2.01.2010

Burma's News World's News



White Phosphorus attack on UN compound 15 January 2009
Israel reveals it has reprimanded two officers over an artillery attack in Gaza in which white phosphorus was used.

Iraqi female bomber kills dozens
At least 41 people are killed and more than 100 injured in a suicide bomb attack on Shia pilgrims in north-east Baghdad.
Somali Islamists 'join al-Qaeda'
Somali Islamist rebel group al-Shabab confirms for the first time that its fighters are aligned with al-Qaeda's global campaign.

UN Best Hope for Change in Burma

By ALBERTO TURLON
In the absence of results from engagement with the Burmese regime, the UN remains the best hope for change in Burma.

No Progress in KIO-Junta Border Guard Force Meeting

By SAW YAN NAING
Top Burmese generals and KIO leaders fail to bridge differences on the regime's border guard force order

Jailed 88 Generation Leaders Refuse to Compromise

By BA KAUNG
Burma's military authorities try unsuccessfully to pressure Min Ko Naing and Ko Ko Gyi into accepting the government's election process in return for their release.

Karen Health Worker Wins Award

By THE IRRAWADDY
The 2009 Padoh Mahn Sha Award has been given to Saw Nyunt Win for his community work

Nine Burmese Job Seekers Killed in Thailand

By SAW YAN NAING
Nine Burmese job seekers have been killed by unknown gunmen near the Thai-Burmese border town of Mae Sot.

Chinese Ambassador Meets Burmese Minister as Uncertainty Mounts on the Sino-Burmese Border

By WAI MOE
The Chinese ambassador to Burma met with a Burmese minister on Friday as the junta renews efforts to persuade cease-fire groups to accept its Border Guard Force plan.
'We Will Fight,' Says Mon Leader
By LAWI WENG
A Mon leader rallies a crowd to oppose the Burmese military regime at a Mon National Day festival.

Electoral preparations dominating junta actions generals


Although there is as yet no election date set, campaigning by supporters of the junta is in full ...
Burma has nuclear ambitions: report
Burma’s military junta nurses nuclear ambitions, though there is insufficient evidence ...
Indian tourists to visit Burma on land route
A group of Indian tourists are geared to visit military-ruled Burma, through the border ...
Transparency needed to save Burma’s tiger population
Conservationists worry that the lack of reliable information regarding the natural habitat ...
‘I quit the army because I’m not proud’

Feb 1, 2010 (DVB)–A Burmese junior officer has blamed government policy after deserting the army and fleeing to a location on the Thai-Burmese border. - more


Bomb discovered near Wa office

Feb 01, 2010 (DVB)–A bomb was discovered near the office of a major ceasefire group and defused last week – while plotters are still at large, according to local sources. - more

ILO အရာရှိ ကာရီ တာပီအိုလာ နှင့် တွေ့ဆုံခြင်း

E-mail Print
ဖင်လန်နိုင်ငံဖွား ကာရီ တာပီအိုလာ (Kari Tapiola) သည် ဂျနီဗာအခြေစိုက် အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (ILO) ၏ အမှုဆောင်ညွှန်ကြားရေးမှူးအဖြစ် ၁၉၉၆ ခုနှစ်မှ စတင်တာဝန်ယူလာခဲ့သူ ဖြစ်သည်။ ပြီးခဲ့သည့် အပတ်က မြန်မာစစ်အစိုးရ ရုံးစိုက်ရာမြို့တော် နေပြည်တော်သို့ သွားရောက်ခဲ့ပြီး မြန်မာ နိုင်ငံ အတွင်း လုပ်အားပေးခိုင်းစေမှု အခြေအနေကို ကုလသမဂ္ဂက စောင့်ကြည့်လေ့လာရေး သဘောတူညီချက် သက်တမ်း ၁ နှစ် တိုးနိုင်ခဲ့သည်။

kari_tapiola_interview

ကာရီ တာပီအိုလာ (Kari Tapiola)

မြန်မာနိုင်ငံတွင် ရှိနေစဉ်ကာလအတွင်း သူက အလုပ်သမားဝန်ကြီး ဦးအောင်ကြည် အပါအ၀င် အခြားအရာရှိများနှင့် တွေ့ဆုံခဲ့ပြီး လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်နှင့် အလုပ်သမားများ လွတ် လပ်စွာ စုစည်းခွင့်ဆိုင်ရာကိစ္စများကို ဆွေးနွေးခဲ့ သည်။ သူက လုပ်အားပေး ခိုင်းစေခံရသည်ဟု သတင်း ရရှိသည့် နေရာများကိုလည်း သွားရောက် ခဲ့ပြီး ILO အဖွဲ့သို့ သတင်းပေးတိုင်ကြားမှုကြောင့် ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များနှင့်လည်း တွေ့ဆုံခဲ့သည်။ ကာရီ တာပီအိုလာက ဧရာဝတီ သတင်းထောက် ဘကောင်း၏ မေးခွန်းများကို ဖြေကြားခဲ့ပါသည်။

