8.19.2008

UN Envoy Begins Burma Visit မစၥတာ ဂမ္ဘာရီ ရန်ကုန်ရောက်


18 August 2008


Ibrahim Gambari (file photo)
Ibrahim Gambari (file photo)
U.N. special envoy Ibrahim Gambari began a five-day visit to military-ruled Burma Monday.

The trip is expected to focus on restarting stalled talks between the opposition National League for Democracy and the country's military rulers.

Gambari has visited Burma four times since the country's military rulers carried out a bloody crackdown on democracy protests last September.

Previous talks have yielded few results.

Western diplomats in Rangoon say Gambari will try to persuade Burma's military junta to revive its dialogue with detained opposition leader Aung San Suu Kyi and address the key issue of political prisoners.

The former Nigerian foreign minister is expected to meet directly with Aung San Suu Kyi, who has been held under house arrest for more than 12 of the past 18 years.

On Sunday, Burma's military government allowed Aung San Suu Kyi, a Nobel peace laureate, to meet with her lawyer at her Rangoon home for over four hours.

မစ္စတာ ဂမ်ဘာရီ ရန်ကုန်ရောက်
နိုင်ငံရေးပြုပြင်နိုင်ဖို့ မျှော်လင့်ချက်နည်းဟု အတိုက်အခံဘက်က မြင်



မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည်သင့်မြတ်ရေး ကြားဝင်ဆောင်ရွက်ပေးနေသည့် ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် မစ္စတာ အီဘရာဟင် ဂမ်ဘာရီသည် ယနေ့ နံနက်က မြန်မာနိုင်ငံသို့ ရောက်ရှိလာကြောင်း ရန်ကုန်မြို့ရှိ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (ယူအန်ဒီပီ) ရုံးက အတည်ပြု ပြောကြားသည်။

ယူအန်ဒီပီရုံး သတင်းအချက်အလက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ဦးအေးဝင်းက “ရောက်နေ
ပါပြီ။ မြရိပ်ညိုဟိုတယ်မှာ တည်းပါတယ်။ မနက် (၉) နာရီလောက်က ရောက်တာပါ။ တွေ့မယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး ဘာမှ ကြိုတင်ပြောလို့ မရသေးပါဘူး။ သိတဲ့အခါ ကျနော်ပြောမှာပါ”
ဟု ပြောကြားသည်။

မစ္စတာဂမ်ဘာရီသည် မြန်မာနိုင်ငံ၌ (၅) ရက်ကြာ နေထိုင်မည်ဖြစ်ပြီး ကုလသမဂ္ဂ အထွေထွေ
ညီလာခံက အပ်နှင်းထားသည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံး၏ လုပ်ပိုင်ခွင့်အရ မြန်မာအစိုးရ နှင့် အခြားသက်ဆိုင်သူများ အားလုံးအကြား စေ့စပ်ညှိနှိုင်းပေးရေး ဆက်လက်ဆောင်ရွက် သွားမည်ဟု မစ္စတာဂမ်ဘာရီက ပြောကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားသည်။

မစ္စတာဂမ်ဘာရီအနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) နှင့်တွေ့ဆုံရန် ယခု အထိ အကြောင်းကြားလာခြင်း မရှိသေးသော်လည်း တွေ့ခွင့်ရမည်ဟု မျှော်လင့်ထားကြောင်း
အန်အယ်လ်ဒီ သတင်းနှင့်ပြန်ကြားရေးအဖွဲ့ဝင် ဒေါက်တာဝင်းနိုင်က ပြောသည်။

