2.20.2009

Burma News

US Sanctions Taking Toll on Burmese Gems Industry

By WAI MOE
Burma’s gems industry is suffering in the wake of sanctions imposed by the US government to put pressure on the country’s ruling junta.

Clinton Hammers Home Obama Message in Asia

By MATTHEW LEE
Secretary of State Hillary Clinton relentlessly hammers home the Obama administration's message that America is under new management and ready to listen and engage the world.
QUOTE OF THE DAY
We want to see a time when citizens of Burma and the Nobel Prize winner Aung San Suu Kyi can live freely in their own country.
— US Secretary of State Hillary Clinton

Junta’s Spies Active among Ethnic, Exiled Groups

By MIN LWIN
A confidential military intelligence report outlining information about Burmese ethnic and exiled groups is obtained by The Irrawaddy.

Prayers for Thaksin

By LAWI WENG
Supporters of the ousted Thai premier have held a religious ritual at an ancient Buddhist temple to help restore his karma.

UNSC to Consult on Burma

By LALIT K JHA
The UN Security Council will hold a consultation session on Burma on Friday—the first since Barack Obama became US president.

Junta Declares War on Lawyers

By MARWAAN MACAN-MARKAR
To be a lawyer in military-ruled Burma is to court danger, invite arrest and risk being jailed in the country’s notorious prisons.

Quintana did not meet Zargarnar says UN

The United Nations office in Rangoon has denied that visiting UN human rights expert Quintana met detained popular comedian Zargarnar on Wednesday.

Quintana winds up Burma visit

United Nations Human Rights expert, Tomas Ojea Quintana, on Thursday left Burma with partial information on the situation of Human Rights in the country, the opposition party said.

Bangladesh sends team to weigh direct banking option with Burma

Dhaka, February 19: Dhaka sent a technical team to Rangoon on Thursday, aiming to simplify the payment procedure between the two countries, through a direct banking arrangement,...

Charity Group says tourism will help restore democracy in Burma

A United Kingdom-based charity group on Thursday rejected the call by a campaign group on travel agencies, to stop business deals with Burma, saying tourism helped the people of Burma...
Migrant workers middle Burma threatening, robbing villagers in Mon ...
Independent Mon News Agency - Pullman,WA,USA
Migrant workers from upper and middle Burma have been causing trouble in several villages in Mon State through robbery, drunkenness, stealing produce and ...
See all stories on this topic
FAO rules out avian flu in central Burma
Mizzima.com - New Delhi,Delhi,India
by Mungpi New Delhi (Mizzima) - The recent deaths of thousands of chickens in central Burma was caused by a new disease known as Viscerotropic Velogenic ...
See all stories on this topic
RIGHTS-BURMA: Junta Declares War on Lawyers, Jails Them
Inter Press Service - Rome,Italy
By Marwaan Macan-Markar MAE SOT, Thailand, Feb 19 (IPS) - To be a lawyer in military-ruled Burma is to court danger, invite arrest and risk being jailed in ...
See all stories on this topic
New group of Burmese refugees for orientation centre
Mayo News - Mayo,Ireland
ALMOST 80 Burmese refugees due to spend two months at the Ballyhaunis Orientation and Training Centre in the coming weeks will not be permanently settled in ...
See all stories on this topic
War games in paradise
GlobalPost - USA
During Cobra Gold last May, Cyclone Nargis ravaged neighboring Burma, eventually leaving nearly 140000 dead. Cobra Gold’s US and Thai leaders made ...
See all stories on this topic
Thaw with Burma?
Capitol Hill Blue - VA,USA
Capitol Hill Blue is an independent, non-partisan news site that belongs to no political party and subscribes to no political or philosophical point-of-view ...
See all stories on this topic
Can Hillary Help Liberate Burma?
The Plank on TNR.com - Washington,DC,USA
Hillary Clinton has indicated that the United States is considering a major shift in its policy toward Burma, most notably by lifting the economic sanctions ...
See all stories on this topic
Clinton Signals Possible Shift in US Policy on Burma
Washington Post - United States
"Clearly the path we have taken in imposing sanctions hasn't influenced the Burmese junta," she said, adding that the route taken by Burma's neighbors of ...
See all stories on this topic
Photos of a hard life
Coast Report - Costa Mesa,CA,USA
In the thick of man-made adversity, the people of the Southeast Asian country of Burma (also known as Myanmar) welcomed Bell and her camera. ...
See all stories on this topic
Three Burmese refugees murdered in Malaysia
Mizzima.com - New Delhi,Delhi,India
by Solomon New Delhi – Three Burmese refugees have been found dead at their residence in Kuala Lumpur, on Tuesday morning, a fellow refugee told Mizzima. ...
See all stories on this topic

သူတို့အတွေးသူတို့အမြင်

ဗိုလ်ချုပ်ကြီးများသို့ အိတ်ဖွင့်ပေးစာ

မောင်သြ

ဖေဖော်ဝါရီ ၁၉၊ ၂၀၀၉

လေးစားရပါသော ဗိုလ်ချုပ်ကြီးများခင်ဗျား … ယနေ့ဆိုလျင် စစ်ဗိုလ်ချုပ်ကြီးများ တိုင်းပြည်ကို အုပ်ချုပ်လာခဲ့သည်မှာ နှစ်ပေါင်း ၂၀ ကျော် ခဲ့ပါပြီ။ န၀တ အမည်နဲ့ တမျိုး၊ နအဖ အမည်နဲ့ တမျိုး၊ အမျိုးမျိုး အုပ်ချုပ်လာခဲ့ကြပါသည်။ ၁၉၆၂ ခုနှစ်က ရည်တွက်မည်ဆိုလျင် မဆလ (စစ်အစိုးရ)က ၂၆ နှစ်၊ ဗိုလ်ချုပ်ကြီးတို့က ၂၁ နှစ် စုစုပေါင်း စစ်အစိုးရ အုပ်ချုပ်မှုဟာ ၄၇ နှစ် ပင် ရှိခဲ့ပါပြီ။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စသည်များ တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းကို အမှန်တကယ် လေ့လာသုံးသပ်လျှင် ဆုတ်ယုတ်ခြင်းသာ ရှိကြောင်း တွေ့ရပါသည်။ ယခင်ပ အရှေ့တောင်အာရှတွင် ချမ်းသာကြွယ်ဝခဲ့သော မြန်မာနိုင်ငံဟာ လူကြီးမင်းများ (စစ်အစိုးရ) လက်ထက်တွင် အဆင်းရဲဆုံးနိုင်ငံ ဖြစ်သွားရသည်ကို ကမ္ဘာနိုင်ငံအားလုံးကပင် အသိအမှတ်ပြုခဲ့ရသလို၊ လူကြီးမင်းတို့ကိုယ်တိုင်လည်း ၀န်ခံပြီးဖြစ်ကြောင်း ငြင်းဆို၍ မရနိုင်ပါ။

ယနေ့ လူကြီးမင်းတို့ အုပ်ချုပ်ခဲ့သော ၁၉၈၈ စက်တင်ဘာလမှ စတင်ပြီး ရေးသားလိုပါသည်။ ၁၉၈၈ အရေးတော်ပုံကြီးမှ မဆလ (စစ်အစိုးရ၊ ဗိုလ်နေ၀င်း အစိုးရ)ကို ဖြုတ်ချနိုင်ခဲ့ပြီး၊ လူကြီးမင်းတို့ န၀တ (စစ်အစိုးရ) တက်လာခဲ့ပါသည်။ ယခင် မဆလအစိုးရထက်တော့ ကောင်းလာလိမ့်မည်လို့ ပြည်သူတွေက ယုံကြည်မျှော်လင့်ခဲ့ကြပါသည်။

လူကြီးမင်းတို့က ၉၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲအဖြစ် အောင်မြင်စွာ ကျင်းပပေးခဲ့ပါသည်။ စစ်မှန်သော ပြည်သူ့ဆန္ဒအပေါ် အာဆီယံနိုင်ငံများအပြင် ကမ္ဘာ့နိုင်ငံများအားလုံးက ချီးကျူးထောက်ခံခဲ့ကြပါသည်။

