6.18.2010

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ဆုတောင်းပွဲများ ပြည်တွင်း နေရာအနှံ့တွင် ကျင်းပမည်

ရန်ကုန်။ ဇွန် ၁၈ ။
ဒေါ်အောင်ဆန်းစုကြည်အနေနှင့် သူမ၏ မွေးနေ့ကို အကျယ်ချုပ်ကျနေစဉ်အတွင်း ကျင်းပမည် မကျင်းပ မည်ကို မသိရှိကြသော်လည်း NLD ပါတီဝင် ၄၀၀ ကျော်ကမူ သူမ၏ မွေးနေ့ပွဲကို မနက်ဖြန်တွင် NLD အမျိုးသမီးခေါင်းဆောင်တယောက်၏ နေအိမ်တွင် ကျင်းပပြုလုပ်ပြီး အမြန်ဆုံး လွတ်မြောက်ရေးအတွက် ဆုတောင်းပေးကြမည်ဖြစ်ကြောင်း သိရပါသည်။
NLD ၏ ပြောရေးဆိုခွင့်ရှီသူ ဦးဥာဏ်ဝင်းက ပြောပြရာတွင် NLD အမျိုးသမီး ခေါင်းဆောင်တဦးဖြစ်သူ ဒေါ်မေနှင်းကြည် ၏ ရန်ကုန်လေဆိပ်အနီးရှိ နေအိမ်တွင် ပြုလုပ်ရန် ပါတီ ဒုဥက္ကဌ ဦးတင်ဦးက ရွေးချယ်ခဲ့ သည်ဟု ပြောပြပါသည်။
တက်ရောက်လာသူများကို နေ့လည်စာဖြင့် ဧည့်ခံမည်ဟူလည်း ဆိုပါသည်။ မနက်ဖြန်အတွက် မွေးနေ့ပွဲ အခမ်းအနားကို တနိုင်ငံလုံး အတိုင်းအတာဖြင့် ပြုလုပ်မည် ဖြစ်ပြီး အဓိက ပြုလုပ်မည့်မြို့ကြီးများမှာ မန္တလေး၊ မော်လမြိုင်နှင့် တောင်ကြီးမြို့များတို့ ဖြစ်ပါသည်။
ဒေါ်အောင်ဆန်းစုကြည် လက်ရှိ အကျယ်ချုပ် ကျခံနေရသူများနှင့်ပါတ်သက်ပြီး စာနာသူများကလည်း ရန်ကုန်မြို့ရှီ ရွှေတိဂုံဘုရား အပါအဝင် တန်ခိုးကြီး ဘုရားများတွင်ပါ အလျှင်အမြန် ပြန်လွတ်မြောက်စေ ရေးအတွက် ဆုတောင်းပွဲများ ပြုလုပ်ကြမည်ဖြစ်ပါသည်။ 
ပြည်တွင်းသတင်းထောက် (ရွှေဝါရောင်သတင်းလွှာ)

KNLA နှင့် နအဖ စစ်သားများ တိုက်ပွဲ ဗီဒီယို

မြန်မာအလုပ်သမားများအတွက် သီးခြားအာမခံလုပ်သင့်

ဇွန် ၁၇ / မက်သီချွန်းသတင်းစာ

ဘာသာပြန် (ကိုတီး) ရခိုင့်တံခွန်ဂျာနယ်။

ထိုင်းအစိုးရက ထုတ်ပြန်ကြေညာခဲ့သည့် မြန်မာရွေ့ပြောင်း အလုပ်သမားများ အာမခံ ကော်ပိုရေးရှင်း ထည်ထောင်ခွင့် ပြုမည့် ကိစ္စမှာ ရေရှည်တွင် ထိုင်းနိုင်ငံသားများနှင့် ရှုပ်ထွေးလာနိုင်ဖွယ်ရှိသဖြင့် သီးခြားစီ လုပ်ကိုင်သင့်ကြောင်း ယမန်နေ့ထုတ် မက်သီချွန်း သတင်းစာတွင် ရေးသားထားသည်။

အလုပ်သမားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဖိုင်ထုံကယောက်ထောင်က “မြန်မာအလုပ်သမားများ အာမခံခြင်းကို ထိုင်းလူမျိုးများနည်းတူ လုပ်ကိုင်ခွင့်ပေးသင့်ကြောင်း ” ထုတ်ဖေါ်ကြေညာခဲ့သည်။ အဆိုပါ ကြေညာချက်အား ပြီးခဲ့တဲ့ဇွန်လ၂ ရက်နေ့ ထိုင်းအလုပ်သမား ၀န်ကြီးဌာန အစည်းအဝေးတွင် တင်ပြ ခဲ့သည်။ အဆိုပါကိစ္စကို အစည်းဝေး တက်ရောက်လာကြသည့် အလုပ်သမားဝန်ကြီးဌာန လက်အောက်ခံ အဖွဲ့အစည်း ကိုယ်စားလှယ်များက အတူတူ မလုပ်ကိုင်သင့်ကြောင်း ကန့်ကွက်ခဲ့ကြသည်။

ထိုင်းနိုင်ငံသားများအနေဖြင့် အလုပ်အကိုင်များ ခက်ခဲနေချိန်မျိုး အပါအ၀င် အခြား အခက်အခဲ အကျပ်အတည်းများ ကြုံနေရပါက အလုပ်အကိုင်ရှာဖွေရေးရုံးတွင် သွားရောက် အကူအညီ တောင်းခံ နိုင်သည်။

အလုပ်အကိုင်မရမီတွင် နေထိုင် စားသောက်စရိတ်များအား ထုတ်ပေးခြင်း၊အလုပ်အကိုင် ရှာဖွေပေးခြင်းများ လုပ်ပေးလေ့ရှိသည်။ ထိုသို့ ထိုင်းနိုင်ငံသားများရရှိနေသည့် အခွင့်အရေးမျိုးကို ရွေ့ပြောင်း မြန်မာ အလုပ်သမားများအား ခွင့်ပြုလိုက်ပါက နောင်တစ်ချိန်ချိန်တွင် ပြဿနာတက်လာနိုင်ကြောင်း လက်ရှိ ထိုင်းနိုင်ငံအတွင်းရှိ မြန်မာအလုပ်သမားအရေတွက်၊ ကလေးမွေးဖွားနှုန်း အပါအ၀င်၊ အခြားသော ကိစ္စရပ်များနှင့် မြန်မာရွေ့ပြောင်း အလုပ်သမားများ၏ အနေအထားများအား ဝေဖန်ထောက်ပြသွားပြီး အဆိုပါ အာမခံ ကော်ပိုရေးရှင်းလုပ်ငန်းကို စဉ်းစားသင့်ကြောင်း သတင်းစာတွင် ရေးထားသည်။

လုပ်ငန်းပိုင်ရှင်ထံမှ အလုပ်သမားတစ်ဦးစီ တစ်နှစ်အတွက် ဘတ်ငွေ ၅၀၀/စီကောက်ခံပြီး အကောင်အထည်ဖေါ်မည် ဖြစ်သည်။ ထိုင်းအစိုးရအနေဖြင့် လုပ်ငန်းရှင်များထံမှ ရွေ့ပြောင်း အလုပ်သမားများ အရေတွက်အလိုက် ကောက်ခံမည်ဖြစ်သည်။ သို့သော် ၄င်းငွေများအတွက် လုပ်ငန်းရှင် များက အလုပ်သမားများအပေါ် မည်သို့မည်ပုံ ဖြတ်တောက်လာမည်ကိုမူ ရှင်းလင်းစွာ ဖေါ်ပြထားခြင်းမရှိပါ။