8.31.2008

NLD statement 29.8.2008





















8.30.2008

ဒေါ်အောင်ဆန်းစုကြည်သူမ၏ တောင်းဆိုချက် (၂) ချက်ကြောင့်ဆန္ဒပြနေဟုယူဆရ



ပြီးခဲ့သော ၂၀၀၈ ခုနှစ်၊ သြဂုတ်လ ၁၅ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်၏ စားသောက်ရေးကို တာဝန်ယူပို့ဆောင်ရသည့် ကိုမြင့်စိုးအား ဒေါ်အောင်ဆန်းစုကြည်မှ၊ သူမ တောင်းဆိုသော အချက် (၂) ချက်ကို နအဖ အနေဖြင့် လိုက်လျှောခြင်း မရှိပါက ကိုမြင့်စိုးအနေဖြင့် တံခါး လာခေါက်စရာ နောက်ထပ် မလိုတော့ဘူးဟူ၍ ပြောကြားခဲ့သည်ဟု ဆိုပါသည်။အဆိုပါ ဒေါ်အောင်ဆန်းစုကြည်တောင်းဆိုချက် (၂) ချက်မှာ

၁။ အင်တာနက် တပ်ဆင် အသုံးပြုခွင့်နှင့်

၂။ ဆရာဝန် ဒေါက်တာ တင်မျိုးဝင်း၊ ရှေ့နေ ဦးကြည်ဝင်း တို့ဖြင့် တွေ့ဆုံခွင့် စသည့် အချက် (၂) ချက်ကို တောင်းဆိုထားခြင်း ဖြစ်ကြောင်း သတင်းကြားသိရသည်။

နောက်တချက်မှာ ဒေါ်အောင်ဆန်းစုကြည်၏ အိမ်မှု ကိစ္စများကို ကူညီလုပ်ကိုင်ပေးနေသော ဒေါ်ခင်ခင်ဝင်းနှင့် အခြားအဖေါ်၏ လွတ်လပ်ခွင့်များကိုနအဖ နောက်လိုက်များကအခုနောက်ပိုင်းရက်များတွင် ချုပ်ခြယ်မှု များပိုမိုလုပ်ဆောင်လာသည့် အချက်အပေါ်လည်း ဒေါ်အောင်ဆန်းစုကြည်နေဖြင့် ကျေနပ်နှစ်သက်ခြင်းမရှိ ဟုလည်းသိရပါသည်။

ဒေါ်အောင်ဆန်းစုကြည်၏တောင်းဆိုချက်(၂)ချက်တွင်ဒုတိယတောင်းဆိုချက်ဖြစ်သောဒေါက်တာတင်မျိုးဝင်းနှင့် ရှေ့နေ ဦးကြည်ဝင်း တို့ဖြင့် တွေ့ဆုံခွင့်ကို လိုက်လျောပေးသည်ဟုသိရသော်လည်း ပထမ အချက်ဖြစ်သည့် အင်တာနက် တပ်ဆင် အသုံးပြုခွင့်ကို ခွင့်မပြုသေးသောကြောင့် (၇)ရက်လျှင် တစ်ခါ ပေးပို့ရသော အစားအသောက်များကို လက်ခံရမည့် ၂၀၀၈ ခုနှစ် သြဂုတ်လ (၂၂) နေ့မှစ၍် အစားအသောက်များကို လက်ခံခြင်း မရှိတော့ကြောင်းသိရှိရပါသည်။

ယနေ့ ၂၀၀၈ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့သည် နောက်ထပ် (၇) ရက် မြောက်သော နေ့ဖြစ်သောကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အစားအသောက်များကို လက်မခံဘဲ ငြင်းဆိုထားသည်မှာ (၂)ပတ်တိတိ ပြည့်မြောက်သွားပြီ ဖြစ်ရာဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အစာအငတ်ခံ ဆန္ဒပြ၊ မပြဆိုသည်ကို အတည်ပြုနိုင်ခြင်းမရှိသေးသော်လည်း အစားအသောက် ပေးပို့ခြင်းကို လက်မခံသည်မှာ(၂)ပတ်ရှိနေပြီ ဖြစ်ပါသည်။

Soldiers Still Watch Suu Kyi

Although the Burmese generals don’t want military personnel to show interest in domestic politics, detained pro-democracy leader Aung San Suu Kyi’s surprise snub of the UN special envoy last week has become a popular talking point among soldiers and officers in Burma, according to several military sources.
“We are interested to know why Suu Kyi did not meet Gambari,” said an officer based in Naypyidaw military region command who declined to be identified for security reasons.
“We were surprised that the officials were so impolite—shouting with a loudspeaker outside the gate of Aung San Suu Kyi’s residence,” he said, referring to an incident last week when two of Gambari’s aides, accompanied by Burmese officials, stood outside her house at Inya Lake in Rangoon and called in vain for her to come out and greet the UN envoy.
The officer told The Irrawaddy that most soldiers believe that the political situation in Burma cannot improve without Suu Kyi’s involvement and that even officers admire her as the daughter of independence hero Gen Aung San, who was the founding father of the Burmese armed forces.
The officer said that many Burmese soldiers pay attention to the news, either from state-run media or through foreign-based radio stations. However, senior generals don’t usually allow military personnel to listen to or watch Suu Kyi’s political speeches.
“During the 1990 election, we recorded Suu Kyi’s speeches and secretly listened to them,” said a retired army captain.
In the 1990 general election, polls showed that soldiers and their family members throughout Burma voted for her party, the National League for Democracy, despite its anti-military stance.
Nowadays, most soldiers are still suffering from economic hardships: the government has suspended rations and stipends to family members of soldiers and officers.
“Like many people, we also are facing hard times,” said the 24-year-old son of a warrant officer in the 77tth Light Infantry Division. “Military personnel and their families also want political and social changes,” he added.
Meanwhile, VCDs of a well-known comedy troupe, Thee Lay Thee & Say Young Sone A-Nyeint, are widely available in military barracks and among soldiers’ family members. The VCDs of the troupe’s political satire performances both inside Burma and in exile are very popular among troops.
A sergeant in his early 30s from Rangoon regional military command said that soldiers made copies of the comedy performances and distributed them among themselves, despite a ban on Thee Lay Thee & Say Young Sone A-Nyeint VCDs.
In November 2007, the comedians performed at Rangoon’s Kandawgyi Lake drawing a large audience, including military officials, intelligence officers and police, all of whom seemed to enjoy the show.
Jokes about the junta, Burma’s increasing economic hardships and UN envoy Gambari’s failed mission were generally well received by audiences, the officers said.

8.29.2008

မြန်မာစစ်အစိုးရကို ကုလသမဂ္ဂမှာ အသိအမှတ်မပြုရေး အတိုက်အခံများ ကြိုးပမ်းနေ

မြန်မာစစ်အစိုးရဟာ အစိုးရတရပ်ရဲ့ အင်္ဂါရပ်နဲ့ မညီညွတ်လို့ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံ


ကို ကိုယ်စားပြုခွင့်မပေးဖို့ဆိုတဲ့ တောင်းဆိုချက်ကို NCUB ခေါ် ပြည်ထောင်စုမြန်မာ


နိုင်ငံ အမျိုးသားကောင်စီက ကုလသမဂ္ဂ အထွေထွေညီလာခံ မတိုင်ခင် အခုလာမယ့်


စက်တင်ဘာလဆန်းမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဆီ တင်သွင်းတော့မှာဖြစ်ပါ


တယ်။

ဒီလှုပ်ရှားမှုကို NCGUB ခေါ် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရက


လည်း ထောက်ခံချက်ပေးသလို ပြည်ပရောက် မြန်မာပြည်သူ့လွှတ်တော်ကိုယ်စားလှယ်


၃၀ ကျော်နဲ့ ဖွဲ့စည်းထားတဲ့ MPU ခေါ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့က


လည်း ထောက်ခံကြိုဆိုတဲ့အကြောင်း မနေ့ကပဲ ကြေညာချက်ထုတ်ပါတယ်။

MPU အဖွဲ့ရဲ့ အတွင်းရေးမှူး ဦးသိန်းဦး ကတွေ့ဆုံမေးမြန်းခန်းတခုမှာယခုလိုပြောပြသွားပါတယ်။

မြန်မာစစ်အစိုးရဟာ အစိုးရတရပ်ရဲ့ အင်္ဂါရပ်နဲ့ မညီညွတ်တဲ့အတွက် ကုလသမဂ္ဂမှာ


ကိုယ်စားမပြုသင့်ဘူးဆိုတဲ့ ကိစ္စကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့က


ဘာကြောင့်ထောက်ခံရသလဲဆိုတာ အရင်ဆုံးရှင်းပြပေးပါ။

"အဓိကကတော့ စစ်အစိုးရဟာ လူထုကရွေးချယ်ထားတဲ့ အစိုးရမဟုတ်ဘူး။ နောက်


တခုက လူထုက ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေကို အာဏာလွှဲပြောင်းပေးခြင်း


မရှိဘဲ လူထုရဲ့အာဏာကို အတင်းအဓမ္မ ယူထားတဲ့ အစိုးရဖြစ်တယ်။ လူထုနဲ့ပတ်သက်


တဲ့ လုပ်ငန်းတွေမှာ၊ ဥပမာ နာဂစ်လေမုန်တိုင်းဒဏ်ခံရတဲ့ လူထုတွေနဲ့ပတ်သက်လို့


လုပ်ကိုင်ဆောင်ရွက်ပေးရမယ့် ကိစ္စတွေမှာ ပြည်ပနိုင်ငံတွေက အကူအညီပေးမယ့်


ကိစ္စတွေကို လူထုဆီမရောက်အောင် တားဆီးနေတဲ့ ကိစ္စမျိုးတွေ၊ ဒါကြောင့် လူထုရဲ့


စစ်မှန်တဲ့ ကိုယ်စားလှယ်မဟုတ်တဲ့ စစ်အစိုးရကို ကုလသမဂ္ဂမှာ နေရာမပေးသင့်ဘူး။


ရှိထားတဲ့နေရာကနေ ဖယ်ရှားပေးဖို့ဆိုတဲ့ကိစ္စကို အတိုက်အခံများဘက်က ဒီနှစ် ကုလ


သမဂ္ဂမှာ တင်သွင်းပြီး ဆောင်ရွက်မယ့်အနေအထားမျိုး ရှိပါတယ်။

"ဒါကြောင့် ဒီလိုလုပ်ခြင်းဟာ အင်မတန် မှန်ကန်တဲ့ကိစ္စဖြစ်တယ်၊ နအဖစစ်အစိုးရရဲ့


လက်ရှိ ရှိနေတဲ့အနေအထားကို တိုက်ရိုက်ဝေဖန်ပြီး တိုက်ခိုက်တာဖြစ်တယ်။ ဒါကြောင့်


ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့က အဲဒီလို လုပ်ကိုင်ဆောင်ရွက်တာ


မှန်သမျှကို ထောက်ခံတဲ့အကြောင်း ကြေညာချက်ထုတ်တာ ဖြစ်ပါတယ်။"

ကုလသမဂ္ဂနေရာကနေ ဖယ်ပေးသင့်တယ်ဆိုတဲ့ လှုပ်ရှားမှုဟာ ဘယ်လောက်ထိ


ဖြစ်နိုင်ချေရှိပါသလဲ။ တချို့တွေကတော့ ဒါဟာ ဖြစ်ဖို့ အင်မတန်ခဲယဉ်းတယ်၊ မဖြစ်နိုင်


တာကို လုပ်နေတယ်ဆိုတဲ့ ဝေဖန်ချက်တချို့လည်း ကြားရတော့ ဒါ ဘယ်လောက်အထိ


ဖြစ်နိုင်မယ်လို့ ဦးသိန်းဦးတို့ တွက်ပါသလဲ။

"ဖြစ်ဖို့ အင်မတန်ခဲယဉ်းတယ်ဆိုတာ မှန်ပါတယ်။ ကျနော်တို့လည်း ဒါကိုမြင်ပါတယ်၊


လက်ခံပါတယ်။ ဒါပေမယ့် ဖြစ်ဖို့ခဲယဉ်းပေမယ့် တကယ့်ကို ဖြစ်သင့်ဖြစ်ထိုက်တဲ့ကိစ္စ


ဖြစ်တဲ့အတွက် ဖြစ်အောင်လုပ်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ လုပ်ကြတာဖြစ်ပါတယ်


မြန်မာနိုင်ငံမှာ ရှေ့ဆက်ပြီးတော့ ဒီ့ထက်ခက်ခဲတဲ့ အခက်အခဲတွေ လာဦးမှာဖြစ်ပါ


တယ်။

"၂၀၁၀ ရွေးကောက်ပွဲကိုလည်း သူတို့ ကြိုပြီးတော့ ခေါ်ထားပါပြီ။ ခေါ်ထားတဲ့အတွက်


ဒီရွေးကောက်ပွဲကလည်း တနည်းအားဖြင့် လူထုကို အတင်းအကျပ်ဖိနှိပ်ပြီး သူတို့လိုချင်


တဲ့ပုံစံ လုပ်သွားမှာဖြစ်ပါတယ်။ လူထုက ကန့်ကွက်တဲ့ကိစ္စ မှန်သမျှကိုလည်း အတင်း


အကျပ် ဖိနှိပ်မှာဖြစ်ပါတယ်။ ဒါကြောင့် အဲဒီလိုဖိနှိပ်လာမှာကို မြင်တဲ့အတွက် ကြိုပြီး


