7.02.2009

Burma's News World's News

US marine in Main Poshteh, Afghanistan(02/07/09)
The US military says it has begun a large operation against the Taliban in the southern Afghan province of Helmand.

An Indian court rules that homosexual intercourse between consenting adults is not a criminal act, overturning colonial law.

The world's largest cat is down to an effective wild population of fewer than 35 individuals, new research has found.

US Marines move in formation through farm fields after landing by helicopter in overnight air assault near Taliban stronghold of Nawa, Helmand province, 2 Jul 2009
Thu. 02 Jul 2009 0407 UTC

US Launches Massive Offensive in Afghanistan

About 4,000 US Marines descend on Taliban strongholds in south, in first major operation under President Barack Obama's new strategy to stabilize country

Full Story »

Pakistani officials collect evidence at scene of explosion in Peshawar, 2 Jul 2009

5 Killed in Rawalpindi, Pakistan Suicide Blast

Elsewhere, roadside bomb just outside Peshawar killed two police officers, at least four wounded

Iraqi security forces secure site of roadside bomb attack in Baghdad, 02 Jul 2009

At Least 3 Killed in Baghdad Bombings

Authorities say roadside bomb struck Iraqi army patrol killing soldier, eight others wounded

Saddam Trial in Iraq eng 195 14feb06

FBI Releases Details of 2004 Talks with Saddam Hussein

Former Iraqi dictator said he allowed the world to believe he had weapons of mass destruction because he did not want to appear weak to Iran

S. Korean chief delegate Kim Young-tak, before leaving Kaesong at transit office in Paju, near border village of the Panmunjom,  02 Jul 2009

North Korea Fires Short Range Missiles as Talks With South Sputter Audio Clip Available

Pyongyang apparently launched several short range missiles into ocean even as South Korean delegates were making their journey back from North's territory



Ban Ki-moon Will Meet NLD Representatives

By WAI MOE
UN Secretary-General Ban Ki-moon will meet representatives of Burma’s opposition National League for Democracy during his two-day visit to Burma, beginning on Friday.

ETimor Prime Minister Embroiled in Contract Scandal

By MATT CROOK
Pressure to resign is mounting on East Timor's Prime Minster, Xanana Gusamo, amid claims that he misused authority when he signed-off on a multi-million dollar government contract last year to a company his daughter has ties with.

Looking in a Broken Mirror

By SAW YAN NAING
The recent DKBA campaign to take KNLA Brigade 7 has forced Karens to look at one other face to face in the battlefield, in refugee camps and in hospitals.

Burmese Injured in Malaysian Camp Riots

By LAWI WENG
Burmese inmates at a Malaysian immigration camp were beaten and injured after rioting in protest at camp authorities’ treatment of fellow detainees.

Journalist Quarantined after Interviewing Swine Flu Patient

By AUNG THET WINE
Burmese Health Ministry officials have quarantined a journalist who interviewed a 13-year-old girl diagnosed with the H1N1 “swine flu” virus at Rangoon General Hospital.

US Ban Related to N Korea-Burma Arms Deal

By ARKAR MOE
The US has imposed sanctions on a North Korean company, Namchongang Trading Corp, which allegedly supplied Burma with arms technology.

Editorial, Opinion and Analysis

Will Ban Ki-moon’s trip to Burma be fruitful?

Ban Ki-moon, United Nations Secretary General will visit Burma on Friday. And during his two-day stay, Ban has sought a meeting with Nobel Peace Laureate Aung S...

TCG urges donors to shore up support for cyclone survivors

The tripartite Core Group is urging donors to contribute US$ 157 million for rebuilding schools in cyclone-hit Irrawaddy delta of Burma. The TCG, formed with the United Nations,...

Camp plan abandoned, fear of attacks forces rethink

Plans to set up a new refugee camp near the Thailand-Burma border, to cope with the influx into Thailand of over 3,000 people fleeing fighting in Burma, have been abandoned....

Thai police arrest Burmese forging registration documents

Thai authorities arrested a Rohingya hailing from Burma on Monday for allegedly forging documents for over 7,000 people to work in Thailand. Thailand’s Department of Special Investigation...

UN chief heads for Burma with high hopes and little else

Ban Ki-Moon, the United Nations Secretary General, is visiting Burma later this week, a year since his last trip there. He will be raising both political and humanitarian issues with......

Karen refugees to be shifted to another camp

About 3000 Karen refugees, who fled to Thailand to escape the Burmese Army’s offensive in eastern Burma, will be shifted to another camp - ‘Tee Nu Koh’ on the Thai-Burma...

Ban reiterates call to release Suu Kyi

Ban Ki-moon, United Nations Secretary General, ahead of his visit to Burma, on Tuesday reiterated his call to the military junta to release opposition leader Aung San Suu Kyi and...

