1.03.2010

Burma's News World's News



US embassy in Sanaa - file image
The US warns al-Qaeda may be planning an attack in Yemen's capital, where US and UK embassies have been shut.

Petition against Iceland pay-out
Almost 25% of Iceland's voters sign a petition against a bill to repay foreigners who lost money in the Icesave banking collapse.

Fire guts parts of Ghana market
Fire destroys parts of one of Africa's biggest markets - at Kumasi in Ghana - the second fire there in less than a year.

The government is mulling ways to keep embattled Deputy Public Health Minister Manit Nopamornbodi in cabinet, as pressure increases on him to resign for his part in alleged mismanagement of an 86 billion baht health budget.

Southern deja vu

As they did in renewing the southern violence six years ago, extremists have again exploded bombs and torched six schools in the southernmost provinces.

Iran on the edge

EXCLUSIVE An ex-spy and aide to the supreme leader says the government is falling, and Teheran must move closer to the US.

Bouncing back

The 2004 tsunami widowed Trisha Broadbridge but the Australian is determined to see good come from the tragedy of 230,000 lost lives.

Burma Marks New Year with Pay Raise

E-mail Print

2 January 2010: A new salary increase for government employees will take effect on January 31, 2010, the Burmese Treasury Department has confirmed.


Chin Athletes Won Medals In SEA Games 2009

E-mail Print

30 December, 2009: Three Chin athletes representing Burma won four medals at the 25th SEA Games held in Vientiane, the capital city of Laos in December 2009.

တပ်မတော်သားချင်းတော့ မတူပါလေ

ရဲဘော်ဟောင်းလှစိန်

ဇန်န၀ါရီ ၃၊ ၂၀၁၀

၂၀၀၉ ခုနှစ် ခရစ်စမတ်နေ့ မှာ သမ္မတ အိုဘားမား နဲ့ သမ္မတကတော်တို့က နိုင်ငံကို မိန့်ခွန်းပြောပါတယ်။ မိန့်ခွန်း ပြောတဲ့နေရာမှာ မိသားစု နဲ့ ဝေးကွာတဲ့ နေရာတွေမှာ တာဝန်ထမ်းဆောင် နေကြတဲ့ တပ်မတော်သား တွေကို အဓိကထားပြီးတော့ အားပေးစကား၊ ဂုဏ်ပြုစကား၊ ကျေးဇူးစကားနဲ့ တနိုင်ငံလုံးက ဝိုင်းပြီး တတ်နိုင်တဲ့ ဘက်ကနေ ပံ့ပိုးကြဖို့ပြောသွားပါတယ်။

အမေရိကန်သမ္မတဟာ အရွေးကောက်ခံ ပုဂ္ဂိုလ်ပါ။ စစ်တပ်က ဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ်မှူးကြီးမဟုတ်ပါဘူး။ အမေရိကန် နိုင်ငံဟာလဲ ဒီမိုကရေစီနိုင်ငံပါ။ စစ်တပ်အုပ်ချုပ်တဲ့ နိုင်ငံ မဟုတ်ပါဘူး။ ဒါပေမယ့် တပ်မတော်သား တွေကို တန်ဖိုးထားပါတယ်။ နိုင်ငံရဲ့ လုံခြုံရေးအတွက် အသက်ကိုစွန့်ထားတဲ့လူတွေအဖြစ်နဲ့ ဂုဏ်ပြုပါတယ်။ တပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်မှုထမ်းဟောင်းတွေရဲ့ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ အလုပ် အကိုင် အဖက်ဖက်က ဖြည့်စီးပေးပါတယ်။

