11.10.2008

Obama set for White House talks

Obama set for White House talks

President-elect Barack Obama drops his children off at school on 10 November 2008
Mr Obama dropped his children off at school ahead of his White House talks

US President-elect Barack Obama is to hold his first meeting with incumbent George W Bush since his decisive election victory last week.

It will be the first visit to the Oval Office for the incoming leader, who takes office on 20 January.

Mr Bush said the two men would discuss the transition process, as well as thorny issues such as the war in Iraq and the global financial crisis.

Earlier, Mr Obama indicated he could reverse controversial Bush policies.

His transition chief, John Podesta, said executive orders on issues such as stem cell research and oil drilling were at odds with the president-elect's views.

Potential plans by the outgoing administration to pass a raft of last-minute regulations were also being watched, he said.

'Bipartisanship'

Ahead of the talks, Mr Obama and his wife, Michelle, will be given a tour of their new home at the White House.

The outgoing and incoming presidents are then expected to walk together into the Oval Office for their discussions.

Mr Obama said that he was looking forward to the meeting "to begin the process of a smooth, effective transition".

"I thank him [Mr Bush] for reaching out in the spirit of bipartisanship that will be required to meet the many challenges we face as a nation," he said in a statement.

There's a lot that the president can do using his executive authority without waiting for congressional action
John Podesta
Barack Obama's transition chief

Mr Bush, meanwhile, has offered his "complete cooperation" to the president-elect during the transition period.

The meeting has been arranged with unusual haste - analysts say this is in part because the US is at war, and also because the transition is taking place in the midst of an economic crisis.

Mr Obama has said that dealing with the economy is his top priority, and that he will move with "deliberate haste" to choose his cabinet.

Speaking on Friday in his first news conference as president-elect, Mr Obama said he would seek a constructive approach to the talks with Mr Bush.

However, reports from Washington suggest his transition team has been working hard to identify issues where executive decisions made by Mr Bush could quickly be repealed.

Stem cell move

The Washington Post newspaper reported that transition officials had compiled a list of some 200 executive orders to be considered.

Mr Podesta said executive orders on stem cell research or drilling in Utah could easily be repealed as no congressional action was needed.

The Washington Post said other orders affecting environmental legislation and abortion issues were also under consideration.

"There's a lot that the president can do using his executive authority without waiting for congressional action, and I think we'll see the president do that," Mr Podesta said.

Potential plans for a last-minute rush of executive decisions by the White House were also being watched carefully, he added.

The current administration has proposed a number of regulation changes they hope can be approved before Mr Obama's team moves into the White House.

Critics say many of the proposals would weaken environmental and consumer protection as well as reduce controls on drilling and mining companies.

အဓိကရုဏ်းနှိမ်နင်းရန်အတွက် အရံရဲတပ်ဖွဲ့များဖွဲ့စည်း

စစ်အစိုးရအာဏာပိုင်များက နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအား နိုင်နင်းနိုင်ရန် ရဲတပ်ဖွဲ့ အင်အားနည်းသည့်နေရာများတွင် အရံရဲတပ်ဖွဲ့ကို ဖွဲ့စည်းလိုက်သည်။

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အမှတ်(၅) အထကကျောင်းတွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ပြုလုပ်သည့် အစည်းအဝေးတွင် ဆုံးဖြတ်ချက်ချ၍ ယခုကဲ့သို့ အရံရဲများဖွဲ့စည်းခြင်းကို ပြုလုပ်ခဲ့ ခြင်းဖြစ်သည်။

ယင်းကဲ့သို့ ဖွဲ့စည်းလိုက်သည့် အရံရဲများကို မြို့နယ်အတွင်းရှိ မီးသတ်တပ်ဖွဲ့ဝင်များမှ ရွေးချယ် ကာ သင်တန်း (၃) လတက်ရမည်ဖြစ်ပြီး ပထမလတွင် သတင်းလိုက်ခြင်းပုံစံများကို သင်ကြား ပေးပြီး နောက်လများတွင် အဓိကရုဏ်းနှိမ်နင်းရေးများကို သင်ကြားပို့ချမည်ဖြစ်ကြောင်း မြို့ခံတဦးက ပြောသည်။

“အစည်းဝေးမှာ ဆုံဖြတ်ချက်ချတာတွေက နံပတ်(၁) မြို့နယ်အတွင်းမှာ အရံရဲတွေ အဆင်သင့် ထားရှိရန်၊ (၂) လုံခြုံရေးအရ မြို့နယ်တမြို့နယ်က ဥက္ကဌက တခြားမြို့နယ်ကို သက်ဆိုင်ရာ နယ်မြေလူကြီးတွေကို အသိပေးစရာမလိုဘဲ ရှောင်တခင် ဝင်ရောက်ရှာဖွေခွင့်ကို ပေးလိုက် တယ်” ဟု မြို့ခံတဦးက ပြောသည်။

အဆိုပါ အရံရဲများအား သင်တန်းပြီးဆုံးပါက အရံရဲကဒ်ပြားများထုတ်ပေးမည်ဖြစ်ပြီး တလလျှင် လစာ (၃၀,၀၀၀) ကျပ် ပေးထားသည့်အပြင် အခြားအောက်ဆိုဒ်အဖြစ် လိုင်းကြေးငွေ တောင်း ယူခွင့်များပါပေးထားကာ ၎င်းတို့၏အဓိကတာဝန်မှာ သတင်းအချက်အလက်စုဆောင်းပေးရန်နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို စောင့်ကြည့်ရန်ဖြစ်သည်။

“အဲဒီအရံရဲတွေကို ယူနီဖောင်းသတ်မှတ်ပေးတာတော့ မရှိသေးဘူး၊ သူတို့ကို လုပ်ပိုင်ခွင့်တွေ တော်တော်တော့ ပေးထားတယ်၊ နောက် လက်ထိပ်တခု၊ အိုင်ကွန်စကားပြောစက် တလုံးရယ် နံပါတ်တုတ်တချောင်းပါ ပေးထားတယ်” ဟု မြို့ခံက ဆက်ပြောသည်။

ဘာသာရေးပွဲများကို အာဏာပိုင်များ ပိုမို တင်းကျပ်လာ

ဓမ္မကထိက ဆရာတော်ကြီးများ၏ တရားပွဲများတွင် အာဏာပိုင်များမှ စောင့်ကြည့်ခြင်း၊ တရားဟောမှု ကန့်သတ်ခြင်းများကို ရွှေဝါရောင်လှုပ်ရှားမှု နောက်ပိုင်းမှစတင်ကာ မြန်မာနိုင်ငံတွင် ယနေ့အထိ ပိုမို တိုးမြှင့် လုပ်ဆောင်လာသည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းက သံဃာတော်များ၏ လှုပ်ရှားမှုကို စစ်အစိုးရက အင်အားသုံး နှိမ်နင်းခဲ့ပြီးနောက် ကျော်ကြားသည့် ဆရာတော်များက တရားပွဲများတွင် နိုင်ငံရေးနှင့် ပတ်သက်သည့် တရားများ ဟောကြားမည်ကို စိုးရိမ်သဖြင့် အနီးကပ် စောင့်ကြည့်ခြင်း၊ နိုင်ငံရေးနှင့် ဆက်နွယ်သည်များ မဟောကြားရန် တားမြစ်ဟန့်တားမှုများ ပြုလုပ်နေခြင်း ဖြစ်သည်။

"လက်မှတ်ထိုးခဲ့ရတာက စီးပွားရေးတွေ မဟောရဘူး၊ လူမှုရေးတွေ မဟောရဘူး၊ နောက် ပညာရေး မဟောရဘူး၊ နိုင်ငံရေးလည်း ပါတာပေါ့။ ရိုးရိုး မေတ္တာတရားတို့ ၀ိပဿနာတရားတို့ပဲ ဟောရမယ်တဲ့လေ။ အဲဒီတော့ ရိုးရိုးလေးတွေပဲ ဟောတယ်လေ။ ကျန်တာတွေတော့ မဟောပါဘူး။ တခြားဆရာတော်တွေလည်း မဟောဘူးလေ" ဟု တွံတေး ဆရာတော် ဦးဣန္ဒက က မိန့်ကြားသည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာ သံဃလှုပ်ရှားမှု နောက်ပိုင်းတွင် ဓမ္မကထိက ဆရာတော်အချို့က အာဏာပိုင်များ၏ လုပ်ရပ်များကို တရားပွဲများတွင် ထောက်ပြခြင်းများ ပြုလုပ်ခဲ့သော်လည်း ယခုနှစ် သီတင်းကျွတ်ပွဲတော်အပြီး အောက်တိုဘာလလယ်မှ စတင်ကာ တရားပွဲများတွင် နိုင်ငံရေးနှင့် ဆိုင်သည်များကို ဟောကြားခြင်း မပြုရန် ၀န်ခံလက်မှတ်များ ရေးထိုးခိုင်းခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် တပတ်က တွံတေးတွင် ပြုလုပ်သော တရားပွဲတခုတွင် တရားမဟောရန် မယက ဥက္ကဌမှ တားမြစ်ခဲ့ပြီး တရားပွဲလာ တကာ၊ တကာမများက ညှိနှိုင်းတောင်းပန်မှ အချိန်နောက်ကျကာ ဟောကြားခွင့် ရခဲ့သော်လည်း စောင့်ကြည့်မှုများ ရှိခဲ့သည်။

