4.30.2010

NLD ရဲ့မေဒေးနေ့ ထုတ်ပြန်ချက်

Photobucket
Photobucket
Photobucket

ကိုဇာဂနာအပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့  HRW အဖွဲ့ တောင်းဆို

Photobucket

ဧပြီ၂၉

နာဂစ်သင့်ပြည်သူများကို ကူညီခဲ့မှုကြောင့် ထောင်နှစ်ရှည်ချမှတ်ခြင်း ခံနေရသော ကိုဇာဂနာ အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ အမေရိကန်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့် လေ့လာသူများ အဖွဲ့က ယနေ့ တောင်းဆိုလိုက်သည်။

I Want to Help My People  “ကျနော့်လူမျိုးတွေကို ကူညီချင်တယ်” အမည်ရှိစာမျက်နှာ ၁၁၁ မျက်နှာပါ အစီရင်ခံစာတစ်စောင်ကို မြန်မာနိုင်ငံမှာ နာဂစ်တိုက်ခတ်ပြီး ၂နှစ်ပြည့်ဖို့ တပတ်လောက်အလိုမှာ Human Rights Watch အဖွဲ့ က ထိုင်းနိုင်ငံဘန်ကောက်မြို့ မှာရှိတဲ့ နိုင်ငံခြားသတင်းထောက်များကလပ်မှာ ဒီကနေ့ ဖြန့်ချီလိုက်သည်။

ထိုင်းနိုင်ငံရေး မငြိမ်သက်မှုကြောင့် သွားလာရခက်ခဲ့တဲ့ ကြားကနေ နိုင်ငံတကာ သတင်းဌာနတွေနဲ့  ဘန်ကောက် အခြေစိုက် မြန်မာသတင်းသမားတွေ တက်ရောက်ခဲ့ကြသည်။ Human Rights Watch အဖွဲ့  ၊အာရှဌာနခွဲမှ ဒုတိယဒါရိုက်တာ မစ္စစ် Elaine Pearson နှင့် သုတေသနမှူး မစ္စတာ David Scott Mathieson တို့က ပင်တိုင် ရှင်းလင်းပြောကြားကြသည်။

ဒီအစီရင်ခံစာကို နာဂစ်သေသတွင်းမှ နာဂစ်ဒဏ်သင့် ပြည်သူပေါင်း ၁၃၅ ယောက်ကို တွေ့ ဆုံမေးမြန်းပြီး ပြုစုထားခြင်းဖြစ်သည်။ ဆိုင်ကလုန်းနာဂစ်ကြောင့် သေဆုံးသူပေါင်း ၁၄၀၀၀၀ (တစ်သိန်းလေးသောင်း)ရှိပြီး ၂သန်းလေးသောင်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း အစီရင်ခံစာတွင် ဖေါ်ပြထားသည်။ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းအတွင်းမှ ထိုမျှမကသော လူများသေကြေပျက်စီးနေခြင်းကို မြန်မာစစ်အစိုးရဟာ ဥပေက္ခာပြုပြီး ၂၀၀၈ ခု၊ မေလ ၁၀ကနေ ၂၄ ရက်နေ့ အတွင်းမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုခိုင်းခဲ့ခြင်းမှာ အထူးအံ့သြ တုန်လှုပ်စရာဖြစ်ကြောင်း အဆိုပါအဖွဲ့ က ထောက်ပြပြောဆိုထားသည်။

နာဂစ်ဖြစ်ပြီးခါစ နိုင်ငံတကာအကူအညီများကို ငြင်းဆန်ခဲ့ပြီးနောက် ၂၀၀၈ မေလ ၃၁ ရက်နေ့ တွင် ကုလသမဂ္ဂ အဖွဲ့ ကြီး၊ အာဆီယံနဲ့ မြန်မာအစိုးရတို့က သုံးပွင့်ဆိုင် ကူညီရေးအဖွဲ့ကို ဖွဲ့ခဲ့ကြသည်။

သို့ ရာတွင် နာဂစ်သင့်ပြည်သူတွေကို ကူညီစောင့်ရှောက်သည့် လူတွေကို ဖမ်းဆီးတာ၊ ထောင်ချခြင်း၊ သတင်းယူတဲ့ သတင်းထောက်တွေကို ဖမ်းဆီးတာတွေ အပြင် နိုင်ငံတကာ မိသားစုတွေ လာရောက်ခြင်း ကိုလည်း တင်းကျပ်စွာ စောင့်ကြည့်တာကြောင့် ကူညီရေးလုပ်ငန်းတွေ နှောက်နှေးကြန့်  ကြာခဲ့ရသည်။ ထို့  အပြင် နာဂစ်ဒေသသို့ နိုင်ငံတော် စစ်ခေါင်းဆောင်များ လာမည်ဆိုလျှင် နာဂစ်ဒုက္ခသည်များက လမ်းတံတား နှင့် သန့်ရှင်းရေး လုပ်အားလည်း ပေးရကြောင်း အဆိုပါ အစီရင်ခံစာတွင် ရေးသားဖေါ်ပြထားသည်။ ယခု၂နှစ်ကြာခဲ့ပြီး ဖြစ်သော်လည်း နာဂစ် မုန်တိုင်းသင့် ပြည်သူများမှာ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများအပြင် စားဝတ်နေရေးများပါ အကျပ်အတည်း ဖြစ်နေဆဲဖြစ်သဖြင့် ၀ိုင်းဝန်းကူညီကြဖို့ လိုအပ်သေးကြောင်း အမေရိကန်အခြေစိုက် HRW အဖွဲ့ က ရေးသားထုတ်ဝေခဲ့သည်။

