10.25.2008

Burma unripe for democracy at present: rights expert အရပ်သား အစိုးရအတွက် စစ်အစိုးရဘက်က ပြင်ဆင်မှုမရှိဟု ကင်တာနား ဝေဖန်

Building on a report he issued earlier in the month, the United Nations' Human Rights Envoy for Burma yesterday appealed to the international community to take a common stand and engage Burma on its long road to democracy.

Tomás Ojea Quintana, appointed to his position only this May, cautioned delegates in the United Nations General Assembly's third committee that the realization of democracy in Burma would take considerable time, but it was imperative that the international community come to the assistance of the country to ensure that progressive benchmarks along the path are achieved.

"Restoration of full democracy cannot happen overnight; it will take generations," Quintana said, adding that it was insufficient for the United Nations to simply issue resolutions on the situation in the Southeast Asian country, instead insisting that resources must also be made available so that the goals of resolutions may be met.

"Nothing can be achieved in isolation and condemnation, while there are possibilities for engagement, encouragement and cooperation," noted Quintana, referring to a common theme of his report following his inaugural visit to the country in August.

In order for the proposed 2010 general election in Burma to be a success, Quintana has repeatedly put forth four elements which must be implemented: the revision of domestic laws that limit fundamental rights, the progressive release of political prisoners, military reform, and alterations to ensure an independent judiciary.

The Special Envoy stressed that as the process unfolds, the promotion of human rights must not be subjected to double standards or politicization.

Yet, while Quintana pled for an international community with one voice on Burma, the exchange between delegates following the Envoy's delivery again highlighted stark divisions within the international community.

Burma's representative, Ambassador Thaung Tun, was overall appreciative of the Rights Envoy's speech, though reserving criticism for what he termed regurgitation of baseless exile claims against the government and excessive criticism of the junta's response to Cyclone Nargis in May.

Representatives from Japan and Thailand also spoke appreciatively of Quintana's assessment, preferring to focus on opportunities ahead for cooperation and successes to date.

However, the European, North American and New Zealand delegates offered by in large dubious assessments of the chances of healing Burma's wounds if the international community were to heed the Special Envoy's proposed prescription.

Additionally, twice, in reference to responses from the representatives of the United States and United Kingdom, the Chair was forced to intervene to request that delegates refer to the country as Myanmar, as that is the name for the country officially recognized by the United Nations.
Summing up his analysis of the situation, the Rights Envoy told reporters afterward, "To get a civil Government will take time. They are not prepared for that. They are prepared for war."

မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဟာ အချိန်ကြာနိုင်ပြီး စစ်အစိုးရက အရပ်သား အစိုးရတရပ် အုပ်ချုပ်နိုင်အောင် ပြင်ဆင်တာမျိုး မရှိတဲ့အကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူ တိုမာ့တ်စ် အိုဟေး ကင်တာနား (Thomas Ojea Quintana) က ဝေဖန် ပြောဆိုပါတယ်။ တချိန်တည်းမှာ စစ်အစိုးရ ကျင်းပခဲ့တဲ့ အမျိုးသား ညီလာခံဟာ အတုအယောင် ဖြစ်တယ်လို့ ဝေဖန်လိုက်ပြီး စစ်အစိုးရအနေနဲ့ သူ အဆိုပြုထားတဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု အချက်လေးချက်ကို လုပ်ဆောင်ဖို့ ထပ်မံ တိုက်တွန်းလိုက်ပါတယ်။

မနေ့က ကုလသမဂ္ဂ ဌာနချုပ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူ တိုမာ့တ်စ် ဟိုဟေး ကင်တာနား က မြန်မာနိုင်ငံအတွင်းမှာ လွတ်လပ်စွာ ပြောဆိုခွင့်၊ ထုတ်ဖေါ်ခွင့်၊ စည်းရုံးခွင့် စတဲ့ နိုင်ငံရေး အခွင့်အရေးတွေ ဆုံးရှုံးနေတဲ့ အကြောင်း၊ စစ်အစိုးရဘက်က နိုင်ငံတကာက လက်ခံတဲ့ နိုင်ငံရေး အပြောင်းအလဲတွေ လုပ်မယ်ဆိုရင် အခြေခံ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ လိုတဲ့အကြောင်း အဓိက ပြောသွားတာ တွေ့ရပါတယ်။

