12.14.2008

Burma News

Jailed Activist's Wife Tells Story

2008-12-13

A woman who has endured the hardship of caring for several jailed relatives talks about life as the member of an activist family.



CARTOON

Daughter of Burma's ex-military strongman freed

The military government released the daughter of Burma's long time strongman Ne Win from house-arrest on Friday morning, according to the BBC. 56 year-old Sandar Win was arrested in her...
BBC News
Ne Win's daughter freed in Burma
BBC News - UK
Burma's military government has freed the daughter of the late leader, Ne Win, who has been under house arrest for more than six years, friends said. ...
Daughter of Myanmar ex-dictator released
eTaiwan News - Taiwan
Ne Win ruled Burma _ as Myanmar was then known _ with an iron fist after taking over in a military coup from 1962 until 1988, when the stirrings of a ...
The UN must not admit defeat under the military dictators of Burma
Asian Tribune - Bangkok,Thailand
But the article seems strange to people of Burma. In this country under the military rule, even possessing of a UDHR booklet may send a citizen into jail ...
Jackson Diehl: The door that Bush kept open
Arizona Republic - Phoenix,AZ,USA
While many of those who have gotten his attention come from countries with regimes that are hostile to the United States, such as Belarus and Burma, ...
Illegal elephant trade flourishes in Burma: TRAFFIC
Mizzima.com - New Delhi,Delhi,India
by Salai Pi Pi New Delhi (Mizzima) – With at least 250 elephants and ivory being smuggled out of Burma in a decade, the Southeast Asian nation faces a sharp ...

Blogs Alert for: Burma news

Ne Win's daughter freed in Burma
Burma's military government has freed the daughter of the late leader, Ne Win, who has been under house arrest for more than six years, friends said.The woman, Sandar Win, was detained with her father in 2002 over an alleged plot to ...
SpeedSignal News - http://www.speedsignal.com/
Tay Za: Recession Taking a Toll
By MIN LWIN | Tay Za, one of Burma's richest businessmen, met with senior executives of his Htoo Trading Co Ltd and affiliated companies on December 3 and told them that the global recession was severely affecting the country's business ...
UN seeks medical funds for Burma cyclone victims
The United Nations has asked the international community for more funds for the health needs of victims of Cyclone Nargis in Burma.
The Burma Campaign UK: The Dirty List - Companies Supporting the ...
By Maryann S.
In response to calls from Burma's democracy movement, the Burma Campaign UK and other campaign groups around the world have been pressuring companies to sever business ties with Burma. Please contact one or more of the companies on the ...
MYANMAR-THAILAND: Child trafficking continues, but not fuelled by ...
By moderator(moderator)
MAE SOT, 11 December 2008 (IRIN) - When Cyclone Nargis hit Myanmar in May, leaving close to 140000 people dead or missing, aid workers feared an increase in child trafficking from the region. Burmese children have long been trafficked ...

ထိုင်းနိုင်ငံရေး ရှုပ်ထွေးထွေး( ဂျွန်တင်အောင်/ ၁၂ ဒီဇင်ဘာ ၂၀၀၈ line)

ဝန်ကြီးချုပ်သစ်ရွေးရန် လွှတ်တော်ခေါ်ရေး အတိုက်အခံ ဒီမိုကရက်ပါတီ၏ မေတ္တာရပ်ခံချက်အပေါ် ထိုင်းဘုရင်မင်းမြတ်ထံမှ ခွင့်ပြုချက်ရပြီဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ ချိုင်းချစ်ချော့က ပြောသည့်အတွက် ထိုင်းအာဏာလွန်ဆွဲပွဲ၏ ရလဒ်ကို တနင်္လာနေ့၌ သိရတော့မည် ဖြစ်သည်။

ဒီမိုကရက်ပါတီ၏ အမတ် (၂၄၂) ဦးလုံး ညီညီညွတ်ညွတ်ရှိနေလျှင် ဒီမိုကရက်ခေါင်းဆောင် အာဘီဆစ် ၀ိဇ္ဖာဇီဝ ၀န်ကြီးချုပ်သေချာပေါက် ဖြစ်လာမည်ဖြစ်သည်။ ဒီမိုကရက်ပါတီက ၀န်ကြီးနေရာ (၁၅) နေရာယူမည်ဖြစ်ပြီး ကျန်ဝန်ကြီးနေရာများကို ပါတီ (၃) ခုက ယူမည်ဖြစ်သည် စသဖြင့် ၀န်ကြီးနေရာများ အပေးအယူ လုပ်နေကြပြီ ဖြစ်သည်။