မြန်မာပြည် ဖွတ်တက်ပြီ

 ဧပြီ ၂၉၊ ရန်ကုန် ။
နအဖ၏ လက်ကိုင်ဒုတ် ကြံ့ဖွတ် ပါတီကို ဘောင်းဘီချွတ် ဗိုလ်ချုပ်များက ဦးဆောင်ပြီး ယခင်အမည်ကို မပြောင်းလဲပဲ ပါတီ အဖြစ်လျှောက်ထားလိုက်ပြီ ဖြစ်ရာ မြန်မာပြည် ဖွတ် တက်ပြီ ဟု ဆိုရတော့မည်ဖြစ်သည်။
 နအဖ ပိုင် တီဗီသတင်းဌာနများက ပြည်ထောင်စု ကြံခိုင်ဖွံ့ဖြိုးရေး ဟု အမည်ပေးထားသော အများ အခေါ် ကြံ့ဖွတ်က ပါတီထောင်ပြီ ဟု ကြေငြာသွားခဲ့ပါသည်။ ထိုပါတီကို မကြာသေးခင်က ဘောင်းဘီချွတ် ထားသော လက်ရှိဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် အပါအဝင် ၂၆ ဦးက ဦးဆောင်မည်ဟု တိုရာ ဦးဆောင် သူများမှာလည်း ဘောင်းဘီချွတ်များသာ ဖြစ်ရန် ရှိပါသည်။ 
ထိုအဖွဲ့ကြီးကို ၁၉၉၃ ခု စက်တင်ဘာလက စတင် ဖွဲ့စည်းခဲ့ပြီး ဥက္ကဌမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဖြစ်ပါ သည်။  နအဖ၏ နိုင်ငံရေးနှင့် လူမှုရေး မျက်နှာစာ လက်ရုန်းသဖွယ် မြန်မာစစ်အုပ်စုအတွက် အသုံးတော် ခံခဲ့ပါသည်။
အတည်မပြုနိုင်သေးသော်လည်း  စာရင်းဇယားများအရ  သူတို့တွင် အဖွဲ့ဝင် ၂၅သန်းရှိသည်ဟု ထုတ်ပြန် ကြေငြာထားပါသည်။
လက်ရှိဘောင်းဘီချွတ်ထားသော်လည်း ဝန်ကြီးချုပ်တာဝန်ကိုယူထားဆဲဖြစ်သူ ဦးသိန်းစိန်နှင့် နအဖ ထိပ်ပိုင်း ဗိုလ်ချုပ်များက ဦးဆောင်သည့်ပါတီသည် ရုပ်ပိုင်းဆိုင်ရာအရ ပြည့်စုံသော အင်အားကြီပါတီတခု ဖြစ်လာနိုင်မည်မှာ အသေအခြာပင် ဖြစ်ပါသည်။ 
ရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင်ရန်ပါတီပေါင်း ၂၅ဖွဲ့ လျှောက်ထားလျှက်ရှိရာ ၁၉၉၀ခုနှစ်မှ ယခုအချိန်အထိ တရားဝင် တည်ရှိနေသော ပါတီ ၁၀ ခုအနက် ၄ပါတီသာ မှတ်ပုံတင်ရန် လျှောက်ထားခဲ့ ပါသည်။ 
သို့ဖြစ်ရာ လက်ရှိပါတီများတွင် ကြွံ့ဖွတ်သာလျှင် အင်အားအကြီးမားဆုံးဖြစ်ရာ မြန်မာပြည်ဖွတ်တက်ပြီဟု ရည်ညွှန်းရတော့မည်ဖြစ်ပါသည်။
ပြည်တွင်းသတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)

ဒေါ်အောင်ဆန်းစုကြည်မှ ရွေးကောက်ပွဲဥပဒေကို တရားစွဲ

ရန်ကုန်၊ ဧပြီ ၂၉။
ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ အမှတ်၂၅ ပါ ရက်ပေါင်း၆၀ အတွင်း ပါတီများ မှတ်ပုံတင် ခြင်းဆိုင်ရာ ဥပဒေ ကိုတားမြစ်ဝရမ်း ထုတ်ပေးရန် လျှောက်ထားစေခဲ့ပါသည်။
ထိုဥပဒေအရ နိုင်ငံရေးပါတီများသည် ရွေးကောက်ပွဲကော်မရှင်တွင် ဥပဒေစတင်ထုတ်ပြန်သည့်နေ့မှ ရက်၆၀ အတွင်းမှတ်ပုံတင်ရမည် ဖြစ်ပြီး မှတ်ပုံတင်ခြင်း မရှိသည့်ပါတီသည် အလိုလိုပျက်ပြယ်ပြီး ဖြစ်သည်ဟု ဆိုထားပါသည်။
NLD  ဥပဒေရေးရာ အဖွဲ့မှ ဦးကြည်ဝင်း၏ ပြောပြချက်အရ  ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲဥပဒေ အမှတ် ၅(က) နှင့် အမှတ် (၂၅) တို့ကို တားမြစ်ပေးရန် လျှေက်ထားခဲ့ခြင်းဖြစ်သည်ဟု ဆိုပါသည်။ 
 NLD ၏ ဗဟိုကော်မတီ အစည်းအဝေးမှ ထိုရွေးကောက်ပွဲ ဥပဒေများသည် တရားမျှတမှု မရှိဟု ဆိုကာ ရွေးကောက်ပွဲဝင်တော့မည် မဟုတ်ကြောင်း ထုတ်ပြန်ကြေငြာခဲ့ပါသည်။ ထိုဥပဒေအရ ဆိုညျှင် NLD ပါတီသည် လာမည့်မေလ ၆ ရက်နေ့ ရက်ပေါင်း ၆၀ ကျော်သည့်အခါတွင် တရားဝင်ပါတီ အဖြစ်မှ ရပ်စဲ ခံရမည့် အခြေအနေနှင့် ရင်ဆိုင်နေရပါသည်။
NLD ပါတီ ဥက္ကဌ ဦးအောင်ရွှေနှင့် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များသည် တရားဝင် လွတ်တော်ကုယ်စားလှယ်များဖြစ်သည်ဟု မြွက်ဟ ကြေငြာပေးရန်ကိုပါ လျှောက်ထားခဲ့သည်ဟု ဦးကြည်ဝင်း က ပြောပါသည်။ 
တရားရုံးချုပ်က သူတို့၏ လျှောက်ထားချက်ကို လက်ခံထားခဲ့ပြီး နောက်တနေ့ နေ့လည် ၁ နာရီတွင် လာရောက်ရန် အကြောင်းပြန်ခဲ့သည်ဟု ဦးကြည်ဝင်းက အင်တာဗျူး တခုတွင် ပြောပြခဲ့ပါသည်။
ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကို မတ်လ ၈ရက်နေ့က ထုတ်ပြန်ခဲ့ပြီး ထိုဥပဒေအရ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်သည် ပျက်ပြယ်ပြီး ဖြစ်သည်ဟု ဆိုပါသည်။ 
ပြည်တွင်းသတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)

4.29.2010

Burma's News and World's News

From left: European Central Bank President Jean-Claude Trichet, 
the International Monetary Fund head Dominique Strauss-Kahn and German 
Finance Minister Wolfgang Schaeuble, following a meeting with Ger
Photo: AP
From left: European Central Bank President Jean-Claude Trichet, the International Monetary Fund head Dominique Strauss-Kahn and German Finance Minister Wolfgang Schaeuble, following a meeting with German lawmakers in Berlin, 28 April 2010

Debt Crisis Spreads Beyond Greece

European, Asian stock markets down as concerns grow about debt crisis that affects Greece, Portugal and now Spain; US markets mixed
Full story » | Listen | Watch
A ship attempts to collect oil on the surface of the Gulf of 
Mexico (28 April 2010)
New estimates from US officials suggest the oil spillage in the Gulf of Mexico is five times worse than previously thought.
Map Cigarette packets lining shop shelves
At least 28 children and three adults are stabbed at a Chinese kindergarten, the third such attack in a month.
 
The Australian government is set to announce new rules banning logos and colour from cigarette packaging.
Mourning altar at Pyeongtaek naval base Gordon Brown as the clip is played
A mass funeral is held for 46 South Korean sailors who died when their warship sank after a mysterious explosion last month.
 
