10.11.2008

Top General to Campaign for 2010 Election



By SAW YAN NAING Friday, October 10, 2008


Brig-Gen Thein Zaw, the minister for communications posts and telegraphs, was scheduled to arrive in Myitkyina, the capital of the Kachin State in northern Burma, on Friday to launch a campaign for the 2010 general election.

Ma Grang, a resident of Myitkyina, told The Irrawaddy that during his visit Thein Zaw would urge residents to vote for the junta-backed political parties in the multi-party election in 2010.

Thein Zaw is in charge of the Union Solidarity and Development Association (USDA) in Kachin State. The USDA, a regime-backed civic association, is expected to form two political parties—the National Prosperity Party and the National Security and Development Party—to contest the 2010 elections, according to USDA sources.

“He [Thein Zaw] will come and monitor the lobby campaign,” Ma Grang said. “He will visit local residents around Myitkyina and will ask them if they need help.”

Thein Zaw will be guided by USDA members while visiting residents in the area.

Ma Grang said that USDA members have been organizing local residents and encouraging them to show their support for the 2010 elections. Some people who demonstrate strong support will be presented with telephones, he said.

The general election is the fifth step of the junta’s “seven-step road map” to democracy.

In related matters, Aung Wa, a resident of the Sino-Burma border area, said leaders of Christian groups in Myitkyina have been summoned by local authorities and promised gifts of telephones if they support USDA candidates.

In May, USDA members played a major role in monitoring and organizing the national referendum on the state constitution.

In September 2007, USDA members also played a key role in the bloody crackdown during the civic uprising. In 2003, USDA members staged a deadly attack on Aung San Suu Kyi’s motorcade, in which about 100 people were killed.


လှောင်အိမ်ထဲက လွတ်လာတဲ့ ခြင်္သေ့ကြီး

မောင်စွမ်းရည်

အောက်တိုဘာ ၉၊ ၂၀၀၈

သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ထောင်က လွတ်လာပြီဆိုတော့ ဦးလေးနဲ့ ဒေါ်ဒေါ် (လူထုဦးလှ နဲ့ ဒေါ်အမာ)တို့ကို ပြေးပြီး သတိရလိုက်မိပါတယ်။ ဦးဝင်းတင်က လူထုဦးလှ နဲ့ ဒေါ်အမာ တို့ကို မန္တလေးလူငယ်တွေ ခေါ်ကြသလိုပဲ ဦးလေးနဲ့ ဒေါ်ဒေါ်လို့ ခေါ်ပါတယ်။ တကယ့်ဆက်ဆံရေးကလည်း တူ သား အရင်းလိုပါပဲ။ ဦးလေး ကွယ်လွန်ပြီး ဒေါ်ဒေါ် ရန်ကုန်ကို အလည်လာတော့ မန္တလေးဇာတိ တူသားတယောက်လိုပဲ ရင်းနှီးတဲ့ မင်းသားကြီး ဦးထွန်းဝေက သူ့အိမ်မှာ ဂုဏ်ပြု ဧည့်ခံပွဲ လုပ်တယ်။ စာရေးဆရာ၊ သတင်းစာဆရာတွေနဲ့ အနုပညာလောကက လူစုံပါတယ်။ အဲဒီပွဲမှာ ဧည့်သည် လေးငါးယောက်က ဂုဏ်ပြုစကား ပြောကြတော့ ဦးဝင်းတင်က “ကျနော့်အမေအရင်းရဲ့ အမည်ကလည်း ဒေါ်အမာပါ၊ လူထုဒေါ်အမာကိုလည်း ကျနော် အမေလိုပဲ သဘောထားပါတယ်။ အမေ မသေပါနဲ့အုံး။ နှစ် ၃၀ လောက် တောင့်ထားပါအုံး” လို့ ပြောခဲ့ပါတယ်။ အမေကလည်း နှစ် ၂၀ လောက်တောင် အောင့်ထားပြီး သတင်းစာဆရာတို့ရဲ့ ကိုယ်စား တိုင်းပြည်အတွက် ပြောစရာ ဆိုစရာ ရှိတာကို ပြတ်ပြတ်သားသား ရဲရဲရင့်ရင့် ပြောဆိုခဲ့ပါတယ်။

ဦးဝင်းတင်ဟာ ငယ်စဉ် စာတွေပေတွေ ဖတ်ရှုလာစကတည်းက သတင်းစာဆရာ ဖြစ်ဖို့ကိုပဲ စိတ်သန်ခဲ့ပါတယ်။ ၁၉၄၉ ခုနှစ် တက္ကသိုလ်ရောက်စ၊ အသက် ၁၉-၂၀ အရွယ်ကတည်းကစပြီး ၀င်ခွင့်ရသမျှ စာနယ်ဇင်း ကြီးငယ်တွေမှာ သတင်းစာတိုက်တခု မပြုတ်မချင်း၊ မပိတ်မချင်း ၀င်ရောက်လုပ်ကိုင်ခဲ့တာဟာ ၁၉၇၈ ခုနှစ် ဟံသာဝတီသတင်းစာတိုက် ပိတ်ပြီး စစ်အစိုးရက သူ့ကို အလုပ်ဖြုတ်ပစ်လိုက်ချိန် အထိ ပါပဲ။ ဒါတောင် ရှစ်လေးလုံးကာလမှာ ရသမျှ အခွင့်အရေးကလေး ယူပြီး သတင်းစာ ထုတ်လိုက်ပါသေးတယ်။ ၀င်ရေးစရာရှိတဲ့ တခြားစာနယ်ဇင်းတွေမှာလည်း ရေးခဲ့ပါတယ်။ သူအလုပ်ပြုတ်တော့ အသက် ၅၀ မပြည့်သေးပါဘူး။ ဉာဏ်မီးတောက်တဲ့အရွယ်ပဲ ရှိပါသေးတယ်။ နိုင်ငံအတွက် အဖိုးတန် သားရတနာတွေကို စစ်ဝါဒီဗိုလ်ချုပ်တစုက အခုလိုပဲ ဖြုတ်ထုတ်သတ်နေတာ ကြာပါပြီ။

