8.07.2008

ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် NLDနဲ့တွေ့ ၊အင်းစိန်ထောင် လေ့လာ


ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးအထူးကိုယ်စားလှယ်တော်သစ်ဖြစ်တဲ့ တိုမာ့စ် အိုဟဲယား ကင်တာနား ဟာ သူ့ရဲ့ ခရီးစဉ် တစိတ်တပိုင်းအဖြစ် နိုင်ငံရေးနဲ့ တိုင်းရင်းသား အဖွဲ့အစည်း တချို့ကို တွေ့ဆုံခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒီလို တွေ့ဆုံတဲ့အထဲက အများစုဟာ မြန်မာ စစ်အစိုးရကို လိုလားတဲ့ အဖွဲ့အစည်းတွေဖြစ်နေတာ၊ အတိုက်အခံ ဒီမိုကရေစီရေး လှုပ်ရှားနေကြသူတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် တွေ့ဆုံနိုင်ခြင်း မရှိသေးတာတွေကြောင့် အားမလို အားမရ ဖြစ်နေတာတွေလည်း ရှိနေတာပါ။

မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေကို စုံစမ်းစစ်ဆေးဖို့ ရောက်နေတဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တိုမာ့စ် အိုဟဲယား ကင်တာနား (Tomas Ojea Quintana) က မြန်မာနိုင်ငံက အဓိက အတိုက်အခံ နိုင်ငံရေး ပါတီကြီး တခုဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အပါအ၀င် နိုင်ငံရေး အဖွဲ့အစည်း တချို့နဲ့ တွေ့ဆုံခဲ့တာပါ။ အစိုးရ ဧည့်ဂေဟာမှာ အထူးကိုယ်စားလှယ် တွေ့ဆုံခဲ့တာနဲ့ ပတ်သက်လို့ ရန်ကုန် ကုလသမဂ္ဂရုံးရဲ့ ပြန်ကြားရေး အရာရှိ ဦးအေးဝင်းက အခုလို ပြောပြပါတယ်။

"ရန်ကုန်မှာပါပဲ နိုင်ငံရေးပါတီတွေနဲ့ တွေ့ပါတယ်ခင်ဗျ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီရယ်၊ ၀ံသာနု NLD အဖွဲ့ရယ်၊ တစ်သီးပုဂ္ဂလအဖွဲ့ရယ်၊ 88 Generation Student Union of Myanmar။ ပအို့ဝ် အမျိုးသားအဖွဲ့ အဲဒါပါပဲခင်ဗျ။"

အထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံခဲ့တဲ့ အန်အယ်လ်ဒီ ပါတီကတော့ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ သူတို့ဖက်က ပြောဆိုတင်ပြခဲ့တာတချို့ ရှိခဲ့တယ်လို့ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်း က ပြောပြပါတယ်။

"ကျွန်တော်တို့ ပြောဖြစ်တဲ့ ကိစ္စကတော့ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်အတွက် ဥပဒေအရ ပေးတဲ့ အယူခံ အခွင့်အရေးကို ငြင်းပယ်တဲ့ ကိစ္စကိုလည်း ပြောခဲ့တယ်။ နောက် နိုင်ငံရေး အကျဉ်းသားတွေ ကိစ္စ၊ နိုင်ငံရေး အကျဉ်းသားတွေဟာ ယုံကြည်ချက်ကြောင့် ပြစ်မှုဆိုင်ရာ ဥပဒေ ဟိုပုဒ်မ ဒီပုဒ်မနဲ့ အကျဉ်းချထားတဲ့ကြားထဲက လူ့အခွင့်အရေး ချိုးဖောက်တဲ့ ကိစ္စ၊ အဲဒါတွေကိုလည်း တင်ပြခဲ့တယ်။ နောက်တခုက ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ မသမာတဲ့ နည်းလမ်းတွေ သုံးခဲ့တယ်ဆိုတဲ့ အချက်အလက်တွေကိုလည်း ပြောပြဆွေးနွေးခဲ့ပါတယ်။ သွားတာက ဦးလွင်ရယ်၊ ဦးညွန့်ဝေရယ်၊ CECအဖွဲ့ဝင် ဦးသန်းထွန်းရယ်၊ နဂိုကတော့ ဥက္ကဌ ဦးအောင်ရွှေ သွားဖို့ပါ။ သို့သော်လည်း ဥက္ကဌက ဒီနေ့ ကျန်းမာရေး သိပ်မကောင်းတာနဲ့ မလိုက်ဖြစ်တာပါ။ ဒါကြောင့် သုံးယောက်ပဲ သွားပါတယ်။"