Gordon Brown prepares for the final TV debate amid negative headlines for calling a pensioner "bigoted" on the campaign trail.
Hamid Karzai PlayStation 3 (file)
The US defence department says a quarter of what it regards as key regions in Afghanistan support President Hamid Karzai.
 
A 16-year-old boy in Chile is charged with killing his elder brother in a fight over the use of a PlayStation games console.

Junta Secretary 1 in Singapore for Health Reasons

By WAI MOE
The Burmese junta’s Secretary-1, Gen Tin Aung Myint Oo, who has been absent at state ceremonies in April, is reportedly hospitalized in Singapore.

Bomb Explodes in Loikaw Police Station

By KO HTWE
An explosion in the Loikaw police station kills a man allegedly arrested for trying to place a bomb in a Loikaw market

Thai Authorities Fire at Protesters near Bangkok

By THANYARAT DOKSONE
Thai security forces and anti-government protesters clashed on the outskirts of Bangkok, with troops firing both over and then directly into a crowd. At least 10 protesters and one soldier were wounded.

Artist Harn Lay Wins Hellman/Hammett Grant

By LAWI WENG
Harn Lay, The Irrawaddy's illustrator and cartoonist, has won a Hellman/ Hammett grant for his political cartoons and art penned against the military regime in Burma.

Experts Warn of Cyclones, Storms in Burma

By KHAING THWE
People along Burma's western coastal areas should pay attention to weather reports of cyclones and storms in the Bay of Bengal during the early monsoon season in April and May.
Karen ceasefire group apparently defies junta orders
The Karen National Union/Karen National Liberation Army (KNU/KNLA) Peace Council, ...
New Mon State Party prepares for war
The New Mon State Party is making preparations in case war breaks out between ...

PM and cabinet ministers resign from military posts
Twenty-two of the junta’s cabinet ministers including Prime Minister Thein Sein ...
Pressure mounts on foreign energy firms in Burma to come clean
International pressure is mounting on multinational oil and gas companies operating ... Burmese get a whiff of UK elections thumbnail

Burmese get a whiff of UK elections

BBC targeting young Burmese 'who have never voted' in initiative aimed at showing the world how elections are done 'in a Western democracy' Karen army takes blame for grenade attack thumbnail

Karen army takes blame for grenade attack

Civilian casualities were 'unavoidable' in Tuesday's attack in Karenni state aimed at halting progress on a controversial dam Burmese blogger wins top US award thumbnail

Burmese blogger wins top US award

Nay Phone Latt honoured for 'paying the cost' of speaking out for the defence of freedom in Burma, one of the world's harshest media environments

A letter to Lt.Gen Ye Myint writing by KNU/KNLA Peace Council

Letter to Lt Gen Ye Myit (2)(3)Fin

ဆင်ဖြူတော်နှင့် ဘောင်းဘီချွတ်သူ

E-mail Print
ကြွက်စုတ်။     ။ တိုက်ပွဲကား တဖြည်းဖြည်း ပြင်းထန်လျက် ရှိလေပြီ။

ဖိုးရှုပ်။     ။ ဘာလဲဟ … ထိုင်းက ရှပ်နီ၊ ရှပ်ဝါ၊ ရှပ်ရောင်စုံတွေနဲ့ စစ်တပ်တွေလား။

ကြွက်စုတ်။     ။ မဟုတ် … လားလားမှ မဟုတ်။

ဖိုးရှုပ်။     ။ သြော်သိပြီ … နယ်ခြားစောင့်တပ် ဖွဲ့ဖို့ ပြောထားတဲ့ အပစ်ရပ်အဖွဲ့တွေနဲ့ နအဖ တပ်တွေလား။ ငါလည်း သိ … သိ။

ကြွက်စုတ်။     ။ နိုး … မဟုတ်။ တိုက်ပွဲကား တဖြည်းဖြည်း ပြင်းထန်သည်ထက် ပြင်းထန်လျှက် ရှိလေသည်။

ဖိုးရှုပ်။     ။ အင်း … ကြွက်စုတ် … နင်ပဲ ရူးသွားတာလား၊ ငါပဲ ကြောင်သွားတာလား ဟင်။

ကြွက်စုတ်။     ။ ငြိမ်ငြိမ်နေစမ်းပါ ဖိုးရှုပ်ရယ်။ အာရုံပျက်လိုက်တာ။ ငါ ဆြာတေကို အားကျလို့ စာရေးဆရာလုပ်မလို့ဟ။

ဖိုးရှုပ်။     ။ စာရေးဆရာ … ဟုတ်လား။ မွဲဆေးက ဖော်တော့မယ်။ စာရေးဆရာ ဘယ်လို လုပ်မှာလဲ၊ ဘယ်တော့ လုပ်မှာလဲ၊ ဘာကြောင့်လုပ်မှာလဲ၊ ဘယ်မှာလုပ်မှာလဲ။

ကြွက်စုတ်။     ။ မင်းကလည်း အခုမှ အခြေခံသတင်းစာ သင်တန်းပြီးထားမှန်း သိသာလိုက်တာ။ အခုပဲစာရေးဆရာ လုပ်မှာ … အခုကို စရေးနေပြီ၊ ပါးစပ်နဲ့။ ဒီခေတ်မှာ မြန်မာစာကို ဇော်ဂျီဖောင့်နဲ့ ရိုက်တတ်သူတိုင်း စာရေးဆရာ လုပ်လို့ရတယ်၊ ဂျီတော့မှာ ချက်ရွန်း ထိုင်သူတိုင်း စာရေးဆရာ လုပ်လို့ရတယ်၊ ဘလော့ရှိသူတိုင်း စာရေးဆရာ လုပ်လို့ရတယ်၊ ခေတ်မီသူတိုင်း စာရေးဆရာ လုပ်ကြတယ် …။ အဲဒီတော့ ငါလည်း စာရေးဆရာ လုပ်မှာပေါ့။

ဖိုးရှုပ်။     ။ ကဲပါ … စာရေးတာတော့ ဟုတ်ပါပြီ။ နင်က ဘာရေးမှာလဲ။

ကြွက်စုတ်။     ။ အင်တာနက်ပေါ်က တိုက်ပွဲခေါ်သံ ဆိုတဲ့ ဖြစ်ရပ်မှန် ဝတ္ထုရှည်ကြီးရေးမလို့ ...။ နင်လုပ်တာနဲ့ ငါ အာရုံ ပျက်သွားတာ။ ဘယ်ရောက်သွားပါလိမ့်။

ဖိုးရှုပ်။     ။ တိုက်ပွဲကား ပြင်းထန်သည်ထက် ပြင်းထန်ရာက တဖြည်းဖြည်း မယုံနိုင်လောက်အောင် ပြင်းထန်လာလေပြီ။ ဆက်ရေးတော့။