အရပ်သားအစိုးရတရပ် ပေါ်ပေါက်ရေးနဲ့ပတ်သက်လို့ -

Tomas Ojea Quintana from Argentina, Special Rapporteur on the Situation of Human Rights in Burma (file photo)
ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်းစစ်ရေးရေးမှူး တိုမာ့တ်စ် အိုဟေး ကင်တားနား
“မြန်မာနိုင်ငံရဲ့ အနာဂတ်မှာ အရပ်သားအစိုးရတရပ် ပေါ်လာရေးနဲ့ ပတ်သက်လို့ အချိန်ယူရအုံးမှာ ဖြစ်ပါတယ်။ သေချာတဲ့အချက် သိသိသာသာ မြင်ရတဲ့အချက် ကတော့ စစ်အစိုးရက အရပ်သားအစိုးရ အတွက် ပြင်ဆင်တာမျိုး မရှိပါဘူး။ စစ်အတွက်ပဲ ပြင်ဆင်တာ တွေ့ရပါတယ်။ ဒါကြောင့် အချိန်ကြာမယ်လို့ ကျနော်ပြောတာ ဖြစ်ပါတယ်။”

လူ့အခွင့်အရေး အခြေအနေ တိုးတက်ကောင်းမွန်ဖို့ ဆိုရင် နိုင်ငံတကာက သတ်မှတ်ထားတဲ့ လူ့အခွင့်အရေး စံနှုန်းတွေနဲ့ ကိုက်ညီအောင် ပြည်တွင်း ဥပဒေတွေကို ပြင်ဆင်ဖို့၊ နိုင်ငံရေး ယုံကြည်ချက်ကြောင့် ဖမ်းဆီးခံထားရတဲ့ သူတွေကို ပြန်လွှတ်ပေးဖို့ စစ်တပ်ကို လူ့အခွင့်အရေး သတင်တန်းတွေ ပေးပြီး ပြုပြင်ပြောင်းလဲဖို့ နဲ့ လွတ်လပ်တဲ့ တရားစီရင်မှု နဲ့ တရားဥပဒေ စိုးမိုးအောင် လုပ်ဆောင်ဖို့ အကြံပေးထားပါတယ်။ ဒီအကြံပေးချက်တွေကို မလိုက်နာရင် စစ်အစိုးရအပေါ် နိုင်ငံတကာက အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့လည်း ပြောဆိုသွားပါတယ်။

“ကျနော့် အစီရင်ခံစာမှာ ကျနော် ပြောထားပါတယ်။ စစ်အစိုးရ ကျင်းပတဲ့ အမျိုးသားညီလာခံ ဟာ အတုအယောင် အမျိုးသားညီလာခံ ဖြစ်တယ် ဆိုပြီး၊ ဒီကိစ္စက ရှင်းပါတယ်။ မြန်မာနိုင်ငံ အတွင်းမှာ ရောက်ခဲ့တဲ့ အတွက်လည်း ဒီကိစ္စကို ကျနော် စုံစမ်းနိုင်ပါတယ်။ ကျနော် အဆိုပြုထားတဲ့ အချက်လေးချက်က မြန်မာစစ်အစိုးရအနေနဲ့ ဒီမိုကရေစီ တည်ဆောက်ရေး ဘာပဲလုပ်လုပ်၊ ဖွဲ့စည်းပုံရေးဆွဲရေးပဲ လုပ်လုပ် ဒီအချက်တွေကို အကောင်အထည် မဖော်ဘူးဆိုရင် နိုင်ငံတကာက အသိအမှတ်ပြုမှာ မဟုတ်ပါဘူး။”

