3.18.2009

ထွက်ပြေးလွတ်မြောက်လာသူ အမျိုးသမီး တစ်ဦးက မြန်မာအမျိုးသမီးများအား အိမ်ဖေါ်အလုပ် မလုပ်သင့်ကြောင်းပြောဆို

Photobucket

ဘန်ကောက်မြို့မှာ ကျနော်တို့ ကယ်တင်ကူညီခွင့်မရရှိတဲ့ မြန်မာမလေးတွေ ဘယ်လောက်ထိ လူမျိုးခြားတွေဆီမှာ လိင်ဖျော်ဖြေ ပေးနေရတယ် ဆိုတာ မခန့်မှန်းနိုင်ပါ (ကိုကျော်သောင်း)

မတ်လ ၁၈

အိမ်ရှင်မှ အလိုမတူပဲ သားမယားအဖြစ် ပြုကျင့်ရန် ကြံစည်အားထုတ်မှု မှ လွတ်မြောက်လာသူ မြန်မာ အိမ်ဖေါ် အလုပ်သမ တစ်ဦးက မြန်မာအလုပ်သမ များ အနေဖြင့် အိမ်ဖေါ်အလုပ်ကို မလုပ်သင့်ကြောင်း ပြောဆို လိုက်သည်။

ယမန်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တစ်နေရာတွင် အိမ်ဖေါ်အလုပ် လုပ်ကိုင်နေစဉ် အိမ်ရှင်အဖိုးကြီးက သားမယား ပြုကျင့်ရန် နည်းမျိုးစုံဖြင့် ကြိုးစားနေသဖြင့် ဘန်ကောက်မြို့  အခြေစိုက် “ထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံသားများ အသင်း”ထံသို့ ရောက်ရှိလာသော ပဲခူးတိုင်း - - - - မြို့ နယ်- - - - ကျေးရွာမှ အသက် ၂၀ အရွယ် မ - - - - က ပြောဆို လိုက်ခြင်းဖြစ်သည်။

“သမီး ဘန်ကောက်ရောက်တာ ၃လရှိပြီ၊ သမီးအလုပ်လုပ်တဲ့ အိမ်ရှင်သူဌေးရဲ့  မယားငယ်က ယောက်ျားလျာ လိုလို ဘာလိုလို သမီးကို တချိန်လုံး အောကားတွေ ဖွင့်ပြတယ်။ သမီးရေချိုးရင် ရေချိုးခန်းထဲကို လိုက်လာပြီး ဟိုကိုင်ဒီကိုင် လုပ်တယ်၊ သူ့ကိုလည်း သမီးကို ကိုင်ခိုင်းတယ်၊ သမီးငြင်းဆန်ပေမယ့် မရဘူး၊ ပြီးတော့ သမီးရှေ့  သူတို့လင်မယား လိင်ဆက်ဆံပြတယ်၊ သမီးရှက်လို့ ထွက်ပြေးတယ် တော်တော် ရှက်စရာ ကောင်းပါတယ်။ သမီးကို မယားငယ်လုပ်ဖို့ စည်းရုံးတယ်၊ သမီးက သူများ မယားငယ်လုပ်ပြီးမှ ရမယ့်ပိုက်ဆံကို မလိုချင်ဘူး၊ အလုပ်ကြိုးစားပြီး ရတဲ့ငွေကိုပဲ သမီးရချင်တယ်''။

အဆိုပါ သူဌေးမှာ အသက် ၆၀ကျော် အရွယ်ခန့်ရှိပြီး သူ၏ မယားငယ်မှာ အသက် ၃၀ ၀န်းကျင်ဖြစ်သည်။ သူဌေးတို့ လင်မယားနှင့် အတူတူအိပ်စက်ရပြီး တနေ့နေ့ တစ်ချိန်ချိန်တွင် မိမိဘ၀ နစ်မွန်းနိုင်သည်ကို မြင်သဖြင့် မြန်မာအလုပ်သမ မှာ လွတ်မြောက်နိုင်မည့် အခွင့်အခါကို စောင့်နေခဲ့သည်။ သူမနှင့်အတူ အခြား မြန်မာအိမ်ဖေါ် တစ်ဦးပါ ရှိသဖြင့် နှစ်ယောက်သား ခြံစည်းရိုးကို ကျော်၍ ထွက်ပြေးလာခဲ့သည်ဟု ဆိုသည်။

“သမီးကို သူဌေးက ကြိုက်တယ်ဆိုပြီး သမီးကို မဲဆောက်က ပို့ပေးတဲ့ ပွဲစားကို လှမ်းပြောတယ်။ ဘန်ကောက်မှာ ကရင်မ ပွဲစား၂ယောက်က သမီးကို အကြီးအကျယ် လိုက်ရှာနေတယ်၊ ဗမာလူမျိုးအချင်းချင်း သူတို့ ငွေရ ရင်ပြီးရော သမီးကို ပြန်ပို့ဖို့ ရှာနေကြတယ်၊ အိမ်ဖေါ်ဆိုပြီး အချိန်ပြည့်ခိုင်းတယ် ထမင်းကို ၀အောင် မကျွေးဘူး အသီးအရွက်နဲ့ပဲ စားရတယ်။ ထမင်းဂျိုးကို ရေးနှုးပြီး ကျွေးတယ်။ စိတ်ချမ်းသာတဲ့ နေ့ဆိုတာ မရှိဘူး၊''ဟု ပြောသည်။

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အသင်းမှ စည်းရုံးရေးနှင့် အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်သက်သက်ဦးက “ကျမတို့ဆီကို ဒီကိစ္စမျိုးတွေနဲ့ မကြာခဏဆိုသလို ရောက်လာကြတယ်။ ကျမတို့ ကိုယ်တိုင်လည်း အလုပ်သမားပဲလေ၊ နိုင်သလောက်တော့ ကူညီပေးတာပေါ့။ ကျမတို့က ငွေကြေးတတ်နိုင်တဲ့ အဖွဲ့မဟုတ်ဘူးလေ။ ကျမတို့ စားသလို ကျွေးတယ်၊ ကျမနဲ့ အတူအိပ်တယ်၊ ကျမတို့ သိတာလေးတွေကို ရှင်းပြပေးတယ်၊ ဆေးဝါးကုသဖို့ ကျရင်တော့ အခြားအဖွဲ့အစည်းတွေကို အကူအညီ တောင်းရတာပေါ့နှော်။