ကြွက်စုတ်။     ။ အေး ဟုတ်တယ် ...။ ဆက်ရေးမယ်။ ထိုသို့ လေလှိုင်း … လျှပ်လှိုင်း … ဒီဂျစ်တယ် လှိုင်း … အင်တာနက် … အင်တာဖြူ … အင်တာပြာ များပေါ်တွင် ပြင်းထန်စွာ တဘက်နှင့် တဘက် … အော်ဆဲသူကဆဲ … စကားလုံးနှင့် နရင်းရိုက် သူကရိုက် … ဗုံးထောင်သူကထောင် … ဗုံးကြဲသူက ကြဲ ဖြစ်ချင်တိုင်း ဖြစ်နေကြချိန်၌ … ၌ … ၌ ...။

ဖိုးရှုပ်။     ။ ဘယ်သူနဲ့ ဘယ်သူဖြစ်တာလဲဟ။

ကြွက်စုတ်။     ။ ခက်ပါလား … ပို့စ်မော်ဒန်နည်းနဲ့ ရေးထားတာ။ ဘယ်သူနဲ့ ဘယ်သူဖြစ်တယ် ဆိုတာ နောက်တော့ တဖြည်းဖြည်း သဘောပေါက်လာလိမ့်မယ် ...။ မထူးပါဘူးကွာ … ပြောပြမယ်။ နအဖ ဆွေမျိုးနီးစပ် တွေနဲ့ အင်တာနက် နိုင်ငံရေး သမားတွေ ဖြစ်တာ။

ဖိုးရှုပ်။     ။ အင်းအင်း … သိပြီ ဆက်ပြော။

ကြွက်စုတ်။     ။ ဘယ်ရောက်သွားပါလိမ့် … သိပြီ။ ထိုသို့ ဖြစ်ချင်တိုင်းဖြစ်နေ ကြချိန်၌ တခုသော လုံခြုံရာအရပ် ကြပ်ပြေး နေပြည်တော်ကြီးတွင် … အောက်လမ်း နည်းပညာများကို တဘက်ကမ်းခတ် ကျွမ်းကျင်သူ တပ်ချုပ်ကြီးမှာ ဇနီးသည် အကူအညီယူ၍ ယတြာ စစ်မျက်နှာသစ် တခု ဖွင့်ရန် အပြင်းအထန် အားထုတ်နေတော့သည်။ ဒန်တန့်တန် ...။

ဖိုးရှုပ်။     ။ အောင်မယ် … မင်းဟာက တယ်ဟုတ်ပါလား။

ကြွက်စုတ်။     ။ ဟုတ်ဆို … စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ် ရေးတဲ့ နှစ်လောက တိုက်ပွဲဆိုတဲ့ စာအုပ်ထဲကနေ ခိုးချထားတာ ကိုးဟ။ အဲဒီစာအုပ်ထဲမှာက ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျာမန်နဲ့ မဟာမိတ်တပ်တွေ ရေပြင်၊ မြေပြင်၊ လေပြင်မှာ တိုက်ပွဲ ဖြစ်နေ ကြတုန်း သူတို့ရဲ့ ဝိညာဉ်လိပ်ပြာတွေအချင်းချင်း စုန်းအတတ်၊ မှော်အတတ်တွေနဲ့ ပုံစံအမျိုးမျိုးလုပ်ပြီး တိုက်ကြတဲ့အကြောင်း ရေးထားတာ … အဟဲ။

ဖိုးရှုပ်က ကြွက်စုတ်ကို မျက်စောင်း ထိုးလိုက်သည်။ ထိုစဉ် သူတို့လေပေါနေရာ ချင်းမိုင်ကျုံးနဘေးသို့ ဦးရုက္ခစိုးပါ ရောက်လာလေသည်။ ဦးရုက္ခစိုးမှာ နတ်ဖြစ်သောကြောင့် ကြွက်စုတ်၏ အကြံအစည် အားလုံးကို သိထားပြီးဖြစ်ရာ ပြန်လည် ရှင်းပြစရာ မလိုတော့ပေ။ ဦးရုက္ခစိုး နောက်တွင် ချိုကုပ်ဒူးကြီးလည်း ပါလာသည်။ ကြွက်စုတ် စကားကို နားစွန်နားဖျား ကြားလိုက်သည့် ချိုကုပ်ဒူးကြီးက အငမ်းမရမေးတော့သည်။

ချိုကုပ်။     ။ ဟာ … အရမ်း စိတ်ဝင်စားတယ် ကြွက်စုတ်ရာ … မင်းရေးထားတဲ့ စာအုပ်လား ...။ ပေးဖတ်စမ်းပါဦး။

ဖိုးရှုပ်။     ။ သူရေးတဲ့ စာအုပ်က ထွက်ဖို့ နေနေသာသာ တလုံးတောင် မရေးရသေးဘူး။ ခုမှ သူများရေးတာကို ခိုးချဖို့ လုပ်တုန်း။ ဒါနဲ့ … ချိုကုပ်ဒူးကြီးက ဘယ်က ဘယ်လို ချင်းမိုင်ရောက်လာတာလဲ။ မနေ့ကတင် နေပြည်တော်မှာ ကဆုန်ညောင်ရေ သွန်းနေတာ မဟုတ်လား။

ချိုကုပ်။     ။ ဟုတ်တယ်လေ။ မနေ့ကတင် ကဆုန်ညောင်ရေသွန်းတယ်။ ဒီမနက် ဆင်ဖြူတော်စီးပြီး ချင်းမိုင်လာတယ်။ဦးရုက္ခစိုးဆီက ယတြာလေး ဘာလေး ရမလား လာတောင်းတာ။ ကွိုင်ကွိုင်က လွှတ်လိုက်တာလေ။

ကြွက်စုတ်။     ။ မဖြစ်နိုင်တာဗျာ။ ဆင်ဖြူတော်နဲ့ ဘယ်လိုလုပ် ချင်းမိုင်ရောက်မှာလဲ။ လေယာဉ်စီးလာတာ မဟုတ်လား။

ရုက္ခစိုး။     ။ ခက်ပါ့ ကြွက်စုတ်ရယ်၊ မင်းကို ရှင်းရတာက တမျိုး။ ဆင်ဖြူတော်ဆိုတာ လေယာဉ်ရဲ့ နာမည်ကို ပြောတာဟ။ သူ့ဗေဒင်ဆရာက သူ့ကို အဲဒီလိုပဲ ပြောရမယ်လို့ မှာထားတာ။

ချိုကုပ်။     ။ ဟုတ်တယ် … ဟုတ်တယ်။ ဆင်ဖြူတော် ပိုင်သတော်မူသော မင်းတြားကြီးပေါ့။ ဟဲဟဲ။

ဖိုးရှုပ်။     ။ ဆင်ဖြူတော်ဆိုတာ မင်းကျင့်တရား ၁၀ ပါးနဲ့ အညီ အုပ်ချုပ်တဲ့ မင်းတွေဆီကို အလိုလို ရောက်လာတတ်တာတဲ့ … ကြားဖူးတာပဲ။ ချိုကုပ်ဒူးကြီးဆီကိုကော ဒီဆင်ဖြူတော်လေယာဉ်က ဘယ်လို ရောက်လာတာလဲ။

