1.06.2010

Burma's News World's News


Gordon Brown
Two ex-cabinet ministers seek a ballot on Gordon Brown as leader, raising new doubts about Labour months before a UK election.

Obama given intelligence pledge
A top US intelligence official promises action after sharp criticism from President Obama over the failed plane bomb plot.

Whalers 'ram' activist boat
Anti-whaling activists accuse a Japanese whaling ship of a ramming attack on one of their boats in Antarctic waters.

QUOTE OF THE DAY
Much of the opposition's leadership remains in prison, there is no space for political dissent or debate, and no freedom of the press.
— Ian Kelly, the US State Department spokesman

Gold Price Rise Blamed on Regime Members' Inflation Fears

By THE IRRAWADDY
An apparent rush by members of the Burmese junta and their families to buy gold is being named as the cause of a sudden rise in the price of the precious metal in Burma.

Freelance Video Reporter Sentenced to 26 Years

By LAWI WENG
International media groups have condemned a Burmese court in Pakokku Township that sentenced a freelance video reporter to 20 years in prison.

Australian Senator Criticizes Exports to Burma

By ARKAR MOE
A senator from the Australian Greens party calls for a halt to exports of high-frequency radio sets to Burma's military junta.
NEWS ANALYSIS

With Hmong Expulsion, Thai Army Asserts Foreign Policy Role

By MARWAAN MACAN-MARKAR
The recent deportation of Hmong to Laos has shown that Thai military remains the dominant player in shaping the relationship between Thailand and its immediate neighbors.

AirAsia, Jetstar Form Low Cost Airline Alliance

By THE ASSOCIATED PRESS
Malaysia's AirAsia and Australia-based Jetstar announced an alliance to help the budget carriers reduce costs including cooperation on passenger handling at airports in Asia and possible joint purchases of aircraft.

Letter from Kathmandu

By AUNG ZAW
Sometimes, a look inside another struggling country can help answer questions about your own.

Than Shwe's surefire hopes for 2010

Burmese government staff unhappy despite pay hike Essential and other commodity prices in Burma are rising after the military junta ...
Army men edit ethnic Kachin newspaper This year the Burmese Army is editing the ‘JingHpaw Mungdaw Nsen’ newspaper ...
Junta buys radio sets from Australian company Perth-based Barrett Communications Company said today that they had sold ...
Census of retired education sector employees in Arakan
The Burmese junta has begun taking a census and collecting personal details of retired government servants in the education sector ...

FEC price higher than USD

The price of Foreign Exchange Certificates (FEC) is significantly higher than the US dollar today. It is higher by Kyat 15 in the Rangoon foreign exch...

Fresh misery looms large in New Year in Burma

(Editorial) The New Year should be a time for hope and change, but for the people of Burma it promises to bring more of the same misery, albeit with ....

Farmers sell livestock to repay loans

Jan 6, 2010 (DVB)–Farmers in central Burma forced to repay loans months in advance of their deadline have reportedly been selling off livestock, following threats of arrest. - more


US senator Webb gives election backing

Jan 6, 2010 (DVB)–US senator Jim Webb, the only senior-level US official to have met Burmese junta chief Than Shwe, has said that he supports the junta’s controversial planned elections, to be held this year. - more


Burma will struggle for attention in 2010

Francis Wade

Jan 6, 2010 (DVB)–The extent of Burma’s “boutique” attraction for the international community will be tested this year as the opposition vies for attention amidst a horde of other, equally controversial, elections. - more


Burmese reporter receives 20-year sentence

Jan 6, 2010 (DVB)–A Burmese reporter who contributed video material to the Democratic Voice of Burma has been handed a 20-year prison sentence, bringing to 13 the number of imprisoned journalists in Burma. - more

