7.30.2010

Burma's News World's News

Syria and Saudi leaders in Beirut

King Abdullah of Saudi Arabia and Syrian President Bashar al-Assad - 29 July 2010

Syria's president is in Lebanon after years of tension between the two countries, on a visit with the Saudi king to try to avert a looming political crisis.
US economy's growth slows
Growth in the world's largest economy slowed to an annualised 2.4% in the second quarter of 2010, amid fears about the strength of its recovery.
French mother 'relieved by truth'
A French mother who admitted killing eight of her newborn babies is relieved that her secret is finally out in the open, her lawyer says.

'Diplomacy by Stealth' Needed in West's Approach to Burma

By ADAM SELENE
The US and the European Union would be well advised to adopt a policy of deal-making and “diplomacy by stealth” in their approach to Burma.

NEWS ANALYSIS

Superstitious Than Shwe's Quest for Atonement at India's Shrines

By BA KAUNG
One purpose of Burma junta leader Snr-Gen Than Shwe's visit to India appears to be an attempt to seek atonement at the country's holiest Buddhist

Burma's Generals Meet North Korea's FM

By WAI MOE
Top Burmese generals are reportedly scheduled to meet North Korea's Foreign Minister in Naypyidaw during his four-day visit
INTERVIEW

Getting the Facts Straight about 'The Dear Leader'

By THE IRRAWADDY
Hein Latt, the author of a recent Burmese biography of North Korean leader Kim Jong Il, speaks to The Irrawaddy about the troubles surrounding publication of his book.

USDP Constitution Maintains Junta's Policies

By HTET AUNG
The formation of the Union Solidarity and Development Party is “due to the call of history,” according to its constitution.

USDP Assigns Constituencies to Ministers

By KHIN OO THA
Though the election law forbids government officials from taking part in the poll, regime ministers are starting to organize their campaigns

North Korea joins the junta's censors.

Child presumed dead after flood hits ward of northwestern Kalaymyo
Floods in the northwestern Burmese division of Sagaing resulting from torrential ...
Burma Campaign urges Cameron to press India on Burmese issues
Burma Campaign UK has called on British Prime Minister David Cameron and Foreign ...
USDP to extend its campaign to urban areas of Mon State
The junta-backed Union Solidarity and Development Party is soon to start electoral ...
Suu Kyi, NLD leaders confident of her release in November
Burmese opposition leader Aung San Suu Kyi and her National League for Demo ...
MDC chief looks ahead to ask when military will quit parliament
Party leader, poet and author, Wei Mhu Thwin, says the problem with the upcoming ...
Grim warning sounded on climate change thumbnail

Grim warning sounded on climate change

Plankton down by 40% in past 50 years as scientists sound warning bell about rising sea temperatures, with implications for Burma likely severe Burma parties wary of US sanctions thumbnail

 Burma parties wary of US sanctions

Candidates complain that US sanctions will do little to affect repressive laws that govern how parties approach Burmese elections this year China seals biggest Burma mining deal thumbnail

China seals biggest Burma mining deal

World's largest steel manufacturer one of two Chinese companies set to sink $800 million into lucrative nickel mine in northern Burma

