5.22.2009

ဒေါ်အောင်ဆန်းစုကြည်မှ ဗိုလ်ချုပ်မှူးကြီးသို့ အိတ်ဖွင့်ပေးစာ

E-mail Print
သို့ ... စေတနာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေရှင့် …

ကျေးဇူးတင်လွန်းလို့ ဒီစာကို ရေးလိုက်ရခြင်းဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးက တကယ့် စေတနာရှင်ကြီးပါပဲ။ ဗိုလ်ချုပ်မှူးကြီးကြောင့်သာ ကျမကို တကမ္ဘာလုံးက လူတွေ သတိတရနဲ့ အာရုံစိုက်လာကြတာပါ။

တကယ်ဆို ကျမကို အားလုံးက မေ့နေကြပြီလေ။ အော်နေကြတဲ့သူတွေလည်း မောကြပြီ။ ဝတ္တရားမပျက် အော်ကြရင်း အသံတွေလည်း ဝင်ကုန်ပြီ။

ဒီကြားထဲ ကျမတို့ထက် အရေးကြီးတဲ့ နိုင်ငံတွေရဲ့ ကိစ္စတွေက ဟိုကပေါ်လာ ဒီက ပေါ်လာနဲ့ ဆိုတော့ နိုင်ငံ တကာကလည်း “ဒေါ်အောင်ဆန်းစုကြည်ဆိုတာ သူ့အိမ်ထဲမှာ သူ အေးရာအေးကြောင်း နေနေရတဲ့ နိုဗဲလ် ဆုရှင်ပဲလေ။ တချက်တချက် ထအော်ပေးလိုက် တော်ရောပေါ့၊ တခြား ပိုအရေးကြီးတဲ့ နိုင်ငံတွေ ရှိသေးတယ်” ဆိုပြီး ကျမနဲ့ပတ်သက်တဲ့ ကိစ္စကို ပျင်းကုန်ကြပြီ မဟုတ်လား။

နိုင်ငံတကာမပြောနဲ့ ကျမတို့ နိုင်ငံထဲက လူတွေတောင် ကျမကို မေ့တေ့တေ့ ဖြစ်နေပါပြီလေ။ ကျမလည်း အိမ်ထဲ မှာ အကြာကြီးနေနေရတာ ပျင်းလှပြီ။ တနေ့တနေ့ ဒေါ်ခင်ခင်ဝင်းနဲ့ မဝင်းမမ .. ဒီမျက်နှာ နှစ်ခုပဲ မြင်နေရ၊ ဒီပစ္စည်းတွေနဲ့ပဲ ထိတွေ့နေရတာလည်း ညည်းငွေ့လှပြီ။

အဲဒီလိုကျမ ပျင်းနေ၊ ညည်းငွေ့နေတာကို ဗိုလ်ချုပ်မှူးကြီးက သိပုံပေါ်တယ်။ တကယ့်ကို အမျှော်အမြင်ကြီးတဲ့ ဗိုလ်ချုပ်မှူးကြီးပါပဲ။ ကျမကို လူတွေမေ့နေတာကို ကြည့်ပြီး စိတ်မကောင်း ဖြစ်သွားတယ်ထင်တယ်၊ ရုတ်တရက် ကြီး တကယ့်ကို ရယ်စရာကောင်းတဲ့ လူတယောက်ကို ကျမဆီ လွှတ်လိုက်တဲ့ကိစ္စ .. တော်ရုံစဉ်းစားဥာဏ်နဲ့ ဘယ်သူက တွေးမိမှာလဲ။ ဗိုလ်ချုပ်မှူးကြီးလို ဦးနှောက်ကောင်းတဲ့ သူမို့လို့ပေါ့။

ကျမတို့ ၃ ယောက်လုံး အိမ်ထဲမှာ ညည်းငွေ့နေကြတုန်း လူစိမ်းတယောက်ကို လွှတ်လိုက်တော့ အရုပ်သစ်ရတဲ့ ကလေးတွေလိုပဲ ကျမတို့ ပျော်ကြတာပေါ့။ သူ့ခမျာလည်း ရေသေကြီးထဲ မနည်းကူးလာရတာ ဆိုတော့ ကျမတို့ အားလုံး ရှိတာလေးတွေ ထုတ်ကျွေးကြရင်း စကားပြောဖော် အသစ်တယောက် ရောက်လာသလို ဖြစ်သွားတာ ပေါ့လေ။

ဗိုလ်ချုပ်မှူးကြီးက ဒီလောက်နဲ့တင် မကျေနပ်ဘူး။ မစ္စတာယက်ထော အိမ်ထဲဝင်တဲ့ကိစ္စကြောင့် “ကျမကို အကျယ်ချုပ်ရက် ထပ်တိုးတယ်” လို့ အာဏာသုံးပြီး ပြောလိုက်လည်း ရရဲ့သားနဲ့ စေတနာဗရပွနဲ့ အလုပ်ရှုပ် ခံရှာတယ်။

“သြော် ကောင်မလေးခမျာ ပျင်းနေရှာတယ်၊ လူတွေနဲ့လည်း မတွေ့ရတာ ၆ နှစ်နီးပါး ရှိနေရှာပြီ။ လူတွေနဲ့ တွေ့ရအောင် လုပ်ပေးဦးမှ” ဆိုပြီး ဗိုလ်ချုပ်မှူးကြီး စဉ်းစားတယ် မဟုတ်လား။ အဲဒီလို စေတနာ ထားတာ။

လူနှစ်ယောက်ထဲနဲ့ နေခဲ့ရတဲ့ ကျမ .. ခုလို လူပေါင်းများစွာနဲ့ တွေ့လိုက်ရတာ ဘယ်လောက် ပျော်လိုက်မလဲ စဉ်းစားသာကြည့်။ စကားတွေလည်း ပြောရသေးတယ်၊ ပြီးတော့ ကျမရဲ့ ရှေ့နေကြီးတွေဆိုလည်း တွေ့ရ ပါတော့မလား ထင်တာ ခုပြန်တွေ့ခွင့်၊ စကားပြောခွင့်ရတယ်။ ဘာပဲဖြစ်ဖြစ် ခုလို ကျမကို မပျင်းရအောင် ဒီလို အခြေအနေတွေ ဖန်တီးပေးတာ ဗိုလ်ချုပ်မှူးကြီးကို ကျေးဇူးတင်ထိုက်တာပေါ့ မဟုတ်ဘူးလား။

နောက်တခုရှိသေးတယ် .. ဘယ်သူတွေက “တံခါးဖွင့် တရားစီရင်ရေးလုပ်ပါ” ဆိုပြီး ဘယ်လောက်ပဲ တောင်းဆိုတောင်းဆို .. လုပ်ချင်ရာလုပ်နေကျ ဗိုလ်ချုပ်မှူးကြီးရဲ့ ဉာဉ်အတိုင်း “မဖွင့်ဘူးကွာ ဒီတိုင်းစစ်” လို့ လုပ်လို့ရရဲ့သားနဲ့ စေတနာတွေ ဝေဖြာပြီး သံတမန်တွေ၊ သတင်းထောက်တွေကို (ဟန်ပြပဲဖြစ်ဖြစ်) ဝင်ခွင့် ပေးခိုင်းတာလည်း ကျေးဇူးတင်ရမှာပဲလေ။

အဲဒီတော့ ပွဲက ပိုဆူသွားတာပေါ့၊ အဲဒီမှာ နိုင်ငံတကာက ပိုအာရုံစိုက်လာတဲ့ အပြင် ကျမရဲ့ သတင်းတွေ၊ ဓာတ်ပုံတွေ၊ ရုပ်သံမှတ်တမ်းတွေ ဆိုတာ နိုင်ငံတကာက မီဒီယာတွေ၊ ရုပ်သံတွေမှာ တင်းကြမ်းပြည့် ပါလာပြီး လူတွေကလည်း အန်တီစု၊ အမေစု၊ မမစု၊ ညီမလေးစု .. ဘာစု၊ ညာစုနဲ့ အုတ်အုတ်ကျက်ကျက် လုပ်ကုန်ကြရော မဟုတ်လား။

ကျမ ပြောနေကျ အမျိုးသားပြန်လည် သင့်မြတ်ရေးကိစ္စကို ထပ်ပြောခွင့်ရအောင်လည်း ဗိုလ်ချုပ်မှူးကြီးက ဖန်တီး ပေးပြန်တယ်။ သံတမန် ၃ ယောက်နဲ့ အင်းစိန်ထောင်ထဲမှာ စကားပြောခွင့်ရဖို့ဆိုတာ ဘယ်လွယ်လိမ့်မလဲနော်။ ကျမလို နေအိမ်အကျယ်ချုပ်ကျခံထားရပြီး ဘယ်သူနဲ့မှ တွေ့ခွင့်မရတဲ့ သူတယောက်အဖို့ ပိုတောင် မလွယ်သေး တယ်။