ဒါပေမဲ့လည်း ဒီလိုတွေ့ဆုံမှုတွေမှာ ဆွေးနွေးနိုင်ဖို့ အခွင့်မသာတဲ့အပြင် အထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံဖို့ အချိန်တိုတိုသာ ရခဲ့တယ်လို့လည်း ဦးဥာဏ်ဝင်း က ဆိုပါတယ်။

"ဒီနေ့ မနက် ၁၀နာရီခွဲမှာ ကျွန်တော်တို့ လူကြီးတွေကို သက်ဆိုင်ရာက လာခေါ်သွားပါတယ်။ မြရိပ်ညို ဟိုတယ်မှာ နေရာချထားတယ်။ ၁၀နာရီခွဲကသွားတာ ၁နာရီင်္ခွဲကျမှ လူ့အခွင့်အရေး ကိုယ်စားလှယ်ကြီးနဲ့ တွေ့ခွင့်ရတယ်။ တွေ့ခွင့်ရတဲ့ အချိန်က ၁၀မိနစ်ပဲရတယ်။ ဘာကြောင့်လဲဆိုတော့ သက်ဆိုင်ရာက စီစဉ်ထားတာက NLD၊ တစည၊ နောက်နိုင်ငံရေး ပါတီမဟုတ်ဘဲနဲ့ နိုင်ငံရေး အလုပ်လုပ်တဲ့ အဖွဲ့တွေ၊ နာမည် တပ်ထားတာက ၀ံသာနုတို့၊ ၈၈မျိုးဆက်ပြည်ထောင်စု မြန်မာနိုင်ငံတို့ အဲဒါမျိုးကလည်း လေးဖွဲ့လောက်ပါတယ်။ အားလုံး ခြောက်ဖွဲ့ဖြစ်သွားတာပေါ့။ အဲဒါကို တပြိုင်တည်း မစ္စတာ ကင်တားနားနဲ့ တွေ့ဖို့ စားပွဲတွေ၊ နေရာတွေ ဆင်ထားတယ်။ သို့သော်လည်းပဲ မစ္စတာ ကင်တားနားက ဒီလို တွေ့တာထက် ကို တဖွဲ့ချင်းတွေ့တာက ပိုကောင်းပါတယ်ဆိုတော့မှ တဖွဲ့ချင်း ပြန်ပြီးတော့ တွေ့ရပါတယ်။ NLDက ပထမဆုံးတွေ့ရတယ်။ အားလုံးက ၁၀မိနစ်ဆီပဲ ရပါတယ်။ ဒါကြောင့် အပြန်အလှန်ဆွေးနွေးဖို့ အချိန်မရဘူး။ "

လူ့အခွင့်အရေး ကိုယ်စားလှယ်ရဲ့ ခရီးစဉ်အတွင်း အတိုက်အခံ ဒီမိုကရေစီရေး လှုပ်ရှားနေသူတွေနဲ့ တွေ့ဆုံတာထက် မြန်မာစစ်အစိုးရနဲ့ နီးစပ်သူတွေနဲ့ တွေ့ဆုံတာတွေကသာ ပိုများနေတာပါ။ ဒီအတွက်ကြောင့် မို့လို့လည်း လူ့အခွင့်အရေး ကိုယ်စားလှယ်နဲ့ တွေ့ဆုံဖို့ မျှော်လင့်ထားကြတဲ့ နိုင်ငံရေး အင်အားစုတွေကြား စိတ်ပျက် လက်ပျက် ဖြစ်နေရတာ တွေလည်း ရှိပါတယ်။ ဒီအထဲက တိုင်းရင်းသား နိုင်ငံရေးေ ခါင်းဆောင်တဦဖြစ်တဲ့ ဇိုမီးအမျိုးသား ကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ဦးကျင့်ရှင်းထန် ကတော့ -