ဂန္ဒီကြီးတောင် ငိုမယ့်သူ

ချိုကုပ်ဒူးကြီး၊ ဇနီးသည် ဒေါ်ကွိုင်ကွိုင်နှင့် နောက်ပါ ၇၀ ကျော်တို့ အိန္ဒိယပြည်သို့ ရောက်နေကြသည်။ ချိုကုပ်ဒူးကြီး၏ သတင်းမှာ  လတ်တလော လူကြိုက်အများဆုံး ဖြစ်နေပြီး ကောလာဟလ အမျိုးမျိုးလည်း ထွက်ပေါ်လျက်ရှိရာ ထိုသတင်းများ မှန်၊ မမှန်ကို ကျွန်ုပ်တို့၏ သတင်းထောက်ကျော် ဖိုးရှုပ်က သိချင်နေသည်။ အိန္ဒိယသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရသည်ကို အားမရ သောကြောင့် ကိုယ်တိုင် သွားချင်သော်လည်း လမ်းစရိတ် မတတ်နိုင်သဖြင့် ဖရီးရိုက် ကုန်းဆင်းလိုက်မည်ဟု ဆုံးဖြတ်ကာ ဦးရုက္ခစိုးကြီးကို အပူကပ်ရလေတော့သည်။
cmnat-than-shweဖိုးရှုပ်။     ။ သွားပေးပါ ဦးရုက္ခစိုးရယ်။ သတင်းက အကြီးကြီးမို့လို့ပါ။
ရုက္ခစိုး။     ။ ကိုယ့်ဘာသာ သွားပါလားကွ ...။ မင်းက သတင်းထောက်ပဲ။
ဖိုးရှုပ်။     ။ သွားချင်ပါတယ်ဗျာ … ဒါပေမယ့် ရုံးက ထုတ်ပေးလိုက်တဲ့ လမ်းစရိတ်တွေကို ကြွက်စုတ်နဲ့အတူ အရက်သောက် လိုက်တာ ကုန်သွား … အဲ ယောင်လို့ … ကလေးနေမကောင်းတာနဲ့ သုံးလိုက်တာ ကုန်သွားလို့ပါ။ သွားပေးပါနော်။ ဦးရုက္ခစိုးက ဗီဇာဖရီး၊ လမ်းစရိတ်လည်း မကုန်ဘဲ သွားချင်ရာ သွားနိုင်တာပဲဟာ။
ရုက္ခစိုး။     ။ မသွားချင်ဘူးကွာ … ငါက ချင်းမိုင်မှာ ကန်မယ့် ရန်ကုန် ယူနိုက်တက်နဲ့ ချင်းမိုင်အက်ဖ်စီ ပွဲ နွှဲချင်သေးတယ်။
ဖိုးရှုပ်။     ။ ဟား … ဦးရုက္ခစိုး ဒိတ်အောက်သွားပြီ။ အဲဒီပွဲက ပြီးသွားပြီ လေ။ ချင်းမိုင်က အမျိုးသမီးအဖွဲ့တောင် ဆန္ဒပြမယ် ဆိုပြီး လက်သီး လက်မောင်းတွေ တန်းပြီး ချီတက်သွားကြပါရောလား။
ရုက္ခစိုး။     ။ ဟာ … ဟုတ်လား။ ဆန္ဒပြလိုက်တော့ ပွဲပျက်ကရောလား။
ဖိုးရှုပ်။     ။ ဆန္ဒတော့ မပြလိုက်ကြပါဘူး ဦးရုက္ခစိုးရယ်၊ သူတို့လည်း သူတို့ ဆန္ဒရှိတဲ့အတိုင်း ဘောလုံး သမားတွေနဲ့ ဓာတ်ပုံတွေ တွဲရိုက်ပြီး ဝက်ဝက်ကွဲ ပျော်လိုက်ကြတာနဲ့ မေ့သွားတယ် ထင်ပါတယ်။ ကဲပါဗျာ … တောင်းပန်ပါတယ်။ ချိုကုပ်ဒူးကြီး ရှိတုန်းလေး သွားပေးပါ … နော်။
ရုက္ခစိုး။     ။ ခက်တယ်၊ ခက်တယ်။ အပေါင်းအသင်း မှားရင် နတ်တောင် မခံနိုင်ပါလား။ ကဲ … ကဲ။ သွားပေးမယ် ဟုတ်လား။
ဖိုးရှုပ်။     ။ ဟား … ဝမ်းသာလိုက်တာ ဦးရုက္ခစိုးရယ်။ ဦးရုက္ခစိုးကို ယုံကြည်တယ်၊ လေးစားတယ်၊ ချစ်ခင်တယ်နော်။ သေသေချာချာလေး တွေ့ခဲ့ပါ နော် … နော် ...။
ဦးရုက္ခစိုးမှာ ဖိုးရှုပ်၏ ပတ်ချွဲနပ်ချွဲသံများကို လျစ်လျူရှု၍ လက်ညှိုးတချောင်းထောင်ရင်း သွားလိုရာနေရာကို အာရုံပြုလိုက်ရာ … ဝုန်းခနဲအသံမမြည်ဘဲ ဗြုန်းခနဲ ဖိုးရှုပ်နားမှ ပျောက်ကွယ်သွား လေတော့သည်။
မဆလာနံ့နှင့် နွားချေးနံ့ကလေး သင်းနေသည့် ကြားထဲတွင် ပုပ်အဲ့အဲ့ အနံ့တခုကို ရလိုက်သဖြင့် ဦးရုက္ခစိုး မျက်စိမှိတ်ထားရာမှ ဖွင့်ကြည့်လိုက်သည်။
“ဟာ … ဦးရုက္ခစိုး” ဆိုသော ဝမ်းသာအားရ အသံတသံနှင့်အတူ ချိုကုပ်ဒူးကြီးတို့ လင်မယားကို ဦးရုက္ခစိုး တွေ့လိုက်ရလေသည်။
ရုက္ခစိုး။     ။ ချိုကုပ်ဒူးကြီးပါလား ...။ ဘယ်လိုလဲ ချွေးသီးချွေးပေါက်တွေလည်း ကျလို့ … နေမကောင်း ဘူးလား။
ချိုကုပ်။     ။ နေကောင်းပါတယ် … ။ ဒီ ကတုံးကြီး ပြောနေတာတွေ နားမလည်လို့။ လုပ်ပါဦး … ဦးရုက္ခစိုး ဘာသာ ပြန်ပေးပါဦးဗျာ။
ချိုကုပ်ဒူးကြီးက ကတုံးကြီးဟု ခေါ်သူကိုကြည့်လိုက်ရာ အိန္ဒိယနိုင်ငံ၏ ငြိမ်းချမ်းရေး ဖခင်ကြီးဖြစ်သူ ဂန္ဒီကို တွေ့လိုက်ရ လေသည်။
ရုက္ခစိုး။     ။ ဟာ … ဘယ်က ကတုံးကြီးကမှာလဲ။ အဲဒါ ဂန္ဒီလေဗျာ။
ချိုကုပ်။     ။ ဟုတ်လား။ မသိပါဘူးဗျာ၊ ကျုပ်က နွားနို့လာရောင်းနေတာ မှတ်လို့ ...။ လုပ်ပါဦး … သူ ဘာတွေ ပြောနေတာလဲ။
ဤနေရာတွင် စာမျက်နှာ အခက်အခဲကြောင့် ဦးရုက္ခစိုးက တဆင့်ဘာသာပြန်ပြနေသည်ကို မဖော်ပြ တော့ဘဲ ဂန္ဒီကြီး ပြောနေသော အင်္ဂလိပ် စကားများအား တိုက်ရိုက် မြန်မာလို ရေးသားပါမည်။
ရုက္ခစိုး။     ။ ဂန္ဒီက သေသွားတာပဲ ကြာလှပြီ … ဘာလို့ ဒီနေရာကို ရောက်နေရတာလဲဗျ။
ဂန္ဒီ။     ။ ဒါက ကျုပ်အထိမ်းအမှတ် သင်္ချိုင်း နေရာလေ။ ခါတိုင်းတော့ ကျုပ် ထွက်လာလေ့မရှိပါဘူး။ ဒီနေ့တော့ ဘာဖြစ်တယ် မသိဘူး ပူလွန်းတာနဲ့ ထွက်ကြည့်တာ … ဟောဒီက ချိုကုပ်ဒူးကြီး ဖြစ်နေတာကိုး။
ချိုကုပ်။     ။ အမယ် … ရာရာစစ၊ ကျုပ်ရောက်လာလို့များ ပူသလေးဘာလေးနဲ့ … သူ့ဘာသာသူ အဲကွန်း မသုံးဘဲနဲ့များ။
ရုက္ခစိုး။     ။ ဂန္ဒီကြီးက ပြောစရာ ရှိပုံရတယ် ချိုကုပ်ဒူးကြီး။
ဂန္ဒီ။     ။ ဟုတ်တယ်။ ကျုပ် ငြိမ်းချမ်းရေး တရား ဟောစရာရှိတယ်။ ဒီက ချိုကုပ်ဒူးကြီးကို ဟောချင်တယ်။ နားထောင်နော် ... လောကကြီးမှာ လူလူချင်း ညှာတာထောက်ထားမှု ရှိရမယ်၊ ငြိမ်းချမ်းရေးကို ဦးထိပ် ပန်ဆင်ကြရမယ်။
ချိုကုပ်။     ။ ဒါတွေက ကျုပ်သိပြီးသားပါ။ လူလူချင်း ညှာတာထောက်ထားမှု ရှိသလားမမေးနဲ့ … ကျုပ်က ကျုပ်မိန်းမနဲ့ သားသမီးတွေ၊ မြေးတွေကို ဘယ်လောက် ညှာတာ ထောက်ထားမှုရှိလဲဆိုရင် … ကျုပ်ထက် ညှာတာ ထောက်ထားတဲ့ သူတောင် ကျုပ်လောက် ညှာတာ ထောက်ထားမှာ မဟုတ်ဘူး။ ငြိမ်းချမ်းရေးကိုလည်း ဦးထိပ် ပန်ဆင်ပါတယ်ဗျာ။ ပြောလိုက်စမ်းပါ ဦးရုက္ခစိုးရယ် ...၊ ကျုပ်ရဲ့ လက်နက်နဲ့ ငြိမ်းချမ်းရေး လဲထားတဲ့ အစီအစဉ်တွေကို ...။
ရုက္ခစိုး။     ။ ဟုတ်ပါတယ်လေ။ ဒါပေမယ့် နယ်ခြားစောင့်တပ် ဖွဲ့ဖို့ လက်မခံတဲ့ ငြိမ်းချမ်းရေးအဖွဲ့တွေကို ဘာလုပ်ဖို့ စဉ်းစား ထားလဲ။
ချိုကုပ်။     ။ ငြိမ်းငြိမ်းချမ်းချမ်းပဲ ရှင်းပစ်မှာပေါ့ဗျ။ ကျုပ်ဘက်က သေနတ်တချက် မဖောက်ဘူး စိတ်ချ။ သူတို့အချင်းချင်း စိတ်ဝမ်းကွဲပြီး ပစ်ကြ ခတ်ကြရင်တော့ မသိဘူးနော်။ ကျုပ်နဲ့ မဆိုင်ဘူး။
ဂန္ဒီ။     ။ အင်း … ဘယ်လိုမှ ဆုံးမလို့ရမယ့်ပုံ မပေါ်ဘူး။
ချိုကုပ်။     ။ ဟာ … ဘယ်ရမလဲ … ကျုပ်ကပဲ ဆုံးမမှာ။ ဒီမှာ ဦးဂန္ဒီ၊ နောက်တခါ ကျုပ်လာရင် အဲဒီ ကတုံးကို မမြင်ချင်ဘူး။ ပြောင်ချော်ချော်ကြီးနဲ့ ကြည့်လို့ကို မရဘူး။ ရိုရိုသေသေ ဆံပင်လေး ဘာလေးနဲ့ ကြိုဆိုဗျာ နော်။
ဂန္ဒီ။     ။ ဒါက ကျုပ်ရဲ့ ...။
ချိုကုပ်။     ။ နေဦး ရှိသေးတယ်။ ခင်ဗျား အဝတ်အစားတွေကလည်း အရမ်းအောက်တာပဲ၊ နောက်မှ ခင်ဗျားတို့ ဝန်ကြီးချုပ်ကို ခင်ဗျားအတွက် ဝတ်စုံတစုံလောက် ဆင်ပေးဖို့ ပြောပေးဦးမှပါပဲ။
ဂန္ဒီ။     ။ မှားပါတယ်၊ မှားပါတယ်။ ထွက်လာမိတာကိုက ကျုပ်အမှားပါ။ ကျုပ်ဘာသာကျုပ် အထဲ ပြန်ဝင်တော့မယ်။ ဒါပေမယ့် မသွားခင် ကျုပ်မြေးအတွက်ပေးခဲ့တဲ့ အပြစ်တရား ၇ ချက်ပါတဲ့ စာလွှာကို လက်ဆောင်ပေးလိုက်ပါရစေ။
ဂန္ဒီကြီးက စာလွှာကို ဒေါ်ကွိုင်ကွိုင်အား ပေးကာ နေရာမှ ပျောက်ကွယ်သွားတော့သည်။ ဘေးတွင် ရပ်နေသော ဒေါ်ကွိုင်ကွိုင်က “အဲဒီစာလွှာက ဘာလုပ်ဖို့လဲ မောင်တော်” ဟု လှမ်းမေးသည်။
ချိုကုပ်။     ။ ယူသာ ယူထားလိုက်ပါကွာ … အဲဒါတွေက တို့နဲ့ မဆိုင်ပေမယ့် တခြားသူကို ဆုံးမသြဝါဒ ခြွေတဲ့ အခါကျရင် အသုံးတည့်တာပေါ့။
ရုက္ခစိုး။     ။ ဒါနဲ့ ချိုကုပ်ဒူးကြီးက ရန်ကုန်က အာဇာနည်ကုန်းတောင် တခါမှမသွားဘဲ … ဂန္ဒီကြီးရဲ့ သင်္ချိုင်း ကျတော့ ဘာသွားလုပ်တာလဲ။
ချိုကုပ်။     ။ အာဇာနည်ကုန်းလား … ထားလိုက်စမ်းပါဗျာ ...။ ဒီနေရာကတော့ နာမည်ကြီးတဲ့ နေရာဆိုလို့ သွားကြည့်တာ၊ အခုလို ကတုံးကြီးနဲ့ တွေ့မယ်မှန်းသိရင် မလာပါဘူး။ သိပြီးသားတွေများ လာပြောနေ သေးတယ်။ ကျုပ်က သူများကိုပဲ သြဝါဒခြွေချင် တာဗျ … သူများ ဆုံးမတာ ခံချင်တာ မဟုတ်ဘူး။
ရုက္ခစိုး။     ။ မြန်မာပြည်က သံဃာတွေကျ သတ်တာတွေ၊ ရိုက်တာတွေလုပ်ပြီး အိန္ဒိယရောက်နေတဲ့ မြန်မာပြည်က သံဃာတွေ ကျတော့ ဝတ္ထု ကပ်တယ်ဆိုတော့ တမျိုးကြီးပဲနော်။
ကွိုင်ကွိုင်။     ။ ဦးရုက္ခစိုးကြီးကလည်း စပ်စုလိုက်တာ လွန်ရော ...။ ယတြာချေတာရှင့် ယတြာချေတာ သိပြီလား။
ရုက္ခစိုး။     ။ ဗျာ … ယတြာ ဟုတ်လား။ မြန်မာပြည်မှာ ယတြာချေရတာ အားမရလို့လား။
ချိုကုပ်။     ။ တနိုင်ငံလုံးက သံဃာတွေက ကျုပ်ကို ကံဆောင်ထားတော့ သံဃာ ၂၇ ပါး ပြည့်အောင် လှူလို့ မရဘူးလေ။ ဗေဒင်ကလည်း ၉ နဝင်းကြေအောင် ၂၇ ပါး အပြည့်လှူရမယ်တဲ့။ အဲဒါကြောင့် အိန္ဒိယအထိ လာလှူရတာ။
ရုက္ခစိုး။     ။ ချိုကုပ်ဒူးကြီးနောက်မှာ နောက်လိုက် နောက်ပါတွေကလည်း များလိုက်တာဗျာ … ဘယ်လိုဖြစ်တာလဲ။
ချိုကုပ်။     ။ များဆို … ဖင်တွန့်တုန်းကလို ကျုပ်အပြင်ထွက်တုန်း အာဏာသိမ်းကြမှာ စိုးလို့ အကုန်ခေါ်လာတာ။ အခုတော့ အေးအေးဆေးဆေးပဲ၊ မောင်ကွေးတော့ ချန်ခဲ့တယ်။ သူကတော့ စိတ်ချရတယ်လေ။ အရက်တလုံး ထောင်ပေးခဲ့ရင် ကျေနပ် နေတဲ့ကောင်။ သေချာ အိမ်စောင့် ထားလိမ့်မယ်။
ရုက္ခစိုး။     ။ အခု ခရီးစဉ်မှာ ချိုကုပ်ဒူးကြီးရဲ့ အဓိက လုပ်ငန်းစဉ်က ဘာလဲဗျ။
ချိုကုပ်။     ။ ကဲ … ကွိုင်ကွိုင်ပဲ ဖြေလိုက်ပါတော့၊ မောင်တော်ကမှ မသိဘဲ … အဲ ဟုတ်ပေါင် … မောင်တော် မောတော်မူလို့။
ကွိုင်ကွိုင်။     ။ အဓိကကတော့ ယတြာချေဖို့ပဲလေ ဦးရုက္ခစိုးရဲ့၊ ယတြာခြေရင်း တခြား စီးပွားရေး ပူးပေါင်းဆောင်ရွက်ဖို့တို့ ဘာတို့ လုပ်ချင်ယောင်၊ ပြောချင်ယောင် ဆောင်ကြမှာပေါ့။ အိန္ဒိယက ပညာရှင်တွေနဲ့လည်း ပုဂံက အာနန္ဒာစေတီကြီးကို ဖျက် … အဲ ပြုပြင်ဖို့ ပြောပြီးပြီ။ အဲဒါကြီးပြင်ပြီးရင် အကုန်အောင်ပြီ ဦးရုက္ခစိုးရဲ့။
ချိုကုပ်။     ။ ဒလက ဓနုတ်စေတီကြီးလို ဖြစ်ရင် ဘယ်လိုလုပ်မလဲ။
ကွိုင်ကွိုင်။     ။ ဟယ် … ဦးရုက္ခစိုးပါးစပ်ကို ရွှေချထားဖို့ ကောင်းနေပြီ မောင်တော်ရေ ...။ အဲဒီလို ဖြစ်အောင်လုပ်ရမှာ … မောင်တော်ရဲ့ သမိုင်းတွင်ကျန်ရစ်မယ့် အမည်းစက်တွေအားလုံး ကင်းစင်ဖို့ သမိုင်းဝင်ပစ္စည်းတွေ အဆောက်အအုံတွေ စေတီတွေအားလုံးကို ပြင်ချင်ယောင်ဆောင်ပြီး ဖျက်ရမယ်လေ ...။ ဖျက်နိုင်ရင် အောင်ပြီ ...။
ဒေါ်ကွိုင်ကွိုင့် စကားအဆုံးတွင် သူတို့ရပ်နေသော မြေကြီးမျက်နှာပြင် သိမ့်ခနဲ လှုပ်သွားသောကြောင့် ဦးရုက္ခစိုးမှာ ကိုယ်ဖျောက်ရန် မေ့သွားပြီး ဖနောင့်နှင့်တင်ပါး တသားတည်း နေအောင် ပြေးတော့သည်။ သို့ရာတွင် ထိုသို့ မြေကြီး လှုပ်ရှားသည်ကို ချိုကုပ်ဒူးကြီးနှင့် ဒေါ်ကွိုင်ကွိုင်တို့အဖွဲ့မှာ ကောင်းချီးသြဘာ ပေးသည်ဟု ထင်မှတ်၍ လက်ခုပ် လက်ဝါးတီးရင်း အိန္ဒိယ အကများဖြင့် ကခုန်၍ ကျန်ခဲ့လေတော့၏။
“ထွေရာလေးပါး” သည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းမှန်များအပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။

