6.30.2008

မယ်လစခန်းမှဒုက္ခသည်များ ရိက္ခာမရ၍ မဲဆောက်UNရုံးရှေ့ဆန္ဒပြ



၃၀ ဇွန် ၂၀၀၈
မယ်လဒုက္ခသည်စခန်းမှ မြန်မာဒုက္ခသည် (၂၂) ဦးသည် ရိက္ခာမရ၍ ယနေ့နံနက်တွင် မဲဆောက် မြို့ရှိ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး (ယူအန်အိခ်ျစီအာ) ရုံးရှေ့တွင် ဆန္ဒပြတောင်းဆို ကြသည်။
ဆန္ဒပြသူများမှာ ဘန်ကောက်တွင် ယူအန်အိခ်ျစီအာမှ အသိအမှတ်ပြု ဒုက္ခသည်လက်မှတ် ကိုင်ဆောင်ထားသူများဖြစ်ပြီး ၂၀၀၄-၂၀၀၅ ခုနှစ်တွင် အဖမ်းခံရသဖြင့် မဲဆောက်သို့ ပြန်ပို့ခံရကာ မဲဆောက်ယူအဲန်ရုံးက ၎င်းတို့အား မယ်လဒုက္ခသည်စခန်းသို့ ပို့ဆောင်ခြင်း ခံရသူများဖြစ်သည်။
ဆန္ဒပြသူတဦးဖြစ်သည့် မန်းဇော်လွင်ဦးက "စခန်းမှာ ကျနော်တို့လက်မှတ်တွေကို တီဘီဘီစီ အဖွဲ့က ရိက္ခာပေးဖို့ တံဆိပ်တုံးထုပြီး အသိအမှတ်ပြုပါတယ်။ တလ နှစ်လလောက်ပဲ ရပြီး စခန်းကနေ ရိက္ခာတွေပြန်ဖြတ်လိုက်တာ ဒီကနေ့အထိပါပဲ ။ ဒါကြောင့် ဒီမှာလာပြီးတော့ ဆန္ဒပြတောင်းဆိုရတာပါ" ဟု ပြောသည်။
မယ်လစခန်းတွင် မိမိတို့ကဲ့သို့ အလားတူဒုက္ခသည် (၁၀၀) ခန့်ရှိပြီး ထိုသူများကိုယ်စား မိမိတို့ (၂၂) ဦးက လာရောက် ဆန္ဒပြခြင်းဖြစ်ကြောင်း၊ မိမိတို့ အခက်အခဲများကို စခန်းကော်မတီသို့ အကြိမ်ကြိမ်တင်ပြခဲ့ကြောင်း၊ မရသည့်အဆုံး ဂျနီဗာရုံးချုပ်သို့ တင်ပြခဲ့ကြောင်း၊ ရုံးချုပ်မှ အကြောင်းပြန်သည့်အခါ စခန်းအာဏာပိုင်များက မိမိတို့အား ခေါ်ဆူသည်မှလွဲ၍ ဘာအကူ အညီမှ မပေးကြောင်း၊ အသိမိတ်ဆွေများက ကျွေးမွေးကြကြောင်း၊ စခန်းအတွင်း ရရာအလုပ် လုပ်၍ စားဝတ်နေရေး ဖြေရှင်းကြရကြောင်း မန်းဇော်လွင်ဦးက ပြောသည်။
ကရင်ဒုက္ခသည်ကော်မတီ တာဝန်ရှိသူ တဦးက "ဒီကိစ္စ ယူအန်အိခ်ျစီအာ၊ တီဘီဘီစီအဖွဲ့နဲ့ဘဲ ဆိုင်တယ်။ ကျနော်တို့ကတော့ သူတို့ကို စခန်းမှာ ကြည့်ရှုစောင့်ရှောက်ဖို့ပဲ ဖြစ်တယ်" ဟု ပြော သည်။ စခန်းတာဝန်ရှိသူများအား ဆက်သွယ်၍မရပေ။
မဲဆောက်အခြေစိုက် မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူတဦးကလည်း "ဒါ လုံးဝ မဖြစ်သင့်တဲ့ကိစ္စဖြစ်တယ်။ ဒီလိုဖြစ်တာ စခန်းတာဝန်ရှိလူကြီးတွေအပေါ်မှာ တာဝန်မကင်းဘူး" ဟု ပြောသည်။
မယ်လဒုက္ခသည်စခန်းသည် မဲဆောက်မြို့၏ မြောက်ဘက် (၆၄) ကီလိုမီတာ အကွာအဝေးတွင် ရှိပြီး မြန်မာဒုက္ခသည် (၅) သောင်းခန့် နေထိုင်ကာ ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်း (၉ ) ခုအနက် အကြီးဆုံးစခန်းဖြစ်သည်။ ။