Our Gas are Our Blood (Shwe Gas Bulletin Reported by Arakan Oil Watch)

June- July 2009 English

နအဖအတွက် တောခြောက်ပေးရာရောက်လိမ့်မယ်

ရဲဘော်ဖိုးသံချောင်း ၂ ဇူလိုင် ၂၀၀၉
မျက်မှောက်ဗမာပြည်နိုင်ငံရေးရဲ့ အဓိကဆုံချက်ဟာ နအဖစစ်အစိုးရက အတင်းချီတက် နေတဲ့ လမ်းပြမြေပုံ (၇) ချက်ကို ဆန့်ကျင်သူများနဲ့ ထောက်ခံ သူများ အကြားက ပဋိပက္ခဆိုရင် မမှားပါဘူး။ ဒီဟာကို ထပ်ပြီး အသေးစိတ် ထောက်ပြရရင် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲကို အကောင်းမြင်သူနဲ့ ဆန့်ကျင်သူတွေရဲ့ ပဋိပက္ခလို့ ပြောနိုင်ပါတယ်။ ဒေါ်အောင် ဆန်းစုကြည်ကို ထောင်ချဖို့ ကြိုးပမ်းတာ၊ ဦးတင်ဦးနဲ့ ဦးဝင်းတင်ကို သက်သေ ထွက်ခွင့်မပေးတာတို့ကအစ လူတွေ တဖမ်းတည်းဖမ်းနေတာ၊ ရယကရုံးထဲမှာ သေအောင်ရိုက်တာ စတာတွေဟာ ဒီပဋိပက္ခရဲ့ ဖော်ပြချက်တွေဖြစ်ပါတယ်။ တပါတည်းမှာ ပြောသင့်တာက ဒီတလော ပေါ်ပေါက်လာနေတဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ အယူအဆအမျိုးမျိုးပဲဖြစ်ပါတယ်။ ဒါတွေဟာလည်း အဲဒီပဋိပက္ခ ပတ်လည်က မုန်တိုင်းမဟုတ်တောင် လေပွေလေးတွေလို့ ဆိုနိုင်ပါတယ်။

ဒီကာလမှာ ထင်ထင်ရှားရှားပေါ်ထွက်လာတာ၊ အာရုံစိုက်ခံရတာတခုက ဦးဝင်းတင်ပြောတဲ့ နိုင်ငံရေးသစ် ဆိုတာဖြစ်ပါတယ်။ ဦးဝင်းတင်က သူ့ရဲ့ နိုင်ငံရေးသစ်ဆိုတာကို အနက်ဖွင့်ရာမှာ “သူတို့ကတော့ ရွေးကောက်ပွဲ တင်းကုပ်ထဲကို ကျနော်တို့ကို ဆွဲခေါ်တော့မယ်။ မြက်ကျွေးလို့ပဲဖြစ်ဖြစ်၊ နဖားကြိုးဆွဲလို့ဖြစ်ဖြစ် ဆွဲခေါ်တော့ မယ်” လို့အစချီခဲ့ပါတယ်။ ဒါပေမယ့် နအဖနဲ့ နီးစပ်တဲ့ “ပညာရှင်” တဦးကတော့ ၁၉၉ဝ ပြည့်နှစ် ရွေးကောက် ပွဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ အာမခံချက်မရှိဘူး။ လာမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲမှာ အခြေခံ ဥပဒေ အာမခံချက်ရှိတယ်။ ဒါကြောင့် ဒီရွေးကောက်ပွဲကို ဝင်သင့်တယ်လို့ ဆိုပါတယ်။

ဦးဝင်းတင်က သူ့ရဲ့နိုင်ငံရေးသစ်အတွက် နိုင်ငံရေးအင်အားစုတွေ အသံညီဖို့လိုတယ်လို့ပြောပါတယ်။ ဆိုလိုတာ ညီညွတ်ရေး၊ အတိုက်အခံတွေဘက်က ညီညွတ်ရေးရှိဖို့ လက်တွေ့ကျတယ်လို့ သူထင်တဲ့ နည်းလမ်းတခုကို တင်ပြလိုက်တာ ဖြစ်ပါတယ်။ ဦးဝင်းတင်က လူတွေကို မကြောက်တရားနဲ့ စွန့်လွှတ်မှုရှိကြဖို့လှုံ့ဆော်ပါတယ်။ ဒါပေမယ့် စောစောကပြောခဲ့တဲ့ “ပညာရှင်” ကတော့ ရွေးကောက်ပွဲဝင်ခိုင်းရုံမက ရွေးကောက်ပွဲအပြီးမှာ အသစ် တက်လာတဲ့ နအဖရဲ့ စစ်အုပ်စုချုပ်ကိုင်မှုအောက်က အစိုးရက နိုင်ငံရေးလှုပ်ရှားမှုတွေကို ဖိနှိပ်တာ၊ အန္တရာယ် ပေးတာတွေ လုပ်လာရင် ဒါဟာ “အသစ်ဖြစ်လာတဲ့ နိုင်ငံရေးစနစ်က ခွင့်မပြုတာမဟုတ်ဘဲ အုပ်ချုပ်ရေး ယန္တရားရဲ့ အသွင်းကူးပြောင်းရေး မပီပြင်သေးတာပဲဖြစ်မယ်” ဆိုပြီး ရွေးကောက်ပွဲလွန် ဖိနှိပ်မှုတွေ အတွက် တောင် ကြိုတင် ရှေ့နေလိုက်ပေးလိုက်ပါသေးတယ်။ တနည်းပြောရရင် ဖွဲ့စည်းပုံအခြေခံဥပဒေအရကိုပဲ အချိန် မရွေး အာဏာသိမ်းခွင့်ရှိနေမယ့် နောင်တက်လာမယ့်အစိုးရကို ထင်ရာစိုင်းခွင့်ပေးလိုက်တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင်ဒီ “ပညာရှင်” ဟာ အဲဒီအင်တာဗျူးမှာ “နိုင်ငံရေးကို အန္တရာယ်ကင်းကင်းနဲ့ ကိုယ်က လုပ်ချင်တယ် ဆိုခဲ့ရင်၊ ဒါကို လုပ်မယ်ရည်စူးရင် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းကို သာမန်အားဖြင့် အသိပေးရန် မလိုသော် လည်းပဲ အခုအချိန်မှာ trust (ယုံကြည်မှု) တည်ဆောက်တဲ့အနေနဲ့ အသိပေးလိုက်ခြင်းအားဖြင့် သူတို့ အနေနဲ့ လည်းပဲ အသွင်းကူးပြောင်းရေးကို အလွယ်တကူ ကူးပြောင်းလို့ရမယ်” လို့ ပြောပါသေးတယ်။ ဒါဟာ အဏာပိုင် တွေ ကိုယ်တိုင်ကတောင် မတောင်းဆိုဘဲနဲ့ ကိုယ်ကသွားပြီး သွားဖြီးလေးနဲ့ မျက်နှာချိုသွေးဖို့ ပြောသလို ဖြစ်နေ ပါတယ်။ နောက်ပြီး ပိုအရေးကြီးတာက စစ်အစိုးရဘက်က ဒီနေ့အထိ ယုံကြည်မှု တည်ဆောက်တဲ့လက္ခဏာ ဘာတခုမှမပြသေးဘူးဆိုတဲအချက်ကို ဒီ “ပညာရှင်” တွေ ဘာမှမပြောကြဘဲ တခြားနိုင်ငံရေး အင်အားစုတွေက စစ်အစိုးရယုံကြည်အောင် လုပ်ပြရမယ်လို့ တောင်းဆိုနေပါတယ်။ စစ်အစိုးရက ယုံအောင် လုပ်ရမယ်ဆိုတာ ဘာလုပ်ရမှာလဲ။ စစ်အစိုးရကို၊ စစ်အာဏာရှင်စနစ်ကို မဆန့်ကျင်ပါကြောင်း ယုံကြည်အောင်လုပ်ရမှာလား။

