2.11.2009

ရိုဟင်ဂျာအမည်ထက် လူသားချင်းစာနာမှု ပိုမိုလိုအပ်ဟု အမျိုးသားကောင်စီ ပြောဆို

အင်တာဗျူး
ကိုဝိုင်း
ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ 11 2009 17:59 - မြန်မာစံတော်ချိန်


ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံ၌ ရိုဟင်ဂျာဟုခေါ်သည့် လူမျိုးမရှိကြောင်း မြန်မာစစ်အစိုးရ၊ တက်ကြွ လှုပ်ရှားသူ တချို့နှင့် တိုင်းရင်းသားအချို့အကြား အပြန်အလှန် ငြင်းဆိုသံများ ပေါ်ထွက်နေသည်။

သို့သော်လည်း ထိုင်း၊ အင်ဒိုနီးရှားနှင့် အိန္ဒိယသို့ မြန်မာနိုင်ငံမှ လှေဖြင့်ပင်လယ်ကိုဖြတ်၍ မိမိတို့ ရိုဟင်ဂျာများ ရောက်ရှိလာခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုမှုများလည်း ရှိနေပြန်သည်။ မြန်မာစစ်အစိုးရ၏ လူမျိုးရေးအရ၊ ဘာသာ ရေးအရ၊ လူမှုရေးအရ၊ စီးပွားရေးအရ ဖိနှိပ်မှုကို မခံမရပ်နိုင်၍ ကောင်းမွန်မည့် ဘဝအသစ် ထူထောင်ရန် အသက်စွန့် ထွက်ပြေးလာခြင်းဖြစ်ကြောင်းလည်း သူတို့က ဆိုသည်။

မြန်မာစစ်အစိုးရက မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုး မရှိကြောင်း မည်သို့ပင် ငြင်းဆိုနေသော်လည်း ထိုင်းအစိုးရ ကမူ ထိုင်းနိုင်ငံတွင် ယခုလ နောက်ဆုံးအပတ်အတွင်း ကျင်းပမည့် အရှေ့တောင်အာရှ နိုင်ငံများအသင်း ASEAN အစည်းအဝေး၌ မြန်မာနိုင်ငံမှ ရိုဟင်ဂျာများအရေးကို အလွတ်သဘော ဆွေးနွေးလိုကြောင်း ပြောနေပြီ ဖြစ်သည်။

ထို့ကြောင့် ယင်းသို့ လှေဖြင့်ထွက်ပြေးသူ ရိုဟင်ဂျာဆိုသည့် အခေါ်အဝေါ်နှင့် ၎င်းတို့အား မည်သို့ ဆက်ဆံ သင့်သည် ၎င်းတို့နှင့် ပတ်သက်၍ ဖြစ်ပေါ်လာသော ပြဿနာရပ်များကို မည်သို့ ကိုင်တွယ်ဖြေရှင်းသင့်သည်ကို သိရှိနိုင်ရန် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ National Council of the Union of Burma (NCUB) မှ တွဲဘက် အထွေးထွေ အတွင်းရေးမှူး (၁) ဦးမြင့်သိဏ်းအား မဇ္ဈိမသတင်းထောက် ကိုဝိုင်းက ဆက်သွယ် မေးမြန်းထားသည် များကို တင်ပြလိုက်ပါသည်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာ လှေစီးဒုက္ခသည်တွေဟာ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့ အိန္ဒိယနိုင်ငံတွေဆီ ရောက်နေကြပါတယ်။ အဖမ်းခံရသူတွေ ရှိသလို၊ နှိပ်စက်ခံရတယ်လို့လညှ်း သတင်းတွေ ထွက်နေပါတယ်။ တချို့နိုင်ငံတွေက သူတို့ကို လက်မခံချင်တာကိုလည်း တွေ့ရပါတယ်။ ဒီကိစ္စတွေ အပေါ်မှာ ဘယ်လို အမြင်သဘောထားနဲ့ ဖြေရှင်းသင့်တယ်လို့ NCUB က ယူဆပါသလဲဗျာ။

သူတို့က ဘာပဲပြောပြော လူသားတွေ ဖြစ်တယ်လေ။ တိရစ္ဆာန်တွေ မဟုတ်ဘူး။ ရိုဟင်ဂျာဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ်။ အဲဒါကို ကျနော်က အဓိကထား မပြောချင်ဘူး။ ဘာကြောင့် ဒီလူတွေ ဒုက္ခရောက်ရသလဲ၊ ဘာကြောင့် ဒီလို အခြေအနေ ဆိုးကို ကြုံရသလဲဆိုတဲ့ အရင်းခံအကြောင်းတွေအပေါ်မှာ အခြေပြု စဉ်းစားသင့်တယ်။ အရင်းခံ အကြောင်းတွေ ဆိုတာက မြန်မာနိုင်ငံမှာ ရှိနေတဲ့ ပကတိ နိုင်ငံရေးအခြေအနေတွေအောက်မှာ တွေ့ကြုံနေရတဲ့ အကျပ်အတည်း၊ အခက်အခဲတွေကို သူတို့အနေနဲ့ နည်းလမ်းပေါင်းစုံနဲ့ ထွက်ပေါက် ရှာနေကြတဲ့ အချက်က အဓိက အချက်တခုဖြစ်တယ်။

မကြာခင်ကလည်းပဲ ထိုင်းပိုင်နက်ထဲမှာ တော်တော်များများ ဒုက္ခတွေ ရောက်ကြတယ်။ သေကြကျေကြတယ်။ ဒီ issue ဟာ တကယ့်ကို humanitarian ပေါ့နော်။ လူသားချင်း စာနာမှုဆိုတဲ့ အခြေခံကနေပြီးတော့ ဒီလူသား တွေ ကြုံတွေ့နေရတဲ့ ဒုက္ခတွေကို ကယ်တင်သင့်တယ်။ ဘာကြောင့် ဒီလူတွေဟာ ဒီလို လုပ်ကြသလည်း ဆိုတဲ့ အချက်တွေနဲ့ ပတ်သက်ပြီးတော့ လည်းပဲ မြန်မာနိုင်ငံက ဖြစ်တယ်ဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့ လက်ရှိ ruling ပေါ့ စစ်အုပ်စု၊ နောက်ပြီး သက်ဆိုင်ရာ အိမ်နီးချင်း နိုင်ငံတွေမှာ ဒီလို အလားတူ ပြဿနာတွေကို ကြုံတွေ့ လာရတဲ့ အနေအထားတွေအပေါ်မှာ ဘာတွေ ညှိပြီး ဖြေရှင်းသင့်တယ် ဆိုတဲ့ အချက်တွေကို ဝိုင်းပြီး ရှာသင့်တယ်။ သက်ဆိုင်နေတဲ့ နိုင်ငံတွေပေါ့နော်။

နောက်တခုက အဲဒီကိစ္စတွေနဲ့ ဆက်စပ်ပြီးတော့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင် အနေနဲ့က ဒါကို အလေးထားပြီးတော့ လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်သင့်တယ်။ ကျနော်တို့ အနေနဲ့ကတော့ အဲဒါပဲ မြင်တယ်။ ရိုဟင်ဂျာလား၊ မူဆလင်လား၊ ဗုဒ္ဓဘာသာလား ဆိုတဲ့အမြင်တွေနဲ့ ဒီအပေါ်မှာ မကြည့်ချင်ဘူး။