ဟံသာဝတီသတင်းစာဆိုတာက ၁၈၉၇ ခုနှစ်မှာ မစ္စတာ ရစ်ပလီက တည်ထောင်ခဲ့တာပါ။ သူက မင်းတုန်းမင်းကြီးရဲ့ မွေးစားသားတယောက်ပါ။ သားတော်ရင်းတွေနဲ့ ရွှေမြို့တော်မှာ ပညာသင်ဖက်ပါ။ သူ့ပုံနှိပ်တိုက်ဟာ ပိဋိကတ်သုံးပုံရော၊ ပုံမနှိပ်ဖူးသေးတဲ့ ရှေးစာပေတွေရော၊ လွှတ်တော်သုံး ရေးထုံးသတ်ထုံးတွေနဲ့ တလုံးတပါဒ အမှားမခံဘဲ ရှေးဦးဆုံးပုံနှိပ်ထုတ်ဝေခဲ့တဲ့ ပုံနှိပ်တိုက်ကြီးပါ။ ၁၇၉၈ ခုနှစ်က တည်ထောင်တာ ဆိုတော့ ခုဆိုရင် ၁၁၁ နှစ် သက်တမ်း ရှိခဲ့ပါပြီ။ ဟံသာဝတီသတင်းစာလည်းရှိ၊ ဦးလေးတို့ ဒေါ်ဒေါ်တို့လည်းရှိ၊ ဦးဝင်းတင်ရော ကျနော်တို့ရော မန္တလေးမှာ အတူရှိနေခဲ့ကြရင်တော့ ရာပြည့်ပွဲကြီး ၀ှဲချီးကျင်းပခဲ့ကြမှာ မလွဲပါဘူး။ ခုလို အဖိုးတန် သက်တော်ရှည် စာအုပ်တိုက်ကြီးတွေ၊ သတင်းစာတိုက်ကြီးတွေကို ပိတ်ခဲ့ဆို့ခဲ့ ဖျက်ဆီးခဲ့တာလည်း စစ်ဗိုလ်ချုပ်တစုပါပဲ။ ဒီလို အကုသိုလ်တွေ ရပ်ကြဖို့ ကောင်းလှပါပြီ။

ကြေးမုံသတင်းစာကြီးမှာ ဆရာအောင်ဗလ ခေါ် ကြေးမုံဦးသောင်းက စီမံအုပ်ချုပ်ရေးမှာသာ အဓိက လုပ်ခဲ့တာပါ။ ဦးသောင်းက စည်းရုံးရေး၊ စီမံအုပ်ချုပ်ရေး ကောင်းပါတယ်။ ဆရာဇ၀န၊ စိန်ခင်မောင်ရီ၊ ဦးကြီးမောင်၊ ဦးဝင်းတင် စတဲ့ စာပေ လူရည်ချွန်တွေကို စုစည်းပြီး ကြေးမုံသတင်းစာကြီးကို ထူထောင်ခဲ့ရာမှာ ဦးဝင်းတင်ဟာ အမှုဆောင်အယ်ဒီတာအဖြစ်နဲ့ တိုက်ထိုင်အယ်ဒီတာကြီ ဖြစ်ပါတယ်။ အသောက်အစား၊ လောင်းကစား စတဲ့ ကိစ္စတွေ ကင်းပါတယ်။ လွန်ကျွံတာ ဘာမှ မရှိပါဘူး။ ဆေးလိပ် မသောက်ပါဘူး။ သူ့ပတ်ဝန်းကျင်မှာက “လူပေလူတေ”ကြီးတွေ များပေမဲ့ သူက မပေ မတေဘဲ တိုက်ကိုလာသမျှ လူငယ်ကဗျာဆရာတွေ ပန်းချီကာတွန်းဆရာတွေကို ဧည့်ခံပြုစုနေလေ့ရှိပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အပြီးမှာ သတင်းစာအယ်ဒီတာတချို့ အဖမ်းခံရတော့ အပြင်မှာ ကျန်ရစ်တဲ့ သားသမီးတွေ ကျောင်းနေရေးကအစ သူ့လခ သူမသုံးဘဲ ထောက်ပံ့ကူညီခဲ့သူပါ။ သူက သတင်းစာနဲ့ အိမ်ထောင်ကျနေသူလို့ ပြောခံရသူပါ။ အိမ်ထောင် မရှိပါ။ သူနဲ့ တသက်လုံး ရင်းနှီးလာတဲ့ ဆရာဒဂုန်တာရာကတော့ “သူကား သတင်းစာအလုပ်ကို ဧကမူစိတ်နှင့် လုပ်နေသူတည့်”လို့ မှတ်ချက်ချခဲ့ပါတယ်။ [ဒီအကြောင်းတွေကို ဒေါ်အောင်ဆန်းစုကြည်လည်း ရေးဖူးပါတယ်။]

ဦးဝင်းတင်က ဂျာနယ်ကျော်ဦးချစ်မောင်၊ လူထုဦးလှ၊ လူထုဒေါ်အမာ၊ ဦးခင်မောင်လတ်၊ ဒေါ်ခင်မျိုးချစ် စတဲ့ သတင်းစာဆရာကြီးတွေကို အထူး လေးစား အားကျပါတယ်။ ဦးခင်မောင်လတ်တို့နဲ့လည်း တူသားအရင်းလို ခင်မင်ရင်းနှီးပါတယ်။ ဟံသာဝတီသတင်းစာတိုက်ကို မန္တလေးမှာ ဖွင့်ပွဲလုပ်တော့ ဆရာကြီးရွှေဥဒေါင်း၊ ဆရာမြမျိုးလွင်၊ လူထုဦးလှ၊ လူထုဒေါ်အမာ စတဲ့ မန္တလေး သတင်းစာဆရာ၊ စာရေးဆရာကြီးများကို အမှူးထားပါတယ်။ ဦးလေး လူထုဦးလှက ဂုဏ်ပြုကြိုဆိုစကား ပြောတော့ ထုံးစံအတိုင်း ပုံပြင်လေးတခုနဲ့ ခြေဆင်းပြောပါတယ်။

တခါက ခြင်္သေ့မကြီးတကောင် သားဖွားတော့ သားသမီးတွေ တပြုံကြီး မွေးလေ့ရှိတဲ့ မြေခွေးမက မီးနေ မေးလာသတဲ့။ ခြင်္သေ့မကတော့ သားတကောင်းတည်းပဲ မွေးထားတယ်။ မြေခွေးမက “ဟင်-ရှင် မွေးတာ တကောင်တည်းပါလား”လို့ မလိုတမာ လေသံနဲ့ မေးသတဲ့။ ဒီတော့ ခြသေ့င်္မကြီးက “အေး ဟုတ်တယ်၊ တကောင်းတည်းတော့ တကောင်တည်းပါပဲ၊ ဒါပေမဲ့ ခြသေ့င်္ဟဲ့” လို့ ပြန်ပြောလိုက်သတဲ့။ မြန်မာသတင်းစာ စတင်ပေါ်ထွန်းရာ မန္တလေး ရတာနာပုံမြို့ကြီးမှာ စစ်အစိုးရရဲ့ကောင်းမှုကြောင့် စာနယ်ဇင်း တစောင်တလေမျှ မရှိတော့တဲ့ကာလမှာ ဦးဝင်းတင်လို ပုဂ္ဂိုလ်တဦး ဦးဆောင်တဲ့ သတင်းစာကြီးတစောင် လာဖွင့်တာဆိုတော့ ဦးလေး လူထုဦးလှက ဒီဖွင့်ပွဲအတွက် အထိုက်တန်ဆုံးပုံပြှုလေးနဲ့ ချီးမြှင့်ခဲ့တာဟာ ပြောစမှတ် ပြုရပါတယ်။ ခု ဦးဝင်းတင်တယောက် ထောင်ကလွတ်လာပြီဆိုတော့ ဦးလေးကို အမှတ်ရပြီး “ဦးလေးရဲ့သား ခြသေ့င်္ကြီး လှောင်ချိုင့်က လွတ်လာပြီ ဦးလေးရေ”လို့ ဟစ်အော် တိုင်တည်လိုက်ချင်မိတာကတော့ ကျနော့်ရင်ထဲမှာ ပေါ်လာတဲ့ ဆန္ဒပါပဲ။

