4.29.2009

အန်အယ်ဒီ၏ ရွှေဂုံတိုင် ကြေညာစာတမ်း

ကိုဝိုင်း
ဗုဒ္ဓဟူးနေ့၊ ဧပြီလ 29 2009 21:32 - မြန်မာစံတော်ချိန်

ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး အစည်းအဝေးခန်းမတွင် ၂ဝဝ၉ ခုနှစ် ဧပြီလ ၂၈-၂၉ ရက်နေ့များ၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ ပြည်နယ်-တိုင်း စည်းရုံးရေးအဖွဲ့များနှင့် အလုပ်အမှုဆောင် ကိုယ်စားလှယ်များ၊ အမျိုးသား ဒီမိုကရေစီပါတီ ကိုယ်စားလှယ်များ၊ အမျိုးသမီး လုပ်ငန်းအဖွဲ့ ကိုယ်စားလှယ်များ၊ လူငယ်လုပ်ငန်း ဖော်ဆောင်ရေးအဖွဲ့ ကိုယ်စားလှယ်များ တက်ရောက်သည့် စုံညီအစည်းအဝေးအပြီး ထွက်ပေါ်လာသည့် အန်အယ်ဒီ၏ ရွှေဂုံတိုင်လမ်း အမည်ရှိ ကြေညာစာတမ်းကို တင်ပြလိုက်ပါသည်။

စုံညီ အစည်းအဝေးတွင် စည်းရုံးရေးဆိုင်ရာ စာတမ်းကို ဦးဆောင်ရေးဆွဲ တင်သွင်းသူ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အတိုင်ပင်ခံ လုပ်ငန်းအဖွဲ့ဝင် ဦးအုံးကြိုင်က မဇ္ဈိမသတင်းထောက် ကိုဝိုင်းကို ဖတ်ကြားပြခဲ့ခြင်း ဖြစ်ပါသည်။

——————————-

ယနေ့ စုံညီအစည်းအဝေးအပြီးတွင် တက်ရောက်သူအားလုံးမှ အများဆန္ဒနှင့်အညီ ထုတ်ပြန်သည့် အဖွဲ့ချုပ်၏ ရပ်တည်ချက်များကို ဖော်ပြထားသော - ရွှေဂုံတိုင်ကြေငြာစာတမ်း -

ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ပြည်ထောင်စု မြန်မာနိုင်ငံကို ပြည်သူလူထုအပေါင်း မျှော်မှန်းထားသည့်အတိုင်း ဒီမိုကရေစီနိုင်ငံအဖြစ် တည်ဆောက်သွားရေး ကြိုးပမ်းရာတွင် လက်ငင်းကြုံတွေ့နေရသော နိုင်ငံရေး အကျတ်အတည်းများ အားလုံးကို ဖြေရှင်းနိုင်ရန် ရည်ရွယ်လျက် အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ ပြည်နယ်-တိုင်း စည်းရုံးရေးအဖွဲ့ဝင်များ၊ ယနေ့ထက်တိုင် အဖွဲ့ချုပ်နှင့်အတူတကွ ရပ်တည်နေကြသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ အမျိုးသမီးလုပ်ငန်းအဖွဲ့ ကိုယ်စားလှယ်များ၊ လူငယ်လုပ်ငန်း ဖော်ဆောင်ရေးအဖွဲ့ ကိုယ်စားလှယ်များသည် ရန်ကုန်မြို့ အနောက်ရွှေဂုံတိုင်လမ်းရှိ အဖွဲ့ချုပ် အစည်းအဝေးခမ်းမ၌ ၂ဝဝ၉ ခုနှစ် ဧပြီလ ၂၈-၂၉ ရက်နေ့များတွင် နိုင်ငံရေး၊ စည်းရုံးရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေများနှင့် ပတ်သက်၍ ပြန်လည်သုံးသပ်တင်ပြခြင်း၊ အခြေအနေအရပ်ရပ်ကို တွေ့ဆုံဆွေးနွေးညှနှိုင်းခဲ့ကြသည်။ ယင်းသို့ ဆွေးနွေးရာတွင် ပြဿနာအားလုံး ပြေလည်သွားစေရေး အကောင်းဆုံးနည်းလမ်းဖြစ်သော တွေ့ဆုံဆွေးနွေးရေး ဖြစ်ပေါ်လာစေရေးအတွက် အခြေအနေကောင်းများ ဖန်တီးပေးနိုင်မည့် အစီအစဉ်များကို အများသဘောတူညီကြသည့်အလျောက် ပြည်သူလူထုအား အသိပေးနိုင်ရန် ဤ ရွှေဂုံတိုင်ကြေငြာစာတမ်းကို ထုတ်ပြန်ကြေငြာလိုက်သည်။

