8.05.2009

Burma's News World's News


Iranian President Mahmoud Ahmadinejad embraces judiciary chief Ayatollah Mahmoud Hashemi Shahroudi during his swearing-in at the parliament in Tehran on Wednesday
Mahmoud Ahmadinejad takes a swipe at "disrespectful" foreign powers as he is sworn in for a second term as president of Iran.

Two US reporters freed by North Korea from months of detention after a visit by Bill Clinton arrive in Los Angeles.

Two missiles suspected to have been fired by a US drone kill a wife of a leading Pakistani militant, relatives tell the BBC.

Former US President Clinton greets freed journalists Laura Ling (in green) and Euna Lee (in red) before leaving North Korea on way back to US
Wed. 05 Aug 2009 1308 UTC

US Journalists Back in United States After North Korea Ordeal

Plane carrying Laura Ling, Euna Lee, accompanied by former US President Bill Clinton, arrived in Burbank, California Wednesday

Full Story »

Mahmoud Ahmadinejad delivers his inauguration speech to parliament, in Tehran, 05 Aug 2009

Iranian President Ahmadinejad Takes Oath of Office

Mahmoud Ahmadinejad calls re-election 'unprecedented epic' victory for Iranian people, Islamic establishment

US Secretary of State Hillary Clinton, addresses 8th Africa Growth Opportunity Act Conference (AGOA) in Nairobi, 05 Aug 2009

Clinton Re-Affirms US Commitment to Africa Partnership Audio Clip Available

US secretary of state expresses optimism in continent's long-term potential for growth and development

Afghan villagers look at bodies of two children and man after they were allegedly killed in airstrike by foreign troops in Kandahar, 5 Aug 2009

Afghan Villagers Say 4 Civilians Killed in Airstrike

But US military officials say helicopters operating in Arghandab district attacked, killed four militants riding motorcycles in field away from populated sites

Map of Pakistan

Wife of Pakistani Taliban Leader Killed in Missile Strike

At least one other person reported killed in suspected US drone attack early Wednesday in South Waziristan tribal region


AAPP chronology July 2009

AAPP Chronology July 2009 [Eng]

Just a domestic issue

Thursday, July 30, 2009
STEPHFF |

QUOTE OF THE DAY
I think the greatest tribute that Filipinos can pay to Corazon Aquino and so many others who gave their lives for democracy is ... there should be no more dictatorships again.
— East Timor President Jose Ramos-Horta

Aquino Laid to Rest, Hailed as Moral Leader

By JIM GOMEZ
Former President Corazon Aquino's body made its final journey through the Philippine capital to be buried next to her assassinated husband.

UN Chief to Hold ‘Friends of Burma’ Meeting

By LALIT K JHA
United Nations Secretary-General Ban Ki-moon will meet with the Group of Friends on Burma to review the world body’s policy on the military-ruled country.

Rebel Groups Welcome UN’s Child Soldiers Probe

By SAW YAN NAING
Burma’s Karen National Union and Karenni National Progressive Party say they’ll welcome the arrival of a UN team which is being formed to look into charges that they are recruiting child soldiers.

Monks Question Gov’t Use of Personal Photographs

By LAWI WENG
Monks in Pegu and Rangoon express concern about orders to attach personal photographs to their government information forms.

Burmese Actor in ‘Monk’ Photo Scandal

By ARKAR MOE
The publication online of a photograph of a well-known Burmese actor and his friends posing in saffron robes has been severely criticized.

Video ‘Licensing Tax’ Levied on Gathering Places

By ARKAR MOE
Restaurants, tea shops, beauty parlors and other popular venues in Burma must now pay a “licensing tax,” says the Burmese Film Association.


OPINION

Transparency Needed in Burma's Nuclear Program

By MAUNG THUTA
In an article published by The Irrawaddy in July 2007, author Maung Thuta described the historical background to Burma’s quest for nuclear technology.

Burma, Sri Lanka to counter terrorism

Burma and Sri Lanka have agreed to step up bilateral cooperation ranging from curbing terrorism to going in for investments, trade and tourism during the second joint bilateral meeting......

Thailand asked to revise new energy plan

Environmentalists have appealed to the government of Thailand to revise its new energy plan that may have been ‘over estimated’, even as a new report reveals the human costs......

Seven years on Sino-Burmese border trade zone reopened

A Sino-Burmese border trade zone was reopened on August 1, after being closed for seven long years. The Northern Command Commander Maj. Gen. Soe Win attended the opening...

Editorial, Opinion and Analysis

China edgy over Burma’s nuclear ambitions

(Analysis) Another round of revelations concerning Burma’s nuclear ambitions and its nexus with North Korea has thrown up renewed international interest. Comb...

အမှောင်ခေတ်ကို ဦးတည်၍ မြောက်ကိုရီးယားကို လက်ကမ်းကြိုဆိုလျှက်

E-mail Print
မိမိတို့အနေနှင့် နိုင်ငံတော်အေးချမ်း သာယာရေးအတွက် ဆောင်ရွက်သင့်သည်များကို ဆောင်ရွက်လျက်ရှိရာ .. ယခုလက်ရှိတွင် တိုင်းပြည် သာယာရေးအတွက် အဖျက်အမှောင့်ဖြစ်သည့် ကြွက်များ၏ အမြီးများကို မီးရှို့ ဖျက်ဆီးပြီးဖြစ်ကြောင်း ..၊ ထိုသို့ အမြီးများကို မီးရှို့ဖျက်ဆီးလိုက်သော်လည်း မည်သည့် အမြီးပြတ် ကြွက် တကောင် တမြီး ကမှ ကွန်ပလိန်းမတက်ကြောင်း ..

“ဟာ ဟုတ်သေးပါဘူး … ” “ဗျစ်”

ပြန်ကြားရေးဝန်ကြီး ဆော်ကြမ်းတယောက် သတင်းစာဆောင်းပါးတပုဒ်ကို အာရုံဝင်စားစွာ ရေးသားနေခြင်း ဖြစ်သည်။ တိုင်းပြည်ခေါင်းရှောင် ချိုကုပ်ဒူးကြီး၏ ညွှန်ကြားချက်ကြောင့်သာ ရေးနေရခြင်းဖြစ်သော်လည်း ဘယ်က ဘယ်လို စ ရေးရမှန်းမသိ ဖြစ်နေသည်။ ရေးလိုက်၊ စာရွက်များကို ဆုတ်လိုက်နှင့် တခန်းလုံးလည်း မွစာကြဲနေသည်။ “ဗျစ်” ဆိုသော အသံမှာ စာရွက် ဆွဲဆုတ်သံဖြစ်သည်။ ဆော်ကြမ်းမှာ ခေါင်းကို တဗျင်းဗျင်း ကုတ်ရင်း ဘောပင်ကို ပြန်ကိုင်လိုက်စဉ် ..