၎င်းက “နိုင်ငံတော် အာဏာပိုင်တွေက သူတို့မှာ ဆန္ဒမရှိဘူး။ တွေ့ဆုံဆွေးနွေးဖို့ အတိုက်အခံနဲ့ စကားပြောဖို့ ဆန္ဒမရှိဘူး၊ ကိုယ့်သဘောနဲ့ကိုယ် ဆက်လုပ်မယ်ဆိုရင်တော့ ယူအန်က အသုံးချ
ခံရတဲ့ သဘောလောက်ပဲရှိမယ်။ နိုင်ငံတကာ အတိုင်းအတာအရ သူတို့တတ်နိုင်သလောက်
ကြိုးစားမှာပဲ။ ခု မအောင်မြင်လည်း နောက်ထပ်ကြိုးစားဦးမှာပဲ။ အောင်မြင်ခြင်း မအောင်မြင်ခြင်း ဆိုတာ သက်ဆိုင်တဲ့လူတွေရဲ့ တိုင်းပြည်အပေါ်မှာထားတဲ့ စေတနာအပေါ်မှာ အများကြီးမူတည် တယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ခရီးစဉ်များအတွင်း သိသာထင်ရှားသည်ရလဒ် ထွက်မလာသဖြင့် ယခုခရီးစဉ်အတွက် လည်း ဘာကိုမှ မျှော်လင့်မထားကြောင်း အမျိုးသားပြန်လည် သွေးစည်းညီညွတ်ရေးအတွက် တွေ့ဆုံဆွေးနွေးရေး မရှိမဖြစ် ဆောင်ရွက်ရမည်ဖြစ်သဖြင့် အတတ်နိုင်ဆုံးကြိုးစားသွားမည်ဟု ဒေါက်တာ ၀င်းနိုင်က ဆက်လက်ပြောသည်။ မြန်မာစစ်အစိုးရဘက်မှ Road Map အစီအစဉ်တိုင်း အဓမ္မဆက်သွားမည့်ပုံပေါ်နေသဖြင့် မြန်မာ့နိုင်ငံရေးအတွက် အကောင်းဘက်က မျှော်လင့်စရာ နည်းပါးသည်ဟု ရန်ကုန် နိုင်ငံရေးအသိုင်းအ၀ိုင်းက ပြောသည်။

မစ္စတာဂမ်ဘာရီ မြန်မာနိုင်ငံလာရောက်ခါနီး ယမန်နေ့နံနက်ပိုင်း၌ စစ်အစိုးရက ဒေါ်အောင်ဆန်း စုကြည်ကို နေအိမ်အကျယ်ချုပ်အယူခံဝင်ရေးကိစ္စ ဆွေးနွေးရန် သူမ၏ ရှေ့နေဦးကြည်ဝင်းနှင့် ဒုတိယအကြိမ် တွေ့ခွင့်ပေးခဲ့ပြီး၊ သူမ၏ မိသားစုဆရာဝန် ဒေါက်တာ တင်မျိုးဝင်းနှင့်လည်း
တွေ့ခွင့်ပေးလိုက်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ပြောသည်။

မစ္စတာ ဂမ်ဘာရီ၏ ယခု ခရီးစဉ်သည် ယမန်နှစ် စက်တင်ဘာအရေးအခင်းအပြီး မြန်မာနိုင်ငံသို့ (၄) ကြိမ်မြောက် သွားရောက်ခြင်းဖြစ်ပြီး ပြီးခဲ့သည့် မတ်လ (၆) ရက် ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်း ဆန္ဒခံယူပွဲမတိုင်ခင်က နောက်ဆုံးအကြိမ် သွားရောက်ခဲ့သည်။

ထိုခရီးစဉ်၌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ခွင့်မရဘဲ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော် ဆန်း ခေါင်းဆောင်သည့် နအဖ ပြောရေးဆိုခွင့် အာဏာပိုင်အဖွဲ့နှင့် (၂) ကြိမ်၊ ဒေါ်အောင်ဆန်း စုကြည်နှင့် (၂) ကြိမ်၊ ဆန္ဒခံယူပွဲကျင်းပရေး ကော်မရှင်၊ အန်အယ်လ်ဒီ၊ တစည၊ ကြံ့ဖွံ့၊ အိုင်စီ အာစီ စသည်တို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။ ယင်းခရီးစဉ်ကို မျှော်လင့်ထားသလောက် အောင်မြင်မှုမရခဲ့ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ထုတ်ဖော်ပြော ကြားခဲ့သည်။ ။

ငါးကျမ်းပြန်ကျောင်းတိုက် ဆရာတော်များရဲ့ နာဂစ်အလွန် မြန်မာကလေးသူငယ်များ စောင့်ရှောက်ရေး အစီအစဉ် လက်ကမ်းစာစောင်ထွက်ရှိ

ငါးကျမ်းပြန်ကျောင်းတိုက် ဆရာတော်များရဲ့ နာဂစ်အလွန် မြန်မာကလေးသူငယ်များ စောင့်ရှောက်ရေး အစီအစဉ် လက်ကမ်းစာစောင်ထွက်ရှိ
မိုးမခ အထောက်တော် ၀၀၃