မြန်မာ့အရေး ဆောင်ရွက်ရန် ဥရောပ ပါလီမန် အမတ်များ ဖွဲ့စည်း

30 June 2008
မြန်မာ့နိုင်ငံရေးပြောင်းလဲမှုတွေ အတွက် ပိုမိုအလေးပေးဆောင်ရွက်နိုင်ဘို့အတွက် မြန်မာ့အရေး ဥရောပ ပါလီမန် အမတ်များအဖွဲ့ European Parliamentary Caucus on Burma (EPCB) ကို ဖွဲ့စည်းခဲ့ပါတယ်။
ဥရောပ နိုင်ငံ (၈) နိုင်ငံက ပါလီမန်အမတ်များနဲ့ ဇွန်လ (၁၉) ရက် နေ့က ဖွဲ့စည်းခဲ့တာပါ၊ အခုလိုEPCB ဖွဲ့စည်းခဲ့မှုနဲ့ ပတ်သက်လို့ ဘဲလ်ဂျီယံ နိုင်ငံအခြေစိုက် ဥရောပမြန်မာရုံးရဲ့ ညွှန်ကြားရေးမှုး ဦးဟန်ညောင်ဝေက အခုလို ပြောဆိုပါတယ်။
"ဘာကြောင့် ဒီအဖွဲ့ဖွဲ့လိုက်တာလဲဆိုတော့ အရင်တုန်းကဆိုရင် အဖွဲ့မရှိဘူး။ အရေးပေါ်တဲ့အချိန်မှာ တယောက်နဲ့ တယောက်လိုက်ညှိရတယ်ဆိုတော့ အချိန် နည်းနည်းကြာတယ်။ ဆုံးဖြတ်ချက်တွေချဖို့အတွက်။ အခုလိုမျိုး သူတို့ကလည်း အာစီယံက AIPMCအဖွဲ့ပုံစံလိုမျိုး ဥရောပ သမဂ္ဂမှာရှိတဲ့ ပါလီမာန်အမတ်တွေ တစုတစည်းထဲဖြစ်အောင် ဒီမှာ အဖွဲ့တဖွဲ့ ဖွဲ့လိုက်တာပဲဖြစ်တယ်။ ကျွန်တော်ထင်တာက အရင်ကထက်ပိုပြီးတော့ အားရှိမယ်။ ဘာကြောင့်လည်း ဆိုရင် အဖွဲ့အစည်းရှိတော့ ပြည်ထောင်စု မြန်မာနိုင်ငံအကြောင်းကို တချိန်လုံး စောင့်ကြည့်မယ်။ လိုက်ပြီးတော့ သတင်းတွေ စုစည်းမယ်။ ပြဿနာ ပေါ်လာရင်လည်း သူတို့က ချက်ခြင်းတုန့်ပြန်နိုင်တယ်။ အရင်ထက်ကထက် ပိုမြန်မယ်ဆိုရင်လည်း ဒီလောက်ပါပဲ။ သာမန်အနေနဲ့ကတော့ ပေါ်လစီချလို့မရဘူး။ လူထုရဲ့ ဆန္ဒကို အစိုးရသိအောင် သူတို့ လုပ်ပေးနိုင်တယ်။ အစိုးရကလည်း သူတို့ရဲ့ လူထုဆန္ဒကို မဆန့်ကျင် ချင်ဘူးဆိုရင် ပါလီမန်ပြောတဲ့အတိုင်း သူတို့ လိုက်လုပ်မှာပဲ။ ဒါပေမယ့် ဥပဒေအရတော့ မဟုတ်ဘူးပေါ့။ ဒီမိုကရေစီ စနစ်အရ လူထုရဲ့ ဆန္ဒကို နားထောင်ရမယ်ဆိုတော့ အစိုးရတွေကတော့ နားထောင်မှာဖြစ်ပါတယ်။"
ဒီလို မြန်မာနိုင်ငံအရေး ဥရောပ ပါလီမန် အမတ်များအဖွဲ့ ကို AIPMC မြန်မာ့အရေး အာဆီယံပါလီမန် အမတ်များ အဖွဲ့ကလည်း ကြိုဆိုလိုက်ပြီး၊ မြန်မာ့အရေးအတွက် EPCB နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ၊ ထိရောက်တဲ့ လုပ်ဆောင် ချက်တွေကို လုပ်ကိုင်သွားမှာ ဖြစ်တယ်လို့ AIPMC အမှုဆောင် ညွန်ကြား ရေးမှုး Roshan Jason က ပြောဆိုပါတယ်။ဒါ့အပြင် အခုဖွဲ့စည်းလိုက်တဲ့ မြန်မာ့ရေး ဥရောပ ပါလီမန် အမတ်များ အဖွဲ့ EPCB ဟာ အာဆီယံ အမတ် များ အဖွဲ့ AIPMC ထက်တော့ မြန်မာ့အရေးကို ပိုမိုလုပ်ဆောင်သွားနိုင်မယ်လို့လဲ ဦးဟန်ညောင်ဝေ က ပြောဆိုပါတယ်။
"AIPMCထက်တော့ ပိုလုပ်နိုင်မယ်။ ဘာကြောင့်လည်းဆိုရင် အာစီယံနိုင်ငံတွေ အကုန်လုံးက ဒီမိုကရေစီ အစိုးရတွေ မဟုတ်ပါဘူး။ ဥရောပ သမဂ္ဂထဲမှာက ဒီမိုကရေစီနိုင်ငံတွေဖြစ်ပါတယ်။ ၂၇နိုင်ငံ။ ဆိုတော့ လူထုရဲ့ ဆန္ဒကို သူတို့က ဆုံးဖြတ်ချက်တွေ ထုတ်ပြမယ်။ လူထုဘယ်လို မြင်သလဲဆိုတာကို အစိုးရတွေက လိုက်နာရမှာပဲဖြစ်ပါတယ်။"
EPCB အနေနဲ့ မြန်မာ့နိုင်ငံရေး ပြောင်းလဲမှုတွေဖြစ်ပေါ်လာစေနိုင်ဘို့ အတွက် ဥရောပနိုင်ငံ အစိုးရတွေနဲ့ ဥရောပ သမဂ္ဂ တို့ကို ဖိအားပေးယုံမက တခြားနိုင်ငံတကာအစိုးရတွေနဲ့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီ တို့ကိုပါ မြန်မာနိုင်ငံအတွက် ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်မှုတွေလုပ်ဆောင်ပေးဖို့ တိုက် တွန်း ပြောဆိုမှုတွေကို အဓိက လုပ်ငန်းစဉ်တွေအဖြစ်လုပ်ကိုင်သွားမယ်လို့ ဆိုပါတယ်။

“အနှစ်နှစ်ဆယ်မှသည်”





အနှစ်နှစ်ဆယ်ဆီသို့
“အနှစ်နှစ်ဆယ်မျှ တိုင်းပြည်အတွက်လုပ်လာပြီးနောက် ကျွန်တော်သည်ကိုယ့်
ကိုယ်ပြန်၍ ကြည့်လိုက်သောအခါ ကြိုးတိုက်ထဲသို့ရောက်နေသည်ကိုတွေ့ရလေသည်။”