“ဝုန်း”

ဆော်ကြမ်း။ ။ အောင်မယ်လေး .. ပြိုသွားတဲ့ ဓနုတ်ဘုရားကြီးကယ်ပါ ..။ ဟင် ခင်ဗျား .. ခင်ဗျားက ဘယ်ဇာတ်ထဲကလဲ ..။ ဒီလောက်လုံခြုံရေးတွေ ချထားတဲ့ကြားက ဘယ်က ဘယ်လို ရောက်လာတာလဲဗျ။

ဆော်ကြမ်း၏ အမေးကို ထို အရာက ပြန်မဖြေသေးဘဲ တဟဲဟဲ ရယ်နေသည်။ ပြီးမှ “မကြောက်ပါနဲ့ ဗျာ .. ကျုပ်က ချင်းမိုင်ရုက္ခစိုးပါ” ဟု ဖြေလိုက်သည်။

ဆော်ကြမ်း။ ။ ဘာလာလုပ်တာလဲဗျာ။ ခင်ဗျားကို ဧည့်ခံဖို့ ကျုပ်မအားသေးဘူး .. ဒီမှာ သတင်းစာ ဆောင်းပါး တပုဒ်ရေးဖို့အရေး ခေါင်းခြောက်နေတယ်။ ဒီည ဒက်လိုင်းဗျ။ မပေးလို့ မဖြစ်တော့ဘူး။

ရုက္ခစိုး။ ။ မပူပါနဲ့ဗျာ .. ကျုပ်ဝိုင်းကူ စဉ်းစားပေးမယ်။ တာတေဆိုတဲ့ကောင် ပေါက်တတ်ကရတွေ ရေးသမျှ ကျုပ်နဲ့ ဟိုကောင် ဖိုးရှုပ်တို့ ကြွက်စုတ်တို့ ကုန်ကြမ်းတွေပေးနေတာ ချည်းပဲ။ သူ့စိတ်ကူး ဘာမှ ပါတာမဟုတ်ဘူး။

ဆော်ကြမ်း။ ။ ဟုတ်လား .. ဒါဆိုလည်း လုပ်စမ်းပါဗျာ ..။ အားကိုးပါတယ်။

ရုက္ခစိုး။ ။ ခင်ဗျားက ဘယ်လို အကြောင်းအရာ ရေးချင်တာလဲ ပြောဦးလေ။

ဆော်ကြမ်း။ ။ ကျုပ်ဆောင်းပါးက ဘယ်သူနဲ့မှ မတူချင်ဘူးဗျာ ..။ ဟို ဂျာနယ်လစ်ဆိုတဲ့ အကောင်တွေကို လည်ပင်းညှစ်ပြီး ရေးခိုင်းနေရတာ သိပ်အလုပ်မဟုတ်တော့ဘူးဗျ။

ရုက္ခစိုး။ ။ ဒီလူတွေပဲ ခင်ဗျားတို့ရေးစေချင်နေတာတွေ ရေးပေးနေတာပဲ မဟုတ်ဘူးလား။ ဖားမင်းဆွေတို့ ကျော်ငရဲမင်းတို့ဆို အတော်လေး အဆဲခံရတာပဲဟာ၊ အောင်မြင်တယ် တယ်လို့ ဆိုရမှာပေါ့။

ဆော်ကြမ်း။ ။ ဟုတ်တော့ဟုတ်တယ်လေဗျာ ..။ ဒါပေမယ့် သူတို့က အခွင့်အရေး လိုချင်လို့ရယ်၊ ကြောက်လို့ရယ် ရေးတာဆိုတော့ စေတနာ မပါဘူးဗျ။ အဲဒါကြောင့် ချိုကုပ်ဒူးကြီးက ကျုပ်ကို ဒီတပတ် ကိုယ်တိုင်ရေးပါတဲ့။ ရှက်ရှက်နဲ့ ဝန်ခံရရင် ကျုပ်ကလည်း ပြန်ကြားရေး ဝန်ကြီးဆိုတဲ့ နာမည်သာခံထားတာ .. ဟီဟိ .. စာက သိပ်ရေးတတ်တာ မဟုတ်ဘူးလေ။

“လုံးလုံး မရေးတတ်ဘူးလို့သာ ပြောလိုက်စမ်းပါဗျာ” ဟု ဦးရုက္ခစိုးက စိတ်ထဲက ပြန်ပြောလိုက်သည်။

ဆော်ကြမ်း။ ။ ဒါပေမယ့်လည်း မရေးတတ်ဘူး ပြောရမှာ ရှက်စရာကြီးဗျ။ ဒါကြောင့် အကောင်းဆုံး ရေးပေးမယ်လို့ ပြောခဲ့တယ် .. ။ တယောက်ယောက်ဆီက ခိုးချသင့်ရင် ခိုးချမယ်လေ။ သိတယ်မဟုတ်လား ကျုပ်က ဒါမျိုးတော့ မျက်နှာက ပြောင်ပြီးသားပဲ။

ဦးရုက္ခစိုး။ ။ ခင်ဗျားမျက်နှာပြောင်တာတော့ ဟိုတခါ မျောက်က ကပြပြီးကတည်းက သိပြီးသားပါဗျာ။ ရေးချင်တာတွေ ဆက်ပါဦး။