၂၀၁၀ အရေး ကျွန်တော့် အတွေးအမြင်များ

Photobucket

အတိုက်အခံတွေမှာ အမျိုးမျိုး ပိတ်ပင်ခံနေရတာတွေ ရှိနေဆဲမှာပဲ မြန်မာ့အရေး ဆွေးနွေးပွဲ ကျင်းပရေး ကော်မတီ ဆိုသူတွေက လာမယ့် ဇန်နဝါရီလ ၁၆ ရက်နေ့မှာ ဆွေးနွေးပွဲ ထပ်မံလုပ်ဦးမယ်လို့ ဖိတ်စာတွေ ထပ်မံ ဝေနေပြန်ပါပြီ။
ဒေါ်အောင်ဆန်းစုကြည် နှင့်တကွ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးနဲ့ ဒေါ်အောင်ဆန်းစုကြည် ကမ်းလှမ်း ထားတဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာရေးနဲ့ ပါတ်သက်ပြီး တခွန်းတပါဒမှ မပြောသွားတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ လွတ်လပ်ရေးနေ့ သဝဏ်လွှာမှာ အခု ၂၀၁၀ မှာ ရွှေးကောက်ပွဲကို မဖြစ်မနေ ကျင်းပသွားမှာ ဖြစ်တယ်လို့ တရားဝင် ပြောကြားသွားခဲ့တဲ့ အပေါ် နိုင်ငံတကာနဲ့ အတိုက်အခံတွေရဲ့ ဝေဖန်ချက်တွေ အဆက် မပြတ် ထွက်ပေါ် လာနေဆဲမှာပဲ မြန်မာ့အရေးဆွေးနွေးပွဲ ကျင်းပရေး ကော်မတီလို့ အမည်ခံထားတဲ့ သူတွေရဲ့ ဖိတ်စာကို ပြည်တွင်းမှာ လိုက်လံ ဝေနေခဲ့တာ ဖြစ်ပါတယ်။
အဲဒီသူတွေနဲ့ ပါတ်သက်ပြီး ပြည်တွင်း ပြည်ပက အတိုက်အခံတွေနဲ့ ဝဘ်ဆိုက်တွေရဲ့ သုံးသပ်ချက်တွေနဲ့ သူတို့ရဲ့ လက်ရှိ အနေ အထားတွေကို ကျွန်တော်တို့ရဲ့ မေးလက်တာတွေမှာ တင်ပြ ပေးပို့ခဲ့ပြီးဖြစ်လို့ အကျယ် ချဲ့ပြီး မပြောလိုတော့ ပါဘူး။
ကျွန်တော်တို့ အနေနဲ့ တခု တင်ပြလိုတာကတော့ အဲဒီသူတွေဟာ သူတို့ရဲ့ လုပ်ရပ်တွေ ထုတ်ပြန် ကြေငြာချက်တွေနဲ့ ပါတ်သက်ပြီး သတင်းဌာနတွေက ထုတ်ပြန်ပေးစေချင်တဲ့ ဆန္ဒနဲ့ သတင်းသမားတွေကို လိုက်လံ ဆက်သွယ် နေတာ ဖြစ်ပါတယ်။
သူတို့ရဲ့ လုပ်ရပ်နဲ့ ပြောဆိုချက်တွေက သူတို့ဟာ ၂၀၁၀ မှာ ရွေးကောက်ပွဲ ဝင်နိုင်ဖို့အတွက် ပြည်သူလူထုတွေ သူတို့ အဖွဲ့အပေါ် စိတ်ဝင်စားမှု ရှိလာအောင် လုပ်ဆောင်နေတယ်ဆိုတာ ထင်ရှားစွာ တွေ့ရပါတယ်။ ၈၈ မျိုးဆက်တွေ ပါတယ်၊ ဘယ်သူတွေ လာတက်တယ် စတဲ့ အချက်တွေနဲ့ ပြည်သူလူထုတွေက သူတို့ ရွေးကောက်ပွဲ ဝင်တဲ့အခါ ထင်ယောင်ထင်မှား မဲထည့်လေမလားဆိုတဲ့ ရည်မှန်းချက်နဲ့ အခွင့်အရေး မက်မောတဲ့ နာမည်ပျက် ပြီးသား လူတွေကို အသုံးချပြီး လုပ်နေတာ ဖြစ်တယ်လို့ ကျွန်တော်တို့ ဘလော့က သုံးသပ်ပါတယ်။
အဲဒီ လုပ်ဆောင်မှုတွေကို နအဖဆီက တရားဝင် ခွင့်ပြုချက် တောင်းပြီးမှ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ နအဖ ကလည်း ဘယ်သူမှ ဆေးဖေါ်ကြောဘက် မလုပ်တဲ့ သူတို့ရဲ့ ၂၀၁၀ ရွေးကောက်ပွဲကို အသိအမှတ်ပြုတဲ့လူရှိ နည်းလား ဆိုတဲ့ ရည်မှန်းချက်နဲ့ ခွင့်ပြုထားခဲ့တာပါ။
အဲဒီ အမျိုးသားနိုင်ငံရေး ဆွေးနွေးပွဲ ကော်မတီဆိုသူတွေ နားမလည်သေးတဲ့ အချက်ကို ကျွန်တော်တို့ အနေနဲ့ ဟိုက်လိုက် လုပ်ပေးချင်တာက နအဖဟာ လာမည့် ၂၀၁၀ ရွေးကောက်ပွဲကို တခြားလူတွေကို ကြိုးတုပ်ထားပြီး တကောင်ထဲ ပြေးခိုင်းထားတဲ့ သူတို့ရဲ့ခိုင်းနွားကြီး ကြံဖွံ့က လွဲရင် ဘယ်သူကိုမှ အနိုင်မပေးပါဘူးဆိုတာ ပါပဲ။
သူတို့တို့က ကိုယ့်ကိုကိုယ် ထင်တလုံးနဲ့ စစ်ကျွန်စာရင်း ပြေးသွင်းပေမယ့် သူတို့တို့ရမှာက အေးလွင်တို့လို သိပ်ကဲ လာရင် နွားကြိမ်နဲ့ အရိုက်ခံရမယ်။ နောက် လိုအပ်တယ်ထင်ရင် နွားသတ်ရုံ အပို့ခံရမယ် ဆိုတာပါပဲလို့ ထောက်ပြ ချင်ပါတယ်။
အဲဒီကြားထဲမှာ NLD ရွေးကောက်ပွဲ ဝင်မှ ဖြစ်မယ်ဆိုတဲ့ အတွေးအခေါ်ကို ဖြန့်ဝေလာတဲ့ သူတွေကိုလည်း တဆက်တည်း ပြောပြချင်တာ တခုရှိပါတယ်။ အဲဒီရေးတဲ့ ဆောင်းပါးကိုလည်း ကျွန်တော်တို့ မေးလက်တာမှာ ဖေါ်ပြထားပါတယ်။ အဲဒီဆောင်းပါးရှင်ဟာ ပရိုပိုစယ်စားနေတဲ့ နိုင်ငံရေး အဖွဲ့အစည်း တချို့ကို ပုတ်ခတ် ပြောဆို ထားပေမယ့် အဲဒီ ဆောင်းပါးရှင် ပြောတဲ့ အယူအဆဟာ အဲဒီ ပရိုပိုဆယ် ပေးနေတဲ့ နိုင်ငံခြားနဲ့ NLD အခက် တို့ အချက်ဆိုတဲ့ ပြည်တွင်း ပုဂ္ဂိုလ်များရဲ့ အတွေးအခေါ်တွေကပဲ လာတာ ဖြစ်ပါတယ်။ နိုင်ငံခြားသား အချို့က (အထူးသဖြင့် ပရိုပိုစယ်ပေးနေတဲ့ အဖွဲ့တွေက ရွေးကောက်ပွဲ ဝင်ပြိုင် သင့်တယ် ဆိုတဲ့ အချက်ကို တော်တော်လေး ဖိပြောတာ ကျွန်တော်တို့ တွေ့ရပါတယ်။ )
သူတို့ရဲ့တွက်ကိန်းထဲမှာ ဖွဲစည်းပုံ အခြေခံ ဥပဒေက ဘာပဲပြောပြော ၂၀၁၀ရွေးကောက်ပွဲမှာ စစ်ဗိုလ် တမတ်သား မကလို့ ငါးမူးသားပဲ ဖြစ်ဖြစ် ရွေးကောက်ပွဲမှာ ကျွန်တော်တို့ အတိုက်အခံတွေဘက်က ဝင်ပြိုင်မှ အတိုက်အခံတွေ ကိုထောက်ခံတဲ့သူတွေက မဲတွေပေးကြမယ်။ နောက် မဲရတဲ့ အမတ်တွေမှာ ပြောရေးဆိုခွင့် လုပ်ပိုင်ခွင့် အထိုက်အလျှောက်ရမယ် ဆိုတာပါ။ အဲဒီအချက်ကို သူတို့ ကိုးကားချက်ပေးတာက အနှစ်နှစ်ဆယ် ကျော် အတွင်းမှာ ကျွန်တော်တို့ အတိုက်အခံတွေက အပြောင်းအလဲဖြစ်အောင် ဘာမှ မလုပ်နိုင်ဘူး။ လက်ရှိ မှာလဲ အပြောင်းအလဲ ဖြစ်အောင်မလုပ်နိုင်ဘူး ။ ဒါကြောင့် ၂၀၁၀ ထဲမှာ ဘာပဲ ဖြစ်ဖြစ် ရွေးကောက်ပွဲဝင်ပြီး အပြောင်းအလဲကို ရှာသင့်တယ် ဆိုတဲ့ သူတို့ရဲ့ နိုင်ငံခြားပေတံကြီးနဲ့ တိုင်းပြီးပြောတာပါ။
သူတို့သိတာ မဲလိမ်ရင် တိုင်လို့ရတယ်။ ရွေးကောက်ပွဲ မတရားမှုတွေကို သူတို့ နိုင်ငံခြားတွေမှာ စာနယ်ဇင်းတွေ ဒါမှမဟုတ် သက်ဆိုင်ရာ လူ့အခွင့်အရေး ဆိုင်ရာ အဖွဲ့အစည်းတွေက ဝိုင်းတင်ပြလိုက်ရင် အပြောင်းအလဲ တွေ ပြန်ဖြစ်နိုင်တာကိုး။
ဒါဆိုရင် ကျွန်တော် တခုတင်ပြချင်တာက ၁၉၉၀ တုန်းက NLD ရွေးကောက်ပွဲမှာ လူထုမဲ ဆန္ဒနဲ့ အပြတ်အသတ် အနိုင်ရခဲ့ပြီး အဲဒီတုန်းက နဝတ က အာဏာ မလွဲပေးတဲ့ အချိန်မှာ အဲဒီ ပုဂ္ဂိုလ်ကြီးများ ဘာတွေ ပြောင်ပြောင် မြောက်မြောက် လုပ်ပေးနိုင်ခဲ့ပါသလဲ။ ဒီထက်စစ်မှန်တဲ့ လူထုဆန္ဒကို ကျွန်တော်တို့ မြန်မာ နိုင်ငံသားတွေ ဘယ်လို ပြပေးရမှာပါလဲ။
ကမ္ဘာ့ အမြင့်ဆုံးဆိုတဲ့ ကုလသမဂ္ဂ အဖွဲ့ကြီးမှာ ဘာတွေ လုပ်ပေးနိုင်ခဲ့ပါသလဲ။ ပြန်ပြောပြစရာ မလိုတော့ ပါဘူး ခင်ဗျား။
၂၀၀၈ ခုနှစ် နာဂစ် လေမုန်တိုင်းကြီး တိုက်ခတ်လို့ လူတွေ သိန်းနဲ့ချီ သေပြီး သန်းနဲ့ချီ ဒုက္ခတွေ ပင်လယ် ဝေနေချိန်မှာ ဗေဒင်ဆရာပေးထားတဲ့ အခါတော် ပျက်မှာစိုးလို့ အလောင်းပုံပေါ်မှာ ဖြစ်အောင်လုပ်သွားတဲ့ မဲဆန္ဒပေးပွဲ ကိုကော အဲဒီ လူကြီးမင်းများက ဘာတွေ ပြောင်ပြောင်မြောက်မြောက် ပြောဆိုပေးခဲ့ပါသလဲ။ မဲပေး တဲ့ အချိန်မှာကော ဘယ်လို လေ့လာသူမျိုးတွေကို လက်ခံခဲ့လို့ ဘယ်လိုစံနဲ့ လက်ခံပေးခဲ့တာပါလဲခင်ဗျား။
အားလုံးကို ခြုံပြီးပြောရရင် အနောက်တိုင်းက ပေတံကြီးအတိုင်း ပြောနေတဲ့ အချက်အလက်တွေ စံတွေအတိုင်း ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲမှာ ကျွန်တော်တို့ ပြည်သူတွေ ကြိုးစားပေးခဲ့ပါပြီ ခင်ဗျား။
အဲဒီအပေါ်မှာတောင် ဘာမှ မလုပ်ပေးနိုင်ပဲနဲ့ အနောက်တိုင်းက ပုဂ္ဂိုလ်ကြီးတွေနဲ့ ပြည်တွင်းပြည်ပက မြန်မာ့ နိုင်ငံရေး ပညာရှိများက ဘာတွေများ ကျွန်တော်တို့ ပြည်သူတွေကို လုပ်စေချင်ပါသလဲ။ တကယ်လို့များ NLDကို ၂၀၁၀ ရွေးကောက်ပွဲ ဝင်စေချင်ရင် သို့ ခင်ဗျားတို့ အမြှီးပြတ်သလို ပြတ်စေချင်ရင် ကျွန်တော့် အနေနဲ့ NLD ကိုယ်စား အာမ ခံချက် နှစ်ခုပဲ တောင်းပါမယ်။
ပထမ တချက်က UN အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ၂၀၁၀ ရွေးကောက်ပွဲမှာ တရားမျှတတဲ့ အခြေခံ အချက်တွေ ရစေပါမယ်လို့ အာမခံချက်ပေးပါ။ နောက်တချက်က ဒီမိုကရေစီ နိုင်ငံများရဲ့ ဦးဆောင်လို ဖြစ်နေတဲ့ အမေရိကန် သမ္မတ အိုဘားမား အာမခံချက်ပေးပါ။ (လက်ရှိမှာတော့ အိုဘားမားက နအဖလုပ်မယ့် ရွေးကောက် ပွဲကို ဒီအတိုင်းဆို အယုံအကြည် မရှိကြောင်း ပြောသွားခဲ့ပါပြီ။ ) သူတို့တောင်းတဲ့ တရားမျှတတဲ့ အခြေခံ အချက်တွေကို နအဖက လက်ခံ လိုက်လျှောပေးမယ်ဆိုရင် ၊ ဒါမှမဟုတ် ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုထားတဲ့ တွေ့ဆုံ ဆွေးနွေး အဖြေရှာရေးမှာ လက်ခံဆွေးနွေး အဖြေရှာကြမယ်ဆိုရင် ဒါမှမဟုတ် သူတို့ တင်ပြထားတဲ့ ရွှေဂုံတိုင် ကြေငြာချက်ကို နအဖက လက်ခံဆွေးနွေး ပေးနိုင်မယ်ဆိုရင် ဒါဟာ သင့်တင့် မျှတတဲ့ အခြေခံမူ မဟုတ်ဘူးလို့ ဘယ်နိုင်ငံခြား ဆရာကြီးများနဲ့ ၊ အာဏာယူချင်ကြတဲ့ ဆရာ့ ဆရာကြီးများ ငြင်းရဲ ပါသလဲ ခင်ဗျား။
ကိုလိုနီခေတ်က မြန်မာ့နိုင်ငံရေး ခေါင်းဆောင်များ ပြောခဲ့ကြတဲ့ အင်္ဂလိပ်အခက် ဗမာ အချက် ဆိုပြီး တိုင်းပြည် လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ ပုံစံမျိုးကို ပုံတူကူးလို့ NLD အခက် တို့အာဏာရဖို့ အတွက်ဆို လုပ်နေကြမယ် ဆိုရင်ဖြင့် ခင်ဗျားတို့လဲ ဘာမှမဖြစ် တိုင်းပြည်အတွက်လဲ ဘာမှ မဖြစ်ပဲ စစ်ကျွန်သက်ကတော့ ဆက်ဆက်လို့ ရှည်နေဦးမယ် ဆိုတဲ့အကြောင်း တင်ပြလိုက်ရပါတယ် ခင်ဗျား။ ။
(မှတ်ချက် ။ ။ ရွှေဝါရောင် သတင်းလွှာ၏ ပြည်တွင်းသတင်းထောက်ပေးပို့သော အချက်အလက်များအပေါ် အခြေခံ၍ ရေးသားခြင်း ဖြစ်ပါသည်။ နောက်တချက် အထူးပြု ပြောလိုသည်မှာ ကျွန်တော့် အနေဖြင့် ဘယ်တုန်း ကမှ NLD ပါတီဝင် အဖြစ်ဝင်ရောက်ခဲ့ဘူးခြင်း မရှိပါ။ ထို့အတူ ကျွန်တော်တို့ မေးလက်တာမှာလည်း မည်သည့် ပရိုပိုစယ်မှ ရ၍ လုပ်ဆောင်နေခြင်း မဟုတ်ပဲ မိမိတို့၏ နိုင်ငံသား တာဝန်သိ စိတ်ဖြင့်သာ ကိုယ်ပိုင် ငွေကြေးဖြင့် ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။ )