မြန်မာ့သတင်း ကမ္ဘာ့သတင်း

အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ မစ္စတာ ပီ.ဂျေ ခရော်လီ။
ဓာတ်ပုံ US State Department
အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ မစ္စတာ ပီ.ဂျေ ခရော်လီ။

မြောက်ကိုရီးယား၊ မြန်မာ ဆက်ဆံရေး အမေရိကန် စိုးရိမ်ကြောင်း ထပ်လောင်းပြောဆို

ပွင့်လင်းထင်သာမှု မရှိတဲ့ မြန်မာ၊ မြောက်ကိုရီးယား ဆက်ဆံရေးကြောင့် အမေရိကန် ပြည်ထောင်စုက စိုးရိမ်မကင်း ဖြစ်ရတယ်လို့ ပြောဆိုလိုက်ပါတယ်။
သတင်းအပြည့်အစုံ | နားဆင်ရန်

ထိပ်တန်းသတင်းများ


ကာကွယ်ရေးဌာန ကုန်ကျစရိတ် တနှစ် ၆ ထရီလီယံ ကျပ်ခန့်သုံး

ကာကွယ်ရေးဌာန ကုန်ကျစရိတ် တနှစ် ၆ ထရီလီယံ ကျပ်ခန့်သုံး

စစ်အစိုးရသည် ကာကွယ်ရေး ၀န်ကြီး ဌာနအတွက် တနှစ်လျှင် ၆ ထရီလီယံ ကျပ် ခန့် အသုံးပြုနေကြောင်း သိရှိရသည်။ နိုင်ငံတွင်း ကောက်ခံရရှိသော ကုန်သွယ်လုပ်ငန်းခွန်၊ အကောက်ခွန်၊ အမြတ်ခွန်၊ ယစ်မျိုးခွန်
ဝန်ကြီးများ USDP အတွက် စည်းရုံး

ဝန်ကြီးများ USDP အတွက် စည်းရုံး

“မဲပေးမယ်ဆို ‘ဆန်စိ’ ကို ပေးဖို့ မမေ့နဲ့ ”ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) ခေါင်းဆောင် ၀န်ကြီးချုပ် ဗိုလ်ချူပ် ကြီးဟောင်း ဦးသိန်းစိန်က ရှမ်းပြည်နယ်သို့ သွားရောက်စဉ် ပြောကြား

မန္တလေး ကုန်သည်များ စီမံကိန်း နေရာသစ်သို့ မရွှေ့လို

မန္တလေးမြို့တွင် ၃ လနှင့် အပြီး တည်ဆောက်မည့် မန္တလေး ကုန်သွယ်ရေး ဗဟိုစီမံကိန်း (MMC) တည်ရှိရာသို့ အာဏာပိုင်များက ပြောင်းရွှေ့ ခိုင်းမည်ကို ဒေသခံ ပွဲရုံ လုပ်ငန်းရှင်များ စိုးရိမ်လျက်

ဝန်ကြီးများ ရွေးကောက်ခံ နယ်မြေ သတ်မှတ်ပြီးစီး

စစ်အစိုးရ အဖွဲ့တွင် လက်ရှိ တာဝန် ထမ်းဆောင် နေဆဲ ဗိုလ်ချုပ်ဟောင်း ၀န်ကြီးများသည် ရန်ကုန်တိုင်း အပါအ၀င် နယ်မြို့ တချို့တွင် လာမည့် ရွေးကောက်ပွဲ အတွက် USDP ပါတီ မှ ၀င်ရောက် ယှဉ်ပြိုင်

USDP ဖွဲ့စည်းပုံ စည်းမျဉ်း စစ်အစိုးရ မူဝါဒသာ ဖြစ်

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကို ဖွဲ့စည်း ထူထောင်ခဲ့ ခြင်းသည် “သမိုင်းရေး ပကတိ လိုအပ်ချက် အရ” ဖြစ်သည်ဟု ၂၀၁၀ ခုနှစ် မေလတွင် ပါတီတွင်း ထုတ်ဝေခဲ့သည့်

ငါးသိန်းတန် လက်ကိုင်ဖုန်းများ အလုံးရေ သိန်းနှင့်ချီ ရောင်းပေး

ရန်ကုန်နှင့် မန္တလေး အပါအ၀င် မြို့ကြီးများတွင် ငါးသိန်းတန် CDMA 800 MHZ မိုဘိုင်းဖုန်း အလုံးရေ သိန်းနှင့်ချီ၍ ထပ်မံ ချထားပေးမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သတင်းရ

ဖမ်းဆီးခံ မြန်မာ အလုပ်သမားများ နယ်စပ်ပိတ်၍ ပြန်လွတ်

ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် သိုးမွေး စက်ရုံများမှ မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၁၅၀ ခန့်ကို ထိုင်းရဲများက ယမန်နေ့ ညနေတွင် ဝင်ရောက် ဖမ်းဆီးခဲ့သည်။ သို့သော် နယ်စပ်တံတား ပိတ်ထား၍ မြန်မာဘက် အခြမ်းသို့

မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး မြန်မာပြည် လည်ပတ်

မြောက်ကိုရီးယား နိုင်ငံခြားရေး ၀န်ကြီး Pak Ui Chun သည် ၂၅ နှစ်တာ အတွင်း ပထမဆုံး အကြိမ် အဆင့်မြင့် အရာရှိအဖြစ် မြန်မာနိုင်ငံသို့ ယနေ့ အလည် အပတ် လာရောက်ကြောင်း

ကြံ့ဖွံ့ပါတီက ကြိုတင်မဲကောက်ခံ

ကြံ့ဖွံ့ပါတီက ကြိုတင်မဲကောက်ခံ

“ကြံ့ဖွံ့ပါတီဆိုတာ ကြံ့ဖွံ့အသင်းက ဖြစ်လာတာပဲလေ၊ အဲဒီအသင်းကလည်း အစိုးရက ဖွဲ့စည်းထားတာဖြစ်တယ်လေ။ ပါတီအနေနဲ့ ပြောင်းလိုက်တော့ အခုအစိုးရ၀န်ထမ်း မိသားစုတွေကို ကနဦးပါတီဝင်တွေလုပ်ပြီးတော့ ကြိုတင်မဲကောက်နေပြီ

ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား ပြန်ဖွင့်ရေး ရက် မသတ်မှတ်နိုင်သေး
ရွှေတိဂုံစေတီတော်အနီး လုံခြုံရေးများချထား

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အိန္ဒိယနိုင်ငံ မှ ကန်ဒေါ်လာ ၆၆ သန်း ကျော် ထပ်မံ ချေးဌား

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ အိန္ဒိယနိုင်ငံသို့ သွားရောက် သည့် ငါးရက်တာ ခရီးစဉ် အတွင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် အိန္ဒိယ သမ္မတ မန်မိုဟန်ဆင်းဂ် တို့ နှစ်ဦး သည် ယမန်နေ့က တွေ့ဆုံ ဆွေးနွေးကာ နှစ်ဖက် သဘော တူညီချက် ငါးခုကို လက်မှတ် ရေးထိုး နိုင်ခဲ့ ကြကြောင်း သိရှိရ ပါသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်သော အဖွဲ့ တွင် ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ အတွင်းရေးမှူး (၁)

 

ရွှေသံလွင် နှင့် ရတနာပုံ ပူးပေါင်း၍ ရုပ်သံ လိုင်းသစ် ထုတ်လွှင့်မည်

ဖိုက်ဘာ ဆက်ကြောင်း အင်တာနက်လိုင်း (Fiber to the Home) စနစ် ပေါ်တွင် ဝန်ဆောင်မှု ပေးမည့် Triple Play Services တွင် ပါဝင်သော IPTV အစီ အစဉ် အတွက် နိုင်ငံတကာ i-Move TV Channel ကို ပြည်တွင်းရှိ ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုမှ စတင် အကောင် အထည်ဖော် နေပြီ ဖြစ်ကြောင်း စုံစမ်း သိရှိ ရသည်။ Fiber to the Home (FTTH) စနစ် ပေါ်တွင် အခြေခံပြီး နိုင်ငံတကာ ရုပ်သံ

