4.16.2010

ရေကစားမဏ္ဍပ်တွင် ပေါက်ကွဲမှုဖြစ် ဗိုလ်မှူးကြီးတဦးပါ ထိခိုက်ဒဏ်ရာရ


အခင်းဖြစ်တဲ့ X2O(ပုံကို ညီလင်းဆက် ဘလော့မှ ၇ယူပါသည်။)
ရန်ကုန် ဧပြီ ၁၅။
ရနကုန်မြို့ ကန်တော်ကြီးစောင်းရှိ X2O အမည်ရှိ ရေကစားမဏ္ဍပ်တွင် ယနေ့နေ့လည်ပိုင်းက ပြင်းထန်သော ပေါက်ကွဲမှု ဖြစ်ပွားပြီး အမျိုးသား၅ဦးနှင့် အမျိုးသမီး၃ဦးသေဆုံးကာ ၇၅ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်ဟု သိရပါသည်။
မျက်မြင်သက်သေများ၏ ပြောပြချက်အရ ပေါက်ကွဲမှုမှာ ၃ကြိမ်ဖြစ်ခဲ့ပြီး ပထမပေါက်ကွဲမှု ၂ခုမှာ နှစ်မိနစ်အတွင်း ဖြစ်ခဲ့ကာ တတိယ ပေါက်ကွဲမှုမှာ နောက်သုံးမိနစ်ကြာခန့်တွင် ဖြစ်ပွါးခဲ့သည်ဟု ဆိုပါသည်။ ထိခိုက်ဒဏ်ရာရသူများတွင် လုံခြုံရေးတာဝန်ရှိသူ လေးဦးလဲ ပါရှိသည်ဟု သိရပြီး တဦးမှာ ရန်ကုန်တိုင်း အမှတ်၎ နယ်မြေမှူး ဗိုလ်မှူးကြီး အုန်းချိုဖြစ်သည်ဟု တွေ့ရှိသူများက ပြောပြပါသည်။
ပေါက်ကွဲမှု ဖြစ်ပွါးပြီး မကြာခင်ပင် လုံခြုံရေး များရောက်ရှိလာပြီး နေရာကို ချက်ချင်း ပိတ်ဆို့ကာ ဒဏ်ရာရသူများကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပါသည်။
ရန်ကုန်ဆေးရုံကြီးတွင် တာဝန်ကျနေသော သူနာပြု ဆရာမ တဦးက ဒဏ်ရာရရှိသူအချို့မှာ ဒဏ်ရာ ပြင်းထန်သည်ဟု ပြောပါသည်။ 
ထိုဗုံးပေါက်ကွဲမှု သတင်းကို ညနေ၆နာရီနှင့် ညရနာရီ ၃၀တို့တွင် တီဗီသတင်းဖြင့် ထုတ်ပြန် ကြေငြာ သွားခဲ့ပါသည်။ ထို့အတူ တရားခံကို ဝိုင်းဝန်း ရှာဖွေပေးရန်လည်း မေတ္တာရပ်ခံသွားပါသည်။
ယခုသတင်း တင်ပြချိန်အထိ မည်သည့် အဖွဲ့ကမှ လုပ်ဆောင်သည်ဟု ထုတ်ဖေါ်ခြင်းမရှိသေးပါ။ 
ပြည်တွင်းသတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)