အထက်ပါစာပိုဒ်မှာဗိုလ်မှုးချစ်ကောင်းရေးခဲ့သည့်အနှစ်နှစ်ဆယ်စာအုပ်၏အဖွင့်စာပိုဒ်ပင်

ဖြစ်ပါသည်။၁၉၈၈ခုနှစ်လူထုအုံကြွမှုကြီးမှစခဲ့သောစစ်အာဏာရှင်ဆန့်ကျင်ရေ;

ှင့်ဒီမိုကရေစီရရှိရေးလှုပ်ရှားမှု၏ကာလသည်လည်းလာမည့်ဩဂုတ်လ (၈)ရက်နေ့တွင်အနှစ်နှစ်ဆယ်တင်းတင်းပြည့်တော့မည်ဖြစ်ပါသည်။

အနှစ်နှစ်ဆယ်ကြာတိုက်ပွဲခရီးရှည်ကြီးထဲမှာကျဆုံးသူတွေလဲကျဆုံးကုန်ကြရပါ

ပြီ။ကိုဖုန်းမော်တို့လိုသမိုင်းဝင်ခဲ့သူတွေရှိသလို၊နအဖမီးသဂြိုလ်စက်တွေထဲမှာ လူမသိသူမသိပြာကျခဲ့ရသူတွေ၊တောတောင်တွေထဲမှာတိုက်ပွဲဖြစ်ရင်းငှက်ဖျား

နှိပ်စက်ရင်းဖြင့်ခေါင်းချခဲ့ရသူတေ၊ွနအဖရဲ့စစ်အကျဉ်းထောင်ထဲမှာ နှိပ်စက်ညှင်းပန်းမှုတွေကိုအံတုကြံ့ကြံ့ခံရင်းကျဆုံးခဲ့ရသူတွေအခုတိုင်အကျဉ်း

ထောင်များထဲတွင်ဒူးထောက်အညံ့မခံပဲဆက်လက်တိုက်ပွဲဝင်နေသူတွေရှိေ

သလိုအချို့လဲလူသားချင်းစာနာတဲ့ကမ္ဘာ့နိုင်ငံအနှံ့အပြားကိုရောက်ရှိနေကြ

ပြီးအချို့ကလည်းနယ်စပ်ဒေသတွေမှာပဲအားခဲလို့ရပ်တည်ရုန်းကန်နေကြဆဲတိုက်ပွဲဝင်နေကြဆဲပင်၊ပြည်တွင်းရှိရဲဘော်များကလည်းဟိုပုန်းဒီခိုနဲ့အလံမလှဲစတမ်း

တိုက်ပွဲဝင်နေကြဆဲပင်။ထိုအင်အားစုများကြောင့်လဲဒီမိုကရေစီတိုက်ပွဲရဲ့အရှိန်အဟုန်ဟာအဆက်မပြတ်ဆက်လက်ဖြစ်ပေါ်နေတယ်လို့လဲဆိုနိုင်ပါတယ်။

ကျွန်တော်ကိုယ်တိုင်သည်ပင် နှစ်နှစ်ဆယ်အတွင်း ဘဝပေါင်းစုံကျင်လည်ရင်းမှ
Migrant ကျောင်းလေးတခုမှာ အနာဂတ်ရဲ့မျိုးဆက်သစ်လူငယ်တွေကို ပညာသင်ပေးရင်း

ဘဝကိုရုန်းကန်နေရဆဲပါ။နေ့စဉ်နံနက်ကျောင်းတက်ချိန်တိုင်းကျောင်းရှေ့အလံတိုင်မှာ

ထိုင်းအလံကိုတင်၊ထိုင်းနိုင်ငံတော်သီချင်းကိုသီဆိုနေကြရတဲ့ခလေးငယ်တွေကိုကြည့်ရင်း

ပင်“ဩော်ဘယ်တော့များမှငါတို့ခလေးတွေကိုယ့်အမိမြေပေါ်မှာခြေချလို့အမိနိုင်ငံတော်

အလံကိုအလေးပြုခွင့်ရကြမှာလဲ”လို့တွေးရင်းအမြဲကြေကွဲခဲ့ရပါတယ်။တကယ်တွေးကြည့်

တော့လဲဒီကလေးတွေကမှအေးချမ်းစွာပညာသင်ခွင့်ရနေပါသေးတယ်။

နာဂစ်မုန်တိုင်းကြောင့်ကျောင်းပါပျောက်ခဲ့ရတဲ့ကလေးတွေ၊မတရားကြီးမြင့်နေတဲ့ကုန်

ဈေးနှူန်းနဲ့အလှူငွေအမျိုးမျိုးတွေကြောင့်ကျောင်းတောင်မတက်နိုင်တော့တဲ့က

လေးတွေကပြည်တွင်းမှာအများကြီးပါ်။ဒီလိုဘဝတွေမပြီှးဆုံးနိုင်သေးတဲ့တာ

ဝန်တွေနဲ့အတူကျွန်တော်တို့(၈၈)မျိုးဆက်ကျောင်းသားတွေဟာလည်းအသက်လေးဆယ်တန်းတွေရောက်လာခဲ့လို့နောက်မျိုးဆက်ကျောင်းသားလူငယ်တွေက မပြီးသေးတဲ့တာဝန်တွေကိုဆက်လက်ယူနေကြရပါပြီ ။

ကျွန်တော်တို့တွေဘယ်အထိခရီးပေါက်ခဲ့ပါပြီလဲ?
အမြင်မှာတော့တပြည်လုံးမှာ မကြာခဏဆိုသလို ကန့်ကွက်ဆန္ဒ ပြမှုတွေဖြစ်လို့တကမ္ဘာလုံးက ဝိုင်းဝန်းကန့်ကွက်ရှုံ့ချကြလို့နအဖဟာအကျဉ်းအကျပ်မျိုးစုံနဲ့ကြုံတွေ့နေရတယ်လို့

ဆိုနိုင်ပါတယ်။တနည်းပြောရရင်အခြေစိုက်စခန်းတွေကိုတခုပြီးတခုလက်လွတ်ရပြီး

နောက်ဆုံးခံကတုတ်ကနေ မီးကုန်ယမ်းကုန်ခုခံနေရတဲ့ပုံပါပဲ။

တကယ်ကော ကျွန်တော်တို့ အနိုင်ရနေတယ်လို့ယူဆနိုင်ပါသလား ?