မေး။ ။ ILO အရာရှိတွေနဲ့ အလုပ်သမားဝန်ကြီး ဦးအောင်ကြည်တို့အကြားမှာ အဓိကဆွေးနွေးခဲ့တဲ့ အကြောင်း အရာတွေက ဘာတွေလဲ။ မြန်မာစစ်အစိုးရနဲ့ သဘောတူညီမှုအသစ်တွေ ရခဲ့တာရှိလား။

ဖြေ။ ။ အဓိက ခေါင်းစဉ်တွေကတော့ လုပ်အားခိုင်းစေခံရလို့ တိုင်ကြားမှုတွေနဲ့ပတ်သက်လို့ လုပ်ငန်းစဉ်တွေ ဘယ်လို လည်ပတ်ဆောင်ရွက်မယ် ဆိုတဲ့ ကိစ္စတွေနဲ့ လူအများကြား ပိုမိုသိမြင်လာစေရေး မြှင့်တင်ဆောင်ရွက်ဖို့ ကိစ္စတွေပါ။ အဲဒါအပြင် ကလေးငယ်တွေကို စစ်တပ်အတွင်း စည်းရုံးသိမ်းသွင်းနေတာကို တားဆီးကာကွယ်ဖို့နဲ့ လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့် ကိစ္စတွေအပေါ်ကိုလည်း သီးခြားဆွေးနွေးခဲ့တာတွေ ရှိပါတယ်။

ထပ်ဆင့် နားလည်မှုစာချွန်လွှာ စမ်းသပ်ကာလ သက်တမ်းတိုးဖို့လည်း သဘောတူ လက်မှတ်ရေးထိုး ခဲ့ကြပါတယ်။ အဲဒါက ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလက စတင်ထူထောင်ခဲ့တဲ့ အိုင်အယ်လ်အိုရဲ့ ဆက်သွယ်ရေး အရာရှိက တိုင်ကြားမှုတွေလက်ခံဖို့ လုပ်ငန်းစဉ်ပါ။ အခုဟာက တတိယအကြိမ်မြောက် သက်တမ်းထပ်တိုး တာပါ။ နောက်ထပ် ၁ နှစ် ၂၀၁၁ ခုနှစ်အထိပါ။ ပုံစံကတော့ မပြောင်းလဲပါဘူး။

မေး။ ။ မြန်မာနိုင်ငံမှာ လုပ်အားပေးခိုင်းစေမှု နောက်ဆုံးအခြေအနေက ဘယ်လိုလဲ။ အသက်မပြည့် သေးတဲ့သူတွေကို စစ်တပ်ထဲ စည်းရုံးသွတ်သွင်းတာနဲ့ပတ်သက်ပြီး ခင်ဗျားထင်မြင်ချက်ကို ပြောနိုင်မလား။

ဖြေ။ ။ လုပ်အားပေးခိုင်းနေတဲ့ကိစ္စက မြန်မာနိုင်ငံတ၀ှမ်းမှာ ပြဿနာတစ်ခုအဖြစ် ဆက်ရှိနေတုန်းပါ။ အတိအကျ ကိန်းဂဏန်းတွေ မရနိုင်သလို၊ အခုအချိန်မှာ တိုင်းတာနိုင်မယ့် နည်းလမ်းတွေလည်း မရှိပါဘူး။ လုပ်အားပေးခိုင်းတာ အဆုံးသတ်သင့်ပြီဆိုတဲ့ အသိအမြင်ကတော့ အရပ်ဘက်အာဏာပိုင်တွေကြားမှာ ပိုကျယ်ပြန့် တိုးပွားလာပါတယ်။ ဒါပေမယ့်လည်း စစ်တပ်အတွင်းမှာ သည်လိုပဲလားဆိုတာတော့ မပြောနိုင်ပါဘူး။ အရပ်ဘက်က အာဏာပိုင်တွေရော၊ စစ်တပ်ဘက်က အာဏာပိုင်တွေရော ပါဝင်ပတ်သက်နေတဲ့အကြောင်း တိုင်ကြားချက်တွေ ကျနော်တို့ ရရှိနေပါတယ်။ စစ်တပ်ကိုယ်နှိုက်ကလည်း စီးပွားရေးလုပ်ငန်းတွေ အကြီး အကျယ် လုပ်ကိုင်နေတာပါ။

ကလေးတွေကို စစ်တပ်ထဲ သွတ်သွင်းနေတာက ပြဿနာပါ။ ဒါကိုတော့ အဆင့်မြင့်အရာရှိပိုင်းတွေမှာ သဘောပေါက်နေကြပါပြီ။ ကျနော်တို့ အရွယ်မရောက်သေးသည့် ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေးကော်မတီနဲ့ တွေ့ဆုံပြီး ဘယ်လို အသက်ခွဲခြားသလဲ၊ စစ်တပ်က ပြန်နုတ်ထွက်စေတဲ့ လုပ်ငန်းစဉ်၊ ကျူးလွန်သူတွေအပေါ် အရေးယူတဲ့ကိစ္စတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ ကြပါတယ်။