သို့သော် စနေနေ့တွင် ထောက်ခံသူများအား တပ်ဆင် တယ်လီဖုန်းမှ ပြောမည့်မိန့်ခွန်းကြောင့်
ဒီမိုကရက်ပါတီနှင့် ဘက်ပြောင်းအမတ်များ၏ ယာယီညီညွတ်ရေးပျက်ပြားစေရမည်ဟု တပ်ဆင်၏ ပွေထိုင်းပါတီက ယုံကြည်နေဆဲဖြစ်သည်။ တပ်ဆင် စနေနေ့ မိန့်ခွန်းပြောပြီးပါက အနည်းဆုံး ဘက်ပြောင်းသွားသည့် အမတ် (၁၀) ဦးခန့် ပြန်လာမည်ဟု ပွေထိုင်းပါတီက ယုံကြည်နေသည်။

အစိုးရသစ်ဖွဲ့စည်းရေးနှင့် ပတ်သက်ပြီး နိုင်ငံရေးပါတီအချို့နှင့် စကားအပြောအဆို ရှိခဲ့ကြောင်း စစ်တပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အာနုပေါင်က ၀န်ခံသော်လည်း တိုင်းပြည်ရှေ့တိုးပြီး ငြိမ်းချမ်းတည်ငြိမ်မှုရရှိစေမည့် ဆုံးဖြတ်ချက်များ ချမှတ်ရန် သတိပေးထားသည်။

တပ်ဆင်၏ ပွေထိုင်းပါတီကလည်း အစိုးရသစ်ဖွဲ့နိုင်ရေးအတွက် အတိုက်အခံနှင့်ပေါင်းသွားသည့် အမတ်များကို မက်လုံးပေးနေရာ ပြန်လာမည့် အမတ်တဦးကို ဘတ်ငွေ (၅၅) သန်းထိ ပေးမည်ဟု ဈေးခေါ်လိုက်သည့်အတွက် အာဏာလွန်ဆွဲပွဲ ပိုပြီး အကြိတ်အနယ် ဖြစ်လာသည်။

ပွေထိုင်းပါတီသို့ပြန်လာမည်ဟု ကတိပေးသည့် အမတ်ကို ပါတီဝင်ခွင့်လျှောက်လွှာဖြည့်ပြီးသည်နှင့် ဘတ်ငွေသား (၅) သန်း ချက်ချင်းပေးမည်။ လျှောက်လွှာအတည်ပြုပြီး ပါတီဝင်ဖြစ်ခဲ့လျှင် ဘတ် (၂၅) သန်းနှင့် ကျန် (၂၅) သန်းကို ၀န်ကြီးချုပ်သစ်ရွေးပွဲတွင် မဲထည့်ပြီးသည်နှင့် အပြီးသတ်ပေးချေမည်ဟု ဈေးခေါ်ထားသည်။

အတိုက်အခံနှင့်ပေါင်းသွားသည့် နေ၀င်းချစ်ချော့အုပ်စုမှာ အမတ် (၃၇) ဦးရှိသည့်အတွက် ထိုအမတ်အားလုံး ပြန်လာမည်ဆိုလျှင် အနည်းဆုံး အမေရိကန်ဒေါ်လာ သန်း (၆၀) ကျော်နှင့်ညီမျှသည့် ဘတ်ငွေ သန်းနှစ်ထောင်ကျော် ပွေထိုင်းပါတီက သုံးရန်ပြင်ထားသည့် သဘောဖြစ်သည်။ လက်ရှိအမတ်များကိုလည်း ငွေနှင့်ထိန်းထားရမည် ဖြစ်သည့်အတွက် အစိုးရတရပ်ဖွဲ့နိုင်ရန် တဦး ဘတ် (၅၅) သန်းနှုန်းဖြင့် အမတ် (၂၄၀) ကို ၀ယ်ရသည်ဟုတွက်လျှင် ပွေထိုင်းပါတီအနေဖြင့် ဒေါ်လာ သန်း (၄၀၀) အနည်းဆုံးသုံးရမည်ဖြစ်သည်။