ကြံ့ဖွတ်စွပ်စွဲသကဲ့သို့ ‘မည်သည့်လက်နက်ကိုင်တပ်ဖွဲ့’ နှင့် မပတ်သက်ဟု ကျားဖြူပါတီတုန့်ပြန်

ကြံ့ဖွတ်စွပ်စွဲသကဲ့သို့ ‘မည်သည့်လက်နက်ကိုင်တပ်ဖွဲ့’ နှင့် မပတ်သက်ဟု ကျားဖြူပါတီတုန့်ပြန်ကချင်ပြည်သို့ မြို့နယ်ကော်မတီဖွဲ့ရန် စည်းရုံးရေးဆင်းသည့် ကျားဖြူ/သျှမ်းပါတီအား ‘တရားမ၀င် လက်နက်ကိုင်တပ်ဖွဲ့ နောက်ခံရှိပါတီ’ဟု ကြံ့ဖွတ်ပါတီဝေဖန်ပုတ်ခတ်သည့် အပေါ်မဟုတ်မှန်ကြောင်း ဥက္ကဌစိုင်းအိုက်ပေါဝ်း ကတုန့်ပြန် ပြောဆိုသည်။

ကြက်ဆူ အစားလက်ဖက်နှင့် ကျွန်းပင်များ နအဖပိုစိုက်ခိုင်း

ကြက်ဆူ အစားလက်ဖက်နှင့် ကျွန်းပင်များ နအဖပိုစိုက်ခိုင်းသျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ်ရှိကျေးလက်လူထုအားဆင့်ခေါ်၍ ကြက်ဆူပင်များအမြစ်ပါမကျန်ခုတ်ထွင်ရှင်း လင်းပြီး လက်ဖက်ပင်နှင့်ကျွန်းပင်များ အစားထိုးစိုက်ပျိုးခိုင်းကြောင်း စုံစမ်းသိရှိရပါသည်။

၂၀၁၀ ရွေးကောက်ပွဲ တိုင်းရင်းသားများကို ကိုယ်စားမပြုဟု အကဲခတ်ပြော

ယခုနှစ်ကျင်းပမည့် ရွေးကောက်ပွဲမှ ပေါ်ထွက်လာမည့် အစိုးရသည် တိုင်းရင်းသားလက်နက်ကိုင် နယ်မြေများမှ ပြည်သူ များအား ကိုယ်စားမပြုနိုင်ဟု တရုတ်နယ်စပ်မှ စစ်ရေးနိုင်ငံရေး အကဲခတ် ဦးအောင်ကျော်ဇောက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
အသက်မပါသည့် အသေမွေး ဥပဒေများနှင့် နအဖ
ဦးဦးထက်သာ
ဇူလိုင် ၃၀၊ ၂၀၁၀
(ပြည်တွင်းက ဥပဒေပညာရှင်နဲ့ လူ့အခွင့်အရေးလှုပ်ရှားသူများရဲ့ အာဘော်အဖြစ် တင်ဆက်ခဲ့တဲ့၊ မတ်လ ၁၁၊ ၂၀၁၀ စာတမ်း၊ ရဲရင့်ငယ်ဘလောဂ့်က ကူးယူတယ်)
အတိုက်အခံ ပါတီများ နှင့်ပြည်သူလူထုသို့ အိပ်ဖွင့်ပေးစာ……
၂၀၁၀ ခုနှစ် မတ်လ ၈ ရက်နေ့စွဲဖြင့် ထုတ်ပြန်လိုက်သော ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေ (၁/၂၀၁၀) နှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ(၂/၂၀၁၀) ထုတ်ပြန်လိုက်သည့်အခါ အံ့သြတုန်လှုပ်ပြီး အတိုက်အခံပါတီများ၏အသံသည် ဆူညံပွက်လောရိုက်၍ ထွက်လာပါသည်။
၁၉၉၀ခုနှစ် ကတည်းကစ၍ တရားဝင်ရပ်တည်လျှက်ရှိသော အတိုက်အခံပါတီ (၁၀) ခုစလုံး အသေသတ်၊ အမြစ်ဖြတ်လိုက်သည့် အမိန့်ဖြစ်သည်။ သို့သော်… … …
အပြည့်အစုံသို့ ...
“ ငါ့သား... မင်း လူလားမြောက်ပြီ ”
သားဦး
ဇူလိုင် ၃၀၊ ၂၀၁၀

၁။ မင်းရဲ့ အခန်းကျဉ်းကို
ခြေသံပြင်းပြင်း မာန်တင်းတဲ့မျက်နှာနဲ့
သော့ပိတ်ရန် လာသူကို
ကရုဏာရှေ့ထား
ကျေးဇူးစကား ဆိုနိုင်ခဲ့ရင်
ငါ့သား... မင်း လူလားမြောက်ပြီ။

၂။ တလောကလုံး အမှောင်ဖုံးတဲ့အခါ
သူရဲကောင်းတို့ရဲ့ ဂုဏ်တော်
သီဆို ပူဇော်ရင်း
အလင်းသစ်နဲ့ နံနက်ခင်းကို
မင်း မျှော်လင့်နိုင်ခဲ့ရင်
ငါ့သား... မင်း လူလားမြောက်ပြီ။
အပြည့်အစုံသို့ ...
 

ရောင်စုံပန်းချီကား
(Melting Pot, Multiculturalism, Diversity)
အရှင်ဉာဏိက
ဇူလိုင် ၃၀၊ ၂၀၁၀
မနေ့ညနေက သူတို့မိခင်ကြီးနဲ့အတူ ကျောင်းပြီးစ သားကြီးနဲ့ မကြာမီမှာ ကောလိပ်ကနေ တက္ကသိုလ်ကို ပြောင်းတော့မယ့် သားလတ်တို့ ကျောင်းကိုရောက်လာတယ်။ သားကြီးဖြစ်သူရဲ့ လုပ်အားခထဲကနေ ရလာတဲ့ ငွေနဲ့ ဦးဦးဖျားဖျားအလှူအဖြစ် ဝါဆိုသင်္ကန်းတစ်စုံ လာရောက်လှူဒါန်းကြတာ။လွန်ခဲ့တဲ့ သုံးလေးလလောက်က လည်းပဲ သူတို့ဖခင်က သူ့ရဲ့သားတွေ ဘာသာရေးနဲ့ စိမ်းမသွားစေဖို့ အိမ်ကိုကြွရောက်ပြီး သားတွေနဲ့ လိုက် လျောညီထွေဖြစ်စေမယ့် တရားစကား အနည်းအကျဉ်းပြောပေးပါဦးဆိုလို့ သူတို့အိမ်ကြွရောက်ကာ တရား စကားပြောဖြစ်ခဲ့ပါသေးတယ်။
ကာတွန်း စောငို - နောင်ခါလာ နောင်ဈေးပေါ့ ...
ဇူလိုင် ၂၉၊ ၂၀၁၀

ကြွက်များပျော်ပြီး အမှိုက်များတောင်လိုပုံတဲ့ မြို့တော်ရန်ကုန်
ဝင်းမြတ်၊ ရန်ကုန်
ဇူလိုင် ၂၉၊ ၂၀၁၀
ရန်ကုန်မြို့ ရန်ကင်းမြို့နယ် တစ်နေရာတွင် အမှိုက်ပုံမှ ပလပ်စတစ်၊ ကြေး၊ သံ၊ စက္ကူ တို့ကို ရွေးချယ် ဖယ်ထုတ်နေသည့် စည်ပင် အလုပ်သမားများ
မမေမိုးရဲ့ တစ်နေ့တာကို ရေနွေးအိုး တည်ခြင်းနဲ့ စတင်ပါတယ်။ ရေနွေးအိုး မဆူခင် နောက်ဖေး မီးဖိုချောင်ထဲမှာ ပျံ့ကြဲနေတဲ့ ကြွက်ချေးနဲ့ အမှိုက်တွေကို ရှင်းလင်းရပါတယ်။ ရေနွေးအိုး ဆူပြီ ဆိုတာနဲ့ နောက်ဖေး လမ်းကြားထဲကနေ အိမ်ထဲ ၀င်လာတဲ့ ကြွက်တွေကို ရေနွေးနဲ့ လိုက်ပက်ခြင်းဟာ မမေမိုးရဲ့ နံနက်ခင်း အလုပ်တွေပဲ ဖြစ်ပါတယ်။
အပြည့်အစုံသို့ ...

ပြိုင်ဘက်မရှိ ရွေးကောက်ပွဲ နိုင်မည်ဟု ကြံ့ဖွံ့ယုံကြည်နေ
12sဝန်ကြီးချုပ် ဦးသိန်းစိန် ဦးဆောင်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ... 
မိုးကြိုးပစ်၍ တဦး သေ၊ တဦး ဆေးရုံတင်
ကောက်စိုက်နေစဉ် မိုးကြိုးပစ်ခံရသဖြင့် ကလေးမြို့ ချမ်းသာကြီးရွာမှ အသက် ၂ဝ နှစ်အရွယ် ... 
နိုဝင်ဘာတွင် လွတ်မည်ဟု ဒေါ်စု မျှော်လင့်
untitledsမြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူမအပေါ် ... 
ကြံ့ဖွံ့ စည်းရုံးရေး မြို့ပေါ်တက်တော့မည်
thein-seinsမွန်ပြည်နယ်အတွင်း ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ အနေဖြင့် ကျေးလက်များတွင် စည်းရုံးရေး ... 
ကလေးမြို့ရေကြီး ကလေးငယ်တဦး ပျောက်ဆုံး
sasky2ssssခြောက်နာရီကြာ မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေကြောင့် စစ်ကိုင်းတိုင်း ... 
မြေမြၟုပ်မိုင်းသင့် မြန်မာဒုက္ခသည်များကို အမေရိကန် ကူညီထောက်ပံ့မည်
မုတ္တမကမ်းလွန်မှ သဘာဝဓာတ်ငွေႚ နှစ် ၃၀ စာ ထိုင်းဝယ်မည်
ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို လူႛအခွင့်အရေးကိစ္စ အိန္ဒိယပြောဖိုႛ အမေရိကန်မျှော်လင့်
အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့က NLD နှင့် ပူးပေၝင်းဆောင်႟ရွက်မည်