မြန်မာနိုင်ငံလို စစ်တပ်က အုပ်ချုပ်နေတဲ့နိုင်ငံ အစိုးရက စစ်မှုထမ်းဟောင်းတွေကို ဘယ်လိုဖြည့်ဆီးပေးပါသလဲ။ ကျန်းမာရေးအတွက် ဘာတွေ အမှန်တကယ် တာဝန်ယူပေးသလဲ။ စစ်မှုထမ်းဟောင်းတွေ စစ်ဆေးရုံတွေမှာ ကုသခွင့်ရှိတယ်ဆိုပေမယ့် ဘယ်လောက်ဂရုစိုက်သလဲ။ မိသားစု အသုံးစရိတ်မလောက်လို့ စာအုပ်လိုက် ရောင်းနေရတဲ့ စစ်မှုထမ်းဟောင်းတွေ ဒုနဲ့ဒေး၊ သူငယ်ချင်း ဗိုလ်ချုပ်တွေထံမှာ ပါမစ်လိုက်တောင်း နေရတဲ့ အရာရှိ အငြိမ်းစားတွေ ဒုနဲ့ဒေးပါ။

အဲဒါ ဘာဖြစ်လို့လဲ။ နိုင်ငံတော်အစိုးရဆိုတဲ့ လက်ရှိဗိုလ်ချုပ်ကြီးတွေကလို့ စစ်မှုထမ်းဟောင်းတွေကို တာဝန် မယူလို့ပါ။ ခေတ်စကားနဲ့ ပြောရရင် “စားပြီး နားမလည် …” လုပ်နေတာပေါ့။ တိုက်ပွဲမှာ သက်စွန့်ဆံဖျား တိုက်ခိုက် ပေးခဲ့တာတွေကို တာဝန်မယူတဲ့သဘောပါ။ လက်ရှိတာဝန်ထမ်းဆောင်နေသူတွေ အငြိမ်းစား ယူရင်လဲ စာအုပ်လိုက်ရောင်းတဲ့ ဘဝ၊ ပါမစ်လိုက်တောင်းတဲ့ဘဝ ကို ရောက်ကြရမှာပါ။

အမေရိကန်သမ္မတက သူရဲ့နှစ်သစ်ကူး အားလပ်ရက်မှာ စစ်တန်းလျားတွေကို သွားရောက်လည်ပတ်ပါတယ်။ ပေါ့ပေါ့ပါးပါး သာမန်ဝန်ထမ်းတစ်ယောက် အနေနဲ့ ရဲဘော်တွေ၊ အရာရှိအရာခံ အကြပ်တပ်သားတွေနဲ့ ဘားတိုက်မှာ ထမင်း အတူစားပါတယ်။ သူ့အတွက် သီးသန့် စားပွဲနဲ့ အစားအသောက်တွေ ပြင်ဆင်မပေး ရပါဘူး။ ရဲဘော်တွရေဲ့ ထမင်းဝိုင်းမှာ အတူဝင်စားရင်း လွတ်လွတ်လပ်လပ် စကားပြောဆိုကြပါတယ်။ ရဲဘော် တွေရဲ့ တကယ့်ဘဝကို ခံစားကြည့်ပါတယ်။ စစ်တပ်အုပ်ချုပ်တဲ့ လက်ရှိမြန်မာနိုင်ငံမှာ ဘယ်ဗိုလ်ချုပ် တယောက်ကများ ရဲဘော်တွေနဲ့ ထမင်းတစ်ဝိုင်းထဲ စားဖူးပါသလဲ၊ ရဲဘော်တွေရဲ့ တကယ့်ဘဝကို ခံစား ကြည့်ဖူးပါသလဲ။