ဒေါ်အောင်ဆန်းစုကြည်ကို ချုပ်နှောင်ထားတာနဲ့ ပတ်သက်လို့လည်း မစ္စတာ ကင်တားနားက -

“ကျနော့် ရှုမြင်ချက်ကတော့ ဒေါ်အောင်ဆန်းစုကြည် ဟာ တဖက်သတ် စစ်အစိုးရဘက်က သူ့သဘောနဲ့သူ ချုပ်နှောင် ထားတာကို ခံထားရတာပါ။ မျှမျှတတ တရားစီရင်တာကို မခံရဘူးလို့ ကျနော် မြင်ပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေက အယူခံ ၀င်ထားတယ်လို့ ကျနော် သိပါတယ်။ စစ်အစိုးရအနေနဲ့ ဒီကိစ္စကို အရေးတယူ ပြန်လည်ပြုပြင်ပြီး မျှမျှတတ စဉ်းစားမယ်၊ ချက်ခြင်း လွှတ်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။”

မြန်မာနိုင်ငံအတွင်း မုန်တိုင်းဘေး ကယ်ဆယ်ရေး လုပ်ငန်းတွေတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ဆက်ပြီး လိုအပ်နေဆဲ ဖြစ်တဲ့အကြောင်းနဲ့ တချိန်တည်းမှာ လူ့အခွင့်အရေး အခြေအနေကိုလည်း ပစ်ပယ်ထားလို့ မရတဲ့အကြောင်း မစ္စတာ ကင်တားနားက ပြောသွားပါတယ်။ သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း အကျဉ်းထောင်တွေကို လွတ်လွတ်လပ်လပ် သွားခွင့်ရဖို့ စစ်အစိုးရ အာဏာပိုင်တွေနဲ့ အကြိတ်အနယ် ဆွေးနွေးခဲ့ရတာတွေ ရှိတဲ့အကြောင်း ကိုလည်း ထည့်သွင်းပြောဆိုသွားပါတယ်၊ ကုလသမဂ္ဂဟာ မြန်မာစစ်အစိုးရကို အထီးကျန် ၀ိုင်းပယ်ခံ ထားရတာကနေ ကယ်ထုတ်ဖို့ ကြိုးစားတာ ဖြစ်တယ်ဆိုတာ စစ်အစိုးရ နားလည်ဖို့ လိုတဲ့အကြောင်းတွေကို သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။


ကမ္ဘာ့ အကြာဆုံး အကျဉ်းကျ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်(ကြိုင်လှမောင်မောင်)


Six leaders were given a long term


Six leaders of National League for Democracy party who were arrested
in September and October 2007 were given a long term imprisonment by
Mandalay Divisional Court in this afternoon at Mandalay, a second
capital of Burma. Many of them were charged under 505/b and 153/a and
one was charged with 505/b only.

Those who were given imprisonment are:
(1) Win Mya Mya ( F) who is a organizing committee member of NLD
Mandalay Division was given 12 years imprisonment.
(2) Kan Tun, (M) Who is a secretary of the NLD Mandalay Division
was 12 years imprisonment.
(3) Than Lwin,(M) Who is a vice-chair person of the NLD Mandalay
Division was 8 years imprisonment.
(4) Min Thu,(M) Who is a In-charge of the Mogok township NLD,
Mandalay Division was 13 years imprisonment.
(5) Tin Ko Ko, (M) Who is an organizing committee member of
Meiktila Township NLD of Mandalay division was given two years
imprisonment.
(6) Win Shwe (M) who is a member of Salin Township NLD of Magwe
Devision was given to 11 years imprisonment.


Section 505(B): Whoever makes, publishes or circulates any statement,
rumour or report, with intent to cause, or which is likely to cause,
fear or alarm to the public or to any section of the public whereby
any person may be induced to commit an offence against the State or
against the public tranquility; shall be punished with imprisonment
which may extend to two years, or with fine, or with both.

Section 153(A): Whoever by words, either spoken or written, or by
signs, or by visible representations, or otherwise, promotes or
attempts to promote feelings of enmity or hatred between different
classes of [persons resident in the Union] shall be punished with
imprisonment which may extend to two years, or with fine, or with
both.
လွန်ခဲ့သည့် ၉ နှစ်ခန့်က ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ တွေ့ရသော ဒေါ်ဝင်းမြမြ (အလယ်မှ၊ အင်္ကျီအဖြူနှင့်)

မြန်မာနိုင်ငံတွင် နိုင်ငံရေးလှုပ်ရှားမှုများ၊ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ပွဲများတွင် ပါဝင်ခဲ့သူအချို့သည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အောက်ပါအတိုင်း နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခံခဲ့ရသည်။

