10.15.2008

မဆုံးသေးသည့်နောက်ဆုံးအိမ်မက်(၂)(ရွက်စိမ်း)

အိမ်မက်ဆိုတာကိုယ်လိုသလိုထိမ်းချုပ်လို့မရတဲ့အထဲမှာပါသည်ဟုထင်သည်။
ကျွန်တော်ဒီအိမ်မက်ကိုအဆုံးသတ်ချင်သည်။သို့သော်ကျွန်တော်မပိုင်စိုးနိုင်။
ဖြစ်စေချင်သည့်(သို့)မက်စေချင်သည့်ကောင်းခန်းလေးကိုကွက်၍မက်စေချင်
ပါသည်။ကျွန်တော်စေခိုင်း၍မရ။

နောက်ဆုံးအိမ်မက်သီချင်းတွင်ကိုနေဝင်းကအဆုံးသတ်တွင်အသဲမှာဒါနောက်
ဆုံးဟုအဆုံးသတ်ခဲ့သည်။မှန်ပါသည်။ခါးသီးရလွန်းသည်။တခါတရံနာကျည်းရ
လွန်းသည်။လောင်မြိုက်လွန်းပါသည်။၈၈သည်တလောကပင်နှစ်နှစ်ဆယ်ပြည့်ခဲ့
သည်။မနေ့တနေ့ကလိုပင်။ဒီအိမ်မက်သည်နောက်ဆုံးဖြစ်ချင်သည်။အဟောင်း
တွေအသစ်မဖြစ်ချင်။တတ်နိုင်လျှင်အတိတ်ဆီပြန်မသွားချင်။သို့သော်အိမ်မက်
ကကျွန်တော့်ကိုအတိတ်ဆီပြန်ပို့သည်။

မနေ့ကလူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအနှစ်နှစ်ဆယ်ပြည့်ခဲ့ပြီ။အသက်
နှစ်ဆယ်ပြည့်ပါတီသည်မွေးနေ့ပွဲကျင်းပခဲ့သည်။မြန်မာ့ယဉ်ကျေးမှုထုံးတမ်း
စဉ်လာအရဆိုလျှင်မွေးနေ့ရှင်သတို့သားသည်မွေးမိဘတို့ကိုကန်တော့ရမည်။
သက်ဆိုင်ရာဘကြီးဒေါ်ကြီး၊ဦးလေးဒေါ်လေး၊အကိုကြီးအမကြီးများကိုဂါရဝပြုရ
မည်။သို့မှသာဂါရဝေါစ၊နိဝါတောစအစချီသည့်မင်္ဂလာတရားတော်နှင့်ညီလိမ့်
့်မည်။မိဘများမရှိခဲ့တော့လျှင်(သို့)အဝေးရောက်နေခဲ့လျှင်တောင်ရည်မှန်း၍
တော့ကန်တော့ရပေလိမ့်မည်။

လူ့ဘောင်သစ်ပါတီသမိုင်းကိုပြောလျှင်ကိုမိုးသီးဇွန်၊ကိုသက်ထွန်း၊ကိုမိုးဟိန်း၊
ကိုရဲနိုင်အောင်၊ကိုဂျင်မီ၊ကိုယဉ်ထွေး၊ကိုတင်ထွန်းလှိုင်(ယခုအခါအကျဉ်းထောင်
ထဲတွင်နှိပ်စက်ခံခဲ့ရမှုကြောင့်ကျမ်းမာရေးယိုယွင်းနေ)တို့ကိုချန်ခဲ့၍ဘယ်တော့မှ
မရပါဟုကျွန်တော်ဆိုပါမည်။ထိုသူတို့သည်ပါတီ၏အမိအဘများဖြစ်ခဲ့ဘူးသည်။ထို
ထဲမှတဦးတယောက်သည်ဖေါက်ပြန်သွားခဲ့လျှင်သို့ရန်သူနှင့်ပူးပေါင်းသွားခဲ့
လျှင်သော်မှသူတို့၏သမိုင်းသာဖြစ်ပြီးသူတို့ကိုတော့ချန်လှပ်ထားခဲ့လို့မရပါဟု
လူ့ဘောင်သစ်ပါတီစတင်တည်ထောင်ခဲ့သည့်အချိန်ကစပြီးပါတီ၏မြီု့နယ်ဥက္ကဌ
အဖြစ်စတင်ပါဝင်ခဲ့သူတဦးအနေဖြင့်ကျွန်တော်ပြောချင်ပါသည်။

ကျေးဇူးတင်စကားတရပ်ကိုမဖြစ်မနေကျွန်တော်ပြောရပါမည်။ပါတီသည်ယခု
အချိန်တိုင်မပျောက်မပျက်မဖေါက်မပြန်မယိုင်မလဲပဲတော်လှန်သောတိုက်ပွဲ
ဝင်သောပါတီတရပ်ဖြစ်နေဆဲအတွက်လက်ရှိပါတီ၏အမိအဘများကို
ိုကျွန်တော်တို့ကျေးဇူးစကားဆိုရပေမည်။ရေးရင်းပင်အတွေးပုံရိပ်တို့
ကအတိတ်ဆီပြန်သွားလေသည်။

စိတ်အာရုံမှာစွဲထင်နေသောပုံရိပ်တို့ကအသားမှာရေးထိုးထားသောဆေး
မှင်ကြောင်ကဲ့သို့ဘယ်တော့မှဖျောက်ဖျက်ရလိမ့်မည်မဟုတ်။ကျွန်တော်က
၁၉၈၈ပစ်ခတ်မှုကာလအပြီးတွင်ရကသ(ရန်ကုန်တက္ကသိုလ်ကျောင်းသား
သမဂ္ဂ၏မြို့နယ်တာဝန်ခံတဦးဖြစ်လာခဲ့သည်။

