1.13.2009

Burma News

Burma ranks among worst nations for civilian freedom: Rights Group

A United States-based Freedom House in its annual global release on freedom in the world, has ranked Burma among the 'worst of the worst' countries, where civilians enjoy negligible political...

Nigeria's $500,000 gift to junta draws international ire

Nigeria is making a "big mistake" by giving a donation of half a million US dollars to Burma's military government in aid of cyclone victims, as the donation is unlikely...

Curfew imposed in Magwe oilfields

The Burmese military junta has intervened and imposed curfew in an oilfield, after the dispute between a private oil company and local oil producers in Myaing Township, Magwe Division in...

Two Singaporeans defending Burmese workers arrested

Two Singaporean activists were arrested after staging a protest on Monday against the government's rejection of the extension of work permits to Burmese nationals.

Thailand to Help Rebuild Temples in the Irrawaddy Delta

By THE IRRAWADDY
Thailand’s foreign minister has offered to help Burma rebuild temples damaged by Cyclone Nargis, according to reports in the Thai press.

QUOTE OF THE DAY
The goals of Western countries and the countries of this region for Burma are not different. We all want to see some changes. But our methods may differ because of two main reasons—cultural differences and the distance of the countries.
— Thai Prime Minister Abhisit Vejjajiva

Rangoon Under Tightened Security: Sources

By WAI MOE
Burma’s ruling authorities have tightened security around Rangoon after anti-government leaflets were distributed last week, according to sources in the city.

Burmese Rice Farmers Struggle to Make a Living

By MIN LWIN
The destruction wrought by Cyclone Nargis, combined with falling world prices, is hitting Burmese rice farmers hard, with many of them complaining they are working at a loss.

Singaporean Activists Detained after Protesting Burmese Migrants’ Plight

By LAWI WENG
Two activists were briefly detained by Singaporean police after campaigning for the rights of Burmese migrant workers.

Supporting Burma Key Achievement of Laura Bush

By LALIT K JHA
In the waning days of the Bush presidency, the White House recounts the efforts of first lady Laura Bush to help the Burmese people.

Two Singaporeans defending Burmese workers arrested
Mizzima.com - New Delhi,Delhi,India
Seelan Palay and Chong Kai Xiong, who were demonstrating outside the Ministry of Manpower (MOM) office in Singapore, to highlight the plight of Burmese ...
See all stories on this topic
The Irrawaddy News Magazine
East Timor President Calls for Review of Burma Sanctions Policy
The Irrawaddy News Magazine - Chiang Mai,Thailand
By WAI MOE East Timor President Jose Ramos-Horta criticized the West’s sanction policy on Burma on Sunday, saying that the country’s people should not be ...
See all stories on this topic
New Bangkok Governor has Big Plans
The Irrawaddy News Magazine - Chiang Mai,Thailand
Sukhumbhand Paribatra has also been a strong critic of the military regime in Burma. The Democrat Party-led coalition won 20 of the 29 House seats in the ...
See all stories on this topic
Man Arrested Smuggling Fertilizer to Burma
Narinjara News - Dhaka,Bangladesh
Dhaka: Fertilizer prices recently went down in Burma, but Bangladeshi traders continue to export fertilizer products to Burma illegally by sea. ...
See all stories on this topic
Burma needs reform, unified and balanced structure
Mizzima.com - New Delhi,Delhi,India
by Htet Win Rangoon (Mizzima) Burma is in urgent need of mainstream political figures who are capable of shaping unified public opinion, which will allow ...
See all stories on this topic
"International Artists Collaborate in Fight for Freedom"
Absolutearts.com - USA
... a key political figure who was placed under house arrest in Myanmar (formerly Burma) 19 years ago over her bid for political freedom. ...
See all stories on this topic
Not standing up and being counted on Burma
Manila Times - Philippines
THE Philippines missed out on a gilt-edged chance to make a principled stand on the burning question of Myanmar—or Burma as the civilized world remembers ...
See all stories on this topic

Blogs Alert for: Burma news

8888 Newspaper No (3) - Mandalay 8888 Newspaper No (4) - Mandalay ...
Burma needs reform, unified and balanced structure - Commentary · 8888 Newspaper No (3) - Mandalay 8888 Newspaper No (4) - Mandalay 2/3.9.88 Niknayman · Voices on attempt to form of New Parallel Gov in Exile (2) VDO Mizzima TV ...
democracy for burma - http://democracyforburma.wordpress.com/
GAZA WAR NEWS « San Oo Aung’s Weblog
Possibly related posts: (automatically generated). News in Brief: 19 June 2007 · New York Times “News Analysis” of Annapolis… Mindless word drool whil… Filed under: Burma. « Thai Government Freeze on Myanmar Migrant Registration ...
San Oo Aung's Weblog - http://sanooaung.wordpress.com/
Karen rebels under the gun along Thai-Burma border | MOTHER IRRAWADDY
Posted by: admin in Feature, News. DKBA head Saw Kyaw San. DKBA head Saw Kyaw Than. Burma’s ethnic Karen rebels are facing another daunting challenge, as a Burmese military campaign designed to hunt out opposition forces and put an end ...
MOTHER IRRAWADDY - http://irrawaddy.burmabloggers.net/
Religious Connections: Persecution in Burma
By BaptistPlanet
The latest news on Obama Elected President, Unemployment, Gaza-Ceasefire, Gaza-Humanitarian Crisis, Economic Stimulus, Home Loans, Labor, War Resister Ordered Out, Nuclear Weapons, Afghanistan, Zimbabwe, Passing, and Select Op-eds. ...
Religious Connections - http://baptistplanet.blogspot.com/
Singapore News Alternative: Taiwan Allows Casinos After Repealing ...
By singaporenewsalternative
Two local activists, Seelan Palay & Chong Kai Xiong, arrested outside MOM for speaking out on Burmese work permit issue - This blogpost (or my twitter) will be updated if i get any news. Plainclothes police officers keep watch and block ...
Singapore News Alternative - http://singaporenewsalternative.blogspot.com/

ဘုရားထီးတင်ပွဲတွင် ကလေးငယ်တစ်ဦးထူးဆန်းစွာသေဆုံး


ဇန္န၀ါရီ ၁၃

တနသာင်္ရီတိုင်း ထားဝယ်ခရိုင် သရက်ချောင်းမြို့ နယ်၊အောက်သရက်ချောင်းရွာအနီး ရွာဦးဘုရား ထီးတင်ပွဲတွင် လေပွေ ရုတ်တရက် တိုက်ခတ်၍ ကလေးငယ် တစ်ဦး သေဆုံးခဲ့သည်။

ပြာသိုလပြည့်နေ့ (ဇန္န၀ါရီ ၁၀)ရက်နေ့က အောက်သရက်ချောင်း ရွာဦးဘုရား ထီးတော်တင်ပွဲတွင် နံနက်ပိုင်း ကိုးနာရီ ကျော်ခန့် အချိန်၊ တရားနာပြီးနောက် ဘုရားရင်ပြင်တွင် ဘုရားဖူးများ နားနေကြစဉ်၊ ယာယီအအေး ဈေးဆိုင် အတွင်း အိပ်နေသောတစ်နှစ် လေးလအရွယ် မတင်မိုးခိုင် မှာ လေပွေနှင့်အတူ အုန်းပင်ခန့် မြင့် ပါ သွားခဲ့ပြီး အဆိုပါ ဘုရားခြေတော်ရင်းသို့် အမြင့်မှ အရှိန်ဖြင့် ပြုတ်ကျခဲ့သည်။