7.29.2010

ဒယ်အိုးဆရာတော် ဦးသုမင်္ဂလ တရားပွဲများအောင်မြင် ကျင်းပပြီးစီး

Photobucket
ဇူလိုင် ၂၉
ယမန်နေ့ညက ဘန်ကောက်မြို့အနီး မဟာချိုင် မူစီရပ်ကွက် ၀တ်ထစ် ဘုန်းတော်ကြီးကျောင်းဝင်း အတွင်း တရားပွဲ ကျင်းပပြီး ယနေ့ တွင် ဆရာတော်နှင့် အဖွဲ့ မြန်မာပြည်သို့ ပြန်ကြွမည်ဖြစ်သည်။
ဘုန်းကြီးကျောင်းဝင်း အတွင်း ထောင်ပေါင်းများစွာသော မဟာချိုင်အရပ်ရှိ ရွေ့ပြောင်းမြန်မာအလုပ်သမား
များအား  “သေလူနှင့် ရှင်လူ” အမည်ရှိသည့် တရားတော်ကို ချီးမြှင့်တော်မူသည်။
ဆရာတော်၏ တရားတော်ထဲတွင် “ထိုင်းနိုင်ငံ တိုးတက်နေခြင်းမှာ စိတ်ဓါတ်ကြောင့် ဖြစ်ကြောင်း၊ စိတ်အဆင့်မြင့် သူတို့ မည်သည်မှာ သူတစ်ပါးကို အထင်သေးခြင်း၊ နှိမ့်ချဆက်ဆံခြင်း မရှိခြင်းများ အပြင် စည်းကမ်းရှိခြင်း တို့ကြောင့် ဖြစ်ကြောင်း၊ မိမိတို့ ရောက်ရှိနေသည့် တိုင်းပြည်ကို ကျေးဇူးတင်သင့်ပြီး၊ ကောင်းသော အကျင့်စားရိုက်များကို အတုယူသင့်ကြောင်း၊ ပြီးခဲ့သည့်နှစ်၂၀ ခန့် က ထိုင်းနှင့် မြန်မာ ဘာမှ မကွာသေးကြောင်း၊ ယနေ့ထိုင်းနိုင်ငံက
အထက်ကို တက်နေပြီး၊ မြန်မာနိုင်ငံက အောက်ကို ထိုးဆင်းနေကြောင်း၊ ဆင်းရဲခြင်း ချမ်းသာခြင်း၊ တိုးတက်ခြင်း နိမ့်ကျခြင်းတို့ အားလုံးမှာ စိတ်ဓါတ်နှင့်သာ ဆိုင်ကြောင်း၊ လောကော၊ လောကကြီးကို စိတ်တေန စိတ်ကသာ ဆောင်ကြောင်း။ ထိုင်းနိုင်ငံမှာ လမ်း၊ အဆောက်အဦးနှင့် လူနေမှု အဆင့်အတန်းများ တိုးတက်နေခြင်းမှာ ထိုင်း လူမျိုးတို့ စိတ်ဓါတ် အဆင့်မြင့်နေသဖြင့် မြင့်လာခြင်း ဖြစ်ကြောင်း။ မြန်မာများထက် စိတ်ဓါတ်မြင့်နေသဖြင့် မြန်မာများထက် တိုးတက်နေကြောင်း” ထောက်ပြ ဟောပြော မိန့်တော်မူသည်။
တိုးတက်နေသည့် တိုင်းပြည်တိုင်း စိတ်ဓါတ်များ အဆင့်မြင့်ခြင်းကြောင့် ဖြစ်ကြောင်း၊ သခင်စိတ်၊ ကျွန်စိတ် ၂ခုအနက် သခင်စိတ်ဖြစ်အောင် ကျင့်ကြံရမည်ဖြစ်ကြောင်း၊ ဖြစ်စေသတည်းဟူ၍ ဖြစ်လာမည်မဟုတ်ပဲ၊ အောက်တမ်းကျသည့် စိတ်ဓါတ်များကို မမွေးမြူပဲ၊ အဆင့်မြင့်သည့် သခင်စိတ်ဓါတ်များရှိအောင် အစဉ်တစ်စိုက် ကြိုးစားမှ မြန်မာလူမျိုး၊ မြန်မာပြည်ကြီး တိုးတက်လာမည်ဖြစ်ကြောင်း၊ စိတ်ပိုင်းဆိုင်ရာ ဆင်ခြင်စရာ၊ လိုက်နာကျင့်ကြံစရာများကို ဟောပြောသွားသည်။
တရားပွဲတော် စီစဉ်သူတစ်ဦး အပါအ၀င်ဖြစ်သူ ဦးအောင်ကျော်က “မြန်မာ လူငယ်များအနေဖြင့် ဘာသာ တရားနှင့် နီးစပ်မှုရှိစေရန် စီစဉ်ခြင်းဖြစ်ကြောင်း၊ ဦးသုမင်္ဂလာ တရားခွေများကို လူငယ်တိုင်း နားထောင်ပြီး သဘောကျတယ်၊ လူငယ်တွေနားလည်အောင် ဘွင်းဘွင်းရှင်းရှင်း ဟောတယ်၊ ဒါကြောင့် လူငယ်တွေ ဒီလောက်အထိ တရားလာနာကြတယ်လို့ ကျနော်ထင်တယ်”ဟု ပြောသည်။
တရားပွဲ မစမီနှင့် တရားပွဲ အစပိုင်းတွင် မိုးရွာသွန်းခဲ့သော်လည်း တရားနာ ကြွရောက်လာသည့် မြန်မာ ပရိတ်သတ်များမှာ ကြည်ညိုသဒ္ဒါတရား ပြင်းပြစွာဖြင့် မိုးရေစိုးခံပြီး တရားပွဲ ပြီးဆုံးသည်အထိ တရားတော်ကို နာယူကြသည်။
ဆယ်ကျော်သက်အရွယ် မြန်မာအလုပ်သမား မောင်မောင်က “ကျနော်တို့ ဆင်ခြင်စရာ တရားတွေကို ဟောတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်၊ လိုက်နာ ကျင့်သုံးရမယ်လို့ လည်း လူငယ်တစ်ယောက်အနေနဲ့ ခံယူပါတယ်။
ဦးသုမင်္ဂလ ကိုယ်တော်သည် ၂၇ ရက်နေ့ ညနေပိုင်းက မဟာချိုင် ထိုင်းယူနီယံ ဘောလုံးကွင်းတွင် ည တရားပွဲ ကျင်းပခဲ့ပြီးနောက် ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့မှ မြန်မာအလုပ်သမားများ ပင့်ဖိတ် လျှောက်ထားချက် အရ ကားလမ်းဖြင့်ကြွရောက်ခဲ့ပြီး ၂၈ ရက်နေ့ မနက်ပိုင်းတွင် တရားသဘင် ဆင်ယင်ကျင်းပခဲ့သည်။ တရားပွဲပြီးစီးပြီး ချက်ခြင်း ကားဖြင့် မဟာချိုင်သို့ ကြွရောက်ခဲ့သည်။
နောက် လူငယ် အောင်ကို ဆိုသည့် အလုပ်သမားငယ် တစ်ဦးက “ကျနော်တို့ အလုပ်ထဲမှာပဲ အချိန်ပြည့်နေရတဲ့ လူတွေဖြစ်ပါတယ်။ ဒီလိုတရားပွဲတွေ ကျင်းပပေးတာ ကျေးဇူးတင်ပါတယ်”ဟု ပြောဆိုသွားသည်။ အဆင့်အတန်း နိမ့်ကျနေသော၊ မြန်မာနိုင်ငံ၊ မြန်မာလူမျိုး၊ နိမ့်ကျနေသော ဗုဒ္ဓဘာသာနှင့် အစစ ပျက်စီးနေသည့် မြန်မာနိုင်ငံ အကြောင်းအရာများကို မည်သူ့မျက်နှာမှ မထောက်ပဲ ပြတ်ပြတ်သားသား ဟောကြောခြင်းဖြင့် နိုင်ငံကျော်လာသည့် ဓမ္မကထိကဆရာတော် ဦးသုမင်္ဂလ ခေါ် ဒယ်အိုး ဆရာတော်အား ဤတရားပွဲမှ ဘတ်ငွေ တစ်သိန်းကိုးရာတိတိကို အလုပ်သမား စုပေါင်း ဒါနပြုနိုင်ခဲ့ကြသည်။

