8.29.2010

သန်းရွှေ ၊ မောင်အေးနှင့် စစ်တပ်ခေါင်းဆောင်များ နှုတ်ထွက်ကြပြီ

ရန်ကုန် သြဂုတ် ၂၉ ။
မြန်မာစစ်အုပ်စု၏ အမြင့်ဆုံးအာဏာပိုင်များ ဖြစ်ကြသော ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(၇၈)နှစ်နှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး (၇၃) နှစ်တို့သည် သူတို့၏ စစ်ဘက်ရာထူးများက နှုတ်ထွက်သွားခဲ့ပြီ ဟု စစ်ဘက် အရာရှိတစ်ဦးက ပြောခဲ့ပါသည်။ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် နှုတ်ထွက်သွားခြင်း ဖြစ်နိုင်သည်ဟု ခန့်မှန်း ပြောဆိုနေကြခြင်းများ ရှိနေပါသည်။
ထုတ်ဖေါ်ပြောပြသူကမူ ထိုကဲ့သို့ နှုတ်ထွက်ခြင်းသည် ဟုတ်မှန်သည်ဟု အတည်ပြု ပြောကြားခဲ့သော်လည်း
နိုင်ငံရေးကပါ အနားယူသွားမသွားကိုမူ သူတို့လဲ ရေရာစွာ မသိရှိဟု ဆိုပါသည်။
ရွေးကောက်ပွဲ ကော်မရှင်တွင် ကိုယ်စားလှယ်လောင်းများ တင်သွင်းရမည့် နောက်ဆုံးရက်ကို ယခုလ ၃၀ရက်နေ့ နောက်ဆုံးထား တင်သွင်းရန် သတ်မှတ်ထားပါသည်။ သို့ဖြစ်၍ ရွေးကောက်ပွဲဝင်ရန် စာရင်းပေးသွင်းခဲ့လျှင် ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ကြေငြာ လိမ့်မည်ဟု အထက်ပါ အရာရှိက ပြောပါသည်။
စစ်အုပ်စုက ကြောထောက်နောက်ခံ ပြုထားသော ကြံဖွ့ပါတီသည် လက်ရှီ အခြေအနေတွင် အင်အား အကြီးဆုံး ပါတီ အဖြစ်ရပ်တည်နေသလို  ဝန်ကြီးချုပ်ဟောင်း သိန်းစိန်နှင့် အခြားဝန်ကြီး၊ ဒုဝန်ကြီး ဟောင်းများက ဦးဆောင်လျှက်ရှိပါသည်။
ထိုအရာရှိကပင် ဆက်လက်ပြောပြရာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ နေရာကို စစ်ရေးချုပ် သူရမြင့်အောင် က လည်းကောင်း ဒုတိယ ကာကွယ်ရေး ဦးစီးချုပ်နေရာကို စစ်ဆင်ရေး အထူးအဖွဲ့(၃) ဒုတိယဗိုလ်ချုပ်ကြီး ကိုကို ကလည်းကောင်း ပြောင်းလဲ တာဝန်ယူကြသည်ဟု သိရပါသည်။
ထိုအတူ အခြား အဆင့်မြင့် အရာရှိများစွာလဲ နှုတ်ထွက်ခဲ့ကြရာ ဗိုလ်ချုပ် သူရရွှေမန်း၏ နေရာ ပူးတွဲ ညှိနှိုင်းကွပ်ကဲရေးမှူး ကြည်း ရေ လေ အဖြစ် ယခင် စစ်ဆင်ရေး အထူးအဖွဲ့ (၂) ဒုတိယ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က လည်းကောင်း၊ ဗိုလ်ချုပ် သီဟသူရ တင်အောင်မြင့်ဦး၏ နေရာကို နေပြည်တော်တိုင်းမှူး ဗိုလ်ချုပ် ဝေလွင်က လည်းကောင်း ဗိုလ်ချုပ် ရဲမြင့်၏ နေရာကို အနောက်တောင်တိုင်း တိုင်းမှူး ဗိုလ်ချုပ် ကျော်ဆွေနှင့် ဗိုလ်ချုပ် စိုးမောင်နေရာကို ဗိုလ်ချုပ်၇ာပြည့်က အသီးသီး ပြောင်းလဲ ရယူခဲ့ကြပါသည်။
ရွေးကောက်ပွဲရန် ရည်ရွယ်ချက်ဖြင့် သက်ကြီးအဆင့်မြင့် အရာရှိများ နှုတ်ထွက် သွားကြသဖြင့် လူငယ် အရာရှိများသည် ရာထူး အခွင့်အလမ်းများ ပေါ်ပေါက်လာသဖြင့် ပျော်ရွှင်နေကြသည်ဟု အဆိုပါ အရာရှိကပင် ဆက်လက်ပြောပြသွားပါသည်။
ပြည်တွင်း သတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)