အစိုးရတရပ်ဖွဲ့ရန်အတွက် ဒေါ်လာ သန်း (၄၀၀) ကျော် အမတ်များကို အလကားပေးနိုင်သည့် ထိုင်းနိုင်ငံရေး ပါတီတခုသည် အစိုးရဖြစ်လာချိန်တွင် ဒေါ်လာသန်းထောင်နှင့်ချီပြီး မြတ်စွန်းနိုင်သည့် အလားအလာမရှိဘဲ ဒေါ်လာသန်းရာနှင့်ချီပြီး ရင်နှီးမြှုပ်နှံမည်မဟုတ်ဟု ဘန်ကောက် ပညာတတ်အချို့က ယူဆသည်။ လက်ရှိ ထိုင်းနိုင်ငံရေးသည် နိုင်ငံအကျိုးစီးပွား၊ ပြည်သူအကျိုးစီးပွား ဆောင်ရွက်မည့် အစိုးရမျိုးဖွဲ့ရေးထက် စီးပွားဖြစ် သူဌေးဖြစ် လုပ်ငန်းကြီးတခုအတွက် စားကျက်လုသည့် ကိန်းဖြစ်နေသည်။ ထို့ကြောင့်လည်း တပ်ဆင်၏ ပါတီအဆက်ဆက်ကို အဂတိလိုက်စားမှုကြီးမားသည့်အစိုးရဟု တပ်ဆင်အစိုးရ ဆန့်ကျင်သူများက စွပ်စွဲခဲ့ခြင်းဖြစ်သည်။

ပွေထိုင်းပါတီအနေဖြင့် အစိုးရဖွဲ့နိုင်လောက်သည့် မဲအရေအတွက်မရလျှင် လွှတ်တော်ဖျက်သိမ်းရေးကို အဆိုပြုနိုင်သည်ဟု အဖျက်ခံထားရသည့် People Power ပါတီအမတ်တဦးက ပြောသည်။ သို့သော် လွှတ်တော် အထူးအစည်းအဝေးခေါ်ထားသည့် ကာလအတွင်း လက်ရှိ အိမ်စောင့်အစိုးရ၀န်ကြီးချုပ်က လွှတ်တော်ဖျက်သိမ်းခွင့်မရှိဟု လွှတ်တော်ဥက္ကဋ္ဌ ချိုင်းချစ်ချော့က ထောက်ပြသည်။

လောလောဆယ် ထိုင်းနိုင်ငံရေး အခြေအနေမှာ အတိုက်အခံ ဒီမိုကရက်ပါတီကလည်း အစိုးရဖွဲ့နိုင်ရေး လုံးပန်းနေသည်။ ပွေထိုင်းပါတီကလည်း ဒီမိုကရက်အစိုးရမဖွဲ့နိုင်အောင် အတိုက်အခံဘက် ကူးသွားသည့် အမတ်များကို ငွေနှင့်ပေါက်ဝယ်ရန်ကြိုးစားနေသည်။ တပ်ဆင်ကလည်း ဒီမိုကရက်များ အစိုးရမဖွဲ့နိုင်အောင် ပြည်ပကနေ နည်းမျိုးစုံဖြင့် ကိုင်လှုပ်ရန် ကြိုးပမ်းလိမ့်မည်ဟု ထင်ကြေးပေးနေကြသည်။

မည်သို့ဆိုစေ ထိုင်းဝန်ကြီးချုပ်သစ်ရွေးချယ်ပွဲကို လာမည့် သီတင်းပတ်အတွင်း လွှတ်တော်တွင် ကျင်းပရန်မှန်းထားသည်။ တပ်ဆင်ကျောထောက်နောက်ခံပေးထားသည့် ပွေထိုင်းပါတီကလည်း အမျိုးသားညီညွတ်ရေး ကြားဖြတ်အစိုးရဖွဲ့ရန် လိုလားနေသဖြင့် ထိုင်းအာဏာလွန်ဆွဲပွဲမှာ အကြိတ်အနယ် ဖြစ်နေသည်။

ထိုင်းဥပဒေအရ ဒီဇင်ဘာ (၃၀) ရက်နောက်ဆုံးထားပြီး ၀န်ကြီးချုပ်သစ် ရွေးချယ်ရမည် ဖြစ်သည်။ တချိန်က ၀န်ကြီးချုပ်ဟောင်း တပ်ဆင်အပေါ် သစ္စာခံခဲ့သည့် အမတ် (၃၇) ဦးကိုင်ထားသည့် နေ၀င်းချစ်ချော့အုပ်စုက ဒီမိုကရက် အတိုက်အခံဘက်ကို ဘက်ပြောင်းလိုက်သည့်အတွက် ထိုင်းနိုင်ငံရေး ချိန်ခွင်လျှာ အပြောင်းအလဲ ဖြစ်သွားသည်။ တပ်ဆင်ကို သစ္စာဖောက်ခဲ့သူ နေ၀င်းချစ်ချော့အနေဖြင့် အတိုက်အခံနှင့် မည်မျှကြာကြာ လက်တွဲမလဲဆိုသည်ကို ထိုင်းနိုင်ငံရေးလောကတွင် စိတ်ဝင်စားနေကြသည်။