တင်ထားတာ ဖြစ်ပါတယ်။ အဲဒီလိုတင်ထားတဲ့အတွက် ဒီဟာက အင်မတန် ခက်ခဲပေ


မယ့်လည်း မကြာခင်ကာလမှာ ဖြစ်တော့မယ့် တကယ့် အခက်အခဲကြီးမှာ လူထုနဲ့


အစိုးရကြားမှာ ဆန့်ကျင်ဘက်အနေအထားတွေ ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။

"အဲဒီလိုအနေအထားတွေ ရောက်ရင် လူထုရဲ့ကိုယ်စား အရန်သင့်ဖြစ်နေဖို့အတွက်


တင်ပြထားတာဖြစ်ပါတယ်။ ဒါကြောင့် ဒီနှစ်တင်တာဟာ နအဖကို ပထမဆုံးအကြိမ်


ပွင့်ပွင့်လင်းလင်းနဲ့ စိန်ခေါ်တဲ့ တိုက်ပွဲပဲဖြစ်ပါတယ်။ အဲဒီတိုက်ပွဲဟာ လူထုအရှိန် မြင့်လာ


တာနဲ့အမျှ အောင်မြင်မှာဖြစ်ပါတယ်။ ဒါကြောင့် အဲဒီတိုက်ပွဲ အောင်မြင်ဖို့၊ မအောင်မြင်


ဖို့ဆိုတာ အထဲမှာရှိတဲ့ လူထုရဲ့တိုက်ပွဲအရှိန် ဘယ်လောက်ထိ မြင့်မလဲဆိုတဲ့အပေါ်မှာ


မူတည်တာဖြစ်ပါတယ်။"

မြန်မာစစ်အစိုးရဟာ တရားမ၀င် အုပ်ချုပ်နေတဲ့ အဖွဲ့အစည်း ဖြစ်တယ်ဆိုတဲ့ကိစ္စက


လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က ရှိလာခဲ့တာဆိုပေမယ့် အခုလိုမျိုး ကုလသမဂ္ဂနေရာက


ဖယ်ရှားဖို့ကိစ္စကို အခုမှလုပ်ရတာ ဘယ်လိုအခြေအနေတွေ ရှိလို့ပါလဲ။

"အဓိကကတော့ သူတို့က ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ဖျက်တော့မှာဖြစ်ပါ


တယ်။ ၂၀၁၀ ရွေးကောက်ပွဲလုပ်ပြီး သူတို့ရဲ့အာဏာကို တရားဝင်ဖြစ်အောင် လုပ်မယ့်


အနေအထားမျိုး ဖြစ်ပါတယ်။ အဲဒါက လာမယ့် တနှစ်ကျော်ကာလအတွင်းမှာ ဖြစ်တော့


မယ့်ကိစ္စ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီဟာကို မြင်တဲ့အတွက် အခုအချိန်ဟာ အင်မတန်မှ


လုပ်သင့်လုပ်ထိုက်တဲ့အချိန် ဖြစ်တယ်။

"၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ကိုင်စွဲထားတဲ့၊ လူထုရဲ့ Mandate ကို ရရှိထားတဲ့


ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ ဒီကိစ္စမှာ ဦးဆောင်ဦးရွက်ပြုပြီး


ဆောင်ရွက်ရမယ်လို့ မြင်တဲ့အတွက် ဒီနှစ် ကုလသမဂ္ဂမှာ စတင် တင်သွင်းဖို့အတွက်


ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့က ထောက်ခံတယ်ဆိုတဲ့အကြောင်း


ဆောင်ရွက်တာဖြစ်ပါတယ်။"



ARIG မြန်မာနိုင်ငံမှ ထွက်ခွာရန် ဆုံးဖြတ်ခြင်းကို ကင်ပိန်း လှုပ်ရှားသူများက ကြိုဆို Campaigners hail, ARIG's decision to pull out of Burma

New Delhi - Arab Insurance group (ARIG) has announced pulling out of Burma's insurance market after campaigners pointed out that its presence in the market helps the military rulers of the country profit, Burma Campaign UK said.

After a month of releasing a report titled "Insuring Repression" by the BCUK which revealed how international insurance companies finance Burma's military junta, ARIG, is the second international insurance company to withdraw from the Burmese market.

"It is welcome news, we hope that other companies will pull out of Burma soon," Johnny Chatterton, author of the report and Campaigns Officer of BCUK told Mizzima over telephone.

ARIG is a Bahrain based company dealing in insurance, reinsurance and other services. Its decision to withdraw comes a week after another international insurance company, XL limited, announced its withdrawal from Burma.

BCUK said, ARIG has informed the group that "After a review of the current situation it has taken a corporate decision to refrain from renewing any of the isolated risks previously written in Myanmar [Burma]."

But no officials of the ARIG Company were available for comment on Thursday.

According to the BCUK, despite ARIG and XL's withdrawal, 14 more international insurance companies are still in the market in Burma helping finance billions of dollars to the military rulers of the country.

Among them are Lloyd's of London, Hannover Re, Catlin, Atrium Underwriting, Tokio Marine, Sompo Japan, Mitsui Sumitomo Insurance, QBE, ACE, Labuan Re, OCBC Bank, Pana Harrison, Target Insurance Broker and AI Wasl.

BCUK has begun a campaign that urges insurance companies worldwide to stop insuring in the Burmese market and the group in its report, has divided the companies into three categories – the dirty list, shame list and clean list.

"The time has come for governments to take action and shut down the regime's financial lifeline," Chatterton said is a statement released on Wednesday.

"Today we reiterate our call to the UK government to take the lead and push for EU wide targeted financial sanctions that stop insurance companies helping finance the military junta," he added.

According to a July 29 report released by BCUK's, 16 companies highlighted as their members or subsidiaries sell insurance to companies in Burma, while 203 companies are on the shame list, 218 are on the clean list.

Chatterton said his group is pushing the British government to pressure the European Union to implement financial sanctions that will not allow insurance companies to operate in Burma.

"There could be other insurance companies that we don't know of which is why we are pushing for EU sanctions because Europe is an important centre for the insurance industry," said Chatterton.

Lloyd's of London, which has three of its market members - Catlin, Atrium and Tokio Marine – cited the lack of sanctions as the chief defence for the actions of their members who continue to be involved in Burma.

Insurance companies, the BCUK said, are funding millions of dollars to the Burmese junta which use it to buy more guns and weapons and strengthen its stranglehold on power to further oppress its own citizens.
နယူးဒေလီ။ ။ ကင်ပိန်းလှုပ်ရှားသူများက ယင်းတို့ ဈေးကွက်အတွင်း ရှိနေခြင်းဖြင့် မြန်မာအစိုးရကို အမြတ်အစွန်းများ ရအောင် ကူညီရာရောက်သည်ဟု ဘားမားကင်ပိန်းယူကေ အဖွဲ့က ထောက်ပြ ဝေဘန်ခဲ့ပြီးနောက် အာရပ်အာမခံ အုပ်စု (ARIG) က မြန်မာနိုင်ငံ အာမခံ ဈေးကွက်အတွင်းမှ ပြန်လည် ရုပ်သိမ်းတော့မည် ဖြစ်ကြောင်း ကြေညာလိုက်ပါသည်။

(BUCK) အဖွဲ့က “ဖိနှိပ်မှုကို အာမခံခြင်း” ဆိုသည့် အစီရင်ခံစာကို ထုတ်ဝေဖြန့်ချိအပြီး တလအကြာတွင် ဤသို့ မြန်မာနိုင်ငံ ဈေးကွက်အတွင်းမှ နှုတ်ထွက်သွားသည့် အာမခံ ကုမ္ပဏီများအနက် ARIG သည် ဒုတိယမြောက် ကုမ္ပဏီ ဖြစ်သည်။ အဆိုပါ အစီရင်ခံစာတွင် နိုင်ငံတကာ အာမခံကုမ္ပဏီများက မည်သို့မည်ပုံ မြန်မာစစ်အစိုးရအား ဘဏ္ဍာရေး အထောက်အပံ့များ ပေးနေသည်ကို ဖေါ်ထုတ်တင်ပြထားသည်။

“ဒါ ကြိုဆိုရမဲ့ သတင်းပါပဲ။ တခြား ကုမ္ပဏီတွေလည်း အခုလို မြန်မာနိုင်ငံတွင်းက မကြာမီ ထွက်ခွါ ရုပ်သိမ်းသွားကြလိမ့် မယ်လို့ မျှော်လင့်ပါတယ်” ဟု အစီရင်ခံစာကို ရေးသားပြုစုခဲ့သူ BUCK ၏ ကင်ပိန်းအရာရှိ ဂျော်နီချက်တာတန် (Johnny Chatterton) က မဇ္ဈိမ ကို တယ်လီဖုံးဖြင့် ပြောကြားသွားခဲ့ပါသည်။

ARIG သည် အာမခံထားခြင်း၊ ပြန်လည် အာမခံထားခြင်း နှင့် အခြား ဝန်ဆောင်မှု လုပ်ငန်းများကို လုပ်ကိုင်နေသည့် ဘာရိန်းအခြေစိုက် ကုမ္ပဏီတခု ဖြစ်သည်။ အခြား နိုင်ငံတကာ အာမခံ ကုမ္ပဏီတခုဖြစ်သော XL Ltd. က မြန်မာနိုင်ငံမှ ပြန်လည် ထွက်ခွါတော့မည်ဟု ကြေငြာအပြီး တပတ်အကြာတွင် ARIG ၏ ယခုကြေငြာချက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

“လက်ရှိ အခြေအနေများကို ပြန်လည်သုံးသပ်အပြီး မြန်မာနိုင်ငံတွင် ယခင်က ချုပ်ဆိုထားရှိခဲ့သော သီးသန့် ဘေးအန္တရာယ် အာမခံများကို နောက်ထပ် သက်တမ်း မတိုးတော့ရန် ကော်ပိုရေးရှင်း ဆုံးဖြတ်ချက်တရပ်ကို ချမှတ်ခဲ့သည်” ဟု ARIG က BUCK အဖွဲ့ကို အကြောင်းကြားခဲ့ပါသည်။

သို့သော် ကြာသပတေးနေ့က ဆက်သွယ်ရာတွင် မည်သည့် ARIG အရာရှိမျှ ဤကိစ္စနှင့် စပ်လျဉ်း၍ မှတ်ချက်စကား ပြောကြားပေးရန် ဆက်သွယ်၍ မရခဲ့ပါ။

BUCK အဖွဲ့၏အဆိုအရ ARIG, XL တို့ ဤသို့ မြန်မာနိုင်ငံမှ ထွက်ခွါသွားခဲ့ကြသော်လည်း နောက်ထပ် နိုင်ငံတကာ အာမခံကုမ္ပဏီ ၁၄ ခုမျှ မြန်မာနိုင်ငံ ဈေးကွက်အတွင်းတွင် ရှိနေသေးပြီး မြန်မာစစ်အစိုးရကို ဒေါ်လာဘီလီလျံ နှင့်ချီ၍ ဘဏ္ဍာရေး ထောက်ပံ့မှုများ ပြုလုပ်ပေးလျက် ရှိသေးကြောင်း သိရပါသည်။

အဆိုပါ ကုမ္ပဏီများမှ Lloyd's of London, Hannover Re, Catlin, Atrium Underwriting, Tokio Marine, Sompo Japan, Mitsui Sumitomo Insurance, QBE, ACE, Labuan Re, OCBC Bank, Pana Harrison, Target Insurance and AI Wasl တို့ ဖြစ်ကြပါသည်။

BUCK အဖွဲ့သည် ကမ္ဘာတဝှမ်းရှိ အာမခံ ကုမ္ပဏီများအား မြန်မာနိုင်ငံ ဈေးကွက်အတွင်း အာမခံလုပ်ငန်းများ လုပ်ကိုင်ခြင်းကို ရပ်ဆိုင်းပါရန် ကင်ပိန်းတရပ်ကို စတင်ပြုလုပ်ခဲ့သည်။ ယင်းတို့ ပြုစုထားသော အစီရင်ခံစာတွင် ကုမ္ပဏီများကို ညစ်ပတ်စာရင်း (dirty list) ၊ ရှက်ဖွယ်စာရင်း (shame list) ၊ နှင့် သန့်ရှင်းစာရင်း (clean list) ဟူ၍ ၃ မျိုး ခွဲခြား သတ်မှတ်ထားပါသည်။

“အစိုးရတွေ အနေနဲ့ မြန်မာနိုင်ငံ အစိုးရရဲ့ ဘဏ္ဍာရေး အသက်သွေးကြောကို ဖြတ်ပစ်ဘို့ အရေးယူ ဆောင်ရွက်ရမဲ့ အချိန် အခါရောက်ပါပြီ” ဟု ဗုဒ္ဓဟူးနေ့က ကြေငြာချက် ထုတ်ပြန်ပြီး ချက်တာတန် က ပြောကြားသွားခဲ့ပါသည်။

“အာမခံ ကုမ္ပဏီတွေက မြန်မာစစ်အစိုးရကို ဘဏ္ဍာရေး ထောက်ပံ့ပေးနေတာတွေကို ရပ်တန့်ပစ်နိုင်ဘို့အတွက် ဥရောပသမဂ္ဂတဝှမ်း ပစ်မှတ်ထား ဘဏ္ဍာရေးအရ အရေးယူပိတ်ဆို့မှုတွေ လုပ်ရာမှာ ယူကေ အစိုးရအနေနဲ့ ဦးဆောင် ဦးရွက်ပြုဘို့ ဒီနေ့ ကျနော်တို့ ထပ်လောင်း ပြောဆိုခဲ့ပါတယ်” ဟု သူက ဆက်လက် ပြောဆိုသွားခဲ့ပါသည်။