အဖွဲ့ချုပ်သည် နိုင်ငံ၏ ပြည်သူလူထုအကျိုးကို ရှေ့ရှုလျက် လက်ငင်းကြုံတွေ့နေရသော နိုင်ငံရေး အကျပ်အတည်းများဖြစ်သည့် ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည်သုံးသပ်ပြင်ဆင်ရေး၊ တိုင်းရင်းသားလူမျိုးများအားလုံး အခွင့်အရေးတန်းတူညီမျှမှုကို အခြေခံသည့် စစ်မှန်သော ပြည်ထောင်စုကြီး တည်ဆောက်ရေး၊ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ဖြစ်သော ပြည်သူ့လွှတ်တော်ကို တနည်းနည်းဖြင့် အသိအမှတ်ပြုရေးတို့သည် လက်ငင်းဖြေရှင်းရမည့် အဓိကပြဿနာများဖြစ်သည်ဟု ယူဆသည်။ ဤကိစ္စများအပေါ် အဖွဲ့ချုပ်၏ ရပ်တည်ချက်များမှာ -

(က) ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွှတ်ပေးရေး။

(ခ) ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈) ပြန်လည်ပြင်ဆင်ရေး။

ဒီမိုကရေစီနိုင်ငံတော်အသစ်တရပ် တည်ဆောက်ရန် ဒီမိုကရေစီမူများအပေါ် အခြေခံသော နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေတရပ် လိုအပ်သည်။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ အာဏာတည်ခြင်းမရှိသေးသော ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈) တွင် ဒီမိုကရေစီအခြေခံမူဝါဒများနှင့် မကိုက်ညီသည့်အချက်များ ပါဝင်နေသည်။ ထို့ကြောင့် တိုင်းရင်းသားလူမျိုးများ အပါအဝင် ပြည်သူအပေါင်း (…..) ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်လာစေရန် အထူးလိုအပ်သည်။

(ဂ) စည်းရုံးရေး။

တိုင်းရင်းသားလူမျိုးများတစ်စုတစ်ဝေးတည်း နေထိုင်လျက်ရှိသည့် ပြည်ထောင်စုမြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးအားလုံး အခွင့်အရေး တန်းတူညီမျှမှု၊ တဦးပေါ်တဦး ဖြူစင်သောစေတနာ ထားနိုင်မှုတို့ကို အခြေခံသော ညီညွတ်မှု တည်ဆောက်ရမည်။ (…..) ရေခံမြေခံကောင်းတွင်သာ စစ်မှန်သော ဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုးနိုင်ပေမည်။ ထို့ကြောင့် နိုင်ငံရေးပါတီများအားလုံး လွတ်လပ်စွာ စည်းရုံးလှုပ်ရှားခွင့် ရှိရမည်။ သို့ဖြစ်ရာ ၂ဝဝ၃ ခုနှစ် မေလ ၃၁ ရက်နေ့မှ စတင်ကာ ယာယီဟုဆိုပြီး ချိတ်ပိတ်ထားခဲ့သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပြည်နယ်-တိုင်း စည်းရုံးရေးအဖွဲ့ ရုံးများ၊ မြို့နယ်စည်းရုံးရေး အဖွဲ့ရုံးများနှင့် တိုင်းရင်းသား နိုင်ငံရေးပါတီ (ရုံး) များကို အမြန်ဆုံးဖွင့်ပေးရန် လိုအပ်သည်။

(ဃ) ၁၉၉ဝ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုရေး။

ယနေ့ကာလတွင် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ (၃) နှင့်အညီ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ဖြစ်သော ပြည်သူ့လွှတ်တော်ကို တနည်းနည်းဖြင့် အသိအမှတ်ပြုရေး စီစဉ်ဆောင်ရွက်ရန် အထူးလိုအပ်နေသည်။ သို့မှသာ ဒီမိုကရေစီ၏ အစဉ်အလာကောင်းများကို ထိန်းသိမ်းရာ ရောက်ပေမည်။ သို့မဟုတ်ပါက နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးကောင်စီ အနေဖြင့် မိမိပြဋ္ဌာန်းထားသော ဥပဒေကို မိမိကိုယ်တိုင် ချိုးဖောက်ရာ ရောက်ရှိနေပေလိမ့်မည်။

(င) တွေ့ဆုံဆွေးနွေးရေး။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် တွေ့ဆုံဆွေးနွေး အဖြေရှာရေးကို (၁၉၈၈) ခု ကတည်းကစ၍ အစဉ်တစိုက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကလည်း နိုင်ငံရေးလိုအပ်ချက်အရ ပြောင်းလွယ်ပြင်လွယ် သဘောထားဖြင့် ဆောင်ရွက်နိုင်စွမ်းရှိသည်ဆိုသော အချက်ကို အောက်ပါအတိုင်း ပွင့်ပွင့်လင်းလင်း ပြောကြားထားခဲ့ပြီးဖြစ်သည်။

