8.23.2008

ကုလကိုယ်စားလှယ်နှင့် အန်အယ်လ်ဒီ ထပ်မံတွေ့ဆုံရာတွင်

မစ္စတာဂမ်ဘာရီနှင့် အန်အယ်လ်ဒီ ခေါင်းဆောင်ပိုင်း ဒုတိယအကြိမ် ထပ်မံတွေ့ဆုံခွင့်ရသည့် အတွက် အထိုက်အလျောက် ကျေနပ်အားရမှုရှိကြောင်း၊ ဗုဒ္ဓဟူးနေ့က ပထမအကြိမ် ဆွေးနွေးခဲ့ပြီး မစ္စတာဂမ်ဘာရီ နအဖထံ တင်ပြတောင်းဆိုမည့် အစီအစဉ် (၅) ရပ်ကိုပင် ယနေ့ ထပ်မံဆွေးနွေး ခဲ့သည်ဟု အန်အယ်လ်ဒီက ပြောသည်။
အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာဝင်းနိုင်က ရှင်းပြရာတွင် “ဟိုတနေ့က အဲ့ဒီကိစ္စတွေ ဆွေးနွေးဖို့ သိပ်အချိန်မရဘူးလေ။ ခုမှ စဆွေးနွေးတာပါ။ ဆွေးနွေးပွဲက မပြီးပြတ်သေးတော့ ဘာမှသတင်းမထုတ်ပြန်သေးဘူး။ ကျနော်တို့ နောက်ထပ်တွေ့ဖို့ အစီအစဉ်ရှိတယ်။ ဘယ်တော့ လည်းတော့မသိသေးဘူး။ အဓိကတော့ ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသား တွေလွှတ်ပေးရေးကို စဆွေးနွေးတယ်” ဟု ပြောသည်။
ဲပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ကလည်း အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်များနှင့် မစ္စတာဂမ်ဘာရီတို့ တွေ့ဆုံခဲ့သော်လည်း အပြန်အလှန်ဆွေးနွေးခွင့် အပြည့်အ၀မရသဖြင့် အားရကျေနပ်မှုမရှိဟု အန်အယ်လ်ဒီက ပြောခဲ့သည်။
မစ္စတာဂမ်ဘာရီ၏ အစီအစဉ် (၅) ချက်မှာ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်း သားများအားလုံး ပြန်လွှတ်ပေးရေး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖတို့အကြား တိုက်ရိုက် တွေ့ဆုံဆွေးနွေးနိုင်ရေး၊ တိုင်းပြည် ဆုတ်ယုတ်နေသည့် စီးပွားရေးအခြေအနေ အကူအညီ ပေးရန်၊ မစ္စတာဂမ်ဘာရီ၏ ကိုယ်စားလှယ် ရန်ကုန်၌ ထားရှိပေးရေးနှင့် လာမည့်ဒီဇင်ဘာ၌ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကိုယ်တိုင် မြန်မာနိုင်ငံ လာရောက်၍ မြန်မာနိုင်ငံရေးကိစ္စ ဆွေးနွေး ရန်တို့ဖြစ်သည်။
ကုလသမဂ္ဂကိုယ်စားလှယ်နှင့် ယနေ့ ထပ်မံတွေ့ဆုံသည့် အန်အယ်လ်ဒီ ခေါင်းဆောင်များမှာ ပါတီ ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင်၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးညွှန့်ဝေ၊ ဦးသန်းထွန်း၊ ဦးစိုးမြင့်တို့ဖြစ်ကြသည်။ ယနေ့မွန်းလွဲ (၂) နာရီခန့်က အစိုးရဧည့်ဂေဟာ၌ ဒုတိယ အကြိမ် ထပ်မံတွေ့ဆုံခြင်းဖြစ်သည်။

Suu Kyi Reportedly Refuses to Meet Gambariဒေါ်စုနှင့် တွေ့ခွင့်ရရေး ဂန်ဘာရီ အထူးကြိုးပမ်းနေ

Burma’s pro-democracy leader Aung San Suu Kyi is reportedly refusing to meet UN special envoy Ibrahim Gambari because she’s unhappy with the way his mission is being organized and carried out.
An official of Suu Kyi’s National League for Democracy (NLD) said: “We heard that she is unhappy with the atmosphere of the Gambari trip.”
Sources suggested that Suu Kyi wanted to make it clear to Gambari that she thought he should also meet Than Shwe and urge the junta leader to begin substantive talks.
The NLD official said Suu Kyi might also have been unhappy with the regime’s organization of a meeting lasting only 20 minutes between Gambari and the NLD central executive committee on Wednesday, the third day of his five-day visit to Burma.
At Gambari’s request, the envoy had another, longer meeting with five NLD central executive committee members of the NLD at a government’s house in Rangoon, said Win Naing, a leading NLD member.
Others attending the meeting were Chairman Aung Shwe, Secretary U Lwin, Than Htun, Soe Myint and Nyunt Wai.