အဆင့်ဆင့်အလျော့ပေးလာခဲ့တယ်လို့ယူဆတယ်ဆိုရင်နအဖရဲ့ရိုးဖြောင့်တဲ့

လိုက်လျောမှုတခုလေမျုား တွေ့ကြပါသလား၊ ၁၉၈၈ ခုနှစ်စက်တင်ဘာလ

အာဏာသိမ်းပြီးတဲ့အချိန်က နိုင်ငံရေးပါတီ ဖွဲ့ခွင့်ပေးမယ် ရွေးကောက်ပွဲ

လုပ်ပေးမယ်၊အနိုင်ရမယ့်လူကိုအာဏာလွှဲပေးပြီးစစ်တပ်ဟာစစ်တန်းလျားပြန်ရုံ

ပဲလို့ဦးစောမောင်ပြောခဲ့တာကိုမှတ်မိကြဦးမှာပါ။

တကယ်တန်းကျတော့ရှိသမျှနိုင်ငံရေးပါတီတွေကိုအမျိုးမျိုးသပ်ရှိုဖြိုခွဲ၊နိုင်ငံရေးပါတီ

တွေရဲ့အရေးပါတဲ့ခေါင်းဆောင်တွေကိုဖမ်းပြီးမှရွေးကောက်ပွဲကျင်းပပေးခဲ့တာပါ။ချည်ပြီးတုတ်ပြီးအပိုင်တွက်ထားတဲ့ရွေးကောက်ပွဲမှာပြည်သူလူထုတ

ရပ်လုံးက NLDကိုတခဲနက်ထောက်ခံလိုက်တဲ့အခါကျမှပြူးတူးပြဲတဲဖြစ်ပြီး

ဦးစောမောင်ကိုဖြုတ်ချလို့ဦးသန်းရွှေနဲ့အစားထိုးတာပါ။

တနည်းဆိုရင်ဦးစောမောင်ပြောချင်တာပြောခဲ့တာတွေဟာနောက်လူတွေတာဝန်ခံမှာမဟုတ်ဘူးဆိုတဲ့သဘောပါ။ကိုယ်ပြောတဲ့စကားတောင်ကိုယ်တာဝန်မယူနိုင်တဲ့လူတွေကသူတို့ကိုသူတို့အစိုးရလို့ဆိုချင်ကြပါသေးတယ်။နောက်တခါ

ROAD MAP(၇)ချက်ဆိုတာကိုဦးခင်ညွန့်ကရေးဆွဲပြီးအမျိုးသားညီလာခံကို ကျင်းပလို့ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲကြပြန်ပါတယ်။ ရပ်လိုက် သွားလိုက်နဲ့ အချိန်ဆွဲလုပ်လာတဲ့အဲဒီညီလာခံတောင်မပြီးသေးဘူးအချင်းချင်း စားခွက်လုရင်း ဦးခင်ညွန့်ပြုတ်သွားပြန်ပါတယ်။သူလုပ်ခဲ့တာတွေအားလုံးထဲကသူတို့အကျိုးရှိနိုင်တဲ့ဟာတွေကလွဲရင်ကျန်တာတွေအားလုံးလှစ်လျှူရှုလိုက်ပြန်ပါတယ်။

အမျိုးသားညီလာခံကို (၁၅) နှစ်ကြာကျင်းပပြုလုပ် အားရအောင် အချိန်ဆွဲပြီးမှသူတို့

အလိုကျရေးဆွဲထားတဲ့အခြေခံဥပဒေကိုအတည်ပြုဖို့ရွေးကောက်ပွဲလုပ်ဖို့ဆိုပြီး

ကြေငြာချက်တွေထုတ်ပြန်တဲ့အခါအဲဒါဟာကောင်းတဲ့ဘက်ကိုရှေ့ရှုတဲ့အပြောင်းအလဲ

လို့ဘယ်လိုမှယူဆစရာမရှိပါဘူး။
(၁) ရွေးကောက်ပွဲလုပ်ခဲ့တယ် “၁၉၈၈ မှ ၁၉၉၀ အထိ ”
(၂) အခြေခံဥပဒေရေးဆွဲ “ ၁၉၉၂ မှ ၂၀၀၇ အထိ” ပြီးမှ
(၃) လူထုဆန္ဒခံယူပွဲနှင့်ရွေးကောက်ပွဲ “၂၀၀၇ မှ ၂၀၁၀ အထိ”ဆိုပြီး
န အ ဖ ကတော့ ၂၀၁၀ အထိအချိန်ဆွဲဖို့အဆင်သင့်ပြင်ထားပြီးပါပြီ ။

၂၀၁၀ရွေးကောက်ပွဲပြီးရင်ရော ဘာဖြစ်လာမှာပါလဲ ? အခုလူတွေထဲကအချို့ကို
ယူနီဖောင်းချွတ် ပြီးလွှတ်တော်တက်ခိုင်း၊ နောက်က ကာကွယ်ရေးဦးစီးချုပ်က
လိုသလို ကြိုးဆွဲသွားမယ့် စစ်အာဏာရှင်အလိုကျ အစိုးရကိုပဲ ကျွန်တော်တို့ရကြမှာပါ။
ကုလားကြီးနဲ့ အရာကြီး အခေါ်ဝေါ်သာပြောင်းသွားမယ် ဒါကဒါပါဘဲ ။

ကျွန်တော်တို့ဖက်က လက်ရှိအခြေအနေကရောဘယ်လိုပါလဲ ?

ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင် ၊ အပါအဝင် NLD ခေါင်းဆောင်တွေ၊ကိုမင်းကိုနိုင်၊ကိုကိုကြီး၊ကိုဌေးကြွယ်၊ကိုမင်းဇေယျာစတဲ့

ကျောင်းသားခေါင်းဆောင်တွေ၊အရှင်ဂမ္မီရတို့လို သံဃာတော်တွေ ၊လူမျိုးစုခေါင်းဆောင်တွေ၊ဒီမိုကရေစီလှုပ်ရှားတက်ကြွသူတွေ အားလုံး ဖမ်းဆီးချုပ်နှောင်ခံနေရဆဲပါ။ ဥပဒေမရှိပဲ ဒေါ်အောင်ဆန်းစုကြည်ကိုနေအိမ်အကျယ်ချုပ် တနှစ်သက်တမ်းတိုးလိုက်ပြန်ပါပြီ
ဘာများတုံ့ပြန်နိုင်ပါသလဲ?