တပ်ဆင်ကြိုးကိုင်သည့် ပွေထိုင်းပါတီကလည်း အစိုးရဖွဲ့ရန် အလားအလာနည်းလာသည့်အတွက် တိုင်းပြည်၏ စီးပွားရေး၊ နိုင်ငံရေး ပြဿနာများ ဖြေရှင်းရန်အတွက် အမျိုးသားညီညွတ်ရေး ကြားဖြတ်အစိုးရဖွဲ့မှ ဖြစ်မည်ဆိုသည့် အဆိုကို ဇောင်းပေးလာပြန်သည်။ ၀န်ကြီးချုပ်ကို ပါတီငယ်လေးများမှ တင်မြှောက်မည်ဟုဆို၏။ အမျိုးသားညီညွတ်ရေး ကြားဖြတ်အစိုးရကို နှစ်အနည်းငယ် အုပ်ချုပ်စေခြင်းဖြင့် တိုင်းပြည်တွင်း ဆူပူအုံကြွမှုများကို ဟန့်တားနိုင်မည်ဖြစ်ပြီး တိုင်းပြည်ပြန်လည်တည်ဆောက်ရန် အချိန်ပေးနိုင်မည်ဖြစ်သည်ဟု ယူဆခြင်းဖြစ်သည်။

သို့သော် ဒီမိုကရက်အတိုက်အခံဘက်က အစိုးရမဖွဲ့နိုင်သည့်အခြေအနေမျိုး၊ သို့မဟုတ် ဘက်ပြောင်းသွားသည့် အမတ်များကို တပ်ဆင်က ပြန်ခေါ်ပြီး အစိုးရကို ပြန်ထိန်းနိုင်သည့် အခြေအနေမျိုးမှသာ အမျိုးသားညီညွတ်ရေး ကြားဖြတ်အစိုးရပေါ်ပေါက်နိုင်ရန် အခွင့်အလမ်းများသည်ဟု အကဲခတ်အချို့က ယူဆသည်။ တက်လာသည့် ၀န်ကြီးချုပ်သည် နောက်ထပ်ရုပ်သေးဝန်ကြီးချူပ်တဦးဆိုလျှင်လည်း လမ်းပေါ်ထွက် ဆန္ဒပြမှုများ ပေါ်ပေါက်ဦးမည်ဖြစ်ပြီး ဒီမိုကရက်က အစိုးရဖွဲ့နိုင်လျှင်လည်း အာဘီဆစ် ၀န်ကြီးချုပ်ဖြစ်မလာအောင် တပ်ဆင်လိုလားသူများက အဟန့်အတား လုပ်ဖို့များသည်ဟု ယူဆကြသည်။

ဝန်ကြီးချုပ်မည်သူတက်တက် ဆူဝမ်နဖုန်လေဆိပ်ကို ပိတ်လိုက်ရသည့်အကျိုးဆက်အဖြစ် ယိုင်သွားသည့် ထိုင်းစီးပွားရေးကို ကိုင်တွယ်ရမည့်တာဝန်က စိန်ခေါ်နေသည်။ လာမည့်နှစ်တွင် အလုပ်လက်မဲ့ (၁,၀၀၀,၀၀၀) နီးပါးရှိမည်ဟု မှန်းထားသည်။

အထူးသဖြင့် ခရီးသွားလုပ်ငန်းအထိနာသွားသည့်အတွက် နိုင်ငံခြားသား ခရီးသွားများကို အားထားနေရသည့် ဘန်ကောက်မြို့မှ လုပ်ငန်းများ သိသိသာသာ ထိုးကျသွားသည်။ ဘန်ကောက်မြို့တွင်းမှ စားသောက်ဆိုင်များနှင့် အခြားလုပ်ငန်းအများစုက ဧည့်သည်အလာကျဲသွားသည့်အတွက် ပီအေဒီခေါင်းဆောင်ပိုင်းကို အပြစ်တင်ကြ သည်။ ဘန်ကောက် ပရာတူနန်း ပလက်ဖောင်းဈေးတန်း အချို့နေရာများတွင် ပီအေဒီခေါင်းဆောင် ဆွန်ထိ အမည်ကို ပလက်ဖောင်းပေါ်တွင် မကျေမနပ် ရေးထားသည်ထိ တွေ့ရသည်။