ဘန်ကောက်မှာ မြန်မာအလုပ်သမားတွေကို ထိထိရောက် ကူညီနိုင်မယ့် အဖွဲ့တွေ လိုအပ်ပါတယ်၊ အလှမ်း ကျယ်ပြီး အလယ်လပ် နေတာ၊ ဘန်ကောက်မှာ အိမ်ဖေါ်တွေ၊ ပြင်ပကို လုံးဝမထွက်ရတဲ့ အလုပ်ရုံတွေ ရှိပါတယ်၊
မြန်မာ အမျိုးသမီးလေးတွေ အခြားအလုပ်ကိုပဲ လုပ်ကြစေချင်ပါတယ်၊ ဘ၀လုံခြုံမှုလုံးဝမရှိတဲ့ ဒီအိမ်ဖေါ် အ လုပ်ကို မလုပ်ကြပါနဲ့လို့ ကျမ တိုက်တွန်းချင်ပါတယ်၊ ကျမတို့ဆီကို ဒီလိုကိစ္စမျိုး အမြဲရောက်ပါတယ်''ဟု ပြောသည်။

ထိုင်းနိုင်ငံ အလုပ်သမား ဥပဒေအရ အိမ်ရှင်မှဖြစ်စေ တစ်စုံတစ်ယောက်မှဖြစ်စေ မတော်မတရား ပြုကျင့်ခံရသော မြန်မာအလုပ်သမများမှာ ဘတ်မရှိလျှင် နယ်စပ်ကို ပြန်ပို့ခံရမည်ဖြစ်သည်။ ထို့ပြင် အမှုရင်ဆိုင်နေရစဉ် အတွင်း အမျိုးသမီး ထိမ်းသိမ်းေ၇း စခန်းတွင် တစ်နှစ်နီးပါး ၀င်ငွေမရရှိပဲ နေရသည်။ အင်ဂျီအိုများနှင့် ပူးပေါင်း၍ အလုပ်သမားအရေး ဆောင်ရွက်သူများနှင့် ပူးပေါင်း၍ အမှုမှန် ပေါ်ပေါက်အောင် ဖေါ်ထုတ်ရမှု များမှာလည်း များစွာ ခက်ခဲကြန့်ကြာ တတ်သည်။

မြန်မာ့သတင်း ကမ္ဘာ့သတင်း

owiး

Family members wait for the release of their loved ones at the gate of Myanmar's Insein prison in northern Yangon, Saturday Feb. 21, 2009.

စစ်တပ်အုပ်စိုးနေတဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား ၂,၁၀၀ ကျော် လွှတ်ပေးပါလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူးက စစ်အစိုးရကို တိုက်တွန်း လိုက်ပါတယ်။


Opposition leader Andry Rajoelina arrives at a rally in Antananarivo, Madagascar, 17 Mar 2009

"ဒန်ဒရိုဘိုင်ယမ် သိန်းစိန်"
ဓာတ်ပုံသတင်း
မတ် ၁၈၊ ၂၀၀၉ စင်္ကာပူရုက္ခဗေဒဥယျာဉ်တွင် ယနေ့ တွေ့ရသော မြန်မာအစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် နှင့် သစ်ခွပန်းတမျိုး။ အလည်လာသူ ဗိုလ်ချုပ်ကြီးကို ဂုဏ်ပြုသောအားဖြင့် စင်္ကာပူအစိုးရက အဆိုပါသစ်ခွပန်း၏အမည်ကို "ဒန်ဒရိုဘိုင်ယမ် သိန်းစိန်" ဟု ကင်ပွန်းတပ်လိုက်သည်။ (photo: Reuters)

သမိုင်းနှင့်အစဉ်အလာ - မှတ်စုမှတ်တမ်း
ဒေါ်အောင်ဆန်းစုကြည် နှင့် ဘီလ်ရစ်ချဒ်ဆန် စကားဝိုင်း အပိုင်း (၅)
မတ် ၁၈၊ ၂၀၀၉

" - - သူတို့ကို ကျမက ယူရိုဆလားဗီးယား ဥပမာကို လှမ်းကြည့်လိုက်ဖို့ ညွန်ပြချင်ပါတယ်။ အဲဒီမှာ အတွင်းလှိုက်ပြီး လူမျိုးစု တစုနဲ့ တစု ယုံကြည်စိတ်ချရမှု ကင်းမဲ့နေတာကို ဘယ်သူကမှ မကုစားခဲ့ဘူး။ အချိန်ဟာ ဒဏ်ရာတိုင်းကို ကုစားမှာတော့ မဟုတ်ဘူး - - "

အျပည့္အစုံသိုႛ ...

အမေရိကန် စီးပွားရေးအကြပ်အတည်း

ဘေးလ်အောက်၊ စတင်မြူလတ်စ်နဲ့ ဘတ်ဂျက်

ဒေ၀ါလီ သာဂိ

မတ် ၁၈၊ ၂၀၀၉

ဒီဟာကို ဆက်ရေးရမတဲ့။ စီးပွားပျက်နေတာက အမေရိကန်တင်မဟုတ်ဘူး၊ တကမ္ဘာလုံးဖြစ်နေတာလို့ ဆိုတယ်။ မြန်မာပြည်တော့မပါဘူး။ ဘာကြောင့်ဆိုတော့ မြန်မာပြည်မှာ အပြင်ကလို ဘဏ်တွေ မရှိဘူး။ အိမ်ရောင်း၊ အိမ်ဝယ်၊ ကားရောင်း ကားဝယ်ကလည်း လက်ငင်း ငွေအကြေချေစနစ်။ ပိုက်ဆံချေးလာရင်လည်း ဘဏ်ကမဟုတ်ဘူးဗျာ။ တခြားအသိုင်းအ၀ိုင်းဆီက ၁၀ တိုးတို့၊ အစိတ်တိုးတို့နဲ့ ချေးလာတာ။ ရက်ပြန်တိုး၊ လပြန်တိုးနဲ့ဆိုတော့ ခရက်ဒစ်ကုမ္မဏီတွေတောင် ၀င်မလာရဲဘူး။ စတော့တို့၊ ရှယ်ယာတို့ဆိုတာက စစ်ဗိုလ်ချုပ်မိသားစုတွေဆီမှာ သင်ဘယ်လောက် ထည့်ဝင်ထားသလဲနဲ့ပဲ ဆိုင်တယ်။ ဗိုလ်ခင်ညွန့်စတော့ ထိုးကျသွားပြီးနောက် အားလုံးက ဗိုလ်သန်းရွှေ စတော့ပဲ ဖိဝယ်နေကြတော့ တမိုးလုံး သူဖျောက်ဆိပ်ပေါ့။ အပြင်က စီးပွားပျက်တာနဲ့ ပြည်တွင်းက စီးပွားဟာ တခြားစီပဲဆိုတော့ မြန်မာပြည်သူများ ဒီဆောင်းပါးဖတ်ရတာ ဆားပေါ့ပေလိမ့်မယ်။
အျပည့္အစုံသိုႛ ...