ဇူလိုင်လ ၂၉ ရက်နေ့က ထုတ်ပြန်ခဲ့သော BUCK ၏ အစီရင်ခံစာအရ ကုမ္ပဏီ ၁၆ ခု သို့မဟုတ် ယင်းတို့၏ ကုမ္ပဏီခွဲများသည် မြန်မာနိုင်ငံရှိ ကုမ္ပဏီများကို အာမခံများ ရောင်းချပေးလျက်ရှိပြီး၊ ကုမ္ပဏီ ၂ဝ၃ ခုမှာ ရှက်ဖွယ် စာရင်းတွင် ပါဝင်နေကာ၊ ကုမ္ပဏီ ၂၁၈ ခုမှာမူ သန့်ရှင်းစာရင်းတွင် ပါဝင်သည်ဟု သိရပါသည်။

အာမခံ ကုမ္ပဏီများအား မြန်မာနိုင်ငံတွင် လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ခွင့်မပြုမည့် ဘဏ္ဍာရေး ပိတ်ဆို့ အရေးယူမှုအား ဥရောပသမဂ္ဂက အကောင်အထည် ဖေါ်စေရန် ဖိအားပေးပါမည့်အကြောင်း ဗြိတိသျှအစိုးရကို သူတို့အဖွဲ့က တွန်းအားပေးသွားမည်ဟု ချက်တာတန်က ပြောသွားခဲ့ပါသည်။

“ကျနော်တို့ မသိတဲ့ တခြား အာမခံကုမ္ပဏီတွေလဲ ရှိနိုင်ပါသေးတယ်။ အဲဒါကြောင့်ဘဲ အီးယူ (ဥရောပသမဂ္ဂ) ရဲ့ပိတ်ဆို့ အရေးယူမှုတွေလုပ်ဘို့ ကျနော်တို့ တွန်းအားပေးနေတာပါ။ ဘာလို့လဲဆိုတော့ ဥရောပဟာ အာမခံလုပ်ငန်းအတွက် အရေးပါတဲ့ ဗဟိုဌာနကြီး ဖြစ်နေလို့ပါဘဲ” ဟု ချက်တာတန် က ပြောပါသည်။

Catlin, Atrium, Tokio Marine ဆိုသည့် ဈေးကွက်အဖွဲ့ဝင် ၃ ဖွဲ့ရှိသည့် Lloyd's of London သည် မြန်မာနိုင်ငံတွင် လုပ်ငန်းများ ဆက်လက် ဆောင်ရွက်နေသည့် ဤအဖွဲ့ဝင်များအား အကာအကွယ် ပေးနေသည့် အဓိက အဖွဲ့ကြီးတခု ဖြစ်နေသည့်အတွက် ဤသို့ ပိတ်ဆို့ အရေးယူမှုများ ချို့တဲ့နေရခြင်း ဖြစ်ကြောင်း ညွှန်းဆိုဖေါ်ပြသွားပါသည်။

အာမခံ ကုမ္ပဏီများသည် မြန်မာစစ်အစိုးရအား ဒေါ်လာငွေ သန်းပေါင်းများစွာ ထောက်ပံ့ ပေးကမ်းနေပြီး ယင်းငွေများဖြင့် သေနတ်များ၊ လက်နက်များ ထပ်မံဝယ်ယူကာ မိမိတို့ အာဏာ တည်မြဲရေးအတွက်နှင့် မိမိတို့ နိုင်ငံသားများအား ပိုမို ဖိနှိပ်နိုင်ရေးအတွက် အသုံးပြုနေသည်ဟု BUCK အဖွဲ့ကြီးက ပြောသွားပါသည်။

8.28.2008

တောင်းဆိုထားတဲ့ အခွင့်အရေးတွေ မရတဲ့အတွက် ဒေါ်စု အစားအသောက် လက်မခံပဲ ဆန္ဒပြနေဟုNLDပြော

မကြာသေးခင် ရက်တွေကစလို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တယောက် သူမအတွက် အစားအသောက် ပေးပို့နေတာတွေကို ငြင်းပယ်နေတာဟာ သူမအတွက် ရသင့်တဲ့ အခြေခံရပိုင်ခွင့်တွေ ရဖို့ တောင်းဆိုတဲ့ အနေနဲ့ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ပြောဆိုလိုက်ပါတယ်။ သူမသာမက သူမနဲ့အတူ နေထိုင်နေသူတွေအတွက် အခွင့်အရေးတွေ ဆုံးရှုံးနေရတဲ့ အတွက် အခုလို ဆောင်ရွက်နေတာလို့လည်း ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အစာငတ်ခံ ဆန္ဒပြနေတယ်၊ ရက်ပေါင်း အတော်ကြာနေပြီ စတဲ့ သတင်းတွေ မကြာသေးခင် ရက်တွေက စပြီး ထွက်ပေါ် လာနေရာမှာ၊ အခုနောက်ဆုံး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီ က ပြောတာကတော့ အစာငတ်ခံနေတယ်ဆိုတဲ့ သဘောမျိုး မဟုတ်ပေမယ့် သူမ ရသင့်တဲ့ အခွင့်အရေးတွေအတွက် တောင်းဆိုပြီး ပေးပို့နေတဲ့ အစားအသောက်တွေကို လက်မခံပဲ နေနေတာလို့ ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးထိန်းသိမ်းထားတာ သက်တမ်းစေ့သွားခဲ့ပေမယ်လို့ ဆက်လက် ဖမ်းဆီးထားတာ၊ နောက်ပြီး သူမနဲ့အတူ အဖော်အဖြစ် နေထိုင်နေသူတွေအပေါ် အာဏာပိုင်တွေက ကန့်သတ်မှုတွေ လုပ်ထားတာ၊ စတာတွေနဲ့ ပတ်သက်လို့ ဥပဒေအကျိုးဆောင်နဲ့ တွေ့ဆုံဆွေးနွေး ဆောင်ရွက်ခွင့်ရဖို့ အခုလို လုပ်ဆောင်ခဲ့တာလို့ အန်အယ်လ်ဒီ ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်း က ပြောပါတယ်။ “ကျွန်တော်သိတာက ဦးကြည်ဝင်းနဲ့ သူ့ရဲ့ ကိုယ်ပိုင်ရှေ့နေနဲ့ တွေ့ဖို့၊ ဒါဟာ သူ့တောင်းဆိုချက်ထဲမှာ ပါတယ်။ နောက်တခုက ဒေါ်ခင်ခင်ဝင်းတို့ သားအမိကို ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ကန့်သတ်ခံနေရတာတွေ ဖြေရှင်းပေးဖို့၊ နောက် သူရသင့်ရထိုက်တဲ့ အယူခံ အခွင့်အရေး၊ ဒါတွေကိုတော့ သိတယ်။ ဒါတွေကို ဒေါ်အောင်ဆန်းစုကြည်က ဦးကြည်ဝင်းနဲ့ ဆောင်ရွက်နေတယ်။ အဲဒါတွေ မပြီးမချင်း စားသောက်ဝယ်ယူပေးတဲ့ လုပ်ငန်းကို အဲဒီ ကိုမြင့်စိုးဆိုတဲ့လူ နေ့စဉ် ဈေးဝယ်ပေးမယ့် သူကသွားရတယ်။ အဲဒီမှာ ပစ္စည်းစာရင်းနဲ့ လိုအပ်တဲ့ဟာတွေကို စာရွက်နဲ့ ရေးပြီးတော့ မှာတယ်။ အဲဒါတွေကို ၀ယ်ပို့ပေးရတယ်။ စတာက သြဂုတ်လ လဆန်းကတည်းက စတာ။ စပြီးတော့ တခါ သြဂုတ်လ အလယ်လောက်မှာ တကြိမ် ခေါ်သွားပြီးတော့ ရိက္ခာဝင်ပေးရတယ်လို့ ကြားတယ်။ နောက်တပတ်ဆိုရင် ၂ပတ် ရှိသွားပြီလို့ ကြားရတယ်။”အေအက်ဖ်ပီ သတင်းတပုဒ်ကတော့ မြန်မာစစ်အစိုးရ အာဏာပိုင်တွေဖက်က အစာငတ်ခံ ဆန္ဒပြနေတယ်ဆိုတာ မဟုတ်ဘူး၊ ဘာတောင်းဆိုမှုမှလည်း သူတို့ဖက်က လက်ခံရရှိထားတာ မရှိဘူးဆိုပြီး အမည်မဖော်လိုသူ အစိုးရ တာဝန်ရှိသူ တဦးကို ကိုးကားဖော်ပြခဲ့ပါတယ်။ ဒါနဲ့ ပတ်သက်လို့ အခုအချိန်အထိတော့ အစိုးရဖက်က တရားဝင် ပြောတာဆိုတာမျိုးတော့ မရှိသေးပါဘူး။ အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်း ပြောပြတာကတော့ ဒေါ်အောင်ဆန်းစုကြည် ဟာ သူ့အတွက် အစားအသောက် ပို့ဆောင်နေတာတွေကို လက်မခံတော့ပဲ တောင်းဆိုမှုတွေ လုပ်ခဲ့တာ အခုလဆန်းပိုင်းက စခဲ့တာဖြစ်ပြီးတော့ လလည်ပိုင်းမှာတော့ သူမရဲ့ ဥပဒေအကျိုးဆောင် ရှေ့နေကြီး ဦးကြည်ဝင်း နဲ့ တွေ့ဆုံခွင့်ရပြီးနောက်ပိုင်း တိုက်တိုက်ဆိုင်ဆိုင် အစားအသောက်တွေကို ပြန်လည် လက်ခံခဲ့တယ်လို့ ဆိုပေမဲ့ ဒီလိုတွေ့ဆုံခွင့်ရလို့ အစားအသောက်တွေကို ပြန်လည်လက်ခံလိုက်တာ ဟုတ်မဟုတ်ကတော့ ရှင်းရှင်းလင်းလင်း မသိရဘူးလို့ ဆိုပါတယ်။ နောက်ပိုင်း ဒီလိုတွေ့ဆုံမှုတွေ မရှိတော့သလို ဒေါ်အောင်ဆန်းစုကြည် က ပုံမှန်အားဖြင့် ပေးပို့နေတဲ့ အစားအသောက်တွေကို လက်မခံပဲ နေနေတာကြောင့် အန်အယ်လ်ဒီ အနေနဲ့လည်း တနေ့ထက်တနေ့ စိုးရိမ်ပူပမ်မှုတွေ ရှိလာနေတာပါ။ “ကျွန်တော်တို့ အရမ်းစိတ်ပူတယ်။ အခု သတင်းတွေ ထွက်လာတော့ ပိုစိတ်ပူတယ်။ စိတ်ပူရတဲ့ အဓိက အကြောင်းက ကျွန်တော်တို့ တိုက်ရိုက် ဆက်သွယ်ခွင့် မရတာပဲ။ ဆက်သွယ်ခွင့်မရတဲ့အတွက် ပိုစိတ်ပူတယ်။”အခုလို ဒေါ်အောင်ဆန်းစုကြည် အစားအသောက်တွေ လက်မခံဘူး၊ အစာငတ်ခံပြီးတော့တောင် ဆန္ဒပြနေတယ်ဆိုတဲ့ သတင်းတွေဟာဆိုရင် မြန်မာ့အရေး ကြားဝင်ဖြန်ဖျေပေးမယ့် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂမ်ဘာရီ သူမနဲ့ တွေ့ခွင့်မရပဲ မြန်မာနိုင်ငံက ပြန်သွားအပြီး ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့လို့ အခုလို ဆန္ဒပြတောင်းဆိုနေတာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တွေ့ဆုံဖို့ ရည်ရွယ်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မတွေ့ဖြစ်တာတွေဟာ သီးခြားဖြစ်စဉ်အဖြစ်သာ ဖြစ်ပြီးတော့ ဆက်စပ်မှုတော့ မရှိဘူးလို့လည်း အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်း က ပြောပါတယ်။

8.27.2008

ကုလသမဂ္ဂရဲ့ မြန်မာ့အရေး ချဉ်းကပ်မှု


မစ္စတာဂမ်ဘာရီရဲ့ အခုတခေါက် မြန်မာပြည်ခရီးစဉ်ကတော့ အရင်အခေါက်တွေထက်စာရင်
အသံပိုကျယ်ကျယ် ထွက်လာတယ်လို့ ဆိုရမှာပါ။ ဘာကြောင့်လဲဆိုတော့ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့အစီအစဉ်ရှိခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကလက်ခံတွေ့ဆုံတာ မရှိခဲ့လို့ပါ။ ဘာကြောင့် ဒေါ်အောင်ဆန်းစုကြည်က မစ္စတာဂမ်ဘာရီကို အတွေ့မခံတာလဲ ဆိုတာကိုတော့ အခုထိ ဘယ်သူ
ကမှ တိတိကျကျ ပြောဆိုတာမျိုးမရှိသေးပါဘူး။
အရင်အခေါက်တွေက မစ္စတာဂမ်ဘာရီနဲ့ တွေ့ဆုံမှုတွေရဲ့နိုင်ငံရေးအကျိုးရလဒ်တွေကလည်း

ထူးထူးခြားခြား ဖြစ်မလာတော့ အခုတခေါက်တွေ့ရင်ရော ဘယ်လောက်ထူးမှာမို့လို့လဲ၊ မထူးတဲ့အတူတူ မတွေ့တာက နိုင်ငံရေးအရပိုပြီးအဓိပ္ပာယ်ရှိတယ်လို့လဲနိုင်ငံရေးသုံးသပ်သူတွေက ပြောဆိုနေကြပါတယ်။