လူကြီးမင်းတို့ကိုယ်တိုင် ကျင်းပဆောင်ရွက်ပေးခဲ့တဲ့ ရွေးကောက်ပွဲကြီးကို လူကြီးမင်းတို့ကိုယ်တိုင် ၁၉၉၀ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့မှာ ကြေညာချက် အမှတ် ၁/၉၀ ကို ထုတ်ြပန်ခဲ့ပါတယ်။

အဲဒီကြေညာချက် အပိုဒ် ၁၂ တွင် -

“ပြည်သူလွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၃ တွင် လွှ့တ်တော်ကို မဲဆန္ဒနယ်များမှ ဤဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်လိုက်သော လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းစေရမည်”

ယင်းပြဋ္ဌာန်းချက်နှင့်အညီ လွှတ်တော်ခေါ်ယူ ဖွဲ့စည်းခြင်းကို န၀တက ဆောင်ရွက်ပေးမည်ဟု၎င်း -

အပိုဒ် ၂၀ တွင်

“ယနေ့အခြေအနေတွင် ပြည်သူများက ရွေးကောက်တင်မြှောက်လိုက်သော ကိုယ်စားလှယ်များသည် အနာဂတ်ဒီမိုကရေစီနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲကြရန် တာဝန်ရှိသည့် ပုဂ္ဂိုလ်ကြီးများဖြစ်သည်ဟု၎င်း” အတိအလင်း ကြေညာထုတ်ပြန်ခဲ့သည်ကိုလည်း လူကြီးမင်းတို့ သိပြီးဖြစ်ပါသည်။

တိုင်းပြည်ကို အုပ်ချုပ်နေသည့် တပ်မတော်သားကြီးတွေ၊ ယောကျာင်္းရင့်မကြီးတွေ ဖြစ်ကြသည့် လူကြီးမင်းတို့က ကိုယ်ထုတ်ပြန်တဲ့ အမိန့်ကြေညာချက် ဥပဒေများကို ကိုယ်က စောင့်သိ ရိုသေ လေးစားလိုက်နာမှ ပြည်သူများကလည်း စောင့်သိရိုသေ လိုက်နာကြမှာ ဖြစ်သည်။

“ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့်သွားမှ၊ နောက်နွားတသိုက် ဖြောင့်ဖြောင့်လိုက်၏” ဆိုတဲ့ စကားလိုပေါ့ ခင်ဗျား။

တိုင်းပြည်အုပ်ချုပ်တဲ့ မင်းပဲ ဖြစ်ဖြစ်၊ အစိုးရပဲ ဖြစ်ဖြစ် “မင်းမှာ သစ္စာ လူမှာ ကတိ” ဆိုတာလို မင်းအစိုးရများဟာ သစ္စာ ကတိတည်ကြည် ဖြောင့်မတ်မှ ပြည်သူက ယုံကြည်လေးစားမှာပါ။

ယနေ့လူကြီးမင်းတို့ ရေးဆွဲပြီးတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်း ၂၀၀၈ ဟာ လူကြီးမင်းတို့ ထုတ်ပြန်ထားတဲ့ ကြေညာချက် ဥပဒေများနဲ့ ညီညွတ်မှု ဆီလျှော်ကိုက်ညီမှု ရှိပါသလား။ လူကြီးမင်းတို့ ပေးထားတဲ့ ကတိက၀တ် စကားများနဲ့ ရေးဆွဲထားတာလား ဆိုတာကို ရိုးဖြောင့်ပြီး လူကြီးလူကောင်းဆန်တဲ့ စိတ်ထားနဲ့ ကြည့်မြင်တတ်ရင် အမှန်တရားဟာ ပေါ်ထွက်လာမှာပါ။

ပြီးတော့ လူကြီးမင်းတို့ရဲ့ စိတ်ကြိုက်၊ လက်ညှိုးထောင်၊ ခေါင်းညိတ် ရွေးချယ်ထားတဲ့ ပုဆိန်ရိုး ကိုယ်စားလှယ်တွေနဲ့ လူကြီးမင်းတို့ ဆန္ဒသဘောထားအတိုင်း တဖက်သတ်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်း ၂၀၀၈ ဟာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေနှင့် နည်းဥပဒေများကို ချိုးဖောက်ပြီး ပြည်သူများကို အကြပ်ကိုင်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ လိမ်လည်လှည့်ဖြားခြင်း၊ မလျော်သြဇာသုံးခြင်းများဖြင့် ပြုလုပ်ဆောင်ရွက်ခဲ့တာကို အထက်ကလူကြီးမင်း ဗိုလ်ချုပ်ကြီးများ သိသိနှင့် မသိကျိုးကျွံ ပြုနေတာလယး၊ ဒါမှမဟုတ် “ငါ့လှေ ငါထိုး ပဂိုး ရောက်ရောက်၊ ငါ့မြင်း ငါစိုင်း စစ်ကိုင်း ရောက်ရောက်” ဆိုပြီး မသိဟန်ဆောင်ပြီး အမှန်တရားကို မျက်ကွယ်ပြုမယ်ဆိုရင် အမှန်တရားရဲ့ တုန့်ပြန်မှုဒဏ်ဟာ ပျက်စီးဆုံးရှုံးခြင်းနဲ့ နိဂုံးချုပ်တတ်ပါတယ် ခင်ဗျား။

လူကြီးမင်းများ ပြုလုပ်ခဲ့တဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်း ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရာမှာ -

(၁) မဲရုံများတွင် နိုင်ငံတကာမှ စောင့်ကြည့်လေ့လာသူများ မရှိဘဲ လူကြီးမင်းတို့၏ လက်ကိုင်တုတ်များဖြစ်သော ရယကအဖွဲ့ဝင်များ၊ ကြံ့ဖွံ့များ၊ စွမ်းအားရှင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များသာ ထားရှိပြီး မိမိစိတ်ကြိုက် ဆောင်ရွက်သွားခြင်း။

(၂) အစိုးရ၀န်ထမ်းများကို ဋ္ဌာနဆိုင်ရာရုံးများတွင် ၀န်ထမ်းများ၏ စစ်မှန်သော ဆန္ဒမပါဘဲ ကြိုတင်ထောက်ခံဆန္ဒမဲများ ရယူခြင်း။

(၃) စက်ရုံ အလုပ်ရုံ အလုပ်သမားများကိုလည်း စက်ရုံ အလုပ်ရုံများတွင် ကြိုတင်ထောက်ခံဆန္ဒမဲများ ပေးစေခြင်း၊ (၀န်ထမ်းအိမ်ယာများနှင့် အလုပ်သမားအိမ်ယာခန်းများတွင် နေသော ၀န်ထမ်းအလုပ်သမားများကို ကန့်ကွက်မဲပေးက နေအိမ်ခန်းများမှ ပယ်ရှားပစ်မည်ဟု ခြိမ်းခြောက်ထားခြင်း ရှိနေပါသည်။)

(၄) ခရီးဝေးသွားသူများ၊ နာမကျန်းသူများ၊ အသက်ကြီးသူများ၊ မသန်မစွမ်းသူများ၏ ဆန္ဒမဲများကို ကောက်မရှင်အဖွဲ့ဝင်များက ၎င်းတို့သဘောဖြင့် ကြိုတင်ထောက်ခံမဲများ ရယူခြင်း။

(၅) ၂၀၀၈ မေလတွင် နာဂစ်မုန်တိုင်းဒဏ်ကြောင့် သေဆုံးခဲ့သူ တသိန်းကျော်၏ ဆန္ဒမဲများ၊ ဒုက္ခရောက်နေသူ ၃ သိန်း ကျော်၏ ဆန္ဒမဲများကို မသမာသောနည်းများဖြင့် ထောက်ခံမဲများ ရယူခြင်း။

(၆) အိမ်ထောင်စုအတွင်းရှိ ထောင်ကျနေသောသူများ၏ ဆန္ဒမဲများလာမထည့်ကြသော သူများ၏ ဆန္ဒမဲများကို စာရင်းကောက်ယူ၍ မဲရုံကော်မရှင်အဖွဲ့ဝင်များမှကိုယ်စား ထောက်ခံမဲများ ရယူခြင်း …