သူရဲ့ဒီစကားကိုလည်း ဆက်နားထောင်ကြည့်ပါ။ “ထိုင်းနိုင်ငံမှာ ထိုင်းတပ်မတော်က ဝင်ရောက်စွက်ဖက်တာဟာ အာဏာ သိမ်းတာမဟုတ်ဘူး၊ အာဏာဖြုတ်တာပဲ။ - - - - ဒါဟာ ထိုင်းစစ်တပ်ရဲ့ ရင့်ကျက်မှုကို ဖော်ပြတာပဲ” တဲ့။ ဒီလိုဆိုလိုက်တာဟာ နောင်ဗမာပြည်နိုင်ငံရေးမှာ စစ်တပ်က ဘာမဆိုဝင်လုပ်နိုင်တယ်။ အာဏာသိမ်းတာ လောက်ကတော့ ထမင်းစား ရေသောက်ပဲလို့ စစ်တပ်လုပ်သမျှထောက်ခံဖို့ လမ်းခင်းထားတာမဟုတ်လို့ ဘာများ ဖြစ်ရအုန်းမှာလဲ။

သူနဲ့တချိန်တည်းလိုလိုပြောခဲ့တဲ့ တခြား “ပညာရှင်” တယောက်နဲ့ သူတို့ချင်း အပြောတူနေကြတဲ့ အချက်တခု လည်း တွေ့ရ ပါတယ်။ အဲဒါကတော့ ဗမာပြည် ပြည်သူလူထုဟာ အသိပညာနိမ့်ကျသေးတယ်။ ဒါကြောင့် ပညာ ပေးဖို့ လိုသေးတယ်။ နောက်ပြီး အဲဒီလို အသိပညာတွေရှိမှပဲ ရွေးကောက်ပွဲမှာ မှန်မှန်ကန်ကန်မဲပေးနိုင်မယ်၊ လူရွေးချယ်နိုင်မယ်ဆိုတာပါပဲ။ သူတို့က ပြည်သူလူထုဟာ သူတို့ရွေးချယ်မယ့်ပါတီ ဒါမှမဟုတ် ကိုယ်စားလှယ်၊ ဒါမှမဟုတ် ခေါင်းဆောင်ကို သူ့ပေါ်လစီဝါဒတွေကို သေချာလေ့လာနားလည်ပြီး မဲပေးတာမျိုး ဖြစ်သင့်တယ်လို့ ဆိုပါတယ်။