NLD Spokesman Nyan Win said Gambari discussed his mission with the group. Sources said Gambari plans to extend his stay in Burma by one more day in an attempt to meet Suu Kyi.
On Friday morning, two Gambari aides were seen by neighbors outside the gate of Suu Kyi's residence, shouting Gambari's name. They left when nobody came out to meet them, according to the Associated Press. During the meeting with NLD executive committee members on Wednesday, Gambari said he would urge the junta to make sure the general election planned for 2010 would be free and fair. Ohn Kyaing, a leading member of the NLD, said Gambari made no reply when tackled about the 1990 election, the result of which had been ignored by the regime.In the 1990 election, NLD candidates won 82 percent of the parliamentary seats, but the results were not honored by the military government which continued to retain power. In July, the Burmese regime urged the NLD to forget the results of the 1990 election and to form a new political party to contest the 2010 election.
ဒေါ်စုနှင့် တွေ့ခွင့်ရရေး ဂန်ဘာရီ အထူးကြိုးပမ်းနေ
သြဂုတ် ၂၂၊ ၂၀၀၈
မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူး အကြံပေး ပုဂ္ဂိုလ် မစ္စတာ အီဗရာဟင် ဂန်ဘာရီသည် ဗုဒ္ဓဟူးနေ့က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင် ဆန်း စုကြည်နှင့် တွေ့ဆုံရန်အစီအစဉ်ပျက်သွားပြီးနောက် ၎င်း မပြန်မီ တွေ့ဆုံခွင့်ရရန် အထူး ကြိုးပမ်းနေ ကြောင်း သိရသည်။
မစ္စတာ ဂန်ဘာရီသည် ယနေ့ပြီးဆုံးပြီဖြစ်သော ၎င်း၏ ခရီးစဉ်ကို စနေနေ့ အထိ တရက် ထပ်မံတိုးလိုက်သည်ဟု လည်း ဆိုသည်။
ယင်းသို့ နေထိုင်ရက် တိုးရခြင်းသည် ဗုဒ္ဓဟူးနေ့ က တွေ့ဆုံရန် စီစဉ်ထားသော မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကုလသမဂ္ဂ၏ လုပ်ဆောင်ချက်များအပေါ် ကျေနပ်မှုမရှိ၍ တွေ့ဆုံခွင့်မပေးသည့် အတွက် ဖြစ်နိုင်ကြောင်း စုံးစမ်းသိရှိရသည်။
မစ္စတာ ဂန်ဘာရီနှင့် တွေ့ဆုံရန် စီစဉ်ထားသော အစိုးရ ဧည့်ဂေဟာသို့ ဒေါ်အောင်ဆန်းစုကြည်က လာရောက် တွေ့ဆုံခြင်း မရှိကြောင်း၊ ယင်းအစီအစဉ် ပျက်ကွက်သွားခြင်းကို ကုလသမဂ္ဂ အပါအ၀င် စစ်အစိုးရ ဘက်ကပါ မည်သို့မျှ ထုတ်ပြန် ပြောဆိုခြင်းမရှိကြောင်းလည်း သိရသည်။
ယနေ့ နံနက်ပိုင်းက မစ္စတာ ဂန်ဘာရီ၏ လက်ထောက် ၂ ဦး တို့သည် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အပြင် ဘက်မှ နေ၍ မစ္စတာ ဂန်ဘာရီ အမည်ကို သုံးပြီး ဟစ်အော်အသံပြု ခေါ်သော်လည်း မည်သူတဦး တယောက် မှ ထွက်တွေ့ခြင်း မရှိခဲ့ဟုလည်း အေပီ သတင်းတပုဒ်တွင် ရေးသားထားသည်။
ထို့အပြင် မစ္စတာ ဂန်ဘာရီ၏ မေတ္တာရပ်ခံချက်အရ အန်အယ်လ်ဒီ စီအီးစီ အဖွဲ့နှင့် ယနေ့ မွန်းလွဲပိုင်းက ဒုတိယ အကြိမ် ထပ်မံတွေ့ဆုံကြောင်း သိရသည်။