အင်န်အယ်ဒီရဲ့ “လူငယ်နဲ့ သတင်းစာပညာ” ဟောပြောပွဲကျင်းပ

မိုးမခ ဓာတ်ပုံသတင်း

မတ် ၁၈၊ ၂၀၀၉

မတ်လ ၁၇ က ရန်ကုန်မြို့၊ ပါတီဌာနချုပ်မှာ ကျင်းပတဲ့ လူငယ်ပညာပေးဟောပြောပွဲအစီအစဉ်တခုအဖြစ် လူငယ်နဲ့ သတင်းစာပညာဟောပြောပွဲကို ကျင်းပခဲ့ရာမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်သူ ဦးအုန်းကြိုင်က ဟောပြောခဲ့ပြီး လူငယ်အဖွဲ့ဝင်တို့က ၀ိုင်းဝန်းမေးမြန်း ဆွေးနွေးခဲ့ကြတာကို တွေ့ရပါတယ်။

အျပည့္အစုံသိုႛ ...

ဘင်္ဂလားဒေ့ရှ် နှင့် မြန်မာ နယ်စပ် ဒေသ တကျော့်ပြန် တင်းမာ
AFP သတင်းဌာန
မတ် ၁၇၊ ၂၀၀၉

မြန်မာနိုင်ငံက ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် နယ်စပ်ဒေသတွင် တင်းမာမှုများ ဖန်တီးနေသည်ဟု ဆိုသည်။

“မြန်မာပြည်က နယ်စပ်မှာ သိပ်မကြာခင် ခြံစည်းရိုး ကာတော့မယ့် သဘောရှိတယ်” ဟု ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှ ဗိုလ်မှူးကြီး Abdul Khaleque က ပြောသည်။ မြန်မာတပ်များ နယ်စပ်ဒေသတွင် ပိုမို ဖြန့်ကျက်လျက်ရှိသည်ဟုလည်း ဆိုသည်။

အျပည့္အစုံသိုႛ ...


more


more


more



Agencies / မတ်လ(၁၈) ရက်၊ ၂၀၀၉

အမျိုးသားပြန်လည်သင့်မြတ်ရေး မြှင့်တင်ရန်နှင့် နိုင်ငံတကာ အသိုင်းအ၀န်းနှင့် လက်တွဲလုပ်ကိုင်ရန် မြန်မာစစ်အစိုးရ ဗိုလ်ချုပ်ကြီးများ ရဲရင့်သည့်ခြေလှမ်းများ လှမ်းရန်လိုပြီဟု စင်ကာပူအစိုးရက တိုက်တွန်းလိုက်သည်။...အပြည့်အစုံသို့


နေပြည်တော်သိမ်း စီမံကိန်း

နေပြည်တော်သိမ်း စီမံကိန်း ရရင်ရ … မရရင် ချ … ရရ မရရ ချ … “ဂွပ်”(မလန့်ကြပါနှင့် … ဖုန်းကို ပစ်ချလိုက်သံ ဖြစ်ပါသည်)သို့သော် … လန့်ပြီး ဒူးတွေ တဆတ်ဆတ် တုန်နေတာကတော့ တံခါးရွက်ကြားက ချောင်းကြည့်နေသည့် ဦးရုက္ခစိုးပဲဖြစ်သည်။ အခန်းထဲမှ ဗိုလ်ချုပ်ပြူးကျယ်သည် ဖုန်းကိုပစ်ချလိုက်ကာ နှာခေါင်းကို ပွစိပွစိ လုပ်လိုက်ပြီး…
ဆက်ဖတ်ရန် ...
ရန်ကုန်တွင်
အကြီးဆုံး ကုန်တိုက်ဖွင့်လှစ်

NEJ / မတ်လ(၁၈) ရက်၊ ၂၀၀၉
ပြည်တွင်းစီးပွားရေး ကျဆင်း နေချိန်ဖြစ်သော်လည်း ရန်ကုန်မြို့ တွင် East Point ဟု အမည်ရသည့် အကြီးဆုံး Shopping Center တခု ကို မဟာဗန္ဓုလ တံတားအဆင်း ပုဇွန်တောင်မြို့နယ်၌ ဖွင့်လှစ်လိုက်ကြောင်း မြို့ခံများက ..အပြည့်အစုံသို့
ဒေါ်စုလွှတ်ပေးရေး
(၂၂) နိုင်ငံတောင်းဆို

NEJ / မတ်လ(၁၈) ရက်၊ ၂၀၀၉
မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေများနှင့် ပတ်သက် သည့် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် တောမတ်ကင်တားနား၏ အစီရင်ခံစာကို မတ်လ (၁၇)ရက် မနက်ပိုင်း၌ လူ့အခွင့်အရေးကောင်စီ၌ ..အပြည့်အစုံသို့

လေလံပစ်ယာဉ်များကြောင့်
ပြင်ပကားဈေးကွက်ပျက်

အောင်ထက် / မတ်လ(၁၈) ရက်၊ ၂၀၀၉ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဗဟိုစက်ပစ္စည်းနှင့် စာရင်းအင်း ထိန်းသိမ်းမှု ဦးစီးဌာမှ ဖမ်းဆီးထိန်းသိမ်းထားသော လိုင်စင်မဲ့ Without ယာဉ်များ တဖက်နိုင်ငံခိုး ကားများကို လေလံတင်ရောင်းချနေသည့် အတွက် ပြင်ပကား အရောင်းအ၀ယ်ဈေးကွက် လုံးဝပျက်နေကြောင်း သိရသည်။ ..အပြည့်အစုံသို့

ဈေးထဲရောက် တားမြစ်လက်ဖက်များ ကုမ္ပဏီတွေ ပြန်သိမ်းယူရမည်

အန္တရာယ်ရှိသည့် တားမြစ်ဆိုးဆေး အသုံးပြုသည့် လက်ဖက်ကုမ္ပဏီများကို ဈေးများတွင် ပေးသွင်းပြီးဖြစ်သည့် လက်ဖက်များကို ပြန်သိမ်းရန် အစားသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနက ယခုအခါ ညွှန်ကြား ...