ဟုတ်ပါတယ်။ ပညာလို-အိုသည်မရှိဆိုသလို လူတိုင်းတသက်လုံးပညာကို ဆည်းပူး နေရမှာပါ။ ဒါပေမယ့် ဒီနေ့ဗမာပြည်မှာ ကြုံတွေ့နေရတဲ့ အနေအထား မှာ မေးစရာဖြစ်လာတာက ပြည်သူလူထုဟာ ပညာရေချိန်နိမ့်ကျကြလို့ ဒီအာဏာရှင် တွေကို မင်းမြှောက်ထားတာလား။ ၁၉၉ဝ ပြည့်နှစ်တုန်းက ပြည်သူလူထုဟာ အသိရေချိန် နိမ့်ကျလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲတွေ ပုံအောထည့်ခဲ့ကြတာလား။ ဒီနေ့အခြေအနေမှာ အမှားအမှန်မခွဲနိုင်တာ၊ လူဆိုးလူကောင်းမခွဲနိုင်တာဟာ ပြည်သူလူထုလား အဲဒီ “ပညာရှင်” လို လူတွေလား ဆိုတာပါပဲ။ ဗမာပြည်လို အင်မတန် ရက်ရက်စက်စက် အဖိနှိပ်ခံ နေရတဲ့နိုင်ငံမှာ ပြည်သူလူထုရဲ့ အသိဆိုတာ အသည်းနှလုံး ကတဆင့် လာတယ်ဆိုတာ မမေ့သင့်ပါဘူး။ ဒါဟာ ပညာရှင်တွေပေးမယ့် အသိထက် အများကြီးလေးနက်ပါတယ်။ နောက်မေးစရာတခုကလည်း အင်မတန် ဒီမိုကရေစီ ထွန်းကားပါတယ်ဆိုဆို၊ လူနေမှုအဆင့်အတန်းမြင့်ပါတယ်ပဲ ပြောပြော အမေရိကန်၊ အင်္ဂလန် စတဲ့ နိုင်ငံတွေမှာရော မဲပေးသူတိုင်းဟာ ပေါ်လစီတွေ၊ လုပ်ငန်းစဉ်တွေကို ဖတ်ပြီး၊ လေ့လာပြီးမှ ပေးတယ်လို့ ဆိုချင်တာလား။ အဲဒီနိုင်ငံက သာမန်လူတွေမှာ နိုင်ငံရေးဗဟုသုတ၊ နိုင်ငံရေး ပထဝီအသိ စတာတွေကို စိတ်မဝင်စား၊ မလေ့လာလို့ ဘာမှမသိသူတွေ အများကြီးဆိုတာ မကြားဖူးလေရော့သလား။ အိုဘားမားရရှိခဲ့တဲ့ လူမည်းတွေရဲ့ မဲတွေထဲမှာ လူမည်းမို့ပေးတဲ့ မဲဟာ ရာခိုင်နှုန်းမနည်းဘူးဆိုတာ မမေ့သင့်ပါဘူး။

ဗမာပြည်သားတွေဟာ ကနေ့ပညာရေးရေချိန်ထက် နိမ့်ကျတဲ့ရေချိန်နဲ့ အင်္ဂလိပ်ကိုလိုနီကို တွန်းလှန်ခဲ့ကြ၊ ဂျပန်ဖက်ဆစ်ကို တွန်းလှန်ခဲ့ကြတာပါ။ အင်္ဂလိပ်အလိုတောရိ ဆိုတာတွေဟာ စာတလုံးမှမတတ်တဲ့ လယ်သမား တွေ မဟုတ်ခဲ့ပါဘူး။ ပညာတတ် တွေထဲက ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ ပြည်သူလူထုကို အသိရေချိန် မြင့်စေချင်ရင် ပြည်သူလူထုရဲ့ စီးပွားရေးအဆင့်အတန်း၊ ဝင်ငွေအဆင့်အတန်းစတာတွေကို မြင့်အောင် အရင်လုပ်ဖို့ လိုတယ်ဆိုတာ လူတိုင်းသိပါတယ်။ ဒီနအဖ စစ်အစိုးရလက်အောက်မှာ လူတွေ ကြာလေ ဆင်းရဲလေ ဖြစ်နေတဲ့ ကိစ္စကို ဖြေရှင်းဖို့မပြောဘဲ ပညာရည်နိမ့်ကျတယ်ဆိုတာချည်း ပြောနေတာဟာ ဘာကြောင့်လဲ ဆိုတာ ရှင်းနေပါတယ်။

ဒီနှစ်ဦးအပြင် အခုတလောမှာ ဖတ်ရကြားရတဲ့ ပြောကြားနည်းတခုက ပြည်သူလူထုကိုမကြောက်အောင်၊ သတ္တိရှိအောင် လုပ်ပေးရေးဆိုတာပါပဲ။ အဲဒီလိုအမြင်နဲ့ ပြောင်းပြန် လူထုကိုစိန်ဝင်းလို ပုဂ္ဂိုလ်ကတော့ ကြောက်နေတာ၊ ကြောင်နေတာဟာ ပြည်သူတွေမဟုတ်ဘူး၊ (တချို့) နိုင်ငံရေးခေါင်းဆောင်တွေဖြစ်တယ်လို့ ပြောပါတယ်။ ဦးဝင်းတင်ပြောတဲ့ “စိတ်ရှည်ရမယ်၊ သည်းခံရမယ်၊” ဆိုတဲ့စကားဟာ မခံမရပ်နိုင်ဖြစ်နေတဲ့ လူထုကြီးကို စိတ်နောက်ကိုယ်ပါမလုပ်မိဖို့ သတိပေးနေတာဖြစ်ပါတယ်။ နိုင်ငံရေး လှုပ်ရှားမှုကြီးတွေဆိုတာဟာ နိုင်ငံရေးပါတီတွေ၊ ခေါင်းဆောင်တွေက လှုံ့ဆော်စတင်ပြီး ပြည်သူလူထုက နောက်ကလိုက်ကြတာ ဖြစ်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ ပြည်သူလူထုထွက်လာတော့မှ နောက်ကလိုက်မယ်၊ ဒါမှမဟုတ် ရှေ့မှာ ဝင် ခေါင်းဆောင်မယ် ဆိုရင်တော့ ဘယ်လိုပါတီ၊ ဘယ်လိုခေါင်းဆောင်လဲ စဉ်းစားစရာဖြစ်ပါတယ်။