ဦးဝင်းတင်က မန္တလေးမှာဆိုရင် ဦးလေးနဲ့အတူ ဘာသာရေး၊ လူမှုရေး၊ သာရေးနာရေး အရေးကြီးငယ်ဟူသမျှ လက်ညီ တက်ညီ ဆောင်ရွက်ခဲ့ပါတယ်။ ဦးလေး သူ့ကိုယ်သူ ပြောလေ့ရှိသလို “မယားပါ မန္တလေးသား”မျိုး ဖြစ်အောင်အထိ ဦးဝင်းတင်အတွက် မြို့မိမြို့ဖတွေက လိုလားခဲ့ကြပါတယ်။ ပါမောက္ခချုပ်ဦးကျော်ရင်၊ သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်း နဲ့ သတင်းစာဆရာ ဦးဝင်းတင် တို့ဟာ ဦးလေးနဲ့တကွ မြို့လူထုကပါ အသည်းစွဲ ချစ်ခင်ခြင်းခံကြရတဲ့ အမိ မန္တလေးရဲ့ အမွေစား အမွေခံ မွေးစားသားရတနာတွေ ဖြစ်ခဲ့ကြပါတယ်။ ဦးလေးနဲ့ ဒေါ်ဒေါ်တို့ရဲ့ အရင်းနှီးဆုံး ချစ်မိတ်ဆွေတွေလည်း ဖြစ်ခဲ့ကြပါတယ်။

တကယ်တော့ ဦးဝင်းတင်က ရတနာပုံမြို့တော်သားတွေ ပြောလေ့ရှိခဲ့တဲ့ “မန်းမနီး ရေဝေး”ကပါ။ ကြို့ပင်ကောက် ဇာတိပါ။ မိဘတွေက ဦးပု၊ ဒေါ်အမာ တဲ့။ ကုန်သည်မျိုးရိုးပါ။ သားသမီး မွေးချင်း သုံးယောက်အနက် သားကြီးသြရဿပါ။ ၁၉၃၀ ပြည့်နှစ် မတ်လ ၁၂ ရက်နေ့မှာ မွေးဖွားခဲ့တာ ဆိုတော့ မန္တလေး ဈေးချိုတော် ခေါင်မိုးပေါ်မှာ မွေးဖွားခဲ့သူ ရွှေမန်းသားစစ်စစ် ဆရာမောင်သာရနဲ့မှ ရွယ်တူပါ။ နိုင်ငံရေးကိုတော့ ငယ်စဉ်ကပဲ ၀ါသနာပါခဲ့ဟန် တူပါရဲ့။ နိုင်ငံရေးဗေဒ နဲ့ ခေတ်သစ်သမိုင်းကို ယူခဲ့ပါတယ်။ စာပေ၀ါသနာ အရင်းခံရှိလို့ အင်္ဂလိပ်စာပေကိုလည်း တွဲယူခဲ့ပြီး ၁၉၅၃ မှာ ၀ိဇ္ဇာဘွဲ့ ယူခဲ့သူပါ။

ဘွဲ့ရတော့ စာပေဗိမာန်မှာ ၀င်လုပ်တယ်။ ၀င်လုပ်ရင်း နယ်သာလန်နိုင်ငံ ဒတ်ခ်ျ အမျိုးသားသတင်းစာနဲ့ ပုံနှိပ်လုပ်ငန်း ကုမ္ပဏီကြီးဖြစ်တဲ့ ဂျမ်ဘာတမ်ကုမ္ပဏီကို သွားပြီး “လူထုသိပ္ပံ”အတွဲများနဲ့ နှစ်ငါးဆယ် နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု ဆိုတဲ့ စာအုပ်တွဲများကို ကြီးကြပ် ပုံနှိပ်ရင်း သတင်းစာပညာ၊ ပုံနှိပ်ပညာ၊ စာအုပ်တည်းဖြတ်မှုပညာ၊ ထုတ်ဝေမှုပညာတွေကို သုံးနှစ်မျှ သင်ယူခဲ့ရပါတယ်။ နယ်သာလန်မှာက ဗင်ဂိုးပြတိုက်ကြီးလည်း ရှိတယ်ဆိုတော့ ဥရောပက ပန်းချီပြတိုက်တွေ၊ ပြပွဲတွေကို လေ့လာခံစားဖို့လည်း မမေ့မလျော့ လုပ်ခဲ့ပါတယ်။ နယ်ချဲ့တို့၊ ဖက်ဆစ်တို့ရဲ့ ခြေရာလက်ရာတွေကိုလည်း လက်တွေ့ ရှုမြင် သုံးသပ်ခွင့် ကြုံခဲ့ရပါတယ်။

ကျနော် နယ်သာလန်က စာပေစာတမ်းဖတ်ပွဲတခုကို သွားတော့ သူငယ်ချင်း တင်မိုးရဲ့ သမီး ဒေါက်တာ မိုးမိုးနျင်းလိုက်ပြလို့ ဦးဝင်းတင်တို့၊ ဦးတင်မိုးတို့ သွားခဲ့ ရောက်ခဲ့ လေ့လာခဲ့တဲ့ နေရာတွေကို ရောက်ခဲ့ရတော့ သူတို့နှစ်ဦးလုံးနဲ့ လည်ပင်းဖက်ပြီး သွားချင်လိုက်တာလို့ တမ်းတမိခဲ့ဖူးပါတယ်။ ဆရာတင်မိုးက နယ်သာလန်မှာ နေပေမယ့် ဂျပန်ကို စာပေဟောပြောပွဲ သွားနေခိုက်ဖြစ်လိုပ မဆုံခဲ့ရတာပါ။ ဦးဝင်းတင်ကတော့ ထောင်ထဲမှာပေါ့။ ရှစ်လေးလုံးအရေးတော်ပုံ မပေါ်ခင်ကတော့ ဦးဝင်းတင်ရဲ့အခန်းဟာ ကျနော်တို့ရဲ့ စုရပ်ပါ။ ပန်းချီပြပွဲတွေ ရှိရင်တော့ ဦးဝင်းတင်နဲ့ အတူကြည့်ရတာ အလွန် ပညာလည်းတိုး၊ ရသလည်းတိုးပါတယ်။ ဦးဝင်းတင်ဟာ “အလှရှာတော်ပုံ” ဆိုတဲ့ စာအုပ်တအုပ် ပြုစုပြီး မြန်မာလူငယ်တွေကို မြန်မာ့ပန်းချီသမိုင်း၊ ကမ္ဘာ့ပန်းချီသမိုင်းနဲ့ မိတ်ဆက်ပေးခဲ့သူတဦး မဟုတ်ပါလား။

