

မဲဆောက်မြို့၌ ကျင်းပပြုလုပ်သည့် နှစ် (၁၂၀) ပြည့် မေဒေးနေ့အခမ်းအနား များ (ဓာတ်ပုံသတင်း)
လူထုတိုက်ပွဲကော်မတီ (၂၀၁၀) နှင့် မြန်မာနိုင်ငံအလုပ်သမားသွေးစည်းညီညွတ်ရေးအဖွဲ့ (BLSO) တို့
ပူးတွဲကျင်းပသည့် နှစ် (၁၂၀) ပြည့် မေဒေးနေ့အခမ်းအနား
ဓာတ်ပုံ - ကိုလတ်
ပူးတွဲကျင်းပသည့် နှစ် (၁၂၀) ပြည့် မေဒေးနေ့အခမ်းအနား
ဓာတ်ပုံ - ကိုလတ်
JACBA အလုပ်သမားအဖွဲ့မှ ကျင်းပပြုလုပ်သည့် နှစ် (၁၂၀) ပြည့် မေဒေးနေ့အခမ်းအနား
၁၂၀-ကြိမ်မြောက် မေဒေးနေ့အခမ်းအနား မဲဆောက်မှာ ကျင်းပ…
`(၁၂၀) ကြိမ်မြောက် မေဒေးနေ့´ အခမ်းအနားနဲ့ ပျော်ပွဲရွှင်ပွဲတွေကို ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့မှာ နေရာ (၃)နေရာခွဲပြီး ကျင်းပကြတာတွေ့ရပါတယ်။ အခု တင်ပြမယ့် သတင်းဓာတ်ပုံထဲမှာတော့ ထိုင်းရှေ့ နေများကောင်စီ ဥပဒေအထောက်အကူပြုဌာန (LLC)က တာဝန်ခံပြီး `မြန်မာရွှေ့ပြောင်း အလုပ်သမားများ အကျိုး ဆောင်ကော်မတီ´ကနေကြီးမှူး ကျင်းပတဲ့ အခမ်းအနားတစ်ခုဖြစ်ပါတယ်။
ထိုင်းဘုရင်မင်းမြတ်အတွက် စုပေါင်းဆုမွန်ကောင်း တောင်းကြခြင်း၊ တစ်နေ့အလုပ်ချိန်(၁၀)နာရီရရှိရေးနဲ့ တစ်နေ့အလုပ်ချိန် (၈)နာရီရရှိရေးတိုက်ပွဲများမှ အသက်ဆုံးရှုံးသွားရတဲ့ အမေရိကန်ပြည် အလုပ်သမားများအား ၀မ်းနည်းခြင်းအထိမ်းအမှတ် အနေနဲ့ စုပေါင်းဦးညွတ် အလေးပြုကြခြင်း၊ ထိုင်းအလုပ်သမားဥပဒေပါ အလုပ်သမားအခွင့်အရေးဆိုင်ရာ ဥာဏ်စမ်းပဟေဠိ မေးခွန်းများမေးမြန်းခြင်း၊ ဖြေကြားခြင်းနဲ့ ဆုချီးမြှင့်ခြင်း၊ ယိမ်းအကများနဲ့ တိုင်းရင်းသားရိုးရာအကများ ဖျော်ဖြေတင်ဆက်ခြင်း၊ တို့အပြင် IOM အဖွဲ့က အလုပ်သမားအခွင့်အရေး ဆိုင်ရာ ဥာဏ်စမ်းပဟေဠိဂိမ်း တစ်ခုနဲ့ တင်ဆက်ပြီး အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းလိုက်ကြပါတယ်။ အခမ်းအနားကို မနက် (၉း၂၀)နာရီကနေ မွန်လွဲ (၁၂း၄၀)နာရီအထိ ကျင်းပခဲ့ကြတာပါ။ အဲဒီနောက် မွန်းလွဲပိုင်း (၁း၁၅)နာရီရောက်တဲ့အခါမှာ အသင့်လာရောက်စောင့်ကြိုနေကြတဲ့ မယ်တော်ဆေးခန်း(MTC)က ကားတွေနဲ့ `မေဒေးနေ့မှာ ကျဆုံးသူများ၊ မြန်မာနိုင်ငံ အလုပ်သမားလှုပ်ရှားမှုများမှာ ကျဆုံးသူများအတွက်သာမက ထိုင်းဘုရင်မင်းမြတ် ကျန်းမာပါစေကြောင်း ရည်စူးပြီးတော့ အလုပ်သမား (၁၀၀)ခန့်ဟာ သွေးလှူဒါန်းခဲ့ကြပါတယ်။
*** သတင်းမှတ်တမ်း- မြန်မာပြည်သား *** Read More...