စသည့် မမှန်ကန်သောနည်းများဖြင့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ နည်းဥပဒေများကို ချိုးဖောက်၍ ဆောင်ရွက်ခြင်းများသည် စစ်မှန်သော တရားမျှတသော ဆန္ဒခံယူပွဲ မဟုတ်ကြောင်း ထင်ရှားနေပါသည်။

ဤကဲ့သို့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းမှာ ပြည်သူက ရွေးချယ်ထားသော ပြည်သူ့ကိုယ်စားလှယ်များက ရေးဆွဲထားခြင်း မဟုတ်သည်က တကြောင်း၊ ဆန္ဒခံယူပွဲနည်းဥပဒေများကို ချိုးဖောက်၍ မတရားသောနည်းမျိုးစုံဖြင့် တဖက်သတ် ပြည်သူ့ဆန္ဒစစ်စစ် မပါဘဲ လိမ်ညာခြင်း၊ အကြပ်ကိုင်ခြင်း၊ ခြိမ်းခြောက်ခြင်းများဖြင့် ဆောင်ရွက်သွားခြင်းကြောင့် တကြောင်း၊ ၎င်းဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းသည် တရားမျှတမှု မှန်ကန်မှု မရှိကြောင်း ထင်ရှားပါသည်။

ထို့ကြောင့် အင်န်အယ်ဒီ အဖွဲ့ချုပ်မှ စက်တင်ဘာ ၉ ရက် ၂၀၀၈ က ထုတ်ပြန်တဲ့ အထူးကြေညာချက် အမှတ် ၁၈/၉/၀၈ ကို လူကြီးမင်းများက ပြန်လည်သုံးသပ် စဉ်းစား ဆောင်ရွက်ကြမယ်ဆိုရင် ၂ ဦး ၂ ဖက် အနေနဲ့၎င်း၊ တိုင်းပြည်နဲ့ လူမျိုးများ အနာဂတ်အတွက်၎င်း ကောင်းမြတ်တဲ့ အကျိုးတရားများ ရရှိနိုင်ပါလိမ့်မယ်။

ဖေဖော်ဝါရီ ၁ ရက်၊ ၂၀၀၉ က မြန်မာနိုင်ငံသို့ ရောက်ရှိလာသော ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေး ပုဂ္ဂိုလ် မစ္စတာဂန်ဘာရီနှင့် လူကြီးမင်းတို့ တွေ့ဆုံစဉ်က လူကြီူးမင်းတို့ ပြောကြားခဲ့သော …

“စီးပွားရေး ပိတ်ဆို့မှုများ၊ လူ့အခွင့်အရေး ဆုံးရှုံး ထိခိုက်စေသည့် ဗီဇာပိတ်ပင်ထားမှုများကို ကုလသမဂ္ဂအနေဖြင့် ဖယ်ရှားအောင် ဦးစွာ ကြိုးပမ်းသင့်ကြောင်း၊ ခင်မင်ရင်းနှီးသူ တဦးအနေဖြင့် ဥပမာနှိုင်းပြရလျှင်၊ ခြေ ၂ ဖက်ကို ကြိုးများဖြင့် ချည်နှောင်ထားပြီး မြန်မြန်ပြေးခိုင်းသည်နှင့် တူနေကြောင်း၊ သို့သော်လည်း မိမိတို့ နိုင်ငံအနေနှင့် ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်သောအားဖြင့် လုပ်သင့်သည်များကို၊ လုပ်နိုင်သည်များကို ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံကို စီးပွားရေးဖွံဖြိုးတိုးတက်ပြီး နိုင်ငံရေးတည်ငြိမ်စေချင်သည်ဆိုလျင် ကုလအနေနှင့် မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုများကို အရင်ဖယ်ရှားပေးရန် ကြိုးစားသင့်ကြောင်း၊ စီးပွားရေးတည်ငြိမ်မှ နိုင်ငံရေးတည်ငြိမ်မည် ဖြစ်ကြောင်း …”

စသည်ဖြင့် ပြောခဲ့ရာ၊ ဤစကားများကို သေချာစွာ ပြန်စဉ်းစားသင့်ပါသည်။

လူကြီးမင်းများက ဥပမာနှင့် တင်ပြသလို ပြန်ပြောရရင် …

“ကျောင်းစည်းကမ်း ချိုးဖောက်သည့် ကျောင်းသား၊ အိမ်စာမလုပ်လာတဲ့ ကျောင်းသားကို အတန်းပိုင်ဆရာက ကြိမ်လုံးနဲ့ ရိုက်ချင်ရိုက်မယ်။ ခုံပေါ်တက် မတ်တတ်ရပ်ခိုင်းပြီး အပြစ်ဒဏ် ပေးမယ်။ ကျောင်းသားက အပြစ်ရှိနေတာကိုး။ ကျောင်းသားက ကျောင်းစည်းကမ်းကို လိုက်နာမယ်၊ အိမ်စာလုပ်လာမယ် ဆိုရင် ဆရာက အပြစ်ဒဏ်ပေးမှာ မဟုတ်ဘူး..”

အဲဒီလိုပဲ လူကြီးမင်းများက ကျူးလွန်ထားတဲ့ လူ့အခွင့်အရေး ချိုးဖောက်တာတွေ၊ မတရားလုပ်အားပေး ခိုင်းစေတာတွေ၊ ကလေးစစ်သားစုဆောင်းတာတွေ၊ နိုင်ငံရေးသမားတွေကို မတရားဖမ်းဆီး၊ ပုဒ်မတွေ အမျိုးမျိုးတပ်၊ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်၊ ဝေးလံလှတဲ့ နယ်အကျဉ်းထောင်တွေကို ပို့၊ အကျဉ်းသားတွေကို နှိပ်စက် ဒုက္ခပေးရုံတင်မက၊ ကျန်ရစ်တဲ့ မိသားစုတွေကိုပါ နှိပ်စက်ဒုက္ခပေးနေတာမျိုးတွေ ဖြစ်နေတယ်။ တရားဥပဒေ အုပ်ချုပ်တာတွေ၊ နိုင်ငံရေးသမားများအပေါ် တရားစီရင်ရာတွင် တရားသူကြီးက မစီရင်ရဘဲ၊ အထက်က အမိန့်အတိုင်း စီရင်ရတာတွေ၊ (အငြိမ်းစားတရားသူကြီး တဦး၏ ပြောပြချက်အရ)၊ ငြိမ်းချမ်းစွာ ဆန္ဒပြ၊ မေတ္တာပို့ခဲ့ကြတဲ့ ရဟန်း သံဃာ ကျောင်းသား ပြည်သူများကို လူကြီးမင်းတို့ရဲ့ ပုဆိန်ရိုး လက်ကိုင်တုတ် ကြံ့ဖွံ့များ စွမ်းအားရှင်းများက မင်းမဲ့စရိုက် ၀င်ရောက် ဖမ်းဆီးပြီး အကြမ်းဖက်မှု၊ ဆူပူမှုလုပ်တာတွေ စတဲ့ လုပ်ရပ်တွေဟာ လူ့အခွင့်အရေးကို အကြီးမားဆုံး ချိုးဖောက်တာပဲ မဟုတ်လား။

လူကြီးမင်းများက လူ့အခွင့်အရေး ချိုးဖောက်သူများကို ပြုပြင်နိုင်မယ်ဆိုရင် ပြီးတော့ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်မယ် ဆိုရင် ပြီးတော့ ကုလသမဂ္ဂအထွေထွေညီလာခံမှ အကြိမ်ပေါင်းများစွာ ဆုံးဖြတ်ချက် ကြေညာချက်များကို လိုက်နာခဲ့မယ် ဆိုရင် ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုတွေဟာ အလိုလို ဖယ်ရှားပြီးသား ဖြစ်သွားမှာပါ။

မြန်မာနိုင်ငံ ပြည်သူပြည်သားတွေအပေါ် မိမိကျူးလွန်ထားတဲ့ အပြစ်တွေကို အရင်ကနဦး ဆေးကြောပစ်ရမှာပါ။