ရန်ကုန် သရက်တောဘုန်းကြိးကျောင်းတွေနားက၊ လမ်းသစ်ရိပ်သာထပ်က တိုက်ခန်းတခုမှာ ဦးဝင်းတင် နေခဲ့ပါတယ်။ သူ့အိမ်ပြတင်းမှာ သစ်ခွပန်းလှလှကြီးတွေ ပွင့်နေတဲ့ ပန်းအိုးကြီးတွေ ချိန်ထားတယ်။ အဲဒီတိုက်ခန်းမှာ ဆရာဒဂုန်တာရာ၊ ဆရာမြသန်းတင့်တို့ရဲ့ အခန်းတွေလိုပဲ စာအုပ်ပုံအကြီးကြီးတွေ အပြည့် ရှိပါတယ်။ အဲဒီအခန်းမှာ စာရေးဆရာ၊ ပန်းချီဆရာ၊ ရုပ်ရှင်မင်းသား စတဲ့ သူ့အပေါင်းအသင်းတွေကို ဖိတ်ခေါ်ပြီး သူ့ကိုယ်တိုင် ချက်ပြုတ်ကျွေးမွေးလေ့ ရှိပါတယ်။ မန္တလေးမှာ အိမ်နေရာ နှစ်ခါပြေင်းခဲ့ပါတယ်။ နှစ်ခါလုံး ကျနော်နဲ့ အိမ်နီးချင်း ဖြစ်ခဲ့ပါတယ်။ အဲဒီမှာလည်း သူ့အပေါင်းအသင်း ကြီးငယ်တွေကို ဖိတ်ခေါ် ကျွေးမွေးရင်း စာအကြောင်း ပေအကြောင်းတွေကို ဆွေးနွေး ပြောဆိုလေ့ ရှိခဲ့ပါတယ်။

ဦးဝင်းတင်ဟာ သတင်းစာဆရာအသင်း အတွင်းရေးမှူးလည်း လုပ်ခဲ့၊ သတင်းစာဆရာ သင်တန်းတွေမှာလည်း ကထိက လုပ်ခဲ့ ဆိုတော့ သတင်းစာသမား တပည့်တပန်း အပေါင်းအသင်းကလည်း အလွန်များပါတယ်။ တပည့်တွေထဲမှာ စစ်ဗိုလ်တွေလည်း ပါကြပြီး သူ့ကို လေးစား ချစ်ခင်ကြပေမယ့် အကျွမ်းတ၀င်တော့ နေရလောက်အောင် ကံမကောင်းကြရှာပါ။ သူ့အိမ်မှာ ဆုံလေ့ရှိတဲ့ ပရိသတ်ကတော့ ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ မဖိတ်ခေါ်ရဘဲ ဦးဝင်းတင်နဲ့အတူ စွန့်လွှတ်စွန့်စား ပါဝင်ခဲ့ကြပါတယ်။

ဦးဝင်းတင်ဟာ ပေါ်သစ် အမည်နဲ့ စာပေဝေဖန်ရေး၊ ပန်းချီဝေဖန်ရေးတို့ကို ရေးသားရာမှာ ပညာရှင်များ လေးစားလောက်အောင် အဆင့်အတန်း မြင့်ပါတယ်။ မောင်ဝန်ဇင်း၊ ပြည့်စုံ၊ မောင်ကြီးမြိုင်၊ ကိုဒေါင်း၊ စာသမား၊ မောင်သစ်ဆင်း စတဲ့ နာမည်တွေနဲ့လည်း သူ့သူငယ်ချင်း မင်းယုဝေရဲ့ ငွေတာရီမဂ္ဂဇင်းမှာ စာစုံ ရေးခဲ့ပါတယ်။ ဒီအမည်တွေနဲ့ သူရေးခဲ့တယ်လို့ သူက မပြောဖူးခဲ့၊ ကျနော်တို့ကလည်း မမေးဖူးခဲ့ပါဘူး။ ဒါပေမဲ့ ဒီလက်ရာတွေကိုကြည့်ပြီး သူမှတပါး တခြားလူတွေ ရေးနိုင်ဖွယ်မရှိပါ ဆိုပြီး ကျနော်ကတော့ ဒီအမည်တွေကိုလည်း သူ့အမည်အဖြစ်နဲ့ စာရင်းကောက်ထားလိုက်ပါတယ်။ ခု သူ ထောင်ကလွတ်လာတော့ သူ့ကို လှမ်းမေးပြီး ဒီကလောင်အမည်ခွဲတွေကို အတည်ပြုရပါဦးမယ်။