စစ်ဖက်နီးစပ်သူများရဲ့ပြောပြချက်အရ ဒေါ်အောင်ဆန်းစုကြည် ဟာ မကြာသေးမှီ အချိန်ကာလက

သူမရဲ့  ချက်ပြုတ်ရေး တာဝန်ခံအား “မင်း ဈေးဝယ်ဖို့ မလိုတော့ဘူးလို့” ပြောခဲ့ကြောင်းနဲ့ သူမရဲ့  ရှေ့နေအား ဂမ်ဘာရီမလာခင်ကပင် ကြပ်ပြေးသို့ စေလွှတ်ပြီး တောင်းဆိုမှုများ ပြုလုပ်ဟန်တူကြောင်း၊ ထိုတောင်းဆိုမှုကို နအဖက မလိုက်လျောနိုင်လို့ ဂမ်ဘာရီကို လက်ခံတွေ့ဖို့ ငြင်းဆန်ခဲ့တာဖြစ်နိုင်တယ်လို့ လဲဆိုကြသူတွေရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အစာငတ်ခံဆန္ဒပြနေသည့် သတင်းများထွက်ပေါ်နေသည့်အပေါ် အတည်မပြုနိုင်သေးသော်လည်း စိုးရိမ်ပူပန်မိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ကပြောခဲ့ပါတယ်။

အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဟံသာမြင့်က “ဆန္ဒပြနေတယ်ဆိုတဲ့သတင်းတော့ ကျနော်တို့ အတည်ပြုလို့မရဘူး။ မဟုတ်ဘူးလို့ပဲထင်တယ်။ ဒါပေမယ့် စိုးတော့စိုးရိမ်နေတယ်။ အစား အသောက် မယူတော့ဘူးဆိုတဲ့ဟာလည်း ကြားနေပါတယ်။ အရင်တုန်းကတော့ ကိုမြင့်စိုးဆိုတာအမြဲတမ်း
သွားပို့တယ်ပေါ့။ ဂိတ်မှာ လူချင်းလဲလိုက်တယ်ပေါ့။ ဒေါ်ခင်ဝင်းဖြစ်ဖြစ် ထွက်ယူတယ်။ ဘေးမှာလည်း အက်စ်ဘီက ရှိနေတာပေါ့။ ခြင်းတောင်းထဲမှာ ဘာမှမပါဘူးဆိုရင် ဒေါ်ခင်ဝင်းက ယူမယ်၊ယူပြီးနောက်
တနေ့အတွက် ဘာဝယ်ပေးပါဆိုတဲ့ စာရင်းပေးတယ်။ ခုတော့ အဲဒါကို မယူတော့ဘူးပေါ့ဗျာ။ ထွက်ပြီး
တော့ ယူတဲ့လူမရှိတော့ဘူးလို့ကြားတယ်” ဟု ပြောသည်။

ထိုသို့ အစားအစာ ထွက်မယူသည်မှာ သတင်း (၂) ပတ်ခန့် ရှိပြီဟု ကြားသိရသော်လည်း မည်သည့်အတွက်ကြောင့် ဒေါ်အောင်ဆန်းစုကြည်က အစားအစာ ထွက်မယူရခြင်းဖြစ်သည်ကိုမူ မသိရှိသေးကြောင်း အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က အစားအစာ လက်မခံတော့သည်မှာ (၉) ရက်ရှိပြီဖြစ်ကြောင်း သြဂုတ်

(၁၅) ရက်နေ့က နောက်ဆုံးလက်ခံခဲ့ခြင်းဖြစ်ကြောင်း ထိုင်း-မြန်မာနယ်စပ် အခြေစိုက် အမျိုးသား

ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) က ယမန်နေ့၌ သတင်းထုတ်ပြန်ထားသည်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အကျယ်ချုပ်ခံနေရတဲ့သူ ဖြစ်တာမို့ သူမကဂမ်ဘာရီကို လက်ခံ မတွေ့ 

ဆုံခဲ့ ခြင်း အပေါ်မှာ သံသယများ ဖြစ်ပေါ်ခဲ့တယ်လို့ သုံးသပ်သူများက ဆိုကြပါတယ်။ ဘာလို့လဲဆိုတော့ ရွှေဝါရောင်တော်လှန်ရေးမှာတောင် ရဟန်းသံဃာတွေကိုဒေါ်အောင်ဆန်းစုကြည် က သူမရဲ့ ခြံစည်းရိုး တံခါးအနီး ကဖူးမျှော်ခွင့်ရတဲ့အတွက် ဂမ်ဘာရီကိစ္စမှာ မတွေ့လိုက်ဘူးဆိုတာဟာတော့ တခုခုမှားယွင်း နေတယ်လို့ လဲသုံးသပ်သူများက ထင်မြင်ယူဆကြတဲ့အပြင်အခြေအနေတွေတိတိကျကျမသိရသေး
တဲ့အခုအချိန်မှာဒေါ်အောင်ဆန်းစုကြည်ရဲ့ကျမ်းမာရေးနဲ့လုံခြုံရေးဟာစိုးရိမ်စရာရှိတယ်လို့သုံးသပ်မှု

တွေလဲရှိပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာပြည်ဆိုင်ရာ အထူးအကြံပေး မစ္စတာ အီဘရာဟင်မ် ဂမ်ဘာရီ
(Mr. Ibrahim Gambari) ဟာ ၆ ရက်ကြာ မြန်မာပြည်ခရီးစဉ်အပြီးအာဆီယံဒေသတွင်း နိုင်ငံတွေဖြစ်တဲ့ ထိုင်းနဲ့ အင်ဒိုနီးရှားနိုင်ငံတွေဆီ ခရီးဆက်နေပါတယ်။ ထိုင်းဝန်ကြီးချုပ် ဆမတ် ဆွန်ထရာဝေး (Samak Sundaravej) နဲ့တနာရီကြာ တွေ့ဆုံခဲ့တဲ့အပြင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့လည်း တွေ့ဆုံပြီး မြန်မာ
ပြည်က လက်ရှိအခြေအနေတွေနဲ့ ပတ်သက်လို့ အမြင်ခြင်း ဖလှယ်ခဲ့ကြတယ်လို့ကုလသမဂ္ဂက ပြောပါတယ်။ မစ္စတာဂမ်ဘာရီရဲ့ မြန်မာ့အရေး ကြိုးပမ်းမှုတွေမှာအိမ်နီးချင်းနိုင်ငံတွေကိုလှည့်ပြီး
ဆွေးနွေးတာတွေက အရင်ကလည်း ရှိခဲ့ဘူးပါတယ်။

ထိုင်းဝန်ကြီးချုပ် ဆမတ် ဆွန်ထရာဝေးနဲ့ တွေ့တုန်းကတော့ မစ္စတာဆမတ်ကဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ကုလသမဂ္ဂဘက်က အာရုံစိုက် လုပ်ဆောင်နေတာတွေ ရပ်သင့်ပြီ၊ ဒါကိုလုပ်မယ့်အစား မကြာခင်လုပ်မယ့် ရွေးကောက်ပွဲကိစ္စနဲ့အခြေခံဥပဒေသစ်ကိစ္စကိုပဲ ကုလသမဂ္ဂက အာရုံစိုက်ပြီး လုပ်သင့်
တယ်လို့ ဆိုပါတယ်။
မစ္စတာဆမတ်က အရင်တခေါက် မြန်မာပြည်က ပြန်လာတုန်းကလည်း မြန်မာစစ်ခေါင်းဆောင်တွေဟာ ဘာသာတရား အလွန်ကိုင်းရှိုင်းတဲ့ ပုဂ္ဂိုလ်တွေလို့ ပြောခဲ့တဲ့သူပါ။

တနေ့ကကျင်းပတဲ့ ကုလသမဂ္ဂ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးရဲ့ လက်ထောက်ပြောခွင့်ရပုဂ္ဂိုလ် မရီးအိုကဘဲ (Marie Okabe) ကို သတင်းထောက်တွေက မစ္စတာဂမ်ဘာရီ

ရဲ့ မြန်မာပြည်ခရီးစဉ် အခြေအနေတွေကို မေးခဲ့ကြပါတယ်။

"ကျမတို့အနေနဲ့ မစ္စတာဂမ်ဘာရီနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ခွင့်မရခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဘာကြောင့်လဲဆိုတာကို ခန့်မှန်းပြောဆိုတာတွေ မလုပ်ချင်ပါဘူး။ဒါပေမယ့် မစ္စတာဂမ်ဘာရီဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အန်န်အယ်လ်ဒီပါတီနဲ့ ၂ ကြိမ်တွေ့ဆုံခဲ့ပါတယ်။ မြန်မာစစ်အစိုးရကိုရော အန်န်အယ်လ်ဒီပါတီကိုရောမစ္စတာဂမ်ဘာရီပြောခဲ့တာက နှစ်ဖက်လုံး တွေ့ဆုံဆွေးနွေးရေးတွေ စောစောပြန်စဖို့လိုအပ်နေတယ်ဆိုတဲ့ အကြံပြုချက်တွေ ပေးခဲ့တာပါပဲ။

"မစ္စတာဂမ်ဘာရီဟာ သူ့ရဲ့ခရီးစဉ် မပြီးသေးပါဘူး။ သူ ကုလသမဂ္ဂကို ပြန်ရောက်လာတဲ့အခါ သူ့ရဲ့ မြန်မာပြည်ခရီးစဉ်က ဘာတွေ အကျိုးအမြတ်ရခဲ့သလဲဆိုတာကို အတွင်းရေးမှူးချုပ်ကို တင်ပြဖို့ရှိပါတယ်။ အခြေအနေပေးရင် အတွင်းရေးမှူးချုပ်ကိုယ်တိုင်မြန်မာပြည်ကို နောက်တကြိမ် ပြန်သွားဖို့လည်း အစီအစဉ်ရှိပါတယ်"လို့ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးရဲ့ လက်ထောက်ပြောခွင့်ရ မရီးအိုက ပြောသွား
ခဲ့ပါတယ်။
အခြေအနေအရပ်ရပ်ကိုသုံးသပ်ကြည့်မယ်ဆိုယင် ကုလသမဂ္ဂရဲ့မြန်မာ့အရေးရပ်တည်ချက်ဟာ
စစ်အုပ်စုရဲ့ခွင့်ပြုသလောက်ဘောင်ထဲမှာသာရှိပါတယ်လို့ဆိုရမှာပါ။ မစ္စတာဂမ်ဘာရီဟာသူရဲ့ခရီးစဉ်
တလျှောက်မှာနအဖတွေ့ခိုင်းတဲ့လူတွေနဲ့တွေ့သူတို့စိတ်တိုင်းကျရေးဆွဲထားတဲ့လမ်းပြမြေပုံကိုလိုက်နာ

ဖို့အတိုက်အခံတွေကိုပြောစတဲ့လုပ်ဆောင်မှုတွေကလွဲလို့ဘာမှထူးထူးခြားခြားဆောင်ရွက်ခဲ့တာမရှိဘူး

လို့ဆိုရမှာပါ။ဒေါ်အောင်ဆန်းစုကြည်ခြံရှေ့မှာတော့ကလေးကလားသွားအော်ခေါ်လိုခေါ်၊နံရံမှာစာကပ်

လိုကပ်လုပ်ခဲ့ပေမယ့်တကယ်အဆုံးအဖြတ်ပေးနိုင်တဲ့ဦးသန်းရွှေနဲ့ကျတော့မတွေ့ခဲ့ရပါဘူး။ဒီလုပ်ရပ်တွေ
ွဟာသူသဘောနဲ့သူလုပ်ခဲ့တာလားနအဖအလိုကျလုပ်နေတာလားဆိုတာလဲစဉ်းစားစရာဖြစ်ပါတယ်။ဒါဟာ

သံတမန်တယောက်ရဲ့အဆင့်အတန်းနဲ့ဆိုဘယ်လိုမှသဘာဝမကျပါဘူး။

မြန်မာနိုင်ငံရဲ့အခြေအနေတွေကမောက်ကမဖြစ်လေစီးပွါးရေးအရအသာရလေဖြစ်နေတဲ့အိမ်နီးခြင်းနိုင်ငံ

ကပြောဆိုချက်ဟာလဲမစ္စတာဂမ်ဘာရီရဲ့သဘောထားအမြင်အပေါ်ထင်ဟပ်ချက်လဲဖြစ်နိုင်ပါတယ်။

မစ္စတာဂမ်ဘာရီရဲ့လုပ်ဆောင်ချက်နဲ့သဘောထားဟာသူရဲ့ကိုယ်ပိုင်အမြင်နဲ့ဆောင်ရွက်ချက်ပဲလား။

ဒါမှမဟုတ်ကုလသမဂ္ဂရဲ့သဘောထားအမြင်တွေကိုထင်ဟပ်လုပ်ဆောင်နေတာလားဆိုတာစဉ်းစားစရာ

ဖြစ်ပါတယ်။

မစ္စတာဂမ်ဘာရီပဲဖြစ်ဖြစ်ကုလသမဂ္ဂပဲဖြစ်ဖြစ်ကျွန်တော်တို့နိုင်ငံရဲ့အရေးကိစ္စဆောင်ရွက်ရာမှာပြည်သူ

လူထုတွေရဲ့တကယ့်လိုအပ်ချက်သဘောထားနဲ့ကင်းကွာနေမယ်ဆိုယင်တော့မြန်မာပြည်သူတွေရဲ့
တကယ့်လိုအပ်ချက်ကိုမျက်ကွယ်ပြုနေတဲ့အဲဒီမြန်မာ့အရေးဆောင်ရွက်ချက်တွေကိုပြန်သုံးသပ်သင့်