ကျောက်မျက်ပြပွဲ ကွန်ဗင်းရှင်း စင်တာတွင် ကျင်းပ

မြန်မာ့ကျောက်မျက်ရတနာ ပြပွဲနှင့် ရောင်းချပွဲကို သီးသန့် ဖိတ်ကြားထားသည့် နိုင်ငံခြား ကျောက်မျက်ရတနာ ကုမ္ပဏီများမှ ကျောက်လုပ်ငန်းရှင်များနှင့်
မြစ်ဝကျွန်းပေါ်တွင် သောက်ရေ ပြတ်လပ်

မြစ်ဝကျွန်းပေါ်တွင် သောက်ရေ ပြတ်လပ်

ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသတွင် နာဂစ်မုန်တိုင်းအပြီး ဆားငန်ရေ၊ ရွှံနှင့် နုန်းမြေများ ဝင်ရောက်ခဲ့သော ရေတွင်း၊ ရေကန်များ ပျက်စီးနေဆဲဖြစ်၍ ယခု နွေဦးကာလတွင်ပင်

ပြည့်တန်ဆာများ အိတ်ခ်ျအိုင်ဗီ ကူးစက်နှုန်း မြင့်မား

မြန်မာနိုင်ငံမှ ပြည့်တန်ဆာများတွင် အိတ်ခ်ျအိုင်ဗီပိုး ကူးစက်မှုနှုန်း မြင့်မားနေကြောင်း မကြာသေးမီက ပြုလုပ်ခဲ့သော စစ်တမ်းတခုတွင် ဖော်ပြထားသည်။

ဘန်ကောက်ရှိ မြန်မာ အရောင်းဝန်ထမ်းများ အဖမ်းခံရပြန်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် တိုက်ရိုက် အရောင်းဝန်ထမ်း အဖြစ် လေ့ကျင့် သင်ယူနေသူ မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၁၀၀ ကျော်ကို ထိုင်းလူဝင်မှု ကြီးကြပ်ရေး ရဲများက ဖမ်းဆီး

မောင်းတော နယ်စပ်ကို သံဆူးကြိုးကာပြီ

ရိုဟင်ဂျာများ အရေးနှင့် ပတ်သက်ပြီး မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံ နယ်စပ်တွင် မြန်မာဘက်က သံဆူးကြိုးများ ကာရန်ခြင်းကို စတင်နေကြောင်း ဘင်္ဂလားဒေ့ရှ် ဘက်မှ လာသော

Burma News

Burma Dissident's Eyesight 'At Risk'

2009-03-18

A Burmese dissident's wife calls on prison authorities to treat her husband's eyesight before he goes blind.

Vietnam Set To Open Mine

2009-03-17

A planned bauxite mine in Vietnam will provide jobs, but some experts fear its environmental impact.

Burma Dissidents' Visits Restricted

2009-03-17
Jailers in the central Burmese city of Meiktila face new allegations of abusing politic

Karen Splinter Group Calls for Closure of Refugee Camps

By WAI MOE
The KNU/ KNLA Peace Council has called for the closure of Burmese refugee camps in Thailand and said that refugees should be sent back to Burma.

Suu Kyi’s Lawyer Appeals to PM over House Arrest

By WAI MOE
A lawyer representing Aung San Suu Kyi has asked Gen Thein Sein to hold a hearing on his client’s appeal against her continued house arrest.

Burma-Bangladesh Tensions Raise Fears of New Restrictions

By LAWI WENG
People living along the Burma-Bangladesh border are worried about losing their freedom of movement, as the Burmese military begins construction on a new fence.

Burmese Sex Workers Tested for HIV

By MIN LWIN
A survey finds HIV positive sex workers in six Burmese townships across the country.

6 Dead as Philippine Troops Battle Kidnappers

By JIM GOMEZ
Philippine marines and al-Qaida-linked militants holding three Red Cross workers clashed for a second day Tuesday, leaving three militants and three troops dead.
Media coverage of the Rohingyans has barely broken the surface

Francis Wade

Mar 18, 2009 (DVB)–While the world remains shocked by the story of the Rohingya boatpeople who washed up on Thailand’s shores in January, the media coverage has failed to open up a discussion on the wider Burmese refugee crisis. - more


Prisoners living in dire conditions hundreds of miles from families

Mar 18, 2009 (DVB)–Family members of political prisoners languishing in jails across Burma have spoken of appalling living conditions and difficulties in visiting relatives held in remote prisons. - more


Aung San Suu Kyi’s lawyer demands response from government

Mar 18, 2009 (DVB)–The lawyer of detained opposition leader Aung San Suu Kyi has sent a second letter to the government demanding a response to an appeal for her release, five months after the as yet unacknowledged initial demand. - more


Farmers’ lawyer sentenced to four years in prison

Mar 18, 2009 (DVB)–A young lawyer defending farmers whose land had been forcibly seized by the army was sentenced to four years' imprisonment by Magwe division court yesterday, said a source close to the court. - more

Suu Kyi’s lawyer despatches letter to PM

Detained opposition leader Aung San Suu Kyi’s lawyer has sent a letter of appeal to the Prime Minister General Thein Sein to review the house arrest order of his client....

SAARC writers encourage Burmese scribes to continue work

The members of the Foundation of SAARC Writers and Literature has urged Burmese scribes to continue their work amidst tight restrictions imposed on them, by their military rulers,

Internet drug sells high in Thailand

Age of narcotics drug users in Thailand is found decreasing while internet open a new window for users to access drug easier, according to Thai Public Health Minister.