ရွက်စိမ်း

ဘယ်လိုဖောက်ထွက်ကြမလဲ နိုင်ငံရေးစစ်တမ်း (၁ဝ)

bbkn


နိုင်ငံရေးမှာ (အင်အား) မရှိဘဲ (လှုပ်ရှား) ရခက်ပါတယ်။ (ရလဒ်) ရအောင် လှုပ်ရှားမှုဖြစ်စေ၊ ကြိုးစားမှုဖြစ်စေ၊ ဖန်တီးရခက်ပါတယ်။ ယနေ့ မြန်မာ့နိုင်ရေး လောကမှာ လက်နက်အားကိုးနဲ့ (အင်အား) ယူထားတဲ့ နအဖ- မြန်မာစစ်တပ်နဲ့ လူထုထောက်ခံမှုကို (အင်အား) ယူထားတဲ့ NLD နိုင်ငံရေးပါတီ ဒီ ၂ အုပ်စုပဲ အဓိက ရပ်တည်လျက် ရှိပါတယ်။ ဒါပေမဲ့ တကယ်တမ်း လူထုထောက်ခံအားပေးတာက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သာ ဖြစ်တယ်။ ဒါကြောင့် ၂ဝ၁ဝ ရွေးကောက်ပွဲမှာ အပြောင်းအလဲ ဖြစ်နိုင်တာ တနည်း အားဖြင့် ဒီမိုကရေစီ လမ်းကြောင်းပေါ် တင်ပို့ပေးနိုင်တာ စစ်တပ်နဲ့ ဒေါ်စုပဲ ရှိပါတယ်။ ကျန်တဲ့ အဖွဲ့ငယ်လေးတွေ ဝင်ပြိုင်တယ်၊ ဝင်မပြိုင်ဘူးဆိုတာ ထိရောက်မှုဘက်က ကြည့်ရင် မပြောပြလောက်ပါဘူး။

ဥပမာ ဦးသုဝေတို့ ၂ဝ၁ဝ ရွေးကောက်ပွဲ ဝင်မယ်လို့ ကြေငြာထားပါတယ်။ ဒါ (ကွက်လပ်) ဝင်ဖြည့်ထားတာ ၂ဝ၁ဝ ရွေးကောက်ပွဲ ပုံသဏ္ဍာန်ကို မပြောင်းလဲနိုင်ဘူး။ ဒါပေမဲ့ လေဟာနယ် Vaccum မဖြစ်ရအောင် (ကွက်လပ်) ဝင်ဖြည့်ထားတာပဲ။ လေဟာနယ် မဖြစ်စေဖို့ ဖြစ်တာကြောင့် အရေးပါပေမယ့် အပြောင်းအလဲ ဖြစ်လောက်အောင် (အင်အား) မရှိဘူး။ NLD နဲ့ ဒေါ်စုရဲ့ ရပ်တည်ချက်ကမှ အပြောင်းအလဲကို ဖော်ဆောင်ပေး နိုင်တာပါ။
ဘာကြောင့် (ကွက်လပ်) ဖြည့်တာဟာ အပြောင်းအလဲ မဖြစ်နိုင်ပေမယ့် အရေးပါတယ်ဆိုတာကိုကျတော့ နောက်ပိုင်းမှာ ဆွေးနွေးတင်ပြပါ့မယ်။

ကျနော့်အမြင်အရ NLD နဲ့ ဒေါ်စုဟာ ရွေးကောက်ပွဲကို ဝင်လည်း ရတယ်၊ မဝင်လည်း ရတယ်။ ဝင်မယ် မဝင်ဘူး ရွေးတဲ့နေရာမှာ ကိုယ်နေရာ အယူမှန်ဖို့ပဲ လိုတယ် ထင်မိတယ်။ ရှေ့မှာ တင်ပြခဲ့တဲ့အတိုင်း ကျနော်က ဝင်စေ ချင်တယ်။ ဝင်ပြီး နိုင်ငံရေး နယ်ပယ်ကို ဝင်လုစေချင်တယ်။

ဒီနေရာမှာ အငြင်းပွားစရာလေးတွေ ရှိတယ်။ အဓိက ထိရောက်တဲ့ အငြင်းပွားချက်က လုပ်နိုင်တဲ့ (လူ) တွေ မရှိ တော့ဘူး။ ဘယ်သူတွေနဲ့ လုပ်မှာလဲ? လို့ မေးလာနိုင်စရာ ရှိတယ်။

အမှန်ပဲ လက်ရှိ အခြေအနေကို ယေဘုယျအရ သုံးသပ်ရင် လူတွေ မရှိတော့ဘူး။ လူတွေကြောက်ကုန်ပြီလို့ ယူဆစရာ ရှိတယ်။ နိုင်ငံရေးမှာ အရေးကြီးဆုံး သင်ခန်းစာတခု ရှိတယ်။ ကိုယ့်လူမျိုးအကြောင်း ကိုယ်သိဖို့တဲ့။ ကျနော်တို့ မြန်မာတွေဟာ သွေးပူဖို့ လိုတယ်။ ကျနော်နားလည်သလောက် ပြောရရင် စစ်အစိုးရကို မုန်းတဲ့ မကျေနပ်တဲ့သူတွေက အများစုပါ။ ဒါပေမဲ့ ဒို့ကတော့ (စ) မလုပ်ဘူး။ (လုပ်) ရင်ဝင်ပါမယ့် (သူ) တွေက (အများစု) ဖြစ်နေတယ်။ ဒါသူတို့ အပြစ်မဟုတ် (ခံ)ရပါများတော့ လူရည်လည်သွားပြီ ဆိုရမယ်။ ဒေါ်စုနဲ့ ဗိုလ်ချုပ် တင်ဦးတို့လည်း အချုပ်အနှောင်က မလွတ်။ လှုပ်ရှားနိုင်တဲ့ ပြည်တွင်းက NLD CEC နဲ့ ပြည်ပခေါင်းဆောင် နေရာယူထားပြီး ဘာလုပ်ရမှန်းမသိတဲ့ NCGUB တို့ကြောင့်လို့ သုံးသပ်မိတယ်။

နောက်တချက် မြင်မိတာက Non Violence လို့ခေါ်တဲ့ အကြမ်းမဖက်ရေး Idealism အတွေးအခေါ်ကြီးက ခေတ်စားလာတော့၊ (လူ) တွေ Non Violence သမားတွေ ဖြစ်ကုန်ကြရော။ အဝိုင်းထဲ လေးထောင့်သွင်းလို့ မရသလို သဘာဝနဲ့ ဆန့်ကျင်တဲ့ အတွေးအခေါ်ကြီး တခုကို ရိုက်သွင်းလိုက်တော့ ဟိုမကျ ဒီမကျ ဘဝ ရောက်ကုန်တယ်လို့ မြင်မိတယ်။ ဘယ်နိုင်ငံမဆို နိုင်ငံရေးဆိုတာက စွန့်စားမှုလေး အရိပ်အယောင် ပြလာရင်တောင် လူတွေရဲ့ ထောက်ခံမှုကို ရလာပြီး (အရှိန်) ရလာကာ (အရှိန်) က တဆင့် (တွန်းအား) အင်အားကို ဖော်ထုတ်ပြီး အောင်မြင်မှုဆိုတာ (ထွက်ပေါ်) လာတာပဲ။