ကျနော်တို့ အများဆုံးရရှိတဲ့ တိုင်ကြားမှုတွေကတော့ အသက်မပြည့်သေးသူတွေကို တပ်သားအဖြစ် သွတ်သွင်း နေတဲ့ ကိစ္စတွေပါ။ အဓိပ္ပာယ်အရ ပြောရမယ်ဆိုရင် ဒါဟာ အဓမ္မလုပ်အားခိုင်းတာ တစ်မျိုးပါပဲ။ အခုလုပ်ငန်းစဉ် ပထမကာလ ၂ နှစ် (၂၀၀၇-၂၀၀၈) မှာ ကလေး ၄၂ ယောက်ကို ပြန်လွှတ်ပေးစေနိုင်ခဲ့ပါတယ်။ အချိန်အားဖြင့် ပျမ်းမျှ ၁၄၅ ရက်လောက် အချိန်ယူကြရပါတယ်။ ၂၀၀၉ ခုနှစ်မှာတော့ ရက်အားဖြင့် ၁၀၆ ရက်လောက် အကြာမှာ ကလေး ၃၀ လောက် ပြန်လွတ်လာပါတယ်။ အမှုအရေအတွက်က တိုးတက်လာပြီး အဖြေရှာနိုင်ဖို့ အချိန်က တိုတောင်းလာပါတယ်။ လွန်ခဲ့တဲ့အပတ်က ကျနော် မြန်မာနိုင်ငံထဲ ရှိနေတုန်း အသက်မပြည့် သေးသူကို စစ်တပ်ထဲ သွတ်သွင်းခံရတဲ့ သတင်းတိုင်ကြားမှု ၃ မှု ရှိပါတယ်။ လက်တွေ့အရတော့ အစိုးရက နှိုင်းယှဉ်ချက်အရ ပိုပြီးလျင်လျင်မြန်မြန် အပြုသဘောနဲ့ တုံ့ပြန်ဆောင်ရွက်ပါတယ်။ တခြား အဓမ္မ လုပ်အား ခိုင်းစေတဲ့ အမှုတွေကတော့ ပိုရှုပ်ထွေးပါတယ်။

မေး။ ။ လွန်ခဲ့တဲ့နှစ်က လူထုတွေဆီက တိုင်ကြားမှုတွေ တိုးလာသလား။ မြန်မာနိုင်ငံမှာ လုပ်အားပေး ခိုင်းစေခံရလို့ နစ်နာရသူတွေကို ILO က ဘယ်အတိုင်းအတာအထိ ကူညီနိုင်ပါသလဲ။

ဖြေ။ ။ တိုင်ကြားမှုက များပြားလာပါတယ်။ အဓိကကတော့ အသက်မပြည့်သေးသူတွေ စစ်သား စုဆောင်း ခံရတဲ့ ကိစ္စတွေ များပါတယ်။ တခြား အဓမ္မလုပ်အားခိုင်းစေခံရတဲ့ ပုံစံမှာတော့ တိုင်ကြားမှုတွေ နည်းလာပါ တယ်။ ကျနော် ထင်တာတော့ တိုင်ကြားလို့၊ တိုင်ချင်တဲ့သူတွေကို ကူညီပေးလို့ ဖမ်းဆီးတာတွေ၊ ထောင်ချတာ တွေ ရှိနေလို့ပါ။ ဒီကိစ္စတွေက အကျယ်အပြန့် သိနေကြတယ်၊ တိုင်ကြားဖို့ မ၀ံ့ဘူး ဖြစ်လာကြတယ်။

မေး။ ။ ရန်ကုန် ILO ရုံးကို တိုင်ကြားစာပို့လို့ ဖမ်းဆီးခံရတဲ့ နစ်နာရသူ ကာယကံရှင်တွေကို လွှတ်ပေးဖို့ ခင်ဗျား တောင်းဆိုခဲ့သေးလား။ ‘လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်’ အကြောင်း ဆွေးနွေးတော့ အစိုးရက ဘယ်လို တုံ့ပြန်ပါသလဲ။

ဖြေ။ ။ အခြားကိစ္စတွေလိုပဲ အခု တိုင်ကြားမှုလုပ်ငန်းစဉ်ကို အသုံးပြုချင်တဲ့သူတွေ၊ ILO ကို ထိတွေ့ ဆက်ဆံချင်သူတွေကို အားလုံး ထောင်ကပြန်လွှတ်ပေးဖို့ ကျနော် တောင်းဆိုပါတယ်။ ဒီအမှုတွေက သိပ်ပြီး အရေးကြီးပါတယ်။

ILO ရဲ့အာဏာပိုင်အဖွဲ့ (Governing Body) က ထောက်ပြသလိုပဲ ဒီအမှုတွေ ဖြေရှင်းနိုင်မှသာ တိုင်ကြားမှု လက်ခံရေး လုပ်ငန်းစဉ်တွေ အလုပ်ဖြစ်နိုင်ပါလိမ့်မယ်။ ကျနော်တို့က လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်နဲ့ အလုပ်သမားတွေ လွတ်လပ်စွာ စုစည်းခွင့်အကြောင်း အခြေခံသဘောတရားနဲ့ မူတွေကို ဆွေးနွေးခဲ့ကြပါတယ်။ အမြင်ဖလှယ်တော့ တက်တက်ကြွကြွ ဆွေးနွေးကြပါတယ်။ ၀န်ကြီးအများအပြား ပါဝင်သလို၊ ရှေ့နေချုပ်ရုံးနဲ့ တရားသူကြီးချုပ် ရုံးကလည်း ပါဝင်ခဲ့ကြပါတယ်။ အခုကိစ္စတွေက အခြေခံကျတဲ့ ပြဿနာတွေပါ။ အရေး အကြီးဆုံး ကတော့ တရားဝင်လှုပ်ရှားနိုင်တဲ့ အလုပ်သမားအဖွဲ့အစည်းတွေ လုံးဝမရှိတဲ့အချက်ပါဘဲ။