Thein Sein meets Singapore Prime Minister

Burmese Prime Minister General Thein Sein and host Singaporean Prime Minister Lee Hsien Loong on Tuesday agreed to strengthen bilateral trade and cooperation between the two countries.
Voice of America
UN Expert Calls for Burma to Release Political Prisoners
Voice of America - USA
By Lisa Schlein A UN special investigator is calling for Burma's ruling military junta to release more than 2000 political prisoners. ...
See all stories on this topic
Burma Dissidents' Visits Restricted
Radio Free Asia - Washington,DC,USA
Jailers in the central Burmese city of Meiktila face new allegations of abusing political detainees. Currently jailed Ko Pyone Cho (L) joins fellow student ...
See all stories on this topic
Burma's minorities and controversy surrounding Rohingya refugees
Asian Tribune - Bangkok,Thailand
Sadly or fortunately, the international community has come to understand better the reality of the socio-political problems inside Burma since the 2007 ...
See all stories on this topic
Burma's gem mines face closure
BBC News - UK
By Thuyein Kyaw-Zaw Burmese rubies and jades are famous for their quality, and sold all over the world. But even such a reclusive and secretive country as ...
See all stories on this topic
Burmese military junta arrests another leader connected to Aung ...
AsiaNews.it - Italy
"I was told around 30 policemen came to his house and arrested him," says NLD spokesman Nyan Win, on the dissident website Democratic Voice of Burma. ...
See all stories on this topic
Burmese Delegation Arrives in Jakarta
The Irrawaddy News Magazine - Chiang Mai,Thailand
By WAI MOE Burmese Prime Minister Gen Thein Sein arrived in Jakarta on Monday on an official visit, heading a delegation of five key ministers and nine ...
See all stories on this topic
Burmese Troops Mobilize on Bangladesh Border
The Irrawaddy News Magazine - Chiang Mai,Thailand
By WAI MOE Tension between Bangladesh and Burma went up another notch on Tuesday as the Burmese junta mobilized army and navy units along the border area, ...
See all stories on this topic
Burma: Last Stand for Democracy?
MorungExpress - Dimapur,Assam,India
Burma’s ruling military junta are aggressively seeking to eliminate all opposition ahead of elections in 2010. They may well succeed In a small Karen ...
See all stories on this topic
Five Suu Kyi supporters arrested in Burma: opposition
ABC Online - Australia
Burmese authorities have arrested five members of detained democracy leader Aung San Suu Kyi's party, a spokesman said, as the UN chastised the regime for ...
See all stories on this topic
Norway divests from company supplying military trucks to Burma
Democratic Voice of Burma - Oslo,Norway
Mar 16, 2009 (DVB)–A state-owned Norwegian fund has pulled shares from a company that sells trucks to the Burmese government after it emerged they were ...
See all stories on this topic

“ဒီမိုကရေစီ ခေတ်အပြောင်းအတွက် ခေါင်းဆောင်ကောင်းများလိုပါသည်”

8888

D-Wave

ရှေးပဒေသရာဇ်ခေတ်က ကျွန်တော်တို့၏ ဘိုးဘေးများသည် မင်းဆိုးမင်းညစ်များနှင့် ကြုံရသည့်အခါ မင်းလောင်း မျှော်ကြသည်။ သူ့ကျွန်ဘဝတွင်လည်းထိုအတိုင်းပင် နောက်ပိုင်းခေတ်တွင် ခေါင်းဆောင် ကောင်းကိုမျှော် ကြသည်။ ယခုအချိန်တွင်လည်း ကျွန်တော်တို့ ပြည်သူလူထု သည် အကျယ်ချုပ်ကျနေ သော လူထုခေါင်းဆောင်၏ ဦးဆောင်မှု၊ ခေါင်းဆောင် တဦးဦး ၏ ဦးဆောင်မှုကိုသာ မျှော်လင့်နေ ကြသည် ။

ထိုအချက်ကို သိသော ထိုအားနည်းချက် ကို ကျေညက်နေသော၊ စစ်အာဏာရှင်များသည် ယခုအခါ ကျွန်တော်တို့၏ခေါင်း ဆောင်များကိုဖမ်းဆီးချုပ်နှောင်ထားသည်။ တက်ကြွ လှုပ်ရှားသူများ အားလုံးကို နှစ်ရှည်ထောင်ဒဏ်များ မတရားချမှတ်သည်။ ခေါင်းဆောင်မှု ပေး နိုင်သူ အားလုံးလိုလိုကို အငြိုးကြီးစွာ ချုပ်နှောင် ဖိနှိပ်ပြခြင်းဖြင့် နောက်လိုက်နောက်ပါ ပြည်သူလူထု၏ စိတ်ဓါတ်ကိုပြိုကွဲစေသည်။ ပြင်းပြင်းထန်ထန် ပစ်ခတ်၊ ရိုက်နှက်၊ ဖမ်း ဆီးခြင်း။ အများပြည်သူရှေ့တွင် ဖိနှိပ်ပြ ခြင်းဖြင့်အကြောက်တရားတို့ကို ဖြစ်ပေါ်စေသည်။

စစ်ဏာရှင်တို့သည် သူတို့ ယခုအချိန် အထိ သက်ဆိုးရှည် နေစေရန် အောက်ပါ အချက် (၃) ချက်ကို စဉ်ဆက်မပြတ် ထူထောင်ထား ပါသည်။

ပထမအချက်မှာ အကြောက်တရား ကိစ္စ ပင်ဖြစ်သည်။

လူ့ဘောင် အသိုင်းအဝိုင်း အ တွင်း စာသင်အရွယ် ကတည်းက ဆရာ၊ ဆရာမများ၊ ကျောင်းအုပ်များ ကို လွန်ကဲစွာ ကြောက်လာခဲ့စေရန် ပျိုးထောင်ခြင်း ခံခဲ့သည်။ဝန်ထမ်း လောကထဲတွင် ဖြစ်စေ၊ စစ်တပ် ထဲတွင်ဖြစ်စေ၊အောက်မှ အထက်ကို အဆင့်ဆင့် ကြောက်နေ စေရန် ဆင့်ကဲ ဆင့်ကဲ အကြောက်တရားကို ထူထောင်ထားသည်။ ဥပမာ - အောက်ခြေ အဆင့် စစ်သား တစ်ဦးသည် ဗိုလ်ချုပ်မှုးကြီး အဆင့်ကို မျက်နှာချင်းပင် ဆိုင်မကြည့်ရဲပါ။ မော်ဖူးစေဟု မိန့်မှ မော်ဖူးရဲမည် ဖြစ်သည်။

ဒုတိယအချက်မှာ အငတ်ဘေးဖြစ်သည်။

စစ် အာဏာရှင်များသည် အခြေခံ လူထုများကို စားဝတ်နေရေး ပြဿနာများနှင့် အမြဲ လုံးထွေးနေ စေပါသည်။ သို့မှသာသူတို့မလိုလားသည့် အခြား အတွေးအခေါ်တို့ ဝင်မလာ မည်ဖြစ်သည်။

ဥပမာ-လူတစ်ယောက်သည် မနက် အိပ်ယာ ထသည်နှင့် ဒီနေ့စားဖို့ ဘယ်လိုလုပ်ရမည် ကို စဉ်းစားရသည်။ တစ်နေကုန် ကြက်ယက် သလို နဖူးကချွေး ခြေမ ကျအောင် ရှာဖွေလုပ် ကိုင်မှ တစ်နေ့စာ မဝရေစာ စားနိုင် သည့် အခွင့်အရေးကို ရမည်။ ပြီးသည်နှင့် ပင်ပန်းစွာ အိပ်မောကျ သွားပြီး နောက်တစ်နေ့ နံနက်တွင် ထိုဇာတ်လမ်းကို ပြန်စရ သည်။ ထိုအခါ နိုင်ငံရေးကို စဉ်းစားရန် မရှိတော့။ ဦးဆောင်သူရှိ၍ အုံကြွမှုများ ဖြစ်လာသည့် အခါမှသာ နာကျည်း ခံပြင်းစိတ်ဖြင့် ပါဝင် လာတော့သည်။