“မြန်မာပြည်သူလူထုအတွက် အကျိုးပြုမယ့် ရလဒ်ကောင်းရဖို့ဆိုရင် ကျမတို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပြင်သာ ပြောင်းသာစွာနဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ မကြာခဏ ပြောထားခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလို တွေ့ဆုံဆွေးနွေးတာဟာ အဖွဲ့ချုပ်ကောင်းစားဖို့ ဦးတည်ဆွေးနွေးမှုမျိုး မဖြစ်သင့်သလို အာဏာပိုင်များကောင်းစားဖို့ ဦးတည်ဆွေးနွေးတာမျိုးလည်း မဖြစ်သင့်ပါဘူး။ မြန်မာပြည်သူလူထု ကောင်းစားရေးအတွက် ဦးတည်ရလိမ့်မယ်” ဟု ပြောထားပြီးဖြစ်သည်။

သို့ဖြစ်ရာ လက်ငင်းကြုံတွေ့နေရသော ပြဿနာအားလုံးကို ဖြေရှင်းနိုင်ရန် တွေ့ဆုံဆွေးနွေးပွဲများ မဖြစ်မနေကျင်းပရေး စီစဉ်ဆောင်ရွက်ပါရန် အဖွဲ့ချုပ်က ရိုးသားဖြူစင်စွာ စိတ်ကောင်းစေတနာဖြင့် ထပ်မံတိုက်တွန်းလိုက်သည်။

အဖွဲ့ချုပ်က မျှော်မှန်းထားသော ဆွေးနွေးပွဲ အစီအစဉ်များမှာ အောက်ပါအတိုင်းဖြစ်သည်။

(၁) ကြိုတင်စည်းကမ်း သတ်မှတ်ထားခြင်း မရှိသော တွေ့ဆုံဆွေးနွေးပွဲကို ဆုံးဖြတ်ပေးနိုင်မည့် ပုဂ္ဂိုလ်များ ပါဝင်တက်ရောက်ကာ အပြန်အလှန်လေးစားမှုနှင့် အမျိုးသားပြန်လည်သင့်မြတ်မှုကို အခြေခံထားသည့် တွေ့ဆုံဆွေးနွေးပွဲများ အမြန်ဆုံးကျင်းပရန်

(၂) ဆွေးနွေးပွဲများတွင် အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်းသားများအားလုံး တန်းတူညီမျှ အခွင့်အရေးများရရှိရေး၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ လွှတ်ပေးရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂ဝဝ၈) ကို ပြန်လည်သုံးသပ်ရေး၊ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ဖြစ်သော ပြည်သူ့လွှတ်တော်ကို တနည်းနည်းဖြင့် အသိအမှတ်ရေး၊ နောင်လာမည့် ရွေးကောက်ပွဲများအရေး၊ လက်ရှိပြည်သူလူထု ဘဝအခြေအနေများ တိုးတက် ကောင်းမွန်လာစေရေး စသည်တို့ ပါဝင်သည်။

(၃) ဆွေးနွေးပွဲမှ ထွက်ပေါ်လာမည့် ရလဒ်များကို ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေအရ ဖွဲ့စည်းမည့် ပြည်သူ့လွှတ်တော်တွင် အတည်ပြုချက် ရယူခြင်းဖြင့် ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုရာရောက်အောင် စီစဉ်ရမည်။

(၄) လွှတ်တော်က အတည်ပြုပြီးဖြစ်သော သဘောတူ ဆုံးဖြတ်ချက်များအရ ထွက်ပေါ်လာမည့် အနာဂတ် နိုင်ငံရေးလမ်းကြောင်းအတိုင်း သက်ဆိုင်သူများအားလုံးက ဒီမိုကရေစီ နိုင်ငံတော်သစ်အတွက် တညီတညွတ်တည်း ဆက်လက်ဖော်ဆောင်သွားရန် တို့ ဖြစ်သည်။

(စ) နောင်ပေါ်ပေါက်လာမည့် ရွေးကောက်ပွဲဆိုင်ရာ သဘောထား။

အဖွဲ့ချုပ်သည် ဖော်ပြပါ (…) ပြဿနာများကို တွေ့ဆုံဆွေးနွေး ဖြေရှင်းခြင်းဖြင့်သာ ရေရှည်တည်တံ့မည့် နိုင်ငံရေးတည်ငြိမ်မှု၊ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို ရရှိနိုင်မည်ဟု ယုံကြည်သည်။ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးမှုကောင်စီအနေဖြင့် တွေ့ဆုံဆွေးနွေးဖြေရှင်း ပြေလည်ရေးဆီသို့ မျက်နှာမမူဘဲလျက် နောင်လာမည့် ရွေးကောက်ပွဲကို တဖက်သတ် အစီအစဉ်ဖြင့် ကျင်းပခဲ့လျှင် အဖွဲ့ချုပ်က မည်သို့ ရပ်တည်သွားမည်ဆိုသည်ကို ပြည်သူလူထုအား အသိပေးရမည်ဖြစ်သည်။