ကျမကို ၂ ပတ်လောက်အတွင်းမှာ တကမ္ဘာလုံးကလူတွေ အာရုံစိုက်လာအောင် လုပ်ပေးတဲ့ ဗိုလ်ချုပ်မှူးကြီးရဲ့ အစွမ်းကတော့ အံ့မခန်းပါပဲ။ ခုဆို ကျမအမှုတရားစီရင်ရေးက ၂၀၀၉ အတွက် အထူးခြားဆုံး တရားစီရင်မှု ဖြစ် သွားလောက်ပြီ။

ကြည့်ရတာ ဗိုလ်ချုပ်မှူးကြီးက တရုတ်နဲ့ ကိုရီးယား ဇာတ်လမ်းတွဲတွေ ကြိုက်တတ်တယ် ထင်တယ်နော်။ စိတ်ကူးယဉ် ဇာတ်လမ်းတွေ ရေးတာလည်းတော်တော် တော်တယ်။ ဗိုလ်ချုပ်မှူးကြီးသာ ရုပ်ရှင်ဝင်ရိုက်ရင် ဒါရိုက်တာ မောင်မျိုးမင်းတို့၊ စင်ရော် မောင်မောင်တို့တောင် အလုပ်လက်မဲ့ ဖြစ်သွားနိုင်တယ်။

ဗိုလ်ချုပ်မှူးကြီးကြိုက်တတ်တဲ့ ရုပ်ရှင် စကားနဲ့ပြောရရင်တော့ ဒီဇာတ်လမ်းမှာ ဗိုလ်ချုပ်မှူးကြီးက ကျမကို မင်းသမီး တင်ပေးလိုက်တာပဲ။ နာမည်မြုပ်စ ပြုနေတဲ့ မင်းသမီးကို တကားတည်းနဲ့ နာမည်ပြန်ကြီးအောင် လုပ်ပေးလိုက်တာနဲ့ အတူတူပဲ။ စိတ်မကောင်းစရာ အချက်က ဗိုလ်ချုပ်မှူးကြီးကတော့ လူကြမ်း ဖြစ်သွားတာ ပေါ့လေ။ ကျမကတော့ လူကြမ်းက နာနာရိုက်တာကိုခံရတဲ့ မင်းသမီးပေါ့။

ဇာတ်ထဲမှာ လူကြမ်းက မင်းသမီးကို နာနာနှက်လေ ပရိသတ်က မင်းသမီးကို ဂရုဏာသက်လေ၊ လူကြမ်းကို မုန်းလေ ဆိုတာကတော့ သဘာဝပါပဲ။ ဒါပေမယ့်လည်း စိတ်မညစ်ပါနဲ့ လူကြမ်းတွေလည်း အကယ်ဒမီတော့ ရနိုင်ပါသေးတယ်။ အံ့ကျော်ကြီးတို့ အောင်ခိုင်တို့တောင် အကယ်ဒမီ ရသေးတာပဲ။

ချီးကျူးစရာကောင်းတာ တချက်ရှိသေးတယ် .. ဗိုလ်ချုပ်မှူးကြီးတင် ဇာတ်ညွှန်းရေးတော်တယ် ထင်တာ ဗိုလ်ချုပ်မှူးကြီးရဲ့ နောက်လိုက်နောက်ပါတွေကလည်း စိတ်ကူးယဉ် ဝတ္ထုရေးတဲ့နေရာမှာ တော်တော် တော်ပါလား။ ဟောင်ကောင်က ကောင်စစ်ဝန် ဦးရဲမြင့်အောင်က ကျမနဲ့ မစ္စတာ ယက်ထောက သမီး ရည်းစားတွေ လို့ ပြောတယ်တဲ့။ ကြည့်ရတာ အလွန်ဆွတ်ပျံ့ကြေကွဲဖွယ်ရာ အချစ်ဇာတ်လမ်း တပုဒ် ဖန်တီးချင်ပုံရတယ်။ ဒီလိုလူတွေရှိနေရဲ့သားနဲ့ မြန်မာ့ရုပ်ရှင် ကမ္ဘာကို ဘာလို့မလွှမ်းသလဲ စဉ်းစားမရဘူး။ သူ့ခမျာလည်း သူ့ ပါပါ ဗိုလ်ချုပ်မှူးကြီး သူ့ကို မေ့နေမှာစိုးလို့ ထအော်ပေးတာ ထင်ပါရဲ့။ သတိရကြောင်းလေး စာလှမ်းရေးလိုက်ပါဦး။

ဗိုလ်ချုပ်မှူးကြီးအတွက် နောက်ထပ် စိတ်မကောင်းဖြစ်မိတာတခု ရှိသေတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ NLD သာ ဝင်အရွေးခံရင် ၁၉၉၀ ရွေးကောက်ပွဲလို မဲအပြတ်အသတ်နဲ့ နိုင်ဦးတော့မှာ။ အဲဒီလိုဖြစ်အောင်လည်း ဗိုလ်ချုပ်မှူး ကြီးက လုပ်ပေးလိုက်တာပါ။ နှစ် ၂၀ လုံးလုံး မနည်းကို ကျားကန်ထားရတဲ့ NLD ပါတီက ဗိုလ်ချုပ်မှူးကြီး လုပ်ပေး လိုက်တာနဲ့ မေ့နေတဲ့သူတွေ သတိပြန်ရ၊ လုံးဝမသိသေးတဲ့သူတွေလည်း သိလာကြနဲ့ လူတွေ တော်တော် အာရုံစိုက်လာတာ ခံနေရပြီ။ ဒါ ဗိုလ်ချုပ်မှူးကြီးရဲ့ ကျေးဇူးကြောင့်ပဲ။

ဗိုလ်ချုပ်မှူးကြီးက ဒါရိုက်တာလုပ်တာ၊ ဇာတ်ညွှန်းရေးတာတင် တော်တာမဟုတ်ဘူး ပရိုမိုးရှင်းလုပ်တဲ့ နေရာ မှာလည်း တော်တော် တော်တာပဲ။ ကျမကတော့ ဗိုလ်ချုပ်မှူးကြီးကို လစာကောင်းကောင်းပေးပြီး ကျမပါတီကို လူပိုသိအောင်၊ နာမည်တက်အောင် လုပ်ပေးတဲ့ ကိုယ်စားလှယ် (PR) ခန့်ချင်လာပြီ။

စဉ်းစားကြည့်တော့ ဗိုလ်ချုပ်မှူးကြီးက ကိုယ့်ကိုယ်ကိုယ် အနစ်နာခံ၊ လူကြမ်းအဖြစ်ခံပြီး ကျမနဲ့ ကျမရဲ့ပါတီကို ကမ္ဘာက ပိုသိအောင် နာမည်တက်အောင် လုပ်ပေးလိုက်တာပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် NLD ပဲ နိုင်ဦးမှာ ဆိုတော့ ခုကတည်းက ဗိုလ်ချုပ်မှူးကြီးတို့လို လူတော်တွေ မွေးထားဖို့ လိုတယ်လေ။ ဆက်သွယ်ဖို့ မမေ့နဲ့နော်..။ လစာ ကောင်းကောင်း ပေးမှာပါ။ ။

ကျေးဇူးတင်စွာဖြင့် …
အောင်ဆန်းစုကြည်
ခေတ္တ အင်းစိန်ထောင်

မှတ်ချက်။ ။ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို စာရေးသည့် သဘော စိတ်ကူး ပုံဖော်ကာ သရော်စာအဖြစ် ဖန်တီးထားခြင်းသာ ဖြစ်ပါသည်။

မြန်မာ့သတင်း ကမ္ဘာ့သတင်း

စင်္ကာပူရောက် မြန်မာများကလည်း ဒေါ်စုအတွက် စုဝေးဆုတောင်းကြမည်

မိုးမခ အထောက်တော် ၀၀၃

မေ ၂၃၊ ၂၀၀၉

၂၀၀၇ သံဃာအရေးတော်ပုံ၊့ ၂၀၀၈ ဗုတ်နိုး လှုပ်ရှားမှုနှင့် နာဂစ်မုန်တိုင်း အရေးအခင်းတို့တွင် တက်ကြွစွာလှုပ်ရှားခဲ့ကြသော စင်္ကာပူရောက် မြန်မာမိသားစုတို့သည် လာမည့်တနင်္ဂနွေနေ့တွင် တိုပါးယိုး ဗမာဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွင် စုဝေးကြပြီး တရားရင်ဆိုင်နေရသည့် ဒေါ်အောင်ဆန်းစုကြည်အတွက် ဆုတောင်းပွဲ ပြုလုပ်ကြမည်ဟု သိရသည်။

အျပည့္အစုံသိုႛ ...