ရှင်းနေတာကတော့ ဗမာပြည်ရဲ့ ဒီသမိုင်းအကွေ့မှာ ဘယ်သူနဲ့ လက်တွဲချီတက်မလဲ ဆိုတာပဲဖြစ်ပါတယ်။ ပြည်သူနဲ့လက်တွဲ ချီတက်မယ့်လူက ပြောနည်းနဲ့ နအဖစစ်အုပ်စုနဲ့ လက်တွဲချီတက်မယ့်လူကပြောနည်း ဘယ်လိုမှ မတူညီနိုင်ပါဘူး။ ဦးဝင်းတင် ပြောသလို ရွေးကောက်ပွဲတင်းကုပ်ထဲကို မြက်ကျွေးလို့ပဲဖြစ်ဖြစ်၊ နဖားကြိုး ဆွဲလို့ပဲဖြစ်ဖြစ် အတင်းခေါ်သွင်းပြီဆိုရင် ဒီရွေးကောက်ပွဲနဲ့ ၂ဝဝ၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ချီးမွမ်းခန်း ဖွင့်နေသူတွေဟာ လူထုကို အဲဒီတင်းကုပ်ထဲ ရောက်သွားအောင် နအဖအတွက် တောခြောက်ပေး နေတယ်လို့ ဆိုရမှာပါ။


တိုင်းရင်းသား အရေးအတွေးအမြင်များ

ဆေးရုံပေါ်ရောက်မှ ငြိမ်းချမ်းစွာ စကားပြောဖြစ်ကြတာ။














ဒီကေဘီအေ (၀ဲပုံ) နဲ့  KNLA ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ယာပုံ) တို့  မဲဆောက်ဆေးရုံမှာ တိုက်ပွဲ အတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့လို့  ဆေးရုံတက်နေရင်း စကားပြောကြတာ ဖြစ်ပါတယ်။

ဒီပုံကို ကြည့်ပြီး အင်မတန်မှ စိတ်ထိခိုက်မိပါသည်။ တို့ တိုင်းရင်းသားတွေ ဒီလို အချိန်ခါရောက်မှ ငြိမ်းချမ်းစွာ စကားပြောကြ ဖြစ်ကြတာ ပါလား။
နအဖ လူယုတ်မာနဲ့ အမျိုးသားသစ္စာဖေါက်တို့ ရဲ့ လက်ချက်ကြောင့် တိုင်းရင်းသားအချင်းချင်း စိတ်ဝမ်းကွဲကြရပြီး အပြစ်မဲ့သူတွေ သွေးခင်းကြရပြီ။ တိုင်းရင်းသား အမျိုးသားအပေါင်းတို့ ဒါကို သင်ခန်းစာ ယူကြတော့။ အချိန် နည်းနည်းလေး ကျန်သေးတယ်။
နအဖ လူယုတ်မာတွေရဲ့  လှည့်ဖြားမှုမှ အလွတ်ရုံးထွက်ကြကာ တိုင်းရင်းသား အမျိုးသားအပေါင်းတို့  လက်ချင်း ပြန်ချိတ်ကာ အာဏာရှင် နအဖအား ပြန်လည်တိုက်ထုတ်ကြပါ။ ဒီကေဘီအေမှ တိုင်းရင်းသားတွေကို သိစေချင် ပါတယ်။

နစ်နေမန်း ဘလော့မှ

ခွဲခြားမှုမရှိသောမျိုးချစ်စိတ်

2009 June တစ်ရက်နေ့မှစ၍ယနေ့ထိ န အ ဖ နှင့် D K B A တပ်များပူးပေါင်းပြီး K N U တပ်မဟာ ( 7 ) အား ဝင် ရောက်တိုက်ခိုက်ရာတွင် ဒါဏ်ရာရစစ်သည်များအား ထိုင်းနယ်ခြားစောင့်တပ်များမှ လူသားခြင်း စာနာ မှုဖြင့် ထိုင်းနိုင်ငံ မဲဆောက်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါတယ်။ K N U ဖက်မှလည်း အနှောက်အယှက် တစ်စုံ တစ်ရာမျှ မပြုလုပ်ခဲ့ပါ ။ မဲ ဆောက်ဆေးရုံတွင် န အ ဖ နှင့် D K B A စစ်သားများအတွက်လူနာစောင့်မရှိပါ။ သို့သော် လည်း K N U အသိုင်း အဝန်း မှမျိုးချစ်ပုဂ္ဂိုများသည် ဒါဏ်ရာရ မိမိစစ်သားများသာမက D K B A နှင့် န အ ဖ စစ်သားများ ကိုပါပြုစုစောင့်ရှောက်ပေး ခဲ့ပါတယ် ။ ဤဖြစ်ရပ်မှန်ကို တွေ့မြင်ရသော ကျမအဖို့ ခေါင်းထဲမှာ အတွေးပေါင်း များစွာ ၊ ခံစားချက်ပေါင်း များစွာဖြင့် ရေးသားတင်ပြလိုက်ပါတယ် ။