ဒီမိုကရေစီခရီးတွင် ရွေးကောက်ပွဲကို ဖြတ်သန်းရမည့် မှတ်တိုင်တခု ဖြစ်သည်ဟု အဖွဲ့ချုပ်က လက်ခံထားသည်။ အဖွဲ့ချုပ်သည် ဒီမိုကရေစီတိုက်ပွဲကို စွန့်ခွာမည်မဟုတ်။ အဖွဲ့ချုပ်သည် မည်သည့်အခြေအနေတွင်မဆို ပြည်သူလူထုနှင့် တသားတည်း ရှိနေမည်ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးကောင်စီက နောင်ပေါ်ပေါက်လာနိုင်မည့် ရွေးကောက်ပွဲကို မိမိအစီအစဉ်ဖြင့် တဖက်သတ် ကျင်းပမည်ဆိုပါက -

(၁) အဖွဲ့ချုပ်ခေါင်းဆောင်များအပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ ပြန်လွှတ်ပေးလျှင်

(၂) ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ဒီမိုကရေစီ စံနှုံန်းများနှင့် မကိုက်ညီသည့် အချက်များကို ပြင်ဆင်ပေးလျှင်

(၃) အားလုံးလွှမ်းခြုံပါဝင်နိုင်မည့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအဖြစ် နိုင်ငံတကာက စောင့်ကြပ်လေ့လာမှုကို ခွင့်ပြုလျက် ကျင်းပမည်ဆိုလျှင် - အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်သူလူထု တရပ်လုံး၏ အကျိုးစီးပွားကို သယ်ဆောင်နိုင်ရေး မျှော်မှန်း၍ ပေါ်ပေါက်လာမည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့် ရွေးကောက်ပွဲနှင့် စပ်လျဉ်းသော ဥပဒေတို့ကို လေ့လာပြီး အထူးကိစ္စတရပ်အနေဖြင့် အလေးထားစဉ်းစား၍ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် ရည်ရွယ်ကြောင်း ဤရွှေဂုံတိုင် ကြေညာစာတမ်းကို အလေးအနက် ထုတ်ပြန်ကြေညာလိုက်သည်။

Burma's News World's News

Photobucket

Vendor Ousmane Cisse, center right, waits for customers in market on outskirts of Dakar, Senegal (2008 file photo)
Wed. 29 Apr 2009 1304 UTC

West Africa Working to Prevent Spread of Swine Flu

Countries reactivate early warning systems put in place following outbreak of avian flu three years ago

Full Story » | Listen Audio clip available

Vaccines

Health Experts Warn Swine Flu Will Continue To Spread Video clip available

It is not yet a pandemic, but researchers are at work on a vaccine

President Obama talks on the phone in the White House, 28 Apr 2009 (White House photo)

More Swine Flu Cases in US, Death Toll Rises in Mexico

President Obama has asked Congress to provide $1.5 billion to fight swine flu

North Korea

North Korea Threatens Nuclear, Missile Tests

North Korea's Foreign Ministry says it will be 'forced to take additional defensive measures' unless the UN Security Council accommodates Pyongyang's demand for an apology

Pakistani soldiers fire heavy artillery towards Taliban hideouts in Lower Dir, 28 Apr 2009

Pakistan Reports Gains Against Militants Audio Clip Available

Military says it now controls northwestern town of Dagar; Taliban fighters in some police stations putting up fierce fight


A Mexican wears a surgical mask trying to prevent contagion of the swine flu virus at Mexico City's international airport
A Mexican child dies of swine flu in Texas - the first such death outside Mexico, where the virus may have killed up to 159.

Two car bombs kill at least 16 people in the Shia district of Sadr City in Iraq's capital, Baghdad, officials say.

A trial starts in Paris over the kidnapping and killing of a young Jewish man that shocked France three years ago.




NARGIS ANNIVERSARY

Small-scale Livestock Farmers Struggling in Delta

By MIN KHET MAUNG
Only a fraction of the poultry and livestock lost following Cyclone Nargis has been returned to struggling farm families, who rely on raising poultry and pigs to get by.

NARGIS ANNIVERSARY

Villagers Still Struggle Year after Storm

By THE ASSOCIATED PRESS
Tens of thousands of survivors in the Irrawaddy Delta, where most of the more than 138,000 victims drowned when Cyclone Nargis roared through on May 2, still struggle to eke out a life.

NEWS ANALYSIS

NLD in Dilemma

By WAI MOE
Burma's opposition party is under mounting pressure as the 2010 elections nears, but it’s in no hurry to declare it will participate.

Junta Commanders Court Ceasefire Groups

By MIN LWIN
Burmese junta representatives have held a series of meetings with ethnic ceasefire groups, with talks believed to center on next year’s election.
NARGIS ANNIVERSARY

Burma’s Own Potemkin Village

By KYI WAI
As villagers in Burma’s cyclone-devastated region struggle to finance anniversary merit-making ceremonies, the government makes political capital out of creating a showpiece community.
NARGIS ANNIVERSARY

Donor in the Delta

By THE IRRAWADDY
The Irrawaddy speaks to the country director of Save the Children in Burma, Andrew Kirkwood, about the challenges of operating in the Irrawaddy delta.