ကျွန်တော့်မှာနိုင်ငံရေးအသိုင်းအဝန်းမရှိ။မျိုးရိုးလဲမရှိ။မခံချင်စိတ်၊ကျောင်းသား
ထိရင်ကျောင်းသားတွေမခံဘူးဆိုသည့်အသိစိတ်ဖြင့်ကျွန်တော်၈၈မှာပါဝင်
ပါတ်သက်ခဲ့သည်။ဒုတိယနှစ်တက္ကသိုလ်ကျောင်းသားမို့ရကသအဖွဲ့ဝင်ဖြစ်
လာခဲ့သည်။ခေါင်းဆောင်များ၏တာဝန်ပေးအပ်ချက်ကြောင့်ကိုယ့်မြို့နယ်မှာ
တာဝန်ခံပြန်လုပ်ခဲ့ရသည်။

၁၉၈၈စက်တင်ဘာ၁၈စစ်အာဏာသိမ်းသည့်အချိန်မှာရန်ကုန်တက္ကသိုလ်ပင်မ
ထဲမှမထွက်ဟုဆုံးဖြတ်ထားသောကျွန်တော်တို့ကိုလှည်းတန်းရွာထဲရှိပြည်သူ
များကအတင်းလာရောက်ဆွဲထုတ်ခဲ့သည်။ထိုပြည်သူတို့၏စေတနာမေတ္တာ
တို့ကိုတသက်မေ့ရလေမည်မဟုတ်။မှတ်မိနေသဖြင့်ပြောရပေဦးမည်။ထို
လှည်းတန်းရွာထဲတွင်ကျွန်တော်တို့တည်းရသောအိမ်သည်
ခပ်သေးသေး။လွယ်လွယ်ပြောလျှင်ခပ်စုတ်စုတ်။ကံအားလျှော်စွာ
ဘာအဆင်ပြေလေသည်မသိ။သူတို့အိမ်တွင်ထိုနေ့ကကြက်သား
ဟင်းချက်သည်။ကျွန်တော်တို့သည်သူတို့အိမ်တွင်ထမင်းစားခွင့်မရှိ။
ရပ်ကွက်မှစု၍ဝေပုံကျဝေပေးသောထမင်းထုပ်ကိုစားရမည်။

ထိုအိမ်မှထမင်းထုပ်၃ထုပ်ပေးရန်တာဝန်ကျသည်။ထိုအိမ်ရှင်အမျိုးသားသည်
တနေရာမှဖက်များကိုစုလာသည်။နောက်ကြက်သားဟင်းအိုးကိုဘေးသို့
ယူလာသည်။ဖက်၃ခုထဲတွင်ထမင်းပုံထည့်သည်။နောက်ထိုထမင်းထုတ်၃ထုတ်
ထဲတွင်ကြက်သားဟင်းကိုထည့်သည်။

၁၀သား၁၅ကျပ်သားခန့်သာချက်လေဟန်တူသောထိုဟင်းကမများလှ။
ဟင်းအိုးထဲတွင်ကြက်သားဟင်းနှစ်ဖတ်ကျန်နေသည်။အိမ်ရှင်သည်ထိုဟင်း
နှစ်ဖတ်ကိုကြည့်လိုက်သူ့ကလေး၃ယောက်ကိုကြည့်လိုက်၊ဟင်းထည့်ထား
သောထမင်းထုတ်၃ထုတ်ကိုကြည့်လိုက်လုပ်နေသည်။ထို့နောက်မည်ကဲ့သို့
စိတ်ကူးလေသည်မသိလက်ကျန်ဟင်းနှစ်ဖတ်ကိုအတန်ငယ်ဟင်းနည်းနေ
သောထမင်းနှစ်ထုပ်အထဲသို့မျှထည့်လိုက်သည်။ထို့နောက်သူ၏ကလေး
၃ယောက်ကိုအနီးသို့ခေါ်၍တစုံတရာကိုတတွတ်တွတ်ပြောပြနေသည်။

ဖခင်တယောက်သည်ထိုသို့ပြောရသောအဖြစ်ကိုခါးသီးပါလိမ့်မည်။
သို့ရာတွင်ထိုသူမငိုပါ။မျက်နှာမပျက်ပါ။ထိုအိမ်တွင်နေရသောကျွန်တော်
တို့အဖွဲ့တွင်မွတ်ဆလင်ဘာသာဝင်ရဲဘော်နှစ်ဦးအပါအဝင်ငါးယောက်ရှိပါ
သည်။အလွမ်းကားမဟုတ်သော်လည်း၊ကျွန်တ်ာတို့ရှေ့တွင်လက်တွေ့
သရုပ်ဆောင်သူများမှာ(ကလေးများအပါအဝင်)ဘယ်သူမှမငိုသော်လည်း
ကျွန်တော်တို့၅ယောက်မျက်ရည်ကျိတ်ကျရပါသည်။

ကံအားလျှော်စွာထိုနေ့ညကထမင်းထုတ်၅ထုပ်ရသည့်အထဲတွင်ဘဲဥပြုတ်
တစ်လုံးစီပါထမင်းနှစ်ထုပ်၊ပဲပြုတ်ကြော်နှင့်ထမင်းတစ်ထုပ်၊ဝက်သားဟင်း
နှင့်ထမင်းနှစ်ထုပ်ပါဝင်ပါသည်။ထို့ကြောင့်ကျွန်တော်တို့သည်အိမ်ရှင်
အမျိုးသားကိုကျွန်တော်တို့သည်မွတ်ဆလင်ရဲဘော်များပါသည့်အတွက်
ဝက်သားကိုမစားလိုသဖြင့်အိမ်တွင်ရှိသည့်ဟင်းဖြင့်ကျွန်တော်တို့အားလဲပေး
ပါရန်မေတ္တာရပ်ခံခဲ့ပါသည်။