ထိုအတောအတွင်း ထိုင်းအတိုက်အခံ ဒီမိုကရက်ပါတီက အစိုးရဖွဲ့နိုင်မည့် အမတ်အရေအတွက် ရပြီဖြစ်သည့်အတွက် လွှတ်တော်အထူးအစည်းအဝေးခေါ်ရန် တောင်းဆိုထားသဖြင့် ထိုင်းနိုင်ငံရေးလောကတွင် အာဏာလွန်ဆွဲပွဲ ပြင်းထန်လာသည်။

ဒီမိုကရက်ပါတီသာ လွှတ်တော်တွင် မျှော်မှန်းသည့်အတိုင်း မဲအရေအတွက်အပြည့်ရလျှင် ဒီမိုကရက်ပါတီ ခေါင်းဆောင် အာဘီဆစ် ၀ိဇ္ဇာဇီဝ ၀န်ကြီးချုပ်ဖြစ်လာနိုင်သည်။ အမတ်အရေအတွက် (၃၇) ဦး ကိုင်ထားပြီး မကြာခင်က အဖျက်ခံရသည့် ၀န်ကြီးချူပ်ဟောင်းဆွန်ချိုင်း၏ People Power ပါတီထောက်ခံမှုမှ ခွဲထွက်သည့် နေ၀င်းချစ်ချော့အုပ်စုက ဒီမိုကရက်ပါတီကို ဘက်ပြောင်းလိုက်သည့်အတွက် အစိုးရဖွဲ့နိုင်ရန် အလားအလာ များလာခြင်းဖြစ်သည်။

သို့သော် ပြည်ပရောက် ၀န်ကြီးချုပ်ဟောင်း တပ်ဆင် ကျောထောက်နောက်ခံပေးထားသည့် People Power ပါတီ အဖျက်မခံရမီကပင် ထိုပါတီဝင် အစိုးရအဖွဲ့ထဲမှ အမတ်အချို့က ပွေထိုင်းပါတီထောင်ပြီးဖြစ်သည်။ တချိန်က တပ်ဆင်၏ ထိုင်းရပ်ထိုင်းပါတီ အဖျက်ခံရပြီးမကြာခင် People Power ပါတီကို ပြည်ပရောက်တပ်ဆင်၏ ငွေကြေးထောက်ပံ့မှုဖြင့် တည်ထောင်ခဲ့ပြီး စမတ် ၀န်ကြီးချုပ်ဖြစ်လာသည်။ ထို့ကြောင့် စမတ်သည် တပ်ဆင်၏ ရုပ်သေးဝန်ကြီးချုပ်ဟု အစွပ်စွဲခံရခြင်းဖြစ်သည်။ စမတ်ပြုတ်ပြီးမကြာခင် တပ်ဆင်၏ ယောက်ဖ ဆွန်ချိုင်း ၀န်ကြီးချုပ်ဖြစ်လာသည်။ ဆွန်ချိုင်းပြုတ်ပြီးနောက်ပေါ်ပေါက်လာသည့် ပွေထိုင်းပါတီသည်လည်း တပ်ဆင် ကျောထောက်နောက်ခံပေးထားသည့် ပါတီဖြစ်လာပြန်သည်။

ဒီမိုကရက်ပါတီက အစိုးရဖွဲ့ရန် ခြေလှမ်းပြင်နေသော်လည်း တပ်ဆင် ကျောထောက်နောက်ခံပေးထားသည့် ပွေထိုင်းပါတီက အတိုက်အခံဘက် ဘက်ပြောင်းသွားသည့်အမတ်များ ပြန်လာရန် နည်းမျိုးစုံဖြင့် ဖိအားပေးနေသည်။ အချို့ ထိုင်းအရှေ့မြောက် မဲဆန္ဒနယ်များ၌ ယင်းသို့ ဘက်ပြောင်းသည့် အမတ်များ၏ နေအိမ်ကို ပိတ်ဆို့ရန် ရွာသားများအား ခိုင်းစေထားသည်ဟုလည်း အမတ်အချို့က ပြောသည်။