မေး။ ။ ရန်ကုန်မှာရှိတဲ့ ILO ရုံးနဲ့ အစိုးရ ပူးပေါင်းဆောင်ရွက်မှုအပေါ်မှာ ခင်ဗျား ကျေနပ်ပါရဲ့လား။ အစိုးရက ILO ရုံးနဲ့ ပိုပြီး ပူးပေါင်းဆောင်ရွက်လာတယ်လို့ ထင်ပါသလား။

ဖြေ။ ။ ကျနော်တို့ အလုပ်သမားဝန်ကြီး ဦးအောင်ကြည်နဲ့၊ အလုပ်အဖွဲ့ထဲ ပါနေကြတဲ့ အခြားဝန်ကြီးဌာနတွေက ညွှန်/ချုပ် အဆင့် ကိုယ်စားလှယ်တွေနဲ့ အလုပ်သဘော ဆက်ဆံရေး ကောင်းမွန်ပါတယ်။ သူတို့က တိုင်ကြား ချက်တွေကို အစိုးရကနေ ဆက်လက်ဆောင်ရွက်ကြပါတယ်။ ယေဘုယျအားဖြင့် ပူးပေါင်းဆောင်ရွက်မှု တိုးတက် လာပါတယ်။ ဒါပေမယ့် အဓမ္မလုပ်အားပေးခိုင်းမှု နိဂုံးချုပ်အောင် ရေရှည်ဆက်သွားဖို့အတွက် လိုအပ်တဲ့ အဆင့်တွေကို မရောက်သေးပါဘူး။ ပူးပေါင်းဆောင်ရွက်မှု တိုးတက်လာလိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။ အဓမ္မလုပ်အားခိုင်းမှု ပြဿနာက ရှုပ်ထွေးသလို အကျယ်အပြန့် ထိတွေ့ဆက်ဆံဖို့လည်း လိုအပ်ပါတယ်။ အဖွဲ့အသီးသီး အကြား၊ အရပ်သားတွေနဲ့ စစ်တပ်အကြား ပူးပေါင်းဆောင်ရွက် ဖြေရှင်းမှသာ ဖြစ်နိုင်မှာပါ။

မေး။ ။ မြန်မာနိုင်ငံမှာ အလုပ်သမားအခွင့်အရေး အခြေအနေတွေ တိုးတက်ဖို့ ၂၀၁၀ ပြည့်နှစ်အတွက် ILO ဘာအစီအစဉ်တွေ ရှိသလဲ။

ဖြေ။ ။ တခုပြန်သတိရဖို့က အခုကာလမှာ လုပ်ဆောင်နေတဲ့အတိုင်း အိုင်အယ်လ်အိုရဲ့ လုပ်ပိုင်ခွင့်တာဝန်က လုပ်အားပေး ခိုင်းစေမှုကို နိဂုံးချုပ် အဆုံးသတ်နိုင်ရေးအတွက် ကူညီပေးဖို့ပါ။ အခုရည်ရွယ်ချက်ကို ၁၉၉၈ ခုနှစ်က လေ့လာစုံစမ်းရေးကော်မရှင်ရဲ့ အကြံပြုချက်တွေ၊ အဲသည်အချိန်ကစလို့ ချမှတ်ခဲ့တဲ့ အိုင်အယ်လ်အိုရဲ့ ဆုံးဖြတ်ချက်တွေနဲ့ တည်ထောင်ခဲ့တာပါ။ ၂၀၁၀ အတွက် ကျနော်တို့ အစီအစဉ်ကတော့ တိုင်ကြားမှု တွေလက်ခံတဲ့ လုပ်ငန်းစဉ်မှာ ပိုပြီး အပြည့်အ၀ လုပ်ကိုင်ဆောင်ရွက်နိုင်ဖို့ပါ။ ဒီလုပ်ငန်းနဲ့ ပတ်သက်တဲ့ ဥပဒေ လုပ်ထုံးတွေ အပေါ်မှာလည်း အပြည့်အ၀ လေးစားလိုက်နာလာဖို့ပါ။ အကယ်၍ လုပ်အားပေးခိုင်းစေမှုတွေ သိသိသာသာ ကျဆင်းလာဖို့ ဆိုရင်တော့ ပိုပြီး အသိပညာပေးမှုတွေ၊ လူအများက သတိထားမိလာအောင် ဆောင်ရွက်တဲ့ လုပ်ငန်းတွေ ပိုလိုအပ်ပါတယ်။