ဒေါ်အောင်ဆန်းစုကြည် တရားရုံးထုတ်သည့် - ပဉ္စမနေ့ မြင်ကွင်း

မိုးမခ

မေ ၂၂၊ ၂၀၀၉

ရန်ကုန်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းသည်။ ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မီတီက အတွင်းရေးမှူး ဦးအေးသာအောင် အင်းစိန်ထောင်အနီးသို့ လာရောက်သည်။ အင်န်အယ်ဒီပါတီ ခေါင်းဆောင် ဦးဝင်းတင်က နေ့မွန်းမတည့်မီ အဖွဲ့ချုပ်ရုံးသို့ အစည်းအဝေးတက်ရန် ပြန်သွားခဲ့သည် ဟုဆိုသည်။

အျပည့္အစုံသိုႛ ...


more


more

စွဲဆိုသည့်ပုဒ်မသည် ကိုက်ညီမှုမရှိဟု ဦးဉာဏ်ဝင်း ပြောကြား

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား စွဲချက်တင်သည့် ပုဒ်မသည် ကိုက်ညီမှု မရှိကြောင်း သူမ၏ အမှုလိုက် ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်းက ယနေ့ ပြောဆို ...

ဝ တပ်မတော်က စစ်အစိုးရ၏ နယ်ခြားစောင့်တပ် အဆိုပြုချက်ကို ပယ်ချ

စစ်အစိုးရနှင့် အပစ်အခတ် ရပ်ထားပြီး မြန်မာနိုင်ငံ၏ အင်အား အတောင့်တင်းဆုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဝပြည် သွေးစည်းရေး တပ်မတော်သည်...

စစ်အစိုးရကို စုံစမ်းစစ်ဆေးရန် ကမ္ဘာ့ထိပ်တန်း တရားသူကြီးများ တောင်းဆို

ကမ္ဘာ့ထိပ်တန်း တရားသူကြီး ၅ ဦးက Crime in Burma အမည်ရသော အစီရင်ခံစာတစောင် ထုတ်ပြန်ပြီး၊ မြန်မာစစ်အစိုးရ၏...

ဒေါ်အောင်ဆန်းစုကြည့်အမှု ၅ ရက်မြောက် သတင်းများနှင့် ဗီဒီယို

ဒေါ်အောင်ဆန်းစုကြည်အား လေးစား စိတ်ဝင်စားခံရခြင်း အကြောင်းအရင်း တော်တော်များများ မှာ သူသည် တိုင်းပြည်၏ လွတ်လပ်ရေး သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်း၏...

နိုင်ငံတကာက အရေးယူချိန်တန်ပြီဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေက ပြောဆို

အကယ်၍ သူမကို ‘ဆက်လက် ထိန်းသိမ်းရန် အပြစ်ရှာခြင်းသာဖြစ်သည့်’ လက်ရှိအမှုတွင် အပြစ်ပေးခဲ့ပါက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေဖြင့် အရေးပေါ်...

Members of the United Nations Security Council listen to U.N. envoy Ibrahim Gambari speak about his recent tour and findings in Myanmar at U.N. headquarters Friday, Oct. 5, 2007.AP

ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်မှာ ရုံတင်စစ်ဆေးတာနဲ့ ပတ်သက်ပြီးတော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံ နဲ့ ယာယီအဖွဲ့ဝင် ဆယ်နိုင်ငံတွေကြားမှာ ညှိနှိုင်းနေခဲ့ကြပါတယ်။


မေ ၂၃ ၊ ၂၀၀၉ ခုနှစ်

Burmese opposition leader Aung San Suu Kyi (file photo)

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ဟာ သူ့အပေါ်ချမှတ်ထားတဲ့ တားမြစ်ကန့်သတ်မိန့်ကို ချိုးဖောက်တယ်လို့ စွပ်စွဲပြီး တရားရုံးတင် စစ်ဆေးတာတွေ လုပ်ဆောင်နေတဲ့ ၅ ရက် မြောက်နေ့မှာပဲ သူ့အပေါ် တရားစွဲဆိုဖို့ တရားခွင်က ဆုံးဖြတ်လိုက်ပါတယ်။

ဘန်ကောက်မြို့ ယူအင်ရုံးရှေ့ တွင် မြန်မာသံဃာတော်များနှင့် မြန်မာ့ဒီမိုကရက်တစ် ကွန်ယက် အဖွဲ့တို့ စုပေါင်း ဆန္ဒပြ


Photobucket
Photobucket



မေ ၂၂

ထိုင်းနိုင်ငံဘန်ကောက်မြို ရှိ ကုလသမဂ္ဂမဟာမင်းကြီးရုံးရှေ့တွင် ဘန်ကောက်အခြေစိုက် စာသင်သား မြန်မာ ရဟန်းတော်များနှင့် မြန်မာ့ဒီမိုကရက်တစ် ကွန်ယက်အဖွဲ့တို့ စုပေါင်းဆန္ဒပြခဲ့ကြသည်

ဆန္ဒပြပွဲတွင် မေတ္တာပို့ပရိတ်ရွတ်ဖတ်ခြင်း၊ ကြွေးကြော်ဆန္ဒပြခြင်းများအပြင် ပူးပေါင်းအဖွဲ့များမှ ကိုယ်စားလှယ် များအား မဟာမင်းကြီးက အရာရှိနှစ်ဦးက ယူအင်ရုံးခန်းတွင်းသို့ ၀င်ရောက်ခွင့်ပြုပြီး လက်ခံ တွေ့ဆုံခဲ့သည်။

စုစုပေါင်း အင်အား ငါးဆယ်ခန့်တို့သည် ယနေ့မွန်းတည့် ၁နာရီမှ စတင်ပြီး ၁နာရီကျော်ကြာ ထုတ်ဖေါ် ဆန္ဒပြ ခဲ့ကြသည်။

ဆန္ဒပြပွဲကို နမောတဿ သုံးကြိမ်ရွတ်ဖတ် ပူဇော်ပြီး မေတ္တာသုတ်တော်ကို သံဃာတော်များက ရွတ်ဖတ်ပူဇော် ကြပြီးနောက် တောင်းဆိုချက်များကို မြန်မာ၊ အင်္ဂလိပ်၂ဘာသာဖြင့် ဖတ်ကြားကြသည်။

အရှင်ဦးတေဇက “ကုလသမ၈္ဂအတွေထွေအတွင်းရေးမှူး မစ္စတာဘန်ကီမွန်းအနေဖြင့် ၀င်ရောက် ဖြေရှင်းပေးဖို့ ဦးဇင်းတို့ လာရောက်တိုက်တွန်းရတာ ဖြစ်ပါတယ်။ လုပ်ပါ။ ပြင်ပါလို့ ပြောနေရုံနဲ့ မလုံ လောက်တော့ဘူး၊ ထိရောက်တဲ့ ဖြေရှင်းမှုမျိုးနဲ့ ကူညီပေးပါလို့ တောင်းဆိုချင်ပါတယ်''ဟု မိန့်တော်မူပါသည်။

ထို့နောက် ကွန်ယက်အဖွဲ့များမှ၊ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားအသင်း ကိုယ်စား ဦးမျိုးနိုင်၊ ပြည်ပရောက် အမျိုးသား ကျောင်းသားများ အဖွဲ့မှ အတွင်းရေးမှူး(၁) ဦးအောင်သန်းဦးနှင့် ဘန်ကောက် အခြေစိုက် ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ထိုင်းဌာနခွဲ)မှ ဦး ခိုင်အံ့မောင်တို့က ယူအင်ရုံးထဲတွင် နာရီဝက်ခန့် ၀င်ရောက် ဆွေးနွေး ခဲ့ကြ သည်။

ဆန္ဒပြတောင်းဆိုသူများ၏ သဘောထား တောင်းဆိုချက်များကို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အသင်းမှ နိုင်ငံတကာဆက်ဆံရေး ဌာနမှူး ဦးမျိုးနိုင်က အင်္ဂလိပ်ဘာသာ စကားဖြင့် ယူအင်အရာရှိအား ရှင်းလင်းပြောကြားခဲ့သည်။