တပ်ဆင်နှင့် တရားဝင် ကွာရှင်းပြီးဆိုသည့် တပ်ဆင်၏ ဇနီးဟောင်း ပွန်ဂျမင်သည် မကြာခင်က ဘန်ကောက်ပြန်ရောက်လာပြီးနောက် ပွေထိုင်းပါတီကို ကြိုးကိုင်နေသည်ဟု အစွပ်စွဲခံရသည်။ အထူးသဖြင့် ဒီမိုကရက်ပါတီကို ဘက်ပြောင်းသွားသည့် နေ၀င်းချစ်ချော့အုပ်စုဝင် အမတ်များကို ပြန်ခေါ်ရန် စည်းရုံးသော်လည်း မအောင်မြင်ဟု ထိုင်းမီဒီယာများက ရေးသည်။

အတိုက်အခံ ဒီမိုကရက်ပါတီနှင့် ပွေထိုင်းပါတီတို့ အမတ်များကို အလုအယက် ငွေဖြင့် ဆွဲဆောင်နေသည့်အတွက် ထိုင်းနိုင်ငံရေးမှာ အမတ်ဈေးကောင်းလာသည်ဟု ဆောင်းပါးရှင် ဆော့ပွန် အွန်ကာရာက The Nation သတင်းစာတွင် ရေးသည်။ ဒီမိုကရက်ပါတီသာ အစိုးရဖွဲ့ခဲ့လျှင် တပ်ဆင်အနေဖြင့် နောက်ထပ် ထောင်ဒဏ်များ ရင်ဆိုင်ရနိုင်သည့်အတွက် တပ်ဆင်ဘက်ကလည်း ပွေထိုင်းပါတီ အစိုးရဖွဲ့နိုင်ရန် အလျော့ပေးမည်မဟုတ်။

ယခုရက်ပိုင်းအတွင်း အမတ်တဦးကို မည်မျှငွေပုံ ပေးရပေးရ အတိုက်အခံပါတီနှင့် ပွေထိုင်းတို့ အပြန်အလှန် အာဏာလွန်ဆွဲနေသည့်အတွက် ထိုင်းနိုင်ငံရေးမှာ ငွေသာအဓိကဟု ဆော့ပွန် အွန်ကာရာက ထောက်ပြသည်။ ထိုင်းနိုင်ငံရေး အကျပ်အတည်းတွေ့လေ အမတ်များ ငွေရှာ၍ကောင်းလေဟုလည်း ဝေဖန်ထားသည်။ မည်သည့်ပါတီ အစိုးရဖွဲ့ဖြစ်မည်ဆိုသည့် နောက်ဆုံးအဖြေအပေါ် ငွေက လွှမ်းမိုးထားဆဲ ဖြစ်သည်ဟုလည်း ရေးထားသည်။

ထိုင်းအတိုက်အခံ ဒီမိုကရက်ပါတီအနေဖြင့် လောလောဆယ် အမတ်နေရာ (၂၄၂) နေရာ အပိုင်ရထားသည်ဟုဆိုသော်လည်း ၀န်ကြီးချုပ်နေရာအတွက် လွှတ်တော်ထဲမဲခွဲချိန်တွင် မဲအရေအတွက် ထိုမျှရမရဆိုသည်မှာ မသေချာဟု အကဲခတ်များက တွက်သည်။

သို့သော် တနင်္လာနေ့ အရေးပေါ်လွှတ်တော်မှ ၀န်ကြီးချုပ်သစ်ရွေးချယ်တော့မည် ဖြစ်သည့်အတွက် ခေါင်းဆောင်သစ်တဦး သဲသဲကွဲကွဲ ထွက်ပေါ်လာတော့မှာဖြစ်သည်။ ထိုခေါင်းဆောင်သည် ထိုင်းနိုင်ငံ၏ ပြဿနာများကို အောင်မြင်စွာကိုင်တွယ်နိုင်ပါ့မလားဆိုသည်မှာ မကြာခင် မျက်ဝါးထင်ထင် မြင်ရတော့မည် ဖြစ်သည်။


pakis

သတင်းပဒေသာ





ဗိုလ်ချုပ်ကြီးစောဘိုမြ၏သားငယ်
ဗိုလ်ကြီးစောနေစိုးမြ နေပြည်တော်ရောက်
NEJ/ ၁၄ ဒီဇင်ဘာ ၂၀၀၈