ဆော်ကြမ်း။ ။ ဟုတ်သားပဲ။ ကျုပ်ဆောင်းပါးထဲမှာဗျာ နိုင်ငံတော် အေးချမ်းသာယာရေးကို နှောင့်ယှက် ဖျက်ဆီး သူတွေကို တိုက်ခိုက်တာလည်း ပါချင်တယ်၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး အတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ပြီးစီးတာတွေလည်း ပါချင်တယ်၊ ဒေါ်အောင်ဆန်းစုကြည်က သူ့အပြစ်နဲ့ သူ ခံရတယ် ဆိုတာလည်း ပါချင်တယ်၊ စပါးအထွက်တိုးတာလည်း ပါချင်တယ်၊ ဝက်တုပ်ကွေးကာကွယ်ဖို့ လက်ဆေး ခိုင်းတာလည်း ပါချင်တယ်။

ဦးရုက္ခစိုး။ ။ ဒါပဲလား။

ဆော်ကြမ်း။ ။ နေဦး လာဦးမယ်လေ။ ရေနွေးကြမ်းသောက်ခြင်းဖြင့် ကင်ဆာရောဂါကို ကာကွယ်ရာ ရောက်တဲ့ အကြောင်းလည်း ပါရမယ်၊ နောက် အမေရိကန်ကိုလည်း နည်းနည်း ကလော်တုတ်ချင်တယ်ဗျာ။ ဒါမှ ကျုပ်တို့ ချိုကုပ်ဒူးကြီး သဘောကျမှာ။ အာဆီယံက ကျုပ်တို့ကို ဖိုက်နေတာကို မကျေနပ်တာလည်း ပါချင်တယ်၊ တရုတ်ကြီး တို့အဖွဲ့ ဓာတ်ငွေ့တွေ ဝယ်တာကို ကျေးဇူးတင်ကြောင်းလည်း ပြောချင်တယ်၊ မြောက်ကိုရီးယားမှာ နျူကလီးယား စမ်းသပ်တာကို ကြိုဆိုတဲ့အကြောင်းလည်းပါချင်တယ် ..။ မကြာခင် လျှပ်စစ်မီး ပုံမှန် ပြန်ရကောင်း ရနိုင်တယ် ဆိုတာလည်း …။

ရုက္ခစိုး။ ။ ဟိုးထား .. ဟိုးထား .. ခင်ဗျားဟာက သိပ်များနေပြီ .. တခုချင်းစဉ်းစားရင်ကောင်းမယ်ဗျာ။ နောက်ပြီး မဖြစ်နိုင်တာတွေချည်းပဲ။

ဆော်ကြမ်း။ ။ မဖြစ်နိုင်တာကို လျှောက်ပြောတာကိုက ကျုပ်တို့ ချိုကုပ်ဒူးကြီးရဲ့ လမ်းစဉ်ပဲလေဗျာ။ Mission impossible ဆိုတာ ချိုကုပ်ဒူးကြီးက စတာဗျ။ ဘာပဲဖြစ်ဖြစ် ရအောင်ရေးမယ် .. ကူညီစမ်းပါ ဦးရုက္ခစိုးရာ။ ကျေးဇူးမမေ့ပါဘူး၊ ခင်ဗျားအတွက် ပါမစ် တခုရအောင် ကျုပ် ပြောပေးပါမယ်။

ရုက္ခစိုး။ ။ တော်ပါပြီဗျာ .. ခင်ဗျား ပါမစ်လည်း မလိုချင်ပါဘူး .. ဆက်စမ်းပါဦး။

ဆော်ကြမ်း။ ။ ခုတလော ခေတ်စားနေတဲ့ ကြက်ဥအတုရယ်၊ ဟို မောင်ဂျောင်းဆိုတဲ့ကောင် အရူးချီးပန်း လျှောက်ပြောတဲ့ အလွတ်မကျက် ပညာရေးရယ်။ ဒီကောင်ပြောတာ ကျုပ်ကသိပ်တော့ နားမလည်ဘူးဗျ ဘာတွေမှန်းလဲ မသိဘူး။ ကျုပ်က ဘုန်းကြီး ကျောင်းမှာ အလွတ်မကျက်လို့ ဆရာတော် ကြိမ်နဲ့ဆော်တာပဲ သိတာ။

ရုက္ခစိုး။ ။ ဒါကတော့ဗျာ .. သူလည်း ကြားဖူးနားဝလေးတွေ လျှောက်ပြောတာ နေမှာပေါ့။ ခင်ဗျားတောင် မီဒီယာကို မီဒီယာနဲ့ တိုက်မယ် အော်သေးတာပဲ။ သူလည်း ရွေးကောက်ပွဲဝင်ဖို့ ဒီလောက်တော့ အော်ပေးမှ ဖြစ်မှာပေါ့။

ပြောရင်း ဦးရုက္ခစိုးက ဘေးတွင်ကျနေသော စာရွက်ပိုင်းတခုကို ကောက်ကိုင်ကြည့်လိုက်သည်။

ရုက္ခစိုး။ ။ ဘာတဲ့ .. ကြွက်မြီးတွေ မီးရှို့ဖျက်ဆီးတယ် ဆိုပါလား .. တခါမှ မကြားဖူးပါဘူး ..။ သြော် သိပြီ .. ဒါကြောင့် အမြီးမပါတဲ့ ကြွက်တွေကို မြို့ထဲမှာ ရုတ်ရုတ်ရုတ်ရုတ် လုပ်နေတာ တွေ့ရတာကိုး။

ဆော်ကြမ်း။ ။ ဟာ .. အဲဒါက ဒေါ်အောင်ဆန်းစုကြည် အမိန့်ချသယောင်ယောင် လုပ်မယ့်နေ့မှာ လုံခြုံရေး ယူထားတဲ့ ရဲတွေပါဗျ။ ကျုပ်ရေးထားတာက တကယ့်ကြွက်တွေ။ ဧရာဝတီတိုင်းမှာ စပါးအထွက်တိုးအောင် ကြွက်မြီး မီးရှို့ ပြိုင်ပွဲ ကျင်းပပေးတာ။

ရုက္ခစိုး။ ။ သြော် အဲဒီလိုလား ..။ ဒါနဲ့ ဘာလို့ တကောင်လုံး မရှို့ဘဲ အမြီးချည်းပဲ ရှို့တာလဲ။

ဆော်ကြမ်း။ ။ ဟာ ကြွက်ဈေးကောင်းတယ်လေ။ တကောင်လုံး ရှို့လိုက်ရင် ဂျန်းဂဲ သမားတွေ ဘယ်ကျေနပ်ပါ့မလဲ။ အင်း .. ရွာကိုတောင် သတိရလာပြီ။ ထန်းရည်လေးနဲ့ လယ်ကြွက်ကြော်လေးများ မြည်းလိုက် ရရင် .. ရှလွတ်။