နိုင်ငံရေးရဲ့ ဗဟိုအချက်က (အင်အား) ဖြစ်တဲ့အတွက် နိုင်ငံရေးဆိုတာ Risk လို့ခေါ်တဲ့ (စွန့်စား) မှု ရှိစမြဲပဲ။ စွန့်စားမှုရဲ့ နောက်ကွယ်မှာ (စွန့်လွှတ်မှု) Sacrifice ဆိုတာ အရိပ်ပမာ ဒွန်တွဲလျက်ရှိတယ်။ ဒီ ၂ ချက်ကို ပေါ်အောင်လို့ Conviction လို့ခေါ်တဲ့ (ယုံကြည်မှု) က တွန်းပို့ရတာပဲ။ ဒါကြောင့် နိုင်ငံရေးမှာ ယုံကြည်မှု Conviction ရှိရမယ်လို့ ကျနော် ရဲရဲဆိုရဲတာပါ။ ဒီမိုကရေစီ မရှင်သန်နိုင်တဲ့ အာဏာရှင်အောက်မှာ နိုင်ငံရေးလုပ်ဖို့ (ယုံကြည်ချက်) က ပိုအရေးကြီးလာတာပေါ့။ ယုံကြည်ချက်ဆိုရာမှာ ဝါဒရေးယုံကြည်ချက် Political Conviction သော်လည်းကောင်း၊ နိုင်ငံရေးဝါဒ Political Idealism ကိုပဲ မဆိုလိုပါ။ အမျိုးသားရေး Nationalism ၊ လွတ်လပ်ရေး Freedom စတဲ့ ငါ့လူမျိုး ငါ့တိုင်းပြည် လွတ်လပ်မှု ရှိရမယ်၊ တိုးတက်မှုရှိရမယ် ဆိုတာတွေဟာလည်း စွန့်လွှတ်မှုနဲ့ စွန့်စားမှုကို တွန်းပို့ပေးတဲ့ အင်အား Energy ယုံကြည်ချက်တွေပဲ ဖြစ်တယ်။ လက်ဝဲဝါဒတွေကို မှီပြီးပဲဖြစ်ဖြစ်၊ လကျာ်ဝါဒကို မှီပြီးပဲဖြစ်ဖြစ် တိုင်းပြည်နဲ့ လူမျိုးကို ချစ်တဲ့စိတ်ကို အရင်းပြုတဲ့ (ယုံကြည်မှု) ဟာလည်း ပြင်းထန်တဲ့၊ ဖြူစင်တဲ့ ယုံကြည်မှုပဲ။

ကျနော်တို့ရဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ ဝါဒစွဲကို အားမကိုးဘဲ အမျိုးသားစိတ် Nationalism ကိုပဲ အခြေပြုပြီး အားလုံးကို ဆွဲခေါ်သွားတာပဲ မဟုတ်လား? ကျနော်တို့ ရာဇဝင်မှာ အလောင်းဘုရား၊ တရုတ်ပြည်က မော်စီတုန်း၊ ကျူးဘားက ကက်စ်ထရို၊ အမေရိကန်က ဂျော့ဝါရှင်တန်တို့ အားလုံးဟာ မျိုးချစ်စိတ်ကို အခြေခံပြီး (စွန့်စား) ခဲ့ကြတာပဲ မဟုတ်လား? နိုင်မယ်ဆိုတာ သေချာလို့ စွန့်စားခဲ့ကြသည်မဟုတ်။ တိုင်းပြည်ချစ်စိတ်နဲ့ ယုံကြည်ချက် အတူတူလူနည်းစု - စုပေါင်း၍ တော်လှန်တိုက်ခိုက်ရဲရာက - တိုက်ပွဲတွေမှာ အောင်မြင်မှု ရလာတာကြောင့် - လူနည်းစုက လူအများစု ဖြစ်လာပြီး လူထုရဲ့ ထောက်ခံမှုကိုရမှ - အောင်မြင်မှုကို ရခဲ့ကြတာပဲ မဟုတ်လား။

သိပ္ပံပညာမှာ F=ma ဆိုတဲ့ Equation (ညီမျှခြင်း) ရှိတာပဲ။ ရွေ့ရှားမှုမရှိရင် Mass (ဒြပ်ထု) ရှိတာတောင် Acceleration (အရှိန်) မရှိတာကြောင့် Force (အင်အား) ဟာ Zero (သုည) မှာပဲ ကျန်ခဲ့ရမှာပေါ့။
ဒါကြောင့် လက်ရှိအားဖြင့် လူတွေဟာ ကြောက်နေပြီလို့ ယူဆစရာရှိပေမယ့်၊ လှုပ်ရှားမှုရှိလာလို့ အရှိန်ရှိလာရင် Mass လူအုပ်ကြီးလည်း များလာပြီ။ တချိန်မှာ ကြောက်ရွံ့ခြင်း Fear ဆိုတာကို ကျော်နိုင်တာပေါ့။

လွယ်သလား?
လွယ်သလား? လို့မေးလာရင် မလွယ်ဘူးလို့ ဖြေရမှာပဲ။ မဆလ ခေတ်က (၈၈၈၈) ၈ လေးလုံး ဖြစ်နိုင်မယ်လို့ ဆိုကြရင် ဝိုင်းအရယ်ခံရမှာပေါ့။ ဒါပေမဲ့ အခြေအနေနဲ့ အချိန်အခါက ပေးလာတာကြောင့် ၈ လေးလုံး ဖြစ်ခဲ့ရတယ်။ မထင်မှတ်တဲ့ လက်ဖက်ရည်ဆိုင် ရိုက်ပွဲကလေးက (စ) ခဲ့တာပဲ မဟုတ်လား? ၂ဝ၁ဝ ရွေးကောက်ပွဲကို အခြေခံပြီး နိုင်ငံရေး (အခြေအနေ) ဖန်တီးယူနိုင်ရင် (အီရန် ရွေးကောက်ပွဲ) မှာလို အချိန်အခါ မှန်သွားရင် နိုင်ငံရေး အခြေအနေ ပြောင်းလဲနိုင်တာပေါ့။

N = m a
(Newton and Law of Motion)=(mass)(acceleration)

နောက်တနည်း ကျန်သေးတယ်။
ကျနော်တို့ မြန်မာလူမျိုးတွေရဲ့ အကျင့်တခု ကျန်သေးတယ်။ အဲဒါ မြန်မာအများစုဟာ အဖွဲ့အစည်းထောင်ပြီး (အဖွဲ့အစည်း) နဲ့ တိုက်တာထက် (လူ)(ပုဂ္ဂိုလ်) ကို ကြည်ညိုပြီး (တိုက်) ချင်တဲ့ (အကျင့်) ရှိကြတယ်လို့ မြင်မိတယ်။ လွတ်လပ်ရေးခေတ်မှာ ဗိုလ်ချုပ်အောင်ဆန်း၊ ဒီမိုကရေစီခေတ်မှာ ဝန်ကြီးချုပ်ဦးနု၊ အခုခေတ်မှာ ဒေါ်အောင်ဆန်းစုကြည် တနည်းဖြင့် သူရဲကောင်းကို ကိုးကွယ်တဲ့အကျင့် ရှိကြတယ်။ ဒါကြောင့် အများဟာ Institutional Loyalty ဆိုတာကို နားမလည်ကြဘူး။ Institutional Power ကို နားလည်ဖို့ ပိုဝေးသေးတာပေါ့။

နိုင်ငံရေးအဆောက်အဦး Political Institutional နဲ့ Infrastructure ရှိမှ သူ့နေရာနဲ့သူ သူ့တာဝန်နဲ့သူ လုပ်နိုင်တာတွေ ပေါ်လာပြီး အားလုံး ကိုယ့်တာဝန် ကိုယ်ကျေမှ ကိုယ့်အဖွဲ့အစည်း ကြီးထွားပြီး (အင်အား) ရှိလာမှ စစ်တပ်က အလေးထား ဂရုပြုလာရမှာပေါ့။

အချိန်ကြာလာတော့ (လုပ်စား) နိုင်ငံရေးတွေကပဲ ရေပန်းစားလာကြပြီး ဒိုနာ အလှူရှင်တွေမှာ ပိုက်ဆံတောင်း ကောင်းအောင် ဖွဲ့ထားတဲ့ Interest Group - အကျိုးရှင်အုပ်စုတွေပဲ ငွေရ ရှင်သန်လာခဲ့ကြတာပါ။ အားလုံးဟာ Grass-root အောက်ခြေ စည်းရုံးရေး နိုင်ငံရေးကို မေ့ကုန်ကြပြီး ပလို့ဂျိ ဆိုပြီး Elite Politicians - အခွင့်ထူးခံ ရေပေါ်စီ နိုင်ငံရေးပေါ်ပင် နိုင်ငံရေးဘက် ရောက်ကုန်ကြရော။

ပြည်တွင်းမှာတော့ ဒေါ်စုဟာ Institution - ဒေါ်စုဟာ တော်လှန်ရေးပဲ။ ဒါကြောင့် နအဖ က အကြောင်း အမျိုးမျိုးရှာပြီး ဒေါ်စုကို ထိန်းချုပ်ထားတာပေါ့။ ဒါကို ကောင်းကောင်း သဘောပေါက်တဲ့ ဒေါ်စုက - ယက်တောရဲ့ ကောင်းကျိုးကြောင့် ပြောင်းလဲလာတဲ့ (အခွင့်အရေး) နဲ့ ပြောင်းလဲသွားတဲ့ အမေရိကန်ပေါ်လစီကို ကိုင်ပြီး နိုင်ငံရေး နယ်ပယ်ထွင်ပြီး လှုပ်ရှားလျက်ရှိတယ်။