ဦးမျိုးနိုင်က “မတရားအမှုဆင် ဖမ်းဆီးပြီးတော့ ထောင်ဒဏ်ဆက်လက် ကျခံနိုင်ဖွယ် ဖြစ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး ပြန်လွှတ်ပေးပါ။ ပြီးတော့ အရှင်ဂမ္ဘီရ၊ ကိုမင်းကိုယ်နိုင်တို့ ကိုဇာဂနာ တို့အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ အားလုံးကို ချက်ချင်းပြန်လွှတ်ပေးပါ။ အဓီကထား ပြောခဲ့တာကတော့ ရခိုင် ဒီမိုကရေစီ အဖွဲ့ ချုပ်က ထုတ်ပြန်ထားတဲ့ အထဲမှာပါတဲ့ ၁၉၉၀ပြည့် သြဂုတ်လ ၁၄ ရက်နေ့မှာ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် နာယကကြီး ဖြစ်တဲ့ ရခိုင်မြန်မာပဏ္ဍိတ် ဦးဦးသာထွန်းကို စစ်တွေ အကျဉ်းထောင်တွင်းမှာ နအဖအစိုးရက အဆိပ်ဆေးထိုး၍ သတ်ဖြတ်ခဲ့တယ် ဆိုတာရယ်၊ ယခုလည်း ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို အဲလိုမျိုး မလုပ်လို့ မဆိုနိုင်ဘူးလေ။ ပြီးတော့ စစ်သားတွေ ရာချီပြီး စောင့်နေတာ ဒေါ်စုအိမ်နားကို ခွင့်ပြုချက်မရှိရင် တယောက်မှ ကပ်လို့မရအောင် လုံခြုံရေုးယူထားတာ။ ဒါတွေကို ဖေါ်ထုတ် စစ်ဆေးပြီးတော့ ကျနော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးပြန်လွှတ်ပါလို့ ကျနော် ပြောခဲ့ပါတယ်'' ယူအင်ရုံးထဲသို့ ကိုယ်စားလှယ်များ ၀င်ရောက်သွားချိန်တွင် ရုံးရှေ့ တွင် ရှိနေကြသော သံဃာတော်များနှင့် လှုပ်ရှား တက်ကြွသူများက မိုးရွာထဲတွင် “ဒီမိုကရေစီရရှိရေး။ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး၊ ကုလသမဂ္ဂ ၀င်ရောက် ဖြေရှင်းပေးရေး'' တို့ကို အော်ဟစ် ကြွေးကြော် နေခဲ့ကြသည်။

ရခိုင်ဒီမိုကရေစီအဖွဲချုပ် ထိုင်းဥက္ကဌ ဦးခိုင်အံ့မောင်က “ဒေါ်စုကို ပြန်မလွှတ်မချင်း ကျနော်တို့ လုပ်နိုင်တဲ့ အလုပ်တွေကို အမြဲလုပ်နေတယ်၊ ဘာအကျိုးသက်ရောက်နိုင်လဲ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ခွန်အားဖြစ်စေတယ်၊ နိုင်ငံတကာကလူတွေ ကျနော်တို့ တိုင်းပြည်ရဲ့ အခြေအနေ ကို သိစေတယ် ဘာပဲပြောပြော ဒီနေ့ယူအင် အရာရှိ ကြီးတွေကို ပြောပြရှင်းပြနိုင်ခဲ့တာ ကျနော်တို့ တော်တော် ကျေနပ်တယ်''ဟု ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းက မြန်မာသံရုံးရှေ့ တွင် အကျဉ်းထောင်ပုံထဲတွင် မြန်မာဝတ်စုံကို ၀တ်ဆင်၍ ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်ခဲ့သော အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ (AI)မှ ကိုးရီးယားနိုင်ငံသူ Jeon Soojin က “ဒေါ်အောင်ဆန်းစုကြည် ကို မြန်မာတွေ ချစ်ခင်လေးစားကြသလို ကျမတို့ လည်း အထူးလေးစားပါတယ်။ မြန်မာနိုင်ငံအတွက် သာမက တကမ္ဘာလုံးကပါ လေးစားကြတဲ့သူပါ၊ တိုင်းပြည်ကောင်းစားစေလိုတဲ့ စေတနာနဲ့ လုပ်ကိုင်တတ်တဲ့ သူမကို ခုလို အမှုဆင်ပြီး ထောင်ချအုံးမယ် ဆိုရင်တော့ ဒီလောက် မိုက်မဲတဲ့ အစိုးရဆိုတာ ကမ္ဘာမှာ ရှိတော့မှာ မဟုတ်တော့ဘူး၊ ကျမတို့ မြန်မာပြည်သူတွေ ခံစားနေရတာကို အထူးကိုယ်ချင်းစာပါတယ်''ဟု ပြောသည်။

လာမည့်တနင်္ဂနွေနေ့တွင်လည်း အဆိုပါ ကွန်ယက်အဖွဲ့ က သံဃာတော်များနှင့် ပေါင်းစည်းပြီး ဘန်ကောက် အခြေစိုက် ရုရှားသံရုံးနှင့် တရုတ် သံရုံးရှေ့ တို့တွင် သွားရောက် ဆန္ဒပြကြဦးမည် ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါကွန်ယက်အဖွဲ့တွင် ပြည်ပရောက် အမျိုးသားကျောင်းသားများအဖွဲ (ONSOB) ရခိုင်ဒီမိုကရေစီအဖွဲ့ (ALD) ၊ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အသင်း (BAT)နှင့် မြန်မာဒုက္ခသည်များ ကူညီစောင့် ရှောက်ရေးအဖွဲတို့ ပူးပေါင်းဖွဲ့စည်းထားသော အဖွဲ့  ဖြစ်သည်။

Burma's News World's News

Newly arrived people displaced from fighting in Swat Valley queue for registration in Jalozai camp on outskirts of Peshawar, 15 May 2009
Fri. 22 May 2009 1105 UTC

UN Appeals For $543 Million to Assist Displaced Pakistanis

Funding would assist nearly 2 million Pakistanis displaced by fighting between army troops and Taliban militants in Swat Valley

Full Story »

Handout photo taken on 13 May 2009, provided by Myanmar News Agency shows US Citizen John William Yettaw in Rangoon

Burma Says Aung San Suu Kyi Visit was Part of Anti-Government Plot

Minister says he thinks incident involving US citizen John Yettaw was made to intensify international, domestic pressure on military government

Vijay Nambier addresses reporters during press conference in Colombo, 22 May 2009

UN Official Says Sri Lankan War Zone Looks 'Ravaged'

Vijay Nambier, who toured conflict zone by helicopter Thursday says he could see serious devastation including burned vehicles, battered clusters of tents

Senate floor during debate on bailout bill (pool video)

US Senate Approves Funding For Wars In Afghanistan, Iraq

Measure will have to be reconciled with a House-passed version before a final bill is sent to President Barack Obama for his signature

US President Barack Obama delivers speech on closure of Guantanamo prison in Washington, 21 May 2009

Obama Pledges Guantanamo Prison Will Close, Cheney Disagrees Audio Clip Available Video clip available

President says his administration can close prison and keep America safe, but former Vice President Dick Cheney took strong issue with the Obama administration's Guantanamo policy




Refugee camp in Swabi, Pakistan
The UN appeals for $543m in humanitarian aid to help more than 1.6 million people displaced by fighting in Pakistan.

Vice-President Joe Biden backs Lebanese democracy ahead of crunch elections, in the highest-level US visit for decades.

British Airways announces an annual pre-tax loss of £401m, after being hit by the weak pound and higher fuel costs.

SPECIAL FEATURE
SUU KYI TRIAL


American in Spotlight at Suu Kyi Trial

By THE ASSOCIATED PRESS
The middle-aged American man whose nighttime swim to visit Suu Kyi may cost her a chance at freedom came into fuzzy focus as a court in Burma showed a home movie he allegedly shot at her lakeside residence.

UN Fails to Investigate War Crimes in Burma: Harvard Report

By SAW YAN NAING
Potential crimes against humanity and war crimes should be investigated by the United Nations, says a Harvard University report.

Burmese FM Says Yettaw Visit Part of Opposition Plot

By YENI
John W Yettaw’s visit to the home of Aung San Suu Kyi was part of a Burmese opposition plot to intensify international pressure on the government, according to Burmese Foreign Minister Nyan Win.

EU-China Summit Fails to Agree on Burma Issue

By ARKAR MOE
China and the EU agree to disagree on a wide range of global and regional issues at EU-China summit in Prague.

Regime Accused of Trying to Humiliate Suu Kyi

By WAI MOE
Burmese activists accuse the authorities of trying to humiliate opposition leader Aung San Suu Kyi by including in the prosecution evidence at her trial personal possessions taken from her home.

Burmese Soldiers Torture Civilians in Shan State

By SAW YAN NAING
One teenage girl was raped and a villager’s hands were cut off by Burmese soldiers, according to villagers.

Junta denies framing case against Suu Kyi

Burma's Foreign Minister, Nyan Win, has denied allegations that the regime has framed its case against Aung San Suu Kyi, arguing instead that it was the synchronized foul play of...