ဒီမိုကရေစီရေးလှုပ်ရှားသူ တိုင်းရင်းသားခေါင်းဆောင်တယောက်က အဲဒီလိုမျိုး ရိုဟင်ဂျာဆိုပြီးတော့ ပေါ်လာတာက မြန်မာနိုင်ငံ အနောက်ဘက်မှာ ဖြစ်ပွားခဲ့တဲ့ မူဂျာဟစ်သူပုန်တွေကို အခြေခံပြီး ၁၉၅၀ ခုနှစ်တွေ လောက်က ဖြစ်လာတာလို့ မဇ္ဈိမကို ပြောပါတယ်။ ဒီနေ့ခေတ်မှာကျတော့လည်း မီဒီယာတွေ ကရော၊ ယူအန်ကရော၊ အခြားနိုင်ငံတွေကရော ရိုဟင်ဂျာဆိုပြီး ခေါ်ဝေါ်သုံးစွဲနေကြတယ်။ အဲဒီ အမည်နာမ အပေါ်မှာရော ဘယ်လိုမျိုး သုံးစွဲသင့်တယ်လို့ ထင်ပါသလဲဗျာ။

NCUB အနေနဲ့ ပြောရရင်တော့ ဒီ issue အပေါ်မှာ ရိုဟင်ဂျာလား၊ ရိုဟင်ဂျာမဟုတ်ဘူးလား၊ ရိုဟင်ဂျာဆိုတဲ့ အမည်ကို သုံးသင့်လား မသုံးသင့်ဘူးလား ဆိုတာတွေနဲ့ပတ်သက်ပြီးတော့ အသေးစိတ် သုံးသပ်ပြီးတော့ သဘောထား ချမှတ်ထားတာတွေတော့ မရှိသေးပါဘူး။ သို့သော်လည်းပဲ အမြင်အရ ပြောရမယ်ဆိုရင်တော့ တကယ်တမ်း ကျတော့ မြန်မာနိုင်ငံလို သမိုင်းကြောင်းအရ တချို့ လူမျိုးရေးတွေအပေါ်မှာ ရှုတ်ထွေးအောင် ဖန်တီး ခံထားရတဲ့ အခြေအနေအောက်မှာ ရှိနေတဲ့ ပြဿနာ တော်တော်များများက ဒီတိုင်းပြည်မှာ တကယ့်ကို စစ်မှန်တဲ့ ငြိမ်းချမ်းမှုတခု တည်ဆောက်ပြီးတော့ ဒါတွေကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းသွားရမယ့် အချက်တွေလို့ မြင်တယ်။ ဒီ issue တွေကို ရှေ့တန်းတင်ပြီး စဉ်းစားတာမျိုးဟာ လက်တွေ့ ဒုက္ခရောက်တဲ့ လူတွေရဲ့ အဆိုးဆုံး လက်ရှိခံစားနေရတဲ့ အခြေအနေတွေကို မျက်ကွယ်ပြုရာ လျစ်လျှူရှုရာရောက်တယ်လို့ မြင်ပါတယ်။ လူမျိုးရေးအရ၊ ဘာသာရေးအရ ဆိုတဲ့ ကိစ္စမျိုးတွေနဲ့ အခြေခံပြီးတော့ မကြည့်သင့်ဘူး။ သူတို့ ရင်ဆိုင် နေရတဲ့ လတ်တလော ပြဿနာတွေကို အကောင်းဆုံး ဖြေရှင်းပါ။ ဟိုဘက်တိုင်းပြည်၊ ဒီဘက်တိုင်းပြည် နီးကပ်တဲ့ တိုင်းပြည်တွေမှာ ဝင်ကြထွက်ကြ ရပ်တည်နေထိုင်ကြရင်းနဲ့ လူမျိုးရေးအရ တချို့ ရှုတ်ထွေးမှုတွေ ဖြစ်လာခဲ့တယ် ဆိုတာကတော့ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဖြစ်ရပ်တခုလို့ မြင်ပါတယ်။ ဒီအချက်တွေပေါ်မှာ အခြေပြု ပြီးတော့ လူမျိုးရေးအဓိကရုဏ်းဘက်ကို ပိုပြီးသွားတာမျိုးတော့ မဖြစ်သင့်ဘူးလို့ ထင်ပါတယ်။

ရခိုင်ပြည်နယ်ဘက်မှာရှိတဲ့ မြန်မာနိုင်ငံသားဖြစ်နေတဲ့ မူဆလင်ရော၊ နိုင်ငံသားအဆင့် မဖြစ်သေးတဲ့ မူဆလင်တွေရော နအဖရဲ့ ပြင်းပြင်းထန်ထန် ဖိနှိပ်ခံတာကို ခံရတဲ့ အနေအထားတွေ ရှိပါတယ်။ အဲဒီ ဖိနှိပ်မှုတွေ ရပ်တန့်သွားအောင် လူသားချင်း စာနာထောက်ထားတဲ့ လူတွေအနေနဲ့ ဘာတွေ လုပ်သင့် တယ်လို့ မြင်ပါသလဲ။

ဒီကိစ္စကတော့ ကျနော်တို့တွေလည်း တစိုက်မတ်မတ် လုပ်နေတဲ့ကိစ္စ ဖြစ်ပါတယ်။ ဘယ်လူမျိုးမဆို မြန်မာ နိုင်ငံမှာပဲ ရှိရှိ၊ တခြား ဘယ်နိုင်ငံမှာပဲ ရှိရှိပေါ့နော်၊ သူတို့ရဲ့ အခြေခံအခွင့်အရေးတွေ မဆုံးရှုံးသင့်ဘူး။ လူသား တွေ ဖြစ်တဲ့အတွက် လူသားပီသစွာနဲ့ သူတို့မှာ ရှိသင့်ရှိထိုက်တဲ့ အခွင့်အရေးတွေ အားလုံး ခံစားနိုင်ခွင့်ရှိဖို့ လိုအပ်တယ်။ သမိုင်းကြောင်းအရ ဘာလူမျိုးလဲဆိုတဲ့ ကိစ္စတွေ ဖြေရှင်းဖို့ဟာကတော့ နောက်တကဏ္ဍ ဖြစ်တယ်။ ဆိုတော့ အခြေခံအားဖြင့် သူတို့မှာ democratic procedure တွေကို လက်တွေ့ကျင့်သုံးပြီး အကောင် အထည်ဖော်နိုင်တဲ့ အခြေအနေ မရောက်မချင်းကတော့ ဒါတွေ ဖြစ်နေမှာပဲ။ ကုလသမဂ္ဂက ဦးဆောင် ပြီးတော့ ဒါတွေကို ကိုင်တွယ်ဖြေရှင်းသင့်တယ်လို့ မြင်တယ်။

ဒီ ရိုဟင်ဂျာကိစ္စဟာ အခုတလော သတင်းတွေထဲမှာ ထိပ်တန်းနေရာထဲမှာ ပါနေပါတယ်။ အကောင်း မြင်ရော၊ အဆိုးမြင်ရော ဝေဖန်ဆွေးနွေးမှုတွေလည်း ရှိနေကြသလို အငြင်းပွားမှုတွေလည်း ဖြစ်ပေါ်နေ ပါတယ်။ ဒီလို အခြေအနေအောက်မှာ နအဖ က ဘာသာရေး အဓိကရုဏ်း ပုံစံတခု ဖြစ်သွားအောင် ဖန်တီးသွား နိုင်လိမ့်မယ်လို့ရော ယူဆပါသလားဗျာ။