အမေရိကန်နိုင်ငံမှာ တပ်မတော်သားတဦး တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားရင် အလောင်းကို ရတဲ့နည်းနဲ့ ယူပြီး မိသားစုဆီကို ပို့ပေးပါတယ်။ (အလောင်းမရနိုင်တော့ရင်တောင် အရိုးကို ရအောင် ပြန်ယူပါတယ်။ ဗီယက်နမ်စစ်ပွဲကို နမူနာကြည့်ပါ။) ပြီးတော့ စစ်သင်းချိုင်းမှာ တစ်ခမ်းတနား သင်ဂြိုလ်ပါတယ်။ သမ္မတ ကိုယ်တိုင်က လက်မှတ်ရေးထိုးပြီး ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ပါတယ်။ စစ်အစိုးရအုပ်ချုပ်တဲ့ မြန်မာ နိုင်ငံမှာ ဘယ်လိုဆက်ဆံခံရသလဲ ဆိုတာ လက်ရှိဗိုလ်ချုပ်မှူးကြီးကတော် ဒေါ်ကြိုင်ကြိုင် အသိဆုံးပါ။ တပ်ရေး ဗိုလ်ကြီး၊ တပ်ရင်းမှူးဇနီး (အလွန်ဆုံးပေါ့) လာပြီးအကြောင်းကြား၊ ဝမ်းနည်းကြောင်းပြော၊ ရက်လည်ပြီးတာနဲ့ တပ်ကထွက်ပေတော့ ပြီးရင် အဆင်ပြေသလို ကြည့်နေပေတော့။

ဒီလောက်ဆိုရင် ဒီမိုကရေစီနိုင်ငံက တပ်မတော်သားတယောက်ရဲ့ဘဝနဲ့ စစ်အစိုးရအုပ်ချုပ်တဲ့ နိုင်ငံက တပ်မတော်သားတယောက်ရဲ့ ဘဝ အကြမ်းဖျင်းလောက်တော့ မှန်းလို့ရပါပြီ။ ဗုဒ္ဓဘာသာမှာ ဗုဒ္ဓက "သူဟာ လမ်းပဲ ညွှန်ပေးလို့ရတယ် ကိုယ့်ဟာကိုယ်ကြိုးစားရမှာ" လို့ ပြောခဲ့သလို ခရစ်ယာန်ဘာသာမှာလဲ ဘုရားသခင် ဆီချည်းကပ်မှ ဘုရားသခင်က ကယ်တင်ပေးနိုင်တယ် လို့ ဆိုပါတယ်။ (မူဆလင်ဘာသာမှာလဲ ဒီအတိုင်း ဆင်ဆင်ပဲ ဖြစ်မယ်လို့ ယူဆပါတယ်။) လက်ရှိတပ်မတော်သားတွေ အနေနဲ့ တပ်က အငြိမ်းစားယူပြီးရင် စာအုပ်ရောင်းစားချင်သလား၊ အပတ်စဉ်အတူတူ သူငယ်ချင်းတွေဆီမှာ ပါမစ်လိုက်တောင်းမလား။ နိုင်ငံတော်ရဲ့ အစီအစဉ်နဲ့ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး အဆင်ပြေပြေနေချင်သလား စဉ်းစားကြပါ။ တိုက်ပွဲမှာ အသက်ပေးခဲ့ရရင်လဲ မိသားစုကို ဘယ်လိုထားခဲ့ချင်သလဲ၊ သမ္မတကိုယ်တိုင်က ဂုဏ်ပြုတာကို ခံချင်သလား၊ တပ်ရေးဗိုလ်ကြီးကလာ အကြောင်းကြားပြီး ပြီးသွားတာကို လိုချင်သလား။ လိုချင်တဲ့ ဘဝကို ကြိုးစားမှ၊ လိုချင်တဲ့ဘက်ကို ချဉ်းကပ်ရမှာကတော့ လက်ရှိရဲဘော်တို့ရဲ့တာဝန်ပါပဲ။

လွတ်လပ်ရေးသစ္စာအဓိဋ္ဌာန် ကိုးချက်။

အောင်စေသတည်း ….