အလားတူ ရန်ကုန်မြို့တွင်လည်း တရားပွဲများ ပြုလုပ်ရန်အတွက် အာဏာပိုင်များထံမှ အခွင့်ပါမစ်များ တောင်းရသည်။ အခွင့်မရလျှင် တရားပွဲများ မလုပ်ရပေ။

ရန်ကုန်တိုင်း လမ်းမတော်မြို့နယ် ဆွမ်းသိမ်းအောင်တရားပွဲ စီစဉ်သည့် ဓမ္မာရုံတခုမှ ဂေါပကအဖွဲ့ဝင်တဦးက "တရားပွဲတပွဲ လုပ်ဖို့ရာကို စတိတ်ရှိုးတပွဲလုပ်ဖို့ ခွင့်ပြုချက် ယူရသလိုပဲ ယူရတာ။ ရ၀တ ထောက်ခံချက်ကစပြီး မြို့နယ်၊ ခရိုင်၊ တိုင်း အေးချမ်းဖွံ့ဖြိုး ကောင်စီရုံးအထိ တလလောက်ကြိုပြီး အဆင့်ဆင့် ခွင့်ပြုချက် ကြိုတင်ယူရတာ။ ဒါတောင် သူတို့ မပေးချင်ရင် ဘာမှ မေးလို့မရဘူး။ ခွင့်မပြုနိုင်ဘူးဆိုတာပဲ ပြောတာ" ဟု ပြောပြသည်။

ရန်ကုန်မြို့တွင်း ၀ါတွင်းကာလ ဆွမ်းသိမ်းအောင်ပွဲနှင့် ကထိန် ဆွမ်းလောင်းပွဲများ၏ အထူးတရားပွဲများတွင် ရဲ၊ ထောက်လှမ်းရေးများ၊ ကြံ့ခိုင်ရေးများနှင့် စောင့်ကြည့်မှုများ ပိုမိုပြုလုပ်လာသည်ဟု မြို့ခံများအဆိုအရ သိရသည်။

ပြီးခဲ့သည့် စနေနေ့ညက စမ်းချောင်းမြို့နယ် မြေနီကုန်းရှိ ဆွမ်းလောင်းအသင်းတခု၏ တရားပွဲတခုသို့လည်း အာဏာပိုင်များက လာရောက်စောင့်ကြည့်ကာ သတင်းပေးပို့နေကြသည်ကို တွေ့ရှိခဲ့ရကြောင်း တရားပွဲ သွားရောက်သူ အမျိုးသားတဦးက ပြောသည်။

စမ်းချောင်းမြို့နယ်မှ လူငယ်တဦးက "တရားပွဲကိုဗျာ ဘာနိုင်ငံရေးပါလို့လဲ။ သူတို့ကျတော့ အပြောအဆိုခံရမှာ သိပ်ကြောက်ပုံပဲ။ ဓမ္မက အမှားကိုတော့ ထောက်ပြဝေဖန်မှာပဲ။ ဒါပေမဲ့ အခု ကျနော်တို့ တရားပွဲကတော့ ဆရာတော်ကြီးတွေက တရားတော် အနှစ်သာရ ပြည့်ပြည့်ပဲ ဟောသွားတာပါ" ဟု မဇ္ဈိမကို ပြောသည်။

စစ်အစိုးရ၏ လုပ်ရပ်များကို တရားတော်များတွင် ထည့်သွင်းဟောပြရင်း ဝေဖန်လေ့ရှိသော ဆရာတော်ကြီးများ၏ တရားပွဲများတွင် ရဲထောက်လှန်းရေး (SB) များကို အများအပြား တွေ့ရလေ့ရှိသည်ဟု ရန်ကင်းမြို့နယ် ဒေသခံတဦးကလည်း ပြောဆိုသည်။

တွံတေး ဆရာတော်က "အရင်တုန်းက ဟောတာတွေမှာက သူတို့တွေနဲ့ မလွတ်ကင်းတဲ့ ဟိုဟာလေး နည်းနည်း ဒီဟာလေးနည်းနည်း ပါတာပေါ့။ သူတို့က ကြောက်တာ တကာမကြီးရယ်။ ဘုန်းဘုန်းတို့က မဟောတာ ၅ လလောက် ရှိပါပြီ။ မလွတ်မကင်းတော့ မဟောပါဘူး တကာမကြီးရယ်။ သူတို့က ကြောက်ပြီးတော့ တားတာပါ" ဟု မိန့်ကြားလိုက်သည်။

စက်တင်ဘာ သံဃာ့ လှုပ်ရှားမှုနောက်ပိုင်းတွင် သီတဂူဆရာတော်ကြီး ဦးဥာဏိဿရ၏ ဧကရာဇ်မင်းကြီး ဘ၀နိဂုံးနှင့် လူမိုက်တို့သွားရာလမ်း ဆိုသော တရားခွေ နှစ်ခွေ ထွက်လာပြီးသည့်နောက်တွင် ဆရာတော်၏ တရားပွဲများကို အာဏာပိုင်များက ခေတ္တ ပိတ်ပင်ခဲ့သေးသည်။

Young Burmese Blogger Sentenced to more than 20 Years in Jail လူငယ် ဘလော့ဂါ နေဘုန်းလတ်နှင့် ကဗျာဆရာ စောဝေတို့ကို ထောင်ဒဏ်များ ချမှတ်

A young Burmese blogger who was a major source of information for the outside world on the brutal regime crackdown on the September 2007 uprising was sentenced to 20 years and six months imprisonment on Monday.

Nay Phone Latt, 28, was sentenced by a court in Rangoon’s Insein Prison, according to his mother, Aye Than. He was convicted of contravening Public Offense Act 505 B by posting a cartoon depicting junta leader Snr-Gen Than Shwe on his blog site.

Nay Phone Latt’s colleague Thin July Kyaw was sentenced to two years imprisonment, Aye Than reported.

Another dissident who ridiculed the regime, Saw Wai, was sentenced to two years imprisonment for publishing a poem mocking Than Shwe in the weekly Love Journal, according to Rangoon sources. The first words of each line of the Burmese language poem spelled out the message “Senior General Than Shwe is foolish with power.”

Nay Phone Latt’s blogs during the September 2007 uprising provided invaluable information about events within the locked-down country.

Two Rangoon journalists, Htun Htun Thein and Khin Maung Aye, of the privately-owned weekly News Watch, were arrested on November 5 and are being detained in Insein Prison. The media rights organizations Reporters without Borders and Burma Media Association have demanded their immediate release.

The current regime crackdown is also aimed at silencing legal attempts to ensure fair trials for dissidents now appearing before judges in closed court sessions.

Two weeks ago, three defense lawyers, Nyi Nyi Htwe, Aung Thein and Khin Maung Shein were imprisoned for between four and six months for contempt of court after complaining of unfair treatment.

Four other defense lawyers, Kyaw Hoe, Maung Maung Latt, Myint Thaung and Khin Htay Kyew have been barred from representing their clients since November 5, according to Kyaw Hoe. The lawyers are representing several dissidents, including members of the 88 Generation Students group.

“I asked a prison authority why I was not allowed to appear in court,” said Kyaw Hoe. “He said there was no reason and that the order had come from higher officials.”

Members of the 88 Generation Students group were now appearing daily in court without their defense lawyers, Kyaw Hoe said.

Two lawyers, Myint Thaung and Khin Htay Kyi, who represent the prominent labor activist Su Su Nway, withdrew from court proceedings at the weekend, citing unfair treatment, according to the accused’s sister, Htay Htay Kyi.

Htay Htay Kyi said Su Su Nway would be sentenced on Tuesday. The winner of the 2006 John Humphrey Freedom Award was originally charged with “threatening the stability of the government,” under articles 124, 130 and 505 of the penal code, but new charges have now been added.

In a statement in Washington, the US State Department criticized the imprisonment of the four defense lawyers and urged the Burmese regime to drop all charges and release them.

Deputy Spokesman Robert Wood called on the junta to stop harassing and arresting citizens for peacefully practicing their internationally recognized human rights, to release all political prisoners, and to start a genuine dialogue with democratic forces and ethnic minority groups for democratic reform in Burma.