ထို့နေ့ညကစားခဲ့ရသောဘဲဥပြုတ်နှစ်လုံး၊ပဲပြုတ်ကျော်၊ငပိရည်နှင့်ကန်စွန်း
ရွက်ပြုတ်တို့စရာတို့သည်ကျွန်တော်တို့၅ယောက်ကိုအလွန်ထမင်းမြိန်စေ
ခဲ့ပါသည်။တကယ်ကျွန်တော်တို့ကိုထမင်းမြိန်စေသောအရာသည်ဝက်သား
ဟင်းကိုအားရပါးရစားနေသည့်ကလေး၃ယောက်နှင့်ပီတိဖြစ်နေသောအိမ်ရှင်
အမျိုးသားတို့ဖြစ်သည်ဟုကျွန်တော်ထပ်ပြောရန်လိုမည်မထင်ပါ။

ထိုခံစားမှုမျိုးခံစားခဲ့ရသည်မှာကျွန်တော်တို့တဖွဲ့တည်းမဟုတ်ပဲထိုညက
လှည်းတန်းရွာထဲတွင်အိပ်ခဲ့ကြသည့်ထောင်ဂဏန်းနီးပါးသောရကသအဖွဲ့
ဝင်များလည်းခံစားခဲ့ကြရဘူးပါသည်။ပြည်သူလူထုများသည်သူတို့၏ရင်နှစ်
သည်းချာများဖြစ်သော၊သူတို့၏အခွင့်အရေးအတွက်တိုက်ပွဲဝင်နေကြသော
ကျောင်းသားလူငယ်များကိုသူတို့၏သွေးသားများကဲ့သို့ပင်ချစ်ခင်ယုံကြည်
ကြောင်းနှင့်အားကိုးအလေးအနက်ထားခဲ့ကြောင်းကိုလက်ရှိဆက်လက်တိုက်ပွဲ
ဝင်နေကြသောတိုက်ပွဲဝင်ကျောင်းသားရဲဘော်များသိကြစေချင်ပါသည်။

ကျွန်တော်တို့သည်ထိုလှည်းတန်းရွာထဲတွင်မျော်လင့်ချက်တခုဖြင့်အိပ်ခဲ့ခြင်း
ဖြစ်ပါသည်။တညလုံးကျွန်တော်အိပ်မရခဲ့ပါ။ခေါင်းဆောင်ငယ်တဦးအနေဖြင့်
ကျွန်တော်တို့အဖွဲ့ထဲတွင်ကျွန်တော်တယောက်တည်းသာသိခွင့်ရှိခဲ့သောည
အချိန်တွင်လာခေါ်မည်ဆိုသောစက်လှေသို့အကြိုတော်အခုခုကိုကျွန်တော်
အပါအဝင်ခေါင်းဆောင်တချို့မျှော်နေကြရပါသည်။

ညကသာတဖြည်းဖြည်းရင့်လာခဲ့သည်မျှော်လင့်သောအရာများကဖြစ်မလာခဲ့ပါ။
လှည်းတန်းလမ်းမပေါ်မှကြိုကြားကြိုကြားကြားနေခဲ့ရသောသေနတ်သံအချို့
သည်အာရုဏ်မလာခင်ပြင်းထန်သောပေါက်ကွဲသံအချို့အောက်တွင်ပျောက်
ကွယ်သွားခဲ့ပါသည်။

နောက်တနေ့၏ထွက်ပေါ်လာသောရောင်နီနှင့်အတူကျွန်တော်တို့၏ဘဝများ
သည်လည်းအပြောင်းအလဲအမျိုးမျိုးဖြစ်ပေါ်လာပေဦးတော့မည်။

ဆက်လက်ဖေါ်ပြပါမည်။
ရွက်စိမ်း

၈၈မျိုးဆက်ကျောင်းသား မိသားစုဝင်များ၏ တရားခွင် ၀င်ရောက်ကြားနာကြည့်ရှုခွင့် လျှောက်ထားစာ


Financial Crisis Could Hit Burma’s Textile Industry



A girl stitches pants for a Taiwanese company in a garment factory in Hlaing Tharyar, western Rangoon. (Photo: AFP)


Financial Crisis Could Hit Burma’s Textile Industry


By THE ASSOCIATED PRESS Wednesday, October 15, 2008

RANGOON — Burma's vital garment industry could suffer factory closures and layoffs because orders are sharply down because of the continuing global financial crisis, according to an industry executive.


"Since the financial crisis, orders for new consignments have reduced and we will see serious impact by the middle of December," Myint Soe, the chairman of the Myanmar Garment Manufacturers Association, told reporters on Monday.

The success of the country's clothing trade is largely tied to global demand, so the fall in orders could lead to workers being dismissed and the closure of some production facilities, Myint Soe said.

Burma's textile industry experienced a downturn after the United States imposed economic sanctions in 2003, but rebounded two years later when the European Union imposed limits on imports from China, Myint Soe said. Those restrictions led to increased European textiles orders for Southeast Asian nations, including Burma, he said.

About 30 percent of Burma's garment exports go to Japan, another 30 percent to the EU and the rest to Latin America, Turkey, South Africa, Mexico and Argentina, Myint Soe said.

Myint Soe said the industry suffered a setback early this year when South Africa's biggest clothing retailer canceled orders, citing a military crackdown on massive anti-government protests in September last year.

That ban led to the closure of about 35 factories in Burma, he said. About 100 garment factories remain, employing 80,000 to 100,000 workers, compared to more than 270 factories before 2003, he said.

According to official statistics, Burma earned US $282 million from garment exports in the 2007-2008 fiscal year.