"ပြောချင်တာကတော့ ကျွန်တော်တို့ ဒီမှာ လူ့အခွင့်အရေး ချိုးဖောက်ခံထားရတဲ့သူတွေရဲ့ အခြေအနေကို လာကြည့်တဲ့ ပုဂ္ဂိုလ်အနေနဲ့က အခွင့်အရေးကို ချိုးဖောက်ခံနေရတဲ့ သူတွေနဲ့ တွေ့ဖို့က အရေးအကြီုးဆုံးလို့ ကျွန်တော်အနေနဲ့ မြင်ပါ တယ်။ အဲဒီလို မဟုတ်ဘဲနဲ့ သူတို့က နိုင်ငံတော်အစိုးရရဲ့ အသင့်ပြင်ပြီးတော့ သူတို့ပြချင်တဲ့သူ၊ သူနဲ့ တွေ့စေချင်တဲ့သူ လောက်နဲ့ပဲ တွေ့တယ်ဆိုတော့ သူတာဝန်မကျေဘူးလို့ ကျွန်တော်တော့ ဒီလိုပဲ ပြောချင်တယ်။"

ဒီလို လူ့အခွင့်အရေး ကိုယ်စားလှယ် တွေ့ဆုံခွင့် ရမယ်၊ မရဘူး အခုအချိန်အထိ မသေမချာ ဖြစ်နေရတဲ့အထဲမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း တဦးအပါအ၀င် ဖြစ်ပါတယ်။ ဒီလို ဝေဖန်သံတွေ ကြားနေရတဲ့ အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ ရန်ကုန် ကုလသမဂ္ဂရုံး ပြန်ကြားရေး အရာရှိ ဦးအေးဝင်း ကို မေးကြည့်ပါသေးတယ်။

"လူ့အခွင့်အရေးကိုယ်စားလှယ်နဲ့ နိုင်ငံတော် အာဏာပိုင်နဲ့ ဆွေးနွေးပြီးတော့ အဆင်သင့်သလို ဆောင်ရွက်သွားတဲ့ကိစ္စမှာ ဖြစ်လာတဲ့ဟာတွေကို ကြိုမပြောနိုင်သေးပါဘူး။ ပြောခွင့်လည်း မရှိပါဘူး။"

အန်အယ်လ်ဒီပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်း ကတော့ အစိုးရနဲ့ ညှိနှိုင်း သွားလာနေရတဲ့ အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ အခုလို ကောက်ချက်ချပါတယ်။

"ဒီနေ့ အစီအစဉ်တွေတင် မဟုတ်ပါဘူး။ အရင်နေ့ အစီအစဉ်တွေမှာလည်း တွေ့ရတယ်ဆိုတဲ့ သတင်း ကြားတာတွေ ကလည်း ဒီသဘောပါပဲ။ သူတို့ အစိုးရအတွက် ထောက်ခံပြောဆိုမယ့် အဖွဲ့အစည်းတွေက ပိုများမယ်၊ အသံပိုကျယ်မယ်၊ အသံများမယ်။ ဒါသေချာသလောက်ပါပဲ။ ကျွန်တော်တို့ ထင်တာကတော့ အဲဒီလို အစိုးရကလည်း စီစဉ်တယ်တဲ့ သဘောလို့လည်း ထင်တယ်။"

လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟာ မနေ့တုန်းကတော့ ရန်ကုန်မြို့ အင်းစိန်ထောင်ကို သွားရောက်ပြီး ထင်ရှားတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ဖြစ်ကြတဲ့ သတင်းစာဆရာကြီး ဦးဝင်းတင်၊ သံဃာတော်တပါးဖြစ်တဲ့ အရှင်ဂမ္ဘီရ၊ လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေး အပါအ၀င် အကျဉ်းကျခံနေရသူ ၅ ယောက်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဒီနေ့ မွန်းလွဲပိုင်းမှာတော့ နေပြည်တော်ကို သွားပြီးတော့ အစိုးရ တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံဦးမှာပါ။ ဒီနောက် မနက်ဖြန် ရောက်ရင်တော့ သူ့ရဲ့ ခရီးစဉ်အဆုံးသတ်ပြီး မြန်မာနိုင်ငံက ပြန်လည်ထွက်ခွာဖို့ ရှိပါတယ်။