ဟံသာဝတီသတင်းစာဟာ မဆလသတင်းစာပါ။ မြန်မာ့ဆိုရှစ်လစ်လမ်းစဉ်ကို ၀ါဒဖြန့်ခိုင်းတာပါ။ ဒါပေမဲ့ ဦးဝင်းတင်က “သတင်းစာဆိုတာ ဘာလဲ” ဆိုတဲ့ ခေါင်းကြီးနဲ့ စပြီး “ချဲ”ပါတယ်။ နောက်ထပ်လည်း အကြိမ်ကြိမ် ဒါကိုပဲ ဖွင့်ဆိုခဲ့ပါတယ်။ သတင်းစာဆိုတာ အာဏာရှင်တွေ ငွေရှင်ကြေးရှင်တွေ မဟုတ်တာ လုပ်ရာမှာ ကာကွယ်ပေးတဲ့ “စက္ကူကန့်လန့်ကာ” မဟုတ်၊ ပြည်သူတွေ အမှန်မမြင်ရအောင် နားမျက်စိကို ဖုံးကွယ်ပေးတဲ့ “စက္ကူမျက်နှာဖုံး”လည်း မဟုတ်၊ ၀ါဒဖြန့်စာရွက်လည်း မဟုတ်၊ “ဘုန်းတော်ဘွဲ့”လည်း မဟုတ်၊ အားလုံးကောင်းပါသည် ဆိုတဲ့ “အစီရင်ခံစာ”မျိုးလည်း မဟုတ်၊ လက်ညှိုးညွှန်ရာ ရေဖြစ်ချင်သူတို့ရဲ့ “ဖောင်တော်စီးလက်မှတ်”လည်း မဟုတ်၊ ပြည်သူတွေနဲ့ အစိုးရကြား၊ အစိုးရနဲ့ အစိုးရချင်းတို့ရဲ့ကြား၊ ပြည်သူတွေနဲ့ ပြည်သူတွေရဲ့ကြား ဘာသာပြန်ပေးတဲ့ ပြည်သူတို့ရဲ့ စကားပြန်၊ ပြည်သူတို့ရဲ့ အာဘော၊ ပြည်သူတို့ကို အသိပညာပေးတဲ့စာ၊ ပြည်သူတို့ကို လှုံ့ဆော်တဲ့ စာကိုမှသာ သတင်းစာခေါ်တယ်။ ပြည်သူတွေကို မှောင်ချခြင်းဟာ မကောင်းမှုလုပ်ချင်လို့ အမှောင်ကြိုက်တဲ့ ခိုးသားဓားပြတွေရဲ့ အကြိုက်သာဖြစ်တယ်လို့လည်း သတင်းတွေကို ပိတ်ဟဲ့၊ ဆို့ဟဲ့၊ တားဟဲ့၊ ဆီးဟဲ့ လုပ်ချင်သူတွေကို ဒဲ့ဒိုး ချဲခဲ့ပါတယ်။ အဓိကကတော့ ပြည်သူတွေအတွက် သတင်းလွတ်လပ်ခွင့်၊ စာပေလတ်လပ်ခွင့်ရှိဖို့ပါပဲ။

မန္တလေးမှာ အထက်ဗမာနိုင်ငံစာရေးဆရာအသင်း အနေနဲ့ ဦးလေး လူထုဦးလှ ဦးဆောင်ပြီး ကျနော်တို့ လုပ်နေတဲ့ စာတမ်းဖတ်ပွဲတွေဟာ မဆလအစိုးရရဲ့ စာပေလုပ်သားအဖွဲ့ ပေါ်လာတော့မှာမို့ ရပ်လိုက်ရတယ်။ ဦးဝင်းတင်က စာတမ်းဖတ်ပွဲတွေကို သူ့ရဲ့ ဟံသာဝတီသတင်းစာ “စနေစာပေ၀ိုင်း” မှာ ဆက်လုပ်တယ်။ ကြုံရင်ကြုံသလို လုပ်ရင်းက ရန်ကုန်က စာရေးဆရာတွေလည်း ပါဝင်လာကြတယ်။ စာအုပ်တွေလည်း ထုတ်တယ်။ မန်း ဟံသာဝတီ ငါးနှစ်မြောက်အထိမ်းအမှတ် စာအုပ်လည်း ထုတ်တယ်။ အဓိကကတော့ စာပေလွတ်လပ်ခွင့်ပါပဲ။ ဒီလိုဟာတွေ ပြောလွန်းလို့လည်း ဗိုလ်နေ၀င်းကိုယ်တိုင် မျက်စိစပါးမွေး စူးလာပြီး သတင်းစာလည်း ပိတ်၊ အယ်ဒီတာကိုလည်း ဖြုတ်ချလိုက်ခဲ့တာ ဖြစ်ပါတယ်။

ခု ဦးဝင်းတင် ထောင်က လွတ်လာပြီ။ ပြည်ပက သတင်းဌာနမျိုးစုံနဲ့ ပြောကြ ဆိုကြတာတွေကို ကြားရသူတိုင်းက သဘောကျကြပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကိုလည်း ချီးကျူးတယ်။ စစ်တပ်ထဲက စစ်ဗိုလ်ချုပ်တွေကိုလည်း စစ်တပ်နဲ့ စစ်အာဏာရှင်စနစ် ခွဲခြားပြီး ပြောတယ်။ ဒီလို အမြင်ရှင်းလင်း ပြတ်သားတဲ့ စကားမျိုးကို မကြားရတာ ကြာပြီဖြစ်တဲ့ ပြည်တွင်းပြည်ပ မြန်မာများကလည်း အားရ တက်ကြွကြပါတယ်။ “စု-လွှတ်-တွေ့”လမ်းစဉ်ကိုလည်း ဆုပ်ကိုင်ဆဲပါ။

မျက်မှောက်ကာလမှာ သတင်းစာဆရာအစစ်တွေဟာ ဒီမိုကရေစီရေးဘက်က အပြတ်အသား ရပ်ကြပါတယ်။ အလုပ်ပြုတ်ကြ၊ ထောင်ကျကြတာ များပါတယ်။ ဒီအထဲမှာ အမေလူထုဒေါ်အမာ၊ ဦးဝင်းတင် နဲ့ လူထုစိန်ဝင်းတို့က သတင်းစာဆရာတွေရဲ့ ရှေ့ဆုံးက အရဲရင့်ဆုံး ရပ်တည်ကြပါတယ်။ အမေလူထုဒေါ်အမာဟာ ဦးဝင်းတင်လွတ်မြောက်ရေးကို တဖွဖွ ပြောဆိုပြီး ပူပန်ကြောင့်ကြခဲ့ရှာပါတယ်။ ဦးဝင်းတင်နဲ့တကွ သူ့ရဲဘော် သတင်းစာဆရာတွေအားလုံးဟာ ဘယ်တော့မှ ဒီမိုကရေစီလမ်းကြောင်းက သွေဖည်သွားကြမှာ မဟုတ်ဘူးလို့ ကျနော်တို့ ယုံကြည်ပါတယ်။ တကယ့် သတင်းစာဆရာတွေဟာ ကမ္ဘာအရေး၊ ဗမာ့အရေးတွေကိုလည်း အမြဲ လေ့လာ သုံးသပ်နေကြသူတွေ ဖြစ်တဲ့အပြင် ပြည်သူ့ဘ၀တွေကို ထောင့်စေ့အောင် သိနေကြသူတွေ ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်တော့မှ အမြင်စောင်းကြမှာ မဟုတ်ပါဘူး။