မြန်မာပြည်၏ များစွာသော ပြည်သူတို့သည် ထိုသံသရာတွင် လည်နေကြသည်။ ထိုသို့ ဖြစ်စေရန်လည်း အာဏာပိုင် အဆင့်ဆင့်၊ စစ်တပ်အရာရှိအဆင့်ဆင့်ကို အကျင့်ပျက် ခြစားခွင့် ပေးထားသည်။ အနိုင်ကျင့် ဖိနှိပ်စေသည်။ ထိုသူများ ကောင်းစွာ အလုပ် မလုပ်၊ ထိုသို့ ဖိနှိပ် နေမှ လူထု ဒုက္ခရောက်မည်။ အငတ်ဘေးနှင့်ကြုံရမည်မဟုတ်ပါလား။ ထိုသို့ ပြည်သူ အများစုမှာ တနေ့စာ စား ဝတ် နေရေး အတွက် လုံးပမ်းနေချိန်တွင် သူတို့ ကတော့ တညတည်း သို့ နာရီပိုင်း အတွက် ကျပ်သိန်းပေါင်း မြောက်များစွာကို အတွန့်အဆုတ်မရှိ ဖြုန်းတီး နေနိုင်သည်။ သူတို့ ဇနီးမယားများ သားသမီးများကို စိန် စီထားသည်။ ဒီကြားထဲကပင် တိုင်းပြည်ကို သူတို့ပဲ ကယ်တင်နေသလိုလို ခပ်တည်တည်ဖြင့် ဝါဒ ဖြန့်သည်။

တတိယအချက်မှာ သူတို့ပေးချင်၊ သိစေချင်သော သတင်းအချက်အလက် ဖြစ်စဉ်များမှ အပ အခြားဗဟုသုတများ၊ တွေးခေါ်မျှော်မြင်မှုများ မရှိစေရန် ချုပ်ကိုင်ထားသည်။

စီစစ်ရေး အမျိုးမျိုးကို ထူထောင်၍ တင်းကျပ်စွာ စီစစ်သည်။မတတ်သာ၍ လက်လျှော့ထားရ သော ဂြိုလ်တု စလောင်း အသုံးပြုမှုများ၊ အင်တာနက်အသုံးပြုမှုများကိုပင် အမျိုးမျိုး အနှောင့် အယှက် ပေး၍ တင်းကြပ်စွာ စီစစ် သည်။ အသိအမြင်သည် အတွေးအခေါ် ကို ဖြစ်ပေါ် စေသည်။ တီထွင်ဆန်းသစ် ဖန်တီးမှုကို ဖြစ်ပေါ်စေသည်။ ဗဟုသုတ ရှိသူများကို လွယ်ကူစွာ လှည့်စား၍မရ။ ထို့ကြောင့် သူတို့လိမ်ချင်တိုင်းလိမ်၍ ရစေရန် လူထု၏ အသိပညာ မျက်စိကို ထိုးဖောက်ဖျက်ဆီးထားပါသည်။

လူထုကို နိုင်ငံရေး လှုပ်ရှားသူများနှင့် မပတ် သက်ရဲရန် အုပ်စုဖွဲ့ နည်းမျိုးစုံသုံးကာ ခြောက်လှန့်သည်။ လူသားအခွင့်အရေးတို့ကို နည်းမျိုးစုံဖြင့် ချိုးဖောက်သည်။ ထိုအချက်များ အပေါ် တွန်းလှန် တိုက်ဖျက် သူများကို မတရား ပြစ်ဒါဏ်များချသည်။ နောက်ထပ်မည်မျှပင် ထပ်ကြိုးစား စေကာမူ ထိုသို့ပင်ဖိနှိပ်မည်ဟူသောအရိပ်လက္ခဏာများကို တွင်တွင် ပြထား သည်။

ထိုသို့ဆောင်ရွက်မှု များကြောင့် လူထု လှုပ်ရှားမှုများ၊ အဆက်ဆက်သော မျိုးဆက်သစ်တို့၏ လှုပ်ရှားမှုများသည် ရပ်တန့်သွားသည် ဟူ၍ မရှိခဲ့၊ သို့သော် တက်လာသမျှသော ဦးဆောင်သူ များကို နအဖတို့က သူတို့၏ ရှေးရိုးနည်း လမ်းအတိုင်းပင်ဆက်လက်ဖမ်းဆီး အကျဉ်း ချသောနည်းဖြင့် ဖြေရှင်း ပြန်လေသည်။

သံသရာကထိုသို့ပင် လည်နေရသည်။ ထိုအစဉ်အလာကို ဘယ်ကဲ့သို့ ချိုးဖျက်ကြပါမည်

နည်း။ အမှန်တကယ် စဉ်းစားကြည့်မည်ဆို လျှင်တိုင်းပြည်၏ကံကြမ္မာကို ခြယ်လှယ် နေသူ များမှာ ဆယ်ဂဏန်းမျှသောအရေအတွက်သာ ရှိသည်။ ထိုဆယ်ဂဏန်း ထဲတွင်မှ ဆုံးဖြတ် ချက် ပေးနိုင်သောသူသည် သုံးလေးဦးမျှသာ။ ကျန်သူများသည် ထိုသူများ၏ အတည် ပြုချက် မပါပဲ ဘာမှ လုပ်ရဲသူများမဟုတ်။

လူသန်း၅၀ကျော်ရှိသော တိုင်းပြည်တခုတွင် လူ လေးသန်းခန့်က ပြည်ပနိုင်ငံများတွင်

ရောက်နေရသည်။ အချို့က မိမိတို့ တကိုယ်ရေ တိုးတက်ကြီးပွါးရေး အတွက်၊ အချို့က အသက်အန္တရာယ်ဘေးကြောင့်၊ အချို့က အငတ်ဘေးကြောင့် ထွက်ပြေးလာကာ၊ အချို့က ပြည်တွင်းရှိ မိမိတို့ မိသားစုများ ရှင်သန် ရပ်တည်နိုင်ရန် အတွက် ကြိုးစားရုန်းကန် နေကြ ရသည်။