စစ်အစိုးရ ဧည့်ဂေဟာ၌ မွန်းလွဲပိုင်း ၂ နာရီ ခန့်မှ စတင်၍ အချိန် တနာရီ ခွဲ ခန့် အကြာတွေ့ဆုံရာတွင် မစ္စတာ ဂန်ဘာရီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်(စီအီးစီ)များအား ၎င်း အနေနှင့် ဆက်လက် လုပ်ဆောင်ရန်ရှိသည့် လုပ်ငန်းစဉ် တချို့ကို ရှင်းလင်းခဲ့သည်ဟု အန်အယ်လ်ဒီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကပြောသည်။
“မစ္စတာ ဂန်ဘာရီနဲ့ ဆက်ပြီးတွေ့ဖို့ရှိသေးလို့ ကျနော်တို့အနေနဲ့ အသေးစိတ်မပြောနိုင်သေးပါဘူး၊ ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဖို့ ကိစ္စကိုလည်း အသေအချာမသိရသေးပါဘူး”ဟု ဦးဥာဏ်ဝင်း ကပြောဆိုသည်။
ယင်း အန်အယ်လ်ဒီ စီအီးစီ အဖွဲ့ဝင်များနှင့် မစ္စတာ ဂန်ဘာရီ် သည် ဗုဒ္ဓဟူးနေ့က အစိုးရ စိမ်းလဲ့ကန်သာ ဧည့် ဂေဟာတွင် မိနစ် ၂၀ ခန့် တွေ့ဆုံခဲ့ပြီး အန်အယ်လ်ဒီ ဘက် က အားရကျေနပ်မှု မရှိကြောင်း ထုတ်ဖော်ပြော ကြားခဲ့သည်။
ယနေ့ မစ္စတာ ဂန်ဘာရီနှင့် တွေ့ဆုံသော အန်အယ်လ်ဒီ စီအီးစီအဖွဲ့ဝင်များမှာ ဗုဒ္ဓဟူးနေ့က တွေ့ဆုံခဲ့သည့် ဦးအောင်ရွှေ၊ ဦးလွင်၊ ဦးစိုးမြင့်၊ ဦးညွန့်ဝေ၊ ဦးသန်းထွန်း တို့ ၅ ဦး ပင်ဖြစ်သည်။
ယင်း မစ္စတာဂန်ဘာရီ၏ ခရီးစဉ်များနှင့် ပတ်သက်ပြီး ထိရောက်မှုမရှိကြောင်းနှင့် စိတ်ပျက် အားမရဖွယ် ဖြစ်ကြောင်း သံအမတ်ကြီးဟောင်းနှင့် ၀ါရင့် နိုင်ငံရေးသမားကြီး သခင်ချန်ထွန်း ကဝေဖန် ပြောဆိုသည်။
“မြန်မာ့ ဒီမိုကရေစီရေးအတွက် ကုလသမဂ္ဂကို အားကိုးလို့ကတော့ ရှေ့အလားအလာ မကောင်းနိုင်ဘူး၊ ဘာဖြစ် လို့လဲ ဆိုတော့ တကယ်အရေးယူ ဆောင်ရွက်နိုင်တာက လုံခြုံရေးကောင်စီပဲ၊ လုံခြုံရေးကောင်စီကို တက်သွား ရင်လည်း တရုတ်နဲ့ ရုရှ က ဗီတို သုံးပြီးပယ်ချ ဆိုတော့ အားကိုးလို့မရနိုင်ဘူး” ဟု သခင်ချန်ထွန်းက ပြောဆို သည်။
မစ္စတာ ဂန်ဘာရီ၏ ၅ ရက်ကြာခရီးစဉ်သည် ကုလသမဂ္ဂအထွေထွေညီလာခံနှင့် ကုလသမဂ္ဂ အထွေထွေအတွင်း ရေးမှူးချုပ် တို့၏ညွှန်ကြားမှုဖြင့် မြန်မာ့အရေးအတွက် ၎င်းလုပ်ဆောင်ရန်ရှိသည်များကိုဆက်လက်လုပ်ဆောင်နိုင်ရန် သွားရောက်ခြင်း ဖြစ်ပြီး စစ်အစိုးရ အပါအ၀င် တခြားသော နိုင်ငံရေး အစုအဖွဲ့များ အားလုံး နှင့် တွေ့ဆုံခွင့်ရ ရန် မျှော်လင့်ထားကြောင်း ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။
မစ္စတာ ဂန်ဘာရီ၏ ယခုခရီးစဉ်သည် စစ်အစိုးရ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ သွားရောက်ခြင်းဖြစ်ပြီး လွန်ခဲ့သည့် မေလ အတွင်းကပင် စီစဉ်ထားသော်လည်း နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် စစ်အစိုး ရ က နိုင်ငံ တ၀န်း ကယ်ဆယ်ရေးလုပ်ငန်းများနှင့် အလုပ်များနေသည့်အတွက် အချိန်ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။မစ္စတာဂန်ဘာရီသည် ယခုနှစ် မတ်လ ၆ ရက်နေ့က မြန်မာနိုင်ငံသို့ နောက်ဆုံးအကြိမ် ရောက်ရှိခဲ့ပြီး ၂၀၀၇ ခုနှစ် အတွင်း ကလည်း မြန်မာနိုင်ငံသို့ ၂ ကြိမ် လာရောက်၍ စစ်အစိုးရ ခေါင်းဆောင်များ၊ ဒေါ်အောင်ဆန်းစုကြည် အပါ အ၀င် အန်အယ်လ်ဒီ ဗဟို အလုပ်မှုဆောင်အဖွဲ့ဝင်များ၊ တိုင်းရင်းသားကိုယ်စားလှယ်များနှင့်တွေ့ဆုံ ဆွေးနွေးခဲ့ သည်။ ယင်းခရီးစဉ်နှင့်ပတ်သက်ပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက တိုးတက်မှု နည်းပါး၍ စိုးရိမ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ဖူးသည်။