သူများမက်မောတဲ့ ၀န်ကြီးဘ၀က နှုတ်ထွက်ခဲ့သူ ပြည်တော်သာခေတ်က ဟံသာဝတီသတင်းစာ အယ်ဒီတာ သူရိယဦးထွန်းဖေ ခေါ် ထွန်းနေ့စဉ်ဦးထွန်းဖေက ပြောဖူးတာ ရှိပါတယ်။ “သတင်းစာဆရာ၊ သတင်းထောက်တွေ ခေါင်းဆောင်မှု မပါတဲ့ ခေတ် တခေတ်မှ မရှိပါဘူး၊ အမြဲ ခေါင်းဆောင်မှု ပေးနေတာပဲ ဆိုတာ ကျွန်တော် ရဲရဲကြီး ပြောချင်တယ်။ အဲဒီတော့ မေးစရာရှိတယ်။ ခေါင်းဆောင်မှုပေးလို့ သတင်းစာဆရာတွေ၊ သတင်းထောက်တွေကပဲ ယခုအခါ တာဝန်ရှိပုဂ္ဂိုလ်ကြီးတွေ ဖြစ်လို့လား ဆိုရင် မဟုတ်ပါဘူး။ သူတို့ အငတ်ခံပြီး ခေါင်းဆောင်မှု ပေးတယ်။ အသတ်ခံပြီး ခေါင်းဆောင်မှု ပေးတယ်။ ထောင်ချခံပီး ခေါင်းဆောင်မှု ပေးတယ်” တဲ့။ မှန်ပါပေတယ်။ သတင်းစာဆရာတွေဟာ ဆက်လက်ပြီး အငတ်ခံ အသတ်ခံကြဦးမှာပဲ လို့ မြေကြီးလက်ခတ်မလွဲ ယုံကြည်လျက် ရှိကြပါကြောင်း။

မောင်စွမ်းရည် ၂၀၀၈၊ အောက်တိုဘာ ၂(မိုးမခမှကူးယူဖေါ်ပြပါသည်။)

မင်းတို့လက်တွေလေထဲကိုမြှေက်ထားလိုက် (ကာတွန်းဟန်လေး)

ဦးဝင်းတင်အား လွတ်လပ်သော သတင်းမီဒီယာဆု ခဵီးမြၟင့်

မကြာခင်ကမှစစ်အစိုးရအကဵဉ်းထောင်က လွတ်မြောက်လာခဲ့တဲ့ သတင်းစာဆရာ၊ စာရေးဆရာကြီး ဦးဝင်းတင်ကို ဂဵာမနီနိင်ငံ မီဒီယာအဖွဲ့တခုက သတင်းမီဒီယာဆုချီးမြှင့်ခဲ့ပါတယ်။
Prize for the Freedom and Future of the Media လိုႛ ခေၞတဲ့ ဒီလွတ်လပ်တဲ့ သတင်းမီဒီယာဆုကို ဂဵာမနိင်ငံ လိုက်ပဇစ်္ဘမို့က လိုက်ပဇစ်မီဒီယာအဖွဲ့ကချီးမြှင့်ခဲ့တာပၝ။ လိုက်ပဇစ် မီဒီယာအဖွဲ့ကို တည်ထောင်ခဲ့တာ၁၀နှစ်ရှိပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့၈နှစ်က စတင်ပြီးဒီဆုကို ချီးမြှင့်ခဲ့ပါတယ်။

ဒီနှစ်အတွက် မြန်မာနိုင်ငံက ဆရာဦးဝင်းတင်နဲႛ အတူ ဂၝဇာကမ်းမြှောင်ဒေသမှာ ပၝလစ်စတိုင်း ပြောက်ကဵားမဵားရဲ့ လေးလကြာအဖမ်းခံခဲ့ရတဲ့္ဘဗိတိနိုင်ငံက ဘီဘီစီသတင်းထောက် တဦး နဲႛ အီရပ်မှာသတင်းယူနေတဲ့ ဂဵာမန် အမဵိုးသမီး သတင်းထောက်တဦးတိုႛကို ဆုပေးအပ် ခဵီးမြၟင့်တာ ဖြစ်ပၝတယ်။ ဆုငွေယူရို သုံးသောင်းကို ခွဲဝေပေးမှာပၝ။

ဆုပေးပွဲကို အောက်တိုဘာ ၈ရက် ဗုဒ္ဓဟူးနေႛ ဂဵာမနီစံတော်ခဵိန် ည (၈)နာရီမှာကဵင်းပခဲ့ ပၝတယ်။ သတင်းစာဆရာကြီး ဦးဝင်းတင်ရဲ့ ကိုယ်စား ဦးဝင်းတင်ရဲ့ တူမ VOA သတင်းဌာနက ဒေၞသင်းသီရိက ဆုလက်ခံ ယူခဲ့ပၝတယ်။ ဆုတံဆိပ်လည်း ပေးအပ်ခဲ့ပၝတယ်။
rfa၏ဆုပေးပွဲသို့တိုက်ရိုက်မေးမြန်းချက်အသံဖိုင်ရယူရန်
http://www.rfa.org/burmese/news/freed_u_win_tin_received_award-10092008120859.html/freed_u_win_tin_received_award-10092008120859.html/B1008KMS7/download.html
ဆုပေးပွဲကျင်းပနေစဉ်ဦးဝင်းတင်နှင်တိုက်ရုက်မေးမြန်းချက်အသံဖိုင်
http://www.rfa.org/burmese/audio_files/b1008tak.mp3

သမိုင်းတကျော့ပြန်

နအဖစစ်အစိုးရဟာ ကမ္ဘာ့စံချိန်ချိုးလိုက်တဲ့ အချိန်အကြာဆုံး အမျိုးသားညီလာခံကိုကျင်းပခဲ့ပါတယ်။ စစ်အာဏာယန္တရား တရားဝင်တန်ခိုးထွားအောင်ကျားကန်ပေးမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို သူတို့ စိတ်ကြိုက် တဘက်သတ်ရေးဆွဲခဲ့ပါတယ်။ ဒီဥပဒေအတည်ပြုရေးအတွက် ၂၀၀၈ မေလ ၁၀ ရက်နေ့ မှာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပမယ်လို့လဲ ထုတ်ပြန်ကြေညာပြီး စီစဉ်ခဲ့ပါတယ်။ မေလ ၂ ရက် နေ့မှာ နာဂစ်မုန်တိုင်းက မြန်မာနိုင်ငံအတွင်းဝင်မွှေလိုက်တော့ ပြည်သူအများ ဒုက္ခပင်လယ်ဝေကြရ လို့ ဆန္ဒခံယူပွဲကို ရွှေ့ဆိုင်းလိမ့်မယ်လို့ အများကထင်ခဲ့ကြပါတယ်။

