10.26.2010

သီရိလင်္ကာရောက် မြန်မာကျောင်းသားရဟန်းတော်များ သဘောထားထုတ်ပြန်

By abma | October 26, 2010
တရားမမျှတသော နအဖ စစ်အာဏာရှင်များ၏ ၂၀၁၀-ရွေးကောက်ပွဲအား မထောက်ခံကြောင်း
သီရိလင်္ကာရောက် မြန်မာကျောင်းသား ရဟန်းတော်များ အဖွဲ့ (MSMA) ၏
ထုတ်ပြန်ကြေငြာချက်ကို မေမေ့သား ရှင်ဝါ ဖတ်ကြားနေစဉ်


မြန်မာကျောင်းသား ရဟန်းတော်များ နအဖ အလံသစ်အား မီးရှို့နေစဉ်



Msma Statement

အမေရိကန်က ဂိရိမုန်တိုင်းသင့် ဒုက္ခသည်များအတွက် ဒေါ်လာတစ်သန်း ကူမည်ဟုဆို

Photobucket 
အမေရိကန်က မြန်မာနိုင်ငံတွင် တိုက်ခတ်ခဲ့သော ဂီရိ မုန်တိုင်းဒဏ်ခံခဲ့ရသော ဒုက္ခသည်များ ပြန်လည် ထူထောင်ရေးအတွက် အမေရိကန် ဒေါ်လာတစ်သန်း ထောက်ပံ့ကူညီမည်ဖြစ်ကြောင်း အမေ ရိကန် သံရုံးက ယနေ့ ကြော်ငြာချက် ထုတ်ပြန်ကြေငြာခဲ့ပါသည်။ 
ထုတ်ပြန်ချက်ကို ဖော်ပြပေးလိုက်ပါသည်။ 
ပြည်တွင်းသတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)

NLD က ရွေးကောက်ပွဲကို သပိတ်မှောက်ကြောင်း ထုတ်ပြန်

ရန်ကုန် ၊အောက်တိုဘာ ၂၆ ။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က တရားမျှတမှုမရှိသည့် ရွေးကောက်ပွဲဥပဒေများကြောင့် ရွေးကောက်ပွဲကို သပိတ်မှောက်ကြောင်း ယနေ့ညနေပိုင်းက ထုတ်ပြန်ကြော်ငြာခဲ့ပါသည်။
ထိုစတိတ်မန့်တွင် NLD အနေဖြင့် ၁၉၈၈ ခုနှစ်ကတည်းက နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ခဲ့ပြီး ဖြစ်သဖြင့် ဆက်လက် တည်ရှိနေသည်ဟုလည်း ဆိုပါသည်။ ထို့အတူ ပါတီအနေဖြင့် ၂၀၀၈ရွေးကောက်ပွဲ ဥပဒေကို လက်မခံနိုင်သဖြင့် မှတ်ပုံမတင်ခဲ့သော်လည်း ပါတီဝင်အချို့ကမူ NDF အနေဖြင့် သီးခြားမှတ်ပုံတင်ခဲ့ပြီး ပါတီ၏ အထိမ်းအမှတ်ဖြစ်သော ခမောက်ကို ခွင့်ပြုချက် မရရှိပဲ သုံးစွဲနေသည်ဟု ဆိုပါသည်။
၁၉၉၀ ရွေးကောက်ပွဲကတည်းက သုံးစွဲခဲ့သော ခမောက်အမှတ်အသားကို သုံးစွဲခြင်းကြောင့် ပြည်သူ လူထုများအနေနှင့် NLD မှ ဝင်ရောက်ယှဉ်ပြိုင်သည်ဟု အထင်မမှားစေလိုကြောင်း ထုတ်ဖော် ပြောဆို ခဲ့သည်ဟု သိရပါသည်။
ထုတ်ပြန်ကြော်ငြာချက်က ၂၀၀၈ အခြေခံဥပဒေသည် တိုင်းရင်းသား လူမျိုးစုများအတွက် အခွင့်အရေးနှင့် ပြည်သူလူထုအားလုံး၏ လိုလားချက်နှင့် အခွင့်အရေးများကို ဖော်ဆောင်ပေးနိုင်မည် မဟုတ်ဟုလည်း ဆိုပါသည်။
ထိုကြောင့် လာမည့်ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည့်ရွေးကောက်ပွဲ ဖြစ်လာမည် မဟုတ်ဟုဖော်ပြခဲ့သလို ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သော လူတိုင်းတွင် လွတ်လပ်စွာမဲပေးခွင့် ရှိသလို၊ မဲမပေးပဲနေနိုင်ခွင့်ရှိသည် ဆိုသည့် အချက်ကိုလည်း ပြန်လည်ဖေါ်ပြခဲ့ပါသည်။
ပြည်တွင်းသတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)