ကုလ လူ့အခွင့်အရေးကိုယ်စားလှယ် အင်းစိန်ထောင် လေ့လာ



ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်တော်သစ်ဖြစ်

တဲ့ တိုးမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ဟာ သူ့ရဲ့ ဒုတိယနေ့

ခရီးစဉ်ဖြစ်တဲ့ ဒီကနေ့မှာ နိုင်ငံရေးအကျဉ်းသား အများအပြားကို ဖမ်းဆီးထိန်းသိမ်း


ထားရာ ရန်ကုန်မြို့က အကျဉ်းထောင်ကိုလည်း သွားရောက်ခဲ့ပါတယ်။ တချိန်တည်းမှာ


ပဲ အခုလို မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေကို စုံစမ်းစစ်ဆေးဖို့ရောက်


နေတဲ့ အထူးကိုယ်စားလှယ်သစ်အနေနဲ့ ရောက်တုန်းရောက်ခိုက် အကျဉ်းသားတွေ


လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ အခြေအနေတွေကိုလည်း ဖော်ထုတ်သွားနိုင်ဖို့


တိုက်တွန်းပြောဆိုသံတွေကိုလည်း ကြားနေရပါတယ်။ အကြောင်းစုံကို



ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တိုးမတ်စ် အိုဟေး ကင်တားနားက


သူ့ရဲ့ ဒုတိယနေ့ခရီးစဉ် တစိတ်တပိုင်းအဖြစ်နဲ့ အင်းစိန်ထောင်ကို သွားရောက်ခဲ့တာပါ။


နေ့လယ်ပိုင်းက သွားရောက်ခဲ့ပြီးတော့ နိုင်ငံရေးအကျဉ်းသားတချို့နဲ့ တွေ့ဆုံဖွယ်ရာ


ရှိတယ်လို့လည်း မျှော်လင့်ရပေမယ့် ဘယ်သူဘယ်ဝါတွေ ပါဝင်မယ်ဆိုတာတော့ မသိရ


သေးဘူးလို့ အင်းစိန်ထောင်ရှေ့ကို ဒီကနေ့ သွားရောက်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား


မိသားစုဝင်တဦးက ပြောပါတယ်။

"ရောက်နေတယ်။ ဘယ်သူတွေနဲ့ တွေ့နေလည်းတော့ မသိဘူး။ ၂ နာရီလောက်က


ရောက်တာ။ အခုထက်ထိတော့ မပြန်သေးဘူး။ ၂၀၀၇ အသုတ်ဆိုတော့ ဒီငြိမ်းလင်းနဲ့


တွေ့မလားတော့ မသိဘူး။ အဲဒီလိုအသံတော့ ထွက်နေတယ်။"

အခုလို အထူးကိုယ်စားလှယ်မတိုင်ခင် ကြိုတင်ပြင်ဆင်မှုတွေ လုပ်တဲ့အနေနဲ့ အစော


ပိုင်းမှာတုန်းက ထောင်တွင်းမှာကျွေးမွေးတဲ့ အစားအသောက်၊ အနေအထိုင် အခြေ


အနေတချို့ တိုးတက်ခဲ့ပေမယ့် နိုင်ငံရေးအကျဉ်းသားတွေကို တနေရာကနေတနေရာ


ရွှေ့ပြောင်းတာမျိုး၊ ထောင်ဝင်စာတွေ ပိတ်ပင်ထားတာမျိုးတွေ ရှိခဲ့တယ်လို့လည်း ဒီ


အကျဉ်းသားမိသားစုဝင်ကပဲ ပြောပါသေးတယ်။

"ထူးခြားမှုကတော့ အဆောင်တွေ ခြိမ်းလိုက်တာပေါ့။ လူတွေ ဘယ်လိုထားမလဲတော့


မသိသေးဘူး။ တွေ့ပေးမယ့်လူပဲ ခွဲထားလိုက်လား၊ ကျန်ခဲ့တဲ့တပတ်လောက်ကတော့


ဟင်းအစိုလေးတွေ နှစ်မျိုးလောက် ပြန်ပေးခိုင်းတယ်။ အရင်တုန်းကတော့ ပေးလို့မရ


ဘူး။"