လူငယ် ဘလော့ဂါ နေဘုန်းလတ်နှင့် ကဗျာဆရာ စောဝေတို့ကို ထောင်ဒဏ်များ ချမှတ်

ကဗျာဆရာ စောဝေ ဘလော့ဂါ နေဘုန်းလတ်
ရန်ကုန် အင်းစိန်ထောင်တွင်းရှိ အနောက်ပိုင်း ခရိုင် တရားရုံးက ဘလော့ဂါ ကိုနေဘုန်းလတ်အား ပုဒ်မ ၅၀၅(ခ) ၂ နှစ် ၊ ဗီဒီယို အက်ဥပဒေ ပုဒ်မ ၃၂(ခ) ၃၆ အရ ၃ နှစ်နှင့် ၆ လ ၊ အီလက်ထရွန်းနစ် ပုဒ်မအတွက် ၁၅ နှစ် စုစုပေါင်း ပြစ်ဒဏ် အနှစ်၂၀ နှင့် ၆ လ ကို ယနေ့ နေ့လယ် ပိုင်းက ချမှတ်လိုက်ခြင်းဖြစ်သည်ဟု ကိုနေဘုန်းလတ် ၏ မိခင် ဒေါ်အေးသန်း ကပြောသည်။

“၁၀ နှစ် ကျော်လောက်ပဲ ချလိမ့်မယ်လို့ မှန်းထားတာ၊ အခု အနှစ် ၂၀ ကျော်ချလိုက်တော့ မိခင်တယောက် အနေနဲ့ စိတ်မကောင်းပါဘူး၊ မတရားလုပ်တယ်လို့ ယူဆပါတယ်”ဟု ၎င်းက ဧရာဝတီသို့ ပြောပြသည်။

အသက်(၂၈)နှစ်ရှိ ကိုနေဘုန်းလတ်(ခေါ်)ကိုနေမျိုးကျော် ကို ယခုနှစ် ဇန်န၀ါရီ လကုန်ပိုင်းတွင် အာဏာပိုင်များ က သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏရှိ နေအိမ်မှ ဖမ်းဆီးခဲ့ပြီး ဗီဒီယို ပုဒ်မ၊ ၅၀၅(ခ) နှင့် အီလက်ထရွန်းနစ် ဥပဒေတို့ဖြင့် စွဲဆိုကာ ၆ လ အကြာ ဇူလိုင်လအတွင်းတွင် ပထမဆုံး အကြိမ် ရုံးထုတ်စစ်ဆေးခဲ့သည်။

ကိုနေဘုန်းလတ်သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)အဖွဲ့ဝင်လူငယ်တဦးဖြစ်ပြီး ၎င်းအား ဖမ်းဆီးစဉ် အာဏာပိုင်များက မည်သည့် အကြောင်းပြချက်မှ မပေးဘဲ ဖမ်းဆီးပြီး ၉ လ အကြာတွင် ယခုကဲ့သို့ ပြစ်ဒဏ် စီရင်ခဲ့ခြင်း ဖြစ်သည်။

ကိုနေဘုန်းလတ်နှင့် အတူဖမ်းဆီးခံခဲ့ရသည့် မသင်းဇူလိုင်ကျော်ကိုလည်း ဗီဒီယို အက်ဥပဒေ ပုဒ်မ ၃၂(ခ) ၃၆ ဖြင့် ထောင်ဒဏ် ၂ နှစ် ယနေ့ချမှတ်လိုက်ကြောင်းလည်းသိရသည်။

ထို့အတူ ယမန်နှစ် ဇန်န၀ါရီလအတွင်းက ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား ဝေဖန်ထားသည့် “အာနာရူးကြီး မှူးကြီး သန်းရွှေ” စာသားများပါသော “ဖေဖော်ဝါရီ ဆယ့်လေး”အမည်ရှိ ကဗျာ ရေးသားသည့်အတွက် ဖမ်းဆီးထားသော ကဗျာ ဆရာစောဝေ ကိုလည်း ယနေ့တွင် ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်သည်ဟု အင်းစိန်ထောင် ၀န်ထမ်း အသိုင်း အ၀န်းက ပြောဆိုသည်။

ယခုနှစ် ဖေဖော်ဝါရီ လအတွင်းတွင် မြန်မာသတင်း သမဂ္ဂ (BMA)နှင့် နယ်စည်းမခြား သတင်းသမားများအဖွဲ့ (RSF)တို့က မကြာသေးခင်က ပြန်လည်လွတ်မြောက်လာသော သတင်းစာ ဆရာကြီး ဦးဝင်းတင် အပါအ၀င် ကိုနေဘုန်းလတ်နှင့် ကိုစောဝေတို့ကို ဖမ်းဆီးထားခြင်းအား ရှုတ်ချလိုက်ပြီး ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ရန် တောင်းဆိုထားသည်။

မကြာသေးခင် ရက်ပိုင်းကပင် စစ်အစိုးရက ဖမ်းဆီးထားသည့် ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ် နယူးစ် ၀ပ်ခ်ျ သတင်း ဂျာနယ်မှ အယ်ဒီတာ ဦးခင်မောင်အေးနှင့် သတင်းထောက် ကိုထွန်းထွန်းသိန်းတို့ကို အမြန်ဆုံး ပြန်လည် လွှတ်ပေးရန် လည်း မြန်မာသတင်း သမဂ္ဂ (BMA)နှင့် နယ်စည်းမခြား သတင်းသမားများအဖွဲ့ (RSF)တို့က နိုဝင်ဘာ ၈ ရက်နေ့တွင် တောင်းဆိုချက် ထုတ်ပြန်ထားသည်။

တချိန်တည်းတွင် ယင်းသို့ နိုင်ငံရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးခံထားရသူများ၏ အမှုများအား အကျိုးဆောင်ပေး နေသော ရှေ့နေများကို စစ်အာဏာပိုင်များက တားဆီးပိတ်ပင်ခြင်းများ ဆက်လက် ပြုလုပ်နေကြောင်း သိရ သည်။

၈၈ မျိုးဆက်ကျောင်းသားများ၏ အမှုများကို လိုက်ပါအကျိုးဆောင်ပေးနေသော ၎င်း အပါအ၀င် ရှေ့နေများဖြစ် သည့် ဦးမောင်မောင်လတ်၊ ဦးမြင့်သောင်း နှင့် ဒေါ်ခင်ဌေးကြွယ်တို့အား ယခုလဆန်း ၅ ရက်နေ့မှ စတင်၍ အကြောင်းပြချက် မရှိဘဲနှင့် တရားရုံးက ၀င်ခွင့်မပြု ခြင်းဖြစ်သည်ဟု ရှေ့နေ ဦးကျော်ဟိုးက ပြောသည်။

“ကျနော်တို့ကို ဘာကြောင့် ၀င်ခွင့်မပြုဘူးဆိုတာလည်း အကြောင်းပြချက်မရှိဘူး၊ ဘာမှ အကြောင်းမပြဘူး၊ ကျနော်က ထောင်မှူး တယောက်ကို မေးတယ်၊ အကြောင်းပြချက်မရှိဘူးတဲ့ အထက်က အမိန့်တဲ့”ဟု ဦးကျော်ဟိုး က ပြောပြသည်။

အာဏာပိုင်များက ၎င်းတို့၏ အမှုသည်များအား ရှေ့နေမပါဘဲ နေ့စဉ် ရုံးထုတ်အမှုစစ်ခြင်းများကို ဆက်လက် ပြုလုပ်နေ သည်ဟုလည်း ၎င်းက ပြောသည်။

ထို့အပြင် ဖမ်းဆီးခံထားရသည့် လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေး၏ အကျိုးဆောင်ရှေ့နေများ ဖြစ်သော ဦးမြင့်သောင်း နှင့် ဒေါ်ခင်ဌေးကြွယ်တို့ကလည်း တရားရုံးက တရားမျှတမှုမရှိသောကြောင့် လွန်ခဲ့သည့်အပတ် အတွင်းက ရှေ့နေပါဝါ ရုပ်သိမ်းခဲ့ကြောင်း မစုစုနွေး၏ အစ်မဖြစ်သူ မဌေးဌေးကြည်ကလည်း ပြောသည်။

မစုစုနွေးသည် ၎င်း၏ အကျိုးဆောင်ရှေ့နေပါဝါကို ကိုယ်တိုင်လက်မှတ်ထိုးရုပ်သိမ်း လိုက်ကြောင်းနှင့် အာဏာပိုင်များက ၎င်းအား ပုဒ်မ ၆ ခု တိုးခဲ့ကြောင်း သိရသည်။