သြဂုတ် ၁၃၊ ၂၀၀၈

၂၀၀၈ မေလ ၂ ရက် နာဂစ်မုန်တိုင်းသင့်ပြီးနောက် ကယ်ဆယ်စောင့်ရှောက်ရေး လုပ်ငန်းများကို အလှူဒါနပြု စေတနာဝန်ထမ်း ဆောင်ရွက်လျက်ရှိသော မြန်မာဘုန်းတော်ကြီးကျောင်းများ၊ ဘုန်းတော်ကြီးများအနက် သင်္ကန်းကျွန်း ငါးကျမ်းပြန် ကျောင်းတိုက်၏ အစီအစဉ်တခုအဖြစ် နာဂစ်လွန် မြန်မာကလေးသူငယ်များ စောင့်ရှောက်ရေး နှိုးဆော်သည့် လက်ကမ်းစာစောင်တခု ထွက်ရှိလာသည်ကို တွေ့ရသည်။

မိဘမဲ့၊ အုပ်ထိမ်းသူမဲ့နေသည့် ကလေးသူငယ်များကို စာရင်းကောက်ယူခြင်း၊ ခိုလှုံရန် စီစဉ်ခြင်းနှင့် ပညာသင်ကြားပေးခြင်းတို့ ပြုလုပ်ရန်နှင့် အများအကျိုးမဲ့စေသည့် လမ်းမှားများသို့ မရောက်စေရန်တို့ကို ရည်ရွယ်ပြီး ကိုယ့်အားကိုယ်ကိုး ကုသိုလ်ဖြစ် ထူထောင်သော "Child Aid Foundation" - ကလေးသူငယ်များ စောင့်ရှောက်ရေး အဖွဲ့ ဖြစ်သည်ဟု စာစောင်တွင် ပါရှိသည်။

ငါးကျမ်းပြန်ကျောင်းတိုက်ဆရာတော် ဦးဓမ္မပီယက ရှင်းလင်းပြောကြားရာတွင် - နာဂစ်မုန်တိုင်းသင့်ထားသည် မြန်မာပြည်၏ နေရာဒေသတို့သည် မပြီးဆုံးသေးသော ပန်းချီကားကြီးတခုကို ကြည့်ရသည်နှင့်တူကြောင်း၊ အစစအရာရာ ရေရှည် ၀ိုင်းဝန်း ထူထောင်ရေးတို့ကို အများပြည်သူတို့က ဆက်လက်ဆောင်ရွက်နေရမည် ဖြစ်ကြောင်း၊ ကလေးသူငယ်များမှာ လူကြီးများထက် အားနည်းနိမ့်ကျသဖြင့် ကူညီစောင့်ရှောက်မှုများ အထူးလိုအပ်ကြောင်း၊ ကိုယ်တိုင် မွေးစားခြင်း၊ မမွေးနိုင်ပါက ခိုလှုံသည့်ဌာနများ၊ မိသားစုများကို စာရိတ်ထောက်ပံ့ခြင်း သို့မဟုတ် ပညာရေး ဆုံးခမ်းတိုင် သင်ကြားပေးခြင်း စသည့် အလုပ်တာဝန်များကို ခွဲခြမ်းပြီး ယူကြရန် လိုအပ်ကြောင်း၊ သို့ဖြစ်ပါ၍ ယခုလို ကမကထပြု ဆောင်ရွက်ခြင်း ဖြစ်ကြောင်း မိုးမခသို့ ပြောကြားသည်။

ဆရာတော် ဦးဆောင်သော တကာ၊ တကာမများ စေတနာရှင်များအဖွဲ့သည် မေ၊ ဇွန်၊ ဇူလိုင်လများအတွင်းက ကယ်ဆယ်ရေး ခရီးစဉ် ၆ ကြိမ်ထက် မနည်း သွားရောက်ခဲ့သည်။ ပြည်တွင်း ပြည်ပက အလှူခံရရှိသမျှကို စုဆောင်းလက်ခံလျှက် ကုန်းလမ်း၊ ရေလမ်း သာမက ခြေလျင်ခရီးများနှင့် ရွာစွန် ရွာဖျားများအထိ ကိုယ်တိုင် ကိုယ်ကျ သွားရောက် ဆောင်ရွက်ခဲ့ကြသည်ဟု ဆိုသည်။