နအဖ က တော့ သူရဲ့ အကျိုးစီးပွားဖြစ်တဲ့ အာဏာရေရှည် ကိုင်စွဲရေးနဲ့ စစ်အုပ်စု အဓွန့်ရှည်ရေးဆိုတဲ့ အခြေခံ ကို အကျိုးရှိမယ်ဆိုရင်တော့ ဘာကိစ္စမဆို သူ့ဘက်က လုပ်မှာဖြစ်တယ်လို့ ကျနော်တို့က အကြွင်းမဲ့ ယုံကြည် ထားတယ်။ ဒါကြောင့်မို့လို့ အခုဖြစ်ပေါ်နေတဲ့ အချက်တွေဟာ သူ့အတွက် အကောင်းဆုံး အခွင့်အလမ်းတွေ ဖြစ်လာမယ် ဆိုရင် သူ့ဘက်ကတော့ လုပ်ဖို့ သေချာသလောက်ပဲဖြစ်တယ်လို့ ကျနော်တို့ကတော့ မြင်တယ်။

မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပွားနေတဲ့ အရှုတ်အရှင်းတွေကနေ ဖြစ်ပေါ်လာတဲ့ ဒုက္ခသည်ကိစ္စ၊ တရားမဝင် အလုပ်သမားကိစ္စတွေလိုပဲ၊ အခု ဒီရိုဟင်ဂျာဆိုတဲ့ ကိစ္စကရော ဒေသဆိုင်ရာ ပြဿနာ အဆင့် ရောက်နေပြီလို့ ယူဆပါသလားဗျာ။

ရိုဟင်ဂျာရယ် ဘာရယ်တော့ ပြောဖို့ အခက်အခဲရှိတာပေါ့။ မြန်မာနိုင်ငံမှာရှိတဲ့ လူတွေရဲ့ အခြေအနေ အခက်အခဲတွေကြောင့် အိမ်နီးချင်းနိုင်ငံတွေကို သွားရောက်ခိုလှုံရတာတွေ၊ အဲဒီမှာ ဘဝ ရပ်တည် ရှင်သန်ရေး အတွက် ကြိုးပမ်းနေရတာတွေ၊ ထိုင်းနိုင်ငံမှာ သန်းနဲ့ချီပြီးတော့ရှိနေတဲ့ migrant workers တွေ၊ တရားမဝင် ရောက်ရှိ နေသူတွေရဲ့ အခြေအနေကို ကြည့်ရင် ဒီကိစ္စက သိပ်ရှင်းပါတယ်။ ဒီလိုရောက်တဲ့ အထဲမှာလည်း လူမျိုး ပေါင်းစုံ၊ ဘာသာပေါင်းစုံ ဖြစ်တယ်။ သူများနိုင်ငံ ရောက်သွားပြီးတော့ တရားမဝင် ရပ်တည် နေရတယ် ဆိုတာ ကတော့ ဘာပဲပြောပြော အဲဒီ သက်ဆိုင်ရာ နိုင်ငံအတွက် အနှောင့်အယှက်က အနည်းနဲ့ အများ ရှိမှာ သေချာတယ်။ ဘယ်သူမှ ဘယ်ဝါမှ ဒီကိစ္စတွေဟာ ဖြစ်မယ်၊ ဖြစ်ရမယ်၊ ဖြစ်လိမ့်မယ် ဆိုတာမျိုးတော့ သတ်မှတ်လို့ မရဘူး။ ဒီလိုမျိုးဖြစ်နေကြတာ မြန်မာနိုင်ငံရဲ့ အခြေအနေကြောင့်လို့ ဆိုတာတော့ သုံးသပ်ထားပါတယ်။

အကယ်ဒမီ ယတြာ

E-mail Print
ဦးရုက္ခစိုးတယောက် အကယ်ဒမီပွဲတက်ဖို့ နေပြည်တော်ရောက်နေသည်။ ယခုခရီးစဉ်သည် သူ၏ ပထမဆုံး အကြိမ် နေပြည်တော် ခရီးစဉ်ဖြစ်သည်။ သူ့လက်ထဲမှာ ကင်မရာ၊ ကက်ဆက်၊ မှတ်စုစာအုပ်၊ ဘောပင်တို့နှင့် ရှုပ်နေ ရသည့်အထဲ ဖိုးရှုပ်က မိုးဟေကိုလက်မှတ် အရယူခဲ့ဖို့ ဆိုပြီး အော်တိုတအုပ် အတင်း ထည့်ပေးလိုက် သေးသည်။ ဆုပေးပွဲပြုလုပ်မည့် မြို့တော်ခန်းမ အ၀င်အဝမှ အပေါက်စောင့်က သူ့ကိုအသေအချာရှာသည်။

အပေါက်စောင့်။ ။ ခင်ဗျားက အချွန်အတက်တွေနဲ့ ဘာလဲဗျ။

ဦးရုက္ခစိုး။ ။ ကျုပ်က ချင်းမိုင်ရုက္ခစိုးလေ။ အကယ်ဒမီပေးပွဲ သတင်းယူဖို့လာတာ။

အပေါက်စောင့်။ ။ ဒါဆိုဂျာနယ်လစ်လား။

ဦးရုက္ခစိုး။ ။ အဲလိုပြောလည်းရပါတယ်။ ကဲ ဝင်မယ်နော်။

အပေါက်စောင့်။ ။ မရဘူး .. ဂျာနယ်လစ်ဆိုရင် ကင်မရာထားခဲ့ပါ။

အပေါက်စောင့်စကားကြောင့် ဦးရုက္ခစိုး ကြောင်သွားသည်။ နိုင်ငံတကာ ပွဲတွေ ရောက်ဖူးပေါင်း များပြီ။ ဂျာနယ်လစ် ကင်မရာ မကိုင်ရတာ ဒီတခါပဲ ကြားဖူးသေးသည်။

ဦးရုက္ခစိုး။ ။ ဂျာနယ်လစ် ကင်မရာမကိုင်ရတော့ ကင်မရာ ဘယ်သူ တွေ ကိုင်ရလဲ။ အကယ်ဒမီဓာတ်ပုံ ဘယ်သူရိုက်မှာလဲ။

အပေါက်စောင့်။ ။ ကင်မရာက ကင်မရာမင်းကိုင်မှာပေါ့ဗျ။ ကဲ ကြာတယ်။ ခင်ဗျား ကင်မရာ ထားခဲ့မလား။ ဒီပွဲကို မတက်ဘဲနေမလား။

ကင်မရာက ကင်မရာမင်းကိုင်မှာဆိုသည့်စကားကို အသစ်အဆန်းတခုအဖြစ် မှတ်ထားလိုက်သည်။ လှစ်ခနဲ မြင်လိုက်ရသည့် အိန္ဒြာကျော်ဇင့်နောက်က အမြန်လိုက်ချင်သဖြင့် ရုက္ခစိုး အပေါက်စောင့်ဆီမှာ ကင်မရာကို အေးဆေးစွာပဲ ထားခဲ့လိုက်သည်။

အထဲရောက်တော့ ဦးရုက္ခစိုးက မင်းသမီး စွာတေးလန်နှင့် ပြာလောင်ခတ်တို့ ကြားတွင် ထိုင်ရသည်။ မင်းသမီး နှစ်ယောက်ကြားတွင် ဆိုတော့ သူ နည်းနည်း အူမြူးသွား၏။ ပြီးတော့ စွာတေးလန်ဘက်ကို လှည့်ကာ ရန်ကုန် အခြေစိုက် အင်တာဗျူးသမလေးတွေ စတိုင်အတိုင်း မေးလိုက်သည်။