A year on, Nargis victims still lack adequate support

A year after Cyclone Nargis devastated Burma’s Irrawaddy delta, aid organizations, including the United Nations agencies point out that much needs to be done in terms of relief and reconstruction...

Thai and migrant workers reeling under financial crisis

Thai activists in Bangkok have revealed that more than 12,000 workers in Thailand have asked for help after they were affected by the ongoing financial crisis of the past three...

Diarrhea outbreak in Monywa

Diarrhea has broken out in Monywa Township in Sagaing Division. A doctor of a private clinic said “there are a lot of diarrhea patients from all blocks. The number of...

Burma’s opposition discusses 2010 poll

Burma’s main opposition party – National League for Democracy (NLD) – on Tuesday met with organizing committee members from its various branches to discuss whether or not to contest the...

Cyclone hit farmers face new plague – pests

A year after Cyclone Nargis devastated Burma’s rice bowl, the Irrawaddy delta, farmers say they are plagued with another disaster – pests. A farmer in Paunte village in Bogale Township...

Detained Burmese comedian allowed treatment

With the health of famous comedian and film director Thura a.k.a. Zarganar, serving 35 years in prison, deteriorating, he was finally allowed a medical check-up on Monday. Zarganar (48),..
Burma to accept Bangladesh prisoners

Apr 29, 2009 (DVB)–Burma has agreed to take back 68 Burmese nationals who have been imprisoned in Bangladesh following a meeting between the Burmese government and a Bangladeshi paramilitary border force. - more


Lack of army food could lead to corruption

Apr 29, 2009 (DVB)–A new system that gives lower-ranking army soldiers a weekly allowance equivalent to around eight cups of rice could cause an exodus from the army and deepen corruption among troops, said a military analyst. - more


Foreign investment in Burma ‘costly for companies’

Apr 29, 2009 (DVB)–Foreign investments in Burma’s oil and gas sector pose a risk to companies and lead directly to human rights abuses against civilians, including rape and torture, says a human rights watchdog. - more


Solo demonstrator sentenced to one year

Apr 29, 2009 (DVB)–A tutor who was arrested in March for staging a solo demonstration calling for the release of political prisoners has been sentenced to a year in prison. - more


Opposition party to wait on 2010 decision

Apr 29, 2009 (DVB)–Burma’s main political opposition party will wait to see if there is democratic progress made by the government before deciding on whether to contest the elections scheduled for March next year. - more

မြန်မာ့ သတင်း ကမ္ဘာ့ သတင်း

Members of the detained pro-democracy leader Aung San Suu Kyi National League for Democracy Party participate in the party meeting at its headquarters Tuesday, April 28, 2009, in Yangon, Myanmar.AP

နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးပြီး လက်ရှိ ချမှတ်ထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပါ အချက်တွေမှာ ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီတာ တွေကို ဖယ်ရှားပေးမယ်ဆိုရင် ၂၀၁၀ ရွေးကောက်ပွဲ မှာ ပါဝင်ဖို့ စဉ်းစားမယ်လို့ အန်န်အယ်လ်ဒီ ခေါင်းဆောင်တဦးက ပြောပါတယ်။




NEJ /၂၉ ဧပြီ ၂၀၀၉


ယခုနှစ်တွင် ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်၌ နွေစပါးအထွက်နှုန်း တ၀က်လျော့ကျကြောင်း ဘိုကလေးမြို့နယ်၊ ညီနောင်ဝကျေးရွာအုပ်စု ရှိ လယ်သမားများက ပြောသည်။ ယခင်နှစ်က တဧကလျှင် တင်း (၁၀၀) ထွက်သော်လည်း ယခုနှစ်တွင် နွေစပါး အထွက်နှုန်းမှာ တင်း (၅၀) သာ ရှိကြောင်း ဒေသခံများက ပြောသည်။ ....အပြည့်အစုံသို့

နာဂစ်သင့်ဒေသများ ကန်ရေသုံးမရ သောက်သုံးရေ အခက်အခဲဖြစ်ဆဲ
NEJ / ၂၉ ဧပြီ ၂၀၀၉
လာမည့် မေလ (၂) ရက်တွင် နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့ သည်မှာ (၁) နှစ် ပြည့်တော့မည်ဖြစ်သော် လည်း ဧရာဝတီတိုင်းအတွင်း သောက်သုံးရေအခက်အခဲနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်ဟု ဒေသခံများက ပြောသည်။ သောက်သုံးရေ ...အပြည့်အစုံသို့
ဆန်ဈေးနှုန်း တရိပ်ရိပ် မြင့်တက်လာ