မစုစုနွေးကို မနက်ဖြန် အင်္ဂါနေ့တွင် အာဏာပိုင်များက ပြစ်ဒဏ် ချမှတ်မည် ဖြစ်သည်ဟု မဌေးဌေးကြည်က ပြော သည်။

“မစုစုနွေးကို မနက်ဖြန် အင်္ဂါနေ့ အမိန့်ချမယ် ၊ ပြီးခဲ့တဲ့ အပတ် ကြာသပတေးနေ့က ရှေ့နေသွားတော့ မတွေ့ခဲ့ရ ဘူး၊ ရှေ့နေပါဝါကို မစုစုနွေးက ရုပ်သိမ်းလိုက်လို့ ၊ အဲဒါ နောက်တိုးတဲ့ ပုဒ်မ အမှု ၆ မှုကို အသေအချာ မသိခဲ့ရ ဘူး၊ မစုစုနွေးက သူ့ဟာသူပဲ အမှုရင်ဆိုင်တော့မယ်ဆိုပြီး ပါဝါ ရုပ်သိမ်းဖို့ သူကိုယ်တိုင် လက်မှတ်ထိုးပေးလိုက် တာ၊ ရှေ့မှာလည်း ရှေ့နေ တွေကို မဆင်မခြင် ထောင်ချနေတာတွေလည်း ရှိနေတယ် မဟုတ်လား”ဟု မဌေးဌေးကြည် က ပြောဆိုသည်။

မစုစုနွေးအား ပထမ ဦး စွာပုဒ်မ ၁၂၄ (က)၊ ၁၃၀ (ခ)၊ ၅၀၅(ခ)/၃၄များဖြင့် စွဲဆိုကြောင်း၊ ၎င်းနောက် ပုဒ်မ ၁၂၄(က)အား နိုင်ငံတော်က ဖြုတ်လိုက်ကြောင်း နှင့် ၎င်းနောက်ပုဒ်မ ၁၅၂၊ ၁၃၀(ခ)၊ ၅၀၅(ခ) များဖြင့်ထပ်မံ စွဲဆိုခဲ့ရာရှေ့နေများက ကန့်ကွက်ထားကြောင်း သိရသည်။

မစုစုနွေးကို ကနေဒါနိုင်ငံအခြေစိုက် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအဖွဲ့၏ ဆုရွေးချယ်ရေးအဖွဲ့က ဂျွန်ဟမ်းဖရေး လွတ်လပ်ရေးဆု (John Humphrey Freedom Award) ၂၀၀၆ ကို ရွေးချယ်ချီးမြှင့် ခဲ့ဖူးသည်။

လွန်ခဲ့သော ၂ ပတ်ခန့်အတွင်း စစ်အာဏာပိုင်များက တရားရုံးကို မထီမဲ့မြင်ပြုမှု၊ တရားစီရင်ရေးကို နှောင့်ယှက် မှုများဖြင့် ရှေ့နေကိုညီညီထွေးကို ထောင် ၆ လ ချမှတ်ခဲ့ပြီး ရှေ့နေကြီး ဦးအောင်သိန်းနှင့် ဦးခင်မောင်ရှိန်တို့ကို ထောင် ၄ လ စီ ချမှတ်ခဲ့သည်။ တခြားသော ရှေ့နေ ကိုစောကျော်ကျော်မင်း မှာလည်း တိမ်းရှောင်နေရကြောင်း သိရသည်။

ယင်းသို့ ဖမ်းဆီးအရေးယူမှုများနှင့်ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာစစ်အစိုးရအား နိုင်ငံရေး လှုပ်ရှားမှုကြောင့် အဖမ်းအဆီးခံနေရသူများ၏ အမှုများအား အကျိုးဆောင်ပေးနေသော ရှေ့နေကြီး ဦးအောင်သိန်း၊ ဦးခင်မောင်ရှိန်နှင့် ကိုညီညီထွေးတို့ကို တရားရုံးအား မထီမဲ့မြင်မှုဖြင့် စွဲဆို၍ ဖမ်းဆီးထောင်ချ နေခြင်းကို ပြစ်တင်ရှုတ်ချ လိုက်ပြီး ၎င်းတို့ကိုအမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုကြောင်း နိုဝင်ဘာ ၇ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

ထို့အပြင် ယခုကဲ့သို့အရပ်သားပြည်သူများအား ဖမ်းဆီးနှိပ်စက်နေသောလုပ်ရပ်သည် နိုင်ငံတကာက စံထားသည့် လူ့အခွင့်အရေးကို ချိုးဖောက်နေခြင်းဖြစ်သည့်အတွက် ဖမ်းဆီးထားသောနိုင်ငံရေးအကျဉ်းသားများအား ခြွင်းချက် မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန် ၊ ဒီမိုကရေစီ အရပ်သားအစိုးရ တရပ်ပေါ်ထွန်းရေးအတွက် ဒီမိုကရေစီ အင်အား စုများ၊ တိုင်းရင်းသား လူမျိုးစုအဖွဲ့များနှင့် ယခုအချိန်မှစတင်၍ တွေ့ဆုံဆွေးနွေးရေးပြုလုပ်ရန် တို့ကိုလည်း အမေရိကန် နိုင်ငံခြားရေးဌာနက တောင်းဆို တိုက်တွန်းထားသည်

RIGHTS-BURMA: Military Accused of Crimes Against Humanity

By Marwaan Macan-Markar

BANGKOK, Nov 9 (IPS) - An onslaught by Burmese troops in the eastern part of the military-ruled country, running for three years now, is laying the junta open to charge of ‘crimes against humanity’.

This new charge adds to a growing list of human rights violations that the South-east Asian nation’s ruling military regime is being slammed for, including the use of rape as a weapon of war in military campaigns in areas that are home to the country’s ethnic minorities. The country has been under the grip of successive juntas since a 1962 military coup.

Eyewitness accounts from civilians fleeing the territory under attack reveal a grim picture of the ‘tatmadaw’, as the Burmese military is called, targeting unarmed men, women and children in a ‘’widespread and systematic way,’’ say human rights and humanitarian groups.

An increasing number of refugees have been crossing over to northern Thailand from among the Karen ethnic community, the second largest ethnic group in Burma, or Myanmar. Many of them live in the mountainous Karen State, the territory where South-east Asia’s longest --and largely ignored -- separatist conflict is being waged between Burmese troops and the armed wing of the Karen National Union (KNU).

‘’Myanmar’s troops are overtly targeting civilians; they are actively avoiding KNU military installations. That is why we are describing the attacks as ‘crimes against humanity’,’’ says Benjamin Zawacki, South-east Asia researcher for Amnesty International (AI), the global rights lobby. ‘’The violations are widespread and systematic.’’

‘’This campaign started in November 2005 and has escalated. They did not even stop during the annual monsoon period (from May to October), which was not the case before,’’ he explained during an IPS interview. ‘’There has been a shift in strategy and intensity. It is no more a dry season offensive.’’

The military campaign is the largest and the longest sustained drive in a decade. ‘’The Burmese army is rotating soldiers every six months and they have penetrated areas deep in the Karen area,’’ David Tharckabaw, vice president of the KNU, said in a telephone interview from an undisclosed location. ‘’Nothing is being spared. They are even destroying fruit plantations like mangosteen.’’

The list of abuse document by AI, and corroborated by other humanitarian groups, include villagers being beaten and stabbed to death, being shot by the ‘tatmadaw’ ‘’without any warning’’ and being tortured and subsequently killed. Karen civilians have also reportedly been subjected to forced labour, disappearances and their rice harvest being burned down.

‘’Before the soldiers left the village, they planted landmines, one of them in front of the church. An old man, maybe 70 years-old, stepped on a landmine and was killed,’’ a female rice farmer told an AI researcher of an incident in early 2006, when the ‘tatmadaw’ burned 20 of the 30 houses in her village.

‘’I lost everything -- kitchen, furniture, rice stocks -- not a single piece of paper was left,’’ she added. ‘’The same happened to the other 19 families whose houses were burned.’’

The unrelenting campaign, which has included the Burmese infantry and heavy use of 120 mm and 81mm mortar shells, has shrunk an already limited space for Karen civilians and internally displaced people (IDPs) to escape to. ‘’The more the Burmese military occupies areas in a worsening situation, the less space there is for civilians to escape to,’’ says Duncan McArthur, emergency relief coordinator of the Thailand Burma Border Consortium (TBBC), an alliance of 11 humanitarian groups helping refugees from Burma along the Thai-Burmese border.

‘’Nearly 66,000 people from 38 townships have been forced to flee their homes due to the armed conflict and human rights abuses,’’ he told IPS. ‘’They had to because the violations are being committed in a climate of impunity.’’

Some of the victims have poured into north-west Thailand, where there are already nine camps that house 120,000 refugees who fled intense phases of the conflict going back over a decade. ‘’There are about 20,000 unregistered new arrivals and the natural growth in the camps,’’ added McArthur. ‘’There is no avenue for redress if they were to stay back.’’

