11.09.2010

မြဝတီ အခြေအနေနှင့် ဒုက္ခသည်များ အခြေအနေ

ယမန်နေ့ညနေပိုင်းက ထူးခြားသော ဖြစ်စဉ်များ မရှိခဲ့သော်လည်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွါးရန် တာစူနေဆဲ ဟု မြဝတီမြို့ထဲတွင် ဆက်လက်နေထိုင်နေဆဲ မြို့ခံတစ်ဦးက ပြောပါသည်။ မြို့ထဲတွင် လူဦးရေ သုံးပုံတစ်ပုံခန့် ကျန်နေပြီး တိုက်ပွဲလမ်းကြောင်းကြားထဲတွင်ပင် ကြိုးစားရှောင်တိမ်းနေကြသည်ဟု ဆိုပါသည်။ အများစုမှာ လုပ်ငန်းရှင်များ ဖြစ်ကြပြီး မိမိတို့ လုပ်ငန်း၊ဆိုင်ခန်းများကို စွန့်ခွာထွက်သွားရန် အခက်အခဲရှိနေသဖြင့် နောက်ဆုံး ရှောင်တိမ်းရမည့် အချိန်အထိ နေကြရမည်ဟု ဆိုပါသည်။
မဲဆောက်ဘက်အခြမ်းတွင်မူ ဒုက္ခသည် သုံးသောင်းနီးပါးရောက်ရှိနေပြီး အကူအညီပေးရေး အဖွဲ့များ အနေနှင့် များပြားလှသော ဒက္ခသည်များကို အကူအညီပေးရန် အခက်အခဲ ရှိနေသည်ဟုသိရပါသည်။ ကောက်ခံရရှိသမျှ ငွေအင်အား လူအင်အားဖြင့် လုံလောက် လောက်ငှမှုရှိရန် ဆောင်ရွက်နေသော်လည်း ချက်သလောက် မလောက်နိုင်အောင် ဖြစ်နေသည်ဟု People Volunteer Association တွင် ဝင်ရောက် အကူအညီပေးနေသူ တစ်ဦးကပြောပါသည်။ 
ယခုအခါတွင် မဲတော်ဆေးခန်းက အကူညီပေးရေးစင်တာ တစ်ခုကို မယ်တော်ဆေးခန်းတွင်၎င်း ၊ မြန်မာနိုင်ငံ ရွှေ့ပြောင်း ဆရာဆရာမများ အစည်းအရုံး (BMTA) က CDC ကျောင်းတွင်၎င်း ဖွင့်လှစ်ကာ အကူအညီပေးရေးလုပ်ငန်းများကို စတင် ဆောင်ရွက်မည်ဟု သိရပါသည်။ ပူးပေါင်းပါဝင်ကူညီလိုသူများ အနေနှင့် မယ်တော်ဆေးခန်းသို့၎င်း ၊ BMTA ဥက္ကဌ ဆရာမန်းရွှေနှင်း ၀၈၇၂၀၂၀၅၈၉၄ ၊ PVA ရုံး တီကေလေး အထည်ချုပ် စက်ရုံ အနီးသို့၎င်း သွားရောက်လှူဒါန်းနိုင်သည်ဟု သိရပါသည်။ 
ထို့ အတူ ဒေသဆိုင်ရာ NGO များနှင့် ထိုင်းနိုင်ငံသားများကလည်း မိမိတို့ တတ်စွမ်းသလောက်ပါဝင် ကူညီနေကြသည်ဟု သိရပါသည်။