လူကြီးမင်းများက …

“ဒီမိုကရေစီသဘောအရ အများစုရဲ့ ဆန္ဒကို အနည်းစုက လက်ခံကြရမှာ ဖြစ်၊ အများစုက အတည်ပြုထားတဲ့ အခြေခံဥပဒေကို သဘောမတူတဲ့ အနည်းစုရဲ့ ဆန္ဒကြောင့် ပြန်လည်ညှိနှိုင်း ပြင်ဆင်ပေးဖို့ ဆိုတာ ဒီမိုကရေစီနည်းလမ်းမကျ၊ ထို့အတူလည်း မဖြစ်နိုင်၊ ဒီမိုကရေစီကို ကြိုက်တယ်၊ လိုလားတယ် ဆိုရင် ဒီမိုကရေစီရဲ့ အနှစ်သာရကို လက်ခံကြရမှာပဲ ဖြစ် …”

စသည်ဖြင့် လူကြီးမင်းတို့ ပြောခဲ့တာ သိပ်မှန်တယ်. လက်ခံကြိုဆိုပါတယ်။ လူကြီးမင်းတို့လည်း ကိုယ်စကားနဲ့ ကိုယ်ပြောသလို လုပ်နိုင်ဖို့ တာဝန်ရှိပါတယ်။

ဥပမာ …

၁ - ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲဟာ စစ်မှန်သော လွတ်လပ်၍ တရားမျှတသော အများပြည်သူရဲ့ ဆန္ဒအမှန် ပါ။ ဘာကြောင့် အဲဒီတုန်းက လူကြီးမင်းတို့က အများစုရဲ့ ဆန္ဒကို လက်မခံခဲ့ရပါသလဲ။

၂ - ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ၁၅ နိုင်ငံမှ အများစုရဲ့ ဆန္ဒကို ဆန့်ကျင်ပြီး တရုတ်နှင့် ရုရှား ၂ နိုင်ငံက အများစုရဲ့ ဆန္ဒကို ဘာကြောင့် လက်မခံခဲ့ပါသလဲ။

၃ - ၂၀၀၈ ခုနှစ် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဟာ စစ်မှန်တဲ့ အများဆန္ဒလား၊ မသမာနည်းနဲ့ လုပ်သွားတာလား ဆိုတာ ရှေ့မှာ တင်ပြခဲ့ပြီး ဖြစ်၍ လူကြီးမင်းများ စဉ်းစားသင့်။

၎ - ရေးဆွဲထားတဲ့ အခြေခံဥပဒေကကော ၉၀ ခုနှစ် က ရွေးကောက် တင်မြှောက်ခံရသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များမှ ရေးဆွဲထားတာလား၊ စစ်အစိုးရရဲ့ လက်ရုန်းတပ်သား တပည့်တွေ၊ လက်ကိုင်တုတ်တွေက ရေးဆွဲထားတာလား။ အမှန်ကို အမှန်အတိုင်း၊ အရှိကို အရှိအတိုင်း သိသင့်ပါတယ်။

၎င်းအပြင် လူကြီးမင်းတို့ရဲ့ အောက်တိုဘာ ၄ ရက်၊ ၂၀၀၇ နေ့စွဲနဲ့ ထုတ်ပြန်ခဲ့သော ကြေညာချက် အမှတ် ၁/၂၀၀၇ မှာ ထိပ်တိုက်ရင်ဆိုင်ရေး၊ အလုံးစုံပျက်သုဉ်းရေး၊ မြန်မာနိုင်ငံအား စီးပွားရေး အဆက်အသွယ်ပြတ်တောက်ရေး၊ အလုံးစုံ ပိတ်ဆို့ရေးဆိုတဲ့ အချက် ၄ ချက်ကို ဒေါ်အောင်ဆန်းစုကြည်က စွန့်လွှတ်ကြောင်း ကြေညာခဲ့ရင် နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင် သူမနှင့် တိုက်ရိုက်တွေ့ဆုံမှာဖြစ်ကြောင်းလို့ ဖော်ပြထားတာ တွေ့ရပါတယ်။

အဲဒီအချက် ၄ ချက်က တွေ့ဆုံဆွေးနွေးရေးအတွက် ကြိုတင်စည်းကမ်း သတ်မှတ်ချက်တွေ ဖြစ်မနေဘူးလား။ ပြီးတော့ အဲဒီအချက် ၄ ချက်ကို ဒေါ်အောင်ဆန်းစုကြည်က ပိတ်ဆို့တားဆီးနိုင်စွမ်းရှိသူလား သို့မဟုတ် ပယ်ဖျက်နိုင်စွမ်း ရှိသူလား၊ တကယ် ပိတ်ဆို့တားဆီးထားတာက ဘယ်သူတွေလဲ ခွဲခွဲခြားခြား သိဖို့ လိုပါတယ်။

အကယ်၍ အိမ်ထဲမှာ အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံနေရတဲ့သူက ဒီအချက် ၄ ချက်ကို လုပ်နိုင်စွမ်းရှိတယ် ဆိုရင်၊ ပြင်ပမှာ တကယ့်လက်တွေ့ အာဏာနဲ့ အုပ်ချုပ်နေတဲ့ လူကြီးမင်းတို့ စွမ်းရည်က ဘယ်အဆင့်အထိ ကျဆင်းသွားမလဲဆိုတာ စဉ်းစားကြည့်ပါဦး။

လူကြီးမင်းများ ခင်ဗျား …

ကျနော်တို့ နိုင်ငံကို ပြည်ပနိုင်ငံများမှ ပုဂ္ဂိုလ်များ၊ ကုလသမဂ္ဂမှ ပုဂ္ဂိုလ်များ၊ အခြားနိုင်ငံတကာမှ အဖွဲ့အစည်းများမှ လာရောက်ပြီး လူကြီးမင်းများနှင့်ကော၊ အင်န်အယ်ဒီ အဖွဲ့ချုပ်မှ ခေါင်းဆောင်များနှင့်ကော၊ အခြား တိုင်းရင်းသားအဖွဲ့များ၊ တသီးပုဂ္ဂလများနှင့် လာရောက်တွေ့ဆုံကာ မြန်မာနိုင်ငံရေးကို ၀င်ရောက်စွက်ဖက်နေတာ ရှက်စရာလည်း ကောင်းပါသည်။ ဗိုလ်ချုပ်အောင်ဆန်းစကားလို “ဟိုလူ လာ၊ မျက်နှာချိုသွေးရ။ ဒီလူ လာ၊ မျက်နှာချိုသွေးရ” နှင့် နိုင်ငံဂုဏ်သိက္ခာ ကျလှပါသည်။ ကျနော်တို့ ပြည်တွင်းရေးကိစ္စကို ကိုယ့်ဖာသာကိုယ် ဖြေရှင်းပြီး အဖြေရှာချင်ပါသည်။

သို့ပါ၍ ၁၉၉၀ ရွေးကောက်ပွဲကို ကျင်းပပေးခဲ့သော တပ်မတော်ခေါင်းဆောင်ကြီးများနှင့် ၎င်းတို့ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော နိုင်ငံရေးပါတီများ၊ ရွေးကောက်တင်မြှောက်ခံရသော ပြည်သူ့ကိုယ်စားလှယ်များ၊ တိုင်းရင်းသားအဖွဲ့အစည်းများ အမြန်ဆုံး တွေ့ဆုံဆွေးနွေး၍ အဖြေရှာခြင်းသည်သာ အကောင်းဆုံး ဖြစ်ပါသည်။

ကိုယ့်ပြည်တွင်းအင်အားစု အချင်းချင်း၊ အဃာတကင်းကင်းနှင့် စည်းလုံးညီညွတ်စွာ တွေ့ဆုံဆွေးနွေးခြင်းမှ ရရှိလာမည့် ရလာဒ်ကောင်းများ ပေါ်ထွက်လာပါက စောစောက လူကြီးမင်းတို့ တောင်းဆိုထားသော စီးပွားရေးပိတ်ဆို့မှုများ၊ ဗီဇာပိတ်ဆို့မှုများ အလိုလို ပွင့်ထွက်ပျက်ပြယ်သွားနိုင်ပါကြောင်းနှင့် စစ်မှန်စော အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် စည်းလုံးညီညွတ်ရေးများ ရရှိလာနိုင်ပါသည်။