အဖွားဖြစ်သူ ဒေါ်သန်းဌေး က အအေးဈေးဆိုင်တွင်း ကလေးငယ်ကို သိပ်ထား၍ ဈေးရောင်းနေစဉ် လေပွေ ရုတ်တရက် ၀င်ရောက်လာပြီး ဆိုင်ခန်းအမိုးနှင့် အတူ ကလေးငယ် လွင့်ပါသွားခဲ့သည် ဟု ဆိုသည်။ ဘုရားဖူး များက ကလေးငယ်ကို လိုက်လံကယ်တင် ၀ိုင်းဖမ်းကြသော်လည်း အမြင့်သို့ ပါသွားခဲ့သည်။

ကလေးငယ်သည် လေထဲတွင် မိနစ်အတန်ကြာဝဲ နေရာမှ ဘုရားခြေတော်သို့ လွင့်ကျလာသောအခါ အရိုးများ ကျိုးကြေသွားပြီး နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးများ ယိုစီးခဲ့သည်။ နီးစပ်ရာ ရေငဲ ရွာ ဆေးခန်းသို့ သွားရောက် ကုသခဲ့ သော်လည်း အသက်ပြန်လည်ရှင်သန် ခြင်းမရှိတော့ချေ။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘန်ဘော် နယ်မြေတွင် အလုပ်နေကြသော မိဘနှစ်ဦးမှာ တစ်ဦးတည်းသော သမီးငယ် အတွက် စိတ်သောက ရောက်နေကြရသည်။ ဖခင်ဖြစ်သူ ကိုသားကြီးက “ကျနော်တို့ လင်မယားနှစ် ယောက် ဘန်ကောက်မှာ အလုပ်လုပ်နေကြပါတယ်။ ကျနော့် ယောက္ခမဆီကို သမီးလေး ငါးလကျော် ကတည်းက ပို့ထားတာပါ။ ဒီဓါတ်ပုံက မကြာခင်က ပို့လိုက်တဲ့ ပုံပါ။

မကြာခင် ကျနော့် သမီးလေးအတွက် ဘုန်းကြီးပင့်ပြီး ဒီက အလှူလုပ်ပြီး အမျှ ဝေပေးပါမယ်’’ ဟု ပြောသည်။ မိခင်ဖြစ်သူ မိခိုင် က”ရွာကဖုန်းဆက်လာတော့အံ့သြမိတယ်။ သမီးလေးအတွက် ၀မ်းနည်း နှမျောမိတယ်၊ ထူးဆန်းလို့ အမေတို့ရွာမှာ တတ်သိသူတွေကိုမေးကြည့်တော့ ဘုရားအစောင့် ခေါ်တယ်လို့ ပြောတယ်။ မနေ့က ဇန္န၀ါရီ(၁၂)ရက် နေ့မှာ သင်္ဂြဟ်တယ်လို့ ဖုန်းဆက်လာပါတယ်၊ သမီးလေး ကောင်းရာလားပါစေလို့ ဆုတောင်း ပါတယ်ရှင်” ဟုပြောသည်။

အောက်သရက်ချောင်းရွာ အနီး ရွာဦးဘုရားမှာ ရှေးဟောင်းဘုရား တစ်ဆူဖြစ်ပြီး ၀ိသမ လောဘသမားများ တို့ က ဌာပနာတိုက်ကို ဖေါက်ယူ၍ ဘုရားမှာ ပျက်စီးနေသည်။ ဒေသခံ အလှူရှင်များက ဘုရားကို ပြန်လည် ပြုပြင် မွမ်းမံပြီး မထမဦးဆုံး အကြိမ် ထီးတော်တင်ပွဲ ကျင်းပခြင်းဖြစ်သည်။

ဘုရားပွဲတော် စသည့်နေ့တွင် ယ္ခုကဲ့သို့ မမျှော်လင့်ပဲ ကလေးငယ်တစ်ဦး သေဆုံးခဲ့ရသဖြင့် ဘုရားဖူးလာ ပရိတ်သတ် များမှာ စိတ်မကောင်း ဖြစ်ကြရသည်။ ပထမဆုံး ပွဲတော် ဖြစ်သဖြင့် အနီးအနားကျေးရွာ ဆယ်ရွာ ကျော်မှ ဒေသခံ ပြည်သူများ လာရောက်ကြသဖြင့် အထူးစည်ကားကြောင်း သိရှိရသည်။

ကိုကျော်သောင်းမှ ပေးပို့ပါသည်။

၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲကို စစ်အာဏာနဲ့ ဖျက်လို့မပျက်နိုင်

ရဲဘော် ဖိုးသံချောင်း / ၁၃ ဇန်န၀ါရီ ၂၀၀၉

လာမယ့် ၂ဝ၁ဝ ပြည့်နှစ် ရွေးကောက်ပွဲကို နအဖက ကျင်းပလို့ပြီးသွားရင်၊ ဒါမှမဟုတ် သူတို့ဖြစ်စေချင်သလို အောင်မြင်သွားရင် ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲရဲ့ ရလဒ်ဟာ ပျက်ပြားသွားမှာလား။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့အခန်း ဘယ်လိုဖြစ်သွားမှာလဲ။ တလောက တယောက်ကမေးလာပါတယ်။ သူက လေးလေးနက်နက်နဲ့ တကယ်ကိုသိချင်လို့မေးတာပါ။ ဒီအတွက် သူပူပင်နေတယ်ဆိုတာ သေချာပါတယ်။ နောက်တော့ ဒီလိုတွေးတောပူပင်မှုဟာ သူတယောက်တည်းမှာသာ ရှိတာမဟုတ်ဘူး။ တချို့လူတွေမှာလည်း ရှိတယ်ဆိုတာ သတိထားမိလာပါတယ်။

ပြဿနာက အခြေခံ စဉ်းစားနည်း ဖြစ်တယ်လို့ ထင်ပါတယ်။ တခုက ဒီနေ့ နအဖလက်ထက်မှာ ဖြစ်ပျက်တည်ရှိတာတွေဟာ တရားဝင်တယ် မဝင်ဘူး၊ တရားဥပဒေနဲ့ညီတယ်၊ မညီဘူး စသ ဖြင့် ငြင်းခုန်နေကြတာတွေကို ကြားဖူးကြမှာပါ။ တကယ်ကတော့ နအဖလက်ထက် ဗမာ ပြည်မှာ ဒီဟာတွေအားလုံးဟာ နှိုင်းယှဉ်ချက်ချည်းဖြစ်ပါတယ်။ ဒီနေ့အခါမှာ လူသတ်တာ မှန်သလား မှားသလား၊ သူများပစ္စည်းခိုးတာ မှန်သလား မှားသလား၊ ဒီလိုအင်မတန် စင်းတဲ့ကိစ္စလေးတွေကိုပဲ ငြင်းစရာ၊ ပြောစရာတွေ ရှိနေတယ်မဟုတ်ပါလား။ သူ့ဘက်က ပြောရင်တမျိုး၊ ပြည်သူတွေဘက်က ပြောရင်တမျိုး ဖြစ်နေတာတွေဟာ များပြားလှပါတယ်။ သူ့ဘက်က ပြောရင် သံဃာတော်တွေကို သတ်တာကတောင်မှ တရားတယ်၊ မှန်ကန်တယ် ဖြစ်နေပါတယ်။