NEJ / ၂၉ ဧပြီ ၂၀၀၉
နိုင်ငံခြားတင်ပို့ရန် ဆန်ဝယ်ယူနေ မှုများကြောင့် ဆန်ဈေးနှုန်းများ တရိပ်ရိပ် မြင့်တက်လာနေကြောင်း ဘုရင့်နောင် ဆန်ပွဲရုံ တခုမှ ကုန်သည်ကြီးတဦးက ပြောသည်။ ၎င်းက “ဒီနေ့ ဧပြီ (၂၉) ရက်ဆို ဆန်ကြမ်းဈေးက တအိတ် ...အပြည့်အစုံသို့

ကျိုက်မွန်ထိုစေတီ ပိန္နဲတိုင် တိမ်းညွတ်

NEJ / ၂၉ ဧပြီ ၂၀၀၉
ဘစ်ဂ်ျလီဆိုင်ကလုန်းမုန်တိုင်း သတိပေးချက် ထုတ်ပြန် ကြေညာအပြီး နှစ်ရက်အကြာ တိုက်ခတ်လိုက်သော လေပြင်းဒဏ်ကြောင့် ဆံတော်ကြို ကျိုက်မွန်ထိုစေတီ ထီးတော်အထက် ပိန္နဲတိုင် ကွေးညွတ်တိမ်းစောင်းသွားခဲ့ သော်လည်း သက်ဆိုင်ရာမှ ပြင်ဆင်မှုမရှိသေးကြောင်း မြို့ခံများက ပြောသည်။...အပြည့်အစုံသို့
ဝေါလေခီးစခန်းအား ကေအန်ယူလက်လွတ်ဆုံးရှုံး

NEJ / ၂၉ ဧပြီ ၂၀၀၉
တိုးတက်သောကရင်ဗုဒ္ဓဘာသာအဖွဲ့ (ဒီကေဘီအေ) နှင့် နအဖတပ်များ ပူးပေါင်းတိုက်ခိုက်မှုကြောင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၆) နယ်မြေအတွင်း ရှိ တပ်ရင်း (၂၀၁) ဝေါလေခီး စခန်းအား ကေအန်ယူဘက်မှ ယမန်နေ့က လက်လွတ်ဆုံးရှုံးခဲ့သည်။ လက်နက်နှင့်လူအင် အား မမျှ၍ ယမန်နေ့နံနက် (၁၁) နာရီခန့်...အပြည့်အစုံသို့

နာဂစ်လေဘေးမှာ လူတွေအမြောက်အမြား သေဆုံးဖို့ သင့်ပါသလား
မျိုးရန်နောင်စိုး / ၂၉ ဧပြီ ၂၀၀၉
လာမည့်မေလ (၂) ရက် ဆိုရင် မြန်မာနိုင်ငံ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းအတွင်း နာဂစ်လေမုန်တိုင်းဘေး ကြုံခဲ့ရတာ တနှစ်တင်းတင်း ပြည့်တော့မှာဖြစ်ပါတယ်။ လူပေါင်း (၁) သိန်း (၃) သောင်းကျော် သေဆုံးခဲ့ပြီး .....အပြည့်အစုံသို့

တနှစ်ပြည့်မှ အမျှဝေရတယ်

တနှစ်ပြည့်မှ အမျှဝေရတယ် တရွေ့ရွေ့သာ သွားလာ လှုပ်ရှား နိုင်သော အသက် ၆ဝ ကျော် ခပ်ပိန်ပိန် အဘိုးအိုသည် တောင်ဝှေး တချောင်းကို ထောက်ရင်း ကွမ်းခြံကုန်း မြှို့နယ်အတွင်း မိတ်ဆွေများထံ သွားရောက်၍
ဆက်ဖတ်ရန် ...

သတင်းများက ၀တ္ထုဖြစ်၊ ၀တ္ထုများက သတင်းဖြစ်

သတင်းများက ၀တ္ထုဖြစ်၊ ၀တ္ထုများက သတင်းဖြစ် တခါတရံ ဆက်သွယ်ရေး နည်းပညာရပ်များ ပေါက်ကွဲဖြစ်ထွန်းမှု အကြောင်း မိတ်ဆွေတချို့နှင့် စကား စပ်မိသည်။ ထိုအခါ ကမ္ဘာ့ရွာ ရောက်သည်အထိ စကားခရီး ဆက်မိကြ၏။
ဆက်ဖတ်ရန် ...