ဒီပဲယင်းမှာ အကြမ်းဖက်သတ်ဖြတ်ခံရတဲ့သူတွေ ၊ လူမိုက် မွေးပြီး
ရိုက်သတ်ခံရတဲ့ရဲဘော်တွေ ၊ ထောင်ထဲမှာမတရားနှိပ်စက်ခံရရင်း လက်လွန်သေဆုံးသွားသူတွေ ၊ အခုပြီးခဲ့တဲ့စက်တင်ဘာမှာ ရိုက်နှက် သတ်ဖြတ် ၊ဖမ်းဆီင်္းခံရသူတွေအတွက်၊တရားမျှတမှု တွေ ဘယ်မှာပါလဲ ? ပြီးခဲ့တဲ့ REFERNDUM မှာထည့်သမျှ ကန့်ကွက်မဲတွေအားလုံး ကိုမဲလိမ်ပြီး ဘယ်နိုင်ငံမှာမှ မကြုံစဖူး ရာခိုင်နှုန်း(၉၀) ကျော် နိုင်ပါတယ်လို့ကြေငြာသွားခဲ့ပြီးပြီ ။အမှန်တရားဘယ်မှာပါလဲ ?

နာဂစ်မုန်တိုင်းမွှေလို့သိန်းချီသေပြီးသန်းချီဒုက္ခရောက်နေရတဲ့ပြည်သူတွေကိုကူညီချင်ကြသူတွေ

အပေါ် အမျိုးမျိုးကန့်သတ်မှုတွေလုပ်လို့ ဒုက္ခသည်တွေကို ကူညီတဲ့ပစ္စည်းတွေကို အမျိုးမျိုး အမြတ်ထုတ်နေကြတာ ကျွန်တော်တို့ဘာများလုပ်နိုင်ကြပါသလဲ?ကန့်ကွက်ရှုံ့ချရုံမှတပါးအခြားဘာမှမလုပ်နိုင်ခဲ့ပါ။

ထိုအခြေအနေအားလုံးအတွက်မည်သူ့တွင်တာဝန်ရှိပါသနည်း?

စီးပွားရေးနယ်ပယ်တွင်တော့ ရှင်းပါသည်။ ကုမ္မဏီကြီးတခုတွင် စီးပွားရေးပေါ်လစီမှား၍ အရှုံးပေါ်လာခဲ့ပါလျှင် စီမံခန့်ခွဲကြသော CEO နှင့်တကွ ဘုတ်အဖွဲ့အားလုံး နှုတ်ထွက်ကြရုံသာရှိပါသည်။ဥပမာတခုဆိုရလျှင် ယခုပြုခဲ့သော REFERENDUM တွင် ကျွန်တော်တို့ပြည်သူလူထုကို မဲရုံကိုသွား၍ ကန့်ကွက်မဲပေးကြပါဟု ဦးဆောင်မှုပေးခဲ့သည်။ထိုပေးခဲ့သောကန့်ကွက်မဲအားလုံးကိုနအဖတို့ကမဲလိမ်၍

ထောက်ခံမဲလုပ်လိုက်ပါသည်။

၉၂ရာခိုင်နှုန်းကျော်ဆိုသည်မှာမဲရုံသို့သွားရောက်သူအားလုံးနီးပါးဖြစ်ပါသည်။ထိုပြည်သူလူထုမဲများအလိမ်ခံရမှုတွင်မဲရုံသွားခိုင်းသူနှင့်မဲလိမ်သူနှစ်ဦးတွင်

မည်သူပိုတာဝန်ရှိပါသလဲ?

သူခိုးကို ခေါင်းပေါင်းပေါင်း၍ တိုက်ပုံနှင့်ချိတ်ပုဆိုးဝတ်ရုံမျှနှင့်လူကြီးလူကောင်းဟုမည်သူကယူဆကြပါမည်လဲ? သူတိုက်ပုံတွေဘာတွေဝတ်ထားတာပဲ စိတ်ချရပါတယ်ဟု ပြောသဖြင့် ဂေါပကလူကြီးခန့်မိသောအခါကျမှ ဘုရားအလှူငွေများခိုးပြေးသွားသည့်အခါ သူခိုးကို စိတ်ဆိုးရမည်လား၊ ဒါမှမဟုတ်ယုံကြည်စွာအပ်နှံခိုင်းသူကိုအပြစ်တင်ရပါမည်လား? သို့သော်တိုက်ပွဲဝင်နေကြသောယခုအခြေအနေမှာတော့ဘယ်သူကိုမှအပြစ်မပုံချနိုင်ပါ၊

ဖြစ်လာသောအခြေအနေပေါ်တွင်အကောင်းဆုံးမည်သို့ဆက်လက်လုပ်ဆောင်မည်ကှို

စဉ်းစားရန်သာရှိပါသည်။

လူထုလှုပ်ရှားမှူများနှင့်တာဝန်ခံမှူ

လူထုတိုက်ပွဲများအရှိန်မြှင့်တင်ကြသည့်အခါအထိအခိုက်အရှအနာများစွာရှိပါ

သည်။ရိုက်နှက်သတ်ဖြတ်ဖမ်းဆီးခံရသူများအတွက်တရားမျှတမှုဖြစ်စေရန် ကြိုးစားဆောင်ရွက်ပေးရန်လှုံ့ဆော်သူတို့မှာတာဝန်ရှိသလို၊လှုပ်ရှားမှုများ

ကြောင့်နေမရသဖြင့်ထွက်ပြေးတိမ်းရှောင်လာရသူများအတွက်တာဝန်ယူရန်မှာလည်းလှုံ့ဆော်သူတို့တာဝန်ပင်ဖြစ်ပါသည်။