လူကုန်ကူးခံရသည့် မြန်မာအလုပ်သငယ်အား ၂နိုင်ငံအထူးတပ်ဖွဲ့တို့ က စုပေါင်းကယ်တင်

သြဂုတ် ၂၇
ထိုင်းဘာသာပြန်၊ကိုတီး(ရခိုင့်တံခွန်ဂျာနယ်)
မြန်မာအစိုးရ၏ နယ်စပ်ဒေသ လူကုန်ကူးမှုတိုက်ဖျက်ရေး အထူးထောက်လှမ်းရေးအဖွဲ့မှ ထိုင်းလူကုန်ကူးမှု တိုက်ဖျက်ရေးအထူးတပ်ဖွဲ့သို့ သတင်းပေးပို့ အကူညီတောင်းခံမှုကို ထိုင်းတာဝန်ရှိသူများက အရေးတယူ ချက်ခြင်း ဆောင်ရွက်ခဲ့သဖြင့် လူကုန်ကူးခံရသည့် မြန်မာအမျိုးသမီးငယ်တစ်ဦးအား ကယ်တင်နိုင်ခဲ့ကြောင်း ထိုင်းTV 3 လိုင်းမှ ယမန်နေ့ နှင့် ယနေ့ တွင် ထုတ်လွှင့်ပြသွားသည်။
လူကုန်ကူးခြင်းခံရသော အသက် ၂၇နှစ်အရွယ် မဖြူဖြူ၏ ဓါတ်ပုံနှင့် သတင်းအချက်အလက်များအား မြန်မာ
လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့ က ထိုင်းဘက်အခြမ်းသို့ ပေးပို့ ခဲ့ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံတောင်ပိုင်းအစွန်ဆုံး ချမိုင်ကိုလုတ်ဘူတာတွင် ကိုနိုင်ဆိုသူုကလာကြိုပြီး၊ ဘန်ကောက်သို့ တက်မည့် အမြန်မီးရထားတွဲ အမှတ်၁၇၁တွင် စီးနင်းလိုက်ပါလာကြောင်း ထိုင်းလူကုန်ကူးသူများ ကွန်ယက်ဖြန့်ကျက် လိုက်လံရှာဖွေခဲ့သည်။ တွေ့ရှိစဉ် ဖြူဖြူမှာ မူးဆေးထိ၍ မူးဝေနေကြောင်း တိုင်းခရိုင်၊ နယ်မြေ၉ အထူးထောက်လှမ်းရေးများက သက်ဆိုင်ရာနယ်မြေရဲဌာနများသို့ အကြောင်းကြားခဲ့သည်။ နယ်မြေရဲဌာနများကလည်း မီးရထားတွဲလုံခြုံရေးရဲများသို့ ဖြူဖြူနှင့်ပါတ်သက်သည့် သတင်း အချက် အလက်များအား အကြောင်းကြားခဲ့သည်။
ဆေးမူးနေသော ဖြူဖြူကို ရထားပေါ်တွင် ထိန်းသိမ်းနိုင်ခဲ့ပြီး လူကုန်ကူးခံရသူများအား ပြုစု စောင့်ရှောက်သည့် စခန်းသို့ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းတွင်ဖေါ်ပြထားသည်။ တိုင်းခရိုင်နယ်မြေ ၉ အထူးထောက်လှမ်းရေးတပ်ဖွဲ့က ဇွန်လက မြန်မာအမျိုးသမီး ၅ဦးအား လူကုန်ကူးမှုမှ ကူညီပေးခဲ့ကြောင်း များမကြာမီ အချိန်အတွင်းကလည်း အသက်၁၅နှစ်အရွယ် မြန်မာမိန်းကလေးငယ် တစ်ဦးအားအား ကူညီပေးခဲ့ကြောင်းဖေါ်ပြသွားသည်။
လူကုန်ကူးသည့်အဖွဲ့ များသည် ခွဲခြားမရနိုင်လောက်အောင် စာရွက်စာတမ်း အတုများအား လုပ်ဆောင်ပြီး ထိုင်းနိုင်ငံအတွင်းသို့ လူကုန်ကူးနေကြောင်း၊ ထို့အပြင် မူးယစ်ဆေးဝါးများလည်း သယ်ဆောင်နေကြောင်း၊ ထိုသို့ အတုလုပ်ပေးသည့် နေရာဌာနတို့အား အထူးစုံစမ်းလေ့လာနေကြောင်း အထူးတပ်ဖွဲ့ကို ကိုးကား၍ TV3 က ထုတ်လွှင့်ပြသသွားသည်။

8.25.2010

Burma's News World's News

Wreckage of a car bomb attack in Basra, Iraq, on 25 August, 2010
Dozens of people are killed and many others injured in a series of apparently co-ordinated bombings in Baghdad and other cities across Iraq.
Pakistani flood-affected people wade through water in Tando Hafiz Shah village about 60 km from Thatta in Sindh province on August 21, 2010. Jimmy Carter receives flowers from a North Korean child in Pyongyang on 25 August 2010
Thousands of Pakistanis flee their homes in southern coastal areas as flood-water sweeps down from the north.
 
Former US President Jimmy Carter visits North Korea and meets its number two leader in an apparent bid to free a jailed US man.
Tiger Woods and Elin Nordegren File photograph of Mont Blanc
Tiger Woods' ex-wife says she never suspected him of cheating on her, and went "through hell" after finding out about his affairs.
 
French engineers are set to drain a lake that has formed under a glacier on Mont Blanc, and which threatens to flood a valley below.
breaking news TV grab of crashed bus near Cape Town, South Africa, 25 August 2010
A plane crashes in the west of the Democratic Republic of Congo, killing 19 people, officials say.
 
At least eight children are killed and four injured in a collision between a school bus and a train in South Africa, local reports say.
Coffins of those killed in Manila are brought to a Hong Kong-bound plane on 25 August 2010 Bolivia's consul arrives to plant a flag at the mine in Chile as one of the miners is of Bolivian nationality
Victims of the Manila bus hijack have been flown back to Hong Kong, two days after the deadly siege which left eight tourists dead.
 