တက်တက်စင်မှားပါတယ်။ မုန်တိုင်းကြောင့် သိန်းဂဏန်းချီတဲ့ပြည်သူတွေ သေကျေဒဏ်ရာရ ပစ္စည်း အိုးအိမ်တွေ ပျက်စီးဆုံးရှုံးသွားကြရပါတယ်။ အခြေမဲ့အနေမဲ့နဲ့ ဘ၀တွေပျက်ကြရပါတယ်။ ဒုက္ခပင် လယ်ကြော မျောကြရရှာပါတယ်။ မုန်တိုင်းသင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးကို အ ရေးတယူနဲ့ အလေးမူကာ ထိထိရောက်ရောက်လုပ်ဆောင်ပေးရမဲ့အစား နအဖ ကတော့ မေလ ၁၀ ရက်နေ့ ဆန္ဒခံယူပွဲမှာ ထောက်ခံမဲအပြည့်အ၀ရရှိရေးအတွက်သာ အာရုံစိုက်လုံးပမ်းခဲ့ပါတယ်။ သာ မန်ပြည်သူတွေကို သားစဉ်မြေးဆက် ‘စစ်ကျွန်’အဖြစ်သွတ်သွင်းဖို့ သူတို့ရဲ့ ဒီဥပဒေ အတည်ပြုရေးအ တွက်သာ မသမာတဲ့နည်းမျိုးစုံနဲ့ ကြိုးပမ်းအားထုတ်ခဲ့ပါတယ်။

အတိတ်သမိုင်းမှာ မြန်မာနိုင်ငံဟာ နယ်ချဲ့လက်အောက်မှာ ‘သူ့ကျွန်’ဘ၀ရောက်ခဲ့ရပါတယ်။ နယ်ချဲ့ အုပ်ချုပ်သူများဟာ မြန်မာပြည်သူတွေ’ကျွန်သက်’ရှည်ရေးအတွက် ၁၉၃၀ ပြည့်နှစ်တ၀ိုက်မှာ ဒိုင်အာ ခီအုပ်ချုပ်ရေး (ပူးတွဲတာဝန်ခံ ပြုပြင်ပြောင်းလဲရေး)ကိုထွင်ပေးပြီး ရွေးကောက်ပွဲလုပ်ပေးခဲ့ပါတယ်။ နအဖ စစ်အစိုးရရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာကြည့်လိုက်ရင် ‘ကျွန်သက်’ရှည်စေမဲ့ ဒီ ဒိုင် အာခီအုပ်ချုပ်ရေးနဲ့ အခြေခံသဘောတရား တူနေပါတယ်။ ရည်ရွယ်ချက်လဲ ဆင်နေပါတယ်။

“သမိုင်းတကျော့ပြန်”လို့ဆိုရမှာပေါ့။
“ဒိုင်အာခီ အုပ်ချုပ်ရေးဆိုတာ ဥပဒေပြုကောင်စီ၊ မင်းတိုင်ပင်အမတ်များ၊ ပူးတွဲတာဝန်ယူရသော အစိုး ရအဖွဲ့ဝင်များ စတဲ့ အဆောင်အယောင်တွေ အပြည့်ရှိပေမဲ့ ဗြိတိသျှအစိုးရကခန့်တဲ့ ဘုရင်ခံနှင့် အိုင် စီအက် အရာရှိများလက်ထဲမှာသာ အချုပ်အခြာအာဏာရှိတယ်။ဥပဒေပြုကောင်စီရွေးကောက်ပွဲမှာ ပြည်သူတွေရဲ့အင်္ဂလိပ်နဲ့ ကုလားကုန်သည်ကြီးများကို အထူးအခွင့်အရေးတွေပေးထားတယ်။အင်္ဂလိပ်ကုန်သည် ၁၀၀ အတွက် အမတ်တယောက် ရွေးကောက်ခွင့်ရှိရင် မြန်မာ ၃၀,၀၀၀ အတွက်
အမတ်တယောက်ရွေးခွင့်ရှိတယ်။” လို့ ဆရာကြီး သိန်းဖေမြင့်က ၁၉၃၀ တ၀ိုက် မြန်မာပြည်နိုင်ငံရေး သမိုင်း’ မှာ ဖော်ပြခဲ့ပါတယ်။ နယ်ချဲ့ အုပ်ချုပ်သူတွေရဲ့ထိန်းချုပ်မှု၊ ခြယ်လှယ်မှုတွေလွှမ်းမိုးကြီးစိုးတဲ့ ယန္တရားပဲဖြစ်ပါတယ်။


အခု နအဖရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာလဲ ဒိအတူပဲ စစ်တပ်ရဲ့ထိန်းချုပ်မှု ၊ ခြယ်လှယ်မှုတွေလွှမ်း မိုးကြီးစိုးတဲ့ ယန္တရားနဲ့ အုပ်ချုပ်သွားမှာ ဖြစ်ပါတယ်။ လွှတ်တော်မှာလဲ စစ်ဘက်က ၂၅%ယူထားပြီး အရပ်ဘက်က ၇၅% ရှိမှာဖြစ်ပါတယ်။ ဒီ ၇၅%ထဲမှာ စစ်ဘောင်းဘီချွတ်ပြီးရွေးကောက်ပွဲအနိုင်ရလာ မဲ့ စစ်ဗိုလ်ထွက်အမတ်တွေ၊ စစ်တပ်ရဲ့သြဇာလွှမ်းခံကြရမဲ့ စစ်တပ်အလိုတော်ရိ အရပ်သားအမတ် တွေ အတော်များများ ပါရှိလာဦးမှာပါ။ ဒိုင်အာခီအုပ်ချုပ်ရေးအဖွဲ့အတိုင်းပါပဲ။ ဒိုင်အာခီက ‘သူ့ကျွန်’ သက်ဆိုးရှည်ရေးအတွက် ထွင်ခဲ့တာပါ။ နအဖရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက ‘စစ်ကျွန်’သက်ဆိုးရှည် ရေးအတွက် ပြင်ဆင်တာပါ။

နအဖက လမ်းပြမြေပုံလမ်းစဉ် ၇ ချက်နဲ့ သာမန်ပြည်သူတွေကို သားစဉ်မြေးဆက် စစ်ကျွန်ပြုမဲ့ ‘မြန်မာ့ဒီမိုကရေစီလမ်းစဉ်’ကို သူတို့စိတ်ကြိုက် ဇွတ်အတင်း အကောင်အထည်ဖော်ကြပါတယ်။ ဒီ လမ်းပြမြေပုံကို နှောက်ယှက်မဲ့ ပျက်စီးစေမဲ့အခြေအနေတွေမပေါ်ပေါက်ရအောင်လို့မတရားတဲ့ဥပ ဒေတွေ၊ အမိန့်အာဏာတွေနဲ့ ထုတ်ပြန်ချုပ်ခြယ်ခဲ့ပါတယ်။ အတိုက်အခံပြုသူများကို မတရားဖမ်းဆီး အရေးယူ ဖိနှိပ်လျက်ရှိပါတယ်။ ဒီလိုအခါသမယမှာ စစ်အာဏာယန္တရားပဲ အသာစီးအနိုင်ရမယ်လို့တွက်ဆကြတဲ့ “မူယောင်ဝါး” တဲ့ ”အူကြောင်ကျား” ”လူထောင်လွှား”တွေက တစခန်းထလာကြပါတယ်။ စစ်အုပ်ချုပ်သူတွေနဲ့လက် တွဲလုပ်ကြည့်၊ ပူးပေါင်းကြည့်၊ ဘာမှမရှိတာထက်စာရင်တော်သေးတယ်၊ စသဖြင့် ဆိုပြီး စစ်အာဏာ ယန္တရားရဲ့ ရုပ်သေးရုပ်တွေအဖြစ် နိုင်ငံရေးစင်ပေါ် တက်လှမ်းဘို့ ခြေလှမ်းတွေပြင်လာကြပါတယ်။ အတိတ်သမိုင်းက ဒိုင်အာခီအုပ်ချုပ်ရေးတုန်းကလိုပါပဲ။