Time for international action: Suu Kyi’s lawyer

Burmese opposition leader Aung San Suu Kyi’s international lawyer has said the United Nations Security Council should convene an emergency meeting if the military regime convicts her,...

Editorial, Opinion and Analysis

A "Charter 09" for Burma

(Commentary) Last December in China, a potentially revolutionary document began to spread through the web. The work of a group of activists, intellectuals and p...


News updates on 4th day of Aung San Suu Kyi's trial

The special court in Insein prison has fixed the next hearing of Daw Aung San Suu Kyi’s case on May 22, the fifth continuous day since the trial began on...

Ethnics draw inspiration from Aung San Suu Kyi

Expressing concern for democracy icon Daw Aung San Suu Kyi, currently facing trial in Rangoon’s Insein prison, Burma’s ethnic nationalities have said that they look at her as a turning...
France wavers over full EU sanctions on Burma

May 22, 2009 (DVB)–France has voiced concerns that the proposed ramping-up of EU sanctions on Burma would hit French oil company Total and therefore a significant proportion of the Burmese population who depend on it for natural gas. - more


Yettaw visit the work of ‘anti-government elements’

May 22, 2009 (DVB)–Burma’s foreign minister has suggested that the visit by John Yettaw to Aung San Suu Kyi was engineered by opposition groups in Burma in order to capitalize on the mounting international pressure on the junta. - more


Sales of state-run newspapers surge during trial

May 22, 2009 (DVB)–Government-run newspapers in Burma have reported unusually high sales since the trials of Aung San Suu Kyi and US citizen John Yettaw began on Monday. - more


Burmese journalists restricted in trial reporting

May 22, 2009 (DVB)–Burmese journalists reporting on the trial of Aung San Suu Kyi are being prevented from publishing detail other than that already being said in government media, according to a journal editor in Rangoon. - more


Commentary: The brief charade of an open trial

Francis Wade

May 21, 2009 (DVB)–Yesterday, as diplomats and journalists caught a rare glimpse into the notoriously secretive Burmese judicial system, there was the briefest glimmer of hope that international pressure had finally worked its way to the heart of Burma’s ruling junta. - more


Harvard report claims Burma comparable to Darfur

May 21, 2009 (DVB)–Human rights atrocities in Burma are comparable to those of Darfur and Yugoslavia and should be addressed more thoroughly through a UN Security Council commission, said a report by the Harvard Law School. - more


UN chief says to visit Burma 'as soon as possible'

May 21, 2009 (AFP)–United Nations chief Ban Ki-moon said he was "deeply concerned" by the trial of Burma democracy icon Aung San Suu Kyi and would visit Burma as soon as possible to urge the junta's chief to release her. - more


Court access for diplomats merely ‘a gesture’

May 21, 2009 (DVB)–Burma opposition party, the National League for Democracy, have said that allowing diplomats to observe Aung San Suu Kyi’s trial was merely a “gesture” and still falls short of making it an open trial. - more


Rare Access Granted at Trial

2009-05-20

After an international outcry, Burma's ruling generals let diplomats and a handful of reporters into a high-profile trial.

မြို့မေတ္တာ ခံယူမယ့်သား

E-mail Print
ရုက္ခစိုးကြီး အင်းစိန်ထောင် အနီးတွင် ရောက်နေသည်။ လုံခြုံရေး အကြီးအကျယ် ချထားသဖြင့် ရုက္ခစိုးကြီး အံ့အား သင့်နေသည်။ ဘာတွေ ဖြစ်နေသလဲ၊ လက်နက် မစွန့်ချင်သည့် အပစ်ရပ် အဖွဲ့တွေ ရန်ကုန်ကို လာသိမ်းမယ့် သတင်း ရလို့ ကြိုတင် ပြင်ဆင်နေသလား ဟု တွေးမိသည်။

လမ်းပေါ်တွင် ကားများ ရှင်းနေသည်။ ဓာတ်ဆီ ချွေတာသည့် သဘောဖြင့် ကားမမောင်းရသည့်နေ့ဟု သတ်မှတ် ထားခြင်းလည်း ဖြစ်နိုင်သည်ဟု တွက်ဆနေမိခိုက် လုံထိန်း အပြည့် တင်ဆောင်လာသော ထရပ်ကားတစီးက ရုက္ခစိုးကြီး ဘေးမှ ဝေါခနဲ ဖြတ်မောင်းသွားသဖြင့် ကမန်းကတန်း ရှောင်လိုက်ရသည်။

ထိုအခိုက် သစ်ပင်ရိပ်တွင် ထိုင်နေသူများထဲမှ လူငယ် ၂ ယောက်က သူ့ကို လှမ်းခေါ်သဖြင့် သူတို့ထံ လျှောက် သွားလိုက်သည်။ ဖိုးရှုပ် နှင့် ကြွက်စုတ်တို့ ဖြစ်နေလေသည်။

ရုက္ခစိုး။ ။ ဟေ့ကောင်တွေ၊ မင်းတို့လည်း ဒီရောက်နေကြတာကိုး။ ဘာလုပ်နေကြတာလဲ၊ ဘတ်စ်ကား စောင့်နေတာလား။

ကြွက်စုတ်။ ။ ရှူး တိုးတိုး၊ ကျနော်တို့ ဒီကို ဒိုင်လျှို ရောက်နေကြတာ။ ဒီနေရာကို ဘတ်စ်ကား လာလို့ ရမလားဗျ။ လမ်းတွေ ပိတ်ထားတာ မတွေ့ဘူးလား။ ကားတွေ လူတွေမပြောနဲ့၊ ကြောင်တကောင်တောင် ဝင်ဖို့ မလွယ်ဘူး။

ရုက္ခစိုး။ ။ (အံ့အားသင့်နေသော မျက်နှာဖြင့်) မင်းတို့က ဒီနေရာကို ဘယ်လို ရောက်လာတာလဲ။

ဖိုးရှုပ်။ ။ ဦးရုက္ခစိုးရယ် ကျနော်က ကိုယ်မဖျောက်တတ်ပေမယ့် ဒီလောက်တော့ အပျော့ပေါ့ဗျာ။ လမ်းပိတ်ထားတဲ့ နေရာမှာ ပိတ်မိနေတဲ့ နိုင်ငံရေးသမားတွေကို တုတ်နဲ့ ရိုက်မယ် နှက်မယ်ဆိုပြီး ကျနော် ဟန်ရေးပြလိုက်တာ၊ ကျနော့်ကို စွမ်းအားရှင် အဖွဲ့ကလို့ ထင်သွားတော့ ဝင်ရထွက်ရ မခက်တော့ဘူးပေါ့ဗျာ၊ မပိုင်ဘူးလားဗျ … ဟဲဟဲဟဲ။

ကြွက်စုတ်။ ။ ဟန်ရေးပြစရာမလိုပါဘူးကွာ၊ မင်းရဲ့ ဥပဓိရုပ်နဲ့တင် လုံလောက်ပါပြီ။

သူ၏ ဥပဓိရုပ်ကို ထိခိုက်လာသဖြင့် ဖိုးရှုပ်က ကြွက်စုတ်ကို တချက် လှမ်းကန်လိုက်သည်။

ရုက္ခစိုး။ ။ ကဲ ကဲ … တော်ကြတော့၊ တော်ကြတော့ ။ ဟိတ်ကောင် … ကြွက်စုတ် မင်းကရော ဘယ်လို ရောက်လာသလဲ ဒီကို၊ သူ့လိုပဲ ဟန်ရေးပြခဲ့တာပဲလား။

ကြွက်စုတ်။ ။ ဟို အမေရိကန် တောင်မှ ဒေါ်အောင်ဆန်းစုကြည် ခြံထဲကို ခဲရာ ခဲဆစ် ဝင်နိုင်သေးတာပဲ၊ ကျနော်က ဒီနေရာကို ရောက်လာတာ ဘာထူးဆန်းလို့လဲ၊ ပြီးတော့ အင်းစိန် ဆိုတာ ကျနော့်နယ်မြေဗျ။

ရုက္ခစိုး။ ။ မေးမိတာ မှားပါတယ်ကွာ။ ဒါနဲ့ … လမ်းတွေ ပိတ်၊ လုံခြုံရေးတွေ ချပြီး ဘာအရူးထနေကြတာလဲ။

ဖိုးရှုပ်။ ။ ဒေါ်အောင်ဆန်းစုကြည်ကို အကာအကွယ် ပေးထားတာလေ။ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်က မလုံခြုံတော့ အင်းစိန်ထောင်ထဲ ထည့်ထားရတယ်၊ သေချာအောင် ရဲတွေ ဘာတွေ ချထားပေးတာပေါ့ဗျာ။