ပြည်တွင်းရှိ လူ၅၀သန်းခန့်တွင် ထိုဆယ် ဂဏန်း အနည်းငယ် မျှသော လူများနှင့် ပါတ်သက်ရာ ပါတ်သက်ကြောင်း မျှသာ ချမ်းသာ ကြွယ်ဝ ကြသည်။ သူတို့နှင့် ပါတ် သက် တော်စပ်မှု မရှိလျှင် သူတို့ မှလက်ခံ ကြည်ဖြူ စေရန် လာဘ်ထိုး ပဏ္ဍာ ဆက်ရသည်။ သို့မှသာ ရပ်တည်ခွင့်ရမည်။ ထိုသန်း၅၀ကျော်မျှသော လူတို့၏ ကံကြမ္မာ ကို လူသုံးလေးဦးမျှက ထင်သလို ခြယ်လှယ် နေသည်။

ထိုသို့ သူတို့ အနိုင်ကျင့် ဖိနှိပ်နိုင်စေရန် လူဦးရေ လေးသိန်းမျှရှိသော စစ်တပ်က ကျားကန်ပေးထားသည်။ အံသြစရာ ကောင်းသည်မှာ ထိုစစ်တပ်၏ အောက်ခြေ အဆင့် တပ်သား များသည်လည်း မြန်မာပြည်၏ အခြား အခြေခံ ပြည်သူလူထုများ၏ ဘဝနှင့် ဘာမှ ပိုမိုထူးမခြားနား။ ထိုစစ်အာဏာရှင်ကြီးများ၏အသက်အိုးအိမ် စည်းစိမ် လုံခြုံမှုအတွက် အသက်ကိုပေး၍ ဆောင်ရွက်နေကြရ သော်လည်း သူတို့၏ မိသားစုများမှာ နောက်တန်းတွင် အငတ်ဘေးနှင့် ရင်ဆိုင်နေရသည်။

ပို၍ ဆိုးရွား သည်မှာ ရဟန်း သံဃာများကို သတ်ဖြတ်သူများ၊ ကျောင်းသား ပြည်သူများကို နှိပ်စက် သတ်ဖြတ်သူများ အဖြစ် အများပြည်သူ၏ အမုန်းကို ခံယူရသေးသည်။ သူတို့၏ မိသားစု သားသမီးများသည် စစ်သား သားသမီး ဆိုသော အဖြစ်ကို လူကြားထဲ တွင်ပင် ထုတ်ဖော် မပြောရဲ။

ထိုသို့ဆိုလျှင် အရာရှိအဆင့် စစ်သားများကကော မည်သို့ အခြေအနေ ရှိပါမည်နည်း။ အချို့ အရာရှိ များသည် ယူနီဖောင်းလေး ကျော့နေအောင် ဝတ်၍ ဌာနကပေးသော ကားလေးစီး၊ ကိုယ်ပိုင်ကားလေး စီးကာ အ ဆင်ပြေနေသလို၊ အချို့အရာရှိများသည် ရှေ့တန်း စစ်မြေပြင် တွင် သေမင်းနှင့် ရင်ဆိုင်နေရသည်။ နောက်တန်းသို့ ရောက်ပြန်လျှင်လည်း ထိုအရာရှိ များလို စည်းစိမ်ခံခွင့်မရှိ၊ ကွာခြားချက်သည်ကား ကျောထောက် နောက်ခံပင် ဖြစ်သည်။

အမြဲစည်းစိမ် ခံနိုင်သော အရာရှိများမှာ ဗိုလ်ချုပ်ကြီးများ၊ ဗိုလ်မှူးကြီးများ၏ သား များ ဆွေမျိုးများ ဖြစ်၍ အမြဲ သေမင်းနှင့် စစ်ခင်းနေရသူ အရာရှိများမှာ ဝါဒ ဖြန့်ချီမှုများကို အဟုတ်ကြီး မှတ်၍ ဆွေမရှိ မျိုးမရှိနှင့် တပ်ထဲ ရောက်လာသူများ ဖြစ်သည်။

အရာရှိများ အဆင့်သည် နိမ့်သေးသည် ဆို လျှင် အရာရှိကြီးများ အဆင့်ကို လေ့လာ ကြည့်ကြ ရအောင်။ အရာရှိကြီးများ အဆင့်သည် ထိုစစ်အာဏာရှင်ကြီးများ ရပ်တည်မှု အတွက် အရေးကြီးသော ဒေါက်တိုင်ကြီးများ ဖြစ်လာသဖြင့် လူရိုသေရှင်ရိုသေ အခွင့်အ ရေးများတော့ ရရှိပေသည်။

သို့သော်ဒီမိုကရေစီအရေး အတိုက်အခံများ အရေးနှင့် မပါတ်သက် စေဦးတော့ ဘယ်အရာရှိကြီးသည် ဦးသန်းရွှေ၏ သမက်ဗိုလ်မှူး အဆင့်သာ ရှိသူကို အမိန့်ပေး စေခိုင်းရဲပါ သနည်း။

နိုင်ငံခြား စစ်သံရုံးများတွင် ပို့ထားသော၊ မြို့ ပေါ် နေရာကောင်းများတွင် ထားသော ဗိုလ် ချုပ်ကြီးများ၏ သားများအား ရှေ့တန်းသို့ အခြားအရာရှိများနည်းတူထွက်ရန် စေခိုင်းရဲ ပါသနည်း။

ယုတ်စွအဆုံး ဘယ်ဗိုလ်ချုပ်၊ ဗိုလ်မှူးကြီး၊ ဘယ်ဒုဗိုလ်မှူးကြီးကတော်သည် ဦးသန်းရွှေ သမီးအားသမီးတော်လေးဟုမခေါ်ပဲ နေရဲပါသလဲ။တာဝန်နှင့် မဆိုင်ပဲအနိုင်ကျင့် ခိုင်းစေ မှုများအတွက် ဘယ်သူက အငြိုငြင်ခံကာ မလုပ်ပဲ နေရဲပါသလဲ။ ခေါင်းဆောင်ကြီးဟု သူတို့ကိုယ် သူတို့ ပြောသည့်သူများ၏ သား သမီးမြေးများ၏လူု့ကျင့်ဝတ် ဖောက်ဖျက်မှုများ အနိုင်ကျင့်စော်ကားမှုများကို ဘယ်သူ က လူသိရှင်ကြား ဖွင့် ချရဲပါသလဲ။