နောက်ဆုံး တင်ပြလိုတာကတော့ ဒုတိယအိမ်ထောင်ပြုချင်ရင် ပထမအိမ်ထောင်ကို တရားဝင် ကွာရှင်းပြတ်စဲပစ်ရပါမယ်။ နို့မို့ရင် ပထမအိမ်ထောင်က အမွေဆက်ခံတောင်းပိုင်ခွင့် ရှိနေပါမယ်။ အဲဒီလိုပါပဲ လူကြီးမင်းတို့က ၂၀၁၀ ရွေးကောက်ပွဲ သွားချင်ရင် ၁၉၉၀ ရွေးကောက်ပွဲကို တရားဝင် ဖျက်သိမ်းပစ်ရပါမယ်။ နို့မို့ရင် ၉၀ ခုနှစ် ရွေးကောက်ပွဲဟာ တရားဝင် တည်ရှိနေတာကြောင့် အမွေရယူပိုင်ခွင့် တောင်းဆိုပိုင်ခွင့်တွေ ရှိနေဦးမှာပါပဲ ခင်ဗျား။

ကိုယ့်နိုင်ငံ၊ ကိုယ့်ပြည်တွင်းရေးကို ပြည်ပမှ လာရောက်ဆွေးနွေး ညှိနှိုင်း ဖြေရှင်းပေးခြင်းထက်၊ ကိုယ့်သွေး၊ ကိုယ့်သား၊ ကိုယ့်ဆွေမျိုးချင်း အဃာတ ကင်းကင်းနဲ့ ဆွေးနွေး အဖြေရှားခြင်း၊ အပြန်အလှန် ယုံကြည်လေးစားခြင်းတို့ဖြင့် အမျိုးသားပြန်လည်စည်းရုံးညီညွတ်မှု တည်ဆောက်ကြပါရန် တိုက်တွန်းလိုက်ရပါသည်။

(မြန်မာပြည်တွင်းက ပေးစာဖြစ်ပါတယ်။ သူရွေးတဲ့ အမည် “မောင်သြ” အမည်နဲ့ မိုးမခမှာ ယခင်စာများ ဖော်ပြခဲ့ဖူးပါတယ်)

မယ်တော်ဆေးခန်း နှစ် ၂၀ ပြည့် အခမ်းအနား ကျင်းပ

မယ်တော်ဆေးခန်း နှစ် (၂၀) ပြည့် အခမ်းအနား ဂုဏ်ပြုအယ်လ်ဘမ်

ဓာတ်ပုံ - ကိုလတ်

ဒေါက်တာလွဏ်းဆွေဘလော့မှ

မယ်တော်ဆေးခန်း နှစ် (၂၀) ပြည့် အခမ်းအနားကျင်းပ
သတင်း - ရိုးမ ၃ (၁၉-၂-၀၉)
မယ်တော်ဆေးခန်း နှစ် (၂၀) ပြည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပြီး ထူးချွန်ဝန်ထမ်း များကို ရွေးချယ်၍ ဆုပေးခြင်းများ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အနာဂတ် မြန်မာဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးအတွက် တိုင်းရင်းသားအဖွဲ့အစည်း များ၊ ဒီမိုကရေစီအင်းအားစုများနှင့်အတူပူးပေါင်းပြီး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဟု အနာဂတ် တွင် လုပ်ဆောင်မည့် အစီအစဉ်များနှင့်ပတ်သက်၍ ဒေါက်တာစင်သီယာမောင်က ပြောသည်။
နှစ်ပေါင်း (၂၀) အတွင်း မယ်တော်ဆေးခန်းအနေဖြင့် လုပ်ဆောင်နိုင်ခဲ့မှုအခြေအနေများကို ဒေါက်တာ စင်သီ ယာမောင်က “ အခြေခံအကျဆုံးက မိခင်တွေ လုံခြုံစိတ်ချတဲ့နေရာမှာ မီးဖွားခွင့်ရခဲ့တယ်၊ ငှက်ဖျားတိုက်ဖျက် ရေးကို အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့တယ်၊ တချိန်တည်းမှာ စစ်ဘေးဒဏ်ကြောင့် ကိုယ်လက်အင်္ဂါချို့ယွင်း သွားသူ တွေအတွက် ခြေတုလက်တုတွေ၊ မျက်စိဝေဒနာသည်တွေကို အလင်းပြန်ရအောင် လုပ်ပေးနိုင်ခဲ့ပါ တယ်။ ကျန်းမာရေး၊ ပညာရေးအတွက် စုပေါင်းလုပ်ဆောင်ခြင်းတွေကို အားလုံးကအသိမှတ်ပြုလာတဲ့အတွက် အောင်မြင်မှုရခဲ့ပါတယ်”ဟု ပြောသည်။မယ်တော်ဆေးခန်း စတင်တည်ထောင်စဉ်က တနှစ်လျှင် လူနာ (၁၈၀၀) ခန့်သာ ဆေးကုသပေးခဲ့ရာမှ ၂၀၀၈ ခုနှစ်အတွင်း လူနာတသိန်းခန့်ကို ကုသပေးနိုင်ခဲ့ပြီး ထက်ဝက်ခန့်သည့် မြန်မာနိုင်ငံ အတွင်းပိုင်းမှ လာရောက် ကုသသည့် လူနာများဖြစ်သည်။
“လူနာတွေများလာတာက အရင်ထက်စာရင် ပိုဆိုးလာတယ်၊ ၂၀၀၅ နောက်ပိုင်းမှ ရွာတွေစွန့်ခွာလာတာတွေ၊ ပြန်ဖို့ မျှော်လင့်ချက်မထားနိုင်တာတွေ ရှိတယ်၊ ဒါ့အပြင် ပိုမိုဆိုးရွားတဲ့ ရောဂါတွေကြောင့် များလာခြင်းဖြစ် တယ်။ အခြေခံကတော့ ကျန်းမာရေးစောင့်ရှောက်မှုအရ ပြည်တွင်းပြည်ပမှာဖြစ်စေ ပြည့်ဝတဲ့ စောင့်ရှောက်မှု မရှိတဲ့အတွက် အခုလို တိုးလာတာပါ၊ ကျမတို့နိုင်ငံရဲ့ ထောက်ပံ့မှုက လူထုအတွက် အကျိုးမပြုနိုင်လို့ဘဲ ဖြစ်ပါ တယ်” ဟု ဒေါက်တာစင်သီယာမောင်က ပြောသည်။
မယ်တော်ဆေးခန်းအတွက် ပုံမှန်ရရှိသည့် အကူအညီအထောက်အပံ့များသည် လူနာ ၆၀ ရာခိုင်နှုန်းအတွက် သာ လုံလောက်မှုရှိပြီး အခြားလိုအပ်ချက်များကို နိုင်ငံတကာနှင့် ပုဂ္ဂလိကအလှူရှင်များက ထောက်ပံ့ပေးနေ ခြင်းဖြစ်သည်ဟု ဆက်လက်ပြောသည်။
အခမ်းအနားသို့ လူမှုအခြေပြုအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် မြန်မာ့ဒီမို ကရေစီအရေးအတွက် လှုပ်ရှားဆောင်ရွက်နေသည့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ကျောင်းသားလူ ငယ်များ စုစုပေါင်း ၂၀၀၀ နီးပါး တက်ရောက်ခဲ့ပြီး ကရင့်ရိုးရာ ဒုံးယိမ်အကနှင့် ကျဘမ်းစကားပြောပြိုင်ပွဲများ အပါအ၀င် ဖျော်ဖြေရေးအစီအစဉ်များကို ညပိုင်းအထိ ကျင်းပခဲ့သည်။
မယ်တော်ဆေးခန်းကို ၁၉၈၈ ခုနှစ် ဒီမိုကရေစီလူထုအုံကြွမှုကြီး ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ၁၉၈၉ ခုနှစ်တွင် ထိုင်း-မြန်မာနယ်စပ်ရောက် ၈၈ မျိုးဆက်ကျောင်းသားများ ကူညီပံ့ပိုးမှုအပါအဝင် ဒေါက်တာစင်သီယာမောင်၊ ဦး သိုက်စိုး၊ ဦးဝဏ္ဏ၊ ဦးချစ်ဝင်း၊ ဆရာမနော်ထူးနှင့် ဦးစိန်ဟန် စသည့်ပုဂ္ဂိုလ် ၆ ဦးက စတင် လုပ်ကိုင်ခဲ့ ကြပြီး မယ်တော်ဆေးခန်း စတင်တည်ထောင်စဉ်က တနှစ်လျှင် လူနာ (၁၈၀၀) ခန့်သာ ဆေးကုသပေးခဲ့ရာမှ ၂၀၀၈ ခုနှစ်အတွင်း လူနာတသိန်းခန့်ကို ကုသပေးနိုင်ခဲ့ပြီး ထက်ဝက်ခန့်သည့် မြန်မာနိုင်ငံအတွင်းပိုင်းမှ လာရောက် ကုသသည့် လူနာများဖြစ်သည်။

