclone Nargis. Hardly anybody mentions the obligation of...

Where is UDP heading? (Interview)

some critics and hardliners are saying that the junta has not transferred power to the winning party NLD in 1990 general election. Don't you think you can face a similar...

Arms transported from Thailand seized

Burmese border authorities in Tachileik, eastern Shan State, on Monday arrested a car owned by a Thai citizen and seized arms and ammunition that are on the car. According to...

Weak public health care, invitation to disaster: Medical expert

Military-ruled Burma has set up medical checkpoints at its International airports in a step to prevent travellers carrying the deadly Swine influenza virus into the country...
Burmese border officials foil weapons smuggler

May 5, 2009 (DVB)–Burmese authorities yesterday seized firearms and ammunition from a Thai national smuggled across the border from northern Thailand, said a source close to Burmese officials. - more


Food crisis reported in two states

May 5, 2009 (DVB)–A United Nations body has begun to establish aid programmes for villages in Burma’s Chin state to tackle the ongoing famine there, whilst a human rights group has issued a report about a serious food crisis in Karen state. - more


Lawyers’ group slams ruling

May 5, 2009 (DVB)–The secretary of an exiled Burmese lawyers group recently declared illegal by the Burmese government has reacted to the ruling by saying that the government is itself an illegal entity. - more


Calls for release of imprisoned cyclone aid workers

May 5, 2009 (DVB)–Calls for the release of over 20 aid workers who were arrested after assisting in cyclone Nargis relief efforts last year, have been issued by a number of Burmese groups to mark the cyclone’s one-year anniversary. - more


Suu Kyi’s appeal rejected

May 5, 2009 (DVB)–An appeal submitted last month for the release of imprisoned opposition leader Aung San Suu Kyi, sent by her lawyer to the Burmese government, has been rejected. - more