ချိုကုပ်။     ။ ဝယ်လိုက်တာလေ ...။ အဲ … အလိုလို ရောက်လာတာပေါ့။ ကျုပ်လည်းမင်းကျင့်တရား ၁၀ ပါးနဲ့ အညီအုပ်ချုပ်တာပဲ။ သူတော်ကောင်းမင်းဗျ၊ ဘာမှတ်လဲ။ ၉ ပါးသီလကို ၉ စက္ကန့် စောင့်ထားတာ။ ကဲ ဦးရုက္ခစိုး … ယတြာပေးတော့။

ရုက္ခစိုး။     ။ ကျုပ်က ယတြာပေးရအောင် ဗေဒင်ဆရာလည်း မဟုတ်ဘူး။ ကိုယ့်ဘာသာ အေးအေး နေစမ်းပါရစေဗျာ။

ချိုကုပ်။     ။ ဟာ … ပေးပါ ဦးရုက္ခစိုးရယ်။ ခု ဆို ကျုပ် နိုင်ဖို့ ဘာမှ မလိုတော့ဘူး။ လမ်းပျောက်မြေပုံက တဖြည်းဖြည်း ပုံပေါ်နေပြီ။ အခု … သိန်းဂိန်ကိုလည်း ဘောင်းဘီ ချွတ်လိုက်ပြီ။ နောက်ထပ် နည်းနည်းဆို နိုင်ပြီ။

ကြွက်စုတ်။     ။ ဒီအရွယ်ကြီး ရောက်မှ ဘောင်းဘီချွတ်တာ မရှက်ဘူးလားဗျာ။ အဲဒါကော ယတြာပဲလား။

ချိုကုပ်။     ။ အာ ဘောင်းဘီချွတ်တယ် ဆိုတာက ဗိုလ်သိန်းဂိန်ကနေ ဦးသိန်းဂိန်လုပ်လိုက်တာ။ ယတြာချေတာ မဟုတ်ဘူး။ တကယ်ချွတ်တာ။

ဖိုးရှုပ်။     ။ သူ ဘောင်းဘီချွတ်တာကလည်း ခိုးကြောင် ခိုးဝှက်နဲ့ပါလားဗျ။ ကြေလည်း မကြေညာပါလား။

ချိုကုပ်။     ။ မကြေညာဘူး ဆိုတာက သူက ရှက်တတ်တယ်လေ။ လူရှေ့သူရှေ့ သိပ်ထွက်ချင်တာ မဟုတ်ဘူး။ သူ့ ထိပ်ကြီးကလည်း အရမ်းပြောင်နေတယ် မဟုတ်လား။

ရုက္ခစိုး။     ။ ဟင် … ဘာမှလည်း မဆိုင်ဘူး။

ချိုကုပ်။     ။ ဆိုင်တော့ မဆိုင်ဘူးပေါ့။ ဒီလိုပဲ လျှောက်ပြောရတာပေါ့ ...။ တကယ်တော့ ကျုပ်လည်း နည်းနည်း ရှက်လို့ပါ။ အဟီး။ ကျုပ်တို့လုပ်မယ့်ဟာတွေ အားလုံး လူတွေက ကြို ကြိုသိနေတာ ဆိုတော့လေ ... နည်းနည်း ပြောင်များ ကျနေမလားလို့။ အဲဒါနဲ့  ဆော်ကြမ်း ကို မြန်မာ့အမှောင်မှာ မသိမသာလေး ပြောင်းရေးပေးဖို့ ပြောလိုက်တာပါ။

ရုက္ခစိုး။     ။ မှတ်သားလောက်ပါပေ့ဗျာ။

ချိုကုပ်။     ။ မှတ်သားလောက်ရင် ယတြာပေးတော့ဗျာ။ ကျုပ်နောက်ကျနေရင် ကွိုင်ကွိုင်က ဆူဦးမယ်။

ကြွက်စုတ်။     ။ နေပါဦးဗျ။ ဦးသိန်းဂိန် ဘောင်းဘီချွတ်ပြီးတော့ ဘာဆက်လုပ်မှာလဲ။

ချိုကုပ်။     ။ ဘောင်းဘီချွတ်ပြီးတော့ အတွင်းခံပါ ချွတ် … အာ ယောင်ကုန်ပြီ။ ဘောင်းဘီချွတ်ပြီး ပုဆိုးဝတ်ပေးမှာပေါ့။ ပြီးရင် ရွေးကောက်ပွဲဝင် … သမ္မတလုပ်။ ဒါပဲလေ။ သိန်းဂိန်တင်မကဘူး တခြားချိုကုပ်တွေကိုလည်း ဘောင်းဘီချွတ်ပြီး ပုဆိုးဝတ် ပေးမလို့ နေပြည်တော်မှာ ပုဆိုးတွေဝယ်စုနေတယ်။

ရုက္ခစိုး။     ။ အဲဒါက သိပြီးသား ဇာတ်လမ်းဟောင်းကြီးပဲ။ ဘာယတြာလိုသေးလို့လဲ။ NLD လည်း မရှိတော့ဘူး။ ခင်ဗျားပဲ နိုင်မှာပဲဟာ။

ချိုကုပ်။     ။ ဒါတော့ ဒါပေါ့ ဦးရုက္ခစိုးရယ် … ဒါပေမယ့် ခုနက ကြွက်စုတ်ပြောသလို … ဟိုဘက်က အတိုက်အခံတွေ၊ နိုင်ငံရေး သမားတွေ၊ သူတို့ အမျိုးတွေ၊ သားမြေးတီတွတ် ကျွတ်တွေက ကျုပ်ကို အောက်လမ်းတွေ၊ ၁၂ ကြိုးတွေ … ဇော်ကနီ၊ ဇော်ကနက်တွေနဲ့ တိုက်ရင် ဘယ်လို လုပ်မလဲ။ နည်းနည်းတော့ ကာဗာ လုပ်ထားမှ ဖြစ်မယ်။ ပွဲက ပြီးခါနီးလေ … တခုခု မှားမှာ ကြောက်လေပဲ။ ယတြာကောင်းရင် မင်းတောင် အလောင်းဖြစ်ဆိုလား ဘာလား ရှိတယ်မဟုတ်လား။

ဖိုးရှုပ်။     ။ ချိုကုပ်ဒူးကြီးမှာလည်း ဗေဒင်ဆရာတွေ ရှိတယ်မဟုတ်လား။ သူတို့က မပေးဘူးလား။

ချိုကုပ်။     ။ သူတို့ ရှိတော့ ရှိတာပေါ့လေ။ ဒါပေမယ့် ခေတ်မီသွားအောင် နိုင်ငံခြားက ယတြာလေး လိုချင်လို့ပါ။