ဦးရုက္ခစိုး။ ။ စွာစွာ ရင်ခုန်နေလားဟင်။

စွာတေးလန်။ ။ ခုန်တာပေါ့ဦးရယ်။ ဘယ်လိုခုန်မှန်းကို မသိဘူး တဒိန်းဒိန်းနဲ့ကိုခုန်တာ။ စွာတို့ကားကလေ အဓိဌာန်ပွဲပေးထားတာဆိုတော့ သေချာပေါက်ရကို ရမှာ။ အဲဒါကြောင့်လေ ခုလို သေချာပေါက်ရမယ့်သူတွေ ဝတ်တဲ့ ဝတ်စုံမျိုး ဝတ်လာတာ။ ဟင်းဟင်း။

ထိုအချိန်တွင် အခမ်းအနား စတင်သဖြင့် ဦးရုက္ခစိုး ဆက်မမေးသာတော့။ ပြန်ကြားရေး ဝန်ကြီး ဗိုလ်ချုပ် ဆော်ကြမ်း စင်မြင့်ပေါ်တက်ကာ စကားပြောတော့သည်။

ဝန်ကြီး။ ။ အနုပညာသည် ပြည်သူ့အတွက်၊ အနုပညာသည် အနုပညာအတွက် အမျိုးမျိုး ပြောကြတယ်။ တကယ်က မဟုတ်ပါဘူး။ အနုပညာဟာ စစ်တပ်အတွက် ဖြစ်ပါတယ်။ ဒီတော့ အနုပညာသည်များ အနေနဲ့ လာမယ့် ၂၀၁၀ ရွေးကောက်ပွဲမှာ စစ်တပ်က ခိုင်းတာ လုပ်ပေးရပါမယ်။ မလုပ်တဲ့သူ အကယ်ဒမီမရဘူးမှတ်။

ဝန်ကြီး၏ လေက ရှည်လိုက်သည့် ဖြစ်ချင်း။ ပရိသတ်များ အားလုံး နားထောင်ချင်ယောင် ဆောင်ပြီး အိပ်ပျော် ကုန်ကြသည်။ ရန်ကုန်ကနေ လာထားကြတာ ဆိုတော့ ခရီးကလည်း ပမ်းလာသည် မဟုတ်လား။ ဦးရုက္ခစိုး တောင် အိပ်ငိုက်ချင်လာသည်။

ဝန်ကြီး။ ။ မြန်မာ့ရုပ်ရှင် ကမ္ဘာ့အဆင့်မီဖို့ ကိုရီးယားကားတွေ၊ တရုတ်ကားတွေကို ရုပ်မြင်သံကြားကနေ မှန်မှန်ပြပေးနေပါတယ်။ ခုဆို မင်းသမီးတွေလည်း ကိုရီးယား မင်းသမီးတွေလို ဝတ်တတ်နေပြီ။ ဒါရိုက်တာ တွေ လည်း ကုလားကားကို ခိုးချလိုက်၊ ကိုရီးယားကားကို ခိုးချလိုက် ရိုက်တတ်နေပါပြီ။ စတူဒီယိုတွေ၊ စက်တွေ လို အပ်ရင် ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဝယ်ပါ။ နိုင်ငံတကာကို မီရင်ပြီးရော ကိုယ့်အိတ်ထဲက ပိုက်ဆံ ကိုယ့်ဘာသာ ကြိုက် သလို လွတ်လပ်စွာ သုံးနိုင်ပါတယ်။

နိုင်ငံတကာ အကြောင်းပြောပြီဆိုလျှင် ဝန်ကြီးမိန့်ခွန်းပြီးတော့မှာဖြစ်ကြောင်း အားလုံးသိသည်။ ဘာလို့လဲ ဆိုတော့ နှစ်တိုင်း ပြောနေကျမိန့်ခွန်းကို ကော်ပီကူးကာ ပြန်ပြန်ပြောသောကြောင့် ဖြစ်သည်။ အိပ်ငိုက်နေသူများ ခေါင်း ထောင်လာပြီး လုံးဝ အိပ်ပျော်နေသူများကို နှိုးကာ လက်ခုပ်တီးဖို့ အဆင်သင့် ပြင်ဆင်ကြသည်။

ဝန်ကြီး။ ။ ဒါကြောင့် မြန်မာ့ရုပ်ရှင် နိုင်ငံတကာ ရင်ဘောင်တန်းဖို့အတွက် နိုင်ငံတော်က အကူအညီကို မစောင့်ဘဲ ကိုယ့်ဘာသာကြိုးစားဖို့ ပြောကြားရင်း နိဂုံးချုပ်ပါတယ်။

လက်ခုပ်သံများ တခန်းလုံးပြည့်လျှံသွားသည်။ အားလုံးပြုံးရွှင်ကုန်သည်။ ဆု စပေးသည်။ ဆုပေးတာကျတော့ ခဏလေး။ မိန့်ခွန်းလောက်တောင် မကြာ။ မင်းသမီးတွေ ဆု တဆုမှ မရ။ ယောက်ျားတွေကိုချည်း ဆု ၆ ဆု ပေးပြီး ရပ်လိုက်တော့ တခန်းလုံး “ဟာ” ခနဲဖြစ်သွားသည်။

ပြာလောင်ခတ်။ ။ ဟယ် မစွာရေ ဒီနှစ် ယတြာ ကလည်း ကြမ်းလိုက်တာနော်။ တို့ အဓိဌာန်တောင် မအောင် ဘူး။

စွာတေးလန်။ ။ မပေးနေပေါ့။ ဒီအရုပ်များ ကိုယ့်ဘာသာ လုပ်လို့ရသားပဲ ဟွန်း။

ထိုစဉ် အစီအစဉ်ကြေညာသူ ထံမှ အသံတသံ ထွက်လာသည်။

ကြေညာသူ။ ။ ဆုတဆု ကပ်ပြီးကျန်နေတာ မေ့သွားလို့ပါရှင့်။ ဒီဆုကိုတော့ ပြန်ကြားရေးဝန်ကြီး ဗိုလ်ချုပ် ဆော်ကြမ်း ကိုယ်တိုင် ကြေညာပါလိမ့်မယ်။

လူတွေအားလုံး စိတ်ဝင်စားသွားသည်။ ကင်မရာမင်းများ ဘယ်ဆီကိုပြေးရမှန်းမသိ ကြောင်နေသည်။ ထိုအချိန်တွင် ဝန်ကြီး၏အသံက ညောင်နာနာနှင့်ပေါ်ထွက်လာ၏။

ဝန်ကြီး။ ။ ဒီနှစ်ကို ဘယ်နှစ်နဲ့မှမတူအောင်လုပ်ဖို့ စဉ်းစားထားတဲ့အတိုင်းပဲ ဘယ်တုန်းကမှ မပေးခဲ့ဘူးတဲ့ ဆုတဆု ချီးမြှင့်မှာဖြစ်ပါတယ်။ အဲဒါကတော့ ရုပ်ရှင်မှာ အရမ်းကိုအရေးကြီးတဲ့ ဖြတ်လျှောက်ထူးချွန်ဆု ဖြစ်ပါတယ်။ ဒီဆုကို ဆွတ်ခူးရရှိသွားသူကတော့ မစ္စတာ ဂန်ဖလားပဲ ဖြစ်ပါတယ်ခင်ဗျား .. ဖြောင်း ဖြောင်း ဖြောင်း။

ဝန်ကြီးက သူ့ဟာသူကြေညာပြီး သူ့ဟာသူ လက်ခုပ်တီးလိုက်ခြင်းဖြစ်သည်။ ဘယ်သူမှလိုက်မတီးကြ။

စွာတေးလန်။ ။ ဟယ် ဒီလောက် မည်းသည်းနေတာ ကြီးကိုများ .. အကယ်ဒမီပေးတယ်တဲ့ အံ့သြပါရဲ့ဟယ်။

