1.12.2010

ဒေါ်အောင်ဆန်းစုကြည် လုံခြုံစိတ်ချရခြင်း မရှိသော အိမ်တွင် နေထိုင်ရပြီး တရားမျှတသော သူမ၏ အခွင့်အရေးများ ဆုံးရှုံး နေဆဲဟု သူမရှေ့နေများပြော

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သူမအတွက် လုံခြုံရေး အတွက် စိတ်ချရသော အခြအနေ မရှိသည့် အခြေအနေတွင် နေထိုင်နေရဆဲ ဖြစ်ကြောင်း လာမည့် ၁၈ရက်နေ့တွင် တင်ပြရမည့် အယူခံလွှာ အတွက် တွေ့ဆုံခဲ့သူ သူမ၏ ရှေ့နေများက ပြောပါသည်။
သူမ၏ ရှေ့နေနှင့် NLD ၏ ပြောရေးဆိုခွင့် ရှိသူ ဦးဥာဏ်ဝင်းက ပြောပြရာတွင် သူနှင့် ဒေါ်အောင်ဆန်း စုကြည်၏ ရှေ့နေအဖွဲ့ တာဝန်ခံ ဦးကြည်ဝင်းတို့ ဒေါ်အောင်ဆန်း စုကြည်နှင့် လာမည့် ၁၈ ရက်နေ့ အယူခံ အတွက် ယနေ့ နေ့လည်ခင်းက တွေ့ဆုံ ဆွေးနွေးခဲ့ ကြသည့် အပေါ် အောက်ပါအတိုင်း ပြောပြ သွားခဲ့ပါသည်။

ဦးဥာဏ်ဝင်းက ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ရန်ကုန်တိုင်း စည်ပင်သာယာရေး ကော်မတီ၏ ညွှန်ကြား ချက်အရ သူမ၏ နေအိမ် ပြူတင်းပေါက်များ အတွက် သံပန်းများ ပြုလုပ်နေသည့် အလုပ်သမားများကို ရပ်ဆိုင်း ရန် အမိန့်ပေးခဲ့ပြီး ထို မပြီးပြတ်သေးသည့် ပြူတင်းပေါက် သံပန်းများ နေရာတွင် သစ်သားများဖြင့် ယာယီ ပိတ်ဆို့ ခိုင်းခဲ့ရာ ယခုအထိ ထို လုံခြုံမှု မရှိသော အခြေ အနေတွင်ပင် နေထိုင်နေရဆဲ ဖြစ်သည်ဟု ပြောပြ သွားခဲ့ပါသည်။
ဦးဥာဏ်ဝင်းက ဆက်လက် ပြောပြရာတွင် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ရန်ကုန်တိုင်း စည်ပင်သာယာရေး ကော်မတီ၏ အမိန့်ကို လေးစား လိုက်နာ၍ ပြီးခဲ့သော ဒီဇင်ဘာလ ၂၃ ရက်နေ့ ကခွင့်ပြုခဲ့ပြီးနောက် တွင် သူမ၏ အကိုဖြစ်သူ အောင်ဆန်းဦး၏ ကန်ပကွက်ချက် အရ စည်ပင်သာယာ၏ အမိန့် အတိုင်း သူမ၏ နေအိမ်ပြုပြင်မှုကို ရပ်ဆိုင်းထားခဲ့သော်လည်း ၊ ထိုကန့်ကွက်ချက် မိတ္တူကို ဥပဒေကြောင်းအရ ရရှိနိုင်ရေး အတွက် အမိန့် ထုတ်ပြန် ပြီး နောက်တနေ့မှ စ၍ သူမ၏ ရှေ့နေများက တောင်းဆိုခဲ့ သော်လည်း ယခုအချိန်အထိ ထို ကန့်ကွက်ချက်၏ မိတ္တူကို ရရှိသေးခြင်း မရှိဟုလည်း ဦးဥာဏ်ဝင်းက ဆက်လက် ပြောပြခဲ့ပါသည်။
တရားဥပဒေ နည်းလမ်းကျနစွာ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် စည်ပင်သာယာမှ ခွင့်ပြုပေးထားခဲ့သော သူမ၏ နေအိမ်ပြုပြင်ခွင့် အပေါ် တုန့်ပြန်နိုင်ရန်အတွက် သူမ၏ အကိုဖြစ်သူ အောင်ဆန်းဦး၏ ကန့်ကွက်ချက် မိတ္တူကို ဥပဒေ ကြောင်းအရ လိုအပ် သော်လည်း ယခုထိ မည့်သည့် တုန့်ပြန်ချက်ကိုမျှ မရရှိခဲ့ကြောင်း ကိုလည်း ဦးဥာဏ်ဝင်း က ဆက်လက်ပြောပြ သွားခဲ့ပါသည်။
ဒေါ်ောင်ဆန်းစုကြည်၏ နေအိမ်ဝင်း အတွင်းသို့ အမေရိကန် နိုင်ငံသား ဂျွန်ဝီလျှံ ယက်တော အစောင့် အကြပ်များကို ဖြတ်၍ ကျူးကြော် ဝင်ရောက်ခဲ့သည့် ကိစ္စနှင့်ပါတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်အပေါ် နအဖ မှ မတရား အမှုဆင် တရားစွဲ ဆိုမှု ပြုခဲ့သည့် နောက်ပိုင်းတွင် ဒေါ်အောင်းဆန်းစုကြည်မှ သူမ၏ နေအိမ် လုံခြုံမှု အတွက် လိုအပ်သော ပြုပြင်မှုများ ပြုလုပ်ရန် အတွက် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီသို့ လျှောက်ထားခဲ့ရာ စည်ပင်သာယာရေး ကော်မတီ၏ ခွင့်ပြု ချက်ဖြင့် မလုံခြုံသော သူမ၏ နေအိမ် တံခါးများကို သံပန်းများဖြင့် အစားထိုးရန် လုပ်ဆောင်နေစဉ် ကာလတွင် ယခုကဲ့သို့ စည်ပင်သာယာမှ တားမြစ်မိန့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါသည်။
ယခုအချိန်တွင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် လုံခြုံစိတ်ချမှု အတွက် အာမခံချက် မရှိသော သူမ၏ နေအိမ်တွင် ဆက်လက်နေထိုင် နေရဆဲ ဖြစ်သလို ထိုသို့ တားမြစ်ချက် အပေါ် ဥပဒေနှင့် ညီညွတ်သော မည်သည့် အခွင့်အရေးကိုမှ ရရှိခြင်း မရှိခဲ့ကြောင်း သတင်းရရှိပါသည်။
ပြည်တွင်း သတင်းထောက်(ရွှေဝါရောင် သတင်းလွှာ)