ဒါ ဒေါ်စုတဦးထဲ ကစားနိုင်တဲ့ နိုင်ငံရေး ကျားကစားကွက်ပဲ။ သိမ်မွေ့တဲ့ အခြေအနေကြောင့် ဒါထက်ပိုပြီး ဆွေးနွေးခွင့် မရှိပါ။
မှတ်ချက်။ ။ သူတို့အတွေး သူတို့ အမြင် တွင်ဖေါ်ပြသော အရေးအသားများမှာ ဤ ဘေလော့၏ အာဘော် မဟုတ်ပဲ ရေးသားသူ၏ အတွေးအမြင်သာ ဖြစ်ပါသည်။ ယခုဆောင်းပါးကို မဇ္ဈိမှ ကူးယူဖေါ်ပြပါသည်။

ပြောင်းပြန်လှန်မယ့် ၂၀၁၀

E-mail Print
နှစ်သစ် အခါသမယ ဖြစ်သောကြောင့် လူအားလုံး ပျော်ရွှင်နေကြသည်။ ခါတိုင်းလိုပင် မီးခဏခဏ ပျက်သော် လည်း၊ ကုန်ဈေးနှုန်း ကြီးမြင့်သော်လည်း၊ ထမင်းနပ်မှန်အောင် စားရဖို့ ရုန်းကန်နေရသော်လည်း၊

ရန်ကုန်မြို့ကြီး ညစ်ပတ်သော်လည်း၊ ခြင် ထူပြော သော်လည်း ခံနိုင်ရည်အင်အား အပြည့်ရှိနေသော ရန်ကုန် လူထုမှာ “ပျော်စရာနှစ်သစ် ဖြစ်ပါစေ” ဟု အော်နိုင်ကြသေးသည်။

“ကမ္ဘာ့ ခံနိုင်ရည် အရှိဆုံးနိုင်ငံသားများ” ဆိုသည့် ဆုကို ချီးမြှင့်လျှင် မြန်မာနိုင်ငံသားများသာ ရလိမ့်မည်ဟု ဦးရုက္ခစိုး စဉ်းစားနေစဉ် သူ့အနားသို့ လူတဦးရောက်လာသည်။ တခြားသူတော့မဟုတ် ဒေဝါလီမဂ္ဂဇင်း၏ ဇာတ်လိုက်ကျော် ချိုကုပ်ဒူးကြီးဖြစ်သည်။

ချိုကုပ်။ ။ ဘယ်လိုလဲ ဦးရုက္ခစိုးရဲ့ စဉ်းစားလှချည်လား။

ရုက္ခစိုး။ ။ ဒီလူတွေ ပျော်နေနိုင်တာကို အံ့သြနေတာဗျ။ တော်တော်တော့ ထူးဆန်း တယ်။ မီးကပျက်၊ ကုန်ဈေးနှုန်းကတက်၊ ရန်ကုန်က ညစ်ပတ်၊ ဘတ်စ်ကားတွေက ကျပ် ….။

ချိုကုပ်။ ။ ဟာ ဦးရုက္ခစိုး ဟစ်ပ် ဟော့ပ် ဆိုနေတာလား။

ရုက္ခစိုး။ ။ မဟုတ်ပါဘူးဗျ၊ ကျန်သေးတယ် ခြင်ကထူ၊ ရာသီဥတုက ပူ … ဒါနဲ့တောင် ဒီလူတွေ ဘာလို့ ပျော်နေလဲ … အဲဒါကို စဉ်းစားနေတာ။

ချိုကုပ်။ ။ မထူးဆန်းပါဘူး ဦးရုက္ခစိုးရယ်။ လူတွေ ခံနိုင်ရည်ရှိအောင် ကျုပ်က လေ့ကျင့်ပေးနေတာ။ တကယ်လို့ ကမ္ဘာပေါ်မှာ လျှပ်စစ်မီးဆိုတာကြီး မရှိတော့ဘူး ဆိုရင် ကျုပ်တို့တနိုင်ငံပဲ အသက်ရှင်ကျန်ခဲ့မှာဗျ။ ဟို အမေရိကား ဆိုတဲ့နိုင်ငံက ကောင်တွေဆို ဒီနေ့မီးမရှိ နက်ဖြန် သေကုန်မှာ။

ရုက္ခစိုး။ ။ ဒါလည်း ဟုတ်တာပဲ။ ဒါပေမယ့် လူတွေ စားဝတ်နေရေး တော်တော်လေး ခက်ခဲတယ်နော် ချိုကုပ် ဒူးကြီး။

ချိုကုတ်။ ။ သိပါ့ဗျာ။ အဲဒီလို ခက်ခဲနေမှ ကျုပ်လုပ်မယ့် ရွေးကောက်ပွဲကို စိတ်မဝင်စားမှာပေါ့။ ရွေးကောက်ပွဲ ကို လူတွေ စိတ်ဝင်စားလို့ မဖြစ်ဘူးလေ။

ရုက္ခစိုး။ ။ ကြည့်လဲ လုပ်ဦးနော် ခင်ဗျားလုပ်ထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လူတွေက တကယ် အတည်ပြု ထားတာ မဟုတ်ဘူး။

ချိုကုပ်။ ။ ဒါလည်း သိတာပဲ။ ဒါပေမယ့် ခပ်တည်တည်နဲ့ ပြည်သူလူထု တခဲနက် ထောက်ခံအားပေးလို့ အတည်ပြု လိုက်ရပါတယ် ဆိုပြီး ကြေညာပြီးပြီလေ။ ရွေးကောက်ပွဲကို ဆက်မလုပ်ရင် ကျုပ် သိက္ခာကျမှာပေါ့။

ရုက္ခစိုး။ ။ NLD နဲ့ တိုင်းရင်းသားအဖွဲ့တွေကိုကော ရွေးကောက်ပွဲမှာ ပါခိုင်းမှာလား။

ချိုကုပ်။ ။ ပါခိုင်းမယ်လေ၊ ပါရမှာပေါ့။ သူတို့မပါရင် ကျုပ်ရဲ့ ရွေးကောက်ပွဲ ဘယ် အထမြောက် အောင်မြင် တယ် ခေါ်ပါ့မလဲ။ ဒါပေမယ့် တခုတော့ရှိတယ် ပါတော့ပါ မနိုင်စေနဲ့ ဆိုတဲ့စည်းကမ်းချက်နဲ့ ဝင်ပါခိုင်းမယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ပါလို့ မဖြစ်ဘူးဗျ။ ဒါကလည်း ကျုပ်လုပ်တာ မဟုတ်ပါဘူး။ လူထု တခဲနက် အားပေး ထောက်ခံထားတဲ့ အခြေခံဥပဒေထဲမှာ ပါတာ။

ရုက္ခစိုး။ ။ ထားပါတော့ ဒါနဲ့ ခင်ဗျားက ရွေးကောက်ပွဲကို တရားမျှမျှတတ ကျင်းပပေးမယ်ထင်တယ် ဟုတ်လား။ ပြည်ပက ပုဂ္ဂိုလ်တွေက အဲဒါကို စိတ်ဝင်စား နေကြတာ။

ချိုကုပ်။ ။ ဟမ် … ကျုပ် တခါမှ ကတိမပေးဖူးဘူးနော်။ သူတို့ဘာသာ စိတ်ဝင်စားတာတော့ မသိဘူး။ ကျုပ်က စနစ်တကျ ကျင်းပဖို့ စီမံဆောင်ရွက်နေတယ် လို့ပဲ ပြောတာ။

ရုက္ခစိုး။ ။ အတူတူပဲ မဟုတ်ဘူးလားဗျ။

ချိုကုပ်။ ။ မတူဘူးလေဗျာ။ စနစ်တကျ ကျင်းပဖို့ စီမံဆောင်ရွက်နေတယ် ဆိုတာက ရွေးကောက်ပွဲမှာ မတော်တဆ ကျုပ်တို့ စစ်တပ်က ၂၅ ရာခိုင်နှုန်းအတိပဲ ရခဲ့တယ်ဆိုရင် ...။

ရုက္ခစိုး။ ။ နေ … နေပါဦးဗျ။ ခင်ဗျားတို့ စစ်တပ်က ၂၅ ရာခိုင်နှုန်း ယူထားပြီးသားပဲဟာ။

ချိုကုပ်။ ။ အင်းလေ အဲဒီလို အတင်းယူထားတဲ့ ၂၅ ရာခိုင်နှုန်းကလွဲလို့ တခြား ဘာမှ ထပ်မရဘူးဆိုရင် ဘယ်လိုလုပ်ကြမလဲ ဆိုတာကို ပြင်ဆင်ထားတာ။

ရုက္ခစိုး။ ။ သြော် ဒီလိုလား။ ဘာတွေ ပြင်ဆင်ထားလဲ လုပ်ပါဦး။

ချိုကုပ်။ ။ ဥပမာ - ငွေတိုက်စာချုပ်တွေ ထုတ်ရောင်းလိုက်တယ်ဗျာ။ နှစ်သစ်လက်ဆောင်လိုလို ဘာလိုလိုပေါ့။ အတိုးနှုန်းများတော့ ဝယ်လိုက်တာလည်း သောက်သောက်လဲပဲ။ အဲဒီပိုက်ဆံတွေကို တခုခုမှာ ရင်းနှီးမြှုပ်နှံ ချင်ယောင် ဆောင်လိုက်မယ်။ ပြီးတော့ အရှုံးပေါ်ပြလိုက်မယ်။ အတိုးတွေ အရင်းတွေကို နောက်တက်မယ့် အစိုးရက ဆပ်ပစေပေါ့။