Chile's President Sebastian Pinera tells the 33 miners trapped hundreds of metres underground that every effort is being made to free them.
Afghans protest at Qalay-i-Naw, 25 August 2010 sumo wrestlers
An Afghan police recruit shoots dead two Spanish police officers and their interpreter in north-western Afghanistan, officials say.
 
Fat-fingered sumo wrestlers, unable to tap the keys on standard mobile phones, are being given iPads to communicate.

Than Shwe's election labyrinth

Monday, August 23, 2010
HARN LAY / THE IRRAWADDY |

Border Closure Violates Spirit of Asean Free Trade

By WILLIAM BOOT
Six-week closure of Thai-Burmese border robs both countries of trade, jobs, goods and income, and contravenes the spirit of the new Asean rules on closer economic ties.

Cyclone Than Shwe Hits Naypyidaw

By AUNG ZAW
A military purge or a simple change of uniforms? No one yet knows why Than Shwe is uprooting his colleagues.

88 Generation Leaders Remain Defiant

By BA KAUNG
Min Ko Naing and other students group leaders say they will not accept the election unless it is all-inclusive and all political prisoners are released.

EIU: No Chance of Fair Election in Burma

By THE IRRAWADDY
In it latest report on Burma, the Economist Intelligence Unit says it sees little likelihood of a free, fair or inclusive election in November.

Mon Cease-fire Group Says Election Not the Solution

By LAWI WENG
Without political dialogue, the New Mon State Party vows to fight for ethnic rights and democracy.

KIO to Hold Congress

By LAWI WENG
The Kachin cease-fire group will discuss its future role as a political party and a militia, as well as the junta's border guard force proposal.
Mono-crop Plantations Threaten Tiger Reserve
By THE IRRAWADDY
A wealthy Burmese businessmen, Htay Myint, is establishing a massive mono-crop plantation in the world’s largest tiger reserve in the Hugawng Valley in Kachin State in northern Burma.
Karen party to stand only in Irrawaddy Division
arrival-visa-bansBureaucratic roadblocks by the junta’s electoral watchdog have forced the Union Karen League party ...
NDF leader gives up on polls citing bureaucratic obstacles
khin-maung-sweNational Democratic Force party central executive committee member Khin Maung Swe announced ...

Burmese refugees suffer scabies in New Delhi
wrwab-health-caresBurmese refugees in New Delhi, India have been suffering from an outbreak of skin diseases since early ...
Labour activists released
ilo-logo-sTwo activists who had assisted farmers in central Burma in filing legal proceedings against the seizure of ...
Parents forced into USDP in return for polio shots
usdp-logo-sParents of children vaccinated against polio in the former Burmese capital have been pressured into ... UN aid has ‘limited impact’ in Burma thumbnail






UN aid has ‘limited impact’ in Burma
Report by internal UN Development Programme watchdog paints modest picture of aid efficacy in Burma, particularly in health and education Southeast Asia rich-poor gap ‘widening’ thumbnail


Southeast Asia rich-poor gap ‘widening’
Discrepancy is 'wide' between rich and poor and could undermine efforts to create a single market and manufacturing base in Southeast AsiaInt’l rights framework ‘meaningless’ for Burma thumbnail


Int’l rights framework ‘meaningless’ for Burma
Hong Kong-based legal group warns that continued human rights rhetoric without action is misleading and will keep Burma 'closed forever'

ဦးရုက္ခစိုး နတ်ပေါင်းမှားခြင်း

“ပွဲဦးမင်းကြီး ကြွလာပြီဆို မောင်းမတွေကကြို … ပွဲသိမ်းမင်းကြီး ကြွလာပြီဆို မောင်းမတွေကကြို … ကြို ကြို ကြိုကြို … မောင်းမတွေက … မောင်းမတွေက ကြို”

ဆူညံ ပွက်လော ရိုက်ကာ ညှော်နံ့များ ဝေနေသည့် တောင်ပြုန်း ပွဲတော်ဝန်းအတွင်း လူစီးကြောင်းကြီးထဲတွင် ဦးရုက္ခစိုး ရောက်နေခြင်းဖြစ်သည်။

“ရွှေလမ်းငွေလမ်း ခင်းလို့ပေးမယ် ကျော် ကျော် ကျော် ကျော် … တို့ကိုကြီးကျော် … တို့ဖေဖေကျော်”

နတ်နန်း တဆောင်တွင် ထောင်တန်များ ကျဲလိုက်ပြီး နတ်ဒိုးသံဖြင့် အားပါးတရ ကခုန်နေသည့် သူကို မြင်ဖူးသည် အမှတ်ဖြင့် ဦးရုက္ခစိုး ကြည့်လိုက်ရာ … ပြန်ကြားရေးဝန်ကြီး ဦးဆော်ကြမ်း ဖြစ်နေသည်။ ဘေးတွင်လည်း မိတ်ကပ် အဖွေးသား လိမ်း၍ “ဟေးဟား” ဝိုင်းအော်နေကြသူများ ရှိသည်။ ရှေ့ဆုံးတွင် ထိုင်နေသူကို မှတ်မိစေရန် ဦးရုက္ခစိုး မနည်းကြည့်ယူရသည်။

ရုက္ခစိုး။     ။ ဟာ … ဝန်ကြီးချုပ် ဦးသိန်းဂိန်။ ဆံပင်တုကြီးလည်း စွပ်လို့ ဘယ်လိုဖြစ်တာလဲ။