ဦးရုက္ခစိုး။ ။ ဒါကတော့ စွာစွာရယ် .. သူက ဖြတ်လျှောက်အဆင့်မှာ တဖက်ကမ်းခတ် တကယ့် ထူးချွန်သူပဲ ကိုး။ ပေးသင့်ပါတယ်။

ပြာလောင်ခတ်။ ။ အို .. ပြာတို့ကတော့ လုံးဝမကျေနပ်ဘူး။ အမျိုးသမီးရေးရာကို တိုင်မယ်။ ဒါ အမျိုးသမီး တွေကို သက်သက်နှိမ်တာ။ အမျိုးသမီးအခွင့်အရေး ချိုးဖောက်ခံရတာ။ လေဒီဖတ်စ်မပြောနဲ့ ခုဟာက လေဒီ စင်အောက် ဖြစ်နေပြီ ဘရုက္ခစိုးရဲ့ .. အမျိုးသမီးရေးရာတင်မကဘူး ကျိုက်ထီးရိုး ဘိုးဘိုးကြီးကိုပါ တိုင်မယ် ဟွန်း။

သူတို့ပြောသမျှ ကမန်းကတန်းအသံဖမ်းရင်း ဦးရုက္ခစိုး ပြန်ကြားရေးဝန်ကြီး ဗိုလ်ချုပ် ဆော်ကြမ်းနားသို့ အတင်း ပြေး ကပ်သွားလိုက်သည်။ အင်တာဗျူးလုပ်မှ ဖြစ်မည်။

ဝန်ကြီး။ ။ ခင်ဗျားက ဘယ်သူလဲ။ ကိုယ်ရောင်ကိုယ်ဝါက တောက်ပလှချည်လား။ ဒီက ဂျာနယ်လစ်တော့ မဖြစ်နိုင်ဘူး။

ဦးရုက္ခစိုး။ ။ ကျုပ်က ချင်းမိုင်ရုက္ခစိုးပါ။ ချင်းမိုင်အခြေစိုက် ဒေဝါလီမဂ္ဂဇင်းက အယ်ချုပ် ကိုဂေါ်ကြီးက လွှတ်လိုက် လို့လေ။ သူတို့က လာလို့မရဘူးဆိုတော့ ကျုပ်ပဲလာလိုက်တာ။

ဝန်ကြီး။ ။ သိပြီ။ အတော်ပဲ ကျုပ်ကလည်း ဒါမျိုးတွေ့ချင်နေတာ။

ဦးရုက္ခစိုး။ ။ မီဒီယာကို မီဒီယာနဲ့တိုက်မယ် ဆိုတာလားခင်ဗျ။

ဝန်ကြီး။ ။ အစကတော့ ဟုတ်တယ်။ ခုတော့ မီဒီယာကို မီဒီယာနဲ့ အတိုက်တော့ဘူး။ အသစ် .. မော်ဒန် နည်း သုံးမယ်။ မီဒီယာကို ယတြာနဲ့ တိုက်မလို့။ ခုဆို ဓာတ်ရိုက်ဓာတ်ဆင်တွေ အားလုံးလုပ်ပြီးပြီ။

ဦးရုက္ခစိုး။ ။ ဘယ်လိုလုပ်တာလဲ သိခွင့်လေးများရှိမလား ခင်ဗျ။

ဝန်ကြီး။ ။ ဟဲဟဲ ခင်ဗျားတို့ ပြည်ပမီဒီယာတွေထက် ကိုးဆ၊ ဆယ်ဆ သာအောင်လို့ ဒီနှစ် “ကိုးဆယ်ဆ သာ လိမ့်မယ်” ဇာတ်ကားကို ဆုတွေ အများကြီးပေးလိုက်တယ်လေ။

ဦးရုက္ခစိုး။ ။ ဒါဆို ဘာလို့ ဒီနှစ် မင်းသမီးတွေကို အကယ်ဒမီ မပေးတာလဲခင်ဗျာ။

ဝန်ကြီး။ ။ ဒါကတော့ မိန်းမဖြစ်နေလို့ မပေးတာဗျ။

ဦးရုက္ခစိုး။ ။ ရှင်းအောင် ပြောပြပေးပါလားခင်ဗျာ။

ဝန်ကြီး။ ။ ဒီလိုပါ။ တလွဲမထင်ပါနဲ့ မင်းသမီးတွေကို ဆု လုံးဝမပေးတာ မဟုတ်ပါဘူး။ ပေးမှာပါ။ စင်မြင့် ပေါ်သာ ပေးမတက်တာ။ ဒါလည်း ဗိုလ်ချုပ်မှူးကြီးရဲ့ အစီအမံပါပဲ။ ယတြာပေါ့လေ။

ဦးရုက္ခစိုး။ ။ ဟင် ဒါဆို ...။

ဝန်ကြီးက တုံးလိုက်လေဆိုသည့် စတိုင်နှင့် ဦးရုက္ခစိုးကို ကြည့်သည်။

ဝန်ကြီး။ ။ မင်းသမီးတွေကို ပေးချင်ရင် အခန်းထဲ ခေါ်ပေးမှာပေါ့ဗျ။ လုံလုံခြုံခြုံရှိတယ်လေ ငှဲငှဲ။

ဦးရုက္ခစိုး။ ။ မှတ်သားလောက်ပါပေ့ဗျာ။ ဒါဆို နောက်နှစ်တွေကော ဘယ်လိုလုပ်မလဲ။

ဝန်ကြီး။ ။ နောက်နှစ်တွေလည်း တူတူပါပဲ။ ထူးချွန်တဲ့ မိန်းမမှန်ရင် စင်ပေါ်တက်လို့ မရတော့ပါဘူး။

ဦးရုက္ခစိုး။ ။ ဖြစ်ပါ့မလားဗျ။ မင်းသမီးဆိုတာမျိုးက အကယ်ဒမီလိုချင်တယ် ဆိုတာ စင်ပေါ်မှာ လှလှ လေးဝတ် ဓာတ်ပုံအရိုက်ခံချင်လို့လေ။ တော်ကြာ စင်ပေါ်မတက်ရလို့ မင်းသမီးတွေ စိတ်ကောက်ပြီး ရုပ်ရှင် မရိုက် ကြတော့ရင် ဘယ်လိုလုပ်မလဲဗျ။

ဝန်ကြီး။ ။ လွယ်ပါတယ်။ ယောက်ျားတွေချည်းပဲ ရိုက်လို့ရတဲ့ ကားမျိုးရိုက်ကြပေါ့။ အဲဒါမျိုး ကမ္ဘာမှာ ဘယ်သူမှ မလုပ်သေးဘူး။ မြန်မာပြည်က စလုပ်လိုက်ရင် နိုင်ငံတကာနဲ့ ရင်ဘောင်တန်းရုံမကဘူး ကျော်ပါ တက်သွားဦးမှာ။

ဦးရုက္ခစိုး။ ။ ခင်ဗျားတို့ကို အမျိုးသမီးအခွင့်အရေးဆိုပြီး အော်ရင်ကောဗျာ။

ဝန်ကြီး။ ။ ဟာဗျာ ဘယ်အော်ပါ့မလဲ။ တိုးတိုးတိတ်တိတ် အခန်းထဲ ခေါ်ပေးမှာပါဆို။

ဦးရုက္ခစိုး။ ။ ဒါနဲ့ .. ဆု က ငါးဆုတောင်ကျန်သေးတာနော်။ မင်းသမီး ဆုနဲ့ အမျိုးသမီးဇာတ်ပို့ ပေးလိုက်ရင် ၃ ဆု ကျန်သေးတယ်။