That is reflected in Burma’s over half a million IDPs, nearly 451,000 of which live in the rural ethnic areas, according to TBBC. It places Burma in the same league as countries such as Afghanistan, Sri Lanka and Bangladesh, which have internally displaced running into the hundreds of thousands.

But what sets Burma apart is the lack of any international agencies to help the victims and serve as neutral observers in the conflict zone.

Even the International Committee of the Red Cross (ICRC), which was helping to provide artificial limbs for landmine victims, was hampered by new restrictions to its operations in 2006. In mid-2007, the Geneva-based humanitarian agency broke its famed silence in an unprecedented attack on the junta to explain why it had to end its operations in Burma, including the Karen areas.

The ICRC’s denunciation of major and repeated violations in the conflict zones in eastern Burma confirmed what many analysts had said of a region that is cut away from international scrutiny and media exposure. ‘’The repeated abuses committed against men, women and children living along the Thai-Myanmar border violate many provisions of international humanitarian law,’’ the organisation said.

The Karens, who account for nearly seven million of Burma’s 57 million people, have their own distinctive culture and language and have Buddhists, Christians and animists among them. The Burmans, who are the majority, are predominantly Buddhist by faith, speak Burmese, and have a culture and history shaped by kings before being subjugated by British colonisation.

The Karen fight for independence began in 1949, a year after Burma got independence. And the KNU has refused to sign peace deals with the Burmese regime unlike some of the other separatist rebels from ethnic groups. The latter settled for ceasefire deals over the past two decades, only to learn, subsequently, that the junta’s promises of more political autonomy were hollow.

‘’The Burmese military’s latest strategy is to keep attacking the KNU and Karen civilians in order to drive them to the Thai-Burma border,’’ says Tharekabaw, of the KNU. ‘’Their goal is to control all the land and all the people, which has never been the case before.’’

‘’If they cannot control, they have to kill the people or to wipe them out,’’ he added. ‘’The regime is a fascist regime. Their ideology is extremism, racism and militarism.’’

ကိုရင်မောင်နှင့်စကားစမည်

သော့အိမ်သို့အလည်တခေါက်

ကိုရင်မောင်ရေ

ကျုပ် အခုတလော စဉ်းစားနေမိတာလေးတွေရှိသဗျ။ ပြောရမယ့်လူတွေကလည်း အရှားသားဆိုတော့ ခင်ဗျားကိုအရင်ဆုံး သွားသတိရမိ တယ်ဗျို့ ။ ဒါ့အပြင် ကျုပ်စကားတွေဆို နားအညောင်းခံပြီး နားထောင်ပေးတဲ့သူတွေထဲမှာ ခင်ဗျားကထိပ်ဆုံးဆိုတော့ ခင်ဗျားကို အဦးဆုံးသတိ ရမိတာလည်းပါတာပေါ့ဗျာ။ နောက်ပြီး ခုဆို ခင်ဗျားတို့ ကျုပ်တို့ အသက်တွေကလည်း ၄ ဆယ်ကျော် ၅ ဆယ်တန်းတွေမို့ လား။ အင်း……. ဒီ အရွယ်ဟာ စကားပြောချင်တဲ့ ချဉ်ခြင်းစတက်တဲ့ အချိန်လို့ ထင်တာပါပဲ။ ပြောချင်တာလေးများ ပြောလိုက်ရရင် လူ့ ကို ချဥ့်ရဲလေးပြေလို့ ။ နေ သာထိုင်သာလည်း တယ်ရှိသကိုးဗျ။ ရွာ့ နောက်ပိုင်းသားတွေကတော့ ဒီအရွယ်မှာ ဘ၀စတာတဲ့။ ကျုပ်ကတော့ ဒီလိုမထင်ပေါင်။ ထားပါ တော့ဗျာ။ ဒါနဲ့  ဟိုတလောက ရွာ့သတင်းတခု ကြားလိုက်တယ်ဗျ။ ခင်ဗျားတို့ ကျုပ်တို့  သက်ငယ်သွားသွားရိတ်နေကျ သက်ငယ်ကျင်း နေရာတွေကို သူကြီးကသိမ်းပြီး သူ့  ဆွေမျိုးတွေ အတွက် ခြံကွက်ရိုက်လိုက်တယ်ဆို။ ဟုတ်လား။ အေးဗျာ ဒီသတင်းကြားတော့ ကျုပ်စိတ် တောင်မကောင်းဘူး။ နောက်ဆို ခင်ဗျားတို့  ဟိုး..တောင်ပေါ်တက်ပြီး အင်ဖက်ပဲတိုးရတော့မလိုပါလား။ အင်ဖက်က ပိုးထိုးလည်းမြန်ပါ ဘိသနဲ့ ။ သက်ငယ်လောက်လည်း ခံတာမဟုတ်ဆိုတော့ ….။ မတတ်နိုင်ဘူးဗျာ။ ခင်ဗျားတို့ မလည်း “ရှိတာလေးနဲ့  လှအောင်ဆင်” ဆိုတဲ့ အသင့်စပ်ပြီးသား အမွဲအားတိုးဆေးကြီးဘဲ ဆက်မှီဝဲနေရရုံသာရှိတော့မပေါ့။ သက်ငယ်ကျင်းတွေ အသိမ်းခံရတာကြားတော့ ကျုပ်စိတ်က ရွာက “သက်ငယ်တဲလေးတွေ” ဆီ ရောက်ရောက်သွားတယ်ဗျို့ ။ တဲ….. ဆိုလို့ ပြောရဦးမယ်။ အိမ်ထက်လည်းသေးပြီး ခနော်ခနဲ့ လည်းနိုင်ပုံရတဲ့ အိမ်ကလေးတွေကို၊ ဆောက်ရာမှာသုံးတဲ့ပစ္စည်းကိုလိုက်ပြီး သက်ငယ်တဲ၊ ၀ါးတဲ၊ ဓနိတဲလို့  ခေါ်တယ်မို့ လား။ အုတ်သဲ ကျောက်တွေနဲ့ ဆောက်ပြီး သွပ်လည်းမိုးထားပါရက်နဲ့  ဗြိတိသျှတွေ ခဏတဖြုတ်ဝင်ဝင်နားတဲ့ အဆောက်အဦးကို၊ ပုလိပ်တွေနေတဲ့ ရဲဌာန တို့ ကိုကျတော့ ဘာလို့  ဗိုလ်တဲတို့  ဂါတ်တဲတို့ လို့  ကျုပ်တို့ ခေါ်သလဲမသိဘူးနော်။ နောက်ပေါက်တွေ သက်ငယ်မိုးအိမ်ဆိုတာ မြင်ရဖို့  တော့ ခပ်ခက်ခက်ပဲဗျ။ အမှန်ကတော့ဗျာ သက်ငယ်ပဲမိုးမိုး ဘာပဲမိုးမိုး “အိမ်” ဆိုတာ အိမ်အဓိပ္ပါယ်နဲ့  ပြည့်ရင် “အိမ်” ဖြစ်တာပါဘဲ။ “အိမ်” ဆိုတာ လူနေရုံ၊ သဘာဝဒဏ်ကာကွယ်ရုံ၊ ဓနဥစ္စာရဲ့ အဆောင်အယောင်ဖြစ်ရုံ သက်သက်လောက်ဆိုရင် “အိမ်” ဆိုတာ အိမ်မမြည်သေးဘူးဗျ ကိုရင်မောင်ရဲ့ ။ အုတ်၊ သဲ၊ ကျောက်၊ ဘိလပ်မြေ စတာတွေနဲ့ ဆောက်တော့ တိုက်အိမ်ပေါ့ဗျာ။ သစ်တွေနဲ့ဆောက်တော့ ပျဉ်ထောင်အိမ်ပေါ့။ ခေါင်းမော့ကြည့်ရလောက်အောင် အထပ်အမြင့်ကြီးတွေနဲ့  ဆောက်တော့ မိုးထိတိုက်ကြီးတွေပေါ့ဗျာ။ ၀ါး၊ ဓနိ၊ သက်ငယ် စတာတွေသုံးပြီး ဆောက်ထားတော့လည်း တဲအိမ်ပေါ့နော်။ ကျုပ်ပြောချင်တဲ့ “အိမ်” ဆိုတာကတော့ အဲဒီလိုအမျိုးအစားတွေမှာ တခုမှမပါတဲ့ “အိမ်” ဗျ။ ဘာလဲ ခင်ဗျားအံ့ဩသွား။ အဟုတ်ပြောတာ။ “အိမ်” အမည်ခံ မည်ကာမတ္တ “အိမ်” တလုံးပေါ့ဗျာ။ ကျုပ်ကသာ အိမ်လို့ ကိုယ့်အဓိပ္ပါယ်နဲ့ သုံး လိုက်တာ။ တချို့ လည်းတယ်တော့ ဘ၀င်ကျဟန်မပေါ်ဘူးဗျ။ ကြိုက်လွန်းလို့ ဆိုသူတွေလည်းတွေ့ ခဲ့ဘူးတယ်ဗျို့ ။ တယောက်ဆိုရင် ကျုပ် ကင်ပွန်းတပ်ပေးလိုက်တဲ့အမည်ကို ကြိုက်လို့ ပဲလား ဒါမှမဟုတ် သူ့ ဟာသူ ထိုးထွင်းတွေ့ မြင်မိပြီးတော့ သုံးစွဲလိုက်တာလားတော့ သူကိုယ် တိုင်သာပဲ သိမှာပေါ့နော်။ ကျုပ်ကတော့ ကျုပ်အရင်ဆုံးတွေးမိတာဆိုပြီး မာန်တက်နေတာပေါ့ဗျာ။ သူသုံးစွဲလိုက်တာတွေ့ လိုက်တော့မှ နှိမ့်ချ စိတ်နဲ့ ပျော်မွေ့ မိသွားတယ်ဗျို့ ။ ကျုပ်လိုမျိုးခံစားမိပြီးတွေ့ ရှိသွားတာပဲဖြစ်ဖြစ် ကျုပ် ကင်ပွန်းတပ်ပေးပုံကြိုက်လို့  ယူသုံးတာပဲဖြစ်ဖြစ် အတွေးသစ်တာပေါ့ဗျာ။ သေချာတာတခုကတော့ ဒီလူလည်း ကျုပ်နေခဲ့ဘူးတဲ့ “အိမ်” မှာနေခဲ့ဘူးတဲ့လူလို့ တထစ်ချတွက်လို့ ရတယ်ဗျ။ တအိမ် တည်းနေခဲ့ဘူးသူလည်းဖြစ်မယ်၊ လူချင်းလည်းတွေ့ ခွင့်ကြုံ မယ်ဆုံရင်တော့ ဒီအိမ်အကြောင်း ပြောမဆုံးပေါင်တောင်သုံးတောင်နေမှာ မြင်ယောင်မိသေးတယ်။ ကျုပ်ပြောချင်တဲ့ “အိမ်” အကြောင်းက……………………။