ပါပြီလို့ဆိုရတော့မှာဖြစ်ပါတယ်။

D-Wave

အထိမ်းအမှတ်မှသည်တိုက်ပွဲဆီသို့



















၁၉၉၈ ခုနှစ် သြဂုတ်လ၂၄ရက်နေ့ကလှည်းတန်းလမ်းဆုံပြည်မြန်မာကုန်တိုက်ရှေ့မှာ

(၁)ရက် ၆၀ အတွင်းလွတ်တော်ခေါ်ယူရေး

(၂)ဖမ်းဆီးထားသောကျောင်းသားများနှင့်နိုင်ငံရေးအကျဉ်းသားများပြန်လွတ်ပေးရေး

(၃)ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအမြန်ဆုံးအကောင်အထည်ဖေါ်ရေးဆိုတဲ့

တောင်းဆိုချက်၃ရပ်နဲ့ဆန္ဒပြခဲ့တဲ့ကျောင်းသားတွေကိုမတရားဖမ်းဆီးပြီးနှစ်ရှည်ထောင်ဒဏ်များ

ချမှတ်ခြင်းခံခဲ့ကြရပါတယ်။အချို့ကျောင်းသားတွေဆိုယင်အမြင့်ဆုံးထောင်ဒဏ် ၅၉နှစ်အထိ

ချမှတ်ခြင်းခံခဲ့ရပါတယ်။တချို့ကကံကောင်းထောက်မစွာလွတ်မြောက်လာခဲ့ပေမယ့်တချို့ကတော့

အခုအချိန်အထိထောင်ဒဏ်ကျခံနေကြရဆဲဖြစ်ပါတယ်။

အဲဒီထဲကကျောင်းသားခေါင်းဆောင်ကိုသက်ဝင်းအောင်ဆိုယင်မတရားရိုက်နှက်ညှင်းပန်းခံရတဲ့

အတွက်ထောင်ထဲမှာပဲကွယ်လွန်ခဲ့ရပါတယ်။ကံကောင်းစွာလွတ်မြောက်လာသူတချို့ကထိုင်းမြန်မာ

နယ်စပ်တနေရာမှာ၁၀နှစ်ပြည့်အခမ်းအနားတခုကိုကျင်းပပြုလုပ်ခဲ့ကြပါတယ်။အဲဒီအခမ်းအနားကို ၁၉၉၈ ခုနှစ်ကျောင်းသားများ၊၁၉၈၈ကျောင်းသားဟောင်းများဖိတ်ကြားထားသူများနဲ့သတင်းဌာများတက်

ရောက်ကြပါတယ်။

၁၉၉၈ခုနှစ်ဆန္ဒပြပွဲမှာပါဝင်ခဲ့သူများကသူတို့ရဲ့တွေ့ကြုံခံစားခဲ့ရတာတွေ

ကိုရှင်းလင်းပြောပြခြင်းကျဆုံးခဲ့သူတွေကိုအလေးပြုခြင်းစတဲ့ပုံမှန်ဆောင်ရွက်ကြမှူတွေအပြင်ထူးခြားချက်

တခုကတော့ပြောဆိုရှင်းလင်းကြသူများကလက်ရှိဖြစ်ပေါ်နေတဲ့နိုင်ငံရေးအခြေအနေများအပေါ်သုံးသပ်

ချက်များနဲ့ရှေ့လုပ်ငန်းစဉ်များကိုအလေးအနက်ထားဆွေးနွေးသွားကြခြင်းပင်ဖြစ်ပါတယ်။

ပြီးခဲတဲ့စက်တင်ဘာရွေဝါရောင်တော်လှန်ရေးကာလမှာဦးဆောင်သံဃာတော်တပါးဖြစ်သလို

ပြည်တွင်းရှိသံဃာ့တပ်ပေါင်းစုရဲ့ခေါင်းဆောင်တဦးလဲဖြစ်တဲ့ဆရာတော်ဦးပညာဇောတကလည်းပြီးခဲ့တဲ့

၁၉၈၈ခုနှစ်ကစပြီးယခုအချိန်အထိအခြေအနေနဲ့လိုအပ်ချက်များကိုရှင်းလင်းပြောပြခဲ့ပါတယ်။
ဆရာတော်ကနိုင်ငံရေးဦးဆောင်မှု၏အားနည်းလိုအပ်နေသည်များကိုလည်း
ကောင်း၊ကုလသမဂ္ဂနှင့်

ပြည်ပနိုင်ငံများကိုလိုအပ်သည်ထက်ပိုမိုအားမကိုးကြရန်ကိုလည်းကောင်း၊အနာဂတ်မြန်မာနိုင်ငံ၏

အပြောင်းအလဲသည်ပြည်တွင်းအင်အားစုများ၏အခြေအနေပေါ်တွင်များစွာတည်နေသဖြင့်ပြည်တွင်း

အင်အားစုများကိုပိုမိုပံ့ပိုးဆောင်ရွက်ရေး၊ပြည်တွင်းဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများနှင့်တပြေးညီ

ဆောင်ရွက်နိုင်ရေးအတွက်မျက်ခြေမပြတ်လေ့လာသုံးသပ်အဆင်သင့်လိုက်လျှောညီထွေဆောင်ရွက်

နိုင်ရေးသည်အရေးအကြီးဆုံးဖြစ်ပြည်တွင်းပြည်ပဆက်စပ်မှုရှိစေရေးတို့ကိုအလေးအနက်ဆွေးနွေး

သွားခဲ့ပါသည်။

ထိုအခမ်းအနားသည်ပုံမှန်ပြုလုပ်နေကျအောက်မေ့ဘွယ်အခမ်းအနား၊နှစ်ပါတ်လည်အခမ်းအနား

များနှင့်တမူခြားနားအလုပ်ရုံဆွေးနွေးပွဲတခုသဖွယ်ဖြစ်နေသဖြင့်ပိုမိုလေးနက်သောအဓိပ္ပါယ်ရှိစေခဲ့

ကြောင်းတင်ပြလိုက်ရပါတယ်။

ညတည











ဂျိမ်းခနဲ့တခါးဆောင့်ပိတ်သံကြောင့်

ညနဲ့အတူကျနော်လန့်နိုးခဲ့ရတယ်

အဲဒါကျနော့်တခန်းကျော်ကိုရောက်လာတဲ့

ခင်ဗျားရဲ့ပထမညတိုက်ပွဲပေါ့

မျက်နှာမမြင်ရဘဲ

ရေချိုးခေါ်ထုတ်လာတဲ့ဒဏ်ရာများ

ရေကန်မှာခေါင်းစွပ်ဖြုတ်ပေးတော့မှ

ဒဏ်ရာမှာနာမည်တွဲပြီးလှမ်းမြင်ရတော့တယ်။

“ကျနော်အညတရနိုင်ငံရေးသမားလေးပါဗျာ”ဆိုတဲ့

ခင်ဗျားအပြော

“မင်းတို့ကြည့်ရတာသိပ်လေးလေးနက်နက်မရှိဘူး”ဆိုတဲ့

ခင်ဗျားရဲ့ကရုဏာဒေါသော

အမှတ်ရမိတယ်ဗျာ။

(၆)တိုက်ရှေ့ဖြတ်လျှောက်ရတိုင်း

အဖြူရောင်ပုဆိုးလေးသပ်သပ်ရပ်ရပ်ခင်းထားတဲ့

ခင်ဗျားရဲ့အနီရောင်အခန်းဖြူကို

ခေါင်းစွပ်အမမှာလှမ်းမြင်ရတယ်။

ဒဏ်ရာနဲ့လူရဲ့အခန်းငြိမ်

ရုံးထုတ်တော့

ကျနော်တို့ကိုခတ်ဖို့လက်ထိပ်မလုံလောက်ပေမယ့်

နှစ်အကြီးဆုံးထောင်ဒဏ်တွေချမှတ်ခဲ့ကြတယ်။

သူတို့က

ခင်ဗျားကိုသတ်ပစ်မှ

ကျောင်းသားတွေကိုသတ်ပစ်မှ

အနာဂတ်ရှိမယ်လို့ထင်ကြသူတွေကိုး၊

ခင်ဗျားတင်မက

ခင်ဗျားရဲ့ဈာပနကိုတောင်သူတို့အကျဉ်းချခဲ့ကြတယ်မဟုတ်လား။

ခင်ဗျားကတော့နှလုံးသားရေလည်အုံကြီးစုတ်ကွဲသွားတဲ့အထိ

ဒီခရီးထဲကိုမောင်းနှင်သွားနှင့်ပြီ။

အဝေးတနေရာကနေ

ဒဏ်ရာအပြည့်နဲ့ကျောပြင်တခုအတွက်

ဂျိမ်းကနဲ့သံတခါးပိတ်သံအတွက်

ကျနော်အမျှမဝေဖြစ်သေးဘူး။

AMT(၁၉၉၈ကျောင်းသားဟောင်း)

ဗိုလ်မှူးအောင်လင်းထွဋ်ရဲ့ဆောင်းပါး






ဗိုလ်မှူးအောင်လင်းထွဋ်ရဲ့ဆောင်းပါး

အမေရိကန် နိုင်ငံဆိုင်ရာ မြန်မာသံရုံး ယာယီတာဝန်ခံနဲ့ တပ်မတော် ထောက်လှမ်းရေးမှူးချုပ်ရုံး လှမ်း(၁) မှာ စစ်ဦးစီးမှူး ဒုတိယတန်းတာဝန်ထမ်းဆောင်ခဲ့ဘူးတဲ့အမေရိကန်နိုင်ငံဝါရှင်တန်မှဗိုလ်မှူး

အောင်လင်းထွဋ်က ထိုင်းဝန်ကြီးချုပ် ဆမတ် သိသာစေဖို့ ဆောင်းပါးကိုရေးသားခဲ့ပါတယ်။ ဒီဆောင်းပါးမှာ မြန်မာနိုင်ငံကို နျူကလီးယား ပိုင်ဆိုင်တဲ့ နိုင်ငံအဖြစ်နအဖကကြိုးစားနေကြောင်းနဲ့
နအဖရဲ့ထိုင်းနိုင်ငံအပေါ်ထားတဲ့သဘောထားကိုဖေါ်ပြထားပါတယ်။











8.25.2008

မစ္စတာ ဂမ်ဘာရီရဲ့  မြန်မာပြည်ခရီးစဉ် အကျိုးမရှိကြောင်း NLD ဝေဖန်

အငြင်းပွါးဖွယ် ရွေးကောက်ပွဲ အကြောင်း ပြောဆိုခြင်းအားဖြင့် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီ ဟာ မြန်မာပြည် လာခဲ့တဲ့ သူ့ခရီးစဉ်အတွင်း အချိန် ဖြုန်းသွားခဲ့တယ်လို့ အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် က တနင်္ဂနွေနေ့ က ပြောဆိုလိုက်ပါတယ် လို့ အေပီ သတင်းဌာန က ဆိုပါတယ်။

တွေ့နေကျ မဟုတ်လှတဲ့ အခုလို ဝေဖန်ချက် က မစ္စတာ ဂမ်ဘာရီ ရဲ့ ၆ ရက်ကြာ ခရီးစဉ် ပြီးဆုံးသွားတဲ့အချိန်မှာ ထွက်ပေါ် လာခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံရေး ကို ငြင်းခဲ့တဲ့သူ က အစိုးရ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် သာ ဖြစ်ပါတယ် လို့ မစ္စတာ ဂမ်ဘာရီ က သံတမန်တွေ ကို ပြောကြားခဲ့ကြောင်း အေပီသတင်း မှာ ဖော်ပြထားပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကို မတွေ့နိုင်တဲ့အတွက်ရော၊ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး အတွက် တွေ့ဆုံ ဆွေးနွေးရေး စတင်နိုင်အောင် မလုပ်ဆောင်နိုင်တဲ့ အတွက်ပါ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်း က မစ္စတာ ဂမ်ဘာရီ ကို ဝေဖန်လိုက်ပါ တယ်။ စီစဉ်ထားတဲ့အတိုင်း၊ ရွေးကောက်ပွဲ ကို စစ်အစိုးရ က ပြင်ဆင်ရာမှာ မစ္စတာ ဂမ်ဘာရီ က အကူအညီပေးဖို့ ကမ်းလှမ်းခဲ့တဲ့အတွက် လည်း ဦး ဥာဏ်ဝင်း က မစ္စတာ ဂမ်ဘာရီ ကို ဝေဖန်ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် က ရွေးကောက်ပွဲ အစီအစဉ် ကို ဝေဖန်ထား ပါတယ်။

“အင်န်အယ်ဒီ က စစ်တပ် ကျောထောက် နောက်ခံပေးထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ ကို အသိအမှတ် မပြုတဲ့ အတိုင်း မစ္စတာ ဂမ်ဘာရီ ရဲ့ လုပ်ငန်းစဉ် မှာ လာမယ့် ၂၀၁၀ ရွေးကောက်ပွဲ ကို မဆွေးနွေးသင့်ဘူး လို့ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် ကို ကျွန်တော်တို့ ရှင်းရှင်း ပြောခဲ့ပြီး ဖြစ်ပါတယ်။ သူ မလုပ်ရမယ့် ကိစ္စတွေ အပေါ် မှာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဟာ သူ့အချိန်တွေ ကို ဖြုန်းပစ် နေပါတယ်။” လို့ ဦး ဥာဏ်ဝင်း က ပြောဆိုတာကိုလည်း အေပီ သတင်း မှာ ကိုးကားထားပါတယ်။