ဝန်ကြီး။ ။ ခင်ဗျား အတော်လေရှည်တဲ့ ငနဲပဲ။ ကျုပ်ရှည်သလား အောင့်မေ့တယ်။ ကျုပ်ထက်တောင် ရှည်သေးတယ်။ ကျန်တဲ့ ၃ ဆုက ကျုပ်တို့ဗိုလ်ချုပ်မှူးကြီးအတွက်ဗျ။ ပြီးခဲ့တဲ့အခေါက် ဂန်ဖလား လာတုန်းက ဗိုလ်ချုပ်မှူးကြီးရဲ့ ဇာတ်ညွန်းနဲ့ သရုပ်ဆောင်ကွက်ကလေး ဘယ်လောက်လှလဲ တွေ့တယ်မဟုတ်လား။ ကျော်ရဲအောင်တောင် ထိုင်ငိုသွားမယ်။ အဲဒီအတွက် သူ့ကို ဒါရိုက်တာ၊ ဇာတ်ညွှန်း၊ သရုပ်ဆောင်ဆု ၃ ဆုပေးဖို့ချန်ထားတာဗျား။

ထိုစဉ် သူတို့အနားမှ မင်းသမီးမိုးဟေကို ဖြတ်လျှောက်လာကာ မျက်လုံးတချက် စွေကြည့်၍ ပြုံးပြသွားသဖြင့် အင်တာဗျူးခြင်း အစီအစဉ် ဆံ့ငင် ဆံ့ငင်နှင့် ပြီးဆုံးသွားရသည်။

မှတ်ချက်။ ။ အပေါက်စောင့်ထံတွင် ကင်မရာအပ်ထားခဲ့ရသဖြင့် မှတ်တမ်းဓာတ်ပုံများ ဝေဝေဆာဆာ မဖော်ပြနိုင်ခြင်းကို ခွင့်လွှတ်စေချင်ပါသည်။ ။

သတင်းပဒေသာ


NEJ/ ၁၁ ဖေဖော်ဝါရီ ၂၀၀၉

နေပြည်တော် ဥပ္ပါတသန္တိစေတီတော်ကြီး ဒုတိယဆင့် ဌာပနာလှူဒါန်းပွဲကို နေပြည်တော်မှာ ကျင်းပခဲ့ကြောင်း မြန်မာစစ်အစိုးရ သတင်းစာများက ဖော်ပြနေသော်လည်း အဆိုပါ စေတီတော်အား ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တပေါင်းလပြည့်နေ့ ထီးတင်ပြီးသည်နှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ စစ်အစိုးရ ကျဆုံးမည့်နေ့ဖြစ်သည်ဟု ...အပြည့်အစုံသို့


ရေနံမှော်နှင့်ဆက်စပ်လုပ်ငန်းများ
အခက်တွေ့

မင်းနိုင်သူ/ ၁၁ ဖေဖော်ဝါရီ ၂၀၀၉
အာဏာပိုင်များနှင့်ပတ်သက်သော ကုမ္ပဏီများမှ ဈေးနှိမ်ဝယ် ယူခြင်း၊ ရေနံဈေး အလွန်အမင်း ကျဆင်းနေခြင်း တို့ကြောင့် မကွေးတိုင်းအတွင်းရှိ ရေနံမှော်များနှင့် ဆက်စပ်လုပ်ကိုင် နေသူများ အခက်တွေ့နေကြရကြောင်း လုပ်ငန်းရှင်များက ပြောသည်။ မကွေးတိုင်းအတွင်းရှိ ရေနံမှော်များမှ တွင်းပိုင်ရှင် များအနေဖြင့် အာဏာပိုင်များနှင့် ...အပြည့်အစုံသို့
အရေးကြီးပြီ
သွေးနီးကြပါစို့ (၁)
ဦးအောင်ဆက်ပိုင်/ ၁၁ ဖေဖော်ဝါရီ ၂၀၀၉
မြန်မာနိုင်ငံတလွှား မှီတင်းနေထိုင်ကြကုန်သော ရဟန်း ရှင်လူ၊ ပြည်သူပြည်သားအပေါင်းတို့နှင့်တကွ၊ အကြောင်း ကြောင်းကြောင့် ပြည်ပနိုင်ငံအသီးသီးတွင် ရောက်ရှိကြ ကုန်သော သွေးချင်း ညီနောင်အပေါင်းတို့ ခင်ဗျား။ နေ့စဉ် နှင့်အမျှ မြင်တွေ့ကြားသိရသမျှ အကုသလ၀ိဘက်နဲ့ အကျိုးပေးနေပါလားလို့ပင် ...အပြည့်အစုံသို့

မန္တလေးမီး သိန်း (၂၀၀) ကျော်ဆုံးရှုံး
အိမ်ခြေ (၃၂၀) ပြာကျ
NEJ/ ၁၁ ဖေဖော်ဝါရီ ၂၀၀၉
မန္တလေးတွင် ဖေဖော်ဝါရီ (၉) ရက်နေ့ မီးလောင်မှုဖြစ်ပွားရာ တွင် (၁) နာရီကြာမှ မီးသတ်ကားများ ရောက်လာသည့် အတွက် နေအိမ် အလုံး (၃၂၀) မီးလောင်ပြာကျမှုဖြစ်ခဲ့ရ ကြောင်း သိရသည်။ “မီးလောင်တဲ့အချိန်က (၃) နာရီလောက် ကပါ။ ဒါပေမယ့် မီးသတ်ကားတွေက ရောက်လာပြီး မီးငြှိမ်း တာက (၄) နာရီလောက်မှဆိုတော့ ...အပြည့်အစုံသို့
အဝေးရောက်အစိုးရ
ဘယ်တော့ပြောင်းမလဲ

ထွန်းအောင်ကျော် / ၁၁ ဖေဖော်ဝါရီ ၂၀၀၉
အမေရိကန်နိုင်ငံရဲ့ (၄၄) ဆက်မြောက် သမ္မတအသစ် အဖြစ် ဘားရက်ဟူစိန် အိုဘားမားရဲ့ ကျမ်းသစ္စာကျိန်ဆိုပုံ ကို ၂၀၀၉ ခုနှစ် ဇန်န၀ါရီလ (၂၀) ရက်နေ့မှာ ကိုယ်တွေ့ ကြုံလိုက်ကြရပြီ။ သမ္မတ ဂျော့ဘုရှ်ရဲ့ သက်တမ်း (၂) ဆက်ဟာလည်း အဲဒီနေ့မှာပဲ ကုန်ဆုံးသွားခဲ့ရှာပြီ။ အမေရိကန်တွေက ကမ္ဘာကို ...အပြည့်အစုံသို့

ဂန်ဘာရီ၏ခရီး ဘန်ကီမွန်း အကောင်းမြင်

ဂန်ဘာရီ၏ခရီး ဘန်ကီမွန်း အကောင်းမြင်

ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က ၎င်း၏ အထူး အကြံပေး အရာရှိ မစ္စတာ ဂန်ဘာရီသည် ပြီးခဲ့သည့် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း စစ်အစိုးရ ၀န်ကြီးချုပ်၊ အတိုက်အခံ ခေါင်းဆောင်တို့နှင့် အဆင်ပြေ ကောင်းမွန်သည့် ဆွေးနွေးပွဲများ ပြုလုပ်နိုင်ခဲ့သည်ဟု ယမန်နေ့က ပြောကြားလိုက်သည်။

မင်းသုဝဏ် ရာပြည့်ပွဲ ရန်ကုန် မြင်ကွင်း

မိုးမခ ဓာတ်ပုံသတင်း

ဖေဖော်ဝါရီ ၁၁၊ ၂၀၀၉

ဆရာဦးဝင်းတင်နဲ့ ဆရာဒဂုန်တာရာ၊ ဆရာ ဇော်ဇော်အောင်နဲ့ ဆရာမင်းသုဝဏ်သားကြီး၊ ဆရာအမှတ်တရ ဓာတ်ပုံများ

အဴပည့္အစုံသိုႛ ...