ရိုးရှင်းလွယ်ကူစွာ ရေးသားဖော်ပြထားတဲ့ လက်ကမ်းစာစောင်တွေ ထုတ်ဖို့ အစိုးရ သဘောတူညီပါတယ်။ ဒီစာစောင်တွေကို အခုလုပ်ငန်းစဉ်မှာ အသုံးချနိုင်ပါလိမ့်မယ်။ သေချာတာကတော့ နိုင်ငံရေး အခြေအနေ တွေကိုလည်း ကျနော်တို့က စောင့်ကြည့်နေပါတယ်။ ဖြစ်လာတဲ့ အခြေအနေအပေါ် အပြုသဘော တုံ့ပြန် သွားမှာပါ။ ။

မြန်မာ့သတင်း ကမ္ဘာ့သတင်း

Afghan President Hamid Karzai speaks during a press conference at the presidential palace in Kabul, Afghanistan on Sunday, 31 Jan. 2010-AP

အာဖဂန်နစ္စတန် အစိုးရအပေါ် တိုက်ခိုက်နေတာတွေကို ရပ်ပြီး နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်ခံဖို့ အာဖဂန်သမ္မတ ဟာမစ် ကာဇိုင်းက တာလီဘန် ခေါင်းဆောင်တွေကို ထပ်မံပြောကြားလိုက်ပါတယ်။
Bingu Wa Mutharika_Malawi president

စစ်အစိုးရနှင့်  KIO နယ်ခြားစောင့် တပ်အတွက် သဘောတူညီမှု မရသေး

ကိုယ့်ဘာသာ ကိုယ်ရောင်းတာ ဘာဖြစ်လဲ ... ဘာဖြစ်လဲ ...

E-mail Print

စစ်အစိုးရနှင့် KIO နယ်ခြားစောင့် တပ်အတွက် သဘောတူညီမှု မရသေး

စစ်အစိုးရ တာဝန်ရှိသူများနှင့် ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) ခေါင်းဆောင် တချို့တချို့တို့ မြစ်ကြီးနား မြို့တွင် တွေ့ဆုံ ဆွေးနွေးခဲ့ ကြသော်လည်း နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အစီအစဉ်
သူ့ရဲ့ အင်းလျားကန်စောင်းက နေ့ရက်များ

သူ့ရဲ့ အင်းလျားကန်စောင်းက နေ့ရက်များ

“ဒါ ကျမကိုယ်တိုင် လုပ်ထားတာပေါ့” လို့ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ရှေ့နေ ဦးဉာဏ်ဝင်းကို ရေခဲမုန့်နဲ့ ဧည့်ခံရင်း ပြောလိုက်တယ်။ ပြီးတော့ သူက “အရည် ပျော်မသွားခင် မြန်မြန်လေး စားလိုက်ပါဦး” လို့

မဲဆောက် အမှိုက်ပုံ ကျောင်းတွင် နိုင်ငံတကာ ဆပ်ကပ်ပွဲ ပြသ

မဲဆောက်မြို့ “ကောင်းကင်ပြာ” စာသင်ကျောင်းနှင့် ထိုကျောင်း တည်ရှိရာ အမှိုက်ပုံတွင် နေထိုင်သူများကို နိုင်ငံတကာ ဆပ်ကပ် ပညာရှင်များက ယနေ့ သွားရောက် ဖျော်ဖြေခဲ့ကြသည်။

ဖဒိုမန်းရှာလားဖန်း လူငယ်ခေါင်းဆောင်ဆု စောညွန့်ဝင်းရရှိ

ဗြိတိန်နိုင်ငံ အခြေစိုက် ဖန်းဖောင်ဒေးရှင်းက ၂၀၀၉ ခုနှစ်အတွက် “ဖဒိုမန်းရှာလားဖန်း လူငယ့် ခေါင်းဆောင်ဆု” ကို ကရင် တိုင်းရင်းသား စောညွန့်ဝင်းကို ချီးမြှင့်ကြောင်း ယမန်နေ့က ကြေညာလိုက်သည်။

ဆယ်တန်းစာမေးပွဲ ခိုးကူးစာအုပ်ငယ် ဈေးကွက် ကြီးမားလာ

ဆယ်တန်း စာမေးပွဲတွင် စာကူးဖြေသူ များအတွက် အထူးစီမံ ထုတ်လုပ်ထားသော စာအုပ်ငယ် ဈေးကွက်သည် ရန်ကုန်တွင် တနှစ်ထက် တနှစ် ပိုမို ကြီးမားလာသည်။ယခုနှစ်အတွက် ဆယ်တန်း စာမေးပွဲ

မြန်မာ ၉ ဦး၏ ရုပ်အလောင်း နယ်စပ်တွင်တွေ့

ထိုင်း - မြန်မာ နယ်စပ် မဲဆောက်မြို့နှင့် ဖုတ်ဖရမြို့အကြား လမ်းတလျှောက်တွင် သေနတ် ဒဏ်ရာဖြင့် သေဆုံးနေသော မြန်မာပြည်သား ၉ ဦးကို ကြာသပတေး နေ့က စတင်တွေ့ရကြောင်း ထိုင်း စာနယ်ဇင်း