ဒါပေမဲ့ ရွေးကောက်ပွဲ ကော်မရှင် ဖွဲ့စည်းပြီးတဲ့အခါ၊ လိုအပ်မယ့် ကျွမ်းကျင်မှု ဆိုင်ရာ ကိစ္စတွေ မှာ ကုလသမဂ္ဂ က ပူးပေါင်း ဆောင်ရွက်လို ကြောင်း မစ္စတာ ဂမ်ဘာရီ က ပြောကြားခဲ့တယ်လို့ တနင်္ဂနွေနေ့ ထုတ် မြန်မာ့အလင်း က ဆို ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံခွင့် မရတဲ့အတွက် စိတ်ပျက်ဖို့ မလိုသလို၊ ဆွေးနွေးနေတာတွေ အဆုံးသတ် လိုက်ဖို့လည်း မလိုပါဘူး လို့ ဗိုလ်မှုးချုပ်ကျော်ဆန်းတို့ အဖွဲ့ နဲ့ တွေ့ဆုံရာမှာ မစ္စတာ ဂမ်ဘာရီ က ပြောကြားခဲ့တယ်လို့ အစိုးရ သတင်းစာ က ဆိုပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နဲ့ ဒုတိယအကြိမ်တွေ့ဆုံတဲ့အခါ၊ ပူးပေါင်း ဆောင်ရွက်ရေး၊ သဘောတူညီနိုင်မှု နဲ့ သဘော မတူညီနိုင်မှုတွေ ကို ဆွေးနွေးခဲ့ကြတယ်လို့ မစ္စတာ ဂမ်ဘာရီ က ပြောခဲ့ကြောင်း ဆက်လက် ရေးသားပါတယ်။ သူ က နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေး ကို အစိုးရ ကို တောင်းဆိုခဲ့ပါတယ်။ စီးပွါးရေး ဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ် ကျင်းပဖို့လည်း သူ က အဆိုပြုခဲ့ပြီး၊ သက်ဆိုင်ရာ ၀န်ကြီးဌာန က ပူးပေါင်း ဆောင်ရွက်နိုင်မယ့် ကိစ္စတွေ ကို စဉ်းစားမယ်လို့ ဆိုခဲ့တဲ့အတွက် မစ္စတာ ဂမ်ဘာရီ က ၀မ်းသာစကား ကိုလည်း ပြောကြားခဲ့ပါတယ် လို့ နိုင်ငံတော်ပိုင် သတင်းစာ က ဆိုပါတယ်။

အစိုးရ ကတော့ ဖွဲ့စည်းအုပ်ချုပ်ပုံ နဲ့ သွားနေတဲ့ ဖြစ်စဉ် ကို နှောင့်ယှက်ဖို့ ကြိုးစားရင်၊ သည်းခံလိမ့်မယ် မဟုတ်ဘူး လို့ ဗိုလ်မှုးချုပ်ကျော်ဆန်း က ပြောကြားကြောင်း ဆင်ဟွာ သတင်း မှာ တွေ့ရပါတယ်။ နိုင်ငံရေး ပါတီတွေ ထူထောင်ခြင်း၊ စည်းရုံး ဖွဲ့စည်းခြင်း ရွေးကောက်ပွဲ ၀င်ခြင်း ဆိုင်ရာ ဥပဒေ စည်းမျဉ်းတွေ ကို ပြဌာန်း ဆောင်ရွက်မယ်လို့ လည်း သူ က ပြောကြားသွားပါတယ်။ အရင် က လုပ်ခဲ့တဲ့ လုပ်ထုံးလုပ်နည်း တွေ အတိုင်း ဒေါ်အောင်ဆန်းစုကြည် နဲ့ ဆွေးနွေးရေး ကိုလည်း ဆက်လက် လုပ်ဆောင်မယ် လို့ ဗိုလ်ချုပ်ကျော်ဆန်း က ဆိုပါတယ်။ လမ်းပြမြေပုံ ကို အကောင်အထည်ဖော်ရာမှာ ကုလသမဂ္ဂ က အပြည့်အ၀ ကူညီလိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း သူ က ပြောကြားခဲ့တယ်လို့ ဆင်ဟွာ သတင်းဌာန ရဲ့ သတင်း က ဆိုပါတယ်။

မစ္စတာ ဂမ်ဘာရီ နဲ့ တွေ့ဆုံခဲ့ကြတဲ့ သံတမန်တွေ ကတော့ သူ့ခရီးစဉ် ဟာ ဘာမှ ပြီးမြောက်အောင် မဆောင်ရွက်နိုင် သလောက်ပဲ လို့ ပြောဆိုကြပါတယ်။

စစ်အစိုးရ လုပ်ပုံကိုင်ပုံတွေ ကို ပြောင်းလဲဖို့ ယုံကြည်လာအောင် ကုလသမဂ္ဂ က မလုပ်ဆောင်နိုင်ခဲ့ပါဘူး။ ဒါ က ပြဿနာကြီး ဖြစ်ပြီး၊ မစ္စတာ ဂမ်ဘာရီ ကြုံနေရတဲ့ အခက်အခဲ က အဲဒီ ပြဿနာကြီး ရဲ့ အစိတ်အပိုင်း ဖြစ်တယ်လို့ အေပီ သတင်း က ဆိုပါတယ်။





ဒေါ်စုနှင့်တွေ့ရန် ဂမ်ဘာရီလက်ထောက်တို့ ခြံရှေ့တွင် ကြိုးစားနေပုံကို မြန်မာရုပ်မြင်က ထုတ်လွှင့်
ဓာတ်ပုံသတင်း
သြဂုတ် ၂၃၊ ၂၀၀၈

မြန်မာရုပ်မြင်သံကြားတွင် ယမန်နေ့က ဒေါ်စုခြံဝရှေ့တွင် တွေ့ဆုံရန် လာစောင့်နေသူ စစ်အာဏာပိုင် ၀န်ထမ်းများနှင့် ကုလအထူးကိုယ်စားလှယ်၏ လက်ထောက် ၂ ဦးတို့ ရုပ်ပုံများကို အစိုးရ ရုပ်မြင်က ထုတ်လွှင့်သွားသည်။ ကုလက တွေ့ဆုံရန်ကြိုးပမ်းခဲ့သည့် ထိပ်ပိုင်းစစ်ခေါင်းဆောင်တို့နှင့် မည်သို့ ဖြစ်ပျက်ခဲ့သည်ကိုမူ ထုတ်ပြန်ခြင်း မရှိချေ။

BPPU သဘောထားထုတ်ပြန်ကြေညာချက်


8.23.2008

ကုလကိုယ်စားလှယ်နှင့် အန်အယ်လ်ဒီ ထပ်မံတွေ့ဆုံရာတွင်

မစ္စတာဂမ်ဘာရီနှင့် အန်အယ်လ်ဒီ ခေါင်းဆောင်ပိုင်း ဒုတိယအကြိမ် ထပ်မံတွေ့ဆုံခွင့်ရသည့် အတွက် အထိုက်အလျောက် ကျေနပ်အားရမှုရှိကြောင်း၊ ဗုဒ္ဓဟူးနေ့က ပထမအကြိမ် ဆွေးနွေးခဲ့ပြီး မစ္စတာဂမ်ဘာရီ နအဖထံ တင်ပြတောင်းဆိုမည့် အစီအစဉ် (၅) ရပ်ကိုပင် ယနေ့ ထပ်မံဆွေးနွေး ခဲ့သည်ဟု အန်အယ်လ်ဒီက ပြောသည်။
အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာဝင်းနိုင်က ရှင်းပြရာတွင် “ဟိုတနေ့က အဲ့ဒီကိစ္စတွေ ဆွေးနွေးဖို့ သိပ်အချိန်မရဘူးလေ။ ခုမှ စဆွေးနွေးတာပါ။ ဆွေးနွေးပွဲက မပြီးပြတ်သေးတော့ ဘာမှသတင်းမထုတ်ပြန်သေးဘူး။ ကျနော်တို့ နောက်ထပ်တွေ့ဖို့ အစီအစဉ်ရှိတယ်။ ဘယ်တော့ လည်းတော့မသိသေးဘူး။ အဓိကတော့ ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသား တွေလွှတ်ပေးရေးကို စဆွေးနွေးတယ်” ဟု ပြောသည်။
ဲပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ကလည်း အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်များနှင့် မစ္စတာဂမ်ဘာရီတို့ တွေ့ဆုံခဲ့သော်လည်း အပြန်အလှန်ဆွေးနွေးခွင့် အပြည့်အ၀မရသဖြင့် အားရကျေနပ်မှုမရှိဟု အန်အယ်လ်ဒီက ပြောခဲ့သည်။
မစ္စတာဂမ်ဘာရီ၏ အစီအစဉ် (၅) ချက်မှာ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်း သားများအားလုံး ပြန်လွှတ်ပေးရေး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖတို့အကြား တိုက်ရိုက် တွေ့ဆုံဆွေးနွေးနိုင်ရေး၊ တိုင်းပြည် ဆုတ်ယုတ်နေသည့် စီးပွားရေးအခြေအနေ အကူအညီ ပေးရန်၊ မစ္စတာဂမ်ဘာရီ၏ ကိုယ်စားလှယ် ရန်ကုန်၌ ထားရှိပေးရေးနှင့် လာမည့်ဒီဇင်ဘာ၌ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကိုယ်တိုင် မြန်မာနိုင်ငံ လာရောက်၍ မြန်မာနိုင်ငံရေးကိစ္စ ဆွေးနွေး ရန်တို့ဖြစ်သည်။
ကုလသမဂ္ဂကိုယ်စားလှယ်နှင့် ယနေ့ ထပ်မံတွေ့ဆုံသည့် အန်အယ်လ်ဒီ ခေါင်းဆောင်များမှာ ပါတီ ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင်၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးညွှန့်ဝေ၊ ဦးသန်းထွန်း၊ ဦးစိုးမြင့်တို့ဖြစ်ကြသည်။ ယနေ့မွန်းလွဲ (၂) နာရီခန့်က အစိုးရဧည့်ဂေဟာ၌ ဒုတိယ အကြိမ် ထပ်မံတွေ့ဆုံခြင်းဖြစ်သည်။

Suu Kyi Reportedly Refuses to Meet Gambariဒေါ်စုနှင့် တွေ့ခွင့်ရရေး ဂန်ဘာရီ အထူးကြိုးပမ်းနေ

