2.02.2010

လစဉ်ကြေးဘတ်၂၀၀ မပေးတော့သဖြင့် ဘတ်ပွဲစားက မြန်မာအလုပ်သမအား ရဲနှင့်ပေါင်း၍ ဖမ်းဆီးထောင်ချ

Photobucket
ဖမ်းဆီးခံရသူ ဒေါ်ခင်စိုး၏ပုံ
ဖေဖေါ်ဝါရီ ၂

ထိုင်းနိုင်ငံတောင်ပိုင်း ကျုံဖေါ်မြို့ ဝိထိနိုင် ဈေးကြီးအနီး နေထိုင် အလုပ်လုပ်ကိုင်နေသည့် မြန်မာ အလုပ်သမ ဒေါ်ခင်စိုးအား လစဉ်ကြေး မပေးတော့သဖြင့် အပြင်ဘတ်ပွဲစား ထိုင်းအမျိုးသမီးက ရဲနှင့်ပေါင်း၍ ဖမ်းဆီး ထောင်ချ လိုက်သည်။

အသက် ၄၉နှစ်အရွယ် အိမ်ဖေါ်အလုပ်လုပ်နေသည့် ဒေါ်ခင်စိုးအား လစဉ်ကြေးဘတ်၂၀၀ မပေးတော့ သဖြင့် ပြီးခဲ့သည့် ဇန္န၀ါရီလ၂၉ရက်နေ့ ညနေ၇နာရီခွဲလောက်မှာ ဆိုင်ကယ်စီး ထိုင်းပုလိပ်တစ်ဦးနှင့် ဘတ်လုပ်ပေး ထားသည့် အသက်သုံးဆယ်ကျော် အရွယ် ထိုင်းအမျိုးသမီး ဖိမိုးတို့ ရောက်ရှိလာပြီး ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ သည်။

ဒေါ်ခင်စိုး၏သား ကိုစိုးဝင်းလှိုင်က “ အမေက သူ့ ဆီမှာ ဘတ်လုပ် ထားတယ်။ ဘတ်ဖိုးငါးထောင်၊ အားလုံး အကျေ ပေးပြီးသားပါ။ ဒါပေမယ့် သူလုပ်ပေးထားတဲ့ လူတွေထဲက လူ၇ ယောက်လောက်က ထိုင်းစကားမပြော တတ်ဘူး။ ဒီလူတွေဆီက သူ တစ်လကို ဘ တ်၂၀၀ စီကောက်တယ်၊ အမေပေး လာတာ ၆လရှိပြီ။ ဒီလမှာ မပေးလို့ ဆိုပြီး ဖမ်းတာ၊ ခေါင်းမာလို့ ဖမ်းတာလို့ ပြောတယ်။ ထောင်ဆယ်ရက်ချတယ်လို့ ပြောတယ်။ အခု အမေ ထောင်ထဲမှာ ရောက်နေတာတောင် ကျနော်မနေ့ ကမှ စုံစမ်းလို့ သိရတာ” ဟု ပြောသည်။

သားငယ် ၂ဦး ရှိရာ ကျုံဖေါ်မြို့သို့ လာရောက် အလုပ်လုပ်ကိုင်နေသော ရခိုင်ပြည်နယ်မာန်အောင်မြို့နယ်၊ ဇရပ်ကုန်းခင် ရွာမှ မုဆိုးမတစ်ဦးဖြစ်သူ ဒေါ်ခင်စိုးမှာ ထိုင်းနိုင်ငံသို့ ရောက်ရှိသည်မှာ ၂နှစ်ခန့်သာ ရှိသေးသည်။

မိခင်အား ၂ရက်တိုင်တိုင် ရှာဖွေစုံစမ်းပြီးမှ ကျုံဖေါ်မြို့ လျန်ချံ အကျဉ်းထောင်တွင် သားဖြစ်သူမှ သွားရောက် တွေ့ဆုံခဲ့ရသည်။ ထောင်ဝန်ထမ်းများအား မေးမြန်သည့် အခါ လာမည့် ဖေဖေါ်ဝါရီလ ၈ ရက်နေ့ တွင် ပြန်လွှတ် မည်ဟု ပြောသော်လည်း မည်သည့် နေရာသို့ ပြန်လည်လွှတ်မည်ကို ရှင်းလင်းစွာ မသိရှိရသဖြင့် သားနှစ်ဦးက စိတ်သောကရောက်နေကြသည်။