ရုက္ခစိုး။ ။ ဟာ .. ပြောရင်းက ချော်တောငေါ့ပြီ။ ခင်ဗျားဟာက ကြွက်အခွင့်အရေး လှုပ်ရှားသူတွေ သိရင် မလွယ်မယ့် အပေါက်ကြီး။ ဘာပဲဖြစ်ဖြစ်ပါလေ .. ကဲ ကဲ ခင်ဗျား လိုက်ရေးဖို့ပြင် ကျုပ်မြှောက်ပေး .. အဲ ခေါ်ပေးမယ် ..ဟုတ်ပြီလား။

ဦးရုက္ခစိုးစကားကြောင့် ဆော်ကြမ်း အားတက်ကာ ဘောပင်ကို အဆင်သင့် ကိုင်ထားလိုက်သည်။

ရုက္ခစိုး။ ။ မိမိတို့အနေနှင့် တိုင်းပြည် တည်ငြိမ်ရေးကို လိုလားသောကြောင့် ကြွက်မြီးများကို မီးရှို့ကာ အမေရိကန်ကို မှန်မှန် ဆဲနေကြောင်း၊ ရေနွေးကြမ်း သောက်ခြင်းသည် ကင်ဆာကို ကာကွယ်ရာ ရောက်သကဲ့သို့ မြောက်ကိုရီးယား ကို ဘုရားကဲ့သို့ ကိုးကွယ်ခြင်းဖြင့် အနောက်နိုင်ငံများ၏ အန္တရာယ်မှ ကာကွယ်ရာ ရောက် ကြောင်း ..။

ဆော်ကြမ်း။ ။ ဟိုးဒင်း .. ဦးရုက္ခစိုး နည်းနည်းတော့ လွဲနေပြီ ထင်တယ်ဗျ။

ရုက္ခစိုး။ ။ မလွဲဘူးလေဗျာ .. ဒါ ရူပက အလင်္ကာ နည်းကို သုံးထားတာ။ ဆက်ခေါ်မယ် .. ရေး ..။ မိမိတို့ အနေနှင့် ဝက်တုပ်ကွေးကို ကာကွယ်ရန် စားအုန်းဆီဖြင့် လက်ဆေးခြင်းကို အထူး စမ်းသပ်နေကြောင်း၊ ကြက်ဥ ကို ကြော်စားကြည့်ခြင်းဖြင့် အတုအစစ် ခွဲခြားလျှက်ရှိရာ ကြက်ဥပေါင်း ၁ သန်း၊ ၃ သိန်း၊ ၄ သောင်း၊ ၆ ထောင်၊ ၈ ရာ ၈ ဆယ့် ၂ လုံးတိတိ ကြော်စားပြီးသော်လည်း အတုကို မတွေ့သဖြင့် ဆက်လက်ကြော်စားရန် ရည်ရွယ် ထားကြောင်း။

ဆော်ကြမ်း။ ။ ဟာ .. ဒါကတော့ နည်းနည်း လွန်နေပြီထင်တယ်ဗျ။

ရုက္ခစိုး။ ။ စားအုန်းဆီထဲမှာ ဆပ်ပြာတွေ ဖျော်ထည့်ကြတယ် မဟုတ်လား .. အဲဒီတော့ စားအုန်းဆီနဲ့ လက်ဆေးလို့လည်း ရရမှာပေါ့။ ကြက်ဥကတော့ အတိသယ ဝုတ္တိနည်းကို သုံးပြီး ရေးထားတာလို့ပြော .. ဟုတ်ပြီလား။ ကဲ ဆက်ခေါ်မယ် .. မိမိတို့အနေနှင့် စာအလွတ်ကျက်ရသောကြောင့် ပင်ပမ်းနေသော ကျောင်းသားများကို ငဲ့ညှာသောအားဖြင့် မည်သည့် ကျောင်းသားမှ စာအလွတ်မကျက်ရဟု စေတနာ ရှေ့ထားကာ အမိန့်ထုတ်ပြန်ခဲ့ကြောင်း ..။ ထိုသို့ ပြည်သူများအပေါ် စေတနာမြောက်များစွာ ထားနေသော် ငြားလည်း ပြည်သူအများက ဒေါ်အောင်ဆန်းစုကြည်မှ ဒေါ်အောင်ဆန်းစုကြည်သာ ဖြစ်နေကြောင်း..။

ဆော်ကြမ်း။ ။ ဒါတော့ သဘောကျတယ်ဗျာ။ ရပြီ .. ရပြီ ကျုပ်ဆက်ရေးလိုက်မယ်။ ကြားထဲမှာ အမေရိကန်ကို တခေါက်လောက် ထပ်ကလော်တုတ်မယ်ဗျာ .. ပြီးရင် .. နိုင်ငံရေးအကျဉ်းသား မရှိဘူးလို့ တခွန်းပြောမယ်၊ ဒေါ်အောင်ဆန်းစုကြည်ကိစ္စ ဟိုလိုလို ဒီလိုလို လုပ်လိုက်မယ်၊ စီးပွားရေး ပိတ်ဆို့လို့ ပြည်သူတွေ ဆင်းရဲနေတာလို့ ပြောမယ် ..။ ဆူပူမယ်မကြံနဲ့ ထောင်ထဲဖမ်းထည့်လိုက်မယ်လို့ ခြိမ်းခြောက်မယ် ..၊ ပြီးမှ လျှပ်စစ်မီးတွေ မှန်တော့မယ်လို့ အချိုပြန်သတ်မယ် … အမယ် တယ်တော်တဲ့ ငါပါလားဟ။

ဆော်ကြမ်းကား ဦးရုက္ခစိုးကို မေ့သွားလေပြီ … ။ ရေးရင်းရေးရင်း သူရေးနေသမျှတိုင်းကို အမှန်များဟု ထင်ကာ အားတက်သရော ဆက်ရေးနေတော့သည်။

မိမိတို့ အနေနှင့် … မိမိတို့ အနေနှင့် .. မိမိတို့ အနေနှင့် .. မိမိတို့ အနေနှင့် ..။

