7.08.2008

Nargis follow up News

ယူနီဆက်ထောက်ပံ့နေသည့် မုန်တိုင်းသင့်မြို့နယ်များတွင် ကျောင်း (၁,၅၀၀) ပျက်စီး
NEJ/ ၈ ဇူလိုင် ၂၀၀၈
နာဂစ်မုန်တိုင်းကြောင့် ပျက်စီးသွားသည့် ကျောင်းအရေအတွက်မှာ ဧရာဝတီတိုင်း (၇) မြို့နယ်နှင့် ရန်ကုန်တိုင်း (၁၀) မြို့နယ်တွင် စုစုပေါင်း (၁,၄၃၅) ကျောင်းရှိသည်ဟု ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (ယူနီဆက်) က ဇူလိုင် (၇) ရက်နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။
အဆိုပါမြို့နယ်များမှ ပျက်စီးသည့် ကျောင်းအရေအတွက်မှာ ယူနီဆက်အဖွဲ့မှ ထောက်ပံ့နေသည့် မြို့နယ်များရှိ ကျောင်းအပျက်အစီး စာရင်းဖြစ်သည်။
ယူနီဆက် ထောက်ပံ့နေသည့် မြို့နယ်များရှိ ပျက်စီးကျောင်းအရေအတွက်မှာ ဧရာဝတီတိုင်း (၇) မြို့နယ်တွင် (၁,၂၀၈) ကျောင်းရှိပြီး ရန်ကုန်တိုင်း (၁၀) မြို့နယ်တွင် (၂၂၇) ကျောင်းရှိသည်။ ဧရာဝတီတိုင်းတွင် ဘိုကလေးမြို့နယ်မှာ (၂၉၂) ကျောင်း ပျက်စီးသွားပြီး ကျောင်းအများဆုံး ပျက်စီးသည့် မြို့နယ်ဖြစ်သည်။ ရန်ကုန်တိုင်းတွင် ကွမ်းခြံကုန်းမြို့နယ်မှာ ကျောင်းအများဆုံး ပျက်သည့် မြို့နယ်ဖြစ်သည်။