သတင်းပဒေသာ



သတင်းထောက် ဟန်တင်အောင် / ၁၉ ဖေဖော်ဝါရီ ၂၀၀၉

မြန်မာစစ်အစိုးရအပေါ် အမေရိကန် စီးပွားရေးဒဏ်ခတ်မှု မအောင်မြင်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်သည့်အတွက် မြန်မာနိုင်ငံအပေါ် အမေရိကန်ပေါ်လစီ အပြောင်းအလဲ ဖြစ်ဖို့များသည်ဟု နိုင်ငံတကာသတင်းတွေက သုံးသပ်သည်။ ...အပြည့်အစုံသို့


ကွင်တားနား ဇာဂနာနှင့် မတွေ့ခဲ့ ဟု ကုလပြော

မြန်မာပြည်သို့ အလည်အပတ် လာရောက်ခဲ့သော ကုလလူ့အခွင့်အရေး ကျွမ်းကျင်သူ မစ္စတာ ကွင်တားနားသည် နာမည်ကျော် လူရွှင်တော် ဇာဂနာကို ဗုဒ္ဓဟူးနေ့ ကတွေ့ဆုံခဲ့သည် ဟူသော သတင်းကို ရန်ကုန်မြို့ရှိ...

မြန်မာစစ်တပ်နှင့် ဝ တပ်ဖွဲ့ တိုက်ပွဲဖြစ်ဟု သျှမ်းသံတော်ဆင့်က ပြောဆို

နအဖ တပ်ဖွဲ့နှင့် UWSA မြောက်ပိုင်းစစ်ဒေသ လက်အောက်ခံ တပ်ဖွဲ့ဝင်များ ယခုလ ပထမအပတ်အတွင်း တိုက်ပွဲဖြစ်ခဲ့ကြောင်း ထိုင်း-မြန်မာ နယ်စပ်အခြေစိုက်...

အသက်ရှုကြပ် သေဆုံးသူ မြန်မာများအတွက် ထိုင်းကုမ္ပဏီက လျော်ကြေးပေး

အလုံပိတ်ကားဖြင့် ထိုင်းနိုင်ငံသို့ တရားမ၀င် ၀င်ရောက်လာစဉ် မွန်းကြပ် သေဆုံးခဲ့သူ မြန်မာနိုင်ငံသား ၅၄ ဦးအနက် ၃၇ ဦးအတွက်...
မိုးကုတ် ကျောက်မျက် ဈေးကွက်ပျက်

မိုးကုတ် ကျောက်မျက် ဈေးကွက်ပျက်

မိုးကုတ်ကျောက် ဖက်စပ် တူးဖော်ရေးလုပ်ငန်းကြီး ၅၀ ခန့် ရှိသည့်အနက် အားလုံးနီးပါး ရပ်ဆိုင်းထားရ သောကြောင့် ကျောက်လုပ်ငန်း လုပ်ကိုင်သူများ အခက်အခဲ ဒုက္ခဖြစ်နေရ

လုံခြုံရေးကောင်စီတွင် မြန်မာ့အရေး ပြောမည်

မစ္စတာ ဘရက် အိုဘားမား အမေရိကန် သမ္မတ ဖြစ်လာပြီးနောက် ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ပထမဆုံးအကြိမ် မြန်မာ့အရေး ဆွေးနွေးပွဲတရပ်ကို သောကြာနေ့တွင် ပြုလုပ်မည်

နယ်စပ်မှာ ထောက်လှမ်းရေးတွေ ပိုများလာသလား

စစ်အစိုးရ၏ ထောက်လှမ်းရေး သတင်းကွန်ယက်သည် ထိုင်း - မြန်မာ နယ်စပ် မဲဆောက်မြို့တွင် ပိုမို ကျယ်ပြန့်လာကာ သတင်းမှန်နှင့် သတင်းမှားများကို ရောနှော ပေးပို့လျက်ရှိ

စလောင်းက အမျိုးသားရေးကို ထိခိုက်ဟု နအဖပြော

ဂြိုဟ်တု စလောင်းကြောင့် မြန်မာ့ အမျိုးသားရေးကို ထိခိုက်သည်ဟု မြန်မာ့အလင်း သတင်းစာ ဆောင်းပါးတွင် အကျယ်တဝင့် ရေးသားထားသည်။

Mr Tomas Ojea Quintana. UN

ကင်တားနားနဲ့တွေ့ရန် ဦးဝင်းတင် ငြင်းဆန်

19 February 2009

မစ္စတာကင်တားနားက သူ မပြန်ခင်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အလုပ်အမှုဆောင် တဦးလည်းဖြစ်၊ နှစ်ရှည် နိုင်ငံရေးအကျဉ်းသားဟောင်း တဦးလည်းဖြစ်တဲ့ သတင်းစာဆရာကြီး ဦးဝင်းတင်ကို တွေ့ဆုံ ချင်ပါတယ်ဆိုပြီး ဒီနေ့ညနေပိုင်းမှာ မြန်မာအာဏာပိုင်တွေက သွားခေါ်ပေမယ့် ဦးဝင်းတင်က ငြင်းလိုက် ပါတယ်။ ဘာကြောင့်အခုလို လူ့အခွင့်အရေးကိုယ်စားလှယ်နဲ့ တွေ့ဆုံဖို့ ငြင်းလိုက်သလဲဆိုတာကို မသင်းသီရိက ဆက်သွယ် မေးမြန်းတဲ့အခါ ဦးဝင်းတင်က အခုလိုစဖြေပါတယ်။

“မစ္စတာကင်တားနားနဲ့ တွေ့ဖို့ ရေတွေဘာတွေ ချိုးထားပါ၊ စိမ်းလဲ့ကန်သာမှာ သွားတွေ့ရမယ်၊ လာခေါ် တော့မယ် လို့ ပြောတယ်။ ကျနော်က ပြောလိုက်တယ်၊ ကျနော်ရေလည်းမချိုးနိုင်ဘူး၊ တွေ့လည်းမတွေ့နိုင်ဘူး၊ တွေ့ဖို့လည်း မလိုဘူး။ ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားတို့ခေါ်တိုင်း ကျနော် ဘယ်လိုက်နိုင်မလဲ။ ကျနော့် အဖွဲ့ချုပ်က သိသလား၊ အဖွဲ့ချုပ်က စီအီးစီကို ဖိတ်ရဲ့လား၊ နောက် အခုတွေ့တာ ဘယ်ပုံစံနဲ့တွေ့တာလဲ၊ ခင်ဗျားတို့က ဘာလို့ ကျုပ်ကို လာခေါ်ရတာလဲဆိုတော့ မဟုတ်ပါဘူးတဲ့၊ မစ္စတာကင်တားနားက ကျနော့်ကို ပုဂ္ဂိုလ်ရေးအရ တွေ့ချင်တယ်တဲ့၊ အန်န်အယ်လ်ဒီတို့ ဘာတို့မဖိတ်ပါဘူးတဲ့၊ အဲဒါနဲ့ ကျနော် ငြင်းလိုက်တယ်။ မတွေ့နိုင်ဘူး၊ ကျနော် တွေ့ဖို့လည်းရည်ရွယ်ချက်မရှိဘူးလို့ ပြောလိုက်တယ်။ အဲဒါပါပဲ။”