ဒီလိုပဲ ၁၉၉ဝ ပြည့်နှစ်ရွေးကောက်ပွဲရလဒ် ပျက်သွားသလား၊ ပျက်မသွားဘူးလား ဆိုတာဟာလည်း နအဖပြောတာကတမျိုး၊ ပြည်သူတွေ ပြောတာကတမျိုးပဲဖြစ်ပါတယ်။ တကယ်က ၁၉၉ဝ ပြည့်နှစ်ရွေးကောက်ပွဲနဲ့ အဲဒီကရလဒ်တွေ တည်ရှိမှုကို ဘယ်သူမှ ဖျက်လို့မရပါဘူး။ သမိုင်းရဲ့ တကယ့်ဖြစ်ရပ်တိုင်းလိုပဲ ဒီကိစ္စကို နအဖလည်း မဖျက်နိုင်၊ ဒီချုပ်လည်း မဖျက်နိုင်ပါဘူး။ လူ့ဆန္ဒနဲ့ကင်းစွာ တည်ရှိနေတာတွေပါ။ ဒါပေမယ့် ဒီ ရွေးကောက်ပွဲရဲ့ ရလဒ်တွေကို အသိအမှတ်ပြုတယ်၊ အကောင်အထည်ဖော်တယ်ဆိုတာ ကတော့ ကိုယ့်သဘောနဲ့ကိုယ်၊ ဆန္ဒအရပဲဖြစ်ပါတယ်။ ဒီနှစ်ချက်ရဲ့ မတူခြားနားချက်ကို ရှင်းရှင်းလင်းလင်းသိထားဖို့ လိုပါတယ်။ တိုင်းပြည်မှာ အာဏာရထားတဲ့ နအဖ အစိုးရက အသိအမှတ်မပြုဘူး၊ အကောင်အထည်မဖော်ဘူးဆိုတာနဲ့ ကိစ္စတွေအားလုံးပြီးပြတ်၊ ပျောက် ကွယ်သွားတာ မဟုတ်ဘူးဆိုတာကိုလည်း သတိပြုသင့်ပါတယ်။ ဟုတ်တယ်၊ အကောင်အထည်ဖော်လို့ မရတာရှိပါတယ်။ ဒါပေမယ့် ဒါဟာ ထာဝရအကောင်အထည် ဖော်မရတော့ဘူးဆိုတဲ့ အဓိပ္ပာယ်မဟုတ်ပါဘူး။ အကောင်အထည် ဖော်မယ့်လူတွေရှိနေ သရွေ့ အလားအလာဟာတည်ရှိမြဲ တည်ရှိနေတာဖြစ်ပါတယ်။

အလွယ်ဆုံးပြောရရင် နအဖစစ်အာဏာပိုင်တွေရဲ့ ခေါင်းထဲမှာ ဗကသ၊ တကသ စတဲ့အဖွဲ့အစည်းတွေဟာ ဒီကမ္ဘာပေါ်မှာ မတည်ရှိတော့ပါဘူး။ ဒါပေမယ့် ပြည်သူတွေနဲ့ ကျောင်းသားတွေရဲ့ခေါင်းထဲမှာတော့ ဒီအဖွဲ့အစည်းတွေဟာ ဆက်လက် တည်ရှိနေပါတယ်။ အနည်းဆုံး မြေအောက် သဏ္ဌာန်နဲ့ တည်ရှိနေပါတယ်။ ရှိတာမှခေါင်းထဲမှာ သညာတခုအနေနဲ့ တည်ရှိတာ မဟုတ်ပါဘူး။ တကယ်အသက်ဝင် လှုပ်ရှားနေတဲ့ အစိုင်အခဲတခုအနေနဲ့ကို တည်ရှိနေတာပါ။

၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲဟာ သာမာန်အဖြစ်အပျက်တခုမဟုတ်ပါဘူး။ ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ အသီးအပွင့်၊ စံကျတဲ့ ကိုယ်စားပြု အမှတ်အသားတခုဖြစ်ပါတယ်။ ဗမာတပြည်လုံးက ပြည်သူတွေရဲ့ သမိုင်းဝင်ဂုဏ်ယူစရာရလဒ်တခုဖြစ်ပါတယ်။ ဒီနေ့ ဗမာပြည်မှာ ဆက်လက်ဖြစ်ပေါ်နေတဲ့ လှုပ်ရှားမှုတွေ၊ တိုက်ပွဲတွေ၊ ဖိနှိပ်မှုတွေ၊ လိမ်ညာမှုတွေ၊ အားလုံးဟာ ဒီအရေးတော်ပုံကြီးရဲ့ နောက်ဆက်တွဲတွေဖြစ်ပါတယ်။ ပြောရရင် ရှစ်လေးလုံး အရေးတော်ပုံကြီးဟာ ဗမာပြည်က စစ်အုပ်စုတွေအတွက် သေရာအထိ ပါမယ့် ကျိန်စာတမျိုးသာ ဖြစ်ပါတယ်။

သမိုင်းလက္ခဏာဆောင်တဲ့ အရေးတော်ပုံတရပ်ဟာ လူတဦး၊ အဖွဲ့တဖွဲ့၊ အစိုးရတရပ်က ပျောက်စေ၊ ဒါမှမဟုတ် ပျောက်သွားပြီလို့ဆိုတာနဲ့ ပျောက်ပျက်သွားတာ မဟုတ်သလို အရေးတော်ပုံရဲ့သမိုင်း၊ အသီးအပွင့်နဲ့ရလဒ်တွေကိုလည်း ဘယ်သူ့အမိန့်၊ ဘယ်သူ့ အာဏာနဲ့မှ ပျောက်ကွယ်အောင် လုပ်လို့မရပါဘူး။ သမိုင်းအရ ဒီအရေးတော်ပုံ ကြီးရဲ့ အခန်းပြီးဆုံးသွားမှသာ အားလုံးပြီး၊ ပျောက်၊ ပြယ်သွားမှာဖြစ်ပါတယ်။

နောက်အရေးကြီးအချက်တချက် ထည့်ပြောရမှာက ဗမာပြည်ပြည်သူလူထုရဲ့အခန်းပါ။ ပြည်သူလူထုဟာ လက်မလျှော့သေးပါဘူး။ လူထုကြီးက လက်မလျှော့သမျှ အရေးတော်ပုံဟာ ရှင်သန်နေဆဲဖြစ်ပါတယ်။ တော်လှန်ရေးတွေ၊ တိုက်ပွဲတွေမှာ ခေါင်းဆောင်ဆိုသူတွေ၊ နိုင်ငံရေးသမားဆိုသူတွေက လက်မြှောက်အရှုံးပေးသွားပေမယ့် လူထုက အရှုံးမပေးဘဲ ဆက်တိုက်တယ်ဆိုတဲ့ အဖြစ်အပျက်တွေ ကမ္ဘာ့သမိုင်းမှာ မရေမတွက်နိုင်အောင်ရှိပါတယ်။ တော်လှန်ရေးတရပ်၊ အရေးတော်ပုံတရပ်ကိုအမှီပြုပြီး အမြတ်ထုတ်တယ်ဆိုတာကို လူထုက မလုပ်နိုင်ပါဘူး။ ခေါင်းဆောင်လို့ အမည်ခံတဲ့လူတွေသာ လုပ်ချင်ရင်လုပ်လို့ရပါတယ်။ လူထုကြီး အဖို့ကတော့ အောင်ပွဲအပြီး အပိုင်ရမှသာ အကျိုးခံစားရတာပါ။ ဒီတော့ သူတို့အနေနဲ့ အဖက်ဖက်၊ အရပ်ရပ်ကို စောင့်ကြည့်၊ အကဲခပ်၊ သုံးသပ်ပြီးမှ ဆုံးဖြတ် ပါဝင်ကြတာ ဖြစ်ပါတယ်။