7.27.2010

ရောင်းစားခံထားရာမှ မြန်မာအလုပ်သမား၎ဦး လွတ်မြောက်လာ

Photobucket
ဇူလိုင်၂၇
ဘန်ကောက်အနီး မဟာချိုင်မြို့ရှိ ပင်လယ်အစားအစာ ထုတ်လုပ်သည့် စက်ရုံတစ်ခုတွင် ရောင်းစား ခံထားရသည့် မြန်မာ အလုပ်သမား၎ဦးတို့အား ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံသားများ အသင်းက ကယ်တင်နိုင်ခဲ့သည်။
မြန်မာ အလုပ်သမား ၇၀ ကျော်ခန့် ရောင်းစားခံထားရသည့် မဟာချိုင်မြို့မှ အမည်မသိ ပင်လယ် အစားအစာ အလုပ်ရုံတစ်ရုံတွင် တစ်နေ့လျှင် ၁၈နာရီခန့် နေ့စဉ် အလုပ်လုပ်ရကြောင်း ထွက်ပြေး လွတ်မြောက်လာသည့် မြန်မာအလုပ်သမားများက ပြောပြသည်။
ထွက်ပြေး လွတ်မြောက်လာသူများမှာ ထောက်ကြံ့မြို့မှ အသက်၂၇နှစ်အရွယ် ကိုသက်ဝေနှင့် အသက် ၂၁နှစ်အရွယ် ကိုချစ်ထွန်း၊ ပဲခူးမြို့မှ အသက်၂၆နှစ်အရွယ် မဝေေ၀လွင်နှင့် မော်လမြိုင်မြို့မှ အသက် ၂၃နှစ်အရွယ် မဌေးဌေးဝင်းတို့ ဖြစ်ကြသည်။ ထိုသူတို့မှာ ၄၅ ရက် တိုင်တိုင် အလုပ်လုပ်ကိုင်ခဲ့သော်လည်း လုပ်အားခ တစ်ပြားတစ်ချပ်မှ ရရှိခြင်း မရှိခဲ့ကြပေ။
ထွက်ပြေး လွတ်မြောက်နိုင်ရေးအတွက် ဦးဆောင်စီစဉ်သူဖြစ်သော ကိုချစ်ထွန်းက “ ပြီးခဲ့တဲ့ ၃ ရက်နေ့က မိုးတွေ တော်တော်ကြီး ပါတယ်။ အဲဒီနေ့မှာ ထွက်ပြေးဖို့အတွက် ကျနော်ကြိုတင်ပြင်ဆင်ထားခဲ့တယ်။ ကျနော် ဒီစက်ရုံကို ရောက်ကတည်းက လူတစ်ယောက်လို မလုပ်ခဲ့ရ၊ မစားခဲ့ရ၊ မအိပ်ခဲ့ရဘူး။ ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံတာ ခံရတယ်။ ကျနော်ဘယ်လို လွတ်နိုင်မလဲလို့ အမြဲလေ့လာနေခဲ့တယ်။ ကျနော် တို့ကို လှောင်ထားတဲ့ အခန်းက သွပ်တွေနဲ့ ကာထားတဲ့ အခန်းဖြစ်တယ်။ ဒါပေမယ့် နောက်ဖက်က အထပ်သားတွေနဲ့ ကာထားတယ်။ ရှေ့က ကျနော်တို့ကို အမြဲ သော့ခတ်ထားတယ်။ အဲဒါကို ကျနော်ဓါးနဲ့ နဲနဲစီ နေ့တိုင်းလှီးထားတယ်။ ထုတ်ချင်းပေါက် နီးနီးဖြစ်အောင်ကို လုပ်ထားတာ၊ မိုးရွာတဲ့နေ့မှာ အခွင့်ကောင်းယူပြီး၊ ပြီးနိုင်သမျှ ကျနော်လုပ်ထားတယ်”ဟု ပြောသည်။
မဝေေ၀လွင်တို့ မောင်နှမ ၃ဦးတို့ မြ၀တီမြို့တွင် လက်သမားနှင့် ပန်းရံအလုပ်ကို လုပ်ကိုင်ပြီး မြန်မာကျပ်ငွေ တစ်သောင်းခွဲသာ ပွဲစားကို ပေးနိုင်ခဲ့သည်။ အလုပ်သမားများအနေဖြင့် အလုပ်ပင်ပန်းသော်လည်း လုပ်ခရရှိပါက ယခုကဲ့သို့ ထွက်ပြေးမည်မဟုတ်ကြောင်း တက်လာသည့် အဖိုးအခ မကျေသေးသည်ကို ကိုယ်ချင်းစာကြောင်း၊ သို့ရာတွင် လူတစ်ယောက်ကဲ့သို့ ဆက်ဆံမခံရခြင်းကို အထူး စိတ်မကောင်းသဖြင့် လွတ်မြောက်အောင် လုပ်ခဲ့ရကြောင်း ထွက်ပြေးလာသူ ကိုသက်ဝေက ပြောပြသည်။
အလုပ်သမားများအား နေ့စဉ်နံနက်၃နာရီမှ ညဥ့်၈နာရီထိ အလုပ်လုပ်ရပြီး အစားအစာများကိုမူ ဖြစ်ကတတ်ဆန်း ကျွေးမွေးကြောင်း၊ အလုပ်သမားများ နေထိုင်သည့် အခန်းမှာ မိုးမလုံသဖြင့် မိုးရွာလျှင် စုဝေးထိုင်နေရကြောင်း အိမ်သာတက်၍ အချိန်ကြာလျှင်လည်း အပြင်မှ အိမ်သာတံခါးကို ရိုက်ပုတ်နေပြီး တစ်တွတ်တွတ် ဆဲဆိုနေကြောင်း၊ ရေချိုးလျှင်လည်း ထိုင်စောင့်နေကြောင်း၊ အိပ်ခါနီး စကား ပြောနေလျှင်လည်း မီးပိတ်ပြီး ဆဲဆိုကာ အိပ်စေကြောင်း အလုပ်သမားများက ပြောပြကြသည်။
ပဲခူးမြို့မှ မဝေေ၀လွင်က“ကျမတို့ ဒီအစ်ကိုတွေ ထွက်ပြေးမယ်ပြောတော့ လိုက်မယ်လို့ ပြောထားတယ်။ ကျမတို့ ငရဲခန်းလောက် ဆိုးဝါးတဲ့ အလုပ်ရုံကနေ ခုန်ဆင်းလိုက်တော့ အခြားအလုပ်ရုံက အစောင့် ရောက်လာတယ်။ မဌေးဌေးဝင်းက ထိုင်းလို ကောင်းကောင်းပြောတတ်တယ်။ သူက အစောင့်ခြေ ထောက်ကို ဖက်ပြီးတော့ ငိုပြီးပြောတယ်။ တောင်းပန်တယ်။ ထိုင်းအစောင့်က သနားသွားပြီးတော့ သူ့ခြံကို ကျော်ခိုင်းတယ်။ ကျမတို့လည်း လွတ်ရင်ပြီးရော ကျိုးချင်လည်း ကျိုးပစေ။ အုတ်နံရံ ခြံစည်းရိုး အမြင့်က ခုန်ဆင်းကြတယ်”ဟု ပြောသည်။
ထိုင်းဘာသာစကားကို ကျွမ်းကျင်သည့် မဟာချိုင်ဒေသ တောရွာတစ်ရွာတွင် မွေးဖွားကြီးပြင်းလာသည့် မဌေးဌေးဝင်းက “ကျမတို့ ဆင်းရဲနွမ်းပါးတာတွေ၊ ရောင်းစားခံရတာတွေ၊ အနှိပ်စက်ခံရတာတွေကို ကျမငိုယိုပြီး ပြောပြတယ်။ ကျမ အမေ မုဆိုးမကို လုပ်ကျွေးချင်လို့ တက်လာတာတွေကို ပြောပြတယ်။ ကျမတို့ကို လွှတ်ပေးတယ်။ ခြံကျော် ခုန်ချပြီး ကျမတို့ တောတစ်ခုထဲကို ၀င်နေခဲ့ကြတယ်။ မနက်မိုးလင်းတော့ အလုပ်ရုံက ၀ဏ္ဏနဲ့ အဲဒီသမီးတို့ကို အမြဲစောင့်ပြီး ဆဲနေတဲ့ ကရင်တို့ လာမေးတယ်။ သမီးတို့ ပုန်းနေကြတယ်။
အနီးအပါးမှာနေကြတဲ့ မွန်ဗမာတွေက မတွေ့လိုက်ဘူးလို့ ပြောကြတယ်။ သမီးတို့ကို သူတို့ ခြင်ဆေးခွေတွေ၊ ထမင်းတွေ လာပို့ကြတယ်။ သမီးတို့ အဲဒီဓနိတောထဲမှာ ၂ရက်ပုန်းနေခဲ့ရတယ်။ သူတို့ ဖုန်းတွေနဲ့ ဘန်ကောက်က ဒီအလုပ်သမားအဖွဲ့ကို အဆက်သွယ်ရပြီး ဒီကိုရောက်လာခဲ့တာဖြစ်ပါတယ်” ဟု ပြောသည်။
ထွက်ပြေးလာသူများမှ တစ်ဆင့်ပြီးတစ်ဆင့် စုံစမ်း အကူအညီတောင်းရင်း ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအသင်းသို့ ဆက်သွယ်ရရှိခဲ့သည်။ တောထဲတွင် ပုန်းအောင်းနေရသည့် အလုပ်သမားများမှာ မိမိတို့ ရောက်ရှိနေသည့်နေရာကို သေချာစွာ မပြောပြနိုင်သဖြင့် ကယ်ထုတ်ရန် အထူးခက်ခဲနေခဲ့သည်။
ထို့ကြောင့် အဆိုပါအလုပ်သမားများအား ထမင်းထုတ်များ ပေးပို့နေသည့် မွန်အမျိုးသမီးအား တက္ကစီသမား
ကို ငှါးရမ်းခိုင်းပြီး တစ်ဦးအတွက် ဘတ်ငွေ ၅၀၀နုန်းထားဖြင့် လာရောက် ပို့ဆောင်စေခဲ့သည်။ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အသင်းမှ ထိုင်းဘာသာ ကျွမ်းကျင်သူ ကိုနေလင်းအောင်က “ကျနော်နဲ့ ကျနော်တို့ အဖွဲ့ခေါင်းဆောင်တို့ တိုင်ပင်ပြီးလုပ်ကြတယ်။ တစ်ရက်ကုန်သွားတယ်။ နေရာကို အတိအကျ မရနိုင်ခဲ့ဘူး။ နောက်ကျတော့ မထူးတော့ဘူး။ ကိုယ်လက်ထဲကို မြန်မြန်ရောက်ဖို့ အရေးကြီးတယ်လို့ ဆုံးဖြတ်ပြီးတော့ ဒီလိုပဲ ပို့ခိုင်းလိုက်ရတော့တယ်။ ကျနော်တို့ဆီမှာ တစ်ရက်တည်းခို ကျွေးမွေးပြီးတော့ အ၀တ်အထည်တွေ ပေးတယ်။ လောလောဆယ်သုံးဖို့ ပိုက်ဆံတွေ ပေးကြတယ်။ ယောက်ျား၂ယောက်တော့ ဖယောင်းပုံစံလောင်းတဲ့ နေရာမှာ အလုပ်သွင်း ပေးလိုက်ပြီ။ မိန်းကလေး ၂ယောက်ကိုတော့ ဗမာမတစ်ဦး ခေါင်းဆောင်ပြီး အလုပ်လုပ်နေတဲ့ ထမင်းဆိုင်တစ်ဆိုင်မှာ အလုပ် သွင်းပေးလိုက်ပြီး ဖြစ်ပါတယ်”ဟု ပြောသည်။
သူတို့သည် ပြီးခဲ့သည့် ဇွန်လ၂ရက်နေ့က မဲဆောက်မြို့မှ ယောက်ျားအလုပ်သမား ၁၂ဦးနှင့် မိန်းကလေးအလုပ်သမား ၆ဦးတို့ တောလမ်းခရီးမှ တက်လာခဲ့သူများ ဖြစ်ကြသည်။ သူတို့ကို မြ၀တီမြို့၊ ….. ရပ်ကွက် ….လမ်း….မှ အသက်….နှစ်အရွယ် မွန်အမျိုးသမီး တစ်ဦးက လက်ဆင့်ကမ်း သယ်ယူခဲ့ခြင်း ဖြစ်သည်။
မြ၀တီမြို့၌ လူစုစဉ် ပွဲစားမက မဟာချိုင် ငါးသေတ္တာရုံတွင် လုပ်ရမည်ဖြစ်ပြီး စရိတ်ငြိမ်း တစ်လလျှင် ဘတ်
ခြောက်ထောင် ရမည်ဖြစ်ကြောင်း၊ ကယ်ရီခအား တစ်လလျှင် ၃၀၀၀စီ ဖြတ်တောက်မည် ဖြစ်ကြောင်း အကြွေးကြေသည့်အခါ နေထိုင် အလုပ်လုပ်ကိုင်ခွင့် ဘတ်လုပ်ပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု အလုပ်သမားများက ပြောပြကြသည်။
မဟာချိုင်သို့ ရောက်သည့်အခါ ယောက်ျား၈ဦးအား မဟာချိုင်လှေများတွင် လူတစ်ဦးစီ ဘတ် ခြောက်သောင်းဖြင့် ရောင်းချခဲ့ခြင်းဖြစ်ကြောင်း၊ နောက်ရခိုင်တစ်ဦးနှင့် ရန်ကုန်မှ အလုပ်သမား တစ်ဦးတို့ကိုမူ အင်ဒိုလှေသို့ ရောင်းချခဲ့ကြောင်း အတူတူ တက်လာခဲ့ကြပြီး အစ်ကိုအရင်း ရောင်းစားခံခဲ့ရသူ မဝေေ၀လွင်က ပြောပြသည်။
အဖွဲ့ခေါင်းဆောင် ကိုချစ်ထွန်းက ယောက်ျားများအတွက် မဟာချိုင်တွင် ကုန်းအလုပ်မရှိကြောင်း၊ လှေလိုက်မှ ငွေစုမိကြောင်း ပြောဆိုသော်လည်း ကိုချစ်ထွန်းနှင့် ကိုသက်ဝေတို့က ခေါင်းမာစွာဖြင့် အမြဲ ငြင်းဆိုနေခဲ့သဖြင့် လှေပေါ် ရောင်းစားမခံရပဲ ကျန်နေခဲ့ခြင်းဖြစ်သည်။
အလုပ်ပင်ပန်းလွန်း၍ဖြစ်စေ၊ နေထိုင်မကောင်း၍ဖြစ်စေ အလုပ်မဆင်းပါက မျက်နှာကို လက်ညှိုးထိုးပြီး ပြည့်တန်ဆာရုံတွင် ရောင်းစားမည်ဖြစ်ကြောင်း ယောက်ျားများကိုမူ အင်ဒိုလှေသို့ ရောင်းစားမည် ဖြစ်ကြောင်း မြန်မာ အလုပ်သမားများ၏ လုပ်အားခအား ထုတ်ယူပြီး စောင့်ကြပ်ဆဲဆိုနေသည့် ကရင် ပွဲစားတစ်ဦးက အမြဲကြိမ်းမောင်း ခြိမ်းခြောက် ပြောဆိုလေ့ရှိသည်။ ၄င်းတို့၎ဦး ထွက်ပြေး လွတ်မြောက်လာ သော်လည်း ကျန်နေခဲ့သည့် အလုပ်သမားများ အတွက် အထူးစိုးရိမ်ကြောင်းလည်း ပြောပြကြသည်။
မဟာချိုင်တွင် အလားတူ ရောင်းစားခံနေရမှုများစွာ ရှိကြောင်း မဟာချိုင်မှ အလုပ်သမားများက ပြောပြ၍ သိရှိရသည်။ မဲဆောက်မှ တက်လာရာ လမ်းတစ်လျှောက်တွင်လည်း ထမင်းကို ဖြစ်သလိုစားရ၊ အိပ်ရခြင်းများ၊ တောလမ်းခရီးကို လေးငါးရက် လမ်းလျှောက်လာခဲ့ရသည်။
ကားစီးမည့် နေရာသို့ ရောက်သည့်အခါ ထိုင်းပွဲစားများ ရိုက်နှက်ဆဲဆိုခံရပုံများအပြင် ကားပေါ်တွင် အလေး
အပေါ့ သွားလိုသော်လည်း ကားကို ရပ်နားမပေးပေ။ ရေဆာလျှင် ရေမသောက်ရပဲ လူကို ပြည့်သိပ် တင်ထား သဖြင့် လာရာလမ်းတစ်လျှောက်တွင်လည်း အထူးပင်ပန်းဆင်းရဲကြောင်း၊ သို့ဖြစ်၍ မြ၀တီနှင့် မဲဆောက်တို့မှ ပွဲစားတို့၏ မဲဆွယ်တရားများကို ယုံကြည်၍ တောလမ်းမှ မလာသင့်ကြောင်း မဝေေ၀လွင်က ခရေစေ့တွင်းကျ ရှင်းပြ ပြောဆိုသွားသည်။
ကိုကျော်သောင်းမှ ပေးပို့ပါသည်။