ဒေါ်အောင်ဆန်းစုကြည်၏အိမ်သို့ အမေရိကန်တဦး သွားရောက်ခဲ့ကြောင်း၊ ထိုဖြစ်ရပ်ကြောင့် ဗိုလ်ချုပ်သန်းရွှေက ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်သို့ ပို့လိုက်ကြောင်း စသဖြင့် ဖိုးရှုပ် နှင့် ကြွက်စုတ်တို့က လတ်တလော ဖြစ်ပျက်နေသည်များကို ဦးရုက္ခစိုး သိရှိရန် ရှင်းပြလိုက်သည်။

ရုက္ခစိုး။ ။ ဟာ … တယ်လည်း အကြံပိုင်တဲ့ ငရွှေပါလားကွ။ ဒီအတိုင်းဆို ဒီကောင်ကြီးက မြန်မာ့သမိုင်းမှာ ကလိမ် ကကျစ် အကျဆုံး ပုဂ္ဂိုလ် ဆိုတဲ့ ဘွဲ့ကို ရတော့မှာပဲ။ အင်း … အိမ်ကို လူတယောက်လာလို့ အိမ်ရှင်ကို ထောင်ထဲထည့်တယ် ဆိုတော့ ဒီအမှုက စိတ်ဝင်စားစရာပဲ။ ဒီနေ့ ရုံးချိန်းက ဘာတွေ ထူးထူးခြားခြား ရှိသေးလဲ။

ကြွက်စုတ်။ ။ ဒီနေ့တော့ မထူးဘူး။

ရုက္ခစိုး။ ။ ဒီနေ့ မထူးဘူး ဆိုတော့ ဘယ်နေ့က ထူးလို့လဲ။

ကြွက်စုတ်။ ။ အင်း … ပထမနေ့ကတော့ ထူးတယ်၊ တရားခွင်ကိုနာရီ ဝက် နောက်ကျပြီးမှ ဖွင့်တယ် တဲ့။ တရားသူကြီးက ကျမ်းစာ မေ့ကျန်ခဲ့တာကြောင့် အိမ်ပြန်ယူနေရလို့ နောက်ကျသွားတာလို့ သိရတယ်။

ရုက္ခစိုး။ ။ ဟိုက် … ရှာလဘတ်ရည်၊ မှတ်ဖွယ်မှတ်ရာတွေချည်းပါလား ကွယ်တို့။ အရေးကြီးတဲ့ ပစ္စည်းမှ မေ့ရတယ်လို့။

ထိုအခိုက် ရှေ့နေကြီးများ အင်းစိန်ထောင်ဝင်းအတွင်းသို့ ဝင်သွားသည်ကို လှမ်းတွေ့ရလေသည်။

ရုက္ခစိုး။ ။ ဟို အရပ်ရှည်ရှည်၊ ဆံပင်ဖြူဖြူနဲ့ ရှေ့နေကြီးက ဘယ်သူလဲ။

ဖိုးရှုပ်။ ။ အဲဒါ ရှေ့နေကြီး ဦးကြည်ဝင်း တဲ့။ မိုက်တယ်နော်၊ ဆံပင်ကို နောက်မှာ စုပြီး ချည်ထားတာ။ ဒီဆံပင် ပုံစံ ခေတ်စားလာနိုင်တယ်။

ကြွက်စုတ်။ ။ ခေတ်စားတာက နောက်မှ၊ တော်ကြာ ဒီဆံပင်ပုံစံကြောင့် တရားရုံးကို မထီမဲ့မြင်ပြုတယ်ဆိုပြီး ရှေ့နေကြီးကိုပါ ထောင်ချနေဦးမယ်။

ရုက္ခစိုး။ ။ ရှေ့နေ ဦးအောင်သိန်းဆိုတာ ဟိုတယောက်လား။

ကြွက်စုတ်။ ။ အဲဒါ ဦးအောင်သိန်း မဟုတ်ဘူး၊ ဦးအောင်သိန်းက ခြေထောက် ရိုက်ချိုးခံထားရတယ်။

ရုက္ခစိုး။ ။ သြော် … ခြေထောက် ရိုက်ချိုးခံရတော့ ဘယ်လာနိုင်တော့မလဲ။

ထိုသို့ ပြောနေခိုက် သံတမန်များ ရောက်ရှိလာပြီး ထောင်ဝင်းအတွင်းသို့ ဝင်သွားကြသည်။

ရုက္ခစိုး။ ။ သံတမန်တွေကို ဝင်ခွင့်ပေးတယ် ဆိုတော့ အကြံပိုင်တဲ့ ငရွှေက တော်ပြီးရင်း တော်နေပြီဟေ့။ အရမ်းကို ကစားတတ်နေပါလား။ နိုင်ငံတကာကို ဘယ်လိုချော့သိပ်ရမယ်ဆိုတာ ကျွမ်းကျင်အဆင့် ရောက်နေပြီ။

ကြွက်စုတ်။ ။ ဟေ့ကောင် ဖိုးရှုပ်၊ ဦးရုက္ခစိုးပြောတာ မင်း ကြားတယ်နော်၊ သန်းရွှေကြီးက ကျွမ်းကျင် အဆင့် ရောက်နေပြီ တဲ့။ မင်းတို့ သတင်းထောက်တွေ သတိထားပေတော့၊ ဒီကောင်ကြီးတွေကို ညံ့ဖျင်းတဲ့အစိုးရ၊ တလွှဲစီမံတယ် mismanagement ဘာညာ ဆိုပြီး မရေးကြနဲ့တော့။

ကြွက်စုတ်က သတင်းထောက် ဖိုးရှုပ်ကို နှိပ်ကွပ်နေစဉ်မှာပင် ဂျာနယ်တိုက် ၅ ခုမှ သတင်းထောက်များ အင်းစိန် ထောင်ဝင်း အတွင်းသို့ ချီတက် သွားကြသည်။

ကြွက်စုတ်။ ။ ဟာ … ဟေ့ကောင် ဖိုးရှုပ်၊ ဟိုမှာ … ဟိုမှာ … သတင်းထောက်တွေ အထဲ ဝင်ကုန်ပြီ၊ မင်းလည်း သတင်းထောက်ပဲ လိုက်သွားပါလားကွ။

ဖိုးရှုပ်။ ။ အဲဒါ ခေါင်းခေါက်ပြီး ဖိတ်တာကွ။ သွားချင်တိုင်း သွားလို့မရဘူး။ ဂျာနယ်တိုင်းကို ဖိတ်တာမှ မဟုတ်တာ။ ငါတို့ ဒေဝါလီ ဆိုရင် ဖိတ်ဖို့ ဝေးသေး။ ဖိတ်လည်း မသွားရဲပါဘူး၊ သွားရင် ငါ့ကို ဆွဲစေ့မှာပေါ့။

ကြွက်စုတ်။ ။ အင်း … ဟုတ်သားပဲ။ ဟာ … သွားတဲ့အထဲမှာ “အသံ” ဂျာနယ်လည်း မပါပါလားကွ၊ အဲဒီဂျာနယ်လည်း ဖိတ်သင့် ဖိတ်ထိုက်တဲ့ အစုထဲမှာ ရှိတယ် မဟုတ်ဘူးလား။

ရုက္ခစိုး။ ။ ငါ့ကို သတင်းထောက် သဝေထိုး ပြောဖူးတယ်၊ အသံဂျာနယ်ကို တတိယအုပ်စုက ကိုင်ထားတာတဲ့။ အုပ်စု မတူလို့ အဖိတ်မခံရတာ ဖြစ်မှာပေါ့ကွာ။

ဖိုးရှုပ်။ ။ မသွားရလည်း ဝမ်းမနည်းပါဘူးဗျာ။ ဒေါ်စုကို အင်တာဗျူးလို့ ရမှာမှ မဟုတ်တာ။ ဒီလူတွေ သတင်း ရေးရင်လည်း သန်းရွှေကြီး စိတ်ကြိုက် ရေးပေးရမယ့် သတင်းတွေ ဖြစ်လိမ့်မယ်။

ထိုအချိန်တွင် သူတို့၏ စကားဝိုင်းအနီး ဆိုက်ကားတစီး ချဉ်းကပ်လာသည်။

ဖိုးရှုပ်။ ။ ဟေ့ စကားပြော ဆင်ခြင်တော့ဟေ့။ ဟိုမှာ လာနေတဲ့ ဆိုက်ကား တွေ့တယ် မဟုတ်လား။ အဲဒါ ဆိုက်ကားသမား အစစ်မဟုတ်ဘူး။ သတင်းတပ်ဖွဲ့က အရာရှိကွ။