ကျုပ်ရွာမှာနေတုန်းက သူကြီးနဲ့ သူကြီးလူတွေကတဖက်၊ ကျုပ်ကတဖက် ပြဿနာတက်ခဲ့ပြီးနောက် ကျုပ်ကို သူကြီးက ပုလိပ်လက် ကိုအပ် အမှုဆင်ပြီးထောင်ထဲထည့်ခဲ့တာ ခင်ဗျားသိတယ်နော်။ ကျုပ်ကလည်း ခင်ဗျားသိတဲ့အတိုင်း စာတိုငညိုလို ကောင်လေ။ လူကသာ ဘာမှမဟုတ်တာ စာလေးကဗျာလေးတော့ နှစ်သက်တယ်ဗျ။ ကျုပ်ထောင်ထဲရောက်ရော ဆိုပါတော့ဗျာ။ ပဌမတော့ ထောင်ဆိုတာကို လန့်  တန့် တန့် ဗျ။ ဒါပေမယ့် ကိုရင်မောင်ရေ ထောင်ချခံရမှာလည်းသေချာနေပြီဆိုတော့ကာ၊ ဂါတ်တဲမှာနေပြီး ထောင်းလမောင်းကြေအောင် ပုလိပ်နှိပ်စက်ကို မချိမဆန့် ခံနေရတာထက်စာရင် ထောင်ကိုသာမြန်ပို့ လိုက်စေချင်တော့တယ်။ ပို့ တော့မယ်လဲဆိုရော ၀မ်းသာလိုက်ပုံများ မပြောနဲတော့။ “ထောင်မြန်မြန် ကျပါစေ၊ ကျပါစေ” နဲ့ ဆုတောင်းလိုက်ရတာအမောဗျာ။ ထောင်မြန်မြန်ကျဖို့ ဆုတောင်းရတယ်လို့ ပဲ ခင်ဗျားက ပြောဦးမယ်။ တကယ်ပြောတာ။ ထောင်မြန်မြန်ကျရင် ထောင်ဝင်စာစောစောတွေ့ ရမယ်။ ရွာ့ အခြေအနေလေးလည်းသိရမယ်။ ရွာ က ထောင်ကျနေတဲ့သူတွေနဲ့ လည်းတွေ့ ရမယ်။ ၀ါးတီးလေးလည်း မှန်မယ်ပေါ့။ ထောင်ကကျွေးတဲ့ တာလပေါနဲ့  ပုံစံငပိနဲ့ သာ တောက် လျှောက်လွေးနေရလို့  ကတော ကိုရင်မောင်ရေ၊ အခု ဒီအကြောင်းတွေ ခင်ဗျားကိုပြန်ပြောဖို့ နေနေသာသာ။ ဘယ်ဘ၀မှာ ဘာဖြစ်နေမယ် မှန်းတောင်မသိပါဘူး။ ဒီလိုနဲ့ ထောင်ထဲရောက်ရောဆိုပါတော့ဗျာ။ ကျုပ်က သူကြီးနဲ့ ရန်ဖြစ်လာတဲ့ကောင်ဆိုတော့ ရိုးရိုးထောင်သားတွေနဲ့  အတူထားလို့ မရဘူးတဲ့ဗျ။ စစခြင်းတော့ ကျုပ်လည်း ငါတယ်ဟုတ်တဲ့ကောင် ဆိုပြီး နားထင်တောင်ရဲကနဲလေး ဖြစ်သွားမိလိုက်သေးတယ်။ နောက်မှ ဘယ်ဟုတ်မလည်းဗျ။ ကျုပ်တို့ လို ကောင်တွေကိုချည်း သပ်သပ်ခွဲချုပ်ထားပြီး၊ လူမသိသူမသိ နှိပ်စက်ဖို့  အကွက်ဆင်ထားတာဗျ။ တော်တော်လည်တဲ့ကောင်တွေ။