Burma’s pro-democracy leader Aung San Suu Kyi is reportedly refusing to meet UN special envoy Ibrahim Gambari because she’s unhappy with the way his mission is being organized and carried out.
An official of Suu Kyi’s National League for Democracy (NLD) said: “We heard that she is unhappy with the atmosphere of the Gambari trip.”
Sources suggested that Suu Kyi wanted to make it clear to Gambari that she thought he should also meet Than Shwe and urge the junta leader to begin substantive talks.
The NLD official said Suu Kyi might also have been unhappy with the regime’s organization of a meeting lasting only 20 minutes between Gambari and the NLD central executive committee on Wednesday, the third day of his five-day visit to Burma.
At Gambari’s request, the envoy had another, longer meeting with five NLD central executive committee members of the NLD at a government’s house in Rangoon, said Win Naing, a leading NLD member.
Others attending the meeting were Chairman Aung Shwe, Secretary U Lwin, Than Htun, Soe Myint and Nyunt Wai.
NLD Spokesman Nyan Win said Gambari discussed his mission with the group. Sources said Gambari plans to extend his stay in Burma by one more day in an attempt to meet Suu Kyi.
On Friday morning, two Gambari aides were seen by neighbors outside the gate of Suu Kyi's residence, shouting Gambari's name. They left when nobody came out to meet them, according to the Associated Press. During the meeting with NLD executive committee members on Wednesday, Gambari said he would urge the junta to make sure the general election planned for 2010 would be free and fair. Ohn Kyaing, a leading member of the NLD, said Gambari made no reply when tackled about the 1990 election, the result of which had been ignored by the regime.In the 1990 election, NLD candidates won 82 percent of the parliamentary seats, but the results were not honored by the military government which continued to retain power. In July, the Burmese regime urged the NLD to forget the results of the 1990 election and to form a new political party to contest the 2010 election.
ဒေါ်စုနှင့် တွေ့ခွင့်ရရေး ဂန်ဘာရီ အထူးကြိုးပမ်းနေ
သြဂုတ် ၂၂၊ ၂၀၀၈
မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူး အကြံပေး ပုဂ္ဂိုလ် မစ္စတာ အီဗရာဟင် ဂန်ဘာရီသည် ဗုဒ္ဓဟူးနေ့က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင် ဆန်း စုကြည်နှင့် တွေ့ဆုံရန်အစီအစဉ်ပျက်သွားပြီးနောက် ၎င်း မပြန်မီ တွေ့ဆုံခွင့်ရရန် အထူး ကြိုးပမ်းနေ ကြောင်း သိရသည်။
မစ္စတာ ဂန်ဘာရီသည် ယနေ့ပြီးဆုံးပြီဖြစ်သော ၎င်း၏ ခရီးစဉ်ကို စနေနေ့ အထိ တရက် ထပ်မံတိုးလိုက်သည်ဟု လည်း ဆိုသည်။
ယင်းသို့ နေထိုင်ရက် တိုးရခြင်းသည် ဗုဒ္ဓဟူးနေ့ က တွေ့ဆုံရန် စီစဉ်ထားသော မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကုလသမဂ္ဂ၏ လုပ်ဆောင်ချက်များအပေါ် ကျေနပ်မှုမရှိ၍ တွေ့ဆုံခွင့်မပေးသည့် အတွက် ဖြစ်နိုင်ကြောင်း စုံးစမ်းသိရှိရသည်။
မစ္စတာ ဂန်ဘာရီနှင့် တွေ့ဆုံရန် စီစဉ်ထားသော အစိုးရ ဧည့်ဂေဟာသို့ ဒေါ်အောင်ဆန်းစုကြည်က လာရောက် တွေ့ဆုံခြင်း မရှိကြောင်း၊ ယင်းအစီအစဉ် ပျက်ကွက်သွားခြင်းကို ကုလသမဂ္ဂ အပါအ၀င် စစ်အစိုးရ ဘက်ကပါ မည်သို့မျှ ထုတ်ပြန် ပြောဆိုခြင်းမရှိကြောင်းလည်း သိရသည်။
ယနေ့ နံနက်ပိုင်းက မစ္စတာ ဂန်ဘာရီ၏ လက်ထောက် ၂ ဦး တို့သည် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အပြင် ဘက်မှ နေ၍ မစ္စတာ ဂန်ဘာရီ အမည်ကို သုံးပြီး ဟစ်အော်အသံပြု ခေါ်သော်လည်း မည်သူတဦး တယောက် မှ ထွက်တွေ့ခြင်း မရှိခဲ့ဟုလည်း အေပီ သတင်းတပုဒ်တွင် ရေးသားထားသည်။
ထို့အပြင် မစ္စတာ ဂန်ဘာရီ၏ မေတ္တာရပ်ခံချက်အရ အန်အယ်လ်ဒီ စီအီးစီ အဖွဲ့နှင့် ယနေ့ မွန်းလွဲပိုင်းက ဒုတိယ အကြိမ် ထပ်မံတွေ့ဆုံကြောင်း သိရသည်။
စစ်အစိုးရ ဧည့်ဂေဟာ၌ မွန်းလွဲပိုင်း ၂ နာရီ ခန့်မှ စတင်၍ အချိန် တနာရီ ခွဲ ခန့် အကြာတွေ့ဆုံရာတွင် မစ္စတာ ဂန်ဘာရီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်(စီအီးစီ)များအား ၎င်း အနေနှင့် ဆက်လက် လုပ်ဆောင်ရန်ရှိသည့် လုပ်ငန်းစဉ် တချို့ကို ရှင်းလင်းခဲ့သည်ဟု အန်အယ်လ်ဒီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကပြောသည်။
“မစ္စတာ ဂန်ဘာရီနဲ့ ဆက်ပြီးတွေ့ဖို့ရှိသေးလို့ ကျနော်တို့အနေနဲ့ အသေးစိတ်မပြောနိုင်သေးပါဘူး၊ ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဖို့ ကိစ္စကိုလည်း အသေအချာမသိရသေးပါဘူး”ဟု ဦးဥာဏ်ဝင်း ကပြောဆိုသည်။
ယင်း အန်အယ်လ်ဒီ စီအီးစီ အဖွဲ့ဝင်များနှင့် မစ္စတာ ဂန်ဘာရီ် သည် ဗုဒ္ဓဟူးနေ့က အစိုးရ စိမ်းလဲ့ကန်သာ ဧည့် ဂေဟာတွင် မိနစ် ၂၀ ခန့် တွေ့ဆုံခဲ့ပြီး အန်အယ်လ်ဒီ ဘက် က အားရကျေနပ်မှု မရှိကြောင်း ထုတ်ဖော်ပြော ကြားခဲ့သည်။
ယနေ့ မစ္စတာ ဂန်ဘာရီနှင့် တွေ့ဆုံသော အန်အယ်လ်ဒီ စီအီးစီအဖွဲ့ဝင်များမှာ ဗုဒ္ဓဟူးနေ့က တွေ့ဆုံခဲ့သည့် ဦးအောင်ရွှေ၊ ဦးလွင်၊ ဦးစိုးမြင့်၊ ဦးညွန့်ဝေ၊ ဦးသန်းထွန်း တို့ ၅ ဦး ပင်ဖြစ်သည်။
ယင်း မစ္စတာဂန်ဘာရီ၏ ခရီးစဉ်များနှင့် ပတ်သက်ပြီး ထိရောက်မှုမရှိကြောင်းနှင့် စိတ်ပျက် အားမရဖွယ် ဖြစ်ကြောင်း သံအမတ်ကြီးဟောင်းနှင့် ၀ါရင့် နိုင်ငံရေးသမားကြီး သခင်ချန်ထွန်း ကဝေဖန် ပြောဆိုသည်။
“မြန်မာ့ ဒီမိုကရေစီရေးအတွက် ကုလသမဂ္ဂကို အားကိုးလို့ကတော့ ရှေ့အလားအလာ မကောင်းနိုင်ဘူး၊ ဘာဖြစ် လို့လဲ ဆိုတော့ တကယ်အရေးယူ ဆောင်ရွက်နိုင်တာက လုံခြုံရေးကောင်စီပဲ၊ လုံခြုံရေးကောင်စီကို တက်သွား ရင်လည်း တရုတ်နဲ့ ရုရှ က ဗီတို သုံးပြီးပယ်ချ ဆိုတော့ အားကိုးလို့မရနိုင်ဘူး” ဟု သခင်ချန်ထွန်းက ပြောဆို သည်။
မစ္စတာ ဂန်ဘာရီ၏ ၅ ရက်ကြာခရီးစဉ်သည် ကုလသမဂ္ဂအထွေထွေညီလာခံနှင့် ကုလသမဂ္ဂ အထွေထွေအတွင်း ရေးမှူးချုပ် တို့၏ညွှန်ကြားမှုဖြင့် မြန်မာ့အရေးအတွက် ၎င်းလုပ်ဆောင်ရန်ရှိသည်များကိုဆက်လက်လုပ်ဆောင်နိုင်ရန် သွားရောက်ခြင်း ဖြစ်ပြီး စစ်အစိုးရ အပါအ၀င် တခြားသော နိုင်ငံရေး အစုအဖွဲ့များ အားလုံး နှင့် တွေ့ဆုံခွင့်ရ ရန် မျှော်လင့်ထားကြောင်း ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။
မစ္စတာ ဂန်ဘာရီ၏ ယခုခရီးစဉ်သည် စစ်အစိုးရ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ သွားရောက်ခြင်းဖြစ်ပြီး လွန်ခဲ့သည့် မေလ အတွင်းကပင် စီစဉ်ထားသော်လည်း နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် စစ်အစိုး ရ က နိုင်ငံ တ၀န်း ကယ်ဆယ်ရေးလုပ်ငန်းများနှင့် အလုပ်များနေသည့်အတွက် အချိန်ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။မစ္စတာဂန်ဘာရီသည် ယခုနှစ် မတ်လ ၆ ရက်နေ့က မြန်မာနိုင်ငံသို့ နောက်ဆုံးအကြိမ် ရောက်ရှိခဲ့ပြီး ၂၀၀၇ ခုနှစ် အတွင်း ကလည်း မြန်မာနိုင်ငံသို့ ၂ ကြိမ် လာရောက်၍ စစ်အစိုးရ ခေါင်းဆောင်များ၊ ဒေါ်အောင်ဆန်းစုကြည် အပါ အ၀င် အန်အယ်လ်ဒီ ဗဟို အလုပ်မှုဆောင်အဖွဲ့ဝင်များ၊ တိုင်းရင်းသားကိုယ်စားလှယ်များနှင့်တွေ့ဆုံ ဆွေးနွေးခဲ့ သည်။ ယင်းခရီးစဉ်နှင့်ပတ်သက်ပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက တိုးတက်မှု နည်းပါး၍ စိုးရိမ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ဖူးသည်။

8.22.2008

ဂမ်ဘာရီ ဆောင်ရွက်ချက်များ မူလတာဝန်ပိုင်းမှ သွေဖည်နေဟု ဒီမိုကရေစီ လှုပ်ရှားနေသူများ ဝေဖန်

မစ္စတာဂမ်ဘာရီရဲ့ မြန်မာနိုင်ငံခရီးစဉ်နဲ့ ပတ်သက်လို့ မစ္စတာဂမ်ဘာရီဟာ သူတကယ်
လုပ်ရမယ့် ကုလသမဂ္ဂတာဝန်ပိုင်း၊ ကုလသမဂ္ဂရဲ့ ရပ်တည်မှုကနေ သွေဖည်နေပြီ၊
လမ်းလွဲနေပြီလို့ အမေရိကန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ US Campaign for
Burma ကနေ ထုတ်ပြန်ဝေဖန်လိုက်ပါတယ်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလွဲလို့ ကျန်တဲ့
ဒီမိုကရေစီရေး အင်အားစုတွေ၊ နိုင်ငံရေးပါတီတွေ၊ လူထုအခြေပြု အဖွဲ့အစည်းအမှန်
တွေကို မတွေ့ဘဲ စစ်အစိုးရက စီစဉ်ပေးတဲ့အတိုင်းပဲ စစ်အစိုးရထောက်ခံသူတွေကိုပဲ
တွေ့ဆုံနေတဲ့အပေါ် USCB လို့ခေါ်တဲ့ အမေရိကန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှု
အဖွဲ့က ဝေဖန်လိုက်ပါတယ်။

"ဂမ်ဘာရီရဲ့ အဓိကတာဝန်က ဒီအဖွဲ့အစည်းတွေကြားထဲမှာ လွန်းပြန်တွေ့ဆုံပြီး
သုံးဘက်ပါဝင်တဲ့ ဆွေးနွေးပွဲတွေ ပေါ်ပေါက်လာဖို့၊ အဲဒီဆွေးနွေးပွဲတွေ မစနိုင်ခင်မှာ
တောင် ဒီသုံးဘက်ကြားမှာ အပြန်အလှန် နားလည်မှုတွေရအောင် ဆောင်ကြဉ်းဖို့ ဒါ
သူ့ရဲ့ အဓိကတာဝန်ပါ။ ဒါပေမယ့် မနေ့က သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ခေါင်းဆောင်များနဲ့ တွေ့တဲ့အချိန်မှာ သူ့ဘက်က ပြောခဲ့တာကတော့ ၂၀၁၀
ရွေးကောက်ပွဲကို ဦးစားပေးပြီး ဒီရွေးကောက်ပွဲကို နအဖက သန့်သန့်ရှင်းရှင်းလုပ်ဖို့
သူတို့က တိုက်တွန်းမယ်။ တဖက်ကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါဝင်ဖို့
တိုက်တွန်းတာမျိုး လုပ်တယ်ဆိုတော့ သူ့ရဲ့လမ်းကြောင်းနဲ့ သူ့ရဲ့ ဆောင်ရွက်မှုတွေက
သူ့ကိုပေးအပ်ထားတဲ့ မူလတာဝန် ၀တ္တရားတွေကနေ လွဲမှားနေတယ်လို့ တွေ့ရတယ်။
ဒါကြောင့် အခုလို ဝေဖန်တာပါ။

"ပြီးတော့ မြန်မာနိုင်ငံမှာရောက်တာ ဒီနေ့ဆိုရင် ၄ ရက်ရှိသွားပြီ။ အဓိက ဒီမိုကရေစီ
အင်အားစုတွေနဲ့တွေ့ဆုံတာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များနဲ့
တွေ့ဆုံတာ မိနစ် ၂၀ ပဲရှိတယ်။ ကျန်တဲ့အချိန်တွေမှာ နအဖရဲ့ ကိုယ်စားလှယ်တွေ၊
နအဖရဲ့ အဆင့်နိမ့်အရာရှိတွေ၊ နအဖက တွေ့ခွင့်ပေးတဲ့ နအဖကိုထောက်ခံတဲ့ အဖွဲ့
အစည်းများနဲ့ တွေ့ဆုံတာလောက်ပဲ ရှိတယ်။"

ဒေါ်အောင်ဆန်းစုကြည်ဟာ အင်မတန်မှ တာဝန်သိတဲ့ အမျိုးသမီး
ခေါင်းဆောင်တယောက်ပါ။ ဂမ်ဘာရီနဲ့ တွေ့ဆုံရမယ့်ကိစ္စ အရေးကြီးတယ်လို့ သူ
နားလည်တယ်ဆိုရင် ဘယ်လောက်ပဲ ကျန်းမာရေး ချို့တဲ့နေပါစေ၊ သူ တွေ့ကိုတွေ့မှာ
ပါ။ သူ မတွေ့ဘူးဆိုရင်တော့ သူကိုယ်၌ကိုယ်က မစ္စတာဂမ်ဘာရီကို မတွေ့ချင်လို့။

"မတွေ့ချင်တဲ့ဟာမှာလည်း ဖြစ်နိုင်ချေက မစ္စတာဂမ်ဘာရီရဲ့ ဆောင်ရွက်ချက်တွေ
အပေါ်မှာ သူကိုယ်၌က သဘောမကျတာမျိုး ရှိနိုင်တယ်။ နောက်တခုက ကျနော်တို့
နားလည်သလောက် အမြဲတမ်း သူတောင်းဆိုခဲ့တာရှိတယ်၊ မစ္စတာဂမ်ဘာရီကို
တွေ့တဲ့အချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စီအီးစီခေါင်းဆောင်များနဲ့ သူနဲ့ အတူ
တကွ တွေ့ဖို့၊ အဲလိုမှမဟုတ်ဘဲ စီအီးစီက သတ်သတ်တွေ့၊ သူက သတ်သတ်တွေ့ဆိုရင်
တော့ သူတို့ တဖွဲ့တစည်းတည်း ဖြစ်လင့်ကစား တိကျတဲ့၊ တူညီတဲ့အသံ ပေးနိုင်မှာ
မဟုတ်ဘူး။ အခုတခေါက်မှာတော့ အဲဒီလို အတူတကွတွေ့ခွင့်ရဖို့ တောင်းဆိုတာကို
နအဖက လက်မခံတဲ့အတွက် ဆန္ဒပြတဲ့အနေနဲ့ မတွေ့တာလည်း ဖြစ်နိုင်ပါတယ်။"