ကြွက်စုတ်။ ။ မဆင်ခြင်နိုင်ဘူးကွာ၊ သတ္တိရှိလို့ ဒီထောင်ရှေ့ကို လာခဲ့တာ။ စောစောက စကား ပြန်ဆက်ရရင် လွတ်လွတ်လပ်လပ် ရေးချင်သလား ဘလော့တခု လုပ်ထားပေါ့ကွ။ ကိုမိုးသီးဇူလိုင်ရဲ့ ဘလော့မှာ ဒီကနေ့ ရန်ကုန်ကလူတွေ လိုင်းကားတစီးကို မီးရှို့ဖို့၊ ပြီးတော့ လူတိုင်းလူတိုင်း မှန်တချုပ်ကို ရိုက်ခွဲဖြစ်အောင် ရိုက်ခွဲကြဖို့ တိုက်တွန်းထားတာ မတွေ့ဘူးလား။

ဖိုးရှုပ်။ ။ အင်း … ငါ့မှာတော့ ပေါက်ခွဲစရာ ဆိုလို့ အနီးစပ်ဆုံး ပုလင်းပဲ ခွဲစရာရှိတယ်။ ဒါပေမယ့် ဖင်ကပ်ကလေး ကျန်တာ မော့ပြီးမှ ခွဲတော့မယ်။

ထိုအချိန်တွင် သူတို့ အနားရောက်လာသော ဆိုက်ကားဆရာ ထောက်လှမ်းရေး အရာရှိက စကားဝိုင်းအတွင်းသို့ ဝင်၍ ပြောလေသည်။ “လူတွေကတော့ အခု မပေါက်ကွဲလည်း မကြာခင် ပေါက်ကွဲတော့မှာပါ” ဟု ဆို၏။

ဖိုးရှုပ်။ ။ (ရုပ်တည်ဖြင့်) ခင်ဗျားက ဘယ်လို သိတာလဲ။

ဆိုက်ကားဆရာ။ ။ ကျုပ်ဘယ်သူလဲဆိုတာ ခင်ဗျား သိပါတယ် သတင်းထောက်ကြီးရယ်။

သူ၏ စကားအဆုံးတွင် ဖိုးရှုပ်၏ ဆံပင်များ ထောင်သွားသည်။

ဆိုက်ကားဆရာ။ ။ အေးရာအေးကြောင်းပေါ့ဗျာ၊ မစိုးရိမ်ပါနဲ့။ ခင်ဗျားကို ကျုပ် မသိသလို နေပါ့မယ်။ ခင်ဗျား တွေ့တဲ့အတိုင်း ကျုပ်က သရုပ်ဆောင် ကောင်းပါတယ်ဗျ။ သရုပ်ဆောင်ဆိုလို့ ပြောရဦးမယ်၊ ဗိုလ်ချုပ်မှူးကြီးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှု အတွက် ဇာတ်ညွှန်းရေးပြီးသား တဲ့။ သံတမန်တွေကိုတောင် သူက သရုပ်ဆောင် လုပ်ခိုင်းဦးမှာ။

ရုက္ခစိုး။ ။ ဟိတ်ကောင် … ဟုတ်ပါ့မလားကွ၊ ဒါ ရုပ်ရှင်ရိုက်နေတာမှ မဟုတ်တာ။

ဆိုက်ကားဆရာ။ ။ ဦးရုက္ခစိုးကလည်း ရိုးပါ့ဗျာ၊ ဒီအနှစ် ၂ဝ လုံး သန်းရွှေကြီး ရိုက်ခဲ့တဲ့ ကားတွေ နည်းသလားဗျ။ အားလုံး ဘုမသိ ဘမသိ မင်းသားမင်းသမီးတွေ ဖြစ်ကုန်ပြီ။

ဆိုက်ကားဆရာ၏ စကားကို နားထောင်ပြီး ကြွက်စုတ်က တောက် တချက် ခေါက်လိုက်သည်။

ကြွက်စုတ်။ ။ တောက် … စိတ်ကူးပေါက်ရာ လျှောက်လုပ်တဲ့ သန်းရွှေကြီးကို ဖမ်းပြီး အင်းစိန်ထောင်ထဲ ထည့်ထားရမှာကွ။ ခင်ဗျားတို့ မစဉ်းစားမိကြဘူးလား။

ဆိုက်ကားဆရာ။ ။ ကျုပ်ကတော့ စဉ်းစားမိပါတယ်။ ကျုပ်ဆရာရဲ့ ဆရာတွေကလည်း ဒါတွေကို သိပါတယ်။

ဖိုးရှုပ်။ ။ လုပ်စမ်းပါဦး၊ ခင်ဗျားရဲ့ ဆရာ့ဆရာတွေက ဘယ်လို သိတာလဲ။

ဆိုက်ကားဆရာ။ ။ တပ်ချုပ်ကြီးနားမှာ နေတဲ့သူတွေ အားလုံးကတော့ တပ်ချုပ်ကြီးကိုရော သူ့သမီး သူ့သားတွေကို လက်အုပ် ချီပြီး ပြာပြာသလဲ ဝိုင်းဖားကြပေမယ့် ကွယ်ရာမှာ ပက်ပက် စက်စက် ဆဲကြတာ တစက်ကလေးမှ ရစရာ မရှိဘူး တဲ့။

ဖိုးရှုပ်။ ။ ပြောစမ်းပါဦး ဆဲပုံ ဆဲနည်းလေး။

ဆိုက်ကားဆရာ။ ။ သန်းရွှေမိသားစုက f&*%?m+@x#s#!@$< ၊ ပြီးတော့ ဒီသမီးတော်တွေက f#!@$<5&*%? w+@x#a ဘာညာ ဆိုပြီး ပက်ပက် စက်စက် ဆဲကြသတဲ့။

ဆိုက်ကားဆရာ အရာရှိ၏ စကားကြောင့် ရုက္ခစိုး၊ ဖိုးရှုပ် နှင့် ကြွက်စုတ် တို့ သုံးဦးသား ကျေနပ်သွားလေသည်။

မြန်မာ့သတင်း ကမ္ဘာ့သတင်း

Photobucket

United Nations Secretary-General Ban Ki-moon,May 19, 2009.AP

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ရေးအတွက် မြန်မာစစ်အစိုးရကို တိုက်တွန်းဖို့ မကြာခင်အနာဂတ်မှာ မြန်မာနိုင်ငံကို သွားရောက်နိုင်ဖို့ မျှော်လင့်တယ်လို့ ပြောလိုက်ပါတယ်။



ဝီရ / ၂၂ မေ ၂၀၀၉


“ဒီ ကေပီအက်ဖ် (ဟောင်သရော) အဖွဲ့မှာ ရှိတဲ့ခေါင်းဆောင်တွေက စီးပွားရေးအခွင့်အလမ်း ရချင်တဲ့သူတွေပဲ များတယ်။ နိုင်ငံရေးဘက်ကို စိတ်မဝင်စား ကြဘူးခင်ဗျ။ အောက်ခြေစစ်သားတွေက ဒီလိုပေါင်းနေမယ်ဆိုရင် ပေါင်းလို့ရနိုင်ပေမယ့် တပ်ကြပ်အဆင့်လောက် ရှိတဲ့သူတွေက တပ်တတပ်ထဲမှာ ရေရှည်....” အပြည့်အစုံသို့
ရန်ကုန်တွင် မီးပျက်ရက်များလာ
NEJ / ၂၂ မေ ၂၀၀၉
“တနေ့ကို ဓာတ်ငွေ့ကုဗပေ သန်းပေါင်း (၁၀၀) ကျော်လောက် သုံးမှ မီးပေးချိန် အပြည့်အ၀မရတောင် တနေ့ကို (၁၈) နာရီလောက်တော့ ပေးနိုင်တယ်။ အခုက ဓာတ်ငွေ့ရတာ ကမ်းလွန်နဲ့ ကုန်းတွင်း ကုဗပေ သန်း ..”အပြည့်အစုံသို့
ဗဟန်းနှင့်ရန်ကင်းမှ အိမ်ထောင်စုအချို့ ရွှေ့ပြောင်းခံရ
မင်းနိုင်သူ / ၂၂ မေ ၂၀၀၉
“တချို့က လမ်းဘေး လယ်ကွင်းတွေထဲမှာ တဲထိုးနေနေကြရတုန်းပဲ။ ဖော့ကန်က ပြောင်းလာတဲ့ ဦးတင်ဦးဆိုတာ မြေကြီးပေါ်မှာပဲ
အိပ်စားနေရတော့ ...” အပြည့်အစုံသို့