ကြွက်စုတ်။     ။ ပြောမရရင်လည်း ပေးလိုက်ပါတော့ ဦးရုက္ခစိုးရယ်။

ရုက္ခစိုး။     ။ အင်း မပေးရင်လည်း ပြန်မယ့်ပုံမပေါ်ဘူး။ ကဲကဲ ဒီလိုလုပ် … ချိုကုပ်ဒူးကြီးဆီမှာ ဆင်ဖြူတော် အစစ်ရှိလား။ လေယာဉ်ပျံတွေ ပြောတာမဟုတ်ဘူးနော်။

ချိုကုပ်။     ။ မရှိဘူးလေ။ ဖင်တွန့်ရှာထားတာပဲ ရှိတယ်။ အဲဒီ ဆင် ၃ ကောင်နဲ့တော့ မပတ်သက်ချင်လို့ မင်းဓမ္မကုန်းဘက် သွားတောင် မသွားဘူး။

ရုက္ခစိုး။     ။ အင်း ဒါဆို ကိုယ့်ဘာသာ တွေ့အောင်ရှာပေါ့။ တွေ့ရင် … အဲဒီဆင်ဖြူတော် ပါထားတဲ့ အီးတုံး ၃ တုံးကို တကြိမ်တည်းနဲ့ အာမထိ လျှာမထိ မြိုပြီး … အောင်ပြီ … အောင်ပြီ … လို့ ၃ ခါတိတိအော် … ။ ဒါပဲ။ 

ပြောပြောဆိုဆိုနှင့် ဦးရုက္ခစိုး ကိုယ်ရောင်ဖျောက်ကာ ထွက်သွားသည်။ ချိုကုပ်ဒူးကြီးက “အဲဒီလို လုပ်ရင် ဘာဖြစ်မှာလဲ ဦးရုက္ခစိုး” ဟု လှမ်းမေးသည်ကိုလည်း ပြန်မဖြေတော့ပေ။ မည်သို့ပင်ဆိုစေကာမူ ချိုကုပ်ဒူးကြီးမှာ သူလိုချင်သည့် ယတြာရပြီ ဖြစ်သောကြောင့် ပျော်ရွှင်စွာဖြင့် ဆင်ဖြူတော်လေယာဉ်စီးကာ ဌာနေပြန်သွားလေတော့၏။

ထိုနေ့မှစ၍ နေ့စဉ် သတင်းများထဲ၌ ချိုကုပ်ဒူးကြီးတယောက် ဆင်ဖြူတော်ကို တောနင်း ရှာဖွေနေကြောင်း၊ ဆင်ဖြူတော် မတွေ့ပါက ဆင်မည်းတကောင်ကို ထုံးသုတ်ကာဝမ်းနှုတ်မည် ဖြစ်ကြောင်း ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ ဖတ်ရှုနေရ လေတော့သည်။

“ထွေရာလေးပါး” သည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းမှန်များအပေါ် အခြေခံ ရေးသား ထားခြင်း မဟုတ်ပါ။

မြန်မာ့သတင်းကမ္ဘာ့သတင်း

A Wa family gather outside their hut at a relocation site arranged
 by the Myanmar government near Keng Tung town in Shan State-AP

အစိုးရတပ်တွေက ထိုးစစ်ဆင်လာမလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ ရှမ်းပြည်နယ်ထဲက ၀နဲ့ ကိုးကန့် အပါအ၀င် တိုင်းရင်းသား တော်တော်များများ ထိုင်း၊ မြန်မာ နယ်စပ်ဘက်ကို ထောင်နဲ့ချီပြီး ထွက်ပြေးနေကြပါတယ်။
A Thai soldier aims his weapon during clashes with anti-government
 protesters on Wednesday April 28, 2010, on the outskirts of Bangkok, 
Thailand-AP
Junta leader Senior Gen. Than Shwe, send off Prime Minister Gen. 
Thein Sein, left, who leaves for Thailand, Oct 22, 2009-AP
ဘိုကလေးမြို့နယ်၊ မလော့ကျေးရွာက လယ်သမားများကို ဒေသခံအာဏာပိုင်နဲ့ လုပ်ငန်းရှင်တို့က မတရားဖိနှိပ်
သတင်းရင်းမြစ် - ဦးအေးမြင့် (လမ်းပြကြယ်)
မိုးမခအထောက်တော် ၀၀၃
ဧပြီ ၂၈၊ ၂၀၁၀
ဘိုကလေးမြို့နယ်၊ မလော့ကျေးရွာလူထု စုပေါင်းဆောက်လုပ်ထားသော ထွန်းနိုင်တမံအမည်ရှိ ၂၅ ပေ တူးမြောင်းကို ငါးလုပ်ငန်းရှင် ကိုရင်ထွေး၊ မရင်ထွေး မောင်နှမ နှစ်ဦးက ဒေသခံရဲများနဲ့ ပေါင်းပြီး ဖောက်ဖျက်ပစ်ခဲ့သည်။ သို့အတွက် တမံအောက်ဖက်ရှိ လယ်သမား ၂၄ ဦးမှာ စိုက်ပျိုးရန် မဖြစ်နိုင်တော့ဘဲ လယ်များ ပျက်စီးကုန်ကြသည်ဟု သိရသည်။

အပြည့်အစုံသို့ ...
 

မြန်မာပြည်သားတို့၏ ပြည်သူ့ဂုဏ်ရည် ဆုချီမြှင့်ခြင်း အခမ်အနား မြင်ကွင်းနဲ့ အသံများ
မိုးမခအထောက်တော် ၀၀၁
ဧပြီ ၂၉၊ ၂၀၁၀
ဧပြီလ ၂၄ ရက်က ကျင်းပခဲ့သော ပြည်ပရောက် မြန်မာပြည်သားများ စုစည်း စီစဉ်မှုဖြစ်သော ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားကို ပြည်တွင်း ပြည်ပရှိ မြန်မာမိသားစုများ ပရိသတ်များက အားပါးတရ စောင့်ကြည့် အားပေးခဲ့ကြသည်ကို တွေ့ရသည်။
အပြည့်အစုံသို့ ...
 


ကာတွန်းမောင်ရစ် - ဟန်လေးသို့ ကာတွန်းနှင့် ဂုဏ်ပြုခြင်း
ဧပြီ ၂၉၊ ၂၀၁၀
ကာတွန်းဇော်မှိုင်း (ဥက္ကလံ) - စစ်အာဏာရူးတို့၏ ဓာတ်ပြားဟောင်းကြီးများ
ဧပြီ ၂၈၊ ၂၀၁၀


ဆူးလေဘုရားက ကဆုန်လပြည့် ညောင်ရေသွန်းပွဲ မြင်ကွင်း

ဧပြီ ၂၈၊ ရန်ကုန်
မိုးမခ ဓာတ်ပုံသတင်း
နှစ်စဉ် မြန်မာပြက္ခဒိန် ကဆုန်လပြည့်နေ့မှာ မြန်မာနိုင်ငံ ရှိ ဘုရားများ၊ ကျောင်းများမှာရှိတဲ့ ညောင်ပင်တွေမှာ ရေလောင်းပြီး ဆုတောင်းကြပါတယ်။ ဂေါတမ ဗုဒ္ဓဖြစ်လာမယ့် ဘုရားလောင်း မွေးဖွားသန့်စင်တဲ့ နေ့ကို ဗုဒ္ဓနေ့လို့ ခေါ်ဆိုပြီး နေ့ထူးနေ့မြတ် အဖြစ်သတ်မှတ်ထားခဲ့ကြပါတယ်။
အပြည့်အစုံသို့ ...
 