မစ္စတာဂမ်ဘာရီ မြန်မာပြည်ကိုလာတာ ၆ ခေါက်ရှိသွားပြီ။ ကိုဖီအန်နန်
လက်ထက်မှာ Under Secretary General ရာထူးနဲ့ ၂ ခေါက်ရောက်ခဲ့တယ်၊ မစ္စတာ
ရာဇာလီ ထွက်ပြီးခါစ။ အဲဒီနောက် ဘန်ကီမွန်းက ဆက်ပြီးတာဝန်ပေးတဲ့အတွက်
မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ်နဲ့ နောက်ထပ် ၄ ခေါက်၊ စုစုပေါင်း
၆ ခေါက်ရှိသွားပြီ။

"အဲဒီ ၆ ခေါက်စလုံးမှာ သူ့ရဲ့ လှုပ်ရှားမှုတွေက နအဖ စီစဉ်ညွှန်ကြားတဲ့အတိုင်းပဲ ဖြစ်နေ
ပြီးတော့ သူပြောသလိုဆိုရင် သူတွေ့ချင်တဲ့လူတွေနဲ့ မတွေ့ရဘူး။ သူ မတွေ့ချင်တဲ့
လူတွေနဲ့ တွေ့ရတယ်။ ကျနော်တို့မြင်တာကတော့ တွေ့ချင်တဲ့လူတွေနဲ့ တွေ့ခွင့်မရဖို့
နအဖက ဟန့်တားထားတယ်ဆိုရင် နအဖရဲ့ အပြစ်ပေါ့။ သို့သော်လည်း သူ့မှာ သူ
မတွေ့ချင်တဲ့လူကို မတွေ့ခွင့်တော့ ရှိမယ်ထင်ပါတယ်။ မတွေ့ချင်တဲ့လူကို မတွေ့ဖို့
ငြင်းဆန်ခွင့် သူ့မှာရှိလိမ့်မယ်လို့ ထင်ပါတယ်။ အခုလို သူ မတွေ့ချင်တဲ့လူတွေကို
တွေ့ပြီးတော့ အဲဒါကိုပဲ မြန်မာနိုင်ငံက လူထုလူတန်းစား အဖွဲ့အစည်းများနဲ့ တွေ့ပါတယ်
လို့ ကမ္ဘာကိုကြေညာတာကြတော့ အင်မတန်မှ လှည့်ဖျားရာရောက်ပါတယ်။"


"အထူးသဖြင့် မစ္စတာဘန်ကီမွန်းရဲ့ ရုံးကို လှုပ်ရှားဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး
မှန်မှန်ကန်ကန် ပြန်လည်သုံးသပ်ဖို့နဲ့ တကယ်လုပ်ရမယ့်အလုပ်၊ တကယ်ရွေ့ရှားရမယ့်
လှုပ်ရှားမှုတွေကို ပြတ်ပြတ်သားသား၊ မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်ဖို့ ကျနော်တို့
ဆက်ပြီးတော့ ဖိအားပေးမှာပါ။ မူလ လမ်းကြောင်းမှန်ကို ပြန်ရောက်လာဖို့ ကျနော်တို့
ဝိုင်းဝန်းဖိအားပေးမှာပါ။"
USCB အဖွဲ့က အမှုဆောင်ညွှန်ကြားရေးမှူး ကိုအောင်ဒင် ရှင်းပြသွားတာ ဖြစ်ပါတယ်။

emailme.gif

ထိန်းသိမ်းခံ ၈၈ မျိုးဆက်ခေါင်းဆောင်များ ဥပဒေအကျိုး ခံစားခွင့်ဆုံးရှုံး



88 Generation Students group,May 27,2007.AP
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်အချို့။
မေ ၂၇၊ ၂၀၀၇။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်
တွေ အခုတကြိမ် ထိန်းသိမ်းခံထားရတာ
တနှစ်ပြည့်မြောက်လာပြီ ဖြစ်ပေမယ့် ခုချိန်
ထိ ဥပဒေကြောင်းအရ တရားရုံးတင်
စစ်ဆေးတာမျိုး မရှိသလို ရှေ့နေနဲ့ တွေ့ခွင့်
မရတဲ့အပြင် ဘာပုဒ်မနဲ့ စွဲဆိုထားတယ်
ဆိုတာကိုတောင်မှ သက်ဆိုင်သူမိသားစု
တွေ မသိကြပါဘူး။

သူတို့အခြေအနေကတော့ တနှစ်ပြည့်တဲ့ထိ ထိန်းသိမ်းခံထားရတာတောင် ခုချိန်ထိ
မရေမရာလို့ပဲ ပြောရမှာပါ။ အာဏာပိုင်တွေက သူတို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့ချိန်တုန်း
ကလည်း ဘာပုဒ်မတွေတပ်ပြီး ဖမ်းမှန်းမသိ၊ နောက်ပိုင်းမှာလည်း ပုဒ်မတွေက တမျိုး
ပြီးတမျိုး ပြောင်းလာခဲ့တာဆိုတော့ ခုလက်ရှိမှာ ဘာပုဒ်မတွေတပ်ထားပြီး ဘယ်လိုတွေ
စွပ်စွဲထားတယ်ဆိုတာကို ရေရေရာရာမရှိ ဖြစ်နေပါတယ်။

ဒါ့အပြင် ရှေ့နေရှေ့ရပ်တွေနဲ့တွေ့ဆုံပြီး ဥပဒေအရ ကိုယ့်ကိုယ်ကို ခုခံချေပဖို့လည်း
ခုချိန်ထိ အခွင့်မရကြသေးပါဘူး။ သူတို့ကို စဖမ်းသွားကတည်းကိုက ခိုင်ခိုင်လုံလုံမရှိဘဲ
ဖမ်းသွားတာဖြစ်တဲ့အတွက် တရားရုံးတင်စရာမလိုဘဲ ဆက်ပြီး ထိန်းသိမ်းထားလို့ရ
အောင် ပုဒ်ထီးပုဒ်မတွေ အမျိုးမျိုးပြောင်း၊ နောက်ကွယ်ရမန်တွေ အကြိမ်ကြိမ်ယူပြီး
အကျဉ်းထောင်ထဲကနေ ထွက်လို့မရအောင်ကို လုပ်နေတာလို့ လူ့အခွင့်အရေးလှုပ်ရှား
သူတွေက ဝေဖန်ကြပါတယ်။

ဒါပေမယ့် ဒီလိုလုပ်နေတာဟာ နိုင်ငံရေးတွေ၊ လူ့အခွင့်အရေးတွေအရ မဆိုထားနဲ့၊
နိုင်ငံတွင်း လက်ရှိကျင့်သုံးနေတဲ့ ဥပဒေ လုပ်ထုံးလုပ်နည်းတွေအရကို တရားမ၀င်ပါဘူး
လို့ အခိုင်အမာပြောသူကတော့ BLC မြန်မာနိုင်ငံရှေ့နေများကောင်စီရဲ့ အဖွဲ့ဝင်၊ အာရှ
လူ့အခွင့်အရေးကောင်စီမှာ မြန်မာ့အရေး ကိုင်တွယ်ဆောင်ရွက်သူ ရှေ့နေ
ဦးမင်းလွင်ဦးပါ။

"ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေမှာ ပြဋ္ဌာန်းထားတာက ရှင်းရှင်းလေးပါ။ လူတဦး
တယောက်ကို ဖမ်းမယ်ဆိုရင် စုံစမ်းစစ်ဆေး မေးမြန်းပြီးတော့ တရားစွဲဖို့ အကြောင်း
အရာတွေ ပေါ်ပေါက်တယ်ဆိုရင် တခါတည်း ရုံးတင် တရားစွဲဖို့ ထိုက်သင့်တဲ့ရက်
ပေးထားတယ်။ အလွန်ဆုံးပေးထားတာကတော့ ၂၈ ရက်ဖြစ်တယ်။ အဲဒါမှ မစွဲတင်နိုင်
ဘူးဆိုရင် ဒီလူကို လွှတ်ရမှာဖြစ်တယ်။ အခုလုပ်နေတာက လူကိုဖမ်းထားပြီးတော့မှ
သက်သေအထောက်အထား ခိုင်လုံအောင်ဆိုပြီး လိုက်စုနေတာက ပြစ်မှုဆိုင်ရာ
ကျင့်ထုံးဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ ပြဋ္ဌာန်းချက်တွေနဲ့လည်း ဆန့်ကျင်တယ်၊ သက်သေ
ခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ ပြဋ္ဌာန်းချက်တွေနဲ့လည်း ဆန့်ကျင်တယ်ဆိုတာကို ကျနော်
ပြောချင်ပါတယ်။"

အခုထိန်းသိမ်းခံထားရတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဟာ အခုတကြိမ်
မှာမှ ထောင်နဲ့ယဉ်ပါးရသူတွေတော့ မဟုတ်ပါဘူး။ ဒီမိုကရေစီတောင်းကြတယ်ဟေ့
ဆိုကတည်းကိုက မရှေးမနှောင်း အဖမ်းခံခဲ့ကြရပြီး ပထမဆုံးအကြိမ် ထောင်သက်တမ်း
အနည်းဆုံးနေခဲ့ရဖူးသူက ၇ နှစ်ပါ။ ကိုမင်းကိုနိုင်ဆိုရင်တော့ ၁၅ နှစ်ကျော် ကြာခဲ့ပါ
တယ်။ အဲဒီကနေ ပြန်လွတ်လာပြီးနောက်ပိုင်း မနှစ် သြဂုတ်လ အဖမ်းမခံရခင် ကြားထဲ
မှာလည်း တော်ကြာ လာခေါ်သွားလိုက်၊ ရက်ပိုင်း လပိုင်းကြာလိုက်၊ ပြန်လွတ်လာလိုက်၊
တော်ကြာ ပြန်ခေါ်သွားလိုက်နဲ့ အင်းစိန်ထောင်၊ ရဲအချုပ်ခန်းနဲ့ စစ်ကြောရေးစခန်းတွေ
ကို အိမ်ဦးနဲ့ကြမ်းပြင်လို သွားလာနေခဲ့ရသူတွေပါ။

သူတို့စိတ်ဓာတ်တွေက မာကျောဆဲ၊ ခိုင်မာဆဲ ဒီမိုကရေစီရေးအတွက် မဆုတ်မနစ်
ရှိဆဲပဲလို့ သူတို့ကို အလျဉ်းသင့်သလို ထောင်ဝင်စာတွေ့ခွင့်ရတဲ့ မိသားစုတွေက
ပြောကြပေမယ့် အခုလောက် ထောင်ထဲ ၀င်လိုက်ထွက်လိုက် လုပ်နေရသူတွေအဖို့
သူတို့ခန္ဓာကိုယ်တွေကတော့ ချို့ယွင်းမှုရှိလာတာပါပဲ။

ဥပမာအားဖြင့်ဆိုရင် ကိုမင်းကိုနိုင်ဟာ မျက်လုံးဝေဒနာ၊ နှလုံးရောဂါနဲ့ ခြေထောက်
နာကျင်ပြီး လမ်းလျှောက်မရတဲ့ ဝေဒနာတွေကို ခံစားနေရပါတယ်။ ကိုမြအေးဆိုရင်
လည်း နှလုံးရောဂါခံစားနေရပြီး ကိုလှမျိုးနောင်ကတော့ မျက်စိဝေဒနာပြဖို့ မျက်စိ
ဆေးခန်း ရောက်နေချိန်မှာ အဖမ်းခံရ၊ စနစ်တကျ ဆက်ပြီး ကုသခွင့်မရခဲ့တဲ့အတွက်
ပထမမျက်စိတလုံး ကွယ်ခဲ့ရ၊ ဆက်ပြီးတော့လည်း ကုသခွင့်မရပြန်တာကြောင့် နောက်
မျက်စိတလုံးပါ ကွယ်ရတော့မယ့် အလားအလာနဲ့ ရင်ဆိုင်နေရပါတယ်။

မနှစ်က ဒီအချိန်မှာ အဖမ်းခံလိုက်ရသူ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ၁၃ ဦး
အရင်ကျခံခဲ့ရတဲ့ ထောင်သက်တွေကိုပဲ ပြန်တွက်မယ်ဆိုရင်တောင် စုစုပေါင်း နှစ် ၁၄၀
နဲ့ တလ ရှိနေပါပြီ။
ပြီးခဲ့တဲ့နှစ် သြဂုတ်လ အခုလိုရက်ပိုင်းတွေက လောင်စာဆီဈေးနှုန်းတွေ တိုးမြှင့်လိုက်
ပြီးတဲ့နောက် ပြည်သူလူထု စားဝတ်နေရေး ကျပ်တည်းလာတာကို ပေါ်လွင်ထင်ရှား
စေချင်တဲ့အတွက် ၈၈ မျိုးဆက်ကျောင်းသားတွေက စီတန်း လမ်းလျှောက်ခဲ့ကြပါ
တယ်။ အဲဒါပြီးတဲ့နောက်မှာ သူတို့တွေကို ဖမ်းဆီးထိန်းသိမ်းလိုက်တာပါပဲ။

သူတို့ဖမ်းဆီးခံရတာ တနှစ်ပြည့်မြောက်လာချိန် အခုကာလမှာလည်း ဘယ်ကုန်ဈေး
နှုန်းမှ ကျဆင်းမလာတဲ့အပြင် လူထုစားဝတ်နေရေးကလည်း ကျပ်တည်းနေဆဲဖြစ်တဲ့
အတွက် ဒီလို ဖမ်းဆီးထိန်းသိမ်းတာတွေဟာ တိုင်းပြည်ရဲ့ပြဿနာတွေကိုဖြေရှင်းဖို့
အဖြေမဟုတ်တဲ့အကြောင်း မြန်မာ့အရေး ဝေဖန်သုံးသပ်သူတွေက ပြောဆိုနေကြပါ
တယ်။