၂၀၁၀ ရွေးကောက်ပွဲကို ထောက်ခံနေခြင်းမဟုတ်ဟု UN ငြင်းဆို

၂၀၁၀ ရွေးကောက်ပွဲကို ကုလသမဂ္ဂက သွယ်ဝိုက် ထောက်ခံနေသည်ဆိုသည့် စွပ်စွဲချက် မဟုတ်မမှန်ကြောင်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ အီဘရာဟင် ဂမ်ဘာရီက ယမန်နေ့ လန်ဒန်မြို့ထုတ် ဂါးဒီးယန်း သတင်းစာ အယ်ဒီတာ့ထံပေးစာ၌ ငြင်းဆိုလိုက်သည်။

ပြီးခဲ့သည့်လ (၂၆) ရက်ထုတ် ဂါးဒီးယန်း သတင်းစာပါ Fearless, and not forgotten အမည်ရှိ ဆောင်းပါး၌ ဆောင်းပါးရှင် ကိတ်အာလန်က မစ္စတာဂမ်ဘာရီ၏ မြန်မာနိုင်ငံခရီးစဉ်အပေါ် ပြစ်တင်ဝေဖန် ရေးသားခဲ့သည့်အပေါ် မစ္စတာဂမ်ဘာရီက ယခုကဲ့သို့ ပြန်လည်တုံ့ပြန်ချေပလိုက်ခြင်းဖြစ်သည်။

ကုလသမဂ္ဂနှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံအကြံပေးအဖြစ် ၎င်း၏ အားထုတ်မှုများကို ဆောင်း ပါးရှင်က တလွဲပုံဖော်တင်ပြနေကြောင်း၊ မြန်မာနိုင်ငံ၏ ၂၀၁၀ ရွေးကောက်ပွဲနှင့် အတည်ပြုထားပြီးဖြစ်သော ချို့ ယွင်းအားနည်းချက် အလွန်များသည့် အခြေခံဥပဒေကို ကုလသမဂ္ဂအထူး အကြံပေးပုဂ္ဂိုလ်က သွယ်ဝိုက် ထောက်ခံနေသည်ဟု ဆောင်းပါရှင် ကိတ်အာလန်၏ ရေးသားချက် မှန်ကန်မှု မရှိကြောင်း မစ္စတာ ဂမ်ဘာရီက ပေးစာတွင် ဖော်ပြထားသည်။

မစ္စတာဂမ်ဘာရီနှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်တို့သည် မြန်မာနိုင်ငံ၏ မည်သည့် နိုင်ငံရေးလုပ်ငန်းစဉ်၌ မဆို အများယုံကြည် လက်ခံရမည်၊ အားလုံးပါဝင်ရမည်၊ ပွင့်လင်းမြင်သာမှုရှိရမည် ဆိုသည့်မူကို အမြဲတမ်းခိုင်ခိုင်မာမာ ပြောဆိုကြောင်းနှင့် မြန်မာအစိုးရကို ထိုသို့လုပ်ဆောင်ရန် အကြံပေးမှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့သော်လည်း ယခုအထိ ဆောင်ရွက်ခြင်းမရှိသေးကြောင်း ပေးစာတွင် ဆက်လက် ဖော်ပြထားသည်။

အတွင်းရေးမှူးချုပ်ရုံး၏ အခန်းကဏ္ဍသည် အခြေခံဥပဒေနှင့် ရွေးကောက်ပွဲတို့မှတဆင့် အပြန်အလှန်နားလည် မှုရှိပြီး တွေ့ဆုံဆွေးနွေးလာစေရန် သက်ဆိုင်သူအားလုံးနှင့် ညှိနှိုင်းပေးရန်ဖြစ်ကြောင်း၊ ကုလသမဂ္ဂ အထွေထွေ ညီလာခံဆုံးဖြတ်ချက်အရ အတွင်းရေးမှူးချုပ်က မြန်မာကို ကျွမ်းကျင်မှု အကူအညီပေးရန် ကမ်းလှမ်းထား ကြောင်း၊ မည်သည့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံမဆို ရွေးကောက်ပွဲနှင့်စပ်လျဉ်းသည့် နည်းစနစ် အကူအညီ တောင်း ခွင့်ရှိကြောင်း၊ တွေ့ဆုံဆွေးနွေးမှုဖြစ်ပေါ်လာရေး ဆွဲဆောင်ရန် အခြေအနေနှင့် လိုအပ်ချက်တို့ အပေါ်လိုက်၍ ကုလသမဂ္ဂက ပံ့ပိုးနိုင်ကြောင်းလည်း မစ္စတာဂမ်ဘာရီက ဆက်လက်ရေးထားသည်။

ထို့အပြင် အထွေထွေညီလာခံက ပေးထားသည့် လုပ်ပိုင်ခွင့်အရ နိုင်ငံတကာအသိုင်းအ၀န်း၏ပံ့ပိုးမှုဖြင့် အတွင်း ရေးမှူးချုပ်နှင့် ၎င်းတို့အနေဖြင့် အားလုံးပါဝင်သည့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့် အရေးများ လေးစားလိုက်နာလာစေရေးအတွက် မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအားလုံးနှင့်အတူ တတ်အားသရွေ့ ဆက်လက်ကြိုးပမ်းမည်ဟုလည်း ၎င်း၏ ပေးစာတွင် ရေးသားထားသည်။

မစ္စတာဂမ်ဘာရီသည် ပြီးခဲ့သည့် သြဂုတ်လက မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ပြီး ထိုခရီးစဉ်အတွင်း ၂၀၁၀ ရွေး ကောက်ပွဲ၌ ကုလသမဂ္ဂက ကျွမ်းကျင်မှု နည်းပညာအကူအညီပေးရေးကမ်းလှမ်းချက် အပါအ၀င် အချက် (၅) ချက်ကို မြန်မာစစ်အစိုးရထံ တင်ပြ တောင်းဆိုခဲ့သည်။