“ကျနော် လက်ခံမတွေ့တာက အစိုးရလုပ်လို့ ဘာတို့ မဟုတ်ဘူးခင်ဗျ။ နည်းလမ်းတကျမလုပ်လို့။ နည်းလမ်း တကျ မလုပ်ဘဲနဲ့ ကျနော့်ကိုဖဲ့ထုတ်ပြီးတော့ တယောက်တည်းလာပြီး ခေါ်တွေ့ဖို့ အစိုးရက စီစဉ်ပေးတယ် ဆိုတာမျိုးကို လက်မခံနိုင်ဘူး။ လက်မခံနိုင်တဲ့အတွက် ကျနော် ငြင်းလိုက်တာ။”

အခုလိုဆိုတော့ စစ်အစိုးရက ဖဲ့ထုတ်ပေးတာမဟုတ်ဘဲနဲ့ မစ္စတာကင်တားနားကိုယ်တိုင် ဆရာ့ကို သီးသန့် ပုဂ္ဂိုလ်ရေး အရ တွေ့ချင်တာမျိုးလို့ရော ယူဆလို့မရဘူးလား။

“ယူဆမယ်ဆိုလည်း ယူဆနိုင်တာပေါ့ဗျာ။ ဒါပေမယ့် လာတဲ့ချန်နယ်က ဘယ်ကလာလဲဆိုတာတော့ တည်တာ ပေါ့ဗျာ။ လာတဲ့ချန်နယ်က အစိုးရက စီစဉ်ပေးတဲ့ အစီအမံအတိုင်းပဲ သူလုပ်ရမယ်။ ဆိုလိုတာက သူ့ခရီးစဉ် တလျှောက်လုံးတောင်မှ အစိုးရရဲ့အစီအမံနဲ့ ဟိုသွား၊ ဒီသွား၊ ဟိုလူတွေ့၊ ဒီလူတွေ့၊ ဆိုတဲ့အတိုင်းပဲ လုပ်သွားတဲ့ ဟာမှာသူက ကျနော့်ကို ပုဂ္ဂိုလ်ရေးအရ တွေ့ချင်တဲ့သဘော ရှိကောင်းရှိမယ်။ သို့သော် အစိုးရရဲ့ ဟိုဟာလုပ်၊ ဒီဟာလုပ်၊ ဟိုလူ့ခေါ်၊ ဒီလူ့ခေါ် ဆိုတာမျိုးကို ကျနော် သူ့အတွက်လည်း လက်မခံနိုင်ဘူး၊ သူ့ခရီးစဉ်မှာ အဲဒီလို စီမံတာလည်း လက်မခံနိုင်ဘူး၊အလားတူပဲ ကျနော့်အနေနဲ့လည်း ဒီလိုဟာမျိုးကို လက်မခံနိုင်ဘူး။ ပုဂ္ဂိုလ် အရရော၊အဖွဲ့အစည်းဝင် တယောက်အနေနဲ့ရော လက်မခံနိုင်တဲ့အတွက် ကျနော် ငြင်းလိုက်တာဖြစ်ပါတယ်။”

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ဆရာဦးဝင်းတင်ကို သီးသန့်တွေ့ဖို့ ဖိတ်တဲ့အခါ ဆရာ့ အနေနဲ့ အခုလို သွားမတွေ့လိုက်တာဟာ တိုင်းပြည်အတွက်နစ်နာတယ်လို့ ဆရာ မထင်ဘူးလားရှင့်။

“မထင်ပါဘူး။ လုပ်ငန်းတခုဆိုတာ ပုံမှန်၊ နည်းမှန် လုပ်မှသာလျှင် ဖြစ်မှာပေါ့။ ဥပမာကျနော်က ကင်တားနားနဲ့ သွားပြီး လက်ဝါးချင်းရိုက်နေလို့ တိုင်းပြည်မှာ ဘာအကျိုးရှိမှာလဲ၊ ဘာမှမရှိနိုင်ဘူး။ ကင်တားနားနဲ့ သွားပြီး လက်ဝါးချင်း မရိုက်တဲ့အတွက်ရောတိုင်းပြည်မှာ ဘာအကျိုးယုတ်စရာရှိလဲ၊ ဘာမှမရှိဘူး။ အလုပ်တခုက နည်းမှန်၊ လမ်းမှန်၊ စနစ်မှန်နဲ့ လုပ်မှသာလျှင် အကျိုးဖြစ်ထွန်းမှုဆိုတာ ရှိနိုင်တာပေါ့။ ဒီဟာတွေမရှိဘဲနဲ့ နှစ်ယောက်ချင်းကိစ္စ၊ သုံးယောက်ချင်းကိစ္စ လုပ်လို့ ဘယ်ရမလဲ။

“အမှန်အတိုင်းပြောရရင် ဒီလူ့အခွင့်အရေးကိစ္စကို ဖြေရှင်းတဲ့နေရာမှာ ကုလသမဂ္ဂကမစ္စတာကင်တားနား အရေးကြီးသလိုပဲ ဒီလူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျူးလွန်နေတဲ့ နအဖအစိုးရလည်း အရေးကြီး တယ်ဗျာ။ နောက်တခါ ဒီလူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရပ်တန်းကရပ်ပါ၊ တော်ပါတော့၊ ပြုပြင်ပါတော့၊ ပိတ်ပင် ပါတော့၊ရပ်စဲပါတော့လို့ တောင်းဆိုနေတဲ့ အန်န်အယ်လ်ဒီလို နိုင်ငံရေး အင်အားစုကလည်း အရေးကြီးပါတယ်။ အဲလို သုံးဦးသုံးဖလှယ် အရေးကြီးနေတဲ့နေရာမှာ ကျနော် တယောက်တည်း ၀င်ပြီး ပြောလို့တော့ ဘာမှမထူးနိုင်ဘူးလို့ ကျနော်ယူဆတယ်။အဲဒါကြောင့် ကျနော်က ငြင်းလိုက်တာ။

“ကျနော်ပြောချင်တာက မြန်မာပြည်ဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အလွန်ကြီးမား၊ ပြင်းထန်၊ ဆိုးသွမ်း၊ ရက်စက်ကြမ်းကြုတ်နေတဲ့အတွက် ဘာနဲ့တူသလဲဆိုရင်ငရဲခန်းကြီးလိုပဲ ဖြစ်နေတယ်။ အဲဒါကြောင့် ခင်ဗျား တို့တွေ နောင်ကို လာတဲ့အခါမှာဟိန္ဒူကုလားမီးနင်းပွဲလာသလို လာပြီးတော့ မီးပေါ် လမ်းလျှောက်ကြည့် သလို လျှောက်တာမျိုး မလုပ်ပါနဲ့။ ခင်ဗျားတို့ ဆီပူလောင်တာပဲ အဖတ်တင်မှာပဲ။ ဘာမှမထူးဘူး။ လာမယ့် လာရင် မီးသတ်သမားပုံစံနဲ့ လာကြပါ။ မီးသတ်သမားတွေလို လာကြပါ။မြန်မာပြည်မှာ လူ့အခွင့်အရေးချိုးဖောက်မှု လောင်မီးကြီးကျနေတာကို ၀ိုင်းဝန်းငြှိမ်းသတ်ကြပါလို့ ကျနော်ပြောချင်ပါတယ်၊ မေတ္တာရပ်ခံချင်ပါတယ်၊ တောင်းပန် ချင်ပါတယ်၊ ပန်ကြားချင်ပါတယ်။"


ကွန်ပျူတာ လုံခြုံရေး

အောင်သာငယ်

ဖေဖော်ဝါရီ ၁၈၊ ၂၀၀၉

ကျနော် ရေးခဲ့တဲ့ နောက်ဆုံး ပို့စ် ၂ ခုကို ဖတ်ပြီးတော့ သယ်ရင်းတွေလည်း အတော် စိတ်ညစ် သွားကြပုံ ရပါတယ်။ စိတ်ညစ်အောင် လုပ်တာတော့ မဟုတ်ပါဘူးလေ ... သိသင့် သိထိုက် တာလေးတွေ ပြောပြတာပါ။

ဒီတခါတော့ ကိုယ့်ကွန်ပြူတာ လုံခြုံရေးအတွက် အသုံးဝင်တာလေး တချို့ကို ပြောပြ ပါ့မယ်။ အွန်လိုင်း အတွက် ကတော့ FireFox ကိုပဲ အသုံးများနေတာမို့ FireFox မှာ Security အတွက် အသုံးဝင်တဲ့ Add-ons ၂ ခု အကြောင်း ပြောပြချင်ပါတယ်။

အျပည့္အစုံသိုႛ ...