သိန်းဂိန်။     ။ ဟယ် … ယူပါလား။ ကြည့်စမ်း လူဆိုး … အဲ နတ်ဆိုး … အခုမှ လာရလားလို့။ တို့က အခု မာမီဂိန်ဖြစ်နေပြီ။ ဦးသိန်းဂိန်လို့ ခေါ်နဲ့၊ ကြိုက်ဘူး။

ရုက္ခစိုး။     ။ ကြံ့ဖွံ့တဖွဲ့လုံး ဒီရောက်နေကြတာလား။ ဘယ်လိုဖြစ်ကုန်တာလဲ။

သိန်းဂိန်။     ။ အို … တို့ဆောင်ပုဒ်ကို ယူ မသိဘူးလားလို့။ “နိုင်ကိုနိုင်ရမည်။ ဘယ်လိုနိုင်နိုင်၊ နိုင်ဖို့သာ အရေးကြီးသည်၊ အောက်လမ်းနည်းနဲ့နိုင်နိုင်၊ ဂမ္ဘီရနည်းနဲ့ နိုင်နိုင်၊ နတ်မလို့ပဲနိုင်နိုင်၊ ကလိန်ကကျစ်လုပ်ပြီး နိုင်နိုင် … ကြိုက်သလိုသာ လုပ်၊ ကြံ့ဖွံ့နိုင်ရမည်” ဆိုတာလေ။

ဦးသိန်းဂိန်က အသံနေအသံထားဖြင့် ဆိုပြခြင်းဖြစ်သည်။

ရုက္ခစိုး။     ။ အဆိုတော် ခေါဖုခင် ဆိုတဲ့သီချင်းလား။ ကြားဖူးတယ်။

သိန်းဂိန်။     ။ အဲဒါ တို့ကြံ့ဖွံ့ဆောင်ပုဒ်လေ။ အခု အဲဒီဆောင်ပုဒ်ထဲက အတိုင်း နိုင်အောင် မစအောင်လို့ ဒီမှာ ရှိသမျှ အမေတို့၊ အဖေတို့၊ မမတို့၊ ကိုကြီးတို့၊ ကိုလေးတို့၊ ဦးတင်ဦးတို့ကို လာပြီး ပူဇော်ပသတာ။ ကန္နားလာပေးတာ … သိပြီလား။

ရုက္ခစိုး။     ။ ကိုကြီးတို့၊ ကိုလေးတို့၊ အဖေတို့၊ အမေတို့က ထားပါတော့ … ဦးတင်ဦးက ဘယ်က ပါလာတာလဲ။

ဦးသိန်းဂိန်။     ။ လေယာဉ်ပျက်ကျသွားတဲ့ ဦးတင်ဦးလေ။ သူလည်း အစိမ်းသေဆိုတော့ နတ်ဖြစ်မှာပဲ မဟုတ်လား။ ဂယ်ပဲ ဂယ်ပဲ … ဦးရုက္ခစိုးဟာလေ၊ သိပ်ကို ရှင်းရတာပဲ။

ဦးရုက္ခစိုးကို လှည့်ပြောအပြီး တီးလိုက်သော နတ်ဒိုးနှင့်အတူ လက်ခုပ်တီး၍ “ရွှေလမ်း ငွေလမ်း ခင်းလို့ ပေးမယ် တို့ကြံ့ဖွံ့နော်၊ ကျော် ကျော်ကျော်ကျော် တို့ ကျော်ဆန်းနော်” ဆိုပြီး အော်ဆိုလိုက်သေးသည်။ ဦးဆော်ကြမ်း၏ ကြံ့ဖွံ့အမည်မှာ ဦးကျော်ဆန်းဖြစ်သည်။

ရုက္ခစိုး။     ။ မာမီဂိန်တောင် ပုဆိုးဝတ်တာ အတော်ကျွမ်းနေပြီပဲ။

ဦးသိန်းဂိန်။     ။ ဟေ့ … တို့က ပုဆိုးတင် မဟုတ်ဘူးနော်၊ ထဘီလည်း ဝတ်တတ်တယ်၊ ဝတ်ပြရမလား။

ဦးသိန်းဂိန်က ဦးရုက္ခစိုးကို ပြန်ပြောရင်း ပွဲခင်းတနေရာကို ကြည့်ကာ မျက်စောင်းထိုးလိုက်သည်။ ပွဲခင်းတနေရာတွင် တစည အဖွဲ့က ပါတီ စည်းရုံးရေး လုပ်နေသည်။

ဦးသိန်းဂိန်။     ။ ဟေးယူ … ကြည့်စမ်း ကြည့်စမ်း။ ဒီလိုနေရာမျိုးမှာ ပါတီစည်းရုံးရေး လာလုပ်နေတယ်။ တကယ်ပါပဲဟယ်။ သူတို့မို့လို့ နတ်ရိုက်မှာ မကြောက်မရွံ့။