ရုက္ခစိုး။ ။ အကြံပက်စက် … အဲ အကြံကြီးပါပေ့။ ဆက်ပါဦး။

ချိုကုပ်။ ။ ရှိသေးတယ်။ စက်ရုံတွေကို ပုဂ္ဂလိကပိုင်လုပ်ပေးလိုက်မယ်၊ ဘယ်နှနှစ်စာချုပ်ပေါ့။ အဲဒီ လူတွေကလည်း ကျုပ်လူတွေပဲ။ ပိုက်ဆံ ဖောချင်းသောချင်း ထားစရာနေရာမရှိတဲ့ သူတွေပေါ့။ သူတို့ဆီက ပိုက်ဆံတွေ ကျုပ်တို့အိတ်ထဲထည့်။ သူတို့ကိုတော့ လုပ်ငန်းတွေ လုပ် ဆိုပြီး ပေးလိုက်မယ်။ ရှုံးလည်း ပြဿနာမရှိမယ့်သူတွေပေါ့။ မဟုတ်လည်း သူတို့ရဲ့ ငွေတွေကို ဘယ်နိုင်ငံတကာ ဘဏ်မှာမှ အပ်လို့မှမရဘဲ။

တက်ကြွစွာ ပြောဆိုနေသော ချိုကုပ်ဒူးကြီးကို ကြည့်ရင်း ဦးရုက္ခစိုးပါးစပ်က ခပ်တိုးတိုး “ရှိသေးလား” ဟု မေးလိုက်သည်။ ချိုကုပ်ဒူးကြီးက ဦးရုက္ခစိုးကို စိတ်မဝင်စားဘဲ ဆက်ပြောသည်။

ချိုကုပ်။ ။ တကယ်လို့များ အဲဒီလို ပုဂ္ဂလိကပေးလိုက်တဲ့ လုပ်ငန်းတွေက အောင်မြင်ပြီး လူတွေအတွက် နည်းနည်းပါးပါး အသုံးတည့်တယ် ဆိုရင် ဒါတွေကိုပြပြီး ရွေးကောက်ပွဲမှာ မဲဆွယ်လို့လည်း ရတာပေါ့။

ရုက္ခစိုး။ ။ ကောင်းလိုက်တဲ့ ဦးနှောက် ရွှေချထားဖို့ ကောင်းတယ်။

ချိုကုပ်။ ။ ရွှေချဖို့တော့ မလုပ်နဲ့တော့ … ကျုပ်က ဝန်ထမ်းတွေကို နှစ်သစ်လက်ဆောင် လစာတိုး ပေးလိုက်တာနဲ့ ရွှေဈေးတွေ တက်ကုန်ပြီ။ ကုန်ဈေးနှုန်းတွေလည်း တက်ဦးမှာ၊ ထိန်းလို့မနိုင်တော့ဘူး။

ရုက္ခစိုး။ ။ (“တော်သေးတာပေါ့ လက်ဆောင်မို့လို့ပဲ” ဟု စဉ်းစားရင်း) နှစ်သစ်မှာ ရက်ရက်ရောရော တိုးပေး လိုက်တာပဲနော်။

ချိုကုပ်။ ။ ဒါပေမယ့် လက်ကိုင်ဖုန်း ပြောခတွေကိုတော့ ၂ ဆတက်လိုက်တယ် … နည်းနည်းပေး များများ ယူပေါ့။

ရုက္ခစိုး။ ။ လစာ ဆိုလို့ ခုမှ သတိရတယ်။ ခင်ဗျား တိုးပေးလိုက်တာ ပေါကြွယ်စရိတ်ဆို၊ ကျနော်တော့ ရှားပါး စရိတ်ပဲ ကြားဖူးပါတယ်။

ချိုကုပ်။ ။ ဒါကတော့ ရွေးကောက်ပွဲအတွက် ယတြာချေတာဗျ။ ကျုပ်ဗေဒင်ဆရာက ပြောထားတယ်။ ၂၀၁၀ ရွေးကောက်ပွဲ အထမြောက် အောင်မြင်ချင်ရင် အားလုံးကို ပြောင်းပြန်လှန်ပါ တဲ့။ အဲဒါကြောင့် ရှားပါးစရိတ်ကို ပေါကြွယ်စရိတ်လို့ ပြင်လိုက်တာ။

ရုက္ခစိုး။ ။ ဒါဆို ကျန်တာတွေကော ...။

ချိုကုပ်။ ။ ကျန်တာတွေလည်း လှန်ရမယ်။ လှန်မယ့်လှန်တော့ အကုန်လှန်မှပေါ့။ ကျုပ်တို့ရဲ့ အစိုးရ နာမည်က အစ လှန်မယ်။ နိုင်ငံတော် ပူလောင်ဆူပွက်ရေးနှင့် ချုံးချုံးကျ ကောင်စီ လို့ ပြောင်းလိုက်တယ်။ ကျုပ်ထောင်ပေး ထားတဲ့ အသင်းကြီး ဆိုရင် ပြည်ထောင်စု ကြုံလှီရေးနှင့် ချိနဲ့ရေးအသင်းလို့ ပြောင်းလိုက်ပြီ။ အဲဒီတော့ ကျန်တဲ့ သူတွေလည်း လိုက်လှန်ရမယ်။

ချိုကုပ်ဒူးကြီးက မျက်လုံးပြူးကာ ပြောလိုက်သောကြောင့် ဦးရုက္ခစိုးလန့်သွားသည်။

ရုက္ခစိုး။ ။ ကျုပ် … ကျုပ်တော့ မပါပါဘူးနော်။ ကျုပ်က ချင်းမိုင်ရုက္ခစိုးဗျ။

ချိုကုပ်ဒူးကြီးက “မရဘူး။ ခင်ဗျားလည်း လမ်းလျှောက်ရင် ကင်းမြီးကောက်ထောင်လျှောက်၊ ကားတွေလည်း နောက်ပြန်ပဲ မောင်း ရမယ်၊ နာမည်တွေအားလုံးလည်း ပြောင်းပြန်မှည့်ရမယ်။ ဒါ နိုင်ငံတော် ပူလောင် ဆူပွက်ရေးနှင့် ချုံးချုံးကျ ကောင်စီရဲ့ အမိန့် ကြော်ငြာအမှတ် ၂၀၁၀ မျဉ်းစောင်း ၁ ပဲ။ ပလို့ဂျိ” ဟုဆိုကာ ဆပ်ကပ်ထဲမှ လူရွှင်တော်များကဲ့သို့ ကင်းမြီးကောက်ထောက်၍ ဘောက်ဆတ်ဘောက်ဆတ် လျှောက်ထွက်သွား တော့သည်။ ဦးရုက္ခစိုးကြီးမှာကား ကင်းမြီးကောက် မထောင်တတ် လေသောကြောင့် နတ်တို့တန်ခိုးနှင့် ကိုယ်ဖျောက်ကာ ချင်းမိုင်သို့ အသာပြန်လစ်ခဲ့ရလေတော့သည်။ ။

ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များ အပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။

မြန်မာ့သတင်း ကမ္ဘာ့သတင်း

White House

မြန်မာအာဏာပိုင်တွေက ၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲ လုပ်ပေးမယ်လို့ ကြေညာခဲ့ပေမဲ့ အများယုံကြည် လက်ခံနိုင်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အခြေအနေတွေကိုတော့ စောင့်ကြည့် အကဲဖြတ်သွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောခဲ့ပါတယ်။


ဗိုလ်ချုပ်မိသားစုများ ရွှေ ပိဿာလိုက်ဝယ်ယူ

ဗိုလ်ချုပ်မိသားစုများ ရွှေ ပိဿာလိုက်ဝယ်ယူ

အစိုးရ၀န်ထမ်းများ လစာတိုးမြှင့်မည့် သတင်းမထွက်ပေါ်ခင် ဒီဇင်ဘာလနှောင်းပိုင်းကာလက စစ်ဗိုလ်ချုပ်မိသားစုများနှင့် ဌာနဆိုင်ရာ အရာရှိမိသားစုများသည် ရွှေပိဿာလိုက် ၀ယ်ယူစုဆောင်းမှု ရှိခဲ့ကြောင်း သတင်းရရှိသည်။
ရန်ကုန်သားများ ရန်ကုန် FM ကို ငြီးငွေ့ပြီ

ရန်ကုန်သားများ ရန်ကုန် FM ကို ငြီးငွေ့ပြီ

ရန်ကုန်စီးတီး FMကို ဖမ်းယူနားဆင်သူ လျော့နည်းလာပြီး ဆွဲဆောင်မှု ရှိသည့် မန္တလေးစီးတီး FM ကို အလွန် လူကြိုက်များလာသည်ဟု ရန်ကုန်မြို့သူမြို့သားများက ပြောသည်။

DVB ပြည်တွင်း သတင်းထောက် ထောင်ဒဏ် နှစ် ၂၀ ချခံရ

မြန်မာပြည်တွင် ဒီမိုကရက်တစ် မြန်မာ့အသံ ( DVB ) သတင်းဌာနမှ သတင်းထောက် တဦးဖြစ်သူ မလှလှဝင်းကို စစ် အစိုးရ အာဏာပိုင်များက ပြီးခဲ့သည့် အပတ်အတွင်း၌ ထောင်ဒဏ်နှစ် ၂၀ ချမှတ်လိုက်ကြောင်း သိရသည်။

ရေဒီယိုဆက်သွယ်ရေးစက်များ ရောင်းချမှု သြစတြေးလျ အတိုက်အခံပါတီ ဝေဖန်

စစ်အစိုးရအား အရပ်ဘက်သုံး အဆင့်မြင့် ရေဒီယိုဆက်သွယ်ရေးစက်များ ရောင်းချမှုနှင့် ပတ်သက်၍ သြစတြေးလျအတိုက်အခံ ဂရင်းပါတီက Barrett ကုမ္ပဏီအား ပြစ်တင်ဝေဖန်လိုက်ကြောင်း ယနေ့ထုတ် ရေဒီယိုသြစတြေးလျ ၏ အင်တာနက် စာမျက်နှာ တွင် ဖော်ပြထားသည်။