မိုးမခသတင်းလွှာ

အပြေးအလွှားသတင်းများ

ဖိုးဂျံ

အောက်တိုဘာ ၁၄၊ ၂၀၀၈

သတင်းကို အပြေးအလွှားပဲ တင်လိုက်ပါတယ်။ အချိန်မရဘူး။ “အပြေးအလွှားလေး လုပ်လိုက်အုံးမယ်” ဆိုတာ ၈၈ နောက်ပိုင်း ၉၀ ရွေးကောက်ပွဲမတိုင်ခင်က ထောက်လှမ်းရေးတွေ သုံးတဲ့စကားပါ။ ကျောင်းဆင်းချိန်တွေမှာ ထောက်လှမ်းရေးတွေက ကလေးတွေနဲ့ ရောပြီး သတင်းလိုက်တာ၊ လူစောင့်ဖမ်းတာ လုပ်လေ့ရှိပါတယ်။ သူတို့က အဲဒီအချိန်ကို အပြေးအလွှားအချိန်လေးလို့ သုံးတယ်။ သတိရမိတာ ပြောတာပါ။

သတင်းခေါင်းစဉ်တွေက ဒီလိုပါ -

သခင်မြပန်းခြံက အစိုးရရုံးများကို စစ်တပ်က ဖယ်ခိုင်း

ကားသမားများက ဂက်စ်အိုးက ပေါက်ကွဲမှုမဖြစ်နိုင်ဟု ငြင်းကြ

ရန်ကုန်မှာ ပေါ်တာဆွဲနေပြန်ပြီ တဲ့

တပ်မတော် စစ်ကြောရေးစခန်းများ ညှင်းပန်းနှိပ်စက်သည့် ငရဲခန်းများ အဖြစ် စံချိန်တင်ဆဲ

မယ်လမင်းပါသည့် တရုတ်နို့မှုန့် မြန်မာလူဆင်းရဲတို့ “ပီး” သည်ဟု ဆို

သခင်မြပန်းခြံက အစိုးရရုံးများကို စစ်တပ်က ဖယ်ခိုင်း

ရန်ကုန်က သခင်မြပန်းခြံကို စစ်တပ်က ၀ယ်လိုက်ပါတယ်တဲ့။ ပြီးတော့ အဲဒီက အစိုးရရုံးတွေက ခြက်ခြင်း ပြောင်းခိုင်းလို့ သူတို့တွေ ပန်းဆိုးတန်းကို ရွှေ့နေကြပါတယ်တဲ့။ သခင်မြပန်းခြံက စည်ပင်သာယာမြို့တော်အပိုင်ပါ။ ခုတော့ စစ်တပ်က သိမ်းလိုက်တယ်တဲ့။ ကွန်ဖန်းကတော့ သူများတွေ လုပ်ပါလိမ့်မယ်။

ကားသမားများက ဂက်စ်အိုးက ပေါက်ကွဲမှုမဖြစ်နိုင်ဟု ငြင်းကြ

ဘတ်စကား ပေါက်ကွဲမှုဖြစ်ပွားပြီး နောက်ပိုင်း အစိုးရက အကြမ်းဖက်သူများဖောက်တဲ့ ဗုံးလို့ ပြောပါတယ်။ တချို့ကတော့ စီအင်ဂျီဂက်စ်အိုး စနစ်အားနည်းလို့ ဂက်စ်အိုးပေါက်တာလို့ ပြောကြပါတယ်။ ကားသမားများကတော့ ပြာပြာသလဲ ငြင်းကြပါတယ်။ သူတို့ အသက်အပ်ပြီး မောင်းနေတဲ့ကားတွေမှာ ဂက်စ်ပေါက်အောင်အထိ သူတို့ မပေါ့ရဲကြောင်း ပြောပါတယ်။ တက္ကစီသမားတွေကလည်း ခရီးသည်တွေ ဆင်းတိုင်း “ထ သွား ပြန်ကြည့် ကျန်ရှိပစ္စည်း တာဝန်မယူ” ဆိုတာက ခရီးသည်မဟုတ်ဘဲ ကားမောင်းသူ ဖြစ်နေပါတယ်တဲ့။

ရန်ကုန်မှာ ပေါ်တာဆွဲနေပြန်ပြီ တဲ့

ကရင်ပြည်နယ်မှာ ကရင်အမျိုးသားအစည်းအရုံး လက်နက်ကိုင် တပ်များနဲ့ စစ်တပ်တို့ တိုက်ပွဲပြင်းထန်နေတဲ့ လက္ခဏာအဖြစ် ညဥ့်နက်ပိုင်း တချို့ရပ်ကွက်တွေမှာ ရှေ့တန်းလုပ်အားပေးတွေ ဆွဲနေပါတယ်တဲ့။ ပေါ်တာပဲ ဆွဲတာလား၊ ပြန်ပေးပဲ ဆွဲတာလားကတော့ “လိုက်” အားပေါ် မူတည်ကြောင်း သားချင်းများက မျက်ရည်လည်ရွှဲနဲ့ ပြောနေပါတယ်။ လူ ၃၀ ဆွဲသွားတယ်လို့ အသိတဦးက ပြောပါတယ်။

တပ်မတော် စစ်ကြောရေးစခန်းများ ညှင်းပန်းနှိပ်စက်သည့် ငရဲခန်းများ အဖြစ် စံချိန်တင်ဆဲ