မှတ်ချက်။ ။ ဆောင်းပါးရှင် “ဆော်ကြမ်း” ၏ “အမှောင်ခေတ်ကို ဦးတည်၍ .. မြောက်ကိုရီးယားကို လက်ကမ်း ကြိုဆိုလျှက်” အမည်ရှိ အခန်းဆက် သတင်းစာဆောင်းပါးကြီးကို မြန်မာ့အမှောင်သတင်းစာတွင် စောင့်မျှော် ဖတ်ရှုကြပါကုန်။

မြန်မာ့သတင်း ကမ္ဘာ့သတင်း

သတင်းစာဆရာကြီး ဦးဝင်းတင်နှင့် ခေတ်ပြိုင်ဆက်သွယ်မေးမြန်းချက် အထူးအစီအစဉ်
၈-၈-၈၈ တွင် ပေါ်ပေါက်ခဲ့သည့် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ ကာလတလျှောက် ဖြစ်ပျက် ခဲ့သည့် အဖြစ်အပျက် ရလဒ်မျ...

These undated photo show American journalists Laura Ling, right, and Euna Lee (File)

တရုတ်ပြည်ကတဆင့် မြောက်ကိုရီးယား နိုင်ငံထဲ တရားမ၀င် ခိုးဝင်ခဲ့တဲ့အတွက် မြောက်ကိုရီးယား အစိုးရက ဖမ်းဆီးပြီး ပြန်လွှတ်ပေးလိုက်တဲ့ အမေရိကန် သတင်းသမား ၂ ဦးဟာ သမ္မတဟောင်း ဘီလ် ကလင်တန်နဲ့ အမေရိကန်နိုင်ငံကို ပြန်လာနေပါပြီ။
ပြည်တွင်း၌ Home Made ခေါ် ညစ်ညမ်းဗွီဒီယိုများ ပျံ့နှံ့

မင်းနိုင်သူ / ၅ သြဂုတ် ၂၀၀၉
“သမီးရည်းစားအတွဲတွေ နေထိုင်ဆက်ဆံနေကြပုံတွေကို ရိုက်ထားပြီး ၀က်ဘ်ဆိုဒ်မှာတင်ထားတာ။ ခုနောက်ပိုင်း မြန်မာအတွဲတွေ ပိုများလာတာတွေ့ရ.....”အပြည့်အစုံသို့
ပုံစံအမျိုးမျိုးဖြင့် ဆိုင်ကယ်နှိပ်ကွပ်ရေး လုပ်ဆောင်

NEJ / ၅ သြဂုတ် ၂၀၀၉
“ခု အမိန့်တမျိုး ထပ်ထွက်လာပြန်ပြီ။ ရန်ကုန်မြို့တွင်းမှာ စစ်ရောင်နဲ့ သုံးဘီးကားရောင် ဆိုင်ကယ်တွေပဲ စီးခွင့်ပြုတော့ မယ်ဆိုတာမျိုး၊ ဒီအတွက် သက်ဆိုင်ရာက ...”အပြည့်အစုံသို့

တိုတယ်ကုမ္ပဏီက ဝေဖန်သူများကို ငရဲပြည်သွားဟု ပြော

တိုတယ်ကုမ္ပဏီက ဝေဖန်သူများကို ငရဲပြည်သွားဟု ပြော

တိုတယ် (Total) ကုမ္ပဏီ၏ အမှုဆောင် အရာရှိချုပ် က မြန်မာပြည်ရှိ ၎င်းတို့၏ စီမံကိန်းများအား ဝေဖန်သူများကို “ငရဲပြည်ကို သွားကြပါ” ဟု တနင်္လာနေ့ထုတ် Newsweek မဂ္ဂဇင်းနှင့် ဆက်သွယ် မေးမြန်းခန်းတွင် ပြောကြားလိုက်သည်။

မြန်မာ့ဂီတလောကတွင် ထိုင်းသံစဉ်များလွှမ်းမိုးနေ

လတ်တလော မြန်မာ့ဂီတလောကတွင် ထိုင်း သီချင်းကော်ပီများ ပြန်လည်ခေတ်စားကာ လူကြိုက်များနေကြောင်း တွေ့ရှိရသည်။

ဝါဆို သံဃာများကို အာဏာပိုင်များ တင်းကျပ်

ဝါတွင်း သတင်းသုံးဝါဆိုမည့် သံဃာတော်များ၏ အတ္ထုပ္ပတ္ထိအကျဉ်း နှင့် ဓာတ်ပုံကိုပါပေးအပ်ရန် ရန်ကုန်မြို့နှင့် ပဲခူးမြို့တို့တွင် ဒေသ ဆိုင်ရာအာဏာပိုင်များက တောင်းခံနေကြောင်း သိရသည်။

စိစစ်ရေးက ဂျာနယ်များအပေါ် အချိန်ကန့်သတ်

ပြန်ကြားရေး ဝန်ကြီးဌာနလက်အောက် စာပေစိစစ်ရေးက အပတ်စဉ်ထုတ် ဂျာနယ်တိုက်များအပေါ် စာမူကြမ်း တင်ပြရာတွင် အချိန်ကန့်သတ်မှု ပြုလိုက်သည်။ ယခုလဆန်း တရက်နေ့မှစတင်ကာ အပတ်စဉ်ထုတ် ဂျာနယ်များ၏ စာမူကြမ်းများကို စီဒီဖြင့်...

မြန်မာ၏ နျူကလီယား ရည်မှန်းချက်အတွက် တရုတ်က တုန်လှုပ်ချောက်ချား

မြောက်ကိုရီးယားနှင့် ဆက်သွယ်မှု၊ နျူကလီယားရည်မှန်းချက်များ စသည်တို့ကို ပေါ်ထွက်လာပြီးနောက် နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာနိုင်ငံအပေါ် အသစ်တဖန် စိတ်ဝင်စားလာကြပြန် ......

သူငယ်ပျောက် စစ်တပ်ထဲရောက်

မန္တလေးတိုင်း မြင်းခြံမြို့နယ် ကုလကျေးရွာဇာတိ ၁၄ နှစ်အရွယ် ၈ တန်းကျောင်းထွက် မောင်ချစ်ရဲဇော်သည် မန္တလေးမြို့၌ အလုပ်လုပ်၍ မိဘများကို...