တစ်ခုလောက် မေးချင်ပါတယ်။ ဘာ့ကြောင့် ကျမတို့ ကရင်အမျိုးသားများရဲ့ ဘဝတွေ ဒီလိုဖြစ်နေရပါသလဲ ။ ကရင် တမျိုးသားလုံး ဖြေရမည့် မေးခွန်းဖြစ်ပါတယ် ။ ဒီစစ်အာဏာရှင် စနစ်ဆိုးကြောင့် ကျမတို့ ကရင် အမျိုးသား တွေရဲ့ဘဝပေါင်း မြောက်များစွာ ပျက်ဆီးဆုံးရှုံးခဲ့ပါတယ် ။ ယ္ခုလက်ရှိ ဖြစ်နေတာ ကိုပဲကြည့်လေ ။ ကျမတို့ ကရင်အမျိုးသားအချင်းချင်း မျက်နှာအိုးမဲသုတ်ပြီးသတ်ခိုင်းနေကြတယ်မသေပဲ ဒါဏ်ရာရသူ တွေကျ ပြန်တော့လည်း တာဝန်ယူခြင်းမရှိပဲ ဖြစ်ချင် ရာဖြစ်ဆိုပြီးပစ္စလက္ခလွှဲပေးလိုက်တယ် ။ ဒီလုပ်ရပ်ဟာ တရားသလား ။ မှန်ကန်ပါသလား ။ လူသားတွေပါ ။ ကျမတို့ ကရင်အမျိုးသားတွေပါ ။ ကြည့်ရက်ကြပါသလား ။ ကျမတို့ကတော့ မကြည့်ရက်နိုင်ပါဘူး ။

ကရင်အမျိုးသားရေးသည် ကရင်အမျိုးသားတိုင်းမှာတာဝန်ရှိပါတယ် ။ ဒီစစ်အာဏာရှင်စနစ်ဆိုးကြောင့် ကျမတို့ ကရင်အမျိုးသားများသာမက တိုင်းရင်းသားပြည်သူလူထုများ ၊ အလုပ်သမားများ ၊ လယ်သမားများ၊ သံဃာတော် များပါ မကျန် ဒုက္ခအမျိုးမျိုးနဲ့ ရင်ဆိုင်နေရတာ ကမ္ဘာကတောင်သိပါတယ် ။ အဲ့ဒါကြောင့် ဒီဖြစ်ရပ်မှန်ကို ဖတ်ရူ ကြည့်ရူရသူများ အားလုံး အမှန်တရားအတွက်ရဲဝံ့စွာရပ်တည်ပြီး ပြတ်ပြတ်သားသား ဆန့်ကျင် တော်လှန် သွားကြရန် တိုက်တွန်းနှိုးဆော် လိုက်ပါတယ် ။

မှတ်ချက် ။ ။အထူးသဖြင့် မျက်နှာအိုးမဲ အသုတ်ခံရသည့် D K B A အရာရှိ အရာခံ အကြပ်တပ်သားများ အား
လုံး အမှန်တရားအတွက် အမြင်မှန်ရဖို့ အချိန်တန်ပြီ ဆိုတဲ့အကြောင်း ဤနေရာမှ ကျမနှိုးဆော်လိုက်ပါတယ် ။


ကူညီပြုစုခဲ့သည့် သက်သေအထောက်အ ထားပုံများ
ဤပုံသည် ထီးချဖီး (ခေါ် ) နော်ပေါ် ဆိုသူ K N L A တပ်မှ တပ်ရင်းမှုး တဦး၏ ဇနီးသည်တစ်ဦးဖြစ်ပါတယ် ။
သူမပြောခဲ့တာကတော့ အရင်တုန်းက ကျမတို့ဟာအတူတူနေလာခဲ့ကြတဲ့သူတွေဖြစ်ပါတယ် ။ အခုဒီလိုတွေ့ရ
တာ စိတ်မကောင်းပါဘူး ၊ ကိုယ့်အမျိုးသား အချင်းချင်းပဲလေ ခွဲခြားလို့မရပါဘူး


ဒီပုံဟာ D K B A ဗသာဖြိုး နှင့် ဇနီးဖြစ်သူ နန်းအမီ ကို ထီးချာဖီး သွားရောက်အားပေးတဲ့အချိန်မှာ နန်းအမီ က ဤကဲ့သို့ပြောပါတယ် ။
"ဒီလိုထိမှကောင်းတယ် နောက်ဘယ်တော့မှ သွားလို့မရတော့ဘူး ဒီအလုပ်လုပ်တာ ကျမမကြိုက်ဘူး ။ ကိုယ့်အ တွက် လည်းအကျိုးမရှိ ၊ ကိုယ့်အမျိုးသားအတွက် လည်းဘာမှအကျိုးမရှိဘူး"
ဗသာဖြိုး သည်ယ္ခင်က ကော့ညင်း ကျေးရွာတွင် ကျေးရွာကာကွယ်ရေး လုပ်ခဲ့တယ် ။ 2000 နှစ်K N L A တပ် ရင်း 19 သို့ကူးပြောင်းခဲ့တယ် ။ 2004 ခုနှစ်တွင် D K B A သို့ကူးပြောင်းပြီး ယနေ့ထိသူလုပ်ခဲ့ပါတယ် ။

ဤပုံသည် ဆရာမ အက်စတာ ဖြစ်ပါတယ် ။ ဒါဏ်ရာရကရင်အမျိုးသားများကို မခွဲခြားပဲ အားလုံးကိုကူညီခဲ့သူ
ဖြစ်ပါတယ် ။


ဤပုံသည် ဆရာမ နော်ဘလေး ဖြစ်ပါတယ် ။ ဒါဏ်ရာရ ကရင်အမျိုးသားများကို နေ့မအားညမအားကူညီခဲ့သူဖြစ်ပါတယ်