လူ့အခွင့်အရေး အတွက် လှုပ်ရှားသူ ဦးမြင့်အေးကို စစ်အစိုးရ လက်ပါးစေတွေက လူပုံအလယ်မှာ အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ကြပြီး သြဂုတ် ၈ မှာ ဖမ်းဆီးလိုက်ပါတယ်။ သူရဲ့ မိတ်ဆွေ လုပ်ဖော်ကိုင်ဖက် လူငယ်တွေကိုပါ ဖမ်းဆီးခဲ့ရာမှာ သူတို့တွေကို စစ်ကြောရေးစခန်းမှာ ရက်ရက်စက်စက် နှိပ်စက်ပြီး မတရားစစ်ချက် ရယူခဲ့တယ်လို့ သိရပါတယ်။ ပြီးတော့ သတင်းစာရှင်းလင်းပွဲမှာ သူတို့တွေကို အကြမ်းဖက်ဖောက်ခွဲရေးသမားတွေလို့ စွပ်စွဲခဲ့ပါတယ်။

သူတို့တွေကို နှိပ်စက်တဲ့နေရာမှာ ဒဏ်ရာ မပေါ်အောင် ကိုယ်တွင်း ဒဏ်ရာတွေ ရအောင် နှိပ်စက်ခဲ့တယ်။ ပြီးတော့ အနှိပ်စက်ခံထားရတဲ့ လူငယ်တွေကို ဦးမြင့်အေးရှေ့ကို ခေါ်ထုတ်ပြပြီး အကြိမ်ကြိမ် အကြပ်ကိုင်ခဲ့တယ်လို့ သိရပါတယ်။

စစ်အာဏာရှင်တွေက သူတို့လက်ပါးစေတွေကို အတိုက်အခံအင်အားစုနဲ့ ရန်တိုက်ပေးတဲ့နေရာမှာ အရင်က ကွန်မြူနစ်တစ္ဆေကို ထုတ်သုံးပါတယ်။ အခုတော့ အကြမ်းဖက်ဖောက်ခွဲရေးသမား တံဆိပ်ကပ်ပါတယ်။ နိုင်ငံရေးသမားတယောက်ကို ရိုက်သတ်ပစ်တာထက် အကြမ်းဖက်ဖောက်ခွဲရေးသမားတယောက်လို့ စွပ်စွဲပြီး နှိပ်စက် ညှင်းပမ်းဖို့ သွေးထိုးထားပုံရပါတယ်။ ၂၀၀၇ သံဃာအရေးအခင်းတုန်းကလည်း သံဃာ အတုတွေကို ရိုက်တာ သတ်တာဟာ တရားတယ်။ သာသနာကို ကာကွယ်တာ၊ သန့်ရှင်းအောင်လုပ်တာ ဖြစ်တယ်လို့ သူတို့က သူတို့လက်ပါးစေတွေကို မှိုင်းတိုက်ခဲ့ဖူးတာပါပဲ။

မယ်လမင်းပါသည့် တရုတ်နို့မှုန့် မြန်မာလူဆင်းရဲတို့ “ပီး” သည်ဟု ဆို

အေးဗျာ။ သတင်းတော့ သတင်းပဲ။ မယ်လမင်းပါတဲ့ တရုတ်နို့မှုန့်ကို စစ်အစိုးရက ပိတ်လိုက်တယ်။ နို့မှုန့်လှောင်ထားတဲ့သူတွေက ဈေးကို မှောင်ခိုပြီး ချရောင်းတယ်။ သာမန်အချိန်မှာ နို့မှုန့် မတတ်နိုင်တဲ့ အခြေခံလူတန်းစားတချို့က အဲဒီ နို့မှုန့်ကို အားပေးကြတယ်လို့ ဆိုပါတယ်။ သူတို့က ပြောပါတယ်။ ဓားပီး ဒုတ်ပီး သေနတ်ပီးတယ်လို့ ဘယ်ဟုတ်ပါ့မလဲ … တဲ့။ ငါတို့ ခန္တာကိုယ်က မယ်လမင်းပါတဲ့ နို့မှုန့်လောက်ကတော့ “ပီး” ပါတယ် ဆိုပဲ။ အေးဗျာ …

checkFull("post-" + "5882772991182437742");
#fullpost {display:none;}


အစိမ်း အရင့် စစ်စစ်များသို့

ဇေမှိုင်း

အောက်တိုဘာ ၁၄၊ ၂၀၀၈

အသစ်, အသစ်တွေ အတွက်

မြေလောင်း ပေါင်းသင်တာတဲ့လား ည

ကာလ တခုလုံး

ဘာဂါနဲ့ တဝုန်းဝုန်း ပစ်ခတ်နေပြီးမှ

ဂရုဏ ဆိုတဲ့ စကား

ဟို ရွာပြင် စေတီလေးမှာ သွားဆုတောင်းပေတော့

နှမြှောလှစွာ တဲ့ ည

ရေထဲ ကြာနက်တာက အံ့သြလောက်ဖွယ် ...

ကဲ ...

သစ်ပင်စိမ်းတွေကို ကြည့်လိုက်

ရှက်စရာ ခိုစရာ

အဲဒါပ၊၊

(Photo - Auroral Colors and Spectra)

checkFull("post-" + "1302874994635645096");

#fullpost {display:none;}
ထိုင်းအစိုးရဆန့်ကျင်ရေးလှုပ်ရှားသူများကို ဘုရင့်နန်းတော်ထောက်ခံ
ဓာတ်ပုံသတင်း
အောက်တိုဘာ ၁၄
ယမန်နေ့က အရပ်သားဈာပနအခမ်းအနား တခုသို့ တက်ရောက်ခဲ့သော ထိုင်းဘုရင်၏ မိဖုရားကြီး သီရိခေတ် (Sirikit)၊ သမီးတော် ချူလာဘွန်(Chulabhorn)။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲအတွင်း သေဆုံးသွားသူတဦး၏ ဈာပန ဖြစ်သည်။
ဤကဲ့သို့ ဈာပနအခမ်းအနားသို့ သွားရောက်လိုက်ခြင်းသည်
အတိုက်အခံများ၏ ၅ လကြာပြီဖြစ်သော အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုကို ထိုင်းနိုင်ငံ တော်ဝင်မိသားစုက ထောက်ခံသည့်သဘော ဖြစ်သည်။