သြစတြေးလျထုတ် ဆက်သွယ်ရေးစက်များ စစ်အစိုးရ ၀ယ်ယူ

လှိုင်းအားမြင့် ရေဒီယို ဆက်သွယ်ရေး စက်များကို မြန်မာနိုင်ငံရှိ စစ်ဘက်ဆိုင်ရာ လုပ်ငန်းများတွင် အသုံးပြုနေကြောင်း ယနေ့ထုတ် သြစတြေးလျအခြေစိုက် Sydney Morning Herald သတင်းစာတွင် ဖော်ပြထားသည်။

ပုဂံဒေသ ကျေးရွာများသို့ ကမ္ဘာလှည့်ခရီးသွားများကို ပိတ်ပင်

တက်လူ/ ၆ ဇန်န၀ါရီ ၂၀၁၀

“အစိုးရက လုပ်ချင်သလို လုပ်နေတာ။ ခရီးသွားရာသီမှာ ဧည့်သည် ဘယ်လောက်လာရမယ်ဆိုတာမျိုး အပြောကြီးပြီး ခန့်မှန်းတယ်။ အဲဒီလို ခန့်မှန်းရင်လည်း အပြောနဲ့အလုပ်ကို သေသေချာချာလုပ်သင့်တာပေါ့။ ဗီဇာတွေ အခက်အခဲရှိတဲ့ကြားက ကျနော်တို့လို ခရီးသွား ကုမ္ပဏီတွေက ဧည့်သည်တွေလာဖို့ကို ရုန်းကန်နေရတာ။ အခုလည်း ...”အပြည့်အစုံသို့

ကရင်မိန်းကလေးငယ်များကို နအဖစစ်တပ် ပေါ်တာဆွဲဟု မွန်လူ့အခွင့်အရေးအဖွဲ့ပြော

ဝီရ/ ၆ ဇန်န၀ါရီ ၂၀၁၀ “မိန်းကလေးငယ်တွေနဲ့ အသက် (၅၀) ကျော် အမျိုးသမီးကြီး (၁၅) ယောက်လည်း ပေါ်တာဆွဲခံရတယ်။ ခရီးက (၇) ရက်တောင် ကြာတော့ ဒီမိန်းကလေးတွေ ....” အပြည့်အစုံသို့
စစ်အရာရှိကိုယ်တိုင် ရထားလက်မှတ် မှောင်ခိုလုပ်

မျိုးဝင်းဇော်/ ၆ ဇန်န၀ါရီ ၂၀၁၀ “စစ်ဘက်ရထားပို့ဆောင်ရေး အရာရှိရုံးက အရာရှိကိုယ်တိုင် ဦးစီးပြီး သူ့တပ်ဖွဲ့ဝင်တွေနဲ့ မှောင်ခိုလုပ်နေတာကို အားလုံးက သိပေမယ့် ဘယ်သူမှ အရေးမယူနိုင် ...”အပြည့်အစုံသို့
ပုဂ္ဂလိက စာပေဆုများကို စာပေစာနယ်ဇင်းမှ သတိပေး

စိုးမိုး/ ၆ ဇန်န၀ါရီ ၂၀၁၀ “များသောအားဖြင့်က ပုဂ္ဂလိက စာပေဆုတွေက ကိုယ်ပိုင်စံ ကိုယ်ပိုင်မူဝါဒနဲ့ ကိုယ်ပိုင်ငွေနဲ့ စာပေလောကကို မြေတောင် မြှောက်ပေးနေတာပါ။ အခုလို လုပ်....”အပြည့်အစုံသို့
မြန်မာဘာသာဖြင့် ရေဒီယိုအသံလွှင့်အစီအစဉ် မဲဆောက်တွင် စတင်

ရဲရင့် / ၆ ဇန်န၀ါရီ ၂၀၁၀ “ဒီလိုင်းက ဒီနေ့မှစကြားတာ။ သီချင်းကောင်းတွေချည်းပဲ လွှင့်တယ်....”အပြည့်အစုံသို့
နအဖသို့ နှစ်သစ်ဦးမေတ္တာစာ
မောင်သြ/ ၅ ဇန်န၀ါရီ ၂၀၁၀


ရွေးကောက်ပွဲကို ဒီအခြေအနေအတိုင်း ခပ်မြန်မြန် တွန်းလုပ်လေ ခပ်မြန်မြန် အလုံးစုံပျက်သုဉ်းရေးဘ၀ကို ရောက်လေလေပဲလို့ ယုံကြည်မိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ လက်ရှိ မြန်မာနိုင်ငံရေးအနေအထားက နအဖ စစ်အာဏာရှင်တွေအတွက် ဆုပ်လည်းစူး စားလည်းရူးနဲ့ အရူးမီးဝိုင်းခံနေရတဲ့ဘ၀၊ ပြည်သူတွေကလည်း နအဖအစိုးရ အပေါ် အရူးမလင်လုပ်နေရသလို ဘ၀မျိုး .....အပြည့်အစုံသို့



ဝက်စတင်ယူနီယန်မှ ထောင်ဝင်စာ
မအယ်ဇီ
ဇန်န၀ါရီ ၆၊ ၂၀၀၉
အိမ်ကို ငွေပို့တိုင်း western union ကို သွားရတယ်။ သွားတဲ့ခါက လကုန်ရက်ဆိုရင် လူအုပ်ကြီးက မနည်းဘူး။ ဒီနေ့သွားတော့ ခရစ္စမတ်ပိတ်ရက်ရှည်ခံထားလို့နေမယ်၊ တန်းစီလိုက်ရတာ အကြာကြီး။ တန်းစီရင်း ကိုယ် ဘဏ်ကိုလာတဲ့ လူတွေကို လိုက်ကြည့်မိတယ်။ ဒီလူတန်းကြီးကို ကြည့်ရတာ တခုခုပဲ။ သူတို့လည်း ကိုယ်တို့လိုပဲ ထောင်ဝင်စာ လာပို့တယ် လို့ထင်တယ်။
အပြည့်အစုံသို့ ...


မော်လမြိုင်မြို့တွင် လုပ်ငန်းရှင်များအား မတန်တဆ အခွန်ကောက်ခံနေဟုပြောဆို
မိုးမခအထောက်တော်၊ ရန်ကုန်
ဇန်န၀ါရီ ၆၊ ၂၀၁၀
မော်လမြိုင်မြို့ မြို့နယ်အခွန်ဦးစီး ဌါနမှ အသေးစား လုပ်ငန်းရှင်များအပေါ် ကောက်ခံသည့် အခွန်နှုန်းထားများမှာ တနှစ်ထက်တနှစ် အဆနှင့် ချီပြီးမြင့်တက်လာပြီး လုပ်ငန်းကိုင်ငန်းမှာမူ ဆန့်ကျင်ပြီး ကျဆင်းနေသဖြင့် ဆက်လက်ရပ်တည်ရန် ခက်ခဲလာကြောင်း အမည်မဖေါ်လိုသည့် မော်လမြိုင်မြို့မှ ရေခဲစက်လုပ်ငန်းရှင် တဦးက မိုးမခသို့ ပြောသည်။
အပြည့်အစုံသို့ ...


ပင်လယ်ပြင်ထဲက မီးပြတိုက်
မောင်သာရ
ဇန်နဝါရီ ၆၊ ၂ဝ၁ဝ
စာပေမိတ်ဆွေများခင်ဗျား…။ နည်းနည်းနောက်ကျသွားတာကိုတော့ ခွင့်လွှတ်ပါနော်။ နတ္တော် သည်လ စာဆိုတော်ရာသီဆိုတာ ကျုပ်မမေ့ပါဘူး။ ဒါပေမယ့် သည်နှစ်ကျခါမှ တခြားဘယ်နယ်စာပေဟောပြောပွဲမှလဲ မရောက်ဖြစ်၊ ကျန်းမာရေးကလဲ အသင့်အတင့်ကောင်းနေပါရက်ကယ်မို့ စာပေကိစ္စ ပြောဖို့ကို အချိန်မရလိုက်ဘူး။ ပြဿနာက ဘယ်သူမှမဟုတ်ဘူး။ ကျုပ်ပဲ။
အပြည့်အစုံသို့ ...

တားမြစ်ထားသည့် blogspot.com ၀က်ဆိုက်များပွင့်နေ
တင့်လွင်၊ ရန်ကုန်
ဒီဇင်ဘာ ၅၊ ၂၀၁၀
၂၀၀၇ ခုနှစ် စက်တင်ဘာ သံဃာ့အရေးအခင်း အပြီး သံဃာနှင့် လူထုလှုပ်ရှားမှုများကို နိုင်ငံတကာမှ သိရှိအောင် မှတ်တမ်းတင်ပေးခဲ့သည့်နောက် တိုက်ရိုက်ကြည့်ရှုမရအောင် ပိတ်ပင်ထားသည့် http://....blogspot.com ၀က်ဆိုက်များ ယခုရက်ပိုင်း တိုက်ရိုက် ပြန်ဝင်ကြည့်နိုင်နေသည်ဟု သိရသည်။
နအဖ အစိုးရ၏ အင်တာနက် ၀န်ဆောင်မှုပေးသည့် ရတနာပုံ တယ်လီပို့နှင့် မြန်မာ့ ဆက်သွယ်ရေးတို့တွင် ၂နှစ်ကျော်ကြာ တောက်လျောက်တားမြစ်ထားသည့် blogspot.com ကို ထူးဆန်းစွာ ပြန်လည်ဖွင့်ထားပေးခြင်းကို အင်တာနက်သုံးစွဲသူများက အံ့အားသင့် လျက်ရှိကြသည်။
အပြည့်အစုံသို့ ...
မြန်မာအလုပ်သမား (၁၀၀) ခန့် ပြန်ပို့ခံရ
အလုပ်ကိုင်ရှာဖွေရေး အေးဂျင့်၏ လိမ်လည်မှုကြောင့် မြန်မာအလုပ်သမား (၁၀၀) နီးပါး စင်္ကာပူနိုင်ငံမှ ပြန်ပို့ခံရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၃၀ ရက်နေ့က အလုပ်လုပ်ခွင့် သက်တမ်း (၆) လပြည့်သည့် အချိန်တွင် စင်္ကာပူနိုင်ငံတွင် အလုပ်လုပ်... ဆက်ဖတ်ရန်...