ဗိုလ်ချုပ်ကြီးသိန်းစိန် အဖြစ်မှ ဦးသိန်းစိန်ဘ၀သို့ ပြောင်းပြီ
ဓာတ်ပုံသတင်း
ဧပြီ ၂၈၊ ၂၀၁၀ ယနေ့ထုတ် သတင်းစာများတွင် စစ်အစိုးရ ၀န်ကြီးချုပ် အမည်ကို ဦးသိန်းစိန် ဟု ဖော်ပြထားသည်။ ၀န်ကြီးအများအပြား စစ်ရာထူးမှ နှုတ်ထွက်ရသည်ဟူသော သတင်း ထွက်ပေါ်လာပြီး နောက်တနေ့တွင် ထိုသို့ ဖော်ပြထားခြင်း ဖြစ်သည်။
ထိုအပြောင်းအလဲနှင့် ပတ်သက်ပြီး NLD ခေါင်းဆောင်တဦး ဖြစ်သူ ဦးဝင်းတင်က RFA သတင်းဌာနကို "နောက်လာမဲ့ အစိုးရဆိုတာလည်း နောက်ဆုံးကျတော့ ငါတို့ပဲကွလို့ ပြောတဲ့ဟာပဲ။ ဘာနဲ့ တူလဲ ဆိုတော့ ဟိုတုန်းက ကျွန်တော်တို့ ပြောလေ့ ပြောထရှိတဲ့ ဘောင်းဘီ ချွတ်ပြီးတော့ တောင်ရှည်ဝတ်တယ် ဆိုတာမျိုးပေါ့ဗျာ၊ ဟုတ်လား၊ အဲ ကက်ဦးထုပ် ဖြုတ်ပြီးတော့ ခေါင်းပေါင်း ဆောင်းတယ် ဆိုတာမျိုးပဲ၊ ဒါပဲ လုပ်တာပဲ။ အဲဒီတော့ အမှန်အတိုင်း ပြောရရင် အဲဒါ ဘာပြလဲ ဆိုတော့ နောက်လာမဲ့ နိုင်ငံရေးမှာ စစ်တပ်ဟာ ဒီ ၂၅ ရာခိုင်နှုန်း ဆိုတာလောက်တင် မကဘူး၊ တဖြစ်လဲတွေကလည်း အများကြီး ရှိဦးမယ်၊ တဖြစ်လဲတွေရဲ့ နိုင်ငံရေးပဲ ဖြစ်မှာပဲ" ဟု ယမန်နေ့က မှတ်ချက်ပေးခဲ့သည်။ စစ်အစိုးရက ဤပြောင်းလဲမှုအကြောင်းကို ရေငုံနေဆဲဖြစ်သည်။


  စိုးမိုး/ ၂၈ ဧပြီ ၂၀၁၀

“မေလလောက်ဆိုရင် သူတို့ ပါတီဖွဲ့မယ့် သဘောရှိတယ်။ မေလ (၆) ရက်နေ့ အန်အယ်လ်ဒီက စာရင်းမသွင်းဘူးဆိုလို့ရှိရင် သူတို့လိုချင်တဲ့ပုံစံ သူတို့ လုပ်တော့မှာပေါ့နော်။ အဲဒီအတွက် အဆင်သင့်ဖြစ်အောင် ဦးသိန်းစိန် ဆိုပြီးတော့ စစ်တပ်က နားလိုက်တာပေါ့နော်။ အဲဒီအတွက် ပြင်တာပါ.... ” အပြည့်အစုံသို့

ကရင်ငြိမ်းချမ်းရေးကောင်စီ စခန်းအနီး နအဖတပ်များ စစ်ရေးပြ

ရဲရင့်/ ၂၈ ဧပြီ ၂၀၁၀
“ခလရ (၂၇၅) နားက အမြောက်တပ်မှာလည်း (၁၂၀) အမြောက်နဲ့ အခြားလက်နက်ကြီးတွေ ဆင်ထားတယ်။ အမြောက်တပ်ကလူတွေ ပြောတာကတော့...” အပြည့်အစုံသို့
ဧရာဝတီမြစ်ဆုံ ဗုံးပေါက်ကွဲမှု ဒေသခံများ စစ်ဆေးခံနေရ
ခိုင်လင်း/ ၂၈ ဧပြီ ၂၀၁၀
“ဗုံးခွဲတဲ့သူတွေကို သိသလား၊ ဘယ်သူလို့ထင်သလဲ၊ ဒီရွာကို ဘယ်သူတွေ လာသွားသလဲလို့ မေးတာတဲ့။ အဘိုးကြီးတွေ၊ အဘွားကြီးတွေကျတော့ ...” အပြည့်အစုံသို့
ရန်ကုန်မြို့ခံများ အပူဒဏ် ဆိုးရွားစွာ ခံစားရ
မျိုးဝင်းဇော်/ ၂၈ ဧပြီ ၂ဝ၁ဝ
“ရန်ကုန်မှာ ရာသီဥတု ပူတာအပြင် မီးမလာလို့ တမြို့လုံးအနှံ့ နှိုးထားတဲ့ မီးစက်တွေက ထွက်လာတဲ့ အပူငွေ့တွေ၊ ကားအိုကားဟောင်းတွေက ထွက်တဲ့ ...” အပြည့်အစုံသို့
ရွှေတိဂုံ ကဆုန်ညောင်ရေသွန်းပွဲတော်ယခင်နှစ်များလောက် မစည်ကား

အောင်ထက်/၂၈ ဧပြီ ၂၀၁၀
“အရပ်ဝတ်လုံခြုံရေးတွေလည်း အများကြီး ရှိနေတယ်။ ဒါပေမယ့် ဘုရားဖူး ...” အပြည့်အစုံသို့
နောင်အရှည်မှန်းလို့ အောင်သပြေကမ်းစို့
ဇင်လင်း/ ၂၉ ဧပြီ ၂၀၁၀