တကယ်တော့ ဒီလိုအခြေအနေမျိုးတွေအပြင် စွပ်စွဲချက်တွေ အမျိုးမျိုးနဲ့ ထောင်တွေထဲ


မှာ ထိန်းသိမ်းခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အနေနဲ့က ဥပဒေကြောင်းအရ


အကာအကွယ်တွေကလည်း မရှိသလောက် ဖြစ်နေရတယ်လို့ မိသားစုဝင်တွေ၊ အကျဉ်း


သားတွေအတွက် လိုက်ပါကူညီပေးနေတဲ့ ရှေ့နေတွေကလည်း ပြောနေကြတာပါ။


ဒီအထဲမှာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာ သံဃာတော်တွေဦးဆောင်တဲ့ လှုပ်ရှားမှုတွေအတွင်း


ထင်ရှားခဲ့တဲ့ သံဃာတော်တပါးဖြစ်တဲ့ အရှင်ဂမ္ဘီရရဲ့အမှုကို လိုက်ပါကူညီပေးဖို့ ကြိုးပမ်း


နေတဲ့ ရန်ကုန်မြို့က ရှေ့နေ ဦးညီညီလှိုင်ကတော့ နိုင်ငံရေးအကျဉ်းသားတွေ ကြုံနေရ


တဲ့ လူ့အခွင့်အရေး ဆုံးရှုံးမှုတွေနဲ့ ပတ်သက်လို့ အခုလိုဆိုပါတယ်။

"ဦးဂမ္ဘီရလိုလူတွေက ဘာပုဒ်မနဲ့ အရေးယူထားပြီး ဘာပုဒ်မနဲ့ အဖမ်းခံထားရမှန်း မသိ


ဘဲနဲ့ ထောင်ထဲမှာပဲ ခုခံချေပခွင့် မရဘဲနဲ့ အချုပ်ခံထားရတာ ဖြစ်နေတဲ့အတွက်


ကျနော်တို့ကို မည်သည့်ပုဒ်မနဲ့ အရေးယူထားပြီး မည်ကဲ့သို့ ခုခံရမယ်ဆိုတာ သိသာ


ထင်ရှားအောင် လုပ်ပေးသင့်ပါတယ်။ ထောင်ထဲမှာပဲ ချုပ်ရက်တွေအကြာကြီး ခုခံချေပ


ခွင့်မရဘဲနဲ့ ဒီအတိုင်းပဲ အချုပ်ခံနေရတဲ့အတွက် အများကြီး လူ့အခွင့်အရေး ထိခိုက်


နစ်နာနေပါတယ်ဆိုတာ ပြောသင့်ပါတယ်။ ဒါမျိုး အခြားလူတွေမှာလည်း ရှိပါတယ်။

"ဥပမာ ကျနော်လိုက်တဲ့အမှုထဲက ၈၈ မျိုးဆက်ကျောင်းသားထဲက ကိုကျော်ဆန်းဆိုရင်


သူက အေးစေတီဘုရားမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့အတွက် တခြား


အန်န်အယ်လ်ဒီပါတီဝင်တွေနဲ့ ဆုတောင်းကြတယ်။ ဆုတောင်းတယ်ဆိုတာ သူတို့


စိတ်ထဲကနေ သူတို့ လွတ်မြောက်ပါစေဆိုပြီး ဆုတောင်းတာ။ ဘယ်သူမှလည်း မကြား


နိုင်ဘူး၊ မသိနိုင်ဘူး။ ဒီဟာကိုပဲ ရုံးတင်စစ်ဆေးတဲ့အခါကြတော့ ပုဒ်မ ၁၄၇၊ ၅၀၅(ခ)