ရုရှ ကိုလူလည်နဲ့ မြန်မာ့လေယာဉ်အရောင်းအ၀ယ်
ဝေလင်း /၁ ဖေဖော်ဝါရီ ၂၀၁၀

ပြီးခဲ့တဲ့ (၃) လလောက်က မြန်မာ့သဘာဝဓာတ်ငွေ့ ရောင်းချရတဲ့ငွေ အမေရိကန်ဒေါ်လာ (၄) ဘီလီယံကျော်လောက် စာရင်းပျောက်တဲ့ကိစ္စ မီဒီယာသတင်းတွေထဲ ပျံ့လွင့်ခဲ့ပါတယ်။ ရလိုက်တဲ့ ဒေါ်လာတွေကို လက်ရှိပေါက်ဈေးနဲ့ (တဒေါ်လာ ၆ ကျပ်နှုန်းနဲ့) ဖြတ်ပြီး ကျန်တာတွေ နအဖ ဗိုလ်ချုပ်များအိတ်ကပ်ထဲ ရောက်ကုန်ပြီလို့ တချို့က ပြောကြပါတယ်။


အပစ်ခတ်ရပ်စဲရေး ဆက်ထိန်းသွားလိုကြောင်း မွန်ပြည်သစ် ပြောကြား

ဝီရ / ၁ ဖေဖော်ဝါရီ ၂၀၁၀

“နယ်ခြားစောင့်တပ်ကိစ္စ လက်မခံတာကြောင့် နအဖနဲ့ ကျနော်တို့ပါတီ အကြားမှာ တင်းမာမှုတွေ ပိုများလာတယ်။ ဒါပေမယ့် စစ်ရေးအရ ဖိအားပေးတာမျိုး ရှိခဲ့ရင်တော့ ကျနော်တို့ဘက်ကလည်း ပြန်ကာကွယ် ရလိမ့်မယ်။ ငြိမ်းချမ်းရေးကို ကျနော်တို့ဘက်က စဖျက်မှာတော့ မဟုတ်ဘူး။ ဒါကြောင့် ဒါကို ထိန်းသိမ်းသွားဖို့က .... ” အပြည့်အစုံသို့

မီးပျက်ချိန် (၃) ဆပိုလာမည့် အချိန်ဇယားသစ် ထုတ်ပြန်

မျိုးဝင်းဇော် / ၁ ဖေဖော်ဝါရီ ၂၀၁၀
“လက်ရှိ ပြောင်းလဲပြီး အချိန်ဇယား ထုတ်ပြန်ထားတယ် ဆိုပေမယ့် ဒီအချိန်ဇယား ....” အပြည့်အစုံသို့
မဲဆောက်အနီး တောထဲတွင် မြန်မာ (၇) ဦးသေဆုံးမှု မြို့နယ်ရဲတပ်ဖွဲ့ဝင်များ အစီရင်ခံစာတင်ရ

ရဲရင့်/ ၁ ဖေဖေါ်ဝါရီ ၂၀၁၀
“ကျနော်က ဘန်ကောက်မှာ အလုပ် လုပ်တယ်။ ကျနော့်မိန်းမက ရွာမှာ ကလေး...”အပြည့်အစုံသို့
ရန်ကုန်မြို့တွင်း ဒိုင်နာပြေးခွင့်ပိတ်၍ ခရီးသွားပြည်သူများ အခက်တွေ့
တက်လူ/ ၁ ဖေဖော်ဝါရီ ၂ဝ၁ဝ
“ရန်ဖြစ်နေတာလားလို့ ရုတ်တရက်တော့ ထင်မိတယ်။ ကားမှတ်တိုင်မှာ လူတွေ ၀ိုင်းအုံနေတာပဲ။ အနားရောက် တော့မှ ကားစောင့်နေတဲ့သူတွေ ...” အပြည့်အစုံသို့
ပို့ကုန်မှရသည့် ဒေါ်လာငွေဈေးနှုန်း၊ ပုံမှန်ထက်မြင့်တက်
ခိုင်လင်း/ ၁ ဖေဖော်ဝါရီ ၂ဝ၁ဝ
“အခုဒေါ်လာဈေးက (၁,ဝ၂ဝ) ရှိတယ်။ အန်နင်က (၁,၁၁ဝ) ရှိတယ်။ (၉ဝ) လောက် ဟသွားတယ်။ အဲဒီမှာ ကုမ္ပဏီတွေက (၅ဝ) ထည့်ပေါင်း...”အပြည့်အစုံသို့
နီပေါ လုမ္ဗနီဥယျာဉ်က သမိုင်းဝင်ဦးသန့်ဇရပ်ကို ဖျက်သိမ်းကြတော့မှာလား
မိုးမခစာဖတ်သူတဦး - နီပေါ
ဇန်န၀ါရီ ၃၁၊ ၂၀၁၀
မိုးမခ၀ိုင်းတော်သားများခင်ဗျား …
အပြည့်အစုံသို့ ...