“ပြည်သူလူထုအတွက် ကျမ အလိုချင်ဆုံးကတော့ စစ်မှန်တဲ့ လွတ်လပ်ခွင့်အောက်မှာ လုံလုံခြုံခြုံနေရဖို့နဲ့ စစ်မှန်တဲ့ လုံခြုံမှုအောက်မှာ လွတ်လွတ်လပ်လပ် နေထိုင်နိုင်ဖို့ပါပဲ။ အကြောက်တရားကြီးစိုးမှု အနှောင်အဖွဲ့တွေကို ဖယ်ရှားနိုင်တဲ့ လူထုအဖြစ် ကျမ မြင်တွေ့လိုပါတယ်။ လွတ်လပ်တဲ့ လူသားတွေအဖြစ် မြန်မာပြည်သူတွေ ခေါင်းမော့ရင်ကော့နေနိုင်တာကို ကျမ မြင်တွေ့လိုပါတယ်။ ကျမတို့အားလုံးအတွက်...” အပြည့်အစုံသို့
 


အမျိုးသားချင်း လက်ထပ်သူ လူမှုရေးအဖွဲ့မှ အထုတ်ခံရ

အမျိုးသားချင်း လက်ထပ်သူ လူမှုရေးအဖွဲ့မှ အထုတ်ခံရ

အမျိုးသား အချင်းချင်း လက်ထပ် ထားသည့် ကရင် တိုင်းရင်းသား အဆိုတော် တဦးကို ရန်ကုန် အခြေစိုက် Klo and Kweh ဖောင်ဒေးရှင်းက အဖွဲ့ဝင်အဖြစ်မှ မကြာသေးမီက ထုတ်ပယ်ပြီး
ဗိုလ်ချုပ်ကြီး သီဟ သူရ တင်အောင်မြင့်ဦး စင်္ကာပူတွင် ဆေးကုနေရ

ဗိုလ်ချုပ်ကြီး သီဟ သူရ တင်အောင်မြင့်ဦး စင်္ကာပူတွင် ဆေးကုနေရ

စစ်အစိုးရ အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး ကျန်းမာရေး မကောင်းသည့် အတွက် စင်္ကာပူ နိုင်ငံတွင် ဆေးကုသမှုခံယူ နေရကြောင်း ရန်ကုန် သံတမန် အသိုင်းအ၀ိုင်းမှ

နာမည်ကြီး စီးပွားရေး လုပ်ငန်းရှင်ကြီးများ ရွေးကောက်ပွဲ ၀င်ရန်ရှိ

လာမည့် ရွေးကောက်ပွဲတွင် စစ်အစိုးရနှင့် နီးစပ်သည့် နာမည်ကြီး စီးပွားရေး လုပ်ငန်းရှင်ကြီးများ ပါဝင်ယှဉ်ပြိုင် လိမ့်မည်ဟု ရန်ကုန် စီးပွားရေး လုပ်ငန်းရှင်များ အသိုင်းအ၀န်းတွင် ပြောဆိုနေ

ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်၏ ဆင်ဖြူများ လျစ်လျူရှုခံထားရ

ထောက်လှမ်းရေး ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်၏ ညွှန်ကြားချက်ဖြင့် ရှာဖွေဖမ်းဆီး ရမိခဲ့သော ဆင်ဖြူတော် အမျိုး အနွယ်ဝင် ဆိုသည့် ဆင် ၃ ကောင်မှာ ယခုအခါ စစ်အစိုးရ

ကာတွန်းဟန်လေးကို HRW အဖွဲ့ ဂုဏ်ပြု

နယူးယောက် အခြေစိုက် လူ့အခွင့် အရေး လေ့လာ စောင့်ကြည့်ရေး အဖွဲ့ (HRW) က ချီးမြှင့်သည့် ယခုနှစ်အတွက် ဂုဏ်ပြုဆုရရှိသူ စာပေ အနုပညာရှင် များထဲတွင် ကာတွန်းဆရာ ဟန်လေး

လွိုင်ကော် ရဲစခန်းမှာလည်း ဗုံးကွဲ

ကယားပြည်နယ် လွိုင်ကော်မြို့ရှိ ရဲစခန်းတွင် ယမန်နေ့က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ဒေသခံတဦး သေဆုံးသွားကြောင်း သိရသည်။ လွိုင်ကော်မြို့ရှိ တောင်ဈေးထဲတွင် ဗုံးခွဲရန် စီစဉ်နေသူ

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၉ ပါးသီလ စောင့်ထိန်း

ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်ဇနီး ဒေါ်ကြိုင်ကြိုင်တို့ ၉ ပါးသီလကိုခံယူ ဆောက်တည်ခြင်းသည် အဓိကအားဖြင့် ယတြာ ချေခြင်း ဖြစ်ကြောင်း  သံဃာတော်များက ဆိုသည်။

ဝန်ကြီးချုပ် သိန်းစိန် ခေါင်းဆောင်သည့် ကြံ့ဖွံ့ နိုင်ငံရေးပါတီ ထောင်ပြီ

စစ်အစိုးရ ကျောထောက် နောက်ခံပြုထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း(ကြံ့ဖွံ့)ကို လာမည့်ရွေးကောက်ပွဲ တွင် ၀င်ရောက်ယှဉ်ပြိုင်ရန်အတွက် ပြီးခဲ့သည့် သောကြာနေ့က နိုင်ငံရေးပါတီ အဖြစ် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။



စစ်အစိုးရ ရာဇသံကို ငြိမ်းချမ်းရေးကောင်စီ ငြင်းဆန်
အပစ်ရပ် ကရင်အမျိုးသား အစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် ...
ကွတ်ခိုင်တပ်သို့ ဗုံးခြိမ်းခြောက်စာရောက်
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့အခြေစိုက် ခြေလျင်တပ်ရင်း - ခလရ ၄၅ သို့ ဗုံးခွဲတိုက်ခိုက်မှု ...

အေးရှားဝေါလ် ဆည်စီမံကိန်း လုပ်သား ၄ ဦး ဒဏ်ရာရ
ကရင်အမျိုးသား အစည်းအရုံးတပ်များက ပစ်ခတ်လိုက်သော လက်နက်ကြီးများ ထိမှန်မှု ...

NLD အလံ သုံးလျှင် ဦးခင်မောင်ဆွေ ကန့်ကွက်မည်
မေလ ၆ ရက်နေ့နောက်ပိုင်း NLD လူမှုရေးလုပ်ငန်း လုပ်ကိုင်သည့်အခါ ပါတီအမည်နှင့် အလံအား ...



more



more



more



more



more



more



more



more



more



more

ကချင်လွတ်မြောက်ရေးအဖွဲ့ ဗိုလ်ချုပ်သိန်းဇော်နဲ့တွေ့
မြစ်ဆုံဗုံးကွဲမှု၊ ပတ်ဝန်းကျင် ရွာသားများ ဖမ်းဆီးစစ်ဆေးခံနေရ
ဗုဒ္ဒဘာသာ ကရင်တပ်ဖွဲ့အချို့ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးသဘောတူ
အသေခံဗုံးခွဲမှု လွိုင်ကော် ရဲစခန်းမှာ ဖြစ်ပွား




လွိုင်ကော်ရဲစခန်း ဗုံးပေါက်ပွဲမှု မှတ်တမ်းဓါတ်ပုံများ