တို့နဲ့ စစ်ဆေးတဲ့အခါကြတော့ ဘုရားဝတ်ပြုနေတဲ့ပုံကို ဓာတ်ပုံရိုက်ထားပြီး ဒါ ပြစ်မှု


ကျူးလွန်နေပါတယ်ဆိုပြီး စွပ်စွဲထားတာမျိုးတွေပေါ့။

"ဒါ အခြေခံ လူ့အခွင့်အရေးပဲ။ လူတိုင်းမှာရှိတဲ့ လွတ်လပ်စွာ ကိုးကွယ်ဆုတောင်းပိုင်ခွင့်


ဆိုတဲ့ အခွင့်အရေးလေးတောင် မရဘူးဖြစ်နေတယ်။ ဒါကြောင့် လူ့အခွင့်အရေး


ကော်မရှင်က တာဝန်ရှိတဲ့လူတွေနဲ့ ပြောဆိုဆွေးနွေးတိုင်ပင်ပြီး အဖြေတခု ထုတ်သင့်


ပါတယ်။ ဒါ ကျနော်တို့ရဲ့ အခြေခံလူ့အခွင့်အရေး ဆုံးရှုံးတာဖြစ်တယ်။"

ကုလသမဂ္ဂ အပါအ၀င် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာနေတဲ့ အဖွဲ့အစည်းတွေက


မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၂,၀၀၀ လောက် ရှိတယ်ဆိုပြီး


စာရင်းပြုစုထားပေမယ့် မြန်မာစစ်အစိုးရဘက်ကတော့ နိုင်ငံရေးအကျဉ်းသားဆိုတာ


မရှိဘူး၊ ရာဇ၀တ်ပြစ်မှုနဲ့ အရေးယူထားတာသာ ဖြစ်တယ်ဆိုပြီး ကာကွယ်ပြောဆိုနေ


တာပါ။ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ဥပဒေအကျိုးဆောင်တဦးဖြစ်တဲ့ ဦးညီညီလှိုင်


ကတော့ …

"နိုင်ငံရေးအကျဉ်းသားတွေ အမှန်တကယ် ရှိနေပါတယ်။ နိုင်ငံရေးလုပ်လို့ အဖမ်းခံ


ထားရတဲ့လူတွေ အမှန်တကယ်ရှိနေပါတယ် ဆိုတာကိုတော့ လူ့အခွင့်အရေးကိုယ်စား


လှယ်ကို သိစေချင်ပါတယ်။ အုပ်ချုပ်တဲ့အစိုးရရဲ့ အုပ်ချုပ်တဲ့စနစ်၊ အုပ်ချုပ်တဲ့မူကို


မကြိုက်လို့ ပြောကြဆိုကြတဲ့လူတွေ အဖမ်းခံရတယ်။ အဖမ်းခံရတဲ့အတွက် အမှုရင်ဆိုင်


ရတယ်။ ဒါ နိုင်ငံရေးအကျဉ်းသားပါ၊ နိုင်ငံရေးပြစ်မှုပါဆိုတာ သိသာထင်ရှားစေချင်


တယ်။"


ရန်ကုန်မြို့က ရှေ့နေ ဦးညီညီလှိုင်ပါ။

မနေ့တုန်းကလည်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးဖြစ်တဲ့ Amnesty

International က လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မြန်မာနိုင်ငံရောက်နေခိုက်
တိုက်တိုက်ဆိုင်ဆိုင် ဆိုသလိုပဲ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေနဲ့
ပတ်သက်လို့ ဝေဖန်ပြစ်တင်လိုက်ပါသေးတယ်။ မြန်မာစစ်အစိုးရက နိုင်ငံရေးအကျဉ်း
သားတွေကို ဆက်လက်ဖမ်းဆီးထားတာ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်
လို့ အနှစ်သာရမရှိတဲ့ ကတိတွေသာ ပေးနေတာကို ကုလသမဂ္ဂအနေနဲ့ လက်ခံနေဖို့
မသင့်ဘူးဆိုပြီးတော့လည်း ပြောဆိုလိုက်ပါသေးတယ်။