မြို့ပြသူပုန်
ခင်မမမျိုး
Monday, February 01, 2010

“တောမှာ သူပုန်ထရင် သူပုန်နဲ့ ဓားပြတွေ၊ မှောင်ခိုတွေကို ရောထွေးပြီး အထင်လွဲအောင် အာဏာရှင်တွေက လုပ် တတ်တယ်။ ဒီလိုပဲ မြို့မှာ သူပုန်ထရင်လဲ သူပုန်တွေနဲ့ ရာဇဝတ်မှု လုပ်နေသူတွေကို ရောထွေးပြီး အထင်လွဲအောင် လုပ်ခံရတတ်တယ်။ ဒါပေမယ့် သူပုန် ဆိုတာမှာက ဘာနဲ့မှ မတူတဲ့ ဝိသေသ တွေရှိတယ် ...... အပြည့်အစုံသို့


ယာယီနိုင်ငံကူးလက်မှတ်ကြောင့် အလုပ်သမားများ ဌာနေသို့ အပြန်များ
Mon 01 Feb 2010, နိုင်စန်း၊ မင်းဇနူး
ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသည့် မြန်မာရွေ့ပြောင်းအလုပ်သမားများ ယာယီနိုင်ငံကူးလက်မှတ်လုပ်ရမည့်ကိစ္စကြောင့် ဌာနေသို့ ယမန့်နှစ်ကထက် အပြန်များကြောင်း ..
February 1, 2010 – 5:41 am | No Comment

ဖေဖော်ဝါရီလ ၁ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ဝေါ်လေခီးဂွင်တွင် အခြေစိုက်လှုပ်ရှားနေသော နအဖ စစ်တပ်သည် ၎င်းတို့တပ်ရိက္ခာပို့ ဆောင်ရန်အတွက် ဒေသခံ ရွာသားများကို ရက်အတန်ကြာ ခေါ်ယူခိုင်းစေနေသည့်အတွက် ပြီးခဲ့သည့်ရက်အနည်းငယ်က ရွာ သားသုံးဦး ထိုင်းနယ်စပ်သို့ ထွက်ပြေးလာခဲ့သည်။


image

စိုင်းတင်ချောင်းကို သွားလာခွင့် ပိတ်ပြီ

၂၊၁၊၂၀၁၀

ဘူးသီးတောင် မြို့နယ် စိုင်းတင်ချောင်းတွင် ရေအားလျှပ်စစ် စီမံကိန်းကို စတင် အကောင်အထည် ဖေါ်နေပြီ ဖြစ်သဖြင့် အဆိုပါ ဒေသ အနီးတ၀ိုက်သို့ အရပ်သားများ သွားလာခွင့်ကို ပိတ်ထားလိုက်ပြီ ဖြစ်သည်ဟု သိရသည်။ အပြည့်အစုံသို့

ကာကွယ်ရေး တက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်ချုပ် မြ၀င်း အငြိမ်းစားယူ

မန္တလေးတိုင်း ပြင်ဦးလွင်မြို့(မေမြို့)၌ ဖွင့်လှစ်ထားသော နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် မှ ကျောင်းအုပ် ကြီး ဗိုလ်ချုပ်မြ၀င်းသည် မကြာသေး ခင်က ရာထူးမှ အနားယူလိုက်ကြောင်း စစ်ဘက်သတင်းရပ်ကွက် တစ်ခု အဆိုအရ သိရသည်။

ကရင့်တော်လှန်ရေးနေ့အကြို ကေအဲန်ယူ ဥက္ကဌ စောတာမ လာဘော၏ မိန့်ခွန်း, သဝဏ်လွှာ,သံဃာ့နာယကအဖွဲ့နှင့် ပြည်သူသို့ပန်ကြားလွှာ

KNU Pre Speech on 61st Karen Revolution Day



more


more


more


more


more | audio


more


more

လယ်သမားအရေးဆောင်ရွက်ပေးသူ ရှေ့နေအမှု အထူးအယူခံ ပြန်လည်ကြားနာမည်
၂၀၀၉ ဖဒိုမန်းရှာ လူငယ်ခေၝင်းဆောင်ဆု ဖန်းရံပုံငွေအဖွဲ့ ချီးမြၟင့်
ကရင့်တော်လှန်ရေး ၆၁ နှစ်ပြည့် အခမ်းအနား ကရင်အမျိုးသားအစည်းအရုံးကျင်းပ

လူကုန်ကူးသူများက မြန်မာအလုပ်သမား၉ဦးအား သေနတ်ဖြင့်ပစ်သတ်

ဖေဖေါ်ဝါရီလ ၁။ ၂၀၁၀ ။ကိုတီး(ရခိုင့်တံခွန်ဂျာနယ်)

မဲဆောက်မြို့ မှ ဘန်ကောက်မြို့ သို သွားသည့် ယခင်လမ်းဟောင်း မဲလမောင်း လမ်းအနီး တောစပ်ထဲတွင် မြန်မာ အလုပ်သမ အလောင်းများ တွေ့ရှိရကြောင်း ထိုင်းအမှတ်၃ ရုပ်မြင်သံကြားလိုင်းက ယမန်နေ့ညက ထုတ်လွှင့်ပြသ သွားခဲ့သည်။

မဲဆောက်မြို့ နှင့် အနီးပတ်ဝန်းကျင် မြန်မာအလုပ်သမားများ တီတိုးပြောဆိုနေသော သတင်းကို ကြားသိရသော ထိုင်းရုပ်မြင်သံကြား လိုင်းအမှတ်၃မှ သတင်းထောက်များက မဲဆောက်ရဲစခန်းကို သွားရောက် အင်တာဗျူး မေးမြန်းစဉ်၊ ဖုဖရား ရွာသားအချို့ က သူတို့ ရွာအနီး တောထဲတွင် မြန်မာအလုပ်သမ နှစ်ဦး အလောင်းတွေ့ ရှိမှုကို လာရောက်တိုင်ကြားစဉ်နှင့် တိုက်ဆိုင်နေသည်။