ပေးဆပ်ခဲ့ရသောအသက်များ၊ဘဝများစသည့်အရင်းအနှီးများ အတွက်တိုက်ပွဲကိုဆက်လက်အရှိန်အဟုန်မြှင့်ပြီးအောင်ပွဲရသည်အထိ တိုက်ပွဲဝင်ရန်မှာလည်းလှုံ့ဆော်သူများ၏တာဝန်ပဲဖြစ်ပါသည်။သို့မှသာ ယုံကြည်စွာအသက်ပေး၊ဘဝပေး တိုက်ပွဲဝင်ခဲ့သူတို့အတွက် တာဝန်
ကျေပါလိမ့်မည်။ဤနေရာတွင်နိုင်ငံရေးခေါင်းဆောင်များကိုအလေးအနက်တင်

ပြချင်ပါသည်။

နိုင်ငံခြားသွားချင်သဖြင့်ဆန္ဒဝင်ပြခဲ့သူဟူ၍မရှိပါဟုကျွန်တော်ရဲရဲကြီးဆိုရဲပါသည်။နိုင်ငံခြားသွားချင်သဖြင့် ဒီရောက်မှ ဆန္ဒပြခဲ့ဖူးသူလိုလို ရောယောင်ဟန်ဆောင်သူတို့တော့ရှိချင်ရှိပါလိမ့်မည်။ပြည်တွင်း၌နေကြသူများသည်ထိုကိစ္စများကိုမသိကြပါ။

လွတ်ရာနယ်မြေရောက်မှ ဘာနိုင်ငံရေးလှုပ်ရှားမှုမှလုပ်ခွင့်မရကြပဲတတိယနိုင်ငံသွားသည့်

တံခါးတပေါက်သာဖွင့်ထားပေးသည့်အနေထားမျိုးသည်မဖြစ်သင့်ဟုဆိုချင်ပါသည်။

သွားချင်သူတွေသွားကြသလိုနိုင်ငံရေးဆက်လုပ်ချင်သူတွေလည်းရှိကြပါသည်။

သို့သော်ဒီနေရာတွင်ဘာရွေးချယ်ခွင့်မှမရပါ။လုအမျိုးမျိုးအထွေထွေကိုစီစစ်

ဆောင်ရွက်ရန်၊ထိမ်းသိမ်းစောင့်ရှောက်ရန်အတွက်ကြီးမားသောအခက်အခဲများရှိခဲ့မည်ဆိုသည်မှာအသေအချာပင်ဖြစ်ပါသည်။သို့သော်ထိုအကြောင်းပြချက်တခုတည်းဖြင့်လက်ပိုက်ကြည့်မနေသင့်ပါ။ရှေ့ဆက်တိုက်ပွဲများတွင်ထိုသို့သော
အခြေအနေများဆက်လက်ကြုံတွေ့ရန်ရှိပါဦးမည်။အလေးအနက်စားစဉ်းစားရမည့်အချက်ဖြစ်ပါသည်။

ကျွန်တော်တို့ဘာလုပ်နိုင်ပါသလဲ?
တိုက်ပွဲကာလ နှစ်သက်တမ်းရှည်လာတာနှင့်အမျှ အထိအခိုက်အရှအနာ အဆုံးအရှုံးတွေကများလာပါသည်။အခြေအနေပြောင်းလဲနိုင်တဲ့နိုင်ငံရေးတိုက်ပွဲ၊လူထုတိုက်ပွဲများကိုပြင်ဆင်တဲ့အခါ ပြီးခဲ့တဲ့အမှားတွေကို ပြန်သုံးသပ်ရှောင်ရှားရင်း အဆုံးသတ်တိုက်ပွဲကို ဘယ်လိုပြင်မလဲဆိုတာနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍကိုယူထားသူများမှာ

ကီးလေးတဲ့တာဝန်ရှိနေပါတယ်လို့ဆိုချင်ပါတယ်။

ရန်သူတွင် လက်နက်အာဏာ ငွေကြေးလူအင်အားစသည်ဖြင့် ပြည့်စုံသည်မှာ
မှန်ပါသည်။ နောက်တခါ နာဇီလို၊ ဖက်ဆစ်လို မိမိအမျိုးသားရေးကို ရှေ့တန်း
တင်သူမျိုးပင်မဟုတ်ပဲမိမိကိုယ်ကျိုးစီးပွားမှလွဲ၍ဘာမှမစဉ်းစားသည့် လိုအပ်လျှင်ဇတ်တူသားစားရန်ပင်ဝန်မလေးသည့်အာဏာရှုးစစ်အာဏာရှင်ဖြစ်

ပါသည်။

ထိုအာဏာရှင်မျိးကိုခေါင်းလေးဝင်ပါရစေဦးဆိုသည့်ကုလားအုတ်ပုံပြင်ဇာတ်လမ်းမျိုး

ဖင့်ချဉ်းကပ်လျှင်ခေတ်သစ်ကုလားအုတ်ပုံပြင်ထဲကလိုအသားပေါ်ခံရရုံသာရှိပါသည်။ထိုလူအမျိုးအစားတွေကိုခဏတဖြုတ်အသုံးကျချိန်တွင်သုံး၍မလိုချိန်မှာချနင်းပစ်လိုက်မှာအသေအချာပါ။ရှေ့ကကြိုးစားခဲ့ဘူးသူများကိုကြည့်ပါ။ဇတ်

တူသားစားသည့်သာဓကများကိုကြည့်ပါ။

လက်ရှိဝံသာနုNLDလိုလူမျိုးတွေ၊အေးလွင်တို့လိုလူမျိုးတွေ၊ငါးမင်းဆွေတို့လိုလူမျိုး

တွေစသည့်ဖော်လံဖားလူတန်းစားများပင်ဘယ်လောက်ခံမည်လဲဆိုတာကိုစောင့်ကြည့်ပါဦး။

သို့သော်အင်အားကြီးမားသည်ဆိုသည်တိုင်းကြောက်စရာမဟုတ်ပါ။လူထု

ထောက်ခံမှူမရသောဘယ်လို မတရားအစိုးရများမှ ရေရှည်မတည်တံ့နိုင်ပါ။
ခိုင်မာသောနိုင်ငံရေးဦးဆောင်မှူနောက်တွင်ပြည်သူလူထုများညီညွတ်စွာလိုက်ပါဆောင်ရွက်ကြရန်သာလိုပါသည်။