ခေါင်းဆောင်လုပ်တဲ့လူတွေရဲ့ အခြေခံအကျဆုံးနဲ့ ပထမဆုံးလုပ်ရတဲ့အလုပ်ဟာ လူထုကို နားလည်အောင် လုပ်ရေးဖြစ်ပါတယ်။ လူထုရဲ့စီးပွားရေးဘဝကိုသာမက သမိုင်း၊ အနီးသမိုင်း၊ အဝေးသမိုင်း၊ လူထုရဲ့လက်ရှိစိတ်ဓာတ်နဲ့ စဉ်းစားနည်းတွေကို နားလည်အောင် မုချလုပ်ရပါမယ်။ လူနာအခြေအနေမသိဘဲ ဆေးအမျိုးမျိုးပေးနေလို့ မဖြစ်ပါဘူး။

ပြန်ချုပ်လိုက်ရင် ဒီနေ့အခါမှာ ၁၉၉ဝ ပြည့်နှစ်ရွေးကောက်ပွဲရလဒ် ပျက်ပြယ်လား၊ တည်ရှိနေသေးလားဆိုတဲ့ ပြဿနာမရှိပါဘူး။ နအဖရဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲ လုပ်ပြီးသွားလို့လည်း ဒီပြဿနာမရှိပါဘူး။ ပြည်သူလူထုက ထိုးထားတဲ့မော်ကွန်းတခုဟာ ပြည်သူလူထုကိုယ်တိုင်က သူ့အခန်းကုန်ပြီလို့ ဆုံးဖြတ်မှသာ တကယ်တမ်း ကုန်ဆုံးသွားမှာဖြစ်ပါတယ်။ တဆက်တည်းမှာ ပြောဖြစ်အောင် ပြောရမှာက ၁၉၉ဝ ရွေးကောက်ပွဲပျက်ပြားတာပဲဖြစ်စေ၊ ဒါမှမဟုတ်တည်ရှိနေတဲ့အတွက်ဖြစ်စေ ပြည်သူလူထုရဲ့တိုက်ပွဲဟာ အနှစ်သာရ အရရော၊ သဏ္ဌာန်အရပါ ခြားနားမှု၊ ပြောင်းလဲမှု မရှိပါဘူး။

ဒါကိုပြည်သူလူထုက နည်းနည်းမှ မျက်စိမလည်ပါဘူး။ နအဖရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်စေ၊ နအဖရွေးကောက်ပွဲက တင်မြှောက်လိုက်သူတွေပဲဖြစ်ပစေ အားလုံးဟာ မဆလအစိုးရနဲ့ မဆလဖွဲ့စည်းပုံ ဇာတ်သိမ်းပုံအတိုင်း ဇာတ်သိမ်းသွားမယ်ဆိုတာ သူတို့ ကောင်းကောင်းနားလည်ပါတယ်။ အခုအခါမှာ ၂ဝ၁ဝ ရွေးကောက်ပွဲပြီးသွားရင် ၁၉၉ဝ ရွေးကောက်ပွဲရလဒ် ပျက်ပြယ်သွားမယ်လို့ ပြောနေတာဟာ နအဖရယ်၊ သူ့လူတွေရယ်၊ နောက်ပြီး တမင်အတွေးအခေါ်ရှုပ်အောင် ဖန်တီးနေသူတွေရယ်တို့သာ ဖြစ်ပါတယ်။

သတင်းပဒေသာ

၂၀၀၈-၂၀၀၉ စစ်အစိုးရ ဘတ်ဂျက်
ကျပ်ငွေဘီလီယံ (၇၀၀) ကျော် လိုငွေပြ

NEJ/ ၁၃ ဇန်န၀ါရီ ၂၀၀၉

၂၀၀၈-၂၀၀၉ ခုနှစ်အတွက် မြန်မာစစ်အစိုးရဘတ်ဂျက်မှာ သုံးစွဲငွေများနေသည့် အတွက် ကျပ်ငွေ ဘီလီယံ (၇၀၀) ကျော် လိုငွေပြနေသည်ဟု နေပြည်တော် ၀န်ကြီးအဖွဲ့အစည်းအဝေးပွဲတွင် ၀န်ကြီးချူပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က ၀န်ခံသွားသည်။ ၂၀၀၈-၂၀၀၉ ခုနှစ်အတွက် မြန်မာစစ်အစိုးရ ၀င်ငွေမှာ...အပြည့်အစုံသို့


Wi-Fi အင်တာနက်စနစ်
ရောင်းချခြင်းမပြုရန် တားမြစ်

NEJ/ ၁၃ ဇန်န၀ါရီ ၂၀၀၉ ဇန်နဝါရီ လဆန်းမှာ စတင် မိတ်ဆက်ရောင်းချမည့် Wi-Fi နည်းပညာသုံး အင်တာနက်စနစ်ကို ရောင်းချခြင်း မပြုပဲ ဆိုင်းငံ့ထားရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ညွှန်ကြား ထားကြောင်း Ezy Trading Co., Ltd မှ အမည်မဖော်လိုသူ ..အပြည့်အစုံသို့
ရန်ကုန်ဒီပီအေသတင်းထောက်အမှုစတင်စစ်နေပြီဟု
ဂျာမနီ ဒီပီအေဌာနချုပ်မှ အကြောင်းပြန်
updated
NEJ/ ၁၃ ဇန်န၀ါရီ ၂၀၀၉
အန်အယ်လ်ဒီနှင့် ဦးဝင်းတင် အား သိက္ခာကျစေမည့် သတင်း ရေးသား ခဲ့သည့် ရန်ကုန် ဒီပီအေသတင်းထောက် ကိုကို (စက်မှုတက္ကသိုလ်) အား အရေးယူပေးရန် နိုင်ငံတကာ အတိုက်အခံများက ဒီပီအေသတင်းဌာန..အပြည့်အစုံသို့

အရပ်သားလွတ်လပ်မှု အဆိုးဆုံးနိုင်ငံများမှာ မြန်မာပါဝင်ဟု လူ့အခွင့်အရေးအဖွဲ့ ပြောဆို

အမေရိကန်အခြေစိုက် Freedom House လူ့အခွင့်အရေးအဖွဲ့ကြီးက ကမ္ဘာတလွှား လွတ်လပ်မှု အခြေအနေနှင့် စပ်လျဉ်း၍ နှစ်ပတ်လည်အစီရင်ခံစာကို ထုတ်ပြန်ရာ မြန်မာနိုင်ငံသည် 'အဆိုးတကာ့ အဆိုးဆုံး' နိုင်ငံများစာရင်းတွင် ပါဝင်ပြီး...