ဤပုံသည် ဆရာမလေး ဒေးမူဆီ ဖြစ်ပါတယ် ။ လူသာငယ်ပေမဲ့သူ့ရဲ့ မေတ္တာစေတနာဟာ အလွန်ပဲကြီးမားပါ
တယ် ။ ဒါဏ်ရာရလူနာများကို နေ့စဉ် အချိန်ပြည့် အနီးကပ်ပြုစုစောင့်ရှောက်ပေးခဲ့တယ် ။ လူနာများကို ရေပတ် တိုက်ပေးခြင်း ၊ လိုအပ်သည့်အစားအစာများအတွက် ကူညီဆောင်ရွက်ပေးခြင်း ၊ အားပေးစကားများပြောခြင်း ဖြင့် အကောင်းဆုံးလုပ်ဆောင်ပေးခဲ့သူဖြစ်ပါတယ် ။

ဤမျှမက K W O , K Y O မှဦးဆောင်ပြီး ကရင်အမျိုးသား လူငယ်လေးများအဖွဲ့ဖွဲ့၍ အလည့်ကျ လူနာစောင့် အဖြစ် စနစ်တကျ ဝိုင်းဝန်းကူညီဆောင်ရွက်ကြပါတယ် ။ ထို့ကြောင့်ကရင်တမျိုးသားလုံး ဤဖြစ်ရပ် မှန်ကို ကြည့်ခြင်း အားဖြင့် ကနေ့ကျမတို့ကရင်အမျိုးသားများ တာဝန်တရပ်ဖြစ်တဲ့ (ကရင်အမျိုးသား ပြန်လည် သင့်မြတ်ရေး) ဆိုတဲ့တာဝန်ကြီးအတွက် ကျမတို့ဘယ်လိုလုပ်ကြမလဲ ။ ဘာလုပ်ကြမလဲ ။ လက်ပိုက်ကြည့်နေ ကြမလား ။ လက်ရှောင်နေကြမလား ။ တွေးမနေ ၊ ငေးမနေကြပါနဲ့တော့ ။ ကိုယ်တတ်စွမ်းသမျှ ယ္ခုချက်ချင်း လက်တွဲ ညီညီထလုပ်ကြပါလို့ တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ပါတယ် ။
သောသီခိုဘလော့မှ ကူးယူဖေါ်ပြပါသည်။

မြန်မာ့သတင်း ကမ္ဘာ့သတင်း

North and South Korea

ဒီလကုန်ပိုင်း စစ်ရေးလေ့ကျင့်မှုတွေ လုပ်တဲ့အခါ ပင်လယ်ပြင်အတွင်း သင်္ဘော အသွားအလာတွေ ကင်းရှင်းအောင်နေကြဖို့ မြောက်ကိုရီးယားက သတိပေးချက် ထုတ်ထားတယ်လို့ ဂျပန်ကမ်းခြေ လုံခြုံရေးက ပြောပါတယ်။

[insert caption here]

Secretary-General of the United Nations Ban Ki-moon, speaks during a press conference in New York, Tuesday, June 23, 2009.AP

ဘန်ကီမွန်းခရီးစဉ်တွင် အန်အယ်လ်ဒီ ဗဟိုအမှုဆောင်များနှင့်တွေ့ဆုံမည်

NEJ / ၂ ဇူလိုင် ၂၀၀၉

“ဖိတ်တာကတော့ (၅) ဦးဗျ။ ဒါပေမယ့် ကျနော်တို့ ဥက္ကဋ္ဌ ကျန်းမာရေး မကောင်းတဲ့အတွက် (၄) ဦးပဲ တက်ပါ့မယ်။ ဘယ်နေရာ၊ ဘယ်အချိန်မှာ တွေ့မယ်ဆိုတာ အသေးစိတ်တော့ လူကြီးတွေပဲ သိပါလိမ့်မယ်။ သတင်းတွေ ထွက်နေတာတော့ နေပြည်တော်မှာ...” အပြည့်အစုံသို့

ဒီဂျစ်တယ်ဖိုင်စနစ် စာပေစိစစ်ရေးအကျိုးအတွက်သာဖြစ်
NEJ / ၂ ဇူလိုင် ၂၀၀၉ “ပြဿနာတခုခုဖြစ်တဲ့ သတင်းတွေဆိုရင်လည်း စာပေစိစစ်ကို တောင်းရင် ဒီဂျစ်တယ်ဖိုင် ဖြစ်တာကြောင့် အီးမေးလ်နဲ့ ချက်ချင်း သူတို့ပေးပို့....” အပြည့်အစုံသို့
အလုပ်ရှင်မရှိသဖြင့် အလုပ်သမားမှတ်ပုံတင်သူ နည်းပါး

NEJ / ၂ ဇူလိုင် ၂၀၀၉ “ဒီဒေသမှာရှိတဲ့ စက်ရုံတွေ အတော် များများက အလုပ်ပါးတဲ့အတွက် အလုပ်သမားတွေ ...”အပြည့်အစုံသို့
နအဖတပ်ရင်းမှူး၏အမိန့် အပစ်ရပ်အဖွဲ့များ မလိုက်နာ

NEJ / ၂ ဇူလိုင် ၂၀၀၉
“ဒါ မတရားသဖြင့် သက်သက်လုပ်ခိုင်းတာဖြစ်လို့ ကျနော်တို့ မလိုက်နာတာပါ။ ဒီအကြောင်းကို ကျနော်တို့လည်း အထက် ကို တင်ပြထားတယ်။ ဒီဗုံးကွဲတဲ့ကိစ္စ .....”အပြည့်အစုံသို့
ပျဉ်ဘိုးကြီးကျေးရွာအုပ်စုရှိ မူလတန်းကျောင်းအချို့ ပြန်လည်တည်ဆောက်နိုင်ခြင်းမရှိသေး
NEJ / ၂ ဇူလိုင် ၂၀၀၉
ယခုအခါ ဒေသခံမူလတန်းကျောင်းသားများသည် ဘုန်းတော်ကြီးကျောင်းများ၊ ရပ်ကွက်အေးချမ်းဖြိုးရုံးများ၏ ယာယီကျောင်းဆောင်များ၌ အစိုးရခန့် .... အပြည့်အစုံသို့
သိမ်နံရံပေါ်မှ ဆရာတော် တပါး၏ပုံရိပ် စိတ်ဝင်းစားသူများပြား