လှုပ်ရှားမှုတွင် ပါဝင်သူများက ၎င်းတို့သိမ်းပိုက်ထားသော အစိုးရရုံးကို သဲအိတ်များခင်းပြီး အကာအကွယ်များ တည်ဆောက်နေသည်။ တုတ်ရှည်များ ကိုင်ဆောင်ပြီး လုံခြုံရေး ယူထားကြသည်။

အစိုးရထောက်ခံသူများလည်း ရှိသည်။ အပေါ်ပုံတွင် တိုက်ခိုက်ရန် ဟန်ရေးပြနေသော အစိုးရဘက်တော်သားများကို တွေ့ရမည်။

လွန်ခဲ့သည့် ၂ ရက်က ပန်းခြံတခုတွင်ပြုလုပ်သည့် အစိုးရထောက်ခံပွဲသို့ တက်ရောက်လာသော ပရိသတ်။

ယနေ့သည် ထိုင်းနိုင်ငံ၏ အောက်တိုဘာ ၁၄ ကျောင်းသားလှုပ်ရှားမှု နှစ်ပတ်လည်နေ့ဖြစ်သည်။ ၃၅ နှစ်မြောက် နှစ်ပတ်လည်နေ့ ပြုလုပ်သည့် ဘန်ကောက်မြို့တနေရာတွင် ငိုကျွေးနေသော အမျိုးသမီးတဦးကို အပေါ်ပုံတွင် တွေ့နိုင်သည်။ ၁၉၇၃ ခုနှစ်က ဖြစ်ပွားခဲ့သော အဆိုပါလှုပ်ရှားမှုတွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် ၇၇ ဦး သေဆုံးခဲ့ပြီး ၈၀၀ ကျော် ဒဏ်ရာရခဲ့သည်။ (photos: AP and AFP)

မိခင်စိတ်ရှိသူ(သို့)ဒေါ်အောင်ဆန်းစုကြည် (သမိုင်းဖြစ်ရပ်မှန်)သက်ဦး(သုံးရောင်ချယ်)

သူတို့အတွေးသူတို့အမြင်ကဏ္ဍ

မိခင်စိတ်ရှိသူ(သို့)ဒေါ်အောင်ဆန်းစုကြည် (သမိုင်းဖြစ်ရပ်မှန်)

၁၉၈၈ ခုနှစ်အရေးတော်ပုံကာလအတွင်းဒေါ်အောင်ဆန်းစုကြည်၏နေအိမ်
တွင်ကျွန်တော်တို့သုံးရောင်ခြယ်အဖွဲ့ဒေါ်အောင်ဆန်းစုကြည်၏လုံခြုံရေး
နှင့်နိုင့်ငံရေးပါတွဲလုပ်ကိုင်စဉ်ကဖြစ်ပါတယ်။

၁၉၈၉-ခုနှစ်ဧပြီလမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာသင်္ကြန်သံချပ်ပြိုင်ပွဲ
ကျင်းပခဲ့ပါတယ်။သံချပ်ပြိုင်ပွဲကော်မတီဖွဲ့စည်းအပြီးအမြို့မြို့အနယ်နယ်မှ
သံချပ်ပြိုင်အဖွဲ့ဝင်တွေကိုလက်ခံပြီးသံချပ်ပြိုင်ပွဲကိုကျင်းပခဲ့ပါတယ်။သံချပ်
ပြိုင်ပွဲကျင်းပရေးကော်မတီကိုအဖွဲ့ဝင်(၁၀)ဦးနဲ့ဖွဲ့စည်းခဲ့ပါတယ်။ဦးသော်က
(ဗိုလ်မှုးသော်က၊ထောင်တွင်းကျဆုံး)ဦးမြင့်ဆွေ(တက္ကသိုလ်များစာကြည့်တိုက်
မှုး)စသူတို့ပါဝင်တာကိုပဲမှတ်မိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နှင့်ကျွန်တော်တို့ကျောင်းသားအဖွဲ့ကသင်္ကြန်နား
ကပ်မှဧရာဝတီတိုင်းစည်းရုံးရေးခရီးစဉ်မှပြန်လာပြီးဒေါ်အောင်ဆန်းစုကြည်
ဟာအနည်းငယ်နေမကောင်းဖြစ်ပါတယ်။အနည်းငယ်နေထိုင်မကောင်းတ
ဲ့ကြားထဲကပဲအကြိုနေ့ကသံချပ်ပြိုင်ပွဲဖွင့်ပွဲကိုကျင်းပပေးခဲ့ပါတယ်။နောက်ရက်
တွေမှာနဲနဲအနားယူပါတယ်။မှတ်မှတ်ရရပဲအင်္ကြန်အကြတ်နေ့မှာတော့
နေကောင်းသွားပြီးကျွန်တော်တို့ကျောင်းသားအဖွဲ့ကိုသူကိုယ်တိုင်လုပ်ထား
တဲ့ရွှေရင်အေး(မုန့်လက်ဆောင်း)ကိုကျွေးပါတယ်။မုန့်လက်ဆောင်းသောက်ရင်း
နဲ့ကျွန်တော်တို့နဲ့ဒေါ်အောင်ဆန်းစုကြည်စကားတွေပြောကြပါတယ်။