မြန်မာအလုပ်သမားများ စုပေါင်းလှူဒါန်းသည့် ဗုဒ္ဓဘာသာ မြန်မာဘုန်းတော်ကြီးကျောင်း ရေစက်ချပွဲကျင်းပ

ဇူလိုင် ၂၇
ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် တကွန်ပါမြို့နယ်နမ့်ခင်း ကျေးရွာ ထိုင်းဘုန်းတော်ကြီးကျောင်းအတွင်း မြန်မာအလုပ်သမားများ စုပေါင်းဆောက်လုပ် လှူဒါန်းသည့် မြန်မာဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ရေစက်ချပွဲနှင့်အတူ ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရှိရသည်။
မြန်မာအလုပ်သမား တစ်ထောင့်ငါးရာခန့်ရှိသည့် နမ့်ခင်းကျေးရွာတွင် မြန်မာအလုပ်သမားများ စုပေါင်း ဖွဲ့စည်းထားသည့် လူမှုကူညီရေးအသင်းကြီးမှ ဦးဆောင်ဦးရွက်ပြု၍ အဆိုပါ ဘုန်းတော်ကြီးကျောင်းကို တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ အလှူဖြစ်မြောက်ရေး အကျိုးတော်ဆောင် ကိုဖိုးဇော်က “ကျနော် အရမ်း ၀မ်းသာနေတယ်ဗျာ၊ ဘာပြောလို့ ပြောရမှန်း မသိအောင်ပဲ၊ လူပေါင်း၅၀၀ ကျော်လောက်ရှိမယ် ထင်တယ်။ ပုလိပ်လည်းမဖမ်းဘူး၊ အားလုံးပျော်ပျော်ရွှင်ရွှင်ပဲ၊ အမှတ်တရ ဗမာအစားအစာ မုန့်ဟင်းခါး ချက်ကျွေး ပါတယ်။ ထမင်းက နေ့တိုင်းအိမ်မှာ စားနေတာပဲ။ ကျနော်တို့ မြန်မာ အလုပ်သမား လူငယ်တွေက၊ ကျနော်တို့ ဘာလုပ်ရမလဲဆိုပြီး နေ့တိုင်းလာပြီး လုပ်အားပေး တာဝန်တွေ ကိုယ်စီခွဲပြီးတော့ လုပ်အားဒါန ပြီးစီးအောင် ပြုခဲ့ကြတာဖြစ်လို့ မရှိမဖြစ်လိုအပ်တဲ့ ဆောက်လုပ်ရေး ပစ္စည်းတွေလောက်ပဲ ၀ယ်ရပါတယ်။ ဒီနေ့ ကုန်ကျစားရိတ် မပါပဲ မနေ့က ပေါင်းထားတဲ့ စါရင်းအရ အပြီးအစီးထိ ရှစ်သောင်းရှစ်ထောင် ရှစ်ရာသုံးဆယ် ခုနစ်ဘတ် ကုန်ကျခဲ့ပါတယ်၊ ဘာပြောချင်လဲ ဆိုတော့ ကျောင်းဆောက်လုပ်ခွင့်ပေးတဲ့ ထိုင်းကျောင်းထိုင် ဆရာတော်ကြီးနဲ့ ထိုင်းအာဏာပိုင်အားလုံးကို အထူးကျေးဇူးတင်ပါတယ်”ဟု ကြည်နူး ၀မ်းမြောက်စွာ ပြောဆိုသွားသည်။
အဆိုပါ တစ်ထပ် မြန်မာဘုန်းတော်ကြီးကျောင်းမှာ ပေ ၆၀ကျော် ပတ်လည်ခန့်ရှိပြီး သက်တော် ၃၄နှစ်အရွယ် မြန်မာသံဃာတော် တစ်ပါး သာသနာ ပြုတော်မူမည်ဖြစ်သည်။ သက်ဆိုင်ရာတို့မှ ခွင့်ပြုမိန့် ကျပြီးနောက် မြန်မာအလုပ်သမားများ နေ့ရောညပါ လက်သမား၊ ပန်းရံလုပ်အားပေး တည်ဆောက်ခဲ့ကြခြင်း ဖြစ်သည်။
ဤဒေသသို့ နောက်ရောက်လာမည့် မြန်မာအလုပ်သမားနှင့် နောင်လာနောက်သားများ မြန်မာ ဘုန်းတော်ကြီး ကျောင်းကို ကိုးကွယ်ခွင့်ရရန်နှင့် တွေ့ဆုံခွင့်ရရန်၊ အစဉ်အလာကောင်းများ ဖြစ်ထွန်းစေရန် အပြင် ထိုင်းနှင့် မြန်မာများ အကြား နားလည်မှု ပိုမိုရရှိစေရန်ရည်ရွယ်ပြီး တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း ကိုဖိုးဇော်က ပြောပြသည်။
ဒေသအခြေစိုက် GHRE အခြေခံ လူထု လူ့အခွင့်အရေး ပညာပေးအဖွဲ့မှ အလုပ်သမားရေးရာ တာဝန်ခံ ကိုမိုးဝေက “ကျနော်တို့လည်း ဒေသတွင်းက လူတွေကို ၀ိုင်းဝန်းစည်းရုံးပေးတယ်။ ပြီးတော့ ကျောင်းတစ်ခုလုံးမှာ ခင်းမယ့်
ကြွေပြားတွေကို ကျနော်တို့အဖွဲ့က လှူပါတယ်။ ကျနော်တို့ ထိုင်းတောင်ပိုင်း ဖန်ငခရိုင် နန်းထ၀ီရော်ဘာကုမ္ပဏီ ခြံဝင်းအတွင်းမှာ မြန်မာတွေစုပေါင်းပြီးတော့ မနှစ်က ဘုန်းတော်ကြီးကျောင်း တစ်ဆောင် ဆောက်လုပ် လှူဒါန်းခဲ့တယ်၊ နောက်နေရာတွေမှာလည်း မြန်မာဘုန်းတော်ကြီးကျောင်းတွေ ပေါ်ပေါက်လာမယ်ဆိုရင် ကျနော်တို့ တတ်နိုင်သလောက် ကူညီပေးမယ်။ ပြီးတော့ နေရာတိုင်းမှာ ဒီလို သာရေးနာရေး အသင်းလေးတွေ တည်ထောင်နိုင်အောင် လုပ်ကြပါလို့ တိုက်တွန်းချင်ပါတယ်”ဟု ပြောသည်။
ထိုင်းနိုင်ငံအတွင်း နေရာတိုင်းတွင် မြန်မာအလုပ်သမားများ ရှိနေသော်လည်း စုစုစည်းစည်း သာရေးနာရေး
အသင်းငယ်များ စတင်ဖွဲ့စည်းခြင်းသည် အခြားရွေ့ပြောင်း အလုပ်သမားရေး ဆိုင်ရာ ကိစ္စရပ်များတို့ကို လည်း ဆက်လက် ဆောင်ရွက်သွားနိုင်ကြောင်း ရောက်လေရာ အရပ်တွင် ဖွဲ့စည်းထားသင့်ကြောင်း GHRE မှ အလုပ်သမားရေးရာ တာဝန်ခံ ကိုမိုးဝေက တိုက်တွန်းပြောဆိုသွားသည်။
ရေစက်ချ အလှူမင်္ဂလာပွဲသို့ အခြားမြို့ရွာများတွင်လည်း ၀ါဆိုပွဲတော်ရှိနေသဖြင့် ကျောင်းထိုင်မည့် မြန်မာ သံဃာတော်တစ်ပါးနှင့် ကျောင်းရှိ ထိုင်းသံင်္ဃာတော်ဆယ်ပါးတို့ ပရိတ်တရားတော်များကို ချီးမြှင့်တော်မူ ခဲ့ကြသည်။