ရပ်ကွက် ပြင်ပထွက်သူ ထောင် ၁ နှစ်ကျ

ရပ်ကွက် ပြင်ပထွက်သူ ထောင် ၁ နှစ်ကျ

ငြိမ်းချမ်းစွာ တကိုယ်တော် ဆန္ဒပြသူ ကျူရှင်ဆရာ ဦးအောင်ဖေကို တွံတေးမြို့နယ်တရားရုံးက ခြေချုပ် ဖောက်ဖျက်မှုဖြင့် ယနေ့ ထောင် တနှစ် ချမှတ်လိုက်သည်။

၂၀၁၀ အတွက် အပစ်ရပ် အဖွဲ့များနှင့် စစ်အစိုးရ ဆွေးနွေး

၂၀၁၀ ရွေးကောက်ပွဲ အတွက် အပစ်ခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် နအဖ စစ်အစိုးရ အာဏာပိုင်များက ယမန်နေ့တွင် တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း

ရွေးကောက်ပွဲ ၀င်ရေး NLD မဆုံးဖြတ်နိုင်သေး

၂၀၁၀ ရွေးကောက်ပွဲ ဥပဒေ ထွက်လာမှ ရွေးကောက်ပွဲ ၀င်ရေးမ၀င်ရေးကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဆုံးဖြတ်မည် ဖြစ်ကြောင်း ယနေ့ ပြုလုပ်သည့် အထူးအစည်း

ငါးကျမ်းပြန်သာသနာ့ရိပ်သာ၏ နာဂစ်သင့်မိဘမဲ့ကလေးသူငယ်များစောင့်ရှောက်ရေး ရန်ပုံငွေအဖွဲ့

၂၀၀၉ ခုနှစ်အတွက် လစဉ်အလှူငွေများ ထည့်ဝင်ကြရန် မေတ္တာရပ်ခံ

မိုးမခ အထောက်တော် ၀၀၂

ဧပြီ ၂၉၊ ၂၀၀၉

မေလ ၂ ရက်နေ့တွင် နာဂစ်မုန်တိုင်းကြီး တိုက်ခတ်ခဲ့သည်မှာ တနှစ်လည်ခဲ့ပြီ ဖြစ်သည်။ စေတနာရှင်များ၊ ကုသိုလ်ရှင်များက နာဂစ်သင့်ဒုက္ခသည်များကို အခက်အခဲမျိုးစုံကြားက ကိုယ်ထူကိုယ်ထ တယောက်တလက် ကူညီခဲ့ကြသည့်အတွက် ဒုက္ခသည်ပေါင်း သိန်း ၂၀ ကျော်ကို ပထမ ၆ လ အတွင်း တတ်အားသမျှ ထပ်မံ မပျက်စီး၊ မသေပျောက်သွားအောင် စောင့်ရှောက်နိုင်ခဲ့သည်ဟု ဆိုနိုင်ပါသည်။
အျပည့္အစုံသိုႛ ...

ပြည်တွင်းက ဖတ်မိသမျှ ဂျာနယ် အပိုင်းအစ

ဂျာနယ်ဂြိုလ် သာဂိ

ဧပြီ ၂၉၊ ၂၀၀၉

ဘီဂျလိမုန်တိုင်း ရခိုင်ပြည်ကို အဖျားခတ်၊ ရခိုင်သင်္ကြန် ရန်ကုန်မှာ ၆ ကြိမ်မြောက် ကျ။ မဟာစည်အဖွဲ့ချုပ်မှာ ယောဂီ ၃ ထောင် တရားအားထုတ်။ မိုးလေ၀သဆရာကြီး ဒေါက်တာထွန်းလွင်နှင့် အင်တာဗျုး။

မြေကမ္ဘာနေ့အထိမ်းအမှတ် ရန်ကုန်က ဟိုတယ်များ မီး ၁ နာရီ ဖြတ်၍ ကျင်းပ။ မြန်မာနိုင်ငံမှာ ပီအေစီစင်တာပေါင်း ၄၆၀ ကျော် ဖွင့်လှစ်ပြီး။ မော်လမြိုင်အောက်ဈေးကြီး ၇ လ နဲ့ အပြီးဆောက်မည်။ ပြည်ပဆန်အ၀ယ်လိုက်၍ ဧည့်မထများ ဈေးမော့ပြီ။

အဝေးသင် အဘိဓမ္မာသင်တန်း မြန်မာနိုင်ငံမှာ ပထမဦးဆုံး ကျင်းပမည်။ ပဲခူးတိုင်း မြို့နယ် ၅ ခုမှာ မိုဘိုင်းဖုန်း အလုံး ၆၀၀၀ ချပေး။ ၀မ်းရောဂါ ကို ၂၄ နာရီ စောင့်ကြည့်ပါဟု ဒေါက်တာမြင့်ဦး ပြော။

နာဂစ်တွင် စက်လှေတစီးတည်းဖြင့် လူပေါင်း ၄၀၀ ကယ်ဆယ်ခဲ့သူ ဦးအောင်မင်းနှင့် တွေ့ဆုံခြင်း။ နာဂစ်အကူပေး ကျန်းမာရေးအဖွဲ့များ ရပ်ဆိုင်းသွားသော်လည်း အခြား အင်ဂျီအိုများ နှစ်ကုန်အထိ ဆက်ရှိဦးမည်။ ဒေါ်ကျင်လေပုပ်ထုတ်ဆေး ရပ်ဆိုင်းထားဟု ဆို။