၁၉၃၀ တ၀ိုက် မြန်မာပြည်နိုင်ငံရေး သမိုင်း’မှာ အခုလိုဖော်ပြထားပါတယ်။ “ကောင်စီဝင်လိုသူ၊ ဒိုင်အာခီသပိတ်မမှောက်သူ ပြည်သူပြည်သားပါတီ ခေါ်တဲ့ ၂၁ ဦးပါတီကပြော တယ်၊ ဒိုင်အာခီ လက်ခံပြီး အလုပ်လုပ်ကြည့်။ အတွေ့အကြုံရပြီး တစတစ တိုးတက်သွားရမယ်။ ဒိုင်အာခီနဲ့ပူးပေါင်းရင်း ဒိုင်အာခီရဲ့အပြစ်တွေကို ပြုပြင်သွားရမယ်။ ဒါကြောင့် သူတို့ဟာ ပူးသတ်သ မားတွေပါလို့ လူထုကိုရှင်းပြကြတယ်။

“၂၁ ဦးတွေ အထူးဝါယမစိုက်ပြီး တိုက်ပွဲဝင်တဲ့ကိစ္စတခု ရှိသေးတယ်။ ရာထမ်းမှုထမ်းတွေထဲမှာ အင်္ဂ လိပ်၊ ကုလားနှင့် ကုလားကပြားများ လွှမ်းနေတာကို မြန်မာများနှင့် အစားထိုးရေး ဖြစ်တယ်။ အဲဒီ ခေတ်တုန်းက လယ်ဝန်ရာထူးတခုကို မြန်မာတယောက်ယောက်က ရတာကိုတောင် ဂုဏ်ထူးဆောင် သတင်းတခုအနေနှင့် ပြောစားနေကြရတယ်။ ၂၁ ဦးပါတီက ကောင်စီထဲဝင်သွားပြီး အမတ်အများစု ဟာ မြန်မာများဖြစ်နေတာတောင်မှ အမတ်အများက မဲဖြင့်တင်မြှောက်ရတဲ့ဥက္ကဌဟာ အင်္ဂလိပ်တ လှည့်၊ အင်္ဂလိပ်ကပြားတလှည့် ဖြစ်နေသေးတယ်။

“၁၉၃၀ ပြည့်နှစ်တ၀ိုက်ကျတော့ ဂျီစီဘီအေ ခေါင်းဆောင်များက ၂၁ ဦးပါတီရဲ့ ဥပဒေပြုကောင်စီ တွင်းလုပ်ရပ်များကို လက်ညှိုးထိုးပြပြီး‘ဘယ့်နှယ်လဲ ပူးသတ်ဆရာကြီးများ၊ ကောင်စီဝင်ပြီး ဒိုင်အာခီ မျိုးဖြုတ်မယ်ဆိုသော်လည်း မျိုးမပြုတ်ဘဲ ခင်ဗျားတို့သာပြုတ်နေပါပကောလား’ စသည်ဖြင့် သရော် ကြပါတယ်။ သရော်စရာပါဘဲ။ ၂၁ ဦးပါတီဝင်နှင့် အခြားအချို့အမတ်များမှာ ပြည်သူလူထုရဲ့ အခြေခံ အကျိုးစီးပွါးကို နယ်ချဲ့ဖိနှိပ်ချုပ်ခြယ်မှုမှ လုံးဝအကာအကွယ်မပေးနိုင်ကြဘူး။ ဗုဒ္ဓဘာသာဘုန်းတော် ကြီးများကို ထောင်ချပြီး သင်္ကန်းဆွဲချွတ်တာကိုတောင် ကြည့်နေကြရတယ်။ ဒါကြောင့် ပြည်သူလူထု အများစုဟာ ဂျီစီဘီအေကိုဘဲ ဆက်လက်ထောက်ခံကြတယ်။ ၂၁ ဦးဘက်ကို ပါမသွားကြဘူး။”

၁၉၃၀ ပြည့်နှစ်တ၀ိုက်မှာ ကမ္ဘာ့စီးပွါးရေးကပ်ကြီးဆိုက်လာခဲ့ပါတယ်။ နိုင်ငံရေးနိုးကြားမှုအမြင်တွေလဲ ရှင်သန်ခဲ့ကြပါတယ်။ မျိုးချစ်ခေါင်းဆောင်ကောင်းများလဲ ပေါ်ထွန်းလာခဲ့ကြပါတယ်။ နယ်ချဲ့စိုးမိုးသူ များလဲ ဖိအားပေးတောင်းဆိုမှုများစွာနဲ့ကြုံကြရလို့ ကိုလိုနီနိုင်ငံများကိုအုပ်ချုပ်ရတာ အခက်အခဲတွေ ကြုံကြရပါတယ်။ နောက်ဆုံးမှာ လွတ်လပ်ရေးပေးပြီး ကိုလိုနီနိုင်ငံများကို လက်လွှတ်လိုက်ရပါတယ်။

အခုအချိန်မှာလဲ ကမ္ဘာ့စီးပွါးရေးကပ်ကြီးဆိုက်နေပြီလို့ဆိုနိုင်ပါတယ်။ နအဖလဲ ဖိအားမျိုးစုံနဲ့ ရင်ဆိုင် နေရပါပြီ။ မြန်မာပြည်သူများလဲ နိုင်ငံရေးနိုးကြားမှုအမြင်တွေ ရှင်သန်လျက်ရှိနေပါပြီ။ မျိုးချစ်ခေါင်း ဆောင်ကောင်းများလဲ ပေါ်ထွန်းလျက်ရှိနေပါပြီ။ သမိုင်းတကျော့ ပြန်လာတော့မှာ ဧကန်မလွဲပါ။

မောင်မောင်လှကြိုင်
၂၀၀၈ စက်တင်ဘာ ၃၀

ဆရာကြီးသိန်းဖေမြင့်၏၁၉၃၀မြန်မာ့နိင်ငံရေးသမိုင်းမှ ကောက်နှုတ်ချက်