ဥပမာတခုတင်ပြလိုပါသေးသည်။တောထဲတွင်အင်အားကြီးမားလှပါသည်ဆို

သောတောဆင်ရိုင်းအုပ်လိုက်ကြီးပင်တောခွေးကျင်ငယ်ရည်နံ့ရသည်နှင့် တဆတ်ဆတ်တုန်အောင်ကြောက်ကြရှာပါသည်။ဆင်နှင့်တောခွေးများအ

ကောင်ချင်းယှဉ်လျှင်နှိုင်းစရာပင်မရှိပါ။

သို့သော်တောခွေးများ၏ ညီညွတ်ခြင်းကိုကြောက်ကြခြင်းဖြစ်ပါသည်။
ဆင်ဖြစ်စေ၊ကျားဖြစ်စေ ၊မည်သည့်သတ္တဝါဖြစ်စေ သူတို့တိုက်ခိုက်သတ်ဖြတ်
ရန်ဝန်လေးခြင်းမရှိပါ။သူတို့သတ်ကွင်းအတွင်းဝင်လာသည့်အခါကျင်ငယ်ရည်

ပန်းသည့်အကောင်ကပန်း၊ရှေ့ကဝင်သည့်အကောင်ကဝင်၊နောက်ကဆွဲသည့်အကောင်ကဆွဲ၊အပေါ်မှခုန်ချသည့်အကောင်ကချ၊ရေဆီမရောက်အောင်လမ်းလွှဲသည့်အကောင်ကလွှဲဖြင့်နောက်ဆုံးဆင်ကြီးဘုန်းဘုန်းလဲကျမှအောင်သေ

အောင်သားစားကြပါသည်။

သူတို့တွင်မတိုက်ခိုက်ခင်မှာဆင်သေရင်ဘယ်အပိုင်းကိုမှငါကယူမယ်ဆိုပြီး
ကြိုတင်ဝေပုံချထားဖြင်းလဲမရှိပါ။ငါကအုပ်စုခေါင်းဆောင်မို့ဝမ်းတွင်းသားတွေကိုငါ့သားသမီးတွေအတွက်ယူသွားမယ်ဆိုတဲ့ခေါင်းဆောင်

မျိုးလဲမရှိပါ။ငါကတော့အန္တရယ်များတဲ့နှာမောင်းနေရာမှာနေရလို့သူက

တာ့အနောက်ကပဲဝင်ဆွဲလို့စသည်ဖြင့်လဲမကွဲပါ။ဆင်ကောင်ကြီးမှမသေသေးခင်စားအိုးစားခွက်တွေကြိုပြင်ထားတဲ့အကောင်တွေလဲမရှိပါ။တိုက်ပွဲမှာအချောင်ခိုနေပြီးဆင်သေချိန်ကျမှခေါင်းပေါ်တက်ထိုင်တတ်တဲ့အ

ကာင်မျိုးလဲမရှိပါ။ဒီတိုက်ပွဲမှာဆင်ကြီးမသေလို့စိတ်ဆိုးသွားရင်ငါတော့မလွယ်ဘူးဆိုပြီးစိတ်ဆိုးအောင်မလုပ်ပဲနေတဲ့အကောင်လဲ
မရှိပါ။

သူတို့သိသည်မှာသူတို့သတ်ကွင်းပြင်ထားသည့်နေရာသို့ဝင်လာသည့်မည်

သည့်သားကောင်မဆိုအပြီးအပြတ်ချေမှုန်းစားသောက်ပြီးမျိုးဆက်ကိုထိန်းသိမ်းရန်သာဖြစ်ပါသည်။
အရိုင်းဥပဒေမှာတောခွေးတွေကိုသူတို့ရဲ့စုစည်းညီညွတ်မှုကြောင့်

တာဘုရင်ဆိုတဲ့အကောင်ကြီးတွေတောင်ဖိန့်ဖိန်တုန်အောင်ကြောက်

ကရပါသည်။ကျွန်တော်တို့ဟာတောခွေးတွေထက်အဆပေါင်းများစွာအသိဥာဏ်မြင့်မားသောလူသား

များဖြစ်ကြပါသည်။မြန်မာပြည်ရဲ့များစွာသောပြည်သူလူထုကနအဖကိုလက်
မခံဘူးဆိုတာ၁၉၉၀ပြည့်ရွေးကောက်ပွဲနဲ့သက်သေပြပြီးပါပြီ။ငြိမ်းချမ်းစွာဆန္ဒဖေါ်ထုတ်တဲ့နည်းလမ်းများစွာနဲ့သက်သေပြခဲ့ပြီးပါပြီ။၂၀၀၇စက်တင်ဘာလကဖြစ်ပွားခဲ့တဲ့သံဃာတော်များနဲ့ကျောင်းသားပြည်သူများရဲ့ရွေဝါရောင်တော်လှန်ရေးကြီးဟာကမ္ဘာသိပါ။နိုင်ငံတကာအသိုင်းအဝိုင်းကလည်းမြန်မာပြည်သူတွေနဲ့တသားတည်းရှိတဲ့အကြောင်းဆန္ဒတွေထုတ်ဖေါ်ပြခဲ့ပြီးဖြစ်ပါတယ်။

မဖြစ်လာနိုင်သေးတဲ့ကုလသမဂ္ဂတပ်ကြီးတွေ၊အမေရိကန်တပ်ကြီးတွေဝင်လာဖို့ကိုစိတ်ကူးမယဉ်တာပိုကောင်းပါတယ်။ကိုယ့်အားကိုယ်ကိုးပြီးကျွန်တော်တို့

တကယ်ညီညွတ်ဖို့သာလိုပါသည်။

အနှစ်နှစ်ဆယ်မှသည်
အနှစ်နှစ်ဆယ်ပြည့်တော့မယ့်အချိန်မှာပြည်သူလူထုအတွက်အလိုအပ်ဆုံးအရာကိုပြောရမယ်ဆိုရင်အရည်အသွေးပြည့်ဝတဲ့ခေါင်းဆောင်မှုနဲ့ပီ

ပင်တဲ့နိုင်ငံရေးဦးဆောင်မှုဟာအရေးတကြီးလိုအပ်နေပါတယ်။အဲဒီနောက်

ကဒီမိုကရေစီအရေးလှူပ်ရှားသူအားလုံးရဲ့ညီညွတ်မှုနဲ့လူထုအင်အားပေါင်းစပ်လိုက်

မယ်ဆိုရင် မအောင်မြင်စရာမရှိဘူးလို့ဆိုချင်ပါတယ်။

အတွေ့အကြုံ၊အတွေးအခေါ်ကြီးမားတဲ့ကျွန်တော်တို့ရဲ့နိုင်ငံရေးဦးဆောင်ပုဂ္ဂိုလ်များဟာပိုပြီးမြင်နိုင်ဦးဆောင်နိုင်မယ်ဆိုတာယုံကြည်ပါတယ်။ကျွန်တော်တို့မှာ

ဒေါ်အောင်ဆန်းစုကြည်လိုမြန်မာသိကမ္ဘာသိလူထုခေါင်းဆောင်တွေရှိပါတယ်။ဒါပေမယ့်အဲဒီလူထုခေါင်းဆောင်တွေချမှတ်ထားတဲ့နိုင်ငံရေးဦးဆောင်မှူလမ်း

ကြောင်းအတိုင်းသူတို့ဖမ်းဆီးခံနေရချိန်မှာဆက်လက်အကောင်အထည် ဖေါ်ပေးမယ့်၊ဦးဆောင်မှူပေးမယ့်ခေါင်းဆောင်ကောင်းတွေလိုပါတယ်။

စက်တင်ဘာအရေးအခင်းပြီးကာစမှာအမေရိကန်လူမျိုးမိတ်ဆွေတဦးက
ကျွန်တော့်ကိုမေးဘူးပါတယ်။စက်တင်ဘာအရေးတော်ပုံကြီးဘာလို့အ

ခြေမှုန်းခံရလဲဆိုတာနဲ့၊ဘယ်လိုအခြေအနေမျိုးဆိုရင်အနိုင်ရနိုင်မလဲဆိုတာပါ။

သူမေးတဲ့စိတ်ဝင်စားစရာမေးခွန်းတွေကိုဖေါ်ပြပေးချင်ပါတယ်။
(၁) သံဃာ့နာယကအဖွဲ့ခေါင်းဆောင်တွေပူးပေါင်းလာရင်အနိုင်ရနိုင်မလား?
(၂) အခြားဘာသာရေးခေါင်းဆောင်များပူးပေါင်းပါဝင်လာရင်အနိုင်ရနိုင်မလား?
(၃)စစ်တပ်ကပူးပေါင်းလာမယ်ဆိုရင်အနိုင်ရနိုင်မလား?အနိုင်ရနိုင်မယ်ဆိုရင်

ဘယ်အဆင့်လောက်ထိပူးပေါင်းဆောင်ရွက်မှုလိုမလဲ၊ဥပမာအောက်ခြေအဆင့်အထိလား၊စစ်ဗိုလ်အဆင့်လား၊ဒုဗိုလ်မှုးကြီးအဆင့်လား၊ဒါမှမဟုတ်လက်ရှိအုပ်ချုပ်ရေးပိုင်းထဲကတယောက်ယောက်ပါဝင်ပူးးပေါင်းဖို့လိုလားစတဲ့မေးခွန်းတွေပါ။

ကာယကံရှင်ဖြစ်တဲ့ကျွန်တော်တို့တတွေဟာဒီထက်မက ကိုယ့်ကိုကိုယ်မေးခွန်း
တွေထုတ်ဖို့လိုပါလိမ့်မယ်။ဘဝတွေအသက်တွေနဲ့ရင်းရတဲ့တိုက်ပွဲတွေအတွက်အပြန်ပြန်အလှန်လှန်သုံးသပ်ဖို့လိုပါလိမ့်မယ်။

ကျွန်တော့်အနေနဲ့အချုပ်ဆိုရရင်တော့ပီပြင်တဲ့နိုင်ငံရေးဦးဆောင်မှုနဲ့ လူထုအင်အား(ဆရာလူထုဦးစိန်ဝင်းစကားနဲ့ပြောရရင်PEOPLE POWER)နဲ့

ညီညွတ်မှုသာအဆုံးသတ်တိုက်ပွဲကိုအဆုံးအဖြတ်ပေးလိမ့်မယ်ဆိုတာပါပဲ။

ဘယ်လိုအသွင်မျိုးနဲ့လူထုတိုက်ပွဲလဲ၊ဘယ်အတိုင်းအတာအထိတိုက်ကြမလဲ

ဘယ်လိုပုံစံမျိုးနဲ့ဖေါ်ဆောင်ကြမလဲဆိုတာကိုတော့နိုင်ငံရေးဦးဆောင်သူတွေ
ဆုံးဖြတ်ပေးရမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူတွေကသူတို့အတွက်
ဒီမိုကရေစီဖေါ်ဆောင်ဆောင်ပေးနိုင်မယ်လို့ယူဆသူတွေကိုသူတို့ဆန္ဒနဲ့ရွေး

ချယ်ထားပြီးသားပါ။ပြတ်သားတဲ့မူတရပ်နဲ့အတူလူထုကိုဦးဆောင်ကြစေချင်ပါ

တယ်။

အနှစ်နှစ်ဆယ်မှသည်အဆုံးသတ်တိုက်ပွဲဆီသို့ကျွန်တော်တို့ဦးတည်မလား? အနှစ်နှစ်ဆယ်မှသည်အင်ဖန်နတီဆီသို့ဦးတည်မလား?
ဆိုတာရွေးချယ်ကြဖို့အချိန်ကျရောက်ပါပြီလို့တင်ပြလိုက်ရပါတယ်။

D-Wave