ကျုံဖေါ်နှင့် ပါနန်းပိတ်ဆိပ်ရှိ သောင်းချီရှိသော မြန်မာအလုပ်သမားများမှာ တရားဝင်နေထိုင်အလုပ်လုပ်ကိုင်ခွင့် ဘတ်လုပ်ထားသည့် အလုပ်သမား တစ်ယောက်အား ဘတ်လုပ်ပေပြီးမှ ဘတ်ပွဲစားက ယခုကဲ့သို့ ထိုင်းပုလိပ် များနှင့်ပူးပေါင်း၍ ထောင်သွင်း အကျဉ်းချလိုက်သည်ကို အထူးစိုးရိမ်နေကြသည်။

ယခု ဒေါ်ခင်စိုးအား ဖမ်းဆီးထောင်ချလိုက်သော ထိုင်းအမျိုးသမီးသည်၊ လှေဆိပ်၊ ဘူတာရုံ၊ ကားဂိတ်နှင့် လမ်းသွား လမ်းလာ တွေ့ရှိသမျှသော မြန်မာအလုပ်သမားများကို ဘတ်ရှိ မရှိ စစ်ဆေးမေးမြန်းပြီး ထိုင်းရဲများကို ခေါ်ယူပြီး ဖမ်းဆီး ငွေတောင်းစားသည့် အလုပ်ကို အမြဲ လုပ်ကိုင်နေသူဖြစ်ကြောင်း ကျုံဖေါ်အလုပ်သမားများက ပြောသည်။

ထိုင်းနိုင်ငံ တရားဥပဒေ၏ အကာအကွယ်နှင့် အကူအညီကို ရရှိရေးအတွက် အဖွဲ့အစည်း အချို့က ကူညီနိုင်ရန် ပြင်ဆင် နေကြကြောင်း သိရှိရသည်။

ဦးအောင်ဆန်းဦးအား သပိတ်မှောက် ကံဆောင်လိုက်ပြီဟု ထုတ်ပြန်ကြေညာ

ဖေဖေါ်ဝါရီ ၂။ ၂၀၁၀
မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုကြီးမှ ဦးအောင်ဆန်းဦးကို သပိတ်မှောက် ကံဆောင်လိုက်ပြီ ဖြစ်ကြောင်း ယနေ့နေ့စွဲဖြင့် ထုတ်ပြန်ကြေညာ သွားခဲ့ပါသည်။
ဇန်နဝါရီလ ၂၄ရက်နေ့ နေ့စွဲဖြင့် ဦးအောင်ဆန်းဦးအား နအဖ၏ ကြိုးကိုင်မှုဖြင့် ညီမဖြစ်သူ အတိုက်အခံ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အနှောင့်အယှက်ပေးနေခြင်းကို ရပ်တန်းက ရပ်ရန်နှင့် ဆက်လက် လုပ်ဆောင်နေမည် ဆိုပါက ဝိနည်းတော်နှင့် အညီ သပိတ်မှောက် ကံဆောင်မည်ဖြစ်ကြောင်း သံဃာ့တပ်ပေါင်းစုက သတိပေး ပြောကြားခဲ့ပါသည်။
သို့ရာတွင် ယခုအချိန်အထိ ဦးအောင်ဆန်းဦး ဘက်မှ တစုံတရာတုန့်ပြန်မှု ပြုလုပ်လာခဲ့ခြင်း မရှိသဖြင့် ထိုသို့ သပိတ်မှောက် ကံဆောင်လိုက်ရခြင်း ဖြစ်ကြောင်း ဖေါ်ပြပါရှိပါသည်။
သံဃာတော် အရှင်မြတ်များသို့လည်း ဦးအောင်ဆန်းဦးကို သပိတ်မှေက် ကံဆောင်ထားပြီးဖြစ်၍ သာသနာနှင့် ပါတ်သက်သော ပါတ်သက် ဆက်ဆံမှုများ မလုပ်ပါရန် လျှောက်ထားချက်ကိုပါ ပူးတွဲထည့်သွင်းထားပါသည်။
ထို့အတူ မနေ့က သတင်းဌာနများသို့ အသိပေး အကြောင်းကြားချက် တစောင်ကိုလည်း သံဃာ့တပ်ပေါင်းစုမှ ထုတ်ပြန်ခဲ့ပါသည်။
ထုတ်ပြန်ကြေညာချက်များကို ပူးတွဲဖေါ်ပြ ထားပါသည်။

သပိတ်မှောက် ကံဆောင်ကြောင်း အသိပေး ကြေညာချက်

By abma | February 1, 2010

အသံလွှင့်ဌာနများ၊ ၀က်ဘ်ဆိုက်များ၊ သတင်းဌာနများအားလုံးသို့ အသိပေးအကြောင်းကြားခြင်း

By abma | February 1, 2010

ဦးအောင်ဆန်းဦးသို့ အိတ်ဖွင့်ပေးစာ(၂၄-၁-၂၀၁၀)

By abma | January 24, 2010