ဘင်္ဂလားဒေ့ရှ် - မြန်မာ နယ်စပ်အခြေအနေ ပိုမိုတင်းမာ

ဘင်္ဂလား ပင်လယ်အော်အတွင်းရှိ ရေပိုင်နက် အငြင်းပွားမှုပြဿနာနှင့် ပတ်သက်ပြီး မြန်မာနှင့် ဘင်္ဂလား ဒေ့ရှ် ၂ နိုင်ငံ နယ်စပ်အခြေအနေ ပိုမိုတင်းမာလျက်ရှိကြောင်း သိရသည်။

နာဂစ်ဒေသ နာလန်ထူရေး ၃ နှစ် ကြာမည်

နာဂစ် မုန်တိုင်းသင့် ဒေသ ပြန်လည် ထူထောင်ရေး လုပ်ငန်းများအတွက် သုံးနှစ် ကြာမြင့်မည် ဖြစ်ပြီး ဒေါ်လာ ၆၉၁ သန်း ကုန်ကျမည်ဟု အကူအညီပေးရေးအဖွဲ့ကြီးတခုက တနင်္လာနေ့တွင် ပြောကြားလိုက်သည်။

နိုင်ငံရေးအကျဉ်းများ လွတ်မြောက်ရေး မန္တလေး အန်အယ်ဒီ ရှင်းလင်း

မြန်မာ့နိုင်ငံရေး ဖြေရှင်းရာတွင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး အရေးကြီးပုံကို ပြည်သူများ ပိုမိုသိရှိနိုင်ရန်အတွက် ရှင်းလင်းတင်ပြသည့် လှုပ်ရှားမှုကို မြို့နယ်အချို့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များက စတင် ပြုလုပ်နေပြီ ဖြစ်...

မူးလဲခဲ့သော ဂုဏ်ပြုတပ်သား ဖမ်းဆီးခံရ

နေပြည်တော်သို့ လာရောက် လည်ပတ်သည့် အိန္ဒိယနိုင်ငံ ဒုသမတ ရှရီ အမ် ဟာမစ် အန်စရီ၏ ယခုလ ၅...

နိုင်ငံစုံ အနုပညာရှင်များက ဒေါ်စုလွတ်မြောက်ရေး စုဝေးကြမည်

နိုင်ငံပေါင်း ၂၇ နိုင်ငံမှ အနုပညာရှင်များက အမေရိကန်နိုင်ငံ နယူးယောက်၌ လာမည့် စနေနေ့တွင် တွေ့ဆုံကာ ထိန်းသိမ်းခံ ကမ္ဘာ့နိုဘယ်လ်...

- ဆရာမင်းသုဝဏ် ရာပြည့်ပွဲ ကျင်းပ click
- မင်းသုဝဏ်ရာပြည့်ပွဲ ရန်ကုန်မြင်ကွင်း (ဓာတ်ပုံသတင်း) click
- နေပြည်တော် ဥပ္ပါတသန္တိစေတီ ထီးတင်တဲ့နေ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကျဆုံးတဲ့နေ့ click
- နေပြည်တော် ဥပ္ပါတသန္တိစေတီတော်ကြီးကိစ္စနှင့် ပတ်သက်ပြီး ရခိုင်ပြည်လုံးဆိုင်ရာ သံဃာ့အဖွဲ့အစည်း အ ထွေထွေအတွင်းရေးမှူး ဆရာတော် ဦးပညာသာမိနှင့် ခေတ်ပြိုင်အယ်ဒီတာချုပ် ဦးစိန်ကျော်လှိုင် ဆက်သွယ် မေးမြန်းခန်း click
- နိုင်ငံစုံအနုပညာရှင်များက ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး စုဝေးကြမည် click
- ရန်ကုန်၌ မွန်အမျိုးသားနေ့ကျင်းပခွင့် ပိတ်ပင်ခံရ click
- မူးလဲခဲ့သော ဂုဏ်ပြုတပ်သား ဖမ်းဆီးခံရ click
- ပြည်ပရောက်အင်အားစုများ ညီညွတ်ကြပါရန် အင်္ဂါဆုတောင်းအဖွဲ့ မေတ္တာရပ်ခံ click
- တစည သတင်းစာ ရှင်းလင်းပွဲ click
- ကြက်သားရောင်းချခွင့် ပိတ်ပင် click
- ရေနံမှော်နှင့် ဆက်စပ်လုပ်ငန်းများ အခက်တွေ့ click
- မန္တလေးမီး သိန်း ၂၀၀ ကျော်ဆုံးရှုံး၊ အိမ်ခြေ ၃၂၀ ပြာကျ click
- မန္တလေးချမ်းမြသာစည်မီး အိမ်ခြေ ၃၀၀ ကျော်လောင်ကျွမ်း click
- ဂန်ဘာရီ၏ ခရီး ဘန်ကီမွန်း အကောင်းမြင် click
- အိန္ဒိယ၌တည့်သည့် ရွှေတိဂုံပုံစံတူစေတီ ထီးတော်တင် click
- မလေးရှားရှိ မြန်မာသံရုံးရှေ့တွင် အတိုက်အခံများ ဆန္ဒပြ click
- “အနုပညာကို ရောင်းမစားနဲ့ …” ဦးသုခ ဆုံးမစကားကို ပြောကြားသူ မောင်ယဉ်အောင် click
- မိမိလယ်မြေ စစ်တပ်က စပါးပေးပြီး ပြန်ငှားရ click
- ရိုဟင်ဂျာအမည်ထက် လူသားချင်းစာနာမှု ပိုမိုလိုအပ်ဟု အမျိုးသားကောင်စီ ပြောဆို (အင်တာဗျူး) click
- ခေါင်းဆောင်တဦး၏ ရုပ်ပုံလွှာ (ဆောင်းပါး) click
- အရေးကြီးပြီ သွေးနီးကြပါစို့ (၁) (ဆောင်းပါး) click
- အဝေးရောက်အစိုးရ ဘယ်တော့ပြောင်းမလဲ (ဆောင်းပါး) click
- အောင်ပွဲစစ်မှန် ညီညွတ်ရေးစာမျက်နှာသစ် (ဆောင်းပါး) click
- အကယ်ဒမီ ယတြာ (ထွေရာလေးပါး) click
- ရှားပါးလာနေသော အလုပ်အကိုင် အခွင့်အလမ်း (ဆောင်းပါး) click
- ခြံစည်းရိုး၏ အခြားတဖက်မှ မေ့ပျောက်ခံတိုက်ပွဲ (ဆောင်းပါး) click

Burma News

Tension Mounts between Wa and Burmese Army

By SAW YAN NAING
Rising tension between the United Wa State Army (UWSA) and Burmese government forces is reported by sources in Shan State and along the Sino-Burmese border.

SPECIAL REPORT

Unwanted: Dead or Alive

By SAW YAN NAING
Their countries of birth, Burma and Bangladesh, deny them citizenship while neighboring countries refuse to let them land on their shores. It seems no one wants to accept the Rohingyas.

OPINION

Burma’s Man-Made Suffering

By VORAVIT SUWANVANICHKIJ and CHRIS BEYRER
Seventy persons die every day in Burma from HIV/AIDS. The real human rights issue is that they could have been saved if not for the junta leaders’ divestment in health in favor of personal gratification.