သစ်များအဆမတန်ခုတ်ယူနေမှုတွင် အာဏာပိုင်များ ပါဝင် ပတ်သက်နေ

သာယာဝတီနယ်အတွင်း သစ်များ အဆမတန်ခုတ်ယူနေမှုများရှိနေပြီး အာဏာပိုင်များကလည်း ငွေယူကာ ပါဝင်ပတ်သက်မှုများ ရှိနေကြောင်း ဒေသခံ သုံးဆယ်မြို့သားတဦးကပြောသည်။ ပြီးခဲ့သည့် တလခန့်မှ စတင်ကာ ရေမြုပ်ဧရိယာ သစ်တောကြိုးဝိုင်းအတွင်း... ဆက်ဖတ်ရန်...
၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်သည့် လှုပ်ရှားမှု မွန်ပြည်နယ်တွင် ပြုလုပ်
Wed 06 Jan 2010, မိကျလွန်းထော၊ မင်းအဲ
၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်သည့် စာလုံးများကို မွန်ပြည်နယ် မော်လမြိုင်မြို့မှ ရေးမြို့သို့သွားသော အဝေးလမ်းမကြီးပေါ်တွင် (စပရေး) မှုတ်ဆေးဖြင့်...
January 5, 2010 – 5:47 am | Comments Off

ဇန်န၀ါရီလ ၅ရက်။ ။ စောသိန်းမြင့် (ကေအိုင်စီ)
ကေအဲန်ယူ တပ်မဟာ (၇)နယ်မြေတွင် အခြေချလှုပ်ရှားလျှက်ရှိသော ဒီကေဘီအေ တပ်မဟာ (၉၉၉) တပ်ရင်း(၇)က ၎င်းတို့တပ်စခန်းပြန်လည်ပြုပြင်ရန်အတွက် ယခုရက်ပိုင်းအတွင်း ဒေသခံရွာသူရွာသား များကို အလှည့်ကျ ခေါ်ယူ ခိုင်းစေနေသည်ဟု သိရှိရသည်။



image

စစ်တကောင်းတွင် ရေပြင်ပိုင်နက် အငြင်းပွားမူကို ဖြေရှင်းရန် မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့တို့ တွေ့မည်

၁၊၆၊၂၀၁၀

နှစ်နိုင်ငံ အကြား အငြင်းပွားနေသော ရေပြင် ပိုင်နက် အငြင်းပွားမူကို ဖြေရှင်းရန် မြန်မာနှင့် ဘင်္ဂလားဒေခ်ျ့တို့သည် လာမည့်သောကြာနေ့တွင် စစ်တကောင်းတွင် တွေ့ဆုံမည်ဖြစ်ကြောင်း သတင်း ရရှိသည်။ အပြည့်အစုံသို့

စစ်တွေမှ ဆရာတော်များ သာသနာဆိုင်ရာ ဘွဲ့တံဆိပ်တော် များနှင့်ဝေး

၁၊၅၊၂၀၁၀

ရခိုင်ပြည်နယ်တွင် ဘုန်းတော်ကြီးကျောင်း အများဆုံး ဖြစ်သော စစ်တွေမြို့မှ ဆရာတော် တပါးတလေမှ နအဖ စစ်အစိုးရမှ ဆပ်ကပ်သော သာသနာတော်ဆိုင်ရာ ဘွဲ့ တံဆိပ် တော်များကို ရရှိခြင်း မရှိကြောင်း သိရသည်။ အပြည့်အစုံသို့

ဘင်္ဂလာဒေခ်ျ့တွင် အအေးလိုင်းကျ၍ လူ ၂၂ ဦးသေဆုံး

၁၊၅၊၂၀၁၀

ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် အအေးလိုင်းကျ ရောက်သဖြင့် လွန်ခဲ့သော (၂) ရက်အတွင်း လူပေါင်း ၂၂ ဦး သေဆုံးသွားခဲ့သည်။ အပြည့်အစုံသို့


ပါတီဥက္ကဌ နှင့် အထွေထွေအတွင်းရေးမှူးအား တွေ့ဆုံခွင့်ရရန် SNLD တောင်းဆို


ပါတီဥက္ကဌ နှင့် အထွေထွေအတွင်းရေးမှူးအား တွေ့ဆုံခွင့်ရရန် SNLD တောင်းဆိုသျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦး ၊ အထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင်တို့နှင့် တွေ့ဆုံ ခွင့်ရရန် အမှုဆောင်အဖွဲ့ဝင်များက ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံစာပို့ တင်ပြတောင်းခံထားကြောင်း SNLD အသိုင်းအ၀ိုင်း ကဆိုသည်။

အေးဂျင့်များ ထိန်းသိမ်းခံရ သဖြင့် မိသားစုများ တုန်လှုပ်

ဇန်န၀ါရီလ ၄ ရက်နေ့က တရုတ် - မြန်မာ နယ်စပ် သျှမ်းပြည် (မြောက်ပိုင်း) မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုံရှိ အေးဂျင့်များ ရှောင်တခင် ထိန်းသိမ်းခံ လိုက်ရချိန်တွင် မိသားစုဝင်များက စိုးရိမ်ပူပန် ခဲ့ရကြောင်း ကုန်သယ်များ အပြောအရ သိရသည်။

နေပြည်တော်အမိန့်ဟုဆိုကာ လူထုလယ်မြေများလိုက်သိမ်းနေ

နေပြည်တော်အမိန့်ဟုဆိုကာ လူထုလယ်မြေများလိုက်သိမ်းနေ

ကျိုင်းတုံဒေသခံ ဘိုးဘွားပိုင်လယ်မြေအမြောက်အများအား နေပြည်တော်အမိန့်ဖြင့် ကျိုင်းတုံမြို့ရှိ မြေတိုင်းရုံး က သိမ်းဆည်း လိုက်သည်ဟု ထိုင်းနယ်စပ်သတင်းရပ်ကွက်က ဆိုပါသည်။

နယ်ကျွံသည့် နအဖတပ် ဖမ်းဆီးခံရ

ဝ ပြည်သွေးစည်းရေးတပ်မတော်ထိန်းချုပ်နယ်မြေအတွင်း နယ်ကျွံဝင်ရောက်သည့် မိုင်းခတ်အခြေစိုက် နအဖစစ်တပ် နယ်လှည့် စစ်ကြောင်းတကြောင်း ဖမ်းဆီးစစ်ဆေးခံရကြောင်း တရုတ်နယ်စပ်သတင်းရပ်ကွက် ကပြောပါသည်။
ကချင် သတင်းစာကို အစိုးရတပ်က တည်းဖြတ်
ကချင်ဘာသာဖြင့် နှစ်စဉ် ထုတ်ဝေလာခဲ့သော “JInghpaw Mungdaw Nsen” ...
အလွမ်းများနှစ် ဧရာဝတီ ရိုက်ကူး
နာဂစ် မုန်တိုင်းသင့် ဒေသအတွက် ရန်ပုံငွေ ရှာဖွေမည့်အနေဖြင့် “အလွမ်းများနှစ် ဧရာဝတီ” ...
ဝန်ထမ်း လစာ တိုးပေမယ့် မပျော်ရဲကြ
စစ်အစိုးရက နေ့စား လုပ်သားများ အပါအဝင် ဝန်ထမ်းများ အားလုံး လစာနှုန်းထား...

FEC က ဒေါ်လာလဲနှုန်းထက် ၁၅ ကျပ် မြင့်တက်
ရန်ကုန်မြို့ရှိ နိုင်ငံခြားငွေ လဲလှယ်သည့် မှောင်ခို ဈေးကွက်တွင် FEC သည် အမေရိကန် ...

ကမ္ဘာ့ဖလား ထိုင်းအတွက်ကောင်း၊ မြန်မာအတွက် အလှမ်းဝေး

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲအမီ အားကစား အထည်များ တင်ပို့နိုင်မည်ဟု ထိုင်းနိုင်ငံရှိ လုပ်ငန်းရှင်များက ပြောသော်လည်း...



more


more


more


more


more


more


more


more

ကေအိုင်အိုနှင့် မြန်မာစစ်အစိုးရတိုႛ ၁၀ကြိမ်မြောက် တွေႚဆုံ ဆွေးနွေး

ကိုညီညီအောင်အပေၞ ဖြုတ်ပယ်္ဘပီး ပုဒ်မကို အစိုးရဖက်က ပြန်တင်မည်

ဂျပန်ရောက် မြန်မာအနုပညာရှင်များ ဒီဗီဒီ ဇာတ်လမ်း ရိုက်ကူးနေ

အမေရိကန်ရောက် ဒုက္ခသည်များ အဆင်ပြေရေး အိမ်ဖြူတော်အဖြေရှာမည်

သြစတြေးလျှလုပ် အဆင့်မြင့်ဆက်သွယ်ရေးစက်များ စစ်အစိုးရအသုံးပြုနေ