ခုတလော ငါစဉ်းစားနေတာ
ဖက်ဆစ်ဝါဒနဲ့ ခုံရုံးတင်ခံရသူ ကဗျာဆရာအယ်ဇရာပေါင်း

သစ်ကောင်းအိမ်

သြဂုတ် ၅၊ ၂၀၀၉

ဒီနေ့တော့
လူသန်းပေါင်းခြောက်ဆယ်ထဲမှာမှ
ကိုယ့်ကိုယ်ကို ရွေးပြီး
အားနာတယ် …

ထွက်ပြေးခဲ့တယ်
ငါ့ခြေထောက်ကို ထမ်းထားရတဲ့
ငါပြေးလမ်းတွေတော်တော် မောပမ်းနေမှာပဲ
အားနာတယ် …
အျပည့္အစုံသိုႛ ...

မျှာ်

ရွှေဘုန်းလူ

သြဂုတ် ၅၊ ၂၀၀၉

မန်မာပြည် ငြိမ်းချမ်းပါစေ

သွးစက်တွေ စိုလူး

အလံဦးမှာ ကိုယ့်အမည်ချိတ်လို့

ကြိုးစင်ရိပ်ဝယ်

ကျနော်တို့ တိုက်ပွဲဝင်နေပါတယ်။
အျပည့္အစုံသိုႛ ...

မြန်မာဒုက္ခသည်များ နားခိုစရာ အမေရိကန်ကျွဲဆည်ကန်ရပ်

ဂျင်းန် ၀ါနား (ဘတ်ဖဲလိုးနယူးစ်၊ ဇူလိုင် ၂၆)

သြဂုတ် ၅၊ ၂၀၀၉

လွန်ခဲ့တဲ့ ၂ နှစ် သံဃာတော်များရဲ့ ဒီမိုကရေစီရေး အုံကြွမှုကို ဓာတ်ပုံမှတ်တမ်း ရယူနိုင်ခဲ့သူ ဓာတ်ပုံဆရာ ၂ ဦး အနက် တဦးဖြစ်သူက လောအယ်စိုး ဖြစ်ပါတယ်။ အစိုးရစစ်သားများက ဂျပန်သတင်းထောက်ကို သေနတ်နဲ့ ပစ်သတ်လိုက်ပြီးနောက် သူလည်း ထွက်ပြေးတိမ်းရှောင်ရပါတော့တယ်။
အျပည့္အစုံသိုႛ ...


more


more


more

မြန်မာနှင့် မြောက်ကိုးရီးယား စစ်ရေးပူးပေၝင်းမှုကို အမေရိကန် စိုးရိမ်

မြန်မာနိုင်ငံ စီးပွားရေး တိုးတက်ကိန်း တစ်ရာခိုင်နှုန်းသာရှိ

သံလွင် ရေကာတာ စီမံကိန်း ဆိုးကျိုးများကို ဆွေးနွေးတင်ပြ

တာဆန်း ရေကာတာ ဆည်ဆောက်ရာတွင် လူ့ အခွင့်အရေး ချိုးဖေါက်မှု အစီရင်ခံစာ ထုတ်ဝေ

Photobucket

သြဂုတ် ၅

မြန်မာနိုင်ငံ သံလွင်မြစ်တွင် တည်ဆောက်နေသော ဟတ်ကြီး နှင့်တာဆန်း ရေကာတာ ဆည်ဆောက်ရေး ကြောင့် ဒေသတွင်းလူ့ အခွင့်အရေးချိုးဖေါက်မှု များကို သံလွင်မြစ် သဘာဝပတ်ဝန်းကျင် စောင့်ကြည့် လေ့လာ ရေး အဖွဲ့ မှ အစီရင်ခံစာ တစ်စောင်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့  ခရစ်ယာန် ကျောင်းသားလူငယ်များ စင်တာ တွင် ယမန်နေ့ က ထုတ်ဝေဖြန်ချိလိုက်သည်။

(အင်္ဂလိပ်/ထိုင်း) နှစ်ဘာသာ ဖြင့် ဓါတ်ပုံပေါင်း ငါးဆယ်ကျော်တို့နှင့် စာမျက်နှာ ၄၈မျက်နှာပါရှိသော အဆိုပါ အစီရင်ခံစာတွင် တာဆန်းရေကာတာ တည်ဆောက်မှုကြောင့် စိုက်ပျိုးဖြစ်ထွန်းသော မြေပြန့်လွင်ပြင်နှင့် စိုက်ခင်းမြေ စတုရန်း ၈၇၀ ကီလိုမီတာခန့်  ရေလွှမ်းမိုးခြင်းခံမည်ဖြစ်ကြောင်း ရေသားဖေါ်ပြထားသည်။

ထိုင်းနှင့် မြန်မာအစိုးရတို့  နှစ်နိုင်ငံ သဘောတူညီချက်အရ မြန်မာနိုင်ငံ သံလွင်မြစ်တွင် တာဆန်းရေကာတာနှင့် ဟတ်ကြီးရေကာတာ တည်ဆောက်ပြီးနောက် ရရှိလာသော လျှပ်စစ်ဓါတ်အားများကို ထိုင်းနိုင်ငံသို့  ရောင်းချမည်ဖြစ်သည်။ ၁၉၉၆ မှ ၁၉၉၈ အတွင်း တာဆန်းရေကာတာ တည်ဆောက်မှုကြောင့် ရှမ်းပြည်နယ် အလယ်ပိုင်းနှင့် တောင်ပိုင်း၁၁ မြို့ နယ် ရွာပေါင်း၁၀၀ခန့်မှ လူဦးရေ ၆၀၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။ ကိန်းခန်းမြို့ နယ် တစ်ခုတည်းကပင် လူပေါင်း၁၄၈၀၀ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည့်အပြင် ထိုင်းမြန်မာနယ်စပ်သို့ လူပေါင်း၃၀၀၀ ကျော် ဒုက္ခသည်များအဖြစ် ရောက်ရှိလာခဲ့သည် အင်အားသုံးပြီး ပြောင်းရွှေ့ခိုင်းမှုကြောင့် လူ ၆ သောင်း နီးပါးရှိသော မြို့နယ်အနီးသို့ မြို့နယ် ၁၁ ခုကို ပြန်လည် နေရာချထားသဖြင့်လူ ၃ သိန်း လောက် ထိခိုက်မှုတွေ ရှိခဲ့သည်။