အားနည်းသော ခိုကိုးရာမဲ့ ပြည်သူများ အပေါ်အနိုင်ကျင့်ဖိနှိပ်ခွင့်နှင့်အကျင့်ပျက် ခြစားခွင့် အချို့ကိုရရှိနေသော်လည်းထိုသူများ၏ ဇနီးမယား၊ သားသမီးများသည် ထိုခေါင်းဆောင် ကြီးများ မိသားစုများ၏ အိမ်တော်ပါ ကျွန်များနှင့် မခြား ပြန်လည် ဖိနှိပ်ခံ နေကြရသည်။ ထိုအခြေအနေ များဖြင့် နေရသည်နှင့် စာလျှင် ဇာတ်ထဲက ဝန်ကြီး၊ ပြဇာတ်ထဲက စစ်ဗိုလ်ကြီး လုပ်ရသည်ကမှ ပိုမိုဂုဏ်ရှိ ပါဦး မည်။

ထိုအခြေအနေ များအရ တကယ်တန်းတွင် မည်သူမှ ယခု အခြေအနေတွင် ကျေနပ်နေ ကြသည် မဟုတ်။ သို့ရာတွင် ထိုမကျေနပ်မှု များကို စစ်အာဏာရူး မှူးကြီး သန်းရွှေနှင့် သူ၏လက်ဝေခံများက အထက်တွင်ဖေါ်ပြခဲ့ သည့်အတိုင်းအကြောက်တရား၊အငတ်ဘေး အသိပညာ ချို့တဲ့မှု တို့ဖြင့် ထိန်းချုပ်ထားသည်။

ထို့ကြောင့်လူအားလုံးသည် မိမိတို့ကိုယ်တိုင် မဆောင်ရွက်နိုင်ကြသည့် အခါ ဦးဆောင် ဦးရွက်ပြုမည့် ခေါင်းဆောင်ကို မျှော်လင့်ကြသည်။ ထိုအခါ ထိုစစ်ခေါင်းဆောင်တို့က ထို ခေါင်းဆောင်များကို ဖမ်းဆီး၍ ၆၅နှစ် နှစ်၁၀၀ စသော ထောင်ဒဏ်များကို ချပြ၍ အကြောက် တရားဆီ ရောက်အောင် ပို့ ဆောင်ပြန်သည်။ သံသရာ တပါတ် ပြန်လည်ပြန် တော့သည်။

အမှန်မှာမူ လူတိုင်းသည် မိမိတို့ ကြမ္မာကို မိမိတို့သာ ဖန်တီ်းကြသည်။မိမိတို့ မိသားစု ဘဝကိုမိမိတို့တည်ဆောက်ကြသည်။ထိုနေရာတွင်မူ မည်သူ၏ ခြယ်လှယ် ဦးဆောင်မှု ကိုမျှ မတောင်းဆိုကြပါ။ ဆိုလိုသည်မှာ မိမိ၏ မိသားစု ဘဝကို ဖန်တီ်းရာ နေရာ၌ မည့်သည့် ခေါင်းဆောင်ကိုမျှ မမျှော်ကြ။ အခွင့်အလမ်း အပြောင်းအလဲ ရှိလျှင်ရှိသလို မိမိတို့ ဆုံးဖြတ် ချက်ဖြင့် မိမိတို့ လှုပ်ရှား ဆောင်ရွက်သည်။

ထို့သို့ဆိုလျှင်ယခု တိုင်းပြည်အရေး ဆိုသည် ကကော။ တိုင်းပြည်အရေး ဆိုသည်နှင့် စကား လုံးက ကျယ်ပြန့်၍ တွန့်ဆုတ်သွားကာ မိမိကိုယ်တိုင်ပင် ဦးဆောင် နိုင်သည် ဆိုသော အသိသည် ပျောက်ကွယ် သွား သည်။ အမှန်မှာမူ တိုင်းပြည် အရေးသည် လည်း မိမိတို့ ဘဝအရေးပင် ဖြစ်ပြီး ထိုတိုင်းပြည် တိုးတက်ပြောင်းလဲ ခြင်းသည် မိမိတို့ ဘဝ တိုးတက် ပြောင်းလဲ ခြင်းသာ ဖြစ်ပေ၍ သူတပါး လာရောက်ဦးဆောင်မှ မိမိ တို့ဘဝ ပြောင်းလဲ ရမည့်အခြေအနေကိုစောင့်သင့်ပါသလော သို့ မိမိတို့ဘာသာ တတ်စွမ်းသည့် အရည်အချင်း ဖြင့် ဦးဆောင်မည်လော ဆိုသော အချက်ကို လူတိုင်း အလေးအနက် စဉ်းစားကြရန် လိုပါ သည်။

သူကြီးမရှိတော့၍ မိမိတို့ ရွာကို ဓားပြ တိုက်လာသည့် အခါ မိမိတို့ဘာသာ စုပေါင်း ကာကွယ်ရမည်။ သူကြီးကိုယ်တိုင် ဓားပြဖြစ် နေလျှင်လည်း မိမိတို့ဘာသာ စုပေါင်း တွန်းလှန် ရမည်။ ခိုင်မာသော ဦးဆောင်မှု ရှိလျှင် ညီညာစွာ စုပေါင်းဝန်းရံရမည်။ ဦးဆောင်မည့်သူ မရှိ လျှင်လည်း မိမိတို့ ဘာသာ စုပေါင်း ဦးဆောင်ရပေမည်။ မိမိတို့ ကံကြမ္မာ ကို မိမိတို့ ဘာသာ ဖန်တီ်းရန် မိမိတို့သည် သာမန်အရပ်သား တဦးဖြစ်စေ၊ ဝန်ထမ်း တ ဦးဖြစ်စေ၊ တပ်မတော်သား တဦးပင် ဖြစ်စေ၊ကျောင်းသား လူငယ်တဦးပင် ဖြစ်စေ မိမိ ကိုယ်ကို ဦးဆောင်နိုင် သလို အများကို ဦးဆောင် သူလည်း ဖြစ်လာနိုင်ပါသည်။

အရေးတကြီး ဆောင်ရွက်ရန်တခုမှာ ဘာမှန်းမသိ ကြောက်နေရသည့် စစ်ဏာရှင် လူအ နည်းငယ် က ကာရံ ထားသော အကြောက်တရား တံတိုင်းကြီးကို စနစ်တကျ ချိုးဖျက်နိုင်ရန်နှင့်၊ အခွင့်အလမ်း အခြေအနေ အပေါ်မူ တည်၍ မိမိတို့ ကိုယ်ပိုင် ဆုံးဖြတ်ချက်ဖြင့် မိမိတို့ကိုယ်တိုင် ခေါင်းဆောင်အဖြစ် ပြတ်သားစွာ အကောင်အထည်ဖေါ် ဆောင်ရွက် သွားကြ ရန်သာ ဖြစ်ပါသည်။