ရန်ကုန်တိုင်းအတွင်း (၃) လ စပါး မစိုက်သည့် လယ်သမားများကို လယ်မြေသိမ်းမည်ဟု စစ်အစိုးရက ခြိမ်းခြောက်
NEJ/ ၈ ဇူလိုင် ၂၀၀၈
ရန်ကုန်တိုင်းအတွင်းရှိ လယ်သမားများ စိုက်ပျိုးရန် စပါးကို နအဖ က သတ်မှတ်စိုက်ခိုင်းနေပြီး စိုက်ခိုင်းသော စပါးမျိုး မစိုက်ပါက လယ်ယာမြေများကို သိမ်းမည်ဟု ပြောကြောင်း ဒလမြို့နယ်မှ လယ်သမားတဦးက ပြောသည်။
ဒလမြို့နယ် သပြေကုန်းရွာမှ လယ်သမားတဦးက “ကားလမ်းဝဲယာရှိတဲ့ လယ်မြေတွေမှာ သူတို့ စိုက်ခိုင်းတဲ့ စပါးမျိုး ဆင်းသွယ်လတ်ဆိုတာကို မစိုက်ရင် လယ်ကို သိမ်းမယ်လို့ ပြောထားတယ်။ ဒီအတွက် သိမ်းမှာကြောက်လို့ စိုက်ရတယ်။ အဲဒီစပါးက တဧကကို (၂) တင်းမျိုး သုံးရတယ်။ (၁) တင်းကို (၅,၀၀၀) ကျပ် ကနေ (၈,၀၀၀) ကျပ် ဈေးထိ ရယက က ရောင်းပေးတယ်။ အခု ဆိုရင် မျိုးစပါး (၁) တင်းကို (၁၀,၀၀၀) ကျပ် ဖြစ်နေပြီ” ဟု ပြောသည်။
နာဂစ်မုန်တိုင်းကြောင့် မျိုးစပါးများ ရေစိုသွားသည့် လယ်သမားအများစုသည် ယခုကဲ့သို့ နအဖက မျိုးစပါး ရောင်းချပေးနေသော်လည်း ယခုအချိန်သည် ပျိုးစိုက်ချိန် ရောက်နေပြီ ဖြစ်သည့်အတွက် မျိုးချချိန် မရှိတော့ဟု လယ်သမားများက ပြောသည်။
စစ်အစိုးရက ယခု ရောင်းချပေးနေသည့် မဖြစ်မနေ စိုက်ရမည့် ဆင်းသွယ်လတ် စပါးမျိုးမှာ (၃) လဖြင့် ရိတ်သိမ်းနိုင်သော သက်နုစပါးမျိုးဖြစ်ကြောင်း၊ ပုံမှန်စိုက်ပျိုးနေကျ စပါးမျိုးများကဲ့သို့ အထွက်နှုန်း မကောင်းကြောင်း၊ သို့သော် လယ်သမားများအနေဖြင့် လယ်သိမ်းခံရမည်ကြောက်၍ စိုက်ရခြင်းဖြစ်ကြောင်း စုံစမ်းသိရသည်။
“ဒီဒေသမှာ စိုက်တဲ့စပါးမျိုးက တောင်ပျံ၊ ဘေးကျားစပါးမျိုး ဖြစ်တယ်။ အဲဒီစပါးက ရိတ်သိမ်းနိုင်ဖို့ (၅) လလောက်ကြာတယ်။ (၁) ဧကကို တင်း (၆၀) ကျော် ထွက်တယ်။ ဆင်းသွယ်လတ်က (၃) လ လောက်မှာ ရိတ်သိမ်းနိုင်တယ်။ (၁) ဧကကို တင်း (၂၀) လောက်ပဲ ထွက်တယ်။ ပြီးတော့ အဲဒီ စပါးမျိုး ဆန်ကို ချက်စားကြည့်၊ အရသာက လုံးဝကွာတယ်။ အစိုးရက (၃) လနဲ့ စပါးသီးပေါ်တာ ကိုပဲ မြင်တယ်။ အထွက်နှုန်းနဲ့ အရည်အသွေးကို မမြင်ဘူး။ သိတဲ့သူတွေကလည်း မတင်ပြရဲကြ ဘူး။ ပြောရင် ပြောတဲ့အတိုင်းပဲ ခေါင်းညိတ်ကြတယ်။ လယ်သမားတွေက နစ်နာတာပဲ အဖတ် တင်တယ်” ဟု အဆိုပါ သပြေကုန်းရွာမှ လယ်သမားက ပြောသည်။
လယ်ဧက (၃၀) ခန့်ရှိသည့် ကော့မှူးမြို့နယ် လယ်စိုက်ကျေးရွာမှ လယ်သမားတဦးကမူ ရယက မှရောင်းသည့် (၃) လစပါးမျိုးကို ကားလမ်း ၀ဲယာရှိ လယ်ကွက်များတွင် စိုက်ရန် ၀ယ်ထားသော် လည်း ကျန်သည့်လယ်ကွက်များတွင် ၀မ်းစာစပါးကို ပြန်စိုက်မည်ဟု ပြောသည်။
၎င်းက “မုန်တိုင်းတိုက်တော့ စပါးအားလုံး ရေစိုကုန်တယ် သုံးလို့မရတော့ဘူး။ ဒါကြောင့် ဒီနှစ် တော့ စားဖို့ထားတဲ့ စပါးကျီက ရေမစိုဘဲ ဖုံးဖိထားလို့ ကျန်လိုက်တဲ့ ၀မ်းစာစပါးကို မျိုးပြန်လုပ်ပြီး စိုက်ထားတယ်။ ဖြစ်ချင်ရာဖြစ်ဗျာ၊ ရှိတဲ့မျိုးကို စိုက်ရတာပဲ။ သူတို့ရောင်းပေးတဲ့ (၃) လစပါးထက် သာတယ်ဗျ” ဟု ပြောသည်။
တွံတေးမြို့နယ်အတွင်းရှိ လယ်သမားများကမူ “အစိုးရ ရောင်းပေးတဲ့ မျိုးစပါးက (၃) လစပါး၊ အချိန်တိုတိုနဲ့ စပါးမြန်မြန် ဖြစ်တယ်ဆိုပေမယ့် မိုးရာသီမကုန်ခင် မှည့်တာဆိုတော့ စပါးရိတ်သိမ်းရ ခက်တယ်။ တလင်းလည်းမရှိ၊ တာလမ်းမပေါ် တင်ပြီး စပါးတွေကို ခြွေလှည့်ပြန်တော့ ဟိုလူ ကအော်၊ ဒီလူက ငေါက်နဲ့” ဟု ပြောသည်။
စစ်အစိုးရ ရောင်းသည့် (၃) လ စပါးမျိုးမှာ ပြန်ရောင်းပါက တင်း (၁၀၀) လျှင် ပုံမှန်ဈေး (၄) သိန်းခန့်ရှိပြီး ဒေသခံများ စိုက်လေ့ရှိသော စပါးမှာ ပုံမှန်ဈေး တင်း (၁၀၀) လျှင် (၆) သိန်းကျော် ရောင်းရကြောင်း လယ်သမားများက ပြောသည်။
ရန်ကုန်တိုင်းတွင် ယခုနှစ် စပါး ပိုမိုထွက်ရှိရန် နအဖက စီမံချက်ချကာ တတိုင်းလုံးတွင် နွေစပါး၊ မျိုးစပါး စိုက်ပျိုးဧက (၁၄) သိန်းခန့်ကို စိုက်ပျိုးကာ တင်းပေါင်း သိန်း (၁,၀၀၀) ထွက်ရန် မျှော်မှန်း ထားကြောင်း မြန်မာနိုင်ငံ စပါးထုတ်လုပ်ရောင်းချသူများအသင်း၏ တာဝန်ရှိသူတဦးက ပြောသည်။
ရန်ကုန်တိုင်းတွင် ယခင်နှစ်များက စုစုပေါင်းဧက (၁၃) သိန်းခန့် စပါးစိုက်ပျိုးခဲ့သော်လည်း ရန်ကုန်တိုင်းရှိ ပြည်သူများအတွက် ဆန်လုံလောက်မှုမရှိ၍ ဧရာဝတီတိုင်းမှ နေ့စဉ် ဆန်အိတ်ရေ (၄) သောင်းခန့် တင်ပို့ခဲ့ရသည်၊ ယခုနှစ်တွင် ဧက (၁) သိန်း ပို၍ ရန်ကုန်တိုင်းတွင် တိုးချဲ့စိုက်ပျိုး မည်ဆိုသော်လည်း နာဂစ်မုန်တိုင်းကြောင့် လယ်သမားများ မျိုးစပါးဆုံးရှုံးခဲ့ကြောင်း သိရ သည်။ ။