မန္တလေးတိုင်း
ဒေါ်ဝင်းမြမြ - ထောင်ဒဏ် ၁၂ နှစ်
ဦးကံထူး - ၁၂ နှစ်
ဦးသန်းလွင် - ၈ နှစ်
ကိုမင်းသူ - ၁၃ နှစ်
ကိုဝင်းရွှေ (ကျောက်ပန်းတောင်း မြို့နယ်) - ၁၁ နှစ်
ကိုတင်ကိုကို (မိတ္ထီလာမြို့နယ်) - ၂ နှစ်

ရန်ကုန်တိုင်း
သံဃာ ၇ ပါး - တပါးလျှင် ထောင်ဒဏ် ၄ နှစ်၊ ၃ လ
သီလရှင် ၇ ပါး - ထောင်ဒဏ် ၄ နှစ်၊ ၃လ


ကြံ့ခိုင်ရေးအသင်းဝင်ဟု ယူဆရသူတဦးက သံလက်သီး (သံကွင်း) ဖြင့် တိုက်ခိုက်ခဲ့သောကြောင့် နှာခေါင်းရိုးကျိုးပြီး မျက်လုံးတဘက် ပျက်စီးသွားသော ဦးသန်းလွင် (အသက် ၇၁နှစ်၊ ထောင် ၈ နှစ်)
ကိုမင်းသူ (မိုးကုတ်၊ ထောင် ၁၃ နှစ်)Align Center

ဗန်းမောင်တင်အောင် ကွယ်လွန်ခြင်း နှစ် ၃၀ မြောက် အခမ်းအနားကျင်းပ


ဗန်းမောင်တင်အောင် ကွယ်လွန်ခြင်း နှစ် ၃၀ မြောက် အခမ်းအနားကျင်းပ

မိုးမခ အထောက်တော် ၀၀၃

အောက်တိုဘာ ၂၄၊ ၂၀၀၈

ကိုလိုနီစနစ်၊ နယ်ချဲ့စနစ်နှင့် အာဏာရှင်စနစ်ခေတ် တလျောက်လုံး တော်လှန်သော စာရေးဆရာအဖြစ် မဆုတ်မနစ်ရပ်တည်ပြီး ကလောင်လက်နက်ဖြင့် အာခံတိုက်ခိုက်ခဲ့သူ၊ အဖိနှိပ်ခံ ပြည်သူလူထုဖက်က အမြဲတစေ ထာဝရ ရပ်တည် အသံပြုခဲ့သူ မြန်မာပြည်ရဲ့ သူရဲကောင်း စာရေးဆရာတဦးဖြစ်သူ ဗန်းမော်တင်အောင် (၁၉၂၀ - ၁၉၇၈) ကွယ်လွန်ခြင်း နှစ် ၃၀ မြောက် အမှတ်တရ အခမ်းအနားကို ကျန်ရစ်သူမိသားစု သားသမီးများက သမီးကြီး ဒေါ်တင်သန်းယုနေအိမ်၊ ၂၅ နှင်းဆီ ၃ လမ်း၊ ဂရင်းဗယ်လီ၊ ၉ မိုင် မရမ်းကုန်းမှာ ၂၃ အောက်တိုဘာ နံနက် ၉ နာရီက ၁၂ နာရီအထိ ကျင်းပခဲ့ပါတယ်။

အခမ်းအနားမှူအဖြစ် ဗြူတီမဂ္ဂဇင်း အယ်ဒီတာ ကိုထွန်းဝင်းငြိမ်းက ဆောင်ရွက်ခဲ့ပြီး အခမ်းအနား အစီအစဉ် ၉ ရပ်နဲ့ ကျင်းပတယ်လို့ ဆိုပါတယ်။