တစည ပါတီထဲက တဦးက ဦးရုက္ခစိုးကို လက်ကမ်းကြော်ငြာ တစောင်လာဝေရင်း “ဦးရုက္ခစိုး သေချာဖတ်ကြည့်နော်။ ကျနော်တို့ပါတီက သူတို့လို ဖားတပိုင်းငါးတပိုင်းမဟုတ်ဘူး၊ ဟိုမရောက် ဒီမရောက်မဟုတ်ဘူး။ နောက်မှာ စစ်တပ်လည်း မရှိဘူး။ သန့်သန့်လေး သိလား” ဟု ပြောလိုက်ရာ ဦးသိန်းဂိန်က ပုဆိုးကို မ ရင်း “… ကြည့်စမ်း။ လူကိုများ ဖားတပိုင်း ငါးတပိုင်းတဲ့။ သူတို့ကမှ အထည်ကြီး ပျက်တွေ။ ဟွန်း … နတ်ရိုက်မယ့်ဟာတွေ။ ကြည့်လို့ကို မရဘူး။ နင်တို့နဲ့ ရွေးကောက်ပွဲ စင်မြင့်ပေါ်မှာ တွေ့မယ် … သိလား။ အကောင်တွေရဲ့” ဟု နှုတ်ခမ်းထော်ရင်း ရန်တွေ့သည်။

ရုက္ခစိုး။     ။ ဦးသိန်းဂိန်တို့ရဲ့ ကြံ့ဖွံ့ပါတီက တစည ကိုလန့်နေပြီ ထင်တယ်။ ဟုတ်လား။

သိန်းဂိန်။     ။ အောင်မယ်။ ရာရာ စစ။ တို့လန့်တဲ့ပါတီဆိုတာ မရှိသေးဘူး သိလား။ တို့နောက်မှာ ချိုကုပ်ဒူးကြီးရှိတယ်။ သူတို့က အထည်ကြီးပျက်တွေလေ၊ ပိုက်ဆံလည်း မရှိဘဲနဲ့များ။ လာယှဉ်ချင် သေးတယ်။ သိန်းဂိန်ကို ဘာမှတ်နေလဲ။

ရုက္ခစိုး။     ။ ဒါဆို ဦးသိန်းဂိန်ပါတီက သေချာပေါက် နိုင်မယ်လို့ တွက်ထားပြီးသားပေါ့ ဟုတ်လား။

သိန်းဂိန်။     ။ သေချာပေါက် ကလိန်ကကျစ်ကျထားတာ … မနိုင်ဘဲ ရှိမလား။ ဟယ် … ယောင်လို့ (ပါးစပ်ကို လက်နှင့် အုပ်၍) တို့ပါတီက သေချာပေါက်ကို နိုင်ဦးမှာ။ အောင်ပွဲခံဦးမှာ။ အဲဒီအခါကျရင် ကိုးကြီးကျော်တို့ မမနှဲတို့နဲ့အတူ ဖလန်းဖလန်းကို ထလိုက်ဦးမှာ။

ရုက္ခစိုး။     ။ တစည ဘက်က ပြောနေကြတယ်၊ ဦးသိန်းဂိန်က တပ်ကထွက်ပြီလည်း ပြောသေးတယ်၊ အပြင်ထွက်ရင် စစ်သား အစောင့်အရှောက်နဲ့ ထွက်တယ်တဲ့။ အဲဒါမျိုး မဖြစ်သင့်ဘူးတဲ့ဗျ။

သိန်းဂိန်။     ။ မဖြစ်သင့်ဘူးဆိုတာ တို့တတွေရဲ့ အဘိဓာန်မှာ မရှိဘူးကွယ်။ အခုအချိန်အထိ လုပ်ချင်ရာ လုပ်နေကြတာ သိရဲ့သားနဲ့။

ရုက္ခစိုး။     ။ အင်း … မေးမိတဲ့ ကျုပ် အမှားပါ။

သိန်းဂိန်။     ။ ဟေ့ … ယူ့ကို ကြွားရဦးမယ် သိလား၊ တို့ ပါတီကို အတင်း သွပ်သွင်းထားတဲ့ သူငယ်လေးတွေဆို အခု ကွန်ပျူတာခလုပ်တွေ ကိုင်တတ်နေပြီ။ ရှယ်နော် … ရှယ်။

ရုက္ခစိုး။     ။ ကွန်ပျူတာ ခလုတ်ကိုင်တတ်တာ ကြွားစရာလား။

သိန်းဂိန်။     ။ အင်းလေ … အဲဒီလို ကိုင်တတ်ဖို့ဆိုတာ လွယ်မလား စဉ်းစားကြည့်စမ်းပါဦး။ မဆလ ခေတ်ကဆို စက်ဆိုလို့ ဂဏန်းပေါင်းစက်တောင် မြင်ဖူးဖို့ လွယ်တာမဟုတ်ဘူးလေ။ အဲဒါကြောင့် တို့က ပြောတာ၊ ခြင်္သေ့ကိုပဲ မဲပေးပါလို့။

“ဘာမှလည်း မဆိုင်ဘူး” ဟု စိတ်ထဲက ရေရွတ်လိုက်သည်။ ထိုစဉ် ရုတ်ရုတ်ရုတ်ရုတ်နှင့် လူတစု ရောက်လာသည်။ ကင်မရာများကို ထုတ်ရိုက်ကြသည်။ ငိုသူကငို … ရယ်သူကရယ်နှင့် တော်တော်လေး ရှုပ်ရှုပ်ထွေးထွေး ဖြစ်သွားသည်။

သိန်းဂိန်။     ။ ဟယ် … ဘာဖြစ်ကြတာလဲ၊ ဘာဖြစ်ကြတာလဲ။ သူတို့က ဘယ်သူတွေလဲ။ လုပ်ကြပါဦးတော်။ ဒုက္ခပါပဲ။

ရုက္ခစိုး။     ။ ရုပ်ရှင်အဖွဲ့ထင်တယ်။ တောင်ပြုန်းနောက်ခံ ဇာတ်ကား လာရိုက်တာ ဖြစ်မယ်။