မကွေးရေနံမြေ ညမထွက်ရအမိန့် ထုတ်ထား

မြန်မာနိုင်ငံ အလယ်ပိုင်း ရေနံထွက်ရာ မကွေးတိုင်း မြိုင်မြို့နယ်အတွင်းရှိ ဒေသတခုတွင် ပုဂ္ဂလိက ရေနံကုမ္ပဏီတခုနှင့် ဒေသခံများ ပဋိပက္ခဖြစ်ပွားမှုကြောင့် အာဏာပိုင်များက...
နာဂစ် ဘုန်းကြီး ကျောင်းပျက်များ ထိုင်းပြင်မည်

နာဂစ် ဘုန်းကြီး ကျောင်းပျက်များ ထိုင်းပြင်မည်

နာဂစ် မုန်တိုင်း အတွင်း ပျက်စီး သွားသည့် မြန်မာပြည်ရှိ ဘုန်းတော်ကြီး ကျောင်းများနှင့် စေတီ ပုထိုးများ ပြန်လည် ပြုပြင်ရေး အကူအညီများနှင့် ပတ်သက်ပြီး တာဝန်ယူ

မြန်မာ့အရေး လှုပ်ရှားမှုကြောင့် စင်္ကာပူ ၂ ဦး အဖမ်းခံရ

ယမန်နေ့က စင်္ကာပူ အလုပ်သမား ၀န်ကြီးဌာန ရုံးရှေ့တွင် မြန်မာ့အရေး လှုပ်ရှားသူများ အတွက် ဆန္ဒပြခဲ့သော စင်္ကာပူ နိုင်ငံသား နှစ်ဦး ဖမ်းဆီးခံရပြီး ၅ နာရီအကြာတွင်

အလုပ်လက်မဲ့ ပြဿနာ ရင်ဆိုင်ရတော့မည်

ရန်ကုန်တိုင်း အတွင်းရှိ စက်မှုဇုန် များတွင် အလုပ် လုပ်ကိုင် လျက်ရှိသော အထွေထွေ လုပ်သားများ အနေနှင့် ၂၀၀၉ ခုနှစ်အတွင်း အလုပ်လက်မဲ့ ပြဿနာများ ရင်ဆိုင်ရဖွယ်

ဆေးကြောင့် လေးမှာစိုး

“ဒီနေ့ ဘာသတင်း ထူးသေးလဲ” ဆိုသော မေးခွန်းကို သတင်းထောက် သင်တန်း စတက်ခဲ့သည့် ၂၀၀၅ ခုနှစ်က စပြီး နားယဉ် လာခဲ့ရပါသည်။ အခု ကျမက အမေရိကန် နိုင်ငံသား
ဆက်ဖတ်ရန် ...

အစိုးရမင်းများ၏ ဘုံဗိမာန်သို့ အလည်တခေါက်

အစိုးရမင်းများ၏ ဘုံဗိမာန်သို့ အလည်တခေါက် ရုက္ခစိုးနှင့် သတင်းထောက် ဖိုးရှုပ်တို့ ဘန်ကောက် မြို့တွင် ရောက်နေသည်။ ဖိုးရှုပ်က ဘန်ကောက်သို့ သွားမည်၊ ဦးရုက္ခစိုး လိုက်ခဲ့ပါဟု ဆွယ်သဖြင့် ဒေသန္တရ ဗဟုသုတ ရလိုသည့် ဦးရုက္ခစိုး ဘန်ကောက်သို့ ရောက်နေခြင်းဖြစ်သည်။
ဆက်ဖတ်ရန် ...
မြန်မာပြည် လွတ်လပ်ခွင့် နိမ့်ကျဆဲ၊ Freedom House အစီရင်ခံစာ ဖော်ပြ

13 January 2009

ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ လွတ်လပ်ခွင့်အခြေအနေကို အမေရိကန်နိုင်ငံ ၀ါရှင်တန်အခြေ
စိုက် Freedom House အဖွဲ့ကြီးက နှစ်စဉ် လေ့လာတင်ပြခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်ဦးမှာ
ထုတ်ပြန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်အတွက် လွတ်လပ်ခွင့် အခြေအနေ အစီရင်ခံစာမှာ မြန်မာ
နိုင်ငံ အပါအ၀င် ၄၂ နိုင်ငံဟာ မလွတ်လပ်ကြဘူးလို့ ဆိုပါတယ်။ မြန်မာနိုင်ငံကို
လေ့လာရာမှာ ဘယ်လိုအချက်အလက်တွေကို ကြည့်ရှုခဲ့ပါသလဲ။ အပြည့်အစုံကို
ဦးတင်မောင်သန်းက တင်ပြထားပါတယ်။

၂၀၀၉ ခုနှစ် ကူးလာခဲ့ပေမယ့် မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်က အခြားနိုင်ငံ ၄၂ နိုင်ငံနဲ့
အတူ မလွတ်လပ်တဲ့တိုင်းပြည် ဖြစ်မြဲဖြစ်နေပါသေးတယ်လို့ Freedom House အဖွဲ့ကြီး
ရဲ့ ၂၀၀၉ ခုနှစ် အစီရင်ခံစာက ဆိုပါတယ်။ Freedom House အဖွဲ့ကြီးဟာ ကမ္ဘာတ၀န်း
နိုင်ငံတွေရဲ့ လွတ်လပ်ခွင့်တွေကို နှစ်စဉ် စောင့်ကြည့်နေတဲ့ အဖွဲ့ကြီးဖြစ်ပါတယ်။
၂၀၀၉ ခုနှစ် အစီရင်ခံစာကို ဒီကနေ့ပဲ အမေရိကန်နိုင်ငံ၊ ၀ါရှင်တန်မြို့တော်မှာ
ထုတ်ပြန်ခဲ့တာပါ။

ကမ္ဘာ့နိုင်ငံတွေကို ခွဲခြားကြည့်ခဲ့ပုံနဲ့ပတ်သက်ပြီး ကမ္ဘာ့လွတ်လပ်ခွင့် လေ့လာရေးအဖွဲ့ရဲ့
အရှေ့တောင်အာရှ ပိုင်ခြားသုံးသပ်သူက အခုလိုပြောပါတယ်။ သူက သူ့အမည်ကို
မဖော်ပြဖို့ ဗွီအိုအေကို မေတ္တာရပ်ခံပါတယ်။

“Freedom House အဖွဲ့ကြီးက နိုင်ငံတွေကို လွတ်လပ်သောနိုင်ငံ၊ တပိုင်းတစ
လွတ်လပ်သောနိုင်ငံနဲ့ မလွတ်လပ်သောနိုင်ငံတွေအဖြစ် ခွဲကြည့်ပါတယ်။ မြန်မာနိုင်ငံနဲ့
အခြားနိုင်ငံတွေဟာ အမှတ် ၇ ရပါတယ်။ အဲဒီအမှတ်က လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ
အခွင့်အရေးအရ ခွဲတာပါ။ အထူးသဖြင့် နိုင်ငံရေးအခွင့်အရေးနဲ့ နိုင်ငံသားတွေရဲ့
လွတ်လပ်မှုအရ မလွတ်လပ်တဲ့သဘော ဖြစ်ပါတယ်။”