၁ - အခမ်းအနား ဖွင့်လှစ်ကြောင်း ကြေညာခြင်း၊ ၂ - နှစ်ခြင်း ခရစ်ယာန်သင်းအုပ်ဆရာ ဦးကျော်ညွန့်က ဂုဏ်ပြုစကားနဲ့ ၀တ်ပြုဆုတောင်းပေးခြင်း၊ ၃ သမီးကြီးက မိသားစုနှင့် ဧည့်သည်တို့ကို မိတ်ဆက်ပေးခြင်း၊ ၄ - ဆရာဒဂုန်တာရာက တာရာမဂ္ဂဇင်း ထုတ်ခဲ့စဉ် ဗန်းမော်တင်အောင်နဲ့ ဆုံခဲ့သည့် အတွေ့အကြုံများ ပြောကြားခြင်း၊ ၅ - ဆရာ ပါရဂူ ရန်တိနိကေတန် စာကြည့်တိုက် အတွက် ငွေ ၁ သိန်းကို ကျန်ရစ်သူ မိသားစုက ပေးလှူခြင်း၊ ၆ - နာမကျန်းသူ စာပေအနုပညာရှင် ၆ ဦးကို ကျပ်ငွေ ၂ သောင်းစီ ကျန်ရစ်သူ မိသားစုက ဒါနပြုခြင်း၊ ၇ - တကသ ကျောင်းသား ခေါင်းဆောင်ဟောင်း ဦးလှရွှေက ဗန်းမော်တင်အောင် ဂရပ်ဖစ်ဒီဇိုင်းပုံတူ ပန်းချီကားတချပ် မိသားစုထံ ပေးအပ်ခြင်း၊ ၈ - အခမ်းအနားပြီးဆုံးကြောင်း ကြေညာခြင်းနဲ့ ၉ အစီအစဉ်အဖြစ် အကျွေးအမွေးများနဲ့ ဧည့်ခံခဲ့ပါတယ်။

မိသားစုက ဒါနအကူအညီပြုတဲ့ စာရေးဆရာများမှာ - ညွန့်သစ်၊ မောင်အောင်နီ၊ မောင်ရန်ပိုင်၊ ဆရာဌေးကြည်၊ နီဟိန်း၊ ခင်ဝင်းသစ်တို့ ဖြစ်ကြပါတယ်။ တက်ရောက်သူ ပညာရှင်ပေါင်း ၁၀၀ ကျော် ရှိပါတယ်။ ဧည့်သည်များထဲမှာ ဒဂုန်တာရာ၊ ပါရဂူ၊ တိုးတက်ရေး သခင်အုန်းမြင့်၊ သခင်သိန်းမောင်၊ ဟံသာဝတီ ဦးဝင်းတင်၊ ဌေးမောင်၊ မောင်မိုးသူ၊ အောင်လွင်၊ ဦးလှရွှေ၊ မောင်ဝံသတို့အပြင် ထင်ရှားတဲ့ စာပေအနုပညာနဲ့ နိုင်ငံရေး ခေါင်းဆောင်များ တက်ရောက်ခဲ့ကြပါတယ်။

(ဓာတ်ပုံ ကျေးဇူး - ဇေမှိုင်းနဲ့ မိုးမခ ၀ိုင်းတော်သားများ)

US, EU Call for Release of Suu Kyiအီးယူ၊ အမေရိကန် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး တောင်းဆို

By LALIT K JHA Friday, October 24, 2008


NEW YORK — The release of pro-democracy leader Aung San Suu Kyi should be the first step towards the reintegration of Burma with the international community, a United States official said on Wednesday.

The call for Suu Kyi’s release was made in a US State Department statement released in Washington on the eve of the 13th anniversary of Aung San Suu Kyi's house arrest.

Burmese residents in Japan with a portrait of detained democratic leader Aung San Suu Kyi chant slogans at a Tokyo park, on September 27. (Photo: AP)
Supporters of Suu Kyi have planned a series of meetings and demonstrations across the world. The US Campaign for Burma on Wednesday announced that it would hold protest demonstrations at the Chinese Embassy in Washington.

"As the Burmese regime's single most important supporter, China holds the key to Aung San Suu Kyi's release," said Aung Din, the executive director of US Campaign for Burma. "Nelson Mandela was locked up for decades before the world came to his aid— Aung San Suu Kyi shouldn't have to wait that long."

The US statement said: "As of October 24, 2008, Aung San Suu Kyi has spent a total of 13 years under house arrest. We again call upon the Burmese regime to immediately and unconditionally release her and the more than 2,000 political prisoners it holds."