သံလွင်မြစ်စောင့်ကြည့်ရေးအဖွဲ့ လှုပ်ရှားမှု ရှမ်းအမျိုးသမီး ခေါင်းဆောင် နန်းချန်တောင်းက“သံလွင်မြစ်မှာရေ ကာတာ တည်ဆောက်တာကြောင် မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ ဒေသခံ တိုင်းရင်းသား တွေအပေါ် ဘယ်လောက်ထိ ဆိုးကျိုးတွေဖြစ်စေသလဲ ဆိုတာကို ကျမတို့ က ဓါတ်ပုံတွေ၊ ကိန်းဂဏန်းတွေ၊ အချက်အလက်တွေ အတိအကျ စာတမ်းပြုစုပြီးတော့ ထိုင်းအစိုးရ၊ ထိုင်းပြည်သူတွေနဲ့ နိုင်ငံတကာအဖွဲ့ အစည်းတွေကို ပြောပြခွင့်ရခဲ့ပါတယ်'' ပြောသည်။

အစည်းအဝေးတွင် ဦးဆောင်ဆွေးနွေးသူ တစ်ဦးဖြစ်သူ မြန်မာနိုင်ငံတွင် ထိုင်းနိုင်ငံသံအမတ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးသူ ယခု ထိုင်းအမျိုးသားလူ့ အခွင့်အရေးကော်မရှင် (ဒီမိုကရက်ပါတီဝင်) နိုင်ငံခြားရေးဌာ အကြံပေး အရာရှိ Dr. Nirand Pitakwatchara က“လူထုအခြေပြုအဖွဲ့ အစည်းတွေ လှုပ်ရှားနေတာတွေကို စောင့်ကြည့်လေ့လာဖို့ ထိုင်းအစိုးရ၀န်ကြီးအဖွဲ့ အနေနဲ့ စဉ်းစားနေပါတယ်။ကျနော်တို့ အစိုးရနဲ့ ဗမာအစိုးရ စဉ်းစားတာခြင်းတော့ မတူဘူး။နအဖ က လူအခွင့်အရေး ဆိုတာမသိဘူး။ သူတို ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်တတ်တယ်။ အလုပ်တူလုပ်နေကြတဲ့ အစိုးရနှစ်ရပ်တို့ ရဲ့ ပေါ်လစီက အများကြီး ကွာဟချက်တွေ ရှိပါတယ်။ နအဖရဲ တွေးခေါ်မျှော်မြင်မှုဟူသမျှဟာ အာဏာရှင်စနစ် တည်မြဲရေးအတွက် အဓိက ဦးစားပေး ဖြစ်တယ်။ ဂက်စ်ရောင်းရငွေက သူတို့ အတွက်အဓိက အသက်သွေးကြော ဖြစ်တယ်''ဟု ပြောသည်။

ထိုင်းနိုင်ငံခေါင်းဆောင် အားလုံးတို့ သည် မြန်မာပြည်၏ လက်ရှိအနေအထားများကို သိရှိကြသော်လည်း နိုင်ငံ၏ အကျိုးစီးပွါးကို အဓိကဦးစားပေ စဉ်းစားကြသည်။ အလားတူ ကုလသမဂ္ဂ၊ အာဆီယံအပါအ၀င် အခြားအိမ်နီးခြင်း နိုင်ငံများကလည်း သိရှိကြသည်။ အယင်ထိုင်းအစိုးရများ လက်ထက်က လုံးဝမပြောဆို မလုပ်ကိုင်ရဲခဲ့သော အလုပ် တစ်ခုကို ပြီးခဲ့သောကာလ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်မှ အင်းစိန်ထောင်သို့ ပြောင်း ရွေ့ဖမ်းဆီး ချုပ်နှောင်လိုက်စဉ် အဖီဆစ်က အာစီယံဥက္ကဌအနေဖြင့် စတတ်မင့် တစ်စောင် ထုတ်ပြန် လိုက်ခြင်းကြောင့် ထိုင်းအကျိုးစီးပွား များစွာထိခိုက်ခဲ့သည်။ ထိုင်းနိုင်ငံတွင် လူ့ အခွင့်အရေး ကာကွယ် မြှင့်တင်သော အဖွဲ့ အစည်းများစွာ ရှိကြောင်း အင်းဂျီအိုများ အနေဖြင့်လည်း မိမိနှင့်မဆိုင်ဟူ၍ မသက်ဆိုင်သလို မနေသင့်ကြောင်း။ လူ့ အခွင့်အရေး ချိုးဖေါက်နေတဲ့ မြန်မာနိုင်ငံမှာ သွားရောက် ရင်းနှီးမြှုပ်နှံသူများမှာ မိမိကိုယ် ကိုယ် အပြစ်ရှိသည်ဟု မှတ်ယူသင့်ကြောင်း။ ဗမာအစိုးရက လူ့ အခွင့် အရေးချိုးဖေါက်သော်လည်း ငါတု့  တိုင်း ပြည်နှင့် လူမျိုးများက လူ့ အခွင့်အရေးကို လေးစားလိုက်နာ တန်ဖိုးထားသူများ ဖြစ်ကြောင်း ပြသရ မည်ဖြစ်သည်။ အာဆီယံပဋိဉာဏ် ဆိုသည်မှာလည်း အကောင်အထည်မဖေါ်နိုင်ပါက စာရွက်သာ ဖြစ်မည်ဖြစ်ကြောင်း သံတမန်ဟောင်း ဒေါက်တာ နရမ်းမှပြောကြားသွားသည်။

အစိုးရ စွမ်းအင်ဌာနမှ စူဖါကစ်က “ယခင်အစိုးရ လက်ထက်များကတည်းက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံ ခဲ့ကြပေမယ့် ခုခေတ်ခုအချိန်အခါမှာ အကျိုးစီးပွားတစ်ခုတည်းကို ကြည့်ပြီး မလုပ်သင့်တာကြောင့် အစိုးရအဖွဲ့ အ နေ နဲ့  စဉ်းစားနေပါတယ်''ဟု ပြောဆိုသွားသည်။