7.26.2010

Burma's News World's News

US hits out at Afghan war leaksUS soldiers in Afghanistan (file)

Washington condemns as "irresponsible" the release by Wikileaks website of 90,000 secret US military records about the conflict in Afghanistan.

White Tiger Party Popular in Northern Shan State

By SAI ZOM HSENG
The Shan National Democratic “White Tiger” Party is gaining popularity as it opens branches across Northern Shan State.

Hillary shines a light on the Burma-North Korea connection

Monday, July 26, 2010
STEPHFF 

Protests Dog Than Shwe in India

By ZARNI MANN
Protests pursue Than Shwe during his visit to India as prominent Indian supporters of democracy criticize their government.

Villagers Flee in Fear of Attack on DKBA

By THAN HTIKE OO
700 Villagers flee to Thailand from Miyawaddy Township after the DKBA warn a junta attack is imminent.

Than Shwe May Free Suu Kyi Before Election: Former Spy

By WAI MOE
A former Burmese intelligence officer suggests foreign countries must increase pressure to get Suu Kyi released before the election.

Election Day Bomb in Bangkok Kills 1, Injures 10

By THANYARAT DOKSONE
A bomb at a bus stop in downtown Bangkok killed one person and wounded 10, including a woman from Burma, shortly after polls in a parliamentary election closed on Sunday.
Than Shwe to visit Gandhi site as protesters say ‘go to hell’ thumbnailThan Shwe to visit Gandhi site as protesters say ‘go to hell’ Than Shwe leaves protesters 'outraged' as he prepares to visit the sight where the 'father of the nation' was cremated, and strengthen ties with the world's



Female political prisoner beaten by guards thumbnailFemale political prisoner beaten by guards
A female political prisoner in Kachin state's Putao prison was beaten up by prison guards when she tried to stop them from beating up two other inmates DKBA commander’s defiance nudges Karen state towards war thumbnailDKBA commander’s defiance nudges Karen state towards war
Tensions high as SPDC look set to launch offensive against dissident DKBA commander Na Kham Mwe of brigade 907, hundreds of refugees fleeing fighting buddha-shwedagon-pagoda1s
Cautious optimism greets Burmese minister’s overtures on labor rights
Burmese migrant workers responded with cautious optimism to the words of Burma’s ...India urged to press Than Shwe for rights, democratic reforms
As Burmese military leader Senior General Than Shwe continues his five-day state visit ...
Burma’s 2010 elections reveal ugly truths
(Commentary) Burma’s military junta is enjoying being a media celebrity in the build-up ... 
New Kachin party to contest in Kachin State
A new Kachin party with established links to the military regime and business ...

မြန်မာ့သတင်း ကမ္ဘာ့သတင်း

အာဖဂန်နစ္စတန်ရှိ အမေရိကန် တပ်ဖွဲ့ဝင်အချို့။
ဓာတ်ပုံ AP
အာဖဂန်နစ္စတန်ရှိ အမေရိကန် တပ်ဖွဲ့ဝင်အချို့။ ဇူလိုင် ၂၂၊ ၂၀၁၀။

အမေရိကန် ရေတပ်သားတဦး တာလီဘန် ဖမ်းဆီးထား

အာဖဂန်နစ္စတန် အရှေ့ဘက်ခြမ်းမှာ ပျောက်ဆုံးနေတဲ့ အမေရိကန် ရေတပ်သင်္ဘောသား ၂ ဦးကို တောနင်းပြီး အမေရိကန်တပ်က အကြီးအကျယ် ရှာဖွေခဲ့ပါတယ်။
သတင်းအပြည့်အစုံ | နားဆင်ရန်

ထိပ်တန်းသတင်းများ

နှုတ်မဆက်ခဲ့ပါတယ် ... ကျနော် ပြေးတော့မယ် ...

ဗိုလ်ချုပ်မှူးကြီး၏ ခရီးစဉ်တလျှောက် အိန္ဒိယရောက်မြန်မာများ ဆန္ဒပြ

ဗိုလ်ချုပ်မှူးကြီး၏ ခရီးစဉ်တလျှောက် အိန္ဒိယရောက်မြန်မာများ ဆန္ဒပြ

အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အိန္ဒိယနိုင်ငံ ဒုတိယ ခရီးစဉ် တလျှောက်လုံးတွင် ကန့်ကွက်ဆန္ဒပြမှုများ ပြုလုပ်မည်ဖြစ်ပြီး ၄င်းတို့ သွားရောက်မည့် နေရာများ၊ လမ်းများ တလျှောက်တွင်လည်း ကန့်ကွက်စာများ လိုက်လံကပ်သွားမည်ဟု သတင်းရရှိသည်။
ဘန်ကောက်ဗုံးကွဲမှု မြန်မာတဦး ဒဏ်ရာရ

ဘန်ကောက်ဗုံးကွဲမှု မြန်မာတဦး ဒဏ်ရာရ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်ရှိ ကားမှတ်တိုင်တခု၌ ယမန်နေ့က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ မြန်မာ အမျိုးသမီးတဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။

စစ်ရေးတင်းမာ၍ ကရင်ဒုက္ခသည်များ ထိုင်းဘက်ထွက်ပြေး

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်မဟာ ၅ ထိန်းချုပ်သည့် ဒေသအတွင်းရှိ ကရင်ရွာသား ၇၀၀ ခန့် သည် DKBA နှင့် စစ်အစိုးရ တပ်များ တိုက်ပွဲဖြစ်မည်ကို စိုးရိမ်သဖြင့် ထိုင်းနိုင်ငံ ဘက်ခြမ်းသို့ ယမန်နေ့ကစ၍ ထွက်ပြေးတိမ်းရှောင်လာကြောင်း သိရသည်။ 
ဝါဆိုလပြည့်နေ့တွင် မြန်မာအလုပ်သမားများ မြန်မာနိုင်ငံလာခွင့် ပိတ်ပင်ခံရ
ကျမတို့ အမှတ် (၂) ဂိတ်ကနေ ကူးပြီး မြ၀တီဘက်ခြမ်း ကမ်းနဖူးအတက်မှာ ရဲနဲ့စစ်သားတွေ သေနတ်တွေနဲ့ချိန်ပြီး အမိန့်ထုတ်ထားတာ မသိကြဘူးလား၊ သေချင်လို့လားဆိုပြီး ထိုင်းဘက်ခြမ်းကို အတင်းပြန်မောင်းထုတ်တယ်

မဲဆောက်-မြ၀တီတံတား လကုန်ပြန်ဖွင့်ရန် ထိုင်းဘက်မှ မျှော်လင့်
thashwewanted1s
ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် အဖွဲ့ ၅ နာရီကြာ ဘုရားဖူး
thanshwesအိန္ဒိယနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေ သော ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ခေါင်းဆောင် ...   

ဘင်္ဂလာပိုင်နက်ထဲ ကျူးကျော် ၀င်ရောက်သူ နစက ၂ ဦး ဖမ်းဆီးခံရ

Burmese Nasaka
ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ပိုင်နက်ထဲ ကျူးကျော် ၀င်ရောက်လာသူ မြန်မာနိုင်ငံ နယ်ခြားစောင့် တပ်ဖွဲ့ နစကမှ အကြပ်အဆင့် အရာရှိ ၂ ဦးကို ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့် တပ်ဖွဲ့ ဘီဒီအာရ်က ယမန်နေ့က ဖမ်းဆီးလိုက်သည်။
ပြည်ထဲရေး ဒုဝန်ကြီး ဖုန်းဆွေ မောင်တောမြို့နယ်မှ ပြည်ထောင်စု လွှတ်တော် အမတ်အဖြစ် အရွှေးခံမည်
ပြည်ထဲရေး ဒုဝန်ကြီး ဦးဖုန်းဆွေသည် ပြည်ခိုင်ဖြိုး ပါတီကို ကိုယ်စားပြုပြီး မောင်တော မြို့နယ်မှ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အမတ်လောင်း အဖြစ် အရွှေး ခံမည်ဟု သတင်း ရရှိသည်။


more

 

more

 

more

 

more

 

more

 

more | audio
စစ်အစိုးရခေါင်းဆောင် ဗုဒ္ဓဂၝယာ ရောက်လာ
ရွေးကောက်ပြဲကို ပြည်သူအားလုံး သပိတ်မှောက်သင့်ကြောင်း ဦးဝင်းတင်ပြောကြား
ဗိုလ်ချုပ်မှူးကြီး မရောက်ခင် အိန္ဒိယမှာ ကန်ႛကွက်မှုတွေ စတင်
ပူတာအိုအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ ရိုက်နှက်ခံရ