ထောင်ရှေ့ မှာ အချုပ်ကားကြီး ရပ်လိုက်တယ်ဗျာ။ ထောင်အပြင်မှာ ပေါက်တူးတွေဂေါ်ပြားတွေကိုင်ပြီး နေပူကြဲတဲကြီးထဲမှာ အလုပ် လုပ်နေတဲ ပုံစံအ၀တ်အစားနဲ့  ထောင်သားတွေ၊ ယူနီဖေါင်းဝတ် ထောင်ဝန်ထမ်းတွေ၊ ထောင်ဝင်စာတွေ့ ဖို့ တန်းစီစောင့်နေကြတဲ့လူတွေမှ တပုံကြီးရယ်။ အချုပ်ခန်းကျဉ်းကျဉ်းလေးနဲ့တော့ကွာပါ့။ ကျုပ်က ထောင်ထဲရောက်ရတော့မယ်ဆိုကတည်းက ထောင်ထဲမှာဘာတွေများ ကြုံရ ဦးမလဲဆိုတဲ့အတွေးနဲ့  လမ်းဘေးဝဲယာကိုကြည့်ရင်း မှတ်သားလာခဲ့တာဗျ။ အရင်ဆုံး ကားထဲက ကောင်တယောက်က အင်းစိန်ထောင် ရောက်တော့မယ်လို့ ပြောတဲ့အချိန်ကြတော့ ပိုလို့ တောင်သတိထားမိနေတယ်။ အရင်ဆုံး လမ်းမကြီးကနေ ညာဖက်ကိုချိုးဝင်လိုက်တာနဲ့  “ပဌမ” ဆုံး မောင်းတံကြီးတပ်ထားတဲ့ သံတံခါးကြီးတထပ်ကို ဖြတ်ရတယ်ဗျို့ ။ ဘေးမှာလူတယောက်ဝင်သာရုံ တခါးလေးနဲ့  မလွယ်ပေါက် ကလေးနဲ့ ၊ လက်နက်ကိုင်အစောင့်တွေလည်း ဒင်းကြမ်း။ အဲဒါကြီးဖြတ်ပြီးတော့ နောက်ထပ် ထောင်ကို ၀န်းပတ်ခတ်ထားပုံရတဲ့ခြံစည်းရိုးနဲ့  “ဒုတိယ” တံခါးတထပ်ဖြတ်ရပြန်တယ်ဗျာ။ ဒီမှာလည်း အရင်တံခါးလိုပဲ။ နောက်တော့ စက်ဝိုင်းခြမ်းပုံ “တတိယ” သံတံခါးတထပ်။ နောက်တော့မှ ဘေးကအုတ်နံရံတွေနဲ့ တွဲရက် သစ်သားတံခါးကြီး။ တံခါးရွက်ကနှစ်ချပ်။ ဒုကတော့ ထူသလားမမေးနဲ့ ကိုရင်မောင်ရေ။ ယောင်္ကျားကြီးနှစ်ယောက်လောက် မနည်းတွန်းဖွင့်ယူရတယ်။ သူ့ ကျတော့ မလွယ်ပေါက်ကတမျိုးဗျို့ ။ အရင်တံခါးတွေလို ဘေးမှာဖေါက်တာ မဟုတ်ပြန်ဘူး တံခါးရွက်တခုရဲ့ အစွန်း၊ တံခါးရွက်နှစ်ခု ဆက်မိလိုက်ရင် အလယ်ဗဟိုမကျတကျမှာ။ ခေါင်းငုံးပြီးမှ မလွယ်ပေါက်ကလေးကနေ ၀င်ရတယ်။ အဲဒီမလွယ်ပေါက်ကလေးကိုဘဲ ဗူးလို့ လို့ ခေါ်တာထင်ပါရဲ့ ဗျာ။ အဲဒါက “စတုတ္ထ” တံခါး။ အထဲရောက်တော့ စီးလာတဲ့ ဖိနပ်တွေချွတ်၊ တမံသလင်းပေါ် ခေါင်းငုံပြီးဆောင့်ကြောင့်ထိုင်ပေးရတယ်။ ရှာဖွေရေးလုပ်တယ်ဆိုပြီး ပါလာတဲ့ဟာလေးတွေ အကုန်သိမ်း လိုက်တာများ တက်တက်ပြောင်ပဲ။ ဘာမှပြန်တောင်းလို့ လည်းမရတော့ဘူး။ နောက်တော့ ကျုပ်ကို ထောင်မှူးလို့ ထင်တာပါဘဲဗျာ၊ ကောင်တ ကောင်က “မင်းလားကွ သူကြီးကို ပြန်ပြောတဲ့ကောင်” ဆိုပြီး စားတော့ဝါးတော့မလိုပုံနဲ့ မေးတယ်။ ကျုပ်လည်း လန့် တော့လန့် တာပေါ့။ ဒါပေမယ့် ဘယ်ရမလဲ သူကြီးနဲ့ တောင် ရန်ဖြစ်ရဲခဲ့အကောင်ပဲဟာ။ ဆယ်အိမ်ခေါင်းလောက်တော့ ဘာမှုစရာလဲ။ “ဟုတ်တယ် ကျုပ်ပဲ” လို့  ပြန်ပြောတာပေါ့။ ဒီတော့ “ဟေ့ကောင် အရာရှိနဲ့ စကားပြောရင် ပုံစံနဲ့ ပြောရတယ်ကွ” လို့ နောက်နားက အော်သံနဲ့ အတူ လက်ဝါးစောင်း တချက် ဂုတ်ပေါ်ကျလာတော့ ကျုပ်လည်း ကြယ်တွေလတွေမြင်သွားတာဘဲဗျို့ ။ ဒီတင်ဘဲ ကျုပ်နည်းနည်းသဘောပေါက်သွားတယ်။ ဒါ.. ရွာမဟုတ်ဘူး၊ ဒီကောင်တွေကို ရွာကကောင်တွေကို ချတဲ့နည်းနဲ့ ပြန်ချလို မရဘူး၊ နည်းနာပြောင်းရမယ်ဆိုတာပါ။ မေးမြန်းပြီးတော့ အခုန အရာရှိဆိုတဲ့ကောင်က ဘေးနားက လက်မောင်းမှာအရစ်တွေနဲ့  ငနဲတကောင်ကို ဒီကောင့်ကို တိုက်ထဲပို့ လိုက်တဲ့။ ကျုပ်တော့ ဟန်ကျပြီ ဘာပဲဖြစ်ဖြစ် အချုပ်ခန်းကျဉ်းကျဉ်းလေးထဲမှာ ချေးစော်သေးစော်တွေနံ၊ လူပေါင်းသောင်းခြောက်ထောင်နဲ့ နေနေခဲ့ရာကနေ အခုတော့တိုက်နဲ့ ဘာနဲ့ ဆိုတော့ ဟန်သားပဲ။ ငါ့လိုပဲ သူကြီးနဲ့ ရန်ဖြစ်လာတဲ့ကောင်တွေလည်း အနိပ်သားဟပေါ့။ အဲဒီနောက်တော့ “ပဉ္စမ” မြောက်တံခါးဖြစ်တဲ့ သစ်သားတံခါးကြီးတချပ်ရဲ့ အလယ်က “ဗူး” လို့ ခေါ်တဲ့ မလွယ်ပေါက်ကလေးကနေ ခေါင်းလျှိုပြီးဝင်ရပြန်ရောဗျ။ အောက်တော့ အောက်တာပေါ့ဗျ။ ကျုပ်ရှေ့ တင် ကင်းဝင်ကင်းထွက် လုပ်နေတဲ့ ၀ါဒါတွေ၊ အရာရှိတွေအားလုံးကိုကျတော့ တံခါးကြီးတချပ်ဖွင့်ပေးတာ၊ ကားတွေဘာတွေ ၀င်လာထွက်လာတဲ့အခါ တံခါးကြီး နှစ်ချပ်လုံးဖွင့်ပေးတာကို မြင်နေရတာဘဲဟာ၊ မတတ်နိုင်ဘူး ကိုရင်မောင်ရေ သူ့ ရွာ ရောက်သူ့ တရားခေတ်ကိုဗျ။ အဲဒီသားတံခါးကြီး နှစ်ချပ်ကြားကို ထောင်ဗူးကြီးလို့ ခေါ်သဗျ။ အဲဒီမလွယ်ပေါက်ကလေးကနေထွက်တော့ ထောင်ရဲ့ အတွင်းပိုင်းက မြင်ကွင်းကျယ်ရုပ်ရှင်ကားကြီးကျနေတာဘဲ။