သိမ်နံရံပေါ်မှ ဆရာတော် တပါး၏ပုံရိပ် စိတ်ဝင်းစားသူများပြား

ရန်ကုန်တိုင်း ဒေါပုံမြို့နယ်၊ လမုတန်း ရပ်ကွက်အတွင်းရှိ လမုတန်း ဘုန်းတော်ကြီး ကျောင်းဝန်းအတွင်း ဆောက်လက်စ သိမ်ကျောင်း အုတ်နံရံပေါ်တွင် ဆရာတော်တပါး၏ ပုံရိပ်ပေါ်လာ

ဘန်ကီမွန်း ခရီးစဉ် အပေါ် NLD မျှော်လင့်ချက်မထား

မြန်မာနိုင်ငံသို့ မကြာမီ ရောက်ရှိလာမည့် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း ၏ ခရီးစဉ်နှင့် ပတ်သက်ပြီး ကြီးမားသည့် အပြောင်းအလဲကို

ဒေါ်အောင်ဆန်းစုကြည်အမှု ပြောင်းလဲနိုင်ဟု ရှေ့နေများပြော

ဒေါ်အောင်ဆန်း စုကြည်အမှုတွင် အဓိက တာဝန်ရှိသူမှာ မစ္စတာ ဂျွန် ဝီလျံ ယက်ထောသာ ဖြစ်ကြောင်း စစ်အစိုးရ ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီက ပြောဆိုသည့်အတွက် အမှုအခြေအနေ

ရိုဟင်ဂျာ ၁၀၀၀ ခန့် အတင်းအကျပ် ပြောင်းရွှေ့ခံရ

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည် စခန်းအနီးတွင် နေထိုင်လျက်ရှိသော ရိုဟင်ဂျာ အိမ်ခြေ ၄၀၀ခန့်ကို ဒုက္ခသည် စခန်းမှ တာဝန်ရှိသူများနှင့် ဘင်္ဂလားဒေရှ့် ရဲတပ်ဖွဲ့များက အတင်းအကျပ်

မလေးတွင် ဆန္ဒပြ မြန်မာ အကျဉ်းသားများ အကြမ်းဖက် နှိမ်နင်းခံရ

မလေးရှားနိုင်ငံတွင် ထိန်းသိမ်းခံနေရသော မြန်မာ အလုပ်သမားများ ဆန္ဒပြကြရာ ယမန်နေ့တွင် လူဝင်မှု ကြီးကြပ်ရေး (လ၀က) ရဲအဖွဲ့၏ မျက်ရည်ယိုဗုံးများ အသုံးပြုပြီး အကြမ်းဖက်

တုပ်ကွေးရောဂါသည်များ အပြင်ဆေးခန်းနဲ့ ဆေးရုံက လက်မခံတော့

မိုးမခအထောက်တော် ရန်ကုန်

ဇူလိုင် ၂၊ ၂၀၀၉

ရန်ကုန်မြို့တော်အတွင်းရှိ ပုဂ္ဂလိကအထူးကုဆေးခန်းများတွင် တုပ်ကွေးနှင့်ပတ်သက်သည့် လူနာများကို လက်ခံကုသပေးခြင်းမပြုတော့ဘဲ ရန်ကုန်ဆေးရုံကြီးနှင့် ဝေဘာဂီ ကူးစက်ဆေးရုံကြီးများသို့ သွားရောက်ကုသခိုင်းနေသည်။

“သာမာန်တုပ်ကွေးပဲဖြစ်ဖြစ် A/ H1N1 ပဲဖြစ်ဖြစ် အထူးကုဆေးခန်းတွေက လက်မခံချင် ကြဘူး။ ဒီ ၃၊ ၄ ရက် မှပါ။ အဖျားတအားကြီးတဲ့ လူနာဆိုရင် ပိုဆိုးတယ်။ ဆေးရုံကြီးကိုပဲ လွှတ်တော့တာပဲ” ဟု ရန်ကုန်မြို့ခံတစ်ဦးက ဆိုသည်။

အျပည့္အစုံသိုႛ ...


more


more


more


more
ဘန်ကီမွန်း၏ခရီးကို ဂျပန်က အပြည့်အဝထောက်ခံ
ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏ မြောက်ကိုရီးယား လျှို့ဝှက်ခရီး (၂)
ကုလအတွင်းရေးမှူးချုပ်က မြန်မာပြည်ခရီး အချိန်ရွေးချယ်မှု အထူးသတိထား
ဝက်တုပ်ကွေးလူနာကို ဓာတ်ပုံရိုက်ဖိုႛ ကြိုးစားသူ သတင်းထောက်ကို ထိန်းသိမ်း
ဝက်တုပ်ကွေးကြောင့် သေဆုံးသူမရှိသေးဟု ကဵန်းမာရေး ညွှန်ချုပ်ပြောကြား
ဝက်တုပ်ကွေး မသင်္ကာရသူများအား HIV ဝေဒနာရှင်မဵားနှင့် တဆောင်တည်းထား