ကရင်အမျိုးသားအစည်းအရုံး KNU ၏ ဥက္ကဋ္ဌဟောင်းဖြစ်သူ (ကွယ်လွန်သူ) ဗိုလ်ချုပ်ကြီးစောဘိုမြ၏သားငယ် ဗိုလ်ကြီးစောနေစိုးမြ ခေါ် မောင်တေးလေး သည် ဒီဇင်ဘာ ၁၂ ရက်နေ့က ...အပြည့်အစုံသို့
ထိုင်းနိုင်ငံရေး ရှုပ်ထွေးထွေး new
ဂျွန်တင်အောင်/ ၁၂ ဒီဇင်ဘာ ၂၀၀၈
ဝန်ကြီးချုပ်သစ်ရွေးရန် လွှတ်တော်ခေါ်ရေး အတိုက်အခံ ဒီမိုကရက်ပါတီ၏ မေတ္တာရပ်ခံချက်အပေါ် ထိုင်းဘုရင် မင်းမြတ်ထံမှ ခွင့်ပြုချက်ရပြီဖြစ်ကြောင်း လွှတ်တော် ဥက္ကဋ္ဌ ချိုင်းချစ်ချော့ကပြောသည့်အတွက် ထိုင်းအာဏာ လွန်ဆွဲပွဲ၏ ...အပြည့်အစုံသို့


ဝန်ကြီး ဦးအောင်သောင်းက
ဝန်ထမ်းများကို လွန်ဆွဲပြီး ယတြာချေခိုင်း
new
NEJ/ ၁၂ ဒီဇင်ဘာ ၂၀၀၈

စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်း၏ နေပြည်တော် အီးစီအစည်းအဝေးကြမ်းပြင် ကြွေပြားများ ဒီဇင်ဘာ လဆန်ပိုင်းက ရုတ်တရက် အလိုလိုကြွတက်လာသည့် အတွက် ဦးအောင်သောင်းက ၀န်ထမ်းများကို အဓမ္မ လွန်ဆွဲခိုင်းပြီး ယတြာချေခိုင်းသည်။

စက်မှု (၁) ၀န်ကြီးဌာန နေပြည်တော် အီးစီအစည်းအဝေး ရုံးခန်းကြမ်းပြင် ကြွေပြားများ သူ့အလိုလို ကြွတက်လာခြင်း မှာ ဦးအောင်သောင်းအတွက် မကောင်းသည့်နိမိတ်ဟု ၀န်ထမ်းများကြား တီးတိုးပြောဆိုပြီး မကြာခင် ဆောင်းတွင်း အချိန်မှာပင် ၀န်ထမ်းများအား အဓမ္မလွန်ဆွဲခိုင်းပြီး ယတြာချေခိုင်းခဲ့သဖြင့် ၀န်ထမ်းများ မကျေမနပ်ဖြစ်နေသည် ဟု စုံစမ်းသိရသည်။...အပြည့်အစုံသို့

ဦးနေဝင်း သမီး ဒေါ်စန္ဒာဝင်းကို လွှတ်ပေးလိုက်ပြီဟု ဘီဘီစီက ပြော

နေအိမ်အကျယ်ချုပ် ကျခံနေရသူ ကွယ်လွန်သူ အာဏာရှင်ဟောင်းကြီး ဦးနေဝင်း၏ သမီးဖြစ်သူ ဒေါ်စန္ဒာဝင်းကို စစ်အစိုးရက သောကြာနေ့နံနက်က ရန်ကုန်ရှိ နေအိမ်က လွှတ်ပေးလိုက်ကြောင်း ဘီဘီစီ သတင်းတရပ်တွင် ပါရှိ...