ဦးရုက္ခစိုးခန့်မှန်းသလို ရုပ်ရှင်အဖွဲ့ဖြစ်နေသည်။ ရုပ်ရှင်အဖွဲ့က ရိုက်ကောင်းကောင်းနှင့် ရိုက်နေစဉ် ပွဲခင်း တခင်းလုံးက နတ်ကတော်များ ဝိုင်းလာကြသည်။ နတ်ကတော် မူပိုင်ခွင့်ကိစ္စ ငြင်းကြခုန်ကြနှင့် တော်တော်လေး ရှုပ်ရှုပ်ထွေးထွေး ဖြစ်သွားသည်။ နတ်ကတော် ဇာတ်ရုပ်ကို ရုပ်ရှင်ရိုက်လျှင် နတ်ကို အသိပေးသင့်သည်ဟု နတ်ကတော်များက အော်ကြသည်။

ထိုသို့ ရုတ်ရုတ်သည်းသည်း ဖြစ်နေစဉ် နတ်ဒိုးသံ ပြောင်းသွားသည်။ “ဝါကာ ဝါကာ အေ့အေ … ဝါကာ ဝါကာ အေ့အေ” ဆိုသည့် ကမ္ဘာ့ဖလား ဘောလုံးသီချင်းကို မြန်မာစာသား ထည့်ကာ နတ်ဒိုးဖြင့် တီးဆိုကြသည်။ ဘယ်အချိန်က ရောက်နေမှန်း မသိသော မြန်မာမှုပြု ပြန်လည်သီဆိုသူ အဆိုတော်နှင့် တေးရေးမှာ သီချင်းကို သူပိုင် ငါပိုင် ရန်ဖြစ်ကြပြန်သည်။

ရုတ်ရုတ်သည်းသည်း ဖြစ်သွားသော အခြေအနေကို ထိန်းရတော့မည်ဟူသော အသိဖြင့် ပြန်ကြားရေး ဝန်ကြီးဆော်ကြမ်း အားပါးတရ ကနေရာက ရပ်လိုက်သည်။

“ရှင်းပေးပါ၊ ရှင်းပေးပါ” ဆိုသော အသံများဆူညံနေသည်။

ဆော်ကြမ်း။     ။ ကဲ … အားလုံးငြိမ် … ဒီပြဿနာတွေအားလုံး ပြေလည်ချင်တယ် မဟုတ်လား။ တို့ရှင်းပေး မယ်။

“ပြေလည်ချင်တယ်” ဟု လူအုပ်ကြီးက အော်လိုက်သည်။

ဦးသိန်းဂိန်က ဦးဆော်ကြမ်းကို “ကြုံတုန်းလေး ပါတီစည်းရုံးရေးလုပ်လိုက်” ဆိုသည့်သဘော မျက်ရိပ်ပြ လိုက်သည်။ ဦးဆော်ကြမ်းမြင်ရန် အကောင်တကောင်ပါသော စာရွက် တရွက်ကိုလည်း ထောင်ပြ လိုက်သည်။ ထိုအကောင်ကို မည်ကဲ့သို့ ခေါ်ရမည်မှန်း ရုတ်တရက် ဦးဆော်ကြမ်းက မေ့နေသေးသည်။ ခဏနေတော့မှ အော်လိုက်သည်။

“ပြဿနာတွေ ပြေလည်ချင်ရင် ခြင်္သေ့ကို မဲပေးပါ”

ဦးဆော်ကြမ်းအသံ အဆုံးတွင် ပရိသတ်ထဲက သောက်လက်စ အရက်ပုလင်းတလုံး ဝဲပျံလာပြီး သူ့ထိပ်တည့်တည့်ကို မှန်သည်။ နောက်တွင် ပြောင်းဖူးရိုးများ၊ ရေသန့်ဗူးများ၊ အမှိုက်ထုပ်များ ဝဲပျံလာသည်။

ဦးသိန်းဂိန်နားတွင် ရောက်နေသော နတ်ကတော်တဦးက “ပြဿနာ ရှင်းပါဆိုမှ … ပိုရှုပ်အောင် လုပ်ချင်ဦး။ ကဲဟယ် … မှတ်ပြီလား။ အဲဒါ နတ်ရိုက်တာ။ မှတ်ပြီလား” ဟုပြောရင်း ဦးသိန်းဂိန်၏ တင်ပါးကို ဝါးခြမ်းပြားဖြင့် တဖြန်းဖြန်း ရိုက်သည်။

နတ်ကတော်အပေါင်း၏ ဝိုင်းဝန်းဆွမ်းကြီးလောင်းသည့်ဒဏ်ကို မခံနိုင်သည့်အဆုံး ဦးသိန်းဂိန်နှင့်အဖွဲ့ ကမူးရှုးထိုး ထွက်ပြေးကြရာ သူတို့ကြားတွင်ရောက်နေသော ဦးရုက္ခစိုးပါ ဖနောင့်နှင့်တင်ပါး တသားတည်း ကျအောင် ပြေးရလေတော့၏။

ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များ အပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။

မြန်မာ့သတင်း ကမ္ဘာ့သတင်း


NLD ထောက်ခံသူတွေ မဲပေးရမယ့်သူ မရှိ

လာမယ့် ၂၀၁၀ ရွေးကောက်ပွဲမှာ NLD ပါတီ ၀င်မပြိုင်တဲ့အတွက် NLD ကို မဲပေးချင်သူတွေ မဲမပေးကြပါနဲ့လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။
သတင်းအပြည့်အစုံ | နားဆင်ရန်
အန်အယ်လ်ဒီ မရှိတော့ မပေးနဲ့ပေါ့ဟု ဒေါ်စုကဆို