မြန်မာသက္ကရာဇ် (၁၃၀၉) ခုနှစ်၊ ပြာသိုလပြည့်ကျော် (၉) ရက်၊ ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ (၄) ရက်နေ့ ၊ တနင်္ဂနွေ နေ့ ကောင်းမြတ်သော မင်္ဂလာအချိန်အခါ၌ ဤ ငါတို့ မြန်မာနိုင်ငံတွင် လုံးဝလွတ်လပ်သော အချုပ်အခြာ အာဏာပိုင် ပြည်ထောင်စုသမတ နိုင်ငံတော်ကြီး အဖြစ်သို့  ရောက်စေသတည်း။






























၁။ ငါတို့သည် ဤနေ့ ဤအချိန်မှစ၍ ငါတို့အား လွတ်လပ်သောလမ်းသို့ ပို့ဆောင်ခဲ့သော ငါတို့၏ ခေါင်းဆောင်ကြီး ဗိုလ်ချူပ်အောင်ဆန်း ချမှတ်ခဲ့သည့် လမ်းစဉ်အတိုင်း တစ်သွေမတိမ်း ချီတက်မည်။

၂။ ငါတို့ သည် ဤနေ့ ဤအချိန်မှစ၍ ငါတို့ သည် ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး၏ သစ္စာကို မသွေမဖည် စောင့်ထိမ်းမည်။

၃။ ငါတို့ သည် ဤနေ့  ဤအချိန်မှစ၍ လွတ်လပ်သောနိုင်ငံသားတို့ ၏ မွန်မြတ်သော အခွင့်အရေးကို ခံယူသည့်နည်းတူ လွတ်လပ်သောနိုင်ငံသားတို့ ၏ တာဝန်နှင့် ၀တ္တရားများကိုလည်း မတိမ်းမငဲ့ ထမ်းဆောင်မည်။

၎။ ငါတို့သည် ဤနေ့ ဤအချိန်မှစ၍ ငါတို့ ခေါင်းဆောင်ကြီး ဗိုလ်ချူပ်အောင်ဆန်း၏ လုံ့လ ဥဿဟဖြင့် ရရှိပြီးဖြစ်သော အမျိုးသား ညီညွတ်ရေးကို ကျောက်ဆိုင် ကျောက်ခဲကဲ့သို့  ခိုင်မြဲအောင် ထိန်းသိမ်းမည်။

၅။ ငါတို့သည် ဤနေ့ ဤအချိန်မှစ၍ ငါတို့၏ နိုင်ငံသားဟူသ၍ကို ကြီးငယ် နီးဝေးမခြား တသွေးတသားပြု၍ နည်းများ နိမ့်မြင့် မရှိစေရ။ ညီတူညီမျှ ပြုမည်။

၆။ ငါတို့သည် ဤနေ့ ဤအချိန်မှစ၍ သူတစ်ပါးကိုလည်း မတရားမပြု၊ ငါတို့ အားလည်း မတရားပြုသည်ကို မခံ၊ အသက်နှင့် လဲ၍ ကာကွယ်မည်။

၇။ ငါတို့သည် ဤနေ့ ဤအချိန်မှစ၍ ငါတို့  နိုင်ငံတော်ကြီး၏ တရားဥပဒေများကို ရိုသေစွာ လိုက်နာကျင့်သုံး မည်။

၈။ ငါတို့သည် ဤနေ့ ဤအချိန်မှစ၍ ငါတို့နိုင်ငံနှင့် ငါတို့၏ လွတ်လပ်ရေးကို အသက်နှင့်လဲ၍ ကာကွယ် စောင့်ရှောက်မည်။

၉။ လုံးဝလွတ်လပ်သော ပြည်ထောင်စုသမတနိုင်ငံတော်ကြီး ကမ္ဘာအရှည် တည်မြဲရေးတာဝန်သည် ငါတို့ နှင့် တကွ ငါတို့ သားမြေး နောင်လာအဆက်ဆက်တို့ အပေါ်၌ တည်စေမည်။

ဤ - ငါတို့၏ သစ္စာအဓိဋ္ဌာန် မှန်သည့်အတိုင်း ငါတို့ပြည်ထောင်စု သမတ မြန်မာနိုင်ငံတော်ကြီးသည် ကမ္ဘာ အရှည် တည်စေသတည်း။


(မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော မြန်မာနိုင်ငံသူ နိုင်ငံသားတိုင်း သိရှိစေရန်အတွက် ဖေါ်ပြ အပ်ပါ သည်။

