ရန်ကုန် ၊ ဒီဇင်ဘာ ၂၀၁၀ ။
မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ သူရဲ့ လေးရက်ကြာ ခရီးစဉ်ရဲ့ နောက်ဆုံနေ့မှာ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် ဒုတိယ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက်ဖ် ယွန်းသည် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် NLD ခေါင်းဆောင်တွေ၊ CRPP ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မီတီဝင်တွေနဲ့ ဒီကနေ့ မနက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ တွေ့ဆုံခဲ့ပါသည်။
နံနက် ၁၀နာရီခန့်မှ ၁၂နာရီ အထိ ၂နာရီကြာ တွေ့ဆုံမှုတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တစ်နာရီကြာ ဆွေးနွေးခဲ့ပြီးနောက် NLD ပါတီ ဗဟိုကော်မတီဝင်များ ၊ CRPP အဖွဲ့ဝင်များနှင် တစ်နာရီကြာ တွေ့ဆုံခဲ့ သည်ဟု သိရပါသည်။
ထိုကဲ့သို့ နှစ်နာရီကြာတွေ့ဆုံဆွေးနွေးမှု အပြီးတွင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံနှင့် အမေရိကန် ပြည်ထောင်စု တို့၏ ဆက်ဆံရေးသည် ယခင်ကထက် ပိုမိုနွေးထွေးလာမည်ဟု ယုံကြည်ကြောင်း ပြောဆိုခဲ့ပါသည်။
စီးပွါးရေး ပိတ်ဆို့မှု ကိစ္စနှင့် ပါတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က သူတို့ အနေဖြင့် ထိုကိစ္စကို ကိုင်တွယ်ခြင်း မရှိကြောင်းနှင့် တိကျသာ သတင်းအချက်အလက်များကိုသာ ပေးအပ်ခဲ့ကြောင်း ပြောပြခဲ့ပါသည်။
မစ္စတာ ဂျိုးဆက်ယွန်းက သူ၏ခရီးစဉ် လေးရက်တာ ကာလအတွင်း မြန်မာနိုင်ငံနှင့် ပါတ်သက်၍ များစွာလေ့လာ နိုင်ခဲ့ကြောင်းနှင့် ဘက်ပေါင်းစုံမှ လူများနှင့် တွေ့ဆုံခဲ့ရသောကြောင့် များစွာ အကျိုးရှိခဲ့ကြောင်း ပြောပါသည်။
ထို့အတူ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရခြင်းအတွက် အကျိုးရလဒ်များစွာ ရရှိခဲ့သည်ဟု ဆိုပါသည်။
၎င်းက ဆက်လက်ပြောဆိုရာတွင် အမေရိကန်ပြည်ထောင်စု၏ ရည်မှန်းချက် ပန်းတိုင်သည် မြန်မာနိုင်ငံသားများကို ကူညီရန် အတွက်သာ ဖြစ်ရာ အကယ်၍ အချို့လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက် ခွင့်ရမည်ဆိုလျှင် မြန်မာနိုင်ငံ ပြည်သူလူထုများအတွက် အကျိုးဖြစ်ထွန်းမှု များစွာ ရှိလိမ့်မည်ဟု ပြောပါသည်။ သို့ရာတွင် မည်သည့် အချက်များကို မြန်မာနိုင်ငံက ရှေ့ဆက်ဆောင်ရွက်သွားရမည်ကိုမူ ထုတ်ဖေါ်ပြောဆိုခြင်းမရှိပါ။
ဂျိုးဆက်ယွန်းနှင့် အဖွဲ့သည် ယနေ့ညနေပိုင်းတွင် ရန်ကုန်လေဆိပ်မှ ဘန်ကောက်သို့ ပြန်လည်ထွက်ခွာမည် ဖြစ်ပါသည်။