ကမ္ဘာ့လူဦးရေရဲ့ သုံးပုံတပုံက အဲဒီ မလွတ်လပ်တဲ့နိုင်ငံ ၄၂ နိုင်ငံမှာ နေထိုင်နေကြရ
တာပါ။ အဲဒီလူဦးရေရဲ့ တ၀က်က တရုတ်ပြည်မှာ နေထိုင်ကြပါတယ်။ အာရှ-ပစိဖိတ်
ဒေသမှာဆိုရင် တရုတ်နဲ့ မြောက်ကိုရီးယားနိုင်ငံတွေက မြန်မာနိုင်ငံလိုပဲ မလွတ်လပ်တဲ့
စာရင်းက မကျွတ်နိုင်ကြသေးပါဘူး။

အရှေ့တောင်အာရှမှာဆိုရင်တော့ ဗီယက်နမ်၊ လော၊ ကမ္ဘောဒီးယားနိုင်ငံတွေကလည်း
မြန်မာနိုင်ငံနဲ့အတူ မလွတ်လပ်တဲ့နိုင်ငံတွေထဲမှာ ပါနေပါတယ်။ တောင်အာရှနိုင်ငံတွေ
ဖြစ်ကြတဲ့ ပါကစ္စတန်၊ မော်လ်ဒိုက်ဗ်နဲ့ ဘူတန်နိုင်ငံတွေက မနှစ်က ရွေးကောက်ပွဲတွေ
ကို အတော်အတန် လွတ်လပ်ပြီး တရားမျှတ ကျင်းပခဲ့ကြတဲ့အတိုင်း Freedom House
အစီရင်ခံစာမှာ တိုးတက်မှုတွေ ရရှိခဲ့ကြပါတယ်။ ဒါပေမယ့် လူဦးရေထူပြောတဲ့ တရုတ်
နိုင်ငံက မလွတ်လပ်တဲ့အတွက်ကြောင့်လည်း ကမ္ဘာ့လူဦးရေရဲ့ တ၀က်ဟာ မလွတ်လပ်
တဲ့ အခြေအနေမှာ နေနေရတယ်လို့ Freedom House အဖွဲ့ကြီးက ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခွင့်အရေးတွေကို လေ့လာခဲ့တဲ့အခါ အခုလိုတွေ့ရှိရတယ်လို့
သူမက ဆိုပါတယ်။

“ဒီနှစ် ကျမတို့ လေ့လာတဲ့အခါ ရွှေဝါရောင်တော်လှန်ရေး နောက်ဆက်တွဲ ချေမှုန်းရေး
တွေကို အထူးအာရုံစိုက် ကြည့်ပါတယ်။ နိုင်ငံရေးအရ တက်ကြွလှုပ်ရှားသူတွေကို
ဖမ်းဆီးတဲ့ လူအရေအတွက် ကြည့်ပါတယ်။ ဒီနှစ်အစောပိုင်း ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ
ဥပဒေနဲ့ ပတ်သက်ပြီး ဖမ်းဆီးမှုတွေ၊ လွတ်လပ်ခွင့်တွေကို ကျမတို့ ကြည့်ပါတယ်။
အဲဒါတွေက မြန်မာနိုင်ငံကို အမှတ်အဆင့် သတ်မှတ်ရာမှာ သော့ချက်ကျပါတယ်။”

နိုင်ငံသားတွေရဲ့ လွတ်လပ်ခွင့်ကလည်း မြန်မာနိုင်ငံမှာ မရှိသလောက်ပဲလို့ ပိုင်းခြား
သုံးသပ်သူက ပြောပါတယ်။ နိုင်ငံသားတွေရဲ့ လွတ်လပ်ခွင့်ကို ကြည့်ရာမှာ လွတ်လပ်စွာ
ဖော်ပြခွင့် ရှိမရှိ၊ ယုံကြည်ခွင့်ရှိမရှိ၊ အဖွဲ့အစည်း ဖွဲ့စည်းဆောင်ရွက်နိုင်ခွင့် ရှိမရှိ၊ ဥပဒေ
စိုးမိုးမှု ရှိမရှိ၊ တဦးချင်း အခွင့်အရေးတွေ ရှိမရှိဆိုတဲ့ အချက်တွေကို ကြည့်ရှုပါတယ်။
လွတ်လပ်စွာဖော်ပြခွင့်နဲ့ ပတ်သက်ပြီး သုံးသပ်သူက အခုလို ဆက်ပြောပါတယ်။

“လွတ်လပ်စွာ ဖော်ပြနိုင်ခွင့်နဲ့ ပတ်သက်ပြီးတော့ အဆင့်သတ်မှတ်ချက်က အရင်နှစ်
အတိုင်းပါပဲ။ ၂၀၀၈ နှစ်ဦးပိုင်းမှာ အထူးသဖြင့် မီဒီယာကို ချေမှုန်းခဲ့ပါတယ်။ စာနယ်
ဇင်းသမား အယောက် ၂၀ ကို ဖမ်းဆီးခဲ့ပါတယ်။ ဖွဲ့စည်းအုပ်ချုပ်ပုံ လူထုဆန္ဒခံယူပွဲနဲ့
ပတ်သက်ပြီး မီဒီယာကို လိုသလို ကစားခဲ့ပါတယ်။”

လွတ်လပ်ခွင့်ကို အဆင့်သတ်မှတ်ရာမှာ လွတ်လပ်ခွင့်အရှိဆုံးကို ၁၊ မရှိဆုံးကို ၇
သတ်မှတ်ပါတယ်။ ၁၉၇၂ ကနေ ၁၉၈၀ အထိ၊ အဲဒီနောက် ၁၉၈၈ နဲ့ ၈၉ တွေမှာ
နိုင်ငံရေး အခွင့်အရေးက အဆင့် ၇ ဖြစ်ပေမယ့် နိုင်ငံသားတွေရဲ့ လွတ်လပ်ခွင့်ကတော့
၅ နဲ့ ၆ တွေမှာ ရှိခဲ့ပါသေးတယ်။ ၁၉၈၉ နောက်ပိုင်းကစပြီး မြန်မာနိုင်ငံရဲ့ လွတ်လပ်ခွင့်
ဟာ အဆိုးဆုံးအဆင့် သတ်မှတ်ချက် ၇ မှာ ဆက်တိုက် သတ်မှတ်ခံခဲ့ရပါတယ်။

မြန်မာ့ရုပ်ရှင်အပေါ် ဒါရိုက်တာ တဦး၏ ရှုမြင်ချက်

မြန်မာ့ရုပ်ရှင်အပေါ် ဒါရိုက်တာ တဦး၏ ရှုမြင်ချက် မြန်မာ နိုင်ငံ၏ နာမည်ကြီး ဒါရိုက်တာ ကြည်စိုးထွန်းအား ၂၀၀၇ ခုနှစ် အတွက် ရုပ်ရှင် ထူးချွန်ဆု အကယ်ဒမီ ပေးပွဲနှင့် ပတ်သက်ပြီး တွေ့ဆုံ မေးမြန်း၍ ဧရာဝတီ ပရိသတ် အတွက်
ဆက်ဖတ်ရန် ...
မြန်မာအပေါ် အနောက်နဲ့မတူတဲ့ ချဉ်းကပ်မှု ထိုင်းဝန်ကြီးချုပ် ကျင့်သုံးမည်