မြန်မာနိုင်ငံ၏ ပြည်သူ့ အချူပ်အခြာအာဏာနှင့် အမျိုးသားတစ်ရပ်လုံး၏ လွတ်လပ်ရေးအား အဓမ္မ သိမ်းပိုက် ထားသော အာဏာရူး လက်ထက်တွင် ဤ လွတ်လပ်ရေးသစ္စာအဓိဋ္ဌာန်များအား သိရှိ လိုက်နာ ကျင့်သုံး ကြသူများ အလွန်ရှားပါးကြပါသည်။

ထိုသို့ ဖြစ်အောင်လည်း အာဏာရူးများမှ မည်သည့်သတင်း မီဒီယာများနှင့် ဌာနဆိုင်ရာ မှတ်တမ်းများတွင်မှ လုံးဝ ဖေါ်ပြပေးခြင်း မရှိပါ။

အာဏာရူး နအဖဗိုလ်ချူပ်ကြီးများဟာ ဤ လွတ်လပ်ရေးသစ္စာအဓိဋ္ဌာန်များအား လိုကိနာကျင့်သုံးရန် ဝေလာ ဝေးစွ ဖောက်ပြန်လျက် ရှိကြပါသည်။

မြန်မာနိုင်ငံသူနိုင်ငံသားများအနေဖြင့် ဤ လွတ်လပ်ရေးသစ္စာအဓိဋ္ဌာန်များအား လိုက်နာကျင့်သုံးကြ၍ ကျွန်ုပ်တို့ မြန်မာနိုင်ငံတော်ကြီး အနာဂတ် တည်တံ့ခိုင်မြဲစေရန်အတွက် ပြည်တွင်းရန်ဖြစ်သည့် နအဖအာဏာရူးများ၏ မတရား လုပ်ဆောင်မှုများကို မခံ၊ အသက်နှင့်လဲ၍ ကာကွယ်စောင့်ရှောက်ကြနိုင်ကြပါစေသတည်း)။

(ရှားပါး မှတ်တမ်းပုံအား ပေးပို့ လာသော အိုးေ၀၈၈ အား အထူးကျေးဇူးတင်ရှိပါသည်)။

နစ်နေမန်းဘလော့မှ

မြန်မာ့သတင်း ကမ္ဘာ့သတင်း

Myanmar government workers from Agriculture Ministry, Nov 8, 2005.AP

အခုလ ဇန်န၀ါရီလ အကုန်ကစလို့ မြန်မာနိုင်ငံမှာ အစိုးရ၀န်ထမ်း လစာတွေကို တိုးမြှင့်ပေးမယ်ဆိုပြီး မနေ့က သတင်းတွေ ထွက်ပေါ်နေပါတယ်။

A Yemeni soldier stands guard in front of the main entrance of the US Embassy, 18 Sept. 2008.AP

Iranian Foreign Minister Manouchehr Mottaki during press conference 17 Nov 2009

President Hamid Karzai
အာဖဂန်‌ဝန်‌ကြီးအဖွဲ့သစ်‌ သမ္မတ အဆိုပြုသူ အများစုပယ်‌ခံရ








Burmese kyatsဝန်‌ထမ်း‌တွေ လစာတိုး‌တော့ မလား

ဖို့ဝိန်းမြို့ စာပေဟောပြောပွဲ စည်ကားစွာ ကျင်းပ
မိုးမခအထောက်တော် ဖို့ဝိန်း
ဇန်န၀ါရီ ၃၊ ၂၀၀၉
အပြည့်အစုံသို့ ...

ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ် အမှတ် ၃ဝ၁
ကိန္နရာချောင်းခြားအစ
မာမာအေး
ဇန်နဝါရီ ၃။ ၂ဝ၁ဝ
(photo - burma today)

“- - ကိန္နရာချောင်းခြား မဟာဂီတ သီချင်းများ တခြား စာဆိုတော်တွေလည်း ရေးခဲ့သေးတာပါလား - -”

အပြည့်အစုံသို့ ...