Who is Kyaw Thu?

By MIN LWIN
Amid recent reshuffles in Burma’s military government, many observers are paying special attention to the reassignment of Kyaw Thu, the former deputy foreign minister.

Cyclone Relief Group Launches 3-Year Recovery Plan

By WAI MOE
The Tripartite Core Group that coordinates the Cyclone Nargis relief effort is seeking US $691 million for a 3-year recovery and preparedness plan.

300 Houses Destroyed in Mandalay Blaze

By MIN LWIN
An estimated 300 houses were burned down in a blaze on Monday afternoon in Myayee Nandar, but no one has been reported killed.

Mon Celebrate their National Day

By LAWI WENG
Burma’s Mon people are celebrating their National Day on Tuesday, with one major event, at Bilukyun, near the capital, Moulmein, taking place with the approval of the Burmese military.
Voice of America
ASEAN Members to Discuss Economy, Human Rights
Voice of America - USA
The focus, as always, is on economic integration, but human rights and the fate of Burmese boat people are also to be discussed. ...

See all stories on this topic

Mizzima nominated for UNESCO Press Freedom Prize

For the first time, a Burmese News Agency in exile has been nominated for a prestigious press freedom award for its commitment and dedication on striving for the larger freedom...

Bangladesh deports 26 Rohingya to Burma

The Bangladesh Rifles, the Bangladeshi border security force deported 26 Rohingya to Burma on Monday after they were arrested for illegally entering Bangladesh, a source said.

Junta tells financial institutes to check for fake kyat notes

In a secretly circulated document, Burma's Central Bank in Naypyitaw has acknowledged that fake 500 kyat currency notes were circulating in the market and it has sent an eight-point guideline...

Rohingya should be treated in humane manner: NLD

Burma's main opposition party the National League for Democracy on Tuesday urged the international community to provide humanitarian support and protection to Rohingya boatpeople, who are said to be stranded...
yclone Relief Group Launches 3-Year Recovery Plan
The Irrawaddy News Magazine - Chiang Mai,Thailand
By WAI MOE The Tripartite Core Group (TCG) of Burma has a 3-year recovery and preparedness plan and will seek US $691 million to continue the Cyclone Nargis ...
Bangladesh deports 26 Rohingya Burma
Mizzima.com - New Delhi,Delhi,India
by Solomon New Delhi (Mizzima) – The Bangladesh Rifles, the Bangladeshi border security force deported 26 Rohingya to Burma on Monday after they were ...
The Irrawaddy News Magazine
Tension Mounts between Wa and Burmese Army
The Irrawaddy News Magazine - Chiang Mai,Thailand
By SAW YAN NAING Rising tension between the United Wa State Army (UWSA) and Burmese government forces is reported by sources in Shan State and along the ...
Czech Happenings
Czech Republic to receive further refugees from Burma
Czech Happenings - Pragues,Czech Republic
Prague - The Czech Republic will receive another group of 16 refugees from Burma who will arrive in Prague on Thursday and will be granted asylum right ...

olunteer needed to present comedy act with Fringe Report prize in ...
Stage - London,England,UK
Fringe Report Awards founder John Park has appealed for a volunteer willing to travel thousands of miles to present Burma's best-known dissident performers ...
Cole to lead Smithsonian's African Art museum
The Associated Press
WASHINGTON (AP) — A former college president and anthropology professor has been named director of the Smithsonian's National Museum of African Art. ...
Nowhere to sail
Indian Express - New Delhi,India
So why are the Rohingyas leaving Burma? First of all, the military junta that rules Burma has a strict policy on who they classify as a Burmese citizen; ...
Police called to stop scuffle at TN job center
Knoxville News Sentinel - Knoxville,TN,USA
Some of the applicants were brought to the center from Nashville by World Relief, a Christian nonprofit that works with refugees from countries like Burma, ...
Washington Times
Museum head chosen
Washington Times - Washington,DC,USA
Angelina Jolie and Brad Pitt want to adopt another baby, this time from Burma, says Denverpost.com, citing a report from London's Daily Mail. ...

Blogs Alert for: Burma news

News | Human Rights Watch
By Human Rights Watch
More news ». Darfur. Zimbabwe. Burma. Early on August 25, 2008, Sudanese police and national security forces conducted what they described as a weapons search and seizure operation at the Kalma displaced persons camp in South Darfur. ...
- http://www.hrw.org/en/rss/news
Massive Rem Koolhaas Structure Gutted by Fire in Beijing ...
By Andy
Massive Rem Koolhaas Structure Gutted by Fire in Beijing · Retrial of SD Firefighter Gay Pride Harassment Case Nears End · Towleroad Guide to the Tube #428 · News: Melrose Place, Matthew Mitcham, Wyoming, BAFTAs, Bolivia .... Broadcast Typos (1), Brody Jenner (10), Brokeback Mountain (57), Bromance (1), Bruce LaBruce (1), Bruce Springsteen (1), Bruce Weber (8), Bryan Singer (10), Budapest (5), Buenos Aires (4), Buju Banton (2), Bulgaria (9), Bullying (46), Burma (5) ...
CMS's Web Diary: Burma Democratic Concern
By noreply@blogger.com (CMS)
Burma Democratic Concern believes that the solution for the crisis of Burma is restoring democracy and rule of law. Burma Democratic Concern is embarking on flourishing democracy in Burma where everyone can enjoy the freedom of ... beliefs, assembly and rule of law that emphasizes the protection of individual rights. Posted by CMS at 10.2.09. Labels: Cool Site, myanmar, News. Burma Democratic Concern. 2009-02-10T06:47:00Z. CMS. Cool Site|myanmar|News| ...
CMS's Web Diary - http://cmsmdy.blogspot.com/
Indonesia may shelter Rohingya -- Vietnam's largest Online News ...
Indonesia has reversed its position on Rohingya boat people fleeing persecution in Burma, saying they may qualify for refugee status, news reports from Jakarta said on Sunday. Indonesia has criticised Thailand for towing ...
Vietnam RSS News Feed by Intellasia.Net - http://www.intellasia.net/news/english/
Refuge through learning - NewsTrust.net
Although a medical doctor in his home country, Nyein pursued additional education in the United States to escape persecution in Burma, now known as Myanmar. He had served five years in prison after joining the democratic ...
NewsTrust - For Review: News... - http://newstrust.net/stories/for_review/news/independent

About an article about the NCGUB written by LaMinKhin

သူတို့အတွေးသူတို့အမြင်
Dear Editor (Saffron),

I think I've downloaded an article written in Burmese by Ma Ei Khin (Leiway) her blog address www.laminkhin.blogspot.com from your site.

I have cross checked what she has written in her article with someone who has the knowledge of what had occurred. The way the NCGUB was formed and the way it carried its functions after it has been formed; how it retracted on its promise to DAB about expanding the government-in-exile has made me think that these people (if not all but most of them must have an understanding with the military regime.) The way they refused to sign the documents when the challenge to unseat the military regime from the UN and how one of the MPs living in Australia even though he was detained for some time and later released was allowed to not only leave the country in a orderly manner and leaglly he was also allowed to sell his house and take care of his affairs before leaving.

For a dissident, it was unheard of to be allowed with such privleges unless he must have an understanding with the regime. These may be the price they have paid for their liberty. The military regime knows that when someone is out of their reach they need someone planted in the midst of those who are working against them. As a media organisation you should conduct an investigation whether these could be behind the NCGUB's reluctance to be more active in working to dislodge the military government.

Since you have asked for some ideas, here is one from me.

Regards,

Tettoe