တယ်လီဖုန်းကြိုတင်ငွေကောက်
အစိုးရ၀င်ငွေ ပိုရှာခြင်းသာဖြစ်

NEJ / ၂၂ မေ ၂၀၀၉
“အစိုးရအနေနဲ့ အခွန်အရပ်ရပ် ကောက်ခံရငွေဟာ အသုံးစရိတ်ကို မကာမိတော့ အခြားသော နေရာတွေကနေ ၀င်ငွေရအောင် နှစ်စဉ် ခေါင်းစဉ် အမျိုးမျိုးတပ်ပြီး ရှာရတယ်။ ခု မိုဘိုင်းဖုန်း ကိုင်သူတွေဆီကနေ...” အပြည့်အစုံသို့
ခွင့်ပြုလက်မှတ်ရှိ ဒုက္ခသည်များ ဖမ်းဆီးခံရ

NEJ / ၂၂ မေ ၂၀၀၉
“ဒါက မတရားသက်သက် ရဲကလုပ်တာ။ ဒီလက်မှတ်တွေက တရားဝင်ထုတ်ပေးထားတဲ့ လက်မှတ်တွေဖြစ်တယ်။ ဒီလူတွေထဲမှာ မြန်မာ့နိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊ မြန်မာ့အရေးလှုပ်ရှား ...” အပြည့်အစုံသို့

မကောင်းမမြတ်သူတို့ ရှေ့ခရီး
ခွန်မဟာခမ်း / ၂၀ မေ ၂၀၀၉
ဒုက္ခသည်တွေကို တွေ့တဲ့နေရာတွေမှာ လက်နက်ကြီး လက်နက်ငယ်နဲ့ ပစ်ချ၊ လူထုကားတွေ ချောဆွဲ၊ ရွာသားကွမ်းသီးခြံ၊ ဒူးရင်းခြံ၊ ဖာလာခြံတွေ ဖျက်ဆီး၊ တောင်ပေါ်လူထုတွေ ဆန်၊ ရိက္ခာတွေ ဝယ်စားမရအောင်လည်း ...အပြည့်အစုံသို့


နအဖ၏ တရားစီရင်ရေးစနစ် ဘာလဲ ဘယ်လဲ
(သတင်းသုံးသပ်ချက်)
မျိုးဇာနည် / ၂၂ မေ ၂၀၀၉
“မြန်မာနိုင်ငံမှာက ဥပဒေစိုးမိုးရေးမရှိဘူး။ နောက် မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးမဏ္ဍိုင်က လွတ်လပ်မှုမရှိဘူး ဆိုတာကို သက်သေပြပါတယ်။ ကျန်တဲ့ ကိုမင်းကိုနိုင်တို့၊ ကိုဇာဂနာတို့ .....” ...အပြည့်အစုံသို့
မြန်မာနိုင်ငံ၏ သုတေသနလုပ်ငန်းများ၊ စီမံကိန်းများသည်
ပြည်သူအတွက် အမှန်တကယ် အကျိုးရှိပါ၏လော

အောင်ထက် / ၂၂ မေ ၂၀၀၉
နိုင်ငံတော်၏ သုတေသနလုပ်ကွက်များ၊ စီမံကိန်းလုပ်ငန်းများသည် ပြည်သူများ၏ နေ့စဉ်ဘ၀တိုးတက်မှု၊ ...အပြည့်အစုံသို့
နိုင်ငံတကာပြစ်မှုဆိုင်ရာတရားရုံး တင်နိုင်မည့်
အလားအလာများ ပိုများလာ

NEJ / ၂၁ မေ ၂၀၀၉

ဗမာပြည်အတွင်းက ဒီမှုခင်းကြီးကို နိုင်ငံတကာ ပြစ်မှုဆိုင်ရာတရားရုံးမှာ တရားစွဲဆို အရေးယူနိုင်ဖို့ရာအတွက် အားလုံးဝိုင်းဝန်း ကြိုးပမ်းကြဖို့ အချိန်ရောက်ပြီ။ ဥပဒေကြောင်းအရ လုံးဝ......
အပြည့်အစုံသို့

ဒေါ်အောင်ဆန်းစုကြည်ကို နှောင်တည်းထားသည့် ရှုံ့ချည်နှပ်ချည် သားရေပင်ဥပဒေ

စစ်အစိုးရက နောက်ဆုံးတွင် ကိုယ့်လုပ်ရပ်ကြောင့် မည်သည့် အကျိုးဆက်ဖြစ်မှန်း မသိနိုင်သော အမေရိကန် လူမျိုးတဦး ထံမှနေ၍ ဒေါ်အောင်ဆန်း
ယက်ထောက ဒေါ်အောင်ဆန်းစုကြည်ရည်းစားဟု ကောင်စစ်ဝန် စွပ်စွဲ

ယက်ထောက ဒေါ်အောင်ဆန်းစုကြည်ရည်းစားဟု ကောင်စစ်ဝန် စွပ်စွဲ

ရိုဟင်ဂျာများကို ဘီလူးသဘက်များ ကဲ့သို့ အရုပ်ဆိုးသည်ဟု ပြောခဲ့ဖူးသည့် ဟောင်ကောင် အခြေစိုက် မြန်မာကောင်စစ်ဝန် ဦးရဲမြင့်အောင်က မစ္စတာ ဂျွန် ဝီလျံ ယက်ထောနှင့်

ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချခဲ့သော်

ဗုဒ္ဓဟူးနေ့တွင် မြန်မာနိုင်ငံကို အုပ်ချုပ်နေသည့် စစ်ဗိုလ်ချုပ်ကြီးများက ရန်ကုန်မြို့၏ နာမည်ဆိုးဖြင့် ကျော်ကြားသော အင်းစိန် အကျဉ်းထောင်ဗူးဝကို ဖွင့်၍ သတင်းထောက်

အရူးတွေက တမူးသာ

E-mail Print

နအဖ၏ ၂၀၀၉ အင်းယားကန်လုပ်ကြံမှုအဖြစ် မြန်မာပြည်သူတို့က ရှုမြင်

မိုးမခ အထောက်တော် ၀၀၃

မေ ၂၂၊ ၂၀၀၉

ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်ကို တခါးပိတ်တရားခွင်တွင် စစ်ဆေးခဲ့ခြင်းကို ရန်ကုန်မြို့နေ ပြည်သူတို့က သံသယများစွာ ရှိခဲ့ကြသည်ဟု ဆိုသည်။ မေလ ၂၁ ရက်နေ့ထုတ် အစိုးရသတင်းစာများတွင် မေလ ၂၀ ရက်နေ့ တရားခွင်စစ်ချက်များကို ဖတ်ရှုပြီးနောက် ပြည်သူတို့က ပို၍ မခံမရပ်နိုင်ဖြစ်ခဲ့ကြခြင်းဖြစ်သည်ဟု မျက်မြင်တချို့က ပြောကြားသည်။

အစိုးရတရားလိုများက အကျယ်ချုပ်နေအိမ်ကို ကျုးကျော်သူထံက သိမ်းဆည်းရရှိသော ခေါင်းမြီးခြုံဝတ်ဆင်ရသည့် မွတ်ဆလင်ဝတ်စုံ ၂ စုံကို ကို အမျိုးသမီး ၂ ဦးကို တရားခွင်တွင် ၀တ်ဆင်စေပြီး အမှုကို လျောက်လဲခဲ့ခြင်းအား မကျေနပ်ဖြစ်ကြခြင်း ဖြစ်သည်ဟု ဆိုသည်။

အျပည့္အစုံသိုႛ ...

အင်းစိန်ထောင်ရှေ့ စတုတ္ထနေ့ မြင်ကွင်းမှတ်တမ်း

မိုးမခ

မေ ၂၁၊ ၂၀၀၉

စစ်အစိုးရ တရားစီရင်ရေးစနစ် အားလုံးနှင့် တပြေးညီ စစ်ဆေးကိုင်တွယ်နိုင်ခြင်း မရှိတော့

အင်းစိန်ထောင်တွင် တရားရင်ဆိုင်နေရသည့် ကိုဝေလင်းနှင့် ကိုညီညီအောင်၏ ရှေ့နေများကို အင်းစိန်ထောင်တရားရုံးတွင် ရုံးချိန်းရှိ၍ လာရောက်ရာ သက်ဆိုင်ရာပြောခွင့်ရပုဂ္ဂိုလ်တဦးက လမ်းပေါ်သို့ ထွက်လာပြီး တရားသူကြီးမလာရောက်သဖြင့် ရုံးချိန်းမရှိကြောင်း ပြောဆိုခဲ့သည်။

အျပည့္အစုံသိုႛ ...

စတုတ္ထနေ့ရုံးချိန်းတွင် မစ္စတာ ယက်တော၏ ဗီဒီယို၊ ဓာတ်ပုံများ ပြသ

2009-05-21

karen refugees
ဟားဗတ်‌‌ကျောင်း ကမြန်မာ့အ‌ရေး လုံခြုံရေး‌ကောင်‌စီကို ‌တောင်းဆို