အင်န်အယ်ဒီပါတီဌာနချုပ်တွင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပန်းချီအနုပညာပြပွဲ ကျင်းပ
မိုးမခဓာတ်ပုံသတင်း
အပြည့်အစုံသို့ ...

စင်္ကာပူ တစ်သုံးလုံး ဘုရားဖူးအဖွဲ့ နှစ်သစ်ကူးခရီးထွက်
မိုးမခဓာတ်ပုံသတင်း၊ ဂျစ်တူးမောင် (မုံရွာ)
ဇန်န၀ါရီ ၂၊ ၂၀၀၉
ယမန်နေ့က နှစ်ဆန်း ၁ရက်မှာ စင်္ကာပူနိုင်ငံရောက် မြန်မာဘုန်းတော်ကြီးများနဲ့ မြန်မာမိသားစု မိတ်ဆွေများကို တစ်သုံးလုံးဘုရားဖူးအဖွဲ့က စီစဉ်ထားတဲ့ မော်တော်ကားကြီးများဖြင့် တနေ့တာ ဘုရားဖူးနဲ့ လေ့လာရေးခရီး ထွက်ခဲ့ကြပါတယ်။
အပြည့်အစုံသို့ ...

သျှမ်းပြည် (မြောက်ပိုင်း) မယက ဥက္ကဌ ရာထူးနေရာ အပြောင်းအလဲ စတင်

မြန်မာစစ်တပ်၏ အုပ်ချုပ်ရေးအဖွဲ့တစ်ခုဖြစ်သော မယက ( အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ) မြို့နယ် အဆင့် ဥက္ကဌ ရာထူးနေရာ အလွဲအပြောင်းကို သျှမ်းပြည် [မြောက်ပိုင်း] မူဆယ်မြို့၌ စတင် ပြုလုပ်နေသည်။

NCUB ခေါ်ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ၏ နှစ်သစ်ကူး ထုတ်ပြန်ချက်

Photobucket

logo knu

OFFICE OF THE SUPREME HEADQUARTERS
KAREN NATIONAL UNION
KAWTHOOLEI
www.karennationalunion.net

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ပတ်သက်၍
ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ သဘောထား ထုတ်ပြန်ကြေညာချက်