ကံ့ကော် တထောင် ရုပ်ပွားတော် ၅၀ ကျော် နှင့် သာသနဗိမာန်ပြုပြင်ရန် အလှူရှင်လိုအပ်နေသည်။ မန္တလေးစည်ပင် လဘက် ကျပ် သိန်း ၂၀ ဖိုး မီးရှို့ဖျက်ဆီးလိုက်ပြီ။

လယ်စာရင်းငှား အလုပ်သမားကို လယ်ရှင်က မုန်တိုင်းဒဏ်က အကာအကွယ်ပေးပြောင်းရွှေ့ပေးရမည်ဟု စာချုပ်တွင်ထည့်ချုပ်ပြီ။

ဟောဒီမှာ ဖတ်ပါ့ -


KNU ဝေါ်လေခီးစခန်း သိမ်းပိုက်ခံရ
ကရင်သတင်းစဉ်
ဧပြီ ၂၉၊ ၂၀၀၉
KNU စခန်းတခု (photo: Moemaka)

ကရင်အမျိုးသား အစည်းအရုံး (KNU)၏ ဝေါ်လေခီးတပ်စခန်းကို ယနေ့ မနက်ပိုင်းတွင် ဒီကေဘီအေနှင့် နအဖတပ်များက သိမ်းပိုက်လိုက်သည်ဟု ၎င်းတပ်ရင်း၏ တပ်ခွဲမှူးတဦးက ပြောသည်။

အျပည့္အစုံသိုႛ ...

နာဂစ်အလွန် တနှစ်ခရီး မပြီးဆုံးသေးတဲ့ ဒုက္ခသည်ဘ၀များ

ဝင်းမြတ်

ဧပြီ ၂၉၊ ၂၀၀၉

တည်ဆောက်ဆဲ ကျေးရွာလမ်းမြင်ကွင်း

အျပည့္အစုံသိုႛ ...

မှင်ရည်၊ စာလုံးဆေးစက် … အယ်ဒီတာစားပွဲနှင့် အောင်ဆန်း၏ ထိန်လင်း

News image

လွတ်လပ်ရေးရတဲ့ အချိန်အထိတော့ ကျုပ် နိုင်ငံရေး လုပ်ရအုံးမှာပဲ။ လွတ်လပ်ရေးရပြီးလို့ ပါတီတိုက်ပွဲတွေ ဖြစ်တဲ့အချိန်မှာ ကျုပ်က မပါချင်ဘူး။ ဘေးဖယ်နေမယ်။ သူများတွေလုပ်တာ ထိုင်ကြည့်ပြီး စာရေးမယ် ...


ကုမ် ရာသီ၊ နီလာ ညခင်းအလွန် ... နေ့စွဲများ

ဟိုမှာ… NDF ရုံး …။ ဟိုမှာ… မိုင်တင်မောင်တို့၏ ပလောင်ရုံး …။ ဟိုမှာ… PLF …။...

နာဂစ်သင့်ဒေသ ကျောင်းများ ဆောက်လုပ်ရေး သဘောကွဲလွဲ

ဆိုင်ကလုံး နာဂစ်ဒဏ်သင့် ဒေသများတွင် စာသင်ကျောင်းများ ပြန်လည် တည်ဆောက်ခွင့် ပြုရေးအပေါ် ဆောက်လုပ်ရေး ကုမ္ပဏီများနှင့် အမှတ် ၁...

ရှမ်းစော်ဘွားများ အာဏာစွန့်ပြီး နှစ်ပေါင်း ၄ဝ အကြာ

(အင်တာဗျူး) ပြည်ထောင်စုရဲ့ ပထမဆုံး သမ္မတ ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက် ဆိုရင် တကယ် စစ်မှန် သန့်စင်တဲ့ ဖက်ဒရယ်...

One Year After Nargis

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် စုံညီ အစည်းအဝေး ဆုံးဖြတ်ချက်များ

စုံညီ အစည်းအဝေးတွင် စည်းရုံးရေးဆိုင်ရာ စာတမ်းကို ဦးဆောင် ရေးဆွဲ တင်သွင်းသူ ဗဟို အလုပ်အမှုဆောင် အဖွဲ့၏ အတိုင်ပင်ခံ...

တွံတေးတွင် ဝက်များ အစုလိုက် သေဆုံးနေ

ရန်ကုန်တိုင်း တွံတေးမြို့နယ်တွင် ထူးကဲစွာ ဝက်သေဆုံးမှုများ ဖြစ်ပေါ်နေရာ ဝက်တုပ်ကွေးရောဂါ စိုးရိမ်မှုကို မီးထိုးပေးလိုက်သည်။ တပိုင်တနိုင် ဝက်မွေးမြူးရေး လုပ်ငန်းများ...

more


more


more


more


more


more

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်းနဲႛပြည်နယ် စုံညီအစည်းအဝေး

2009-04-28