မြန်မာ့လူ့အခွင့်အရေး မတိုးတက်သေးလို့ ကွင်တားနား ပြော click
- မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရဆဲ click
- သမ္မတ အိုဘားမားရဲ့ ကနေဒါခရီးစဉ် ပြီးဆုံး click
- ရိုဟင်ဂျာအရေး အင်ဒိုနီးရှားနှင့် သြစတြေးလျ ဆွေးနွေး click
- ဂမ်ဘာရီနဲ့ ဂျပန်အစိုးရ ပူးတွဲကြေညာချက်ကို အန်အယ်လ်ဒီ စိုးရိမ် click
- ဂမ်ဘာရီခရီးစဉ်အပေါ် အန်အယ်လ်ဒီက အထူးကြေညာချက်နှစ်စောင်ထုတ် click
- တရုတ်နှင့် မြန်မာစစ်အစိုးရကို ရခိုင်အမျိုးသားကောင်စီ ကန့်ကွက် click
- အရှင်ဂမ္ဘီရ၏ ကိုယ်စားလှယ်က လူ့အခွင့်အရေးကိုယ်စားလှယ်ကို ပြောစရာများရှိ click
- သံတွဲထောင်မှာ အကျဉ်းသားများအတွက် ဆရာဝန်၊ ဆေးရုံမရှိ click
- အမေရိကန်နှင့် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးတို့ မြန်မာ့အရေးဆွေးနွေး click
- လက်ရှိအကျပ်အတည်းက ထွက်နိုင်ဖို့ တွေ့ဆုံဆွေးနွေးရေးသုံးမျိုး လိုအပ် click
- မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့မှု ရှိသင့်မသင့် (တနင်္ဂနွေဆွေးနွေးပွဲ) click
- ဆန်ဖရန်အဆန် (ကဗျာ) click
- ပြည်တွင်းက ဖတ်မိသမျှ ဂျာနယ် အပိုင်းအစ click
- ဂျီမေးလ်မှာ ဖိုလ်ဒါတွေခွဲရအောင် click
- ကွင်တားနား ဇာဂနာနှင့် မတွေ့ခဲ့ဟု ကုလပြော click
- လက်နက်ချ ရှမ်းအဖွဲ့ဝင်ဟောင်းများကို လိုက်လံရှာဖွေ click
- နအဖနှင့် ဝ ဆက်ဆံရေး ပုံမှန်ပါ (ဝ ပြောရေးဆိုခွင့်ရှိသူနှင့် အင်တာဗျူး) click
- အမေရိကန်ပေါ်လစီသစ်နှင့် မြန်မာနိုင်ငံ (သုံးသပ်ချက်) click
- မြန်မာငွေတန်ဖိုးတက် ကုန်သွယ်ရေးထိခိုက် click
- ကျိုက်ထီးရိုးအထမ်းသမားများ တွက်ခြေမကိုက် click
- ဆက်လုပ်သင့်တဲ့ Credentials Challenge လှုပ်ရှားမှု (ဆောင်းပါး) click
- မလေးရှားရောက် မြန်မာဒုက္ခသည်မိသားစုဝင်သုံးဦး အသတ်ခံရ၊ ယောင်္ကျားအပါအ၀င် မြန်မာသုံးဦးအား ရဲမှ ထိန်းသိမ်းထား click
- မလေးရှားတွင် မြန်မာအလုပ်လက်မဲ့ ပိုများ၊ အလုပ်သမားနှင့် အေးဂျင့်မပြေလည် click
- မြန်မာစစ်တပ်နှင့် ဝတပ်ဖွဲ့ တိုက်ပွဲဖြစ်ဟု သျှမ်းသံတော်ဆင့်က ပြောဆို click
- မပြီးဆုံးသေးသည့် တိုက်ပွဲ (ဆောင်းပါး) click
- နယ်စပ်မှာ ထောက်လှမ်းရေးတွေ ပိုများလာသလား click
- လုံခြုံရေးကောင်စီတွင် မြန်မာ့အရေးပြောမည် click
- မိုးကုတ်ကျောက်မျက်ဈေးကွက်ပျက် click
- မြန်မာပြည်တွင် ကြက်ငှက်တုပ်ကွေးမရှိ၊ လည်လိမ်ရောဂါသာရှိ ဟု FAO ပြော click
- တပ်မ ၇၇ ရန်ကုန်မှ ပြန်ခွာ click
- အသက်ရှုကြပ်သေဆုံးသူ မြန်မာများအတွက် ထိုင်းကုမ္ပဏီက လျော်ကြေးပေး click
- ကွင်တားနားနှင့် ဇာဂနာတွေ့ click
- အမျိုးသားပြန်လည်သင့်မြတ်ရေးသူရဲကောင်းဆု တိုင်းရင်းသားခေါင်းဆောင်များကို ပေးအပ် click
- ထိုင်းနိုင်ငံတောင်ပိုင်းတွင် ရွှေ့ပြောင်းအလုပ်သမားများအတွက် အစည်းအဝေးကျင်းပ click
- မြန်မာပြည်၏ အသွင်ကူးပြောင်းရေးကာလကို လေ့လာသော် (၆) - နိုင်ငံရေးအာဏာနှင့် ရွေးကောက်ပွဲ၊ ပြည်သူတို့၏ အခန်းကဏ္ဍ (ဆောင်းပါး) click
- ဆုကြေးငွေအများဆုံးပေးမယ့် လက်ဝှေ့ပွဲ ရန်ကုန်တွင် ကျင်းပမည် click
- ဓာတ်မြေသြဇာမကောင်း၍ လယ်သမားများ အခက်တွေ့ click
- မစ္စတာကင်တားနား နေပြည်တော်သို့ သွားရောက် click
- နာဂစ်အလောင်းသင်္ဂြိုဟ်သူတွေကို ရှေ့နေမပါဘဲ အမှုစစ် click
- ဗိုလ်ချုပ်ကြီးများသို့ အိတ်ဖွင့်ပေးစာ click
- မြန်မာ့အရေး အင်ဒိုနီးရှားနှင့် အမေရိကန်ပူးပေါင်း ဆောင်ရွက်မည် click
- မြန်မာ့အရေး လုံခြုံရေးကောင်စီဆွေးနွေးမည် click
- အိမ်ကြွေးဆုံးကယ်တင်ရေး သမ္မတအိုဘားမားရဲ့ အစီအစဉ် click
- မြန်မာ့အရေး အင်ဒိုနီးရှားအကြံဉာဏ် အမေရိကန် ရယူမည် click
- ချင်းပြည်နယ်မှာ အဓမ္မလုပ်အားပေးခိုင်းစေ click
- မော်လမြိုင်တွင် မီးသတ်ကားဝယ်ရန် ပိုက်ဆံစတင်ကောက်ခံ click
- အသက်ရှူကျပ်သေဆုံးသူများအတွက် ထိုင်းက နစ်နာကြေးပေး click
- စိုက်ဆင်းလေပြင်းသတင်းမှားကြောင်း ဦးထွန်းလွင် ငြင်းဆို click
ကာတွန်း မောင်ရစ် - မိုးမခ၀က်ဘ်ဆိုက်