ဆရာတော်နှင့်တကွ အခြား မြန်မာပြည်အသီးသီးက သာသနာပြု ဆရာတော်များ အချင်းချင်း တိုင်ပင်အသိပေးကြလျက် အလှူရှင်များ၊ စေတနာဝန်ထမ်း လုပ်အားပေးများ၊ ဒေသခံ ပြည်သူ့ အင်အားများနှင့် ထိရောက်သော အလှူဒါန လုပ်ငန်း၊ ကယ်ဆယ်ရေးနှင့် စောင့်ရှောက်ရေး လုပ်ငန်းတို့ ဆောင်ရွက်နိုင်ခဲ့သည်ဟု မျက်မြင်တို့က မှတ်ချက်ပေးသည်။

ဆရာတော်ကို ဆက်လက်ဆောင်ရွက်စရာရှိသည့် ကူညီစောင့်ရှောက်ရေး ကဏ္ဍများအကြောင်းကို မေးမြန်းကြည့်ရာတွင် -

စံပြ ကျေးရွာများ တည်ဆောက်ပေးခြင်း၊ ထိုကျေးရွာများတွင် ဘေးရန်များကို ကာကွယ်နိုင်မည့် ခိုင်ခန့်သည့် အရေးပေါ်အဆောက်အဦ ဆောက်လုပ်ပေးခြင်း၊ ဥပမာ ၂ ထပ် ကျောင်းဆောင်များ ဆောက်လုပ်ထားပြီး အောက်ထပ်ကို စာသင်ကျောင်းများအဖြစ် သာမန်အချိန်တွင် သုံးစွဲခြင်း၊ စားရေ ရိက္ခာများ ထောက်ပံ့ လှူဒါန်းခြင်း၊ ဆေးကုသ ပြုစုမှု ကာကွယ်မှုများ ဆောင်ရွက်ခြင်း၊ လူမှုဘ၀များ ပြန်လည်ထူထောင်နိုင်အောင် ထောက်ကူခြင်းနှင့် ယခုအစီအစဉ်ကဲ့သို့ ကလေးသူငယ်များ စောင့်ရှောက်ခြင်း တို့ကို ဆောင်ရွက်နိုင်ပါက မုန်တိုင်းသင့် ဒေသများနှင့် ပြည်သူတို့ အကျိုးရှိမည်ဟု ဖြေကြားသည်။

"ဆရာတော်ကြီးတွေဆိုရင် ပထမ ၀တ္ထု (ငွေကြေး) နဲ့ အမိုးအကာတွေ ရွာခံတွေကို ပေးလှူလိုက်တယ်။ ဒုတိယ ကွင်းဆင်းကြည့်ပြီး တကယ်ဆောင်ရွက်နိုင်သလား၊ တခြား အခက်အခဲတွေ ရှိသလားဆိုတာကို ကြည့်ပြီးတော့မှ နောက်ထပ် ဆက်ပြီး ထောက်ပံ့တယ်။ အဲသည်တော့ နှစ်ဦး နှစ်ဖက် အလုပ်လုပ်ရတာ အကျိုးရှိတယ်။ တိုးတက်မှုတွေကိုလည်း မြင်ရတယ်။ …" ဟု ဆရာတော်က အမိန့်ရှိသည်။

ကျေးရွာများတွင် အရေးပေါ် အဆောက်အဦများကို ဆောက်လုပ်ရာတွင် ကုလနှင့် နိုင်ငံတကာ ထောက်ပံ့ရေးအဖွဲ့များ၏ သတ်မှတ်သည့် စာရိတ်ထက် သက်သာအောင်၊ စာတွေ့ထက် လက်တွေ့ကျအောင် ဆောက်လုပ်နိုင်ကြလျင် ကျေးရွာ အမြောက်အများကို သဘာဝဘေးဒဏ်ကာကွယ်ရေး ဆောင်ရွက်နိုင်မည် ဖြစ်သည်ဟု ဆရာတော်က မိန့်ကြားသည်။ ကမ္ဘာတွင် သဘာဝဘေးအန္တရာယ်တို့ တောက်လျောက် နှောက်ယှက်နေကြပြီ ဖြစ်ရာ နာဂစ်မုန်တိုင်း တခါဝင်ပြီးနောက်ပိုင်း နောက် မလာနိုင်တော့ဘူးဟု မပြောနိုင်ကြတော့ကြောင်း၊ ယခုဆိုလျင် ဂေဟစနစ်တို့ကို မုန်တိုင်းဖျက်ဆီးလိုက်ပြီးနောက်ပိုင်း သဘာဝဘေးတို့ ပို ရင်ဆိုင်ရဖွယ်ရှိသည်ဟု မှတ်ချက်ပေးသည်။

မိုးမခဘလော့မှကုးယူဖေါ်ပြပါသည်။