ဇန္န၀ါရီလ ၂၇ နေ့ က လူကုန်သူများက မြန်မာ(ကျား+မ) ၁၂ဦးအား ဘန်ကောက်သို့ ပို့ ဆောင်ရန် လူတစ်ဦးစီ ဘတ် တစ်သောင်းစီ ယူဆောင်ပြီးနောက်၊ မဲဆောက်မြို့ မြောက်ဘက် ကံဖေဗစ်သို့ ပို့ဆောင်ရန်လာခဲ့သည်။ ဖထို့နောက် လူကုန်ကူးသူများက လူသူကင်းဝေးသည့် တောထဲသို့ ခေါ်ဆောင်လာခဲ့ပြီးနောက် မိန်းကလေးများ အား မတရားပြုကျင့်ပြီး ဦးခေါင်းကို သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်း ဖြစ်သည်။ လူ၉ဦးကို သတ်ဖြတ်ပစ်ခဲ့ သော်လည်း လူ၃ဦးမှာ ထွက်ပြေးလွတ်မြောက်လာပြီး မဲဆောက်ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့သည်။

ယခင်က ၄လောင်း တွေ့ရှိခဲ့ရပြီး ယခု၂လောင်း ထပ်မံတွေ့ရှိရကြောင်း ရဲစခန်းတွင် ရွာသားများက ထွက်ဆိုသည်။ ဦးခေါင်းတွင် သေနတ်ဒဏ်ရာနှင့် ထိုအလောင်း ၂ လောင်းမှာ တစ်ဦးက နန်းသင်းဇေါ် နှင့် နန်းယာမာ တို့ ဖြစ်ကြောင်း ကရင်အလုပ်သမားများကို ကိုးကားပြီး ထိုင်းTV 3 က ထုတ်လွှင့်သွားသည်။

၂၀၀၃ ခုနှစ်ကလည်း အလားတူ ဦးခေါင်းတွင် သေနတ်ပစ်သတ် ခံရသည့်ပုံစံနှင့် တကြီမ်ဖြစ်ပွါးခဲ့ဘူးပြီး ၂၀၀၇ တွင်လည်း လူ၈ဦးတို့ ထိုနည်းအတိုင်း သေဆုံးခဲ့ဖူးသည်။ အသတ်ခံရသည့် မြန်မာအလုပ်သမား မိသားစုများ ကလည်း ထိုင်းရဲများကို တိုင်ကြားခြင်း မပြုကြသည့်အပြင် သက်သေများကလည်း လူကုန်ကူးသူများ ကပြန်လည် အန္တရာယ်ပြု သတ်ဖြတ်မည်ကို စိုးရိမ်သဖြင့် လူကုန်ကူးသူများကို ဖေါ်ထုတ်အရေးယူနိုင်ခြင်း မရှိခဲ့ကြကြောင်း ရှင်းပြသည်။ ထို့အပြင် လူကုန်ကူးမှုများကို ဖေါ်ထုတ်ရန် လူအများ မ၀ံ့မရဲဖြစ်နေခြင်းမှာ အဆိုပါ လူကုန်ကူးမှု တိုင်းတွင် အာဏာပိုင်များ ကိုယ်တိုင်ပါဝင် ပတ်သက်မှု ရှိနိုင်သည်ဟူသော ယူဆချက်ကြောင့် ဖြစ်နိုင်သည်ဟု ထိုင်း တီဗီ ၃ ကဆိုသည်။ အောက်ခြေမှာ အောက်ခြေအလျောက်၊ အပေါ်ပိုင်းတွင် အပေါ်ပိုင်းအလျောက် ဆက်နွယ်မှုရှိခြင်းကြောင့် လူကုန်ကူးမှု တိုက်ဖျက်ရေးကို ရဲတပ်ဖွဲ့ဝင်များ ဖမ်းဆီးခြင်းမရှိခြင်း ဖြစ်နိုင်ကြောင်း ထိုင်းTV 3 ကထုတ်လွှင့် သွားခဲ့ပါသည်။

မဲဆောက် ရဲစခန်း တာဝန်ရှိသူများက လူကုန်ကူးသူများအနေဖြင့် အခကြေးငွေများကို ရယူထားပြီး အဆိုပါ လူများကို ဘန်ကောက် အရောက်အထိ ပို့ ဆောင်ရမည့် တာဝန်ကို မယူလိုတော့သည့် အတွက် ယခုကဲ့သို့ အပျောက်ရှင်းလိုက်ခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုသည်။

ယခုကဲ့သို့ လုပ်ရပ်များအား အမြန်ဆုံး အမှုမှန်ပေါ်ပေါက်ရေး အတွက် မဲဆောက်ရဲစခန်းက ကြိုးစားဖေါ်ထုတ် သွားမည်ဖြစ်ကြောင်း ထိုင်းTV 3 သို့ ပြောဆိုသွားသည်။