အန်အယ်လ်ဒီ မရှိတော့ မပေးနဲ့ပေါ့ဟု ဒေါ်စုကဆို

အန်အယ်လ်ဒီကို မဲပေးလိုတယ်။ အန်အယ်လ်ဒီ မရှိတော့ ဘယ်သူ့ကို မဲပေးရမလဲ ပြည်သူတွေက မေးနေကြတယ်ဆိုတဲ့ အဖြေကို ဒေါ်စုက ဒီမေးခွန်းရဲ့အဖြေကို ပြောပါတယ်။ အန်အယ်လ်ဒီကိုပဲ မဲပေးချင်တယ်။ အန်အယ်လ်ဒီမရှိရင် မပေးနဲ့ပေါ့လို့ ဒေါ်စုက ဖြေပါတယ်

ဟူးကောင်းချိုင့်ဝှမ်းဒေသ မြေယာသိမ်းခံရသူများအား အတင်းအကျပ် လျော်ကြေးပေး

ပြည့်တန်ဆာများ အိပ်ခ်ျအိုင်ဗွီ ဖြစ်နှုန်း များပြား
ရွေးကောက်ပွဲကို စောင့်ကြည့်ရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

ရွေးကောက်ပွဲကို စောင့်ကြည့်ရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ တရပ် ဖြစ်ပေါ်လာ စေရေးအတွက် လူတိုင်းက အနီးကပ် စောင့်ကြည့်ရန် တာဝန်ရှိသည်ဟု နေအိမ် အကျယ်ချုပ် ကျခံနေရသော အတိုက်အခံ ခေါင်းဆောင်
ကရင်ရိုးရာ လက်ချည်ပွဲ ထောင်နှင့်ချီ၍ လာရောက်

ကရင်ရိုးရာ လက်ချည်ပွဲ ထောင်နှင့်ချီ၍ လာရောက်

ထိုင်းနိုင်ငံ မဲဆောက်မြို့ တောရကျောင်းတွင် ကရင်ရိုးရာ လက်ချည်ပွဲ (ချည်ဖြူဖွဲ့ မင်္ဂလာ) အခမ်းအနားကို ယနေ့ နံနက်ပိုင်းက စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရှိရသည်။ “ဒီလို နှစ်စဉ် ကျင်းပတဲ့ အဓိက

ဦးသိန်းစိန် အစိုးရစရိတ်ဖြင့် မဲဆွယ်

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ခေါင်းဆောင် ဖြစ်သည့် ၀န်ကြီးချုပ် ဦးသိန်းစိန်က လာမည့် ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ပါတီ အနိုင်ရရှိရေး အတွက် စည်းရုံးရေးကို အဓိကထား ဆောင်ရွက်ရန်

သဲတောတွင် မိုးသည်း၍ ရေကြီးရေလျှံဖြစ်

မန္တလေးတိုင်း သဲတောမြို့တွင် မိုးသည်းထန်စွာ ရွာသည့် အတွက် ယနေ့နံနက် ၅ နာရီခန့်က စတင်ပြီး တမြို့လုံး ရေကြီးနေကြောင်း သဲတောမြို့ခံ တဦးက ဧရာဝတီသို့ ပြောသည်။အဆိုပါ မြို့ခံက

ပါတီများ နယ်မဆင်းနိုင်၊ လူထု ရွေးစရာမရှိ

လာမည့် ရွေးကောက်ပွဲ အတွက် ရန်ကုန်တိုင်း အပါအ၀င် တိုင်းနှင့် ပြည်နယ်များရှိ မဲဆန္ဒနယ် များစွာတွင် နိုင်ငံရေး ပါတီများ ဝင်ရောက် ယှဉ်ပြိုင်နိုင်သည့် အလားအလာ မရှိဘဲ ဒေသခံများ အတွက် ရွေးချယ်စရာ

လွှတ်ပေးသည့်စာရင်းတွင် နိုင်ငံရေးအကျဉ်းသားများ မပါ

စစ်အစိုးရက အင်းစိန် အကျဉ်းထောင်မှ အကျဉ်းသား ၁၂၀ ခန့်ကို သြဂုတ်လ ၂၄ ရက်နေ့တွင် လွှတ်ပေးခဲ့ သော်လည်း နိုင်ငံရေး အကျဉ်းသားများ ပါဝင်မှု မရှိကြောင်း သတင်းရရှိသည်။

အမျိုးသမီးအဆိုတော် ၇ ဦး၏ 7 Golden Girls စင်တင်ပွဲ ကျင်းပ

အမျိုးသမီး အဆိုတော် ၇ ဦး၏ 7 Golden Girls ဖျော်ဖြေပွဲကို သြဂုတ် ၂၁ ရက်နေ့ ညနေက ရန်ကုန် အမျိုးသား ကဇာတ်ရုံတွင် တင်ဆက် ခဲ့သည်။ ယင်းဖျော်ဖြေပွဲတွင် Lazy Club တေးဂီတဝိုင်း၏ တီးခတ်မှုနှင့်

နယ်ခြားမြစ် ကမ်းထိန်းတမံ စတင် တည်ဆောက်

ထိုင်း-မြန်မာ နယ်စပ် သောင်ရင်းမြစ်နှင့် ထိစပ်နေသော မြ၀တီမြို့ဘက် အခြမ်းရှိ မြစ်ကမ်း ရေတိုက်စားမှု ကာကွယ်ရန် ဆောက်လုပ်ရေး ကုမ္ပဏီကြီး ၄ ခုက ကမ်းထိန်းတမံများ တည်ဆောက်နေပြီ ဖြစ်ကြောင်း

မြန်မာဒုက္ခသည်များ အရေပြားရောဂါ ဖြစ်ပွား
wrwab1sရေသန့်မရသည့်အပြင် ရာသီဥတု စွတ်စို ထိုင်းမှိုင်းသဖြင့် အိန္ဒိယနိုင်ငံ နယူးဒေလီ ...

