7.25.2010

အိန္ဒိယနိုင်ငံရောက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား ကန့်ကွက် ကြမှုများ(ဓါတ်ပုံသတင်း)


သတင်း(ဒီမိုဝေယံ)

မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းအတွက် တရုတ် ကုမ္ပဏီတစ်ခုနှင့် လော်စစ်ဟန်သား စာချုပ်ချုပ်

Photobucket
ရန်ကုန်၊ဇူလိုင် ၂၅။
ကချင်ပြည်နယ်ရှိ ကြီးမားလှသော မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကြီးနှင့် ပါတ်သက်၍ တရုတ်နိုင်ငံ၏ China Power Investment Corporation ( CPIC ) နှင့် စာချုပ်ချုပ်ဆိုထားပြီး ဖြစ်သော်လည်း ယခုအခါ နောက်ထပ် တရုတ် ကုမ္ပဏီ တစ်ခုဖြစ်သော  Yunnan Provincial Investment Holding Group Co Ltd ( YPIC )နှင့် မြစ်ဆုံဒေသတွင်ပင် နိုင်ချမ်းခ အမည်ရှိ ရေအားလျှပ်စစ် လုပ်ငန်းတခု လုပ်ကိုင်ရန် စာချုပ် ချုပ်ဆိုခဲ့သည်ဟု သိရပါသည်။

ယနေ့ထုတ် စစ်အုပ်စု သတင်းစာများတွင် ဖေါ်ပြချက်များအရ နိုင်ချမ်းခ ရေအားလျှပ်စစ် စီမံကိန်းနှင့် ပါတ်သက်သော သဘောတူစာချုပ်ကို YPIC နှင့် International Group of Entrepreneurs ( IGE ) Co. Ltd of Myanmar တို့သည် အမှတ်(၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၏ အဆင့်မြင့် အရာရှိများတို့နှင့် အတူ နေပြည်တော်တွင် ပြီးခဲ့သော သောကြာနေ့က စာချုပ် ချုပ်ဆိုခဲ့ သည်ဟု ဆိုပါသည်။ 
မြန်မာစစ်တပ် အာဏာရှင်များနှင့် နီးစပ်သည့်  IGE ကုမ္ပဏီသည် ရေအားလျှပ်စစ် လုပ်ငန်း တည်ဆောက် ရေး လုပ်ငန်းများကို အဓိက တာဝန်ခံ ဆောင်ရွက်ရမည် ဖြစ်ပါသည်။ 
မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့ ကတည်းက စတင် တည်ဆောက် ခဲ့ခြင်းဖြစ်ပါသည်။ 
နိုင်ချမ်းခ ရေအားလျှပ်စစ်စီမံကိန်းမှ လျှပ်စစ်ဓာတ်အား ၁၀၅၅ မီဂါဝပ် ထွက်ရှိမည်ဟု ခန့်မှန်းထားပြီး ထို လျှပ်စစ် ဓာတ်အားများကို မဟာ ဓာတ်အားလိုင်းကြီးများသွယ်၍ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်သို့ ရောင်းချ မည် ဖြစ်ပါသည်။ 
စစ်အုပ်စု၏ လျှပ်စစ်စွမ်းအင် ဝန်ကြီးဌာနမှ အမည်မဖေါ်လိုသော အဆင့်မြင့် အရာရှိ တစ်ဦးက ပြောပြရာ တွင်မူ နိုင်ချမ်းခ ရေအားလျှပ်စစ် စီမံကိန်းမှ လျှပ်စစ်အား မီဂါဝပ် ၃၆၀၀ ထွက်ရှိမည်ဖြစ်ပြီး ထို လျှပ်စစ် ဓါတ်အား အားလုံးကို တရုတ်နိုင်ငံ ယူနန်ဒေသသို့ ရောင်းချရန် တရုတ် အာဏာပိုင်များနှင့် သဘော တူညီမှု ရရှိပြီး ဖြစ်သည်ဟု ဆိုပါသည်။
ထိုစီမံကိန်းအရ မြစ်ကြီးနားမြို့၏ မြောက်ဘက် ၄၂ ကီလိုမီတာခန့်ကွာဝေးသော မေခနှင့် မလိခမြစ်များ ဆုံစည်းရာ ဧရာဝတီမြစ်ဆုံ ဒေသကို ရေကာတာပြုလုပ်၍ ရေအားလျှပ်စစ် ထုတ်လုပ်ပြီး ရရှိလာသော လျှပ်စစ်ဓာတ်အားများကို တရုတ်နိုင်ငံ တောင်ပိုင်း ယူနန်ဒေသသို့ ဓာတ်အားလိုင်းများသွယ်၍ ပေးပို့ရန် စီစဉ်ထားပြီး ဖြစ်သည်ဟု ၄င်းမှ ပြောပြပါသည်။ 
ထိုစီမံကိန်းကို အကောင်အထည်ဖေါ်ခွင့်ရသော မြန်မာ ကုမ္ပဏီမှာ Asia World လက်အောက်ခံ ကုမ္ပဏီ တစ်ခုဖြစ်ပြီး တစ်ချိန်က မူးယစ်ဆေးဝါးဖြန့်ချီသူ ဘိန်းရာဇာ လော်စစ်ဟန်၏ သားဖြစ်သူ ဦးထွန်းမြင့်နိုင် ပိုင်ဆိုင်သော ကုမ္ပဏီ ဖြစ်ပါသည်။
ပြည်တွင်း သတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)