  1. ယနေ့ကာလသည် ကရင်တမျိုးသားလုံးအတွက် စည်းလုံးညီညွတ်ရေးသည် အရေးအကြီး ဆုံးသော အချိန် ဖြစ်သည်။
  2. အာဏာရှင် နအဖ စစ်အုပ်စုသည် ကရင်အမျိုးသားထုအတွင်း စည်းလုံးညီညွတ်မှု ပြိုကွဲစေရန် နည်းမျိုးစုံ ဖြင့် အစီအစဉ်ရှိရှိ လုပ်ဆောင်လျှက်ရှိသည်။
  3. ၁၅ နှစ်တာ ကာလအတွင်း ကရင်အမျိုးသားအချင်းချင်းကြား ပဋိပက္ခများစွာဖြစ်စေပြီး ကရင် အမျိုးသား များသာ နစ်နာဆုံးရှုံးမှုများစွာ ကြုံတွေ့ခဲ့ရပါသည်။ ဤနစ်နာဆုံးရှုံးမှု များကြောင့် ကရင်အမျိုးသားထု တရပ်လုံးသည် များစွာ ၀မ်းနည်းကြေကွဲခဲ့ရ ပါသည်။
  4. ကရင်အမျိုးသား စည်းလုံးညီညွတ်မှု ပြိုကွဲလာခြင်းကြောင့် ကရင်တမျိုးသားလုံး၏ ရန်သူဖြစ်သည့် ဖက်ဆစ် စစ်အာဏာရှင် နအဖသာလျှင် အကျိုးရှိစေခဲ့ပါသည်။
  5. ယခုလာမည့် ၂၀၁၀ ခုနှစ်အတွင်း ကရင်အမျိုးသားများ၏ နိုင်ငံရေးအရ အရေးကြီးဆုံး လိုအပ်မှုမှာ ကရင် တမျိုးသားလုံး စည်းလုံးညီညွတ်မှုဖြစ်သည်။ ဤစည်းလုံးညီညွတ်မှုကို တည်ဆောက်ရာတွင် မျိုးနွယ်စု မရွေး၊ ဘာသာမရွေး၊ ဒေသမရွေး တည်ဆောက်မှသာလျှင် ကရင်အမျိုးသား စည်းလုံးညီညွတ်မှုကို တည်ဆောက်နိုင်မည် ဖြစ်သည်။
  6. ကရင်အမျိုးသား စည်းလုံးညီညွတ်မှု တည်ဆောက်နိုင်မှသာလျှင် အမျိုးသားရေး တာဝန်နှင့် ကရင် အမျိုးသား တော်လှန်ရေး၏ လှုပ်ရှားမှုသည် အာဏာရှင်စစ်အစိုးရ၏ ဖိနှိပ် အုပ်ချုပ်မှုအောက်မှ လွတ် မြောက်နိုင်မည် ဖြစ်သည်။ ၁၅ နှစ် ကာလအတွင်း အမျိုးသား စည်းလုံးညီညွတ်မှု ပြိုကွဲသည့် ခါးသီးသည့် ဘ၀သင်ခန်းစာများကို ပြန်လည် ဆန်းစစ် သုံးသပ်ပြီး ကရင်တမျိုးသားလုံး၏ အလံတော်အောက်တွင် ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့်အတူ ပြန်လည်ပူးပေါင်းပြီး နအဖ စစ်အာဏာရှင် မတရား အုပ်ချုပ်မှု အောက်မှ ကရင်တမျိုးသားလုံး လွတ်မြောက်ရေးအတွက် ပူးပေါင်းတိုက်ပွဲဝင်သွားကြရန် KNU မှ နွေးထွေးလှိုက်လှဲစွာ ကြိုဆိုလျှက်ရှိကြောင်း ကရင်တမျိုးသားလုံးအား အသိပေးပန်ကြား အပ်ပါသည်။

ခရစ်သက္ကရာဇ် – ၂၀၁၀ ဇန်န၀ါရီလ (၁) ရက်

ဗဟို အလုပ်အမှုဆောင် ကော်မတီ

ကေအဲန်ယူ – ကရင်အမျိုးသား အစည်းအရုံး

ဗဟို


ဝါ၀ါမြင်တိုင်းရွှေမဟုတ်ဘူး သတင်းထောက်မင်းတို့--USA မှ တောသားကြီး

၈၈ တန်ပြန်အုပ်စု အေးလွင်ရဲ့ လက်ဝေခံတွေပါဝင် ပါတ်သက်နေတာရယ် တအုပ်စုလုံးကလည်း နအ ဖ လက် ဝေခံတွေ ဖြစ်နေတာကို သိပါရက်နှင့် ဘာလို့များ ပြည်ပက သတင်းဌာနတွေက အင်တာဗျုး တွေလုပ်ကြ သတင်းတွေတင်ကြလည်း မသိပါဘူး မသိနားမလည်တဲ့ လေဒီယိုနားထောင်သူတွေ နယ် ဝေး တောတောင်ထဲက လူတွေက တကယ်အဟုတ် ထင်ပြီး ၈၈ကျောင်းသားတွေ နအဖ အခြေခံ ဥပ ဒေကို လက်ခံတယ် ရွေးကောက်ပွဲကို ၀င်ဖို့ပြင်ဆင်နေကြပြီလို့ မှတ်သွားရင် မခက်ပေဘူးလား။၂-၁။

(အပြည့်အစုံသို့)-


more


more


more


more


more


more

လစာနည်းဝန်ထမ်းများ လစာငွေတိုးမြၟင့်မည့် သတင်းထွက်