ဗိုလ်နှုတ်ခမ်းမွှေးမှာ အင်အား တထောင်ရှိပါသည်
dkba-notkhanmwaysနယ်ခြားစောင့်တပ် မပြောင်းဘဲတင်းခံနေသော ဗိုလ်နှုတ်ခမ်းမွှေး ဦးစီးသည့် တိုးတက် ...

ဗိုလ်ချုပ်ကြီးရဲမြင့် ဝ' တပ်ကို မတရားအသင်းနှင့် ခြိမ်းခြောက်ပြန်
yemyintsနောက်လအတွင်း ဝ' ပြည် သွေးစည်းညီညွတ် ရေးတပ်ကို မတရားအသင်း ကြေညာပြီး ...

သိန်း ၁ဝဝ ထုတ်ချေးပြီး မဲဆွယ်တဲ့ ဘဏ္ဍာရေးဝန်ကြီးကို ထူးက စပွန်ဆာပေး
usdasဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးလှထွန်းက ရွေးကောက်ပွဲဝင်မည့် သူ့ဇာတိ ကျောက် ...

မျက်နှာသစ်တာနဲ့တူတဲ့ မြန်မာရွေးကောက်ပွဲ လို့ မီဇိုရမ် အာဏာရပါတီပြော
totkhatelနှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးနှင့် လမ်းပန်း ဆက်သွယ်ရေးအတွက် အဓိကကျသည့် ...


more



more



more



more



more



more



more



more



more



more



more



more
2010-08-25

ရွေးကောက်ပွဲ မရိုးသားမှုတွေစောင့်ကြည့်ဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

2010-08-25
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်တယ် ဆိုပေမယ့် မဲပေး၊ မဲရေတွက်တဲ့ နေရာမှာ ရိုးသားမှု ရှိမရှိ သေသေချာချာ စောင့်ကြည့်ပြီး မရိုးသားတာတွေ တွေ့ရင် ဖော်ထုတ်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေကို တိုက်တွန်းလိုက်တယ် ဆိုပြီး သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
2010-08-24

ကရင်ပြည်သူ့ ပါတီ KPP က အမတ်လောင်း ၄၀ ပါဝင်ယှဉ်ပြိုင်ဖို့ လျာထား

ရွေးကောက်ပွဲဝင်မယ့် ပါတီတခုဖြစ်တဲ့ ကရင် ပြည်သူ့ ပါတီ KPP က ရွေးကောက်ပွဲမှာ အမတ်လောင်း ၄၀ နီးပါး ပါဝင်ယှဉ်ပြိုင်ဖို့ လျာထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
2010-08-24

အမျိုးသားရင်ကြားစေ့ရေးအတွက် တွေ့ဆုံစကား ပြောဖို့ လိုအပ်ကြောင်း သီတဂူဆရာတော် မိန့်

အင်းစိန်အကျဉ်းထောင်က အကျဉ်းသား ၁၀ဝ ကျော် ဒီကနေ့ လွတ်မြောက်ပေမယ့် နိုင်ငံရေး အကျဉ်းသား တဦးမှ မပါဘူးလို့ အင်းစိန်ထောင်မှာ စောင့်ကြည့်နေသူ နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေက ပြောပါတယ်။
2010-08-24

ရွေးကောက်ပွဲ လုပ်ခွင့်မပေးနိုင်ကြောင်း စစ်အစိုးရကို UWSA အကြောင်းကြား

UWSA ဝပြည် သွေးစည်းညီညွတ်ရေး အဖွဲ့ နယ်မြေအတွင်း လာမယ့် နိုဝင်ဘာလ ၇ ရက်နေ့မှာ စစ်အစိုးရ ပြုလုပ်မယ့် ရွေးကောက်ပွဲတွေကို ပြုလုပ်ခွင့် မပေးနိုင်ကြောင်း စစ်အစိုးရကို UWSA က ဒီကနေ့ အကြောင်းကြား လိုက်တယ်လို့ ပန်ဆန်း အခြေစိုက် ဝအရာရှိတဦးက RFA ကို ပြောပါတယ်။
2010-08-24

အစိုးရရုံး အဆောက်အအုံတွေကို အပြောင်းအရွှေ့တွေ ဆက်တိုက် ပြုလုပ်

နိုဝင်ဘာလမှာ ရွေးကောက်ပွဲ လုပ်တော့မယ်လို့  ကြေညာထားတဲ့ မြန်မာစစ်အစိုးရဟာ အခု သီတင်းပတ် တွေအတွင်း ရန်ကုန်မြို့မှာရှိတဲ့ အစိုးရ အဆောက်အအုံတွေ၊ ရုံးတွေကို အပြောင်းအရွှေ့တွေ ဆက်တိုက် ပြုလုပ်နေတယ်လို့ သိရပါတယ်။