နာဂစ်မုန်တိုင်းအပြီး အချက်အလက်မှတ်တမ်းများကြည့်ရှူရန်
http://www.khitpyaing.org/nargis/data.php

NLD Challenged to Contest 2010 Election

The Burmese opposition group, the National League for Democracy (NLD), was challenged by the military government on Sunday to form a political party to contest the 2010 national election and to forget the results of the “illegal” 1990 election.
An article, “Goodbye 1990 Election Results,” published in the state-backed New Light of Myanmar, said the landslide victory of the NLD in the 1990 general election is now “illegal,” because it “has been ditched by the entire people [sic] who are desirous of the emergence of a new, modern-developed democratic nation.”
“This being so, the NLD’d better join hands with the people and then stand for the 2010 election in line with the laws instead of longing for the result of the 1990 election,” the article said.
In the 1990 election, NLD candidates won 82 percent of the parliamentary seats, but the results were not honored by the military government which continued to retain power. Articles of a political nature that appear in the newspaper are considered to have the approval of the military government.
The government has officially said that 92.48 percent of people who cast ballots in the constitutional referendum held in May voted “yes” for the state-drafted constitution.
The NLD does not recognize the referendum results. Prior to the vote, voicing opposition to the referendum process or the draft constitution was declared illegal by the junta.
NLD party officials dismissed the article as junta-sanctioned propaganda.
Thein Nyunt, an NLD spokesperson who is also a lawyer, said, “Lawfully, the results of the 1990 election cannot vanish. Politically, it [the results] reflected the will of Burmese people. It insults the will of the people to say the result is illegal.”
“An election is meant to reflect the future of the country,” he said. “The authorities should have honored the election’s result.”
Aye Thar Aung, the chairman of the Arakan League for Democracy and secretary of the Committee Representing the People's Parliament (CRPP) “We can’t accept the ‘seven-step road map’ including the state constitution. We also don’t agree with the coming election or the formation of political parties.”
The CRPP was formed in September 1998 and includes the 1990-elected parliament members and ethnic leaders in Burma.
“The junta can hold the election by force,” he said, “but it will not really benefit the people.”
Aye Thar Aung said national reconciliation was needed between the government, opposition groups and ethnic groups before conducting a national election.