နာဂစ် မုန်တိုင်းဒဏ်ခံဒေသတွင် ကျန်းမာရေးအခြေအနေ စိုးရိမ်စရာရှိနေ

နာဂစ်ဆိုင်ကလုံးဒဏ်သင့်သူများကို အကူအညီပေးရမည့် ငွေကြေးအခြေအနေမှာ မလုံမလောက်ဖြစ်မှု ဆက်လက် ကြုံတွေ့နေပြီး ကျန်းမာရေးကဏ္ဍတွင် ပိုမိုအလေးထားအားထုတ်မှု ပျက်ကွက်လျှင် လုပ်ခဲ့သမျှ သဲထဲရေသွန်သလို...
- ကိုမင်းကိုနိုင်ရဲ့ မျက်စိအခြေအနေ ဆိုးရွားသလို လက်တဖက်လည်း ကပ်သလိုဖြစ်နေ click
- အာဏာရှင်ဟောင်း ဦးနေ၀င်းရဲ့ သမီး နေအိမ်အကျယ်ချုပ်က ပြန်လည်လွတ်မြောက်လာ click
- ရန်ကုန်မြို့မှာ လျှပ်စစ်မီး တနေ့ (၆) နာရီသာ ရရှိ click
- ကလေးထောင်ကို ပြောင်းရွှေ့ခံရတဲ့ မစုစုနွေးရဲ့ အခြေအနေ click
- နိုင်ငံရေးအကျဉ်းသားရဲ့ ဇနီး ထောင်ဝင်စာတွေ့ရတဲ့ အခက်အခဲ click
- ဆိုက္ကားသမားတွေကို အရံရဲအဖြစ် စည်းရုံးနေ click
- ဒေါ်စန္ဒာဝင်းကို အကျယ်ချုပ်ကနေ ပြန်လွှတ် click
- အာဏာရှင်ဟောင်း၏ သမီးကို နအဖအာဏာပိုင်များက အကျယ်ချုပ်မှ လွှတ် click
- အာဏာပိုင်များက နေကြာ အဓမ္မစိုက်ခိုင်း၍ တောင်သူများ အခက်ကြုံ click
- တရုတ်ရော်ဘာခြံကို ကချင်ပြည်နယ် ဒေသခံများက ဖျက်ဆီးမှု၏ နောက်ကွယ်၌ ... click
- မိသားစုနှင့် ဆုံဆည်းခွင့်ရရေး ၈၈ မျိုးဆက်ကျောင်းသူ တောင်းဆို click
- အာဏာပိုင်တို့၏ လုပ်ရပ်ကြောင့် နိုင်ငံရေးအကျဉ်းသား မိသားစုများ ဒုက္ခရောက် click
- မြန်မာနေရှင်း အယ်ဒီတာကို နယ်ထောင်ပို့၊ ဂျာနယ်အုပ်ချုပ်ရေးမှူးသတင်း စုံစမ်းမရ click
- ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပြုရန် ရှေ့နေက တောင်းဆိုသော်လည်း ခွင့်မပြု click
- ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ကြိုးပမ်းမည်ဟု နိုဘယ်ဆုရှင်များက ပြော click
- အဖွဲ့ချုပ် လေဘေးကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင် ဦးအုန်းကြိုင် လွတ်မြောက်လာ click
- စီးပွားရေးအကျပ်အတည်း ကျော်လွှားရေး အာရှကျား သုံးနိုင်ငံဆွေးနွေး click
- ကားကုမ္ပဏီတွေအတွက် ကယ်တင်ရေး ရံပုံငွေထဲမှသုံးရန် အိမ်ဖြူတော် စဉ်းစား click
- ဦးနေ၀င်းရဲ့သမီး ဒေါ်စန္ဒာဝင်း နေအိမ်အကျယ်ချုပ်က ပြန်လွတ် click
- ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ပြင်းပြင်းထန်ထန် ဆောင်ရွက်ဖို့ နိုဘယ်လ်ဆုရှင်တွေ တိုက်တွန်း click
- လူ့အခွင့်အရေး တိုးတက်အောင်ဆောင်ရွက်ဖို့ တရုတ်သမ္မတ ကတိပေး click
- အဲန်အယ်လ်ဒီ(လွတ်မြောက်နယ်မြေ)က နိုင်ငံတကာ လစ်ဘရယ်အဖွဲ့ ၀င်ခွင့်လျှောက် click
- ပဉ္စမမြန်မာနိုင်ငံတော် တည်ထောင်ခန်း (၂၀) (အသံလွှင့်ဆောင်းပါး) click
- မြန်မာနည်း မြန်မာ့ဟန် မိုဘိုင်းဖုန်း (ဆောင်းပါး) click
- ချောအိသိမ်း၏ တကိုယ်တော်ပန်းချီပြပွဲ တတိယခြေလှမ်း click
- ဦးနေဝင်းသမီး ဒေါ်စန္ဒာဝင်းကို လွှတ်ပေးလိုက်ပြီဟု ဘီဘီစီက ပြော click
- မြန်မာနေးရှင်း အယ်ဒီတာချုပ် ဦးသက်ဇင်ကို လျှို့ဝှက်ထောင်ပြောင်း click
- မြန်မာပြည်မှာ ဆင်မှောင်ခိုတွေ ခေတ်စားနေ click
- ဒေါ်အောင်ဆန်းစုကြည်၏ ရွေးချယ်မှု မရွေးချယ်မှု (ဆောင်းပါး) click