သံလွင့်မြစ် လေ့လာစောင့်ကြည့်ရေး အဖွဲ့ ခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုစိုင်းစိုင်းက “သံလွင်မြစ်ထဲမှာ ရှိတဲ့ ရေလယ်ကျွန်းကျေးရွာတွေ ကျောင်းကန်ဘုရားတွေ လှပတဲ့ သဘာဝပတ်ဝန်းကျင်တွေ ပျက်စီသွားခဲ့ပါပြီ။ စီမံကိန်း စတာနဲ့ တပြိုင်နက် သစ်ပင်တွေကို ရှင်းလင်းခုတ်ထွင်တော့တာပဲ။ ဒေသတွင်းကလူတွေ နေထိုင်စရာ၊ လုပ်စားစရာ အားလုံး ပျက်ပျောက်ပျက်ခဲ့ရတယ်။ ခုတော့ထိုင်းနိုင်ငံရဲ့ စီးပွားရေး နိုင်ငံရေးအခြေအနေအ၇ေ၇ကာတာတည်ဆောက်ေ၇းကို ရပ်တန့် ထားပေမယ့် သစ်တောတွေက ပြုန်းတီးခဲ့ပြီလေ။ တဆန်းရေကာတာ တည်ဆောက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုက အမေရိကန် ဒေါ်လာသန်းပေါင်း ခြောက်ထောင်ပါ။ တာဆန်း ရေကာတာက ထုတ်လုပ်နိုင်မယ့်စွမ်းအင်က ၇၁၁၀မီဂ္ဂါဝပ် ရှိပါတယ်။ ဟတ်ကြီးမှာဆိုရင် ၁၁၂၀၀မီဂ္ဂါဝပ် ထုတ်လုပ်နိုင်မှာဖြစ်ပါတယ်။ ဒါလုပ်ငန်းက အကျိုးအမြတ်တွေ ကိုပထမ တရုတ်နိုင်ငံက ခံစားရမှာဖြစ်ပြီးတော့ ဒုတိယ ထိုင်းနိုင်ငံက ခံစားရမှာဖြစ်ပါတယ် တတိယ အကျိုးရှိမယ့်သူက မြန်မာစစ်အစိုးရဖြစ်ပါတယ် ဒေသခံ တိုင်းရင်းသားတွေကတော့ ဘ၀ပျက်ကြတာပေါ့ဗျာ'' ဟု ပြောသည်။

ရေကာတာတည်ဆောက်မှုများကြောင့် သဘာဝပတ်ဝန်းကျင်းများပျက်စီခြင်း၊ လူအများဒုက္ခရောက်ခြင်းများ အပြင် သံလွင်မြစ်အတွင်းရှိသော သဘာဝသားငါး၊ပုဇွန်များ၊တောရိုင်းတိရစ္ဆာန်များမျိုးတုန်း ပျောက်ကွယ်ရုံမျှ မက ဒေသတွင်းတိုင်းရင်းသူများမှာ မတော်မတရား ပြုကျင့်ခံရမှုများ၊လုပ်အားပေး စေခိုင်းမှုများ များစွာ ရှိနိုင် ကြောင်း သံလွင်မြစ်စောင့်ကြည့်လေ့လာရေးအဖွဲ့ ကဆိုသည်။

ဤအခမ်းအနားတွင် ကေအင်ယူဥက္ကဌ စောတာမလာဘောက မိနစ်အနည်းငယ်စာ အင်္ဂလိပ် ဘာသာ ဖြင့်ပြောသော ဗွီဒီယိုရှိုးကို ပြသခဲ့ပြီ။ ကေအင်ယူမှ ပေးပို့ သောစာကို နိုင်ငံခြားရေးဌာန အကြံပေးပုဂ္ဂိုလ်အား ကေအင်ယူ နိုင်ငံခြားရေးဌာမှ မနော်ထူးဖေါ့ က ပေးအပ်ခဲ့သည်။သူမက“ကျမတို့ ကရင်ပြည်နယ်မှာရှိတဲ့  ဟက်ကြီးရေးကာတာကို တည်ဆောက်တာကြောင့် ဒေသတွင်း ကရင်ရွာတွေ ဖျက်ဆီးခံရတယ်။
လုပ်ကိုင် စားသောက်စရာ နေရာတွေ မရှိတော့ ထိုင်းနိုင်ငံကို ရောက်လာတယ်။ ထိုင်းနိုင်ငံအတွက်လည်း ၀န်ထုတ်ဝန်ပိုးဖြစ်စေတယ်။ စာမှာ အဓိက ကေအင်န်ယူက ထိုင်းအစိုးရအနေနဲ့ တည်ဆောက်မယ်ဆိုရင်လည်း မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေးတို့ ရရှိပြီးမှ ဆောက်ဖို့ ပေါ့ ဒါတောင်မှ ဒေသခံပြည်သူလူထုတွေရဲ့ သဘောတူညီချက်တွေ ယူပြီးမှ တည်ဆောက်သင့်တယ်လို့ တင်ပြထားပါတယ်။ လူတွေက ထိုင်းကိုပဲ ထပ်ပြီး ရောက်လာမယ် ဆိုတာကို ပြောပြထားပါတယ်။ ဒါကြောင့် ရေကာတာမဆောက်ဖို့ ပြောထားပါတယ်''ဟု ပြောသည်။

အခမ်းအနားသို့ ထိုင်းအစိုရ စွမ်းအင်ဌာန၊ ထိုင်းအမျိုးသား လူ့ အခွင့်အရေးကော်မတီ အပါအ၀င် ဘန်ကောက် အခြေစိုက် သတင်းဌာနများ တက်ရောက်ခဲ့ကြသည်။ မြန်မာနိုင်ငံ ရှေ့ နေများကောင်စီမှ တာဝန်ရှိသူတစ်ဦးနှင့် အယ်န်အယ်ဒီ အယ်လ်အေမှ တာဝန်ရှိသူတစ်ဦးလည်း တက်ရောက်ခဲ့ကြသည်။ အခမ်းအနားကို မွန်းလွဲပိုင်းတွင် စတင်ကျင်းပပြီး ညနေပိုင်းတွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့သည်။
ကိုကျော်သောင်းမှ ပေးