9.21.2008

ပါကစ္စတန်မြို့တော်တွင် ဗုံးပေါက်ကွဲ၊ လူ ၆၀ ထက်မနည်း သေဆုံး

Pakistan Security Officials Describe Hotel Attack


21 September 2008



Pakistani security officials have disclosed new details about Saturday's hotel bombing and released a video showing the attack. VOA's Barry Newhouse reports from Islamabad, where the interior ministry said the death toll has reached 53 people, including four foreigners.

View of destruction caused by bomb explosion at hotel in Islamabad, 20 Sep 2008
View of destruction caused by bomb explosion at hotel in Islamabad, 20 Sep 2008
The top official in the interior ministry told reporters that the attackers had built a sophisticated bomb that is the largest on record in Pakistan.

Rehman Malik said an estimated 600 kilograms of military grade explosives were mixed with aluminum powder - a highly flammable material. The bomb was packed inside a large dump truck that was also carrying construction materials - apparently to take advantage of city rules that allow large construction vehicles into the city after sunset.

Security camera footage released by officials showed a large truck attempting to ram the hotel gate. When the truck failed to breach the barrier, the driver appeared to detonate a small explosion inside the cab, catching the vehicle on fire and sending hotel guards fleeing. The vehicle then burned for several minutes, before the flames grew and eventually detonated the truck's massive payload.

Rehman Malik said officials have made no arrests, but suspect the perpetrators are linked to previous attacks.

"Unless I investigate, Im not at liberty to tell you who has done it. But previous investigations, all the roads have gone to South Waziristan," Malik said.

The tribal agency on the Afghan border is considered a stronghold of Taliban leader Baitullah Mehsud, who was also blamed in the assassination of former Prime Minister Benazir Bhutto.

Officials said the four foreigners killed in the blast included two Americans, a Vietnamese citizen and the Czech ambassador to Pakistan.

No militant groups have claimed responsibility for the attack, but in the past spokesmen for the groups frequently call television and radio stations to take credit and criticize the government.

Rehman Malik urged the media not to give the militants a propaganda victory.

"I am requesting and appealing to the media to stop the glorification of those - those militants who are killing your brothers, your sisters," Malik said.

The top official in the interior ministry said the government plans to continue its plan for combating militancy in the tribal regions by distributing development aid, negotiating peace deals with willing partners, and using military strikes when necessary.

Pakistani police officers carry an injured person after a bomb explosion at a hotel in Islamabad, 20 Sep 2008
ပေါက်ကွဲမှုတွင်း ဒဏ်ရာရသူများကို ပါကစ္စတန် ရဲများက ကယ်ထုတ်နေပုံ (စက်တင်ဘာ ၂၀၊ ၂၀၀၈)
ပါကစ္စတန်နိုင်ငံ မြို့တော် အစ္စလာမ်မာဘက် မှာရှိတဲ့ မဲရီးယော့တ် ဟိုတယ် အပြင်ဘက်မှာ ဖောက်ခွဲရေးပစ္စည်းတွေ အပြည့် တင်ဆောင် ထားတဲ့ ထရပ်ကား တစီးကို အသေခံ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာကြောင့် လူ ၆၀ သေဆုံးပြီး လူ ၂၅၀ ကျော် ဒဏ်ရာ ရရှိသွားပါတယ်။

စနေနေ့နှောင်းပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဒီပေါက်ကွဲမှုကြောင့် ဟိုတယ်အ၀င်ပေါက် လုံးဝ ပျောက်ထွက်သွားပြီး ဧည့်ခန်းဆောင် လည်း ပျက်ဆီးကာ အဝေးကြီးက အဆောက်အဦတွေ တောင်မှ တုန်ခါသွားခဲ့ရပါတယ်။ ပေါက်ကွဲမှုကြောင့် ဟိုတယ် ရဲ့ ပင်မ ဓါတ်ငွေ့ပိုက်လိုင်း ပေါက်ထွက်သွားပြီး ဟိုတယ်တခုလုံး မီးဟုန်းဟုန်း တောက်နေခဲ့ပါတယ်။ အဲဒီအဆောက်အဦ ပြိုကျနိုင်တယ်လို့လည်း အာဏာပိုင်တွေ က သတိပေးထားပါတယ်။

အထဲမှာ လူတွေ အများကြီး ပိတ်မိနေသေးတာကြောင့် သေဆုံးသူ အရေအတွက် ပိုများလာနိုင်ပါတယ်။ ဒီဖောက်ခွဲမှုအတွက် ၁,၀၀၀ ကီလိုဂရမ် ရှိတဲ့ ဖောက်ခွဲရေးပစ္စည်းတွေ သုံးထားလိမ့်မယ်လို့ ရဲ က ခန့်မှန်းပါတယ်။

ပေါက်ကွဲမှုကြောင့် ပေ ၅၀ လောက်ကျယ်တဲ့ ကျင်းကြီးလည်း ဖြစ်သွားခဲ့ရပါတယ်။ အခုထိတော့ တိုက်ခိုက်မှုအတွက် ဘယ်သူကမှ ၀န်ခံလာတာ မရှိသေးပါဘူး။ ဒါပေမယ့် လွှတ်တော်နားမှာ ပေါက်ကွဲမှု ဖြစ်နိုင်တယ် ဆိုတဲ့ ထောက်လှန်းရေး သတင်း ရထားတယ် လို့တော့ ပြည်ထဲရေး ၀န်ကြီးဌာန အကြီးအကဲ က ပြောပါတယ်။

စစ်ခုံရုံးမှတလွဲများမီးဖိုထဲမှာချက်လို့တဲ့ဗျား(ကောင်းကင်ပြာ)

စက်တင်ဘာ ၂၁၊ ၂၀၀၈ထူးအိမ်သင် သီချင်းက တနေ့စာ အလွဲများ ပါတဲ့။ မြန်မာပြည်က အလွဲတွေကို သီချင်းလုပ်ဆိုတာပါ။ နည်းနည်းလေးတော့ လွဲနေတယ်၊ လွဲလွဲလေးပဲ ကောင်းပါတယ် … တဲ့။အခုချိန်မှာ ထောင်ထဲမှာ ခုံရုံးထုတ်ပြီး ၈၈ မျိုးဆက်တွေ၊ ရဟန်းတွေ၊ နိုင်ငံရေး လှုပ်ရှားသူတွေ၊ နာဂစ် မုန်တိုင်း ကယ်ဆယ်ရေး လုပ်သားကြီးတွေကို တရားစွဲ၊ အမှုတွေ ဆင်၊ ရုံးထုတ်၊ ဆွဲချ နဲ့ ချေပတာတွေ လုပ်ခိုင်းနေတာ တချိမ်းချိမ်းပါပဲ။အရှေ့ပိုင်းခရိုင် တရားရုံးတဲ့၊ အနောက်ပိုင်း ခရိုင်တရားရုံး တဲ့ …။ နံမယ်တွေက ကြည့်လိုက်ရင် ရန်ကုန်မြို့က ဘားလမ်းမှာ၊ ကမာရွတ်တို့၊ ဗဟန်းတို့၊ လသာတို့မှာ ရုံးထုတ်ပြီး တရားဆိုင်နေရသလိုလို။ အချုပ်ကားကြီးနဲ့ ရမန်ကြီး ရက်ပြည့်တိုင်း မြို့ထဲကို ရုံးထုတ်ထား သလိုလို။ တကယ်ကတော့ တရားရုံးကို အင်းစိန်ထောင်မကြီးထဲမှာ အခြေစိုက်ဖွင့်ထားတာမို့လို့ တိုက်ထဲက အဆောင်ထဲက လက်ထိပ်နဲ့ ခြေထိပ်နဲ့ ချုပ်ပြီး ထောင်ကြီးက တရားရုံးကို ချီတက်လာရတာပါ။ တရားရုံးမှာလည်း အမှုတွေက အံ့သြကုန်နိုင်ဘွယ်။ ပြည်ပနိုင်ငံများကို အသရေဖျက်လို့တဲ့။ တရုတ်တို့ ကုလားတို့ကို ဝေဖန်လို့ ဆိုပဲ။ သာသနာကို ဖျက်ဆီးလို့တဲ့။ ဘုန်းကြီးတွေကို ဘုရားမှာ ဆွမ်းကပ်တာ အပြစ်ရောက်နေပြီ။ နိုင်ငံတော်ကို စော်ကားလို့တဲ့။ လူ့အခွင့်အရေး ကြေငြာစာတမ်းကို ဖတ်မိတာက နိုင်ငံတော်ကို လုပ်ကြံသလို အပြစ်ကြီး ဆိုပဲ။အခု နောက်ဆုံးကတော့ လောကဓာတ်ပညာတွေနဲ့ ပတ်သက်ပါတယ်။ “လောကဓာတ်ပညာ လက်ရောက်မှု”တွေနဲ့ အမှုစွဲပါတယ်။ အင်တာနက်ဥပဒေ အင်တာဖြူဥပဒေ ဆိုတာကလည်း အံ့သြကုန်နိုင်ဖွယ်ပါပဲ။ အီးမေး သုံးလို့ ပြီးတော့ “ချက်”လို့ စသည်ဖြင့် အမှုမှာ စွဲထားတာတွေက ပြုံးချင်စရာပါ။ပြည်ပက အဖျက်အမှောက်သမားတွေနဲ့ နာဂစ်ကယ်ဆယ်ရေးလုပ်သားကြီးက အဆက်အသွယ် လုပ်ပါတယ်တဲ့။ ဆက်သွယ်ပုံမှာ နေ့စဉ် “ ချက်” တဲ့နည်းနဲ့ ဆက်သွယ်ကြတာလို့ စွပ်စွဲပါတယ်။ ဒီလောက် အင်တာနက်ကို ပိတ်ဆို့ တားမြစ် ဖိနှိပ်ထားတဲ့ကြားက မောင်မင်းတို့ ဘယ်နေရာကနေ “ချက်” သလဲလို့ အမှုစွဲသူတွေက မေးတဲ့အခါ၊ ကွန်ပျူတာသမား ကယ်ဆယ်ရေးလုပ်သားကြီးက အမှန်အတိုင်း ဖြေပါတယ်။ “ကျနော်တို့က ဘယ်နေရာမှာ “ချက်” သလဲ။ ဟုတ်လား။ ကျနော်တို့ “မီးဖို” ထဲမှာ “ချက်” ရင်း တွေ့ကြ ဆုံကြတယ်” လို့ ပြောလိုက်ပါတယ်။တရားရုံးကလည်း သူပြောတဲ့အတိုင်း မှတ်တမ်းတင်ပါတယ်။ လောကဓာတ်ပညာတွေကို ဗူးလုံး နားမထွင်းတဲ့ တရားသူကြီးတွေ ၀န်ထမ်းတွေကတော့ နာဂစ် ကယ်ဆယ်ရေးလုပ်သားကြီးကို စိတ်ဆိုးကြပါတယ်။ ငါတို့ကို မချေမငံ စကားကပ်ပြီး လျှောက်ပြောနေတယ် ပေါ့လေ။အလွဲကလေးကတော့ ဒီလိုပါနော်။ အင်တာနက်သမားတွေကတော့ သိကြမယ်ထင်ပါရဲ့။ သံခိတ်က (ခက်ဆစ်) က ဒီလိုပါ ခင်ဗျား -ချက် = chatမီးဖို = http://meebo.com - ၀က်ဆိုက်က တဆင့် ပိတ်ထားသော ချက်အစီအစဉ်များကို ကျော်လွှား သုံးစွဲနိုင်တဲ့ အင်တာနက်ဆိုက်သူပြောတာ အမှန်ကတော့ - ပြည်ပကလူတွေနဲ့ chat လုပ်ရာမှာ MeeBo ထဲမှာ သွားရောက်ပြီး chat ရတာ ဖြစ်တယ်လို့ ဆိုတာပါ ခင်ဗျား။ မီးဖိုထဲမှာ ချက်ကြရတယ် ဆိုတာ ရိုးရိုးသာမန်တွေးလည်း ဟုတ်တာပါပဲနော်။အဖျက်သမားတွေနဲ့ နာဂစ်ကယ်ဆယ်ရေးလုပ်သားကြီးတို့ ဘယ်မီးဖိုထဲမှာ ဘာဟင်းတွေ ချက်မိလို့ ဘယ်လိုမျိုး အမှုတွေ ကြီးကုန်ပါလိမ့်လို့ … ကွမ်းယာဆိုင်က ချာတိတ်က ပါးစပ်လေး အဟောင်းသားနဲ့ အတွေးနယ်ချဲ့ ကျန်ရစ်ပါတယ်။ဟဲ ဟဲ …
(ဉာဏ်ကျယ်လေး ကောင်းကင်ပြာ ကိုယ်တွေ့ တဆင့် ပြန်ရေးသည်)
စက်တင်ဘာလ စစ်ဖိနပ်အောက်က ရန်ကုန်
ညွန့်ထွေးစက်တင်ဘာ ၂၀၊ ၂၀၀၈
သိမ်ဖြူလမ်းမှာ လုံထိမ်းကား ၁၀ စီး လက်နက်အပြည့်အစုံနဲ့ ဖြတ်မောင်းသွားတယ်။ မြင်လိုက်ရတဲ့ မြို့ခံတွေက တဦးကို တဦး စိုးရိမ်ပူပန်တဲ့ မျက်လုံးချင်း ဆုံကြည့်ကြတယ်။ ဘာမှတော့ မပြောဖြစ်ကြဘူး။ သောကြာနေ့ ၃ နာရီ ခွဲ၊ ရဲသားများ တစီးလျင် ၂၀ ဦးခန့်။ရန်ကုန် စက်တင်ဘာနေ့ရက်တွေမှာ အာဏာပိုင်တွေရဲ့ လက်နက်ကိုင်တွေ၊ လုံခြုံရေး ၀န်ထမ်းတွေ၊ သတင်းပေး အရပ်ဝတ်တွေ နေရာ အပြည့်ယူထားပြီး ဟိုမှ သည်မှ အရေးတကြီး ကူးသန်းပြနေတဲ့အတွက် သူတို့ကြောင့် ရန်ကုန်မြို့ကြီးက နေစရာ မရှိအောင် ထိတ်လန့်နေကြရတယ်လို့ ပရိသတ်က ပြောပါတယ်။ယနေ့ စနေနေ့မှာတော့ လူသွားလူလာ ကျဲပါး ခြောက်ကပ်နေပြီး သိမ်ကြီးဈေး၊ ဗိုလ်ချုပ်အောင်ဆန်း ဈေးတို့မှာပါ ဈေးဝယ်တွေ သိသိသာသာ လျော့နည်းနေတာကို တွေ့ရပါတယ်။ “ ငါတို့ကဖြင့် ဘာမှ မလုပ်ရဘဲနဲ့ သူတို့မှာ ဟန်ရေးပြနေလိုက်တာ။ ကြောက်နေရတာက ငါတို့လား၊ သူတို့လား …” လို့ လမ်းဘေးက ဘတ်စ်ကားစောင့်နေသူတယောက်က အဖော်ကို ပြောလိုက်ပါတယ်။ည ၉ နာရီမှာ လူရော ကားပါ အသွားအလာ ခြောက်နေတဲ့ ရန်ကုန်မြို့မှာ အငှားကားသမားများကတော့ တော်တော်ကို အကြပ်ဆိုက်နေပါပြီ။ သူတို့အပြောက အဝေးပြေးဂိတ်တွေ၊ မော်တော်ဆိပ်တွေမှာပါ လူ မရှိတော့ဘူး။ အချိန်တိုင်း နေရာတိုင်းမှာလည်း လမ်းကို ပိတ်ပြီး စစ်ဆေး မေးမြန်းတဲ့ လုံခြုံရေးချထားတဲ့ လူအုပ်စုကြီးတွေကိုပဲ တွေ့ရနေတော့ ခရီးသည်တွေ မသွားကြတာလဲ မဆန်းပါဘူးလို့ သူတို့က မှတ်ချက်ပေးပါတယ်။“နေအိမ်တွေမှာလည်း တအိမ်တက်ဆင်း ညဘက်ဆို ဧည့်စာရင်း စစ်ကြပြီ။ တစိမ်းတွေက အိမ်ထဲကို ၀င်လာပြီး လိုက်ရှာတာ၊ လိုက်ကြည့်တာတွေ လုပ်တယ်။ သူတို့တွေက လူတွေကို အဲသလို အိပ်ကောင်းခြင်း အိပ်မရအောင် နှောက်ယှက်စော်ကားနေရတာကို ကျေနပ်နေပုံပဲ။” လို့ ကျောင်းသားတဦးက ပြောပါတယ်။ လူငယ်ဖြစ်နေလို့၊ ကျောင်းသားဖြစ်နေလို့၊ ဘုန်းကြီးဖြစ်နေလို့၊ အတိုက်အခံတွေနဲ့ ပတ်သက်ပေါင်းသင်းနေလို့၊ မိသားစုထဲမှာ နိုင်ငံရေးမှုနဲ့ ထောင်ကျနေသူ၊ တိမ်းရှောင်နေသူ ရှိနေလို့ စတဲ့ အကြောင်းတွေနဲ့ ပစ်မှတ်ထားခံရသူ မိသားစုများ အသိုင်းအ၀ိုင်းတွေမှာ အမှန်တရားဘက်က ရပ်တည်နေရဲတာအတွက် ကိုယ်ချင်းစာဖေးမသူတွေ ရှားလာသလိုပဲ လို့ ထောင်ကျနေသူ ဇနီးသည်အတွက် ရုန်းကန်နေရသူက ရင်ဖွင့်ထားပါတယ်။“ လူတွေကို ခြောက်လှန့်ပြီး အသက်ရှင်သန်ခိုင်းထားတယ်။ ကောလာဟာလဆိုတာက သူတို့ဖက်က လွှင့်နေတာချည်းပဲ။ အဖျက်သမားတွေကို ပြည်ပက လွှတ်လိုက်တယ်။ အခု ဗုံးတွေကို ဖောက်မည့်သူတွေကို လိုက်ဖမ်းနေရတယ်။ ရပ်ကွက်ထဲမှာ အစိုးရကို မျက်စောင်းမထိုးနဲ့ အဲသည်လူကို အကြမ်းဖက်သမား၊ ဖောက်ခွဲရေးသမားဆိုပြီး အစိုးရလူတွေက လက်တို့ပြီး ဖမ်းမှာပဲ။ ဒါမျိုးတွေနဲ့ လူတွေကို ခြိမန်းခြောက်ထားတယ်။” လို့ သူက ပြောပါတယ်။ “ပျက်စီးနေတဲ့ အစိုးရစနစ်ကို မကြိုက်လို့ ဆန့်ကျင်လို့ အဖမ်းခံရတယ်။ အဲ အဖမ်းခံရတော့ သူတို့ရဲ့ ပျက်စီးနေတဲ့ စနစ်ရဲ့ လက်ဝေခံတွေက လမ်းကြောင်းဝင်ဖို့တို့၊ လာဘ်ပေးဖို့တို့ ကျနော်တို့လို လူမျိုးတွေကို လာပြီး စည်းရုံးတယ်။ ကျနော်တို့က သူတို့ကို အောက်ကျို့ရအုံးမယ် ဆိုရင် ကျနော်တို့က သူတို့စနစ်ကြီးကို အားပေးသူတွေ ဖြစ်ကုန်မှာပေါ့ …” ကလေးတွေအတွက် ထမင်းဘူးတွေကို ပြင်ဆင်ရင်း အလုပ်များနေတဲ့ ခင်ပွန်းက သူ့အမြင်ကို ပြောသွားပါတယ်။စက်တင်ဘာလ ရန်ကုန်မြို့ကတော့ နေ့ရော ညပါ လိပ်ပြာများ အသက်ဝိဉာဏ်များ ကင်းမဲ့ချို့တဲ့လျက် ရှိနေပြီ။ မြို့တော်ခမ်းမ ၀န်းကျင်က စီစီတီဗီတွေ အောက်မှာ လူတွေက ငြိမ်ဝပ်ပိပြားစွာ အသက်ရှူနေကြသည်။ စစ်သားတွေကို မမြင်ကြရတော့ပေမယ့် ရဲတွေ၊ အရပ်ဝတ် အစိုးရ ကြံ့ဖွံ့တွေ၊ စွမ်းအားရှင်တွေနှင့် သတင်းပေး အလိုတော်ရိများ၏ ချယ်လှယ်နေမှုတွေကို ရန်ကုန်က ပြည်သူတွေ မည်မျှကြာကြာ ခေါင်းငုံ့ခံနေမည်လဲ …
မိုးမခဘလေ့မှကူးယူဖေါ်ပြပါသည်။

ချုပ်နှောင်ခြင်းမှလွတ်မြောက်နေသူများ

နိုင်ငံရေးအကျဉ်းသားများနှင့်ပါတ်သက်သောအသိုင်းအဝန်းမှရရှိသောသတင်းများ
အရအင်းစိန်ထောင်အပါအဝင်အချို့အကျဉ်းထောင်များတွင်သက်ကြီးရွယ်အိုနှင့်
နာမကျန်းဖြစ်နေသူအကျဉ်းသားများစာရင်းကိုလိုက်လံကောက်ယူနေကြောင်း
သိရပါသည်။

မည်သည့်အတွက်လိုက်လံကောက်ယူနေသည်ကိုမသိရသော်လည်းထိုအကျဉ်းသား
များကိုနအဖမှသက်ညှာမှုကိုပြသည့်သဘော(ဖိအားတချို့လျှော့ကျစေလို့သည့်
သဘော)၊လက်ကျန်ပြစ်ဒါဏ်များကို့လျှော့ပေါ့ပေးသည့်အနေအထားဖြင့်လွှတ်ပေး
ရန်ဖြစ်နိုင်ကြောင်းယူဆမှုများရှိနေပါသည်။

ထိုသို့ဆောင်ရွက်မှုများထဲတွင်လက်ရှိမတရားစွဲဆိုအမှုဆင်ခြင်းခံနေကြရသော
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၊NLDအဖွဲ့ဝင်များ၊ကိုဇာဂနာ၊ကိုဇော်
သက်ထွေး၊မစုစုနွေးစသည့်အမှုရင်ဆင်နေရသေးသူများအကျုံးဝင်ခြင်းမရှိသေး
ဟုလည်းသိရပါသည်။

နှစ်ရှည်ထောင်ဒဏ်ကျခံနေရဆဲနိုင်ငံရေးအကျဉ်းသားများထဲတွင်၁၉၈၉ခုနှစ်
ကတည်းကထောင်ဒဏ်ကျခံနေရသူအသက်၇၈နှစ်ကျော်နေပြီဖြစ်သူသတင်းစာ
ဆရာကြီးNLDဦးဝင်းတင်သည်ယခင်နှလုံးရောဂါနှင့်ရင်ကျပ်ရောဂါအတွက်ဆေး
ပုံမှန်သောက်နေရသူဖြစ်ပြီး၊ဆီးကျိတ်ခွဲစိတ်ကုသမှုခံယူထားရဘူးပါသည်။ယခု
အချိန်တွင်မျက်စိတိမ်စွဲသည့်ဝေဒနာကိုခွဲစိတ်ကုသရန်လိုအပ်နေကြောင်းလည်း
သိရပါသည်။

သို့ရာတွင်ဦးဝင်းတင်ကဆေးရုံတက်ဆေးကုရန်ငြင်းဆိုထားကြောင်းသိရပါသည်။
၎င်းနှင့်နီးစပ်သူအချို့၏ပြန်လည်ပြောပြချက်အရထိုသို့ကျမ်းမာရေးမကောင်းခြင်း၊
အသက်အရွယ်ကြီးခြင်း၊ဆေးကုသမှုခံယူရခြင်းကြောင့်အပြစ်ဒါဏ်မှလျှော့ပေါ့၍
လွှတ်ပေးခြင်းကိုလုံးဝလက်ခံမည်မဟုတ်ဟုငြင်းဆိုထားခြင်းဖြစ်ပြီး။ဆေးရုံတက်ရ
သဖြင့်အပြစ်ဒါဏ်မှလျှော့ပေါ့သည့်သဘောဖြင့်လွှတ်ပေးမည်ကိုလည်းလုံးဝလက်
မခံနိုင်သဖြင့်ဆေးရုံတက်မျက်စိခွဲစိတ်ကုသရန်ကိုပါငြင်းဆိုထားခြင်းဖြစ်သည်ဟု
သိရပါသည်။

ဦးဝင်းတင်အားမတရားဖမ်းဆီးအကျဉ်းချထားသည့်လက်ရှိပုဒ်မအရဆိုလျှင်ပင်
ချုပ်နှောင်ထားသည့်ကာလသည်ချထားသည့်အပြစ်ဒါဏ်ထက်ကျော်လွန်နေပြီဟု
သိရပါသည်။ထို့ကြောင့်ဦးဝင်းတင်က၄င်းအားလွတ်ပေးမည်ဆိုလျှင်

(၁)သူ့အားမတရားဆက်လက်ချုပ်နှောင်ရန်၎င်းတို့ထံတွင်ဥပဒေမရှိတော့၍၄င်း။
(၂)ထိုသို့မဟုတ်လျှင်မတရားဖမ်းဆီးခြင်းခံနေကြရသောနိုင်ငံရေးအကျဉ်းသား
အားလုံးကိုချွင်းချက်မရှိလွတ်ပေးခြင်းဖြင့်၎င်းသာလွတ်မြောက်ရန်ဆန္ဒရှိပြီး။
(၃)နအဖမှစာနာထောက်ထားသောအားဖြင့်လွတ်ပေးခြင်းကိုလက်ခံမှလွတ်
မြောက်ရမည်ဆိုလျှင်ထောင်ထဲတွင်ပင်ဆက်လက်နေသွားမည်ဟုပြောဆိုထား
ကြောင်းသိရပါသည်။

မတရားချုပ်နှောင်ခံထားကြရသော်လည်းရဲရင့်စွာလွတ်မြောက်နေကြသူနိုင်ငံရေး
အကျဉ်းသားအားလုံးကိုဤသတင်းဆောင်းပါးဖြင့်ဦးညွတ်ဂုဏ်ပြုလိုက်ရပါသည်။
D-Wave

Force Labour



The villagers from Mayang Gone village ,Daydaye township,Irrawaddy division were forced labor by authorities .
photos from http://www.laminkhin.blogspot.com
Posted by Picasa