Observing that October 24 also marks the anniversary of the coming into force of the United Nations charter, the statement said: "We renew our support for the UN efforts, under the leadership of Secretary-General Ban ki-Moon, to obtain the release of Burma's political prisoners and encourage Burma to move toward democracy."

"We further join the United Nations and the rest of the international community in calling upon the regime to engage credibly in an inclusive, time-bound dialogue with Aung San Suu Kyi and other democratic and ethnic minority leaders to bring about a genuine democratic transition."

Meanwhile, the European Parliament called on Asian and European leaders at a meeting in Beijing on Friday and Saturday to launch a joint appeal to the Burmese military government for the release of all political prisoners.

European MPs, meeting in Strasbourg, condemned the continued detention of Suu Kyi and called for her immediate release. The parliament also denounced "the arbitrary charges behind the arrests of many dissidents and the harsh conditions of detention of political prisoners, including widespread use of torture and hard labor."


အီးယူ၊ အမေရိကန် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး တောင်းဆို
ဧရာဝတီ | အောက်တိုဘာ ၂၄၊ ၂၀၀၈

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်နေရသည့်ကာလမှာ သက်တမ်း ၁၃ နှစ် ပြည့်မြောက်ပြီဖြစ်သဖြင့် ၎င်းအားအမြန်ဆုံးလွှတ်ပေးရန် အမေရိကန်နိုင်ငံခြားရေးဌာနက စစ်အစိုးရကို တောင်းဆိုလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားနှစ်ထောင်ကျော်ကို ခြွင်း ချက်မရှိ အမြန်ဆုံးလွှတ်ပေးရန် ထပ်မံ တောင်းဆိုသည်ဟု ယမန်နေ့ကထုတ် ပြန်သည့် အမေရိကန် နိုင်ငံခြားရေးဌာန ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ဥရောပပါလီမန်ကလည်း တရုတ်နိုင်ငံရှိ မြို့တော်ဘေဂျင်း၌ ယနေ့နှင့် မနက်ဖြန် ၂ ရက် ကျင်းပမည့် ဥရာပ အာဆီယံ ထိပ်သီးခေါင်းဆောင်များ အစည်းဝေး ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက် ရေးကို တောင်းဆိုမည်ဖြစ်ကြောင်း သိရသည်။

စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား ၁၉၈၉ ခုနှစ် ဇူလိုင်လ၊ ၂၀၀၀ ခုနှစ် စက်တင်ဘာလနှင့် ၂၀၀၃ ခုနှစ် မေလတို့ တွင် အကျယ်ချုပ် ၃ ကြိမ် ချမှတ်ခဲ့သည်။

ယခုလ ၉ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျခံနေရခြင်းနှင့်ပတ်သက်၍ နေပြည်တော်တွင် အယူခံ တင်ခဲ့သည်ဟု ၎င်း၏အကျိုးဆောင်ရှေ့နေ ဦးကြည်ဝင်းက ဧရာဝတီကို ပြောဆိုသည်။

အယူခံလွှာနှင့်စပ်လျှင်း၍ ရှေ့နေ ဦးကြည်ဝင်းအား စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်နှင့် ၅ ကြိမ် တွေ့ဆုံခွင့်ပြုခဲ့ပြီး နောက်တကြိမ်တွေ့ခွင့်ထပ်ရရန် ရှေ့နေ ဦးကြည်ဝင်းက တောင်းဆိုထားကြောင်း သိရသည်။

ကမ္ဘာတ၀န်းရှိ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူများက အစည်းဝေးပွဲများနှင့် ဆန္ဒပြပွဲများကို ယနေ့ပြုလုပ်ကြမည် ဖြစ်သည်။

အမေရိကန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားသူများအဖွဲ့ (USCB) ကလည်း စစ်အစိုးရကို ထောက်ခံအားပေးနေသည့် တရုတ်အစိုးရအား ရှုတ်ချသည့်အနေနှင့် ၀ါရှင်တန်မြို့တော်ရှိ တရုတ်သံရုံးရှေ့တွင် ယနေ့ ကန့်ကွက်ဆန္ဒပြမည်ဟု လွန်ခဲ့သည့် ဗုဒ္ဓဟူးနေ့ကတည်းက ကြေညာထားသည်။