13 January 2009

Thai Prime Minister Abhisit Vejjajiva delivers government policy speech Tuesday, Dec. 30, 2008, at Foreign Ministry in Bangkok.AP
ထိုင်းဝန်ကြီးချုပ်
အဘီဆစ် ၀ိဂျာဂျီဝ။
ဒီဇင်ဘာ ၃၀၊ ၂၀၀၈။
ထိုင်းဝန်ကြီးချုပ်သစ်က အိမ်နီးချင်း မြန်မာပြည်မှာ
အပြောင်းအလဲတွေ မြင်တွေ့ချင်ပါတယ်၊ ဒါပေမယ့်
ထိုင်းနိုင်ငံကတော့ အနောက်တိုင်းက စီးပွားရေးအရ
ဒဏ်ခတ်အရေးယူတာမျိုး မဟုတ်ဘဲ ချဉ်းကပ်ရမယ်
လို့ ပြောပါတယ်။

မြန်မာနဲ့ပတ်သက်လို့ အနောက်နိုင်ငံအစိုးရများလိုပဲ
ရည်မှန်းချက် ထားရှိပါတယ်၊ ဒါပေမယ့် ယဉ်ကျေးမှုနဲ့
ပထ၀ီဝင် အနေအထားအရ ချဉ်းကပ်ပုံ၊ ချဉ်းကပ်
နည်း ကွဲပြားဖို့ လိုအပ်တာပါလို့ တနင်္လာနေ့မှာ
ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀ိဂျာဂျီဝ (Abhisit
Vejjajiva) က ရှင်းလင်းပြီး မြန်မာပြည်မှာ အပြောင်း
အလဲတွေ ဖြစ်ပေါ်လာအောင် ဘယ်ပုံဘယ်နည်း လုပ်ဆောင်သွားမယ် ဆိုတာကိုတော့
တိတိကျကျ ပြောမသွားပါဘူး။

အရင်လက ထိုင်းနိုင်ငံမှာ ၀န်ကြီးချုပ် ဖြစ်လာပြီးကတည်းက မြန်မာစစ်အစိုးရအပေါ်
မစ္စတာအဘီဆစ် ပထမဆုံးအကြိမ် ပြောဆိုတာပါ။

တနင်္လာနေ့မနက်မှာပဲ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီယွန် (Kasit Piromya) က
ဧည့်သည် မြန်မာ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးကျော်သူနဲ့ တွေ့ဆုံပြီး နာဂစ်လေဘေး
ကူညီရေးကိစ္စနဲ့ ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများကိစ္စကို ဆွေးနွေး
ကြပါတယ်။


ကူဝိတ်-မြန်မာသံအမတ်နေရာ အပြိုင်လုနေ
NEJ/ ၁၃ ဇန်န၀ါရီ ၂၀၀၉

မြန်မာစစ်အစိုးရက ကူဝိတ်နိုင်ငံ၌ သံရုံးဖွင့်ရန်ပြင်ဆင် နေချိန်တွင် ကူဝိတ်-မြန်မာသံရုံး သံအမတ်နေရာ လိုချင်သည့် မြန်မာသံအမတ်ကြီးများ အလုအယက် ကြိုးစားနေကြသည် ဟု သံတမန်အသိုင်းအ၀န်းက ပြောသည်။

ကူဝိတ်-မြန်မာသံရုံးတွင် သံအမတ်ရာထူးရပါက လစာ ကောင်း မည်ဆိုသည့် သတင်းထွက်နေသည့်အတွက် ကူဝိတ်-မြန်မာသံအမတ်ဖြစ်လိုသူများက အထက်အရာရှိ များအား အလုအယက် ပြေးကပ်နေသည်ဟု နေပြည်တော် သတင်း ရပ်ကွက်ကလည်း ပြောသည်။..အပြည့်အစုံသို့


- ရန်ကုန် ဒီပီအေသတင်းထောက်အမှု စတင်စစ်နေပြီဟု ဂျာမဏီ ဒီပီအေဌာနချုပ်မှ အကြောင်းပြန် click
- ၂၀၀၈-၂၀၀၉ စစ်အစိုးရ ဘတ်ဂျက် ကျပ်ငွေဘီလီယံ ၇၀၀ ကျော် လိုငွေပြ click
- Wi-Fi အင်တာနက်စနစ် ရောင်းချခြင်းမပြုရန် တားမြစ် click
- ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲကို စစ်အာဏာနဲ့ဖျက်လို့ မပျက်နိုင် (ဆောင်းပါး) click
- ၂၀၀၉ နှင့် ပြည်တွင်းစာနယ်ဇင်း (ဆောင်းပါး) click
- အလုပ်လက်မဲ့ ပြဿနာ ရင်ဆိုင်ရတော့မည် click
- ဆေးကြောင့် လေးမှာစိုး (ဆောင်းပါး) click
- ရွေးကောက်ပွဲဝင်ပြိုင်ရေး ဘိုကလေးမှာ စည်းဝေး click
- ပါတီထောင်လိမ့်မယ် သို့သော်လည်း ကေအိုင်အိုမဟုတ် (ဒေါက်တာတူးဂျာနှင့် စကားစမြည်) click
- ၈ လ ကြာသော်လည်း အကူအညီများ လိုအပ်နေဆဲ နာဂစ်ဒေသ (ဆောင်းပါး) click
- ဒေါင်မရေ ကလိုက်ချည်သေး (ရသဆောင်းပါး) click
- ဂါဇာမှာ ချက်ချင်းအပစ်အခတ်ရပ်ဖို့ ကုလအတွင်းရေးမှူးချုပ် တောင်းဆို click
- မြန်မာပြည်လွတ်လပ်ခွင့် နိမ့်ကျဆဲ၊ Freedom House အစီရင်ခံစာ၌ ဖော်ပြ click
- မြန်မာအပေါ် အနောက်နဲ့မတူတဲ့ ချဉ်းကပ်မှု ထိုင်းဝန်ကြီးချုပ် ကျင့်သုံးမည် click
- လက်နက်ကိုင်မှုနဲ့ လွတ်လပ်မှု (ဗွီအိုအေ မျက်မှောက်ရေးရာ) click
- မြန်မာ့စပါးအထွက်နဲ့ ဆန်အရောင်းအ၀ယ်တွေ ဘယ်လိုရှိနေလဲ click
- စီးပွားရေးနိုးထမယ့်အစီအစဉ် အမြန်ဆုံးအတည်ပြုဖို့ လွှတ်တော်ကို အိုဘားမားတိုက်တွန်း click
နယ်စည်းမခြား တင့်ကားများ (ကာတွန်း ဟန်လေး - ဧရာဝတီဝက်ဘ်ဆိုက်)
- ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဖြစ်လာတော့မယ့် ဒေါက်တာဆူဆန်ရိုက်စ်အကြောင်း တစေ့ တစောင်း click
- စစ်အစိုးရနဲ့ သတင်းလွတ်လပ်ခွင့် click
- အမေရိကန်သမ္မတဘုရှ်ရဲ့ နောက်ဆုံးသတင်းစာရှင်းလင်းပွဲ click
- မော်လမြိုင်လေယာဉ်ကွင်းအနီး မီးလောင် click
- ကုန်ဈေးနှုန်း၊ နယ်စပ်ကုန်သွယ်ရေးနဲ့ ငွေလဲနှုန်း click
- ကွန်ပျူတာတက္ကသိုလ် ကျောင်းသားအချို့ ကျောင်းအပ်နောက်ကျ၍ တနှစ်နစ်နာ click
- ထောင်ဝင်စာတလပိတ်ထားပေမယ့် လာရှိုးထောင်က ခွင့်ပြု click
- ဒလမြို့နယ်အဖွဲ့ချုပ်ဝင်နှစ်ဦးကို အာဏာပိုင်တွေ ဖမ်းဆီး click
- ဒီဗွီဘီ နိုင်ငံတကာသတင်း click
- ခရစ်ယာန်ဘုရားဝတ်ပြု ဘုရားကျောင်းငယ်တွေကို အာဏာပိုင်တွေ ပိတ်ပင် click
- ဘိုကလေးစည်ပင်ကြောင့် လမ်းဘေးဈေးသည်များ အခက်ကြုံ click
- အမေရိကန်ပြည်၊ တက်ဆက်နယ်၊ ဒါးလတ်စ်မြို့ ဆေးရုံမှာ ချင်းလူငယ်တဦး သောင်တင်နေ click
- ၂၀၁၀ ရွေးကောက်ပွဲသည် နိုင်ငံရေးပြဿနာ ပိုကြီးထွားလာနိုင်ဟု RCSS ပြော click
- မူဆယ်တွင် အိမ်ထောင်စုစာရင်းများ အိမ်ရှေ့ကပ်ခိုင်းထား click
- ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် မာရမာကြီး အမျိုးသားတဦး ပထမဆုံး စက်မှုဝန်ကြီးဖြစ်လာ click
- Burma: Villagers forced to work on junta's oil seed plantations click
- Singapore: Political protests nixed work permit renewals click
- Burma, Myanmar: Thank You Google click
ကျန်းမာရေးဝန်ကြီးဋ္ဌာနက မန္တလေးနှင့် မကွေးဆေးတက္ကသိုလ်မှ
ဆရာဝန် (၈) ဦးကို အလုပ်မှ ထုတ်ပယ်