အပါးပါး…. ထုံးရောင်တွေနဲ့ မျက်စေ့တောင်ကျိန်းတယ်။ ရေနံချေးရောင်၊ နီစွေးစွေးအုတ်ရောင်တွေနဲ့ တဖက်တချက်မှာ သစ်ပင် ပန်းပင်တွေအလှစိုက်ထားတဲ့ လမ်းမကျယ်ကြီး။ လမ်းမကြီးကလည်း သန့် ရှင်းသလားမမေးနဲ့  ကျုပ်တို့ ကောက်ပြန့် ထားတဲ့ တလင်းထက် တောင်သန့် သေး။ တိတ်လို့ ဆိတ်လို့  ဒီထဲမှာ လူတွေသောင်းချီပြီးနေတာလို့ ကျိန်ပြောတောင်မယုံဘူး။ ထားပါတော့ ဗူးတံခါးလေးက ထွက် လိုက်တာနဲ့  “ဆဌမ” မြောက် စက်ဝိုင်းခြမ်းပုံသံတံခါးတထပ်။ အဲဒါကိုကျော်တော့ မော်စကိုလမ်းမကြီးလို့ ကျော်ကြားတဲ့ မိန်းဂျေးလ် လမ်းမ ကြီးက၀င်တဲ့ အ၀င်တံခါးတချပ်။ သံတခါးပါဘဲ၊ “သတ္တမ” မြောက်ပေါ့နော။ ကျုပ်က ခပ်တည်တည်ပဲ အဲဒီတံခါးကိုကျော်တော့ လမ်းမကြီးပေါ်တက်မလို့ လုပ်တုန်းရယ်၊ နောက်ကနေ “ဟေ့ကောင်အဲဒါမင်းတို့ လျှောက်ဖို့ မဟုတ်ဘူး၊ ဘေးဆင်းလျှောက်” ဆိုတဲ့ အသံ ထွက်လာတော့မှ လမ်းမကြီးရဲ့ ဘေးမှာ နှိမ့်ထားတဲ့ လူ(၂) ယောက်စာသွားသာရုံ လမ်းကျဉ်းလေးတွေ့ တယ်။ တော်သေးတယ် ကိုရင်မောင်ရေ့ ။ နို့ မို့ ဆို အတွယ်များခံရဦးမလားမသိပါဘူး။ ကျုပ်က သိမှသိဘဲ။ သူတို့ လည်း ကြိုပြောထားတာမဟုတ်။ ဒီလိုနဲ့ လမ်းမကြီး ရဲ့ ဘေး ထောင်အတွင်းနံရံနားကပ်ပြီး လျှောက်လာလိုက်တာ ကိုက် ၁၅၀ ကျော်လောက်ရှိမယ်မှတ်တယ်။ နောက်က “ရပ်” ဆိုလို့ ရပ်လိုက် ရတယ်။ ထောင်ဝါဒါ အကြပ်ကြီးက ကျုပ်ရှေ့ ကျော်တက်ပြီး ညာဖက်နံရံမှာ ဖေါက်ပြီးတပ်ထားတဲ့ လူဝင်ပေါက်တံခါးကနေ အတွင်းကို ချောင်းကြည့်တဲ့ပြီး “ ၅- ည အသစ်” လို့ အော်လိုက်တယ်။ ခနလေးနေတော့ “အဌမ” မြောက် တံခါးပွင့်လာပြီး ထောင်ဝတ်စုံနဲ့ ထောင်သား တစ်ယောက်ပေါ်လာတယ်။ “တိုက်ရုံးသွားမယ်နောက်ကလိုက်ခဲ့၊ ဟိုကြည့်ဒီကြည့်မလုပ်နဲ့ ” ဆိုလို့  ကျုပ်လည်း ဘယ်မှကြည့်မနေတော့ပါ ဘူး။ အသာလေးလိုက်သွားတာပေါ့။ တိုက်ရုံးလို့ ခေါ်တဲ့နေရာရောက်တော့ အရာရှိတယောက်က ကျုပ်ကို ပေးမထိုင်ဘူး။ ကျုပ်လည်း မတ်တပ်ကြီးရယ်။ သူ့ ရှေ့ ရပ်နေရတာပေါ့။ ခနနေတော့ ၃-၄ ခွန်းလေက် ဟိုမေးဒီမေး မေးပြီး (၂) တို (၄၇) ခန်းကိုပို့ လိုက်တဲ့။ ဒီတင် နောက်ထပ် ထောင်စောင့်တယောက်က “ငါ့နောက်ကလိုက်ခဲ”့ တဲ့။ နည်းနည်းလေးဘဲလျှောက်ရသေးတယ်၊ ရှည်မျောမျောအဆောင် ကြီးတခုရှေ့ ရောက်တယ်။ သူ့ မှာလည်း တံခါးတချပ်နဲ့ ပါလား။ ဒါကတော့ “န၀မ” တံခါးလေ။ ဘုရားရေ တံခါးတွေကလည်း ကုန်နိုင်ခဲ လှချည်လား၊ ဒါတော့နောက်ဆုံးထင်ပါရဲ့ လို့ တောင်တွေးမိသေးတယ်။ ငါ့ ပြောတော့ တိုက်ထဲပို့ မယ်ပြောတယ် အခု ဘယ်ကိုခေါ်လာတာလဲ။ မေးကြည့်ရကောင်းမလားလို့ တောင်ဖြစ်လိုက်သေးတယ်။ နောက်တော့ မမေးတော့ပါဘူးလေ ရောက်လျားပဲလို့  နေလိုက်တယ်။ အဲဒီတံခါးတချပ် ပွင့်သွားပြန်တော့ သော့တွဲတွေခါးချိတ်ထားတဲ့ ၀ါဒါတယောက်က ကျုပ်ကိုနောက်က လိုက်ခဲ့ခိုင်းပြန်တယ်။ ကျုပ်မလဲ တလျှောက်လုံး နောက်ကချည်းလိုက်နေရတော့တာပါလား။ “ဒီအခန်းပဲ မင်းနေရမှာ”တဲ့။ အခန်းအ၀င်အပေါ်ကို မော့ကြည့်မိလိုက်တော့ ထုံးပေါ်မှာ သင်္ဘောဆေးနဲ့  “၄၇” လို့ ရေးထားတာတွေ့ တယ် လာပြန်ပြီ၊ ဒီမှာလည်း သံတခါးတချပ်။ “ဒါတော့ “ဒသမ” နဲ့  နောက်ဆုံး ဖြစ်မယ်ထင်တယ်” လို့ တွေးပြီး ၀ါဒါဖွင့်ပေးတဲ့အတိုင်း အသာပဲအခန်းထဲဝင်လိုက်တယ်။ “ဟိုအခန်း ဒီအခန်းတွေနဲ့  စကားမပြောနဲ့ ၊ ပြော တာတွေ့ ရင် ပြစ်ဒဏ်နဲ့ ထုတ်ရိုက်ခံရမယ်” လို့ ပြောလည်းပြော သော့လည်းပိတ်ပြီး အခန်းရှေ့ မှာ ခေါက်တုံ့ ခေါက်ပြန်လျှောက်နေတယ် မျက်နှာထားကတော့ ကိုရင်မောင်ရေ တလောကလုံးသူ့ လုပ်စာကျွေးထားရတဲ့အတိုင်းပဲ။

လူဟာစကားပြောတဲ့ အကောင်လေဗျာ။ မပြောရရင်တွေးတာပေါ့။ မတွေးနဲ့ လို့ ဘယ်သူကလာတားလို့ ရမှာတုန်း။ တွေးတာပေါ့။ သူများတွေတော့ ဘာတွေးလည်းမသိဘူး။ ကျုပ်ကတော့ ဒီနေ့ ဖြတ်လာခဲ့တဲ့ တံခါးတွေအကြောင်းတွေးတယ်။ တံခါးဘာလို့ ရှိရတာလဲ။ တံခါးဆိုတာဘာလဲ။ တံခါးရဲ့ အဓိပ္ပါယ်ဘာလဲ။ တံခါးမရှိရင်ဘာဖြစ်မလဲပေါ့ဗျာ လိုက်လျှောက်တွေးတာပေါ့ဗျာ။ လား… လား..ကိုရင်မောင်ရေ ဒီတော့မှ “တံခါးမရှိ ဓါးမရှိ” ဆိုတာရဲ့  အဓိပ္ပါယ်ကို ကျုပ်နားလည်သွားတော့တယ်။ ကျုပ်အတွေးက ဒီတင်မရပ်သေးဘူး တံခါးရှိရင် တံခါးကို ပိုလုံအောင်လုပ်ဖို့  မင်းတုပ်တို့  သော့တို့ ပါ လိုလာပြန်သကိုး။ ဒါနဲ့  သော့တွေအကြောင်းတွေးမိပြန်တယ်။ သော့ဆိုတာကိုလည်း ရိုးတိုး ရိပ်တိတ် သဘောပေါက်မိလိုက်တယ်။ တံခါးနဲ့ တိုင်းမှာ သော့မရှိ/မရှိတော့ မသေချာဘူးပေါ့ဗျာ။ ဒါပေမယ့် အဲဒီနေ့ က ကျုပ်ဖြတ်ခဲ့တဲ့ တံခါး တိုင်းမှာတော့ သော့တွေနဲ့ ချည်းဘဲဗျ ကိုရင်မောင်ရ။

ထောင်ဆိုတာလည်း သဲတွေ အုတ်တွေ ကျောက်တွေ သံတွေ သွပ်တွေနဲ့ ဆောက်ထားတယ်။ လူတွေကိုကိုလည်း ကိုလည်း သူ့  သဘောနဲ့ သူ ပြန်ထွက်လို့ မရအောင် ပိတ်လှောင်ထားတယ်။ တနည်းပြောရရင် လူတွေမနေချင်လည်း နေနေရတယ်။ လူလည်းနေတယ်ပေါ့ ဗျာ။ ဒီတော့ သူလည်း “အိမ်” တမျိုးဘဲ။ ဒါပေမယ့် သူ့ မှာ ထူးခြားတာက တံခါးလည်းရှိဓါးလည်းရှိရုံတင်မကဘူး။ သော့တွေကလည်း အထပ်ထပ်နဲ့ ဆိုတော့ ကျုပ်တွေးမိတယ်။ ဒါကို “အိမ်” ဆိုတာရဲ့ ပြည့်ဝတဲ့အဓိပ္ပါယ်ကို မဆောင်ပေမယ်လို့  “မည်ကာမတ္တအိမ်” လို့  ကျုပ် သဘောနဲ့ ကျုပ် သမုတ်လိုက်မယ်ဆိုပြီး တွေးမိတော့မှ ဒီအိမ်ကို အမည်ပေးလို့ ရသွားတယ်ဗျို့။ အိမ်တော့အိမ် ဒါပေမယ့် “သော့အိမ်”

အဲဒီအချိန်မှာ ကျုပ်မျက်စေ့တွေ ပိတ်ထားသလား ပွင့်နေသလားတော့မမှတ်မိတော့ဘူ၊ မျက်စေ့ထဲမတော့ သော့ခလောက်တွေနဲ့  အိမ်တလုံးသာ မြင်နေရတယ်ဗျာ။

မျိုးမြင့်ချို

၇ ရက် နိုဝင်ဘာ ၂၀၀၈

(မျိုးမြင့်ချို၏ကိုရင်မောင်နှင့်စကားစမည်အစီအစဉ်ကိုအပါတ်စဉ်တင်ဆက်သွားပါမည်။)