ဒီလိုစကားပြောနေရင်းဒေါ်အောင်ဆန်းစုကြည်ကရုတ်တရက် “အော် ၊ဒါနဲ့သံချပ်
တွေစီစစ်ရေး(ဆင်ဆာ)မလုပ်တော့တပ်မတော်အပေါ်ကိုတော်တော်များထိခိုက်
နစ်နာကုန်ပြီလားမသိဘူး”လို့ပြောတဲ့အခါမှာကျွန်တော့်မှာဒေါ်အောင်ဆန်း
စုကြည်ကိုကြည့်ပြီးမျက်ရည်ဝဲမိပါတယ်။

တပ်မတော်ဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး၊တပ်မတော်သားတွေရဲ့
လက်ပေါ်မှာကြီးပြင်းခဲ့ရတဲ့သူမရဲ့ဒီလိုစိတ်ထားမျိုးနဲ့ပြောတဲ့စကားကိုကြားရ
တော့ဒေါ်အောင်ဆန်းစုကြည်ရဲ့သဘောထားကြီးစိတ်၊ခွင့်လွတ်နိုင်စိတ်ကို
တွေ့ရတော့ကျွန်တော့်မှာမျက်ရည်မဝဲပဲမနေနိုင်ပါဘူး။

အဲဒီအချိန်တုန်းကကျွန်တော်တို့ကတော့လူငယ်စိတ်နဲ့အဲဒီ(၈၈) အရေးတော်
ပုံကာလအတွင်းစစ်တပ်ကပစ်တာ၊ခတ်တာတွေကိုကိုယ်တွေ့ကြုံရတော့ရင်ထဲ
မှာအစိုင်အခဲကြီးတွေရှိနေတာတော့အမှန်ပါပဲ။

အဲဒီအချိန်အတွင်းမှာလည်းသတင်းစာဆောင်းပါး၊ရေဒီယို၊ရုပ်မြင်သံကြားတို့က
နေပြီးတော့ဒေါ်အောင်ဆန်းစုကြည်ကိုအပုပ်ချသတင်းတွေ၊မကောင်းသတင်းတွေ
ကို န ဝ တကထုတ်လွင့်နေတဲ့အချိန်ဖြစ်ပါတယ်။

အဲဒါတွေကိုကျွန်တော်တို့ကကြားပြီးဒေါသထွက်ပေမယ့်ဒေါ်အောင်ဆန်းစုကြည်
ကတော့သူမရဲ့ဖခင်ကြီးတည်ထောင်ခဲ့တဲ့တပ်မတော်ကြီးကိုသံယောဇဉ်စိတ်နဲ့
နစ်နာသွားမှာကိုမလိုလားတာတွေ့ရတော့ဒေါ်အောင်ဆန်းစုကြည်ရဲ့သဘော
ထားကြီးမှု၊အမျှော်အမြင်ရှိမှု၊ခေါင်းဆောင်ပီသမှုတွေကိုအတုယူစရာဖြစ်ခဲ့ရပါ
တယ်။

မုန့်လက်ဆောင်းသောက်ပြီးတဲ့နောက်ဒေါ်အောင်ဆန်းစုကြည်ဟာအပေါ်ထပ်
ကိုတဒုန်းဒုန်းနဲ့ပြေးတက်သွားပြီးငွေဖလားကြီးတလုံးယူချလာပြီးကျွန်တော်တို့
အားလုံးကိုရေလောင်းပါတော့တယ်။အဲဒီလိုကျပြန်တော့လည်းသူမကိုကြည့်ရ
တာဆယ်ကျော်သက်အရွယ်လေးလိုပါပဲ။ကျွန်တော်တို့အားလုံးကလည်း
ဒေါ်အောင်ဆန်းစုကြည်ကိုရေပြန်လောင်းကြပါတယ်။ပျော်စရာကြီးပါပဲဗျာ။

ကဲ-နအဖ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှုးကြီးသန်းရွှေနဲ့အဖွဲ့ဝင်များခင်ဗျား၊

ဒီလိုသဘောထားကြီးပြီးရှေ့ရေးကိုအမျှော်အမြင်ရှိတဲ့ဒေါ်အောင်ဆန်းစ
ုကြည်လိုပြည်သူတင်မြှောက်တဲ့ခေါင်းဆောင်တယောက်မျိုးနဲ့တွေ့ဆုံမ
ဆွေးနွေးရင်၊ဘယ်လိုလူမျိုးနဲ့တွေ့ဆုံဆွေးနွေးမှာလဲ?
အိုစမာဘင်လာဒင်လိုလူမျိုးနဲ့ကျမှဆွေးနွေးမှာလား?
စဉ်းစားကြပါဗိုလ်ချုပ်ကြီးများခင်ဗျား-

နောက်တခုက (၁၃၀၀)ပြည့်ရေနံချောင်းသပိတ်မှောက်ဆန္ဒပြပွဲကြီးကိုသမိုင်း
ပညာရှင်များက(၁၃၀၀)ပြည့်အရေးတော်ပုံကြီးလို့သတ်မှတ်ရေးသားကြတာ
တွေ့ရပါတယ်။အခု(၈၈)ပြည်လုံးကျွတ်ဆန္ဒပြပွဲကြီးကို(၈၈)အရေးတော်ပုံကြီး
လို့အားလုံးကိုရေးသားခေါ်တွင်သုံးစွဲစေချင်တဲ့ဆန္ဒကျွန်တော့်မှာရှိပါတယ်။
(၈၈)အရေးအခင်းလို့မသုံးစေချင်ပါ။(၈၈)အရေးတော်ပုံဟာအဆမတန်ကြီး
ကျယ်တယ်လို့ကျွန်တော်ယူဆပါတယ်။
ကျွန်တော်မှားရင်ခွင့်လွတ်ပါ။

(သက်ဦး)
သုံးရောင်ခြယ်