(ပေးပို့သူ - လုံခြုံရေးအရ နာမည်နှင့် ဆမနံပါတ်များ ချန်လှပ်ထားပါသည်။ အသေးစိတ်သိလိုသည့် သတင်းဋ္ဌာနများအနေနှင့် ဒေါက်တာလွဏ်းဆွေထံ ဆက်သွယ်၍ ပြောပြမည့်သူ၏ တယ်လီဖုန်းနံပါတ် တောင်းယူနိုင်ပါသည်။)

အပြည့်အစုံသို့...


- ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေး ရခိုင်ပြည်နယ်ရောက် စစ်တွေမြို့မှ မော်တော်ယာဉ်များ ချောဆွဲခံရ click
- နာဂစ် နိုင်ငံတကာအကူအညီများ ဧပြီလအလွန် ပြတ်လပ်ဖွယ်ရှိ click
- ဂါဇာမှာ ခိုင်ခိုင်မာမာရှိမယ့် အပစ်အခတ်ရပ်စဲရေးဖြစ်ဖို့ သမ္မတဘုရှ် တိုက်တွန်း click
- ဥရောပသို့ သဘာဝဓာတ်ငွေ့သယ်ယူရေး ရုရှား-ယူကရိန်း သဘောတူညီချက်သစ် ရရှိ click
- နိုင်ငံပိုင်မီဒီယာကို သပိတ်မှောက်ဖို့ ဆို click
- ထိုင်းဝန်ကြီးချုပ်က မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ပြော click
- မြန်မာ့အရေးဆန္ဒပြသူ စင်္ကာပူနိုင်ငံသားနှစ်ဦး အဖမ်းခံရ click
- ထိုင်းဝန်ကြီးချုပ်သစ် မြန်မာနိုင်ငံရေးအပြောင်းအလဲ မြင်လို click
- ကုမ္ပဏီများ လက်ဝါးကြီးအုပ်မှုကြောင့် ဖားကန့်လူထု ဒုက္ခရောက် click
- မြေနုကျွန်းများကို သိမ်းယူပြီး အာဏာပိုင်များ ပြန်ရောင်းစား click
- လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးအမှု ရှေ့နေလွှဲစာတင်ခွင့်မရ click
- ချင်းပြည်နယ် ရိက္ခာရှားပါးမှုကို အရေးပေါ် ထောက်ပံ့ကူညီနေရ click
- မကွေးရေနံမြေ ညမထွက်ရအမိန့် ထုတ်ထား click
- မြန်မာကို ပိတ်ဆို့အရေးယူမည်မဟုတ်ကြောင်း ထိုင်းဝန်ကြီးချုပ် ပြောကြား click
- လေးဖြူ စင်မြင့်ဖျော်ဖြေရေး တကျော့ပြန်လာမည် click
- ၀မ်းတွင်းမြို့နှင့် မိတ္ထီလာစက်မှုဇုံမှာ ခိုးဆိုးလုယက်မှု ထူပြော click
- တရားဆိုင်အမတ်နှစ်ဦးကို ရှေ့နေများနှင့်တွေ့ဆုံခွင့် ပိတ်ပင် click
- အီလက်ထရွန်နစ် ဈေးကွက်ပျက် click
- အနောက်မှပိတ်ဆို့မှု ပြန်သုံးသပ်ဟု အရှေ့တီမော တိုက်တွန်း click
- ရခိုင်အဖွဲ့ချုပ်ဝင်တဦးကို ထောင် ၁၅ နှစ် ထပ်တိုး click
- အိမ်ရှင်မများအဖွဲ့ နာယက ဒေါ်စန်းစန်းမြင့် ဆေးဝါးကုသမှုခံယူနေရ click
- ၂၀၀၉ အလွန်မှာ လူငယ်တွေ ခေါင်းဆောင်ပိုင်းတာဝန် ယူလာနိုင်ခြေရှိမရှိ click
- မန္တလေးကျောင်းသားလူငယ် ၁၁ ဦးကို ထောင်ဒဏ်နှစ်ရှည်ချမှတ် click
- ကချင်ပြည်နယ်နေ့တွင် ကချင်ကျောင်းသားများ ဆန္ဒပြ click
- အနာဂတ်ပညာရေး ချင်းမိုင်မြို့တွင် ဆွေးနွေး click
- ထိုင်းနိုင်ငံရောက် ပြည်ပအလုပ်သမားများ မှတ်ပုံတင်သက်တမ်း တိုးပေးမည် click
- မြန်မာ့အရေး ဆန္ဒပြသူ စင်္ကာပူ ၂ ဦး ထိန်းသိမ်းခံရ (ဓာတ်ပုံသတင်း) click
- ကေအန်ယူသိမ်းလိုက်သော စစ်တပ်ဆန်အတွက် ကားသမားများ လျော်ကြေးပြန်ပေးရ click
- (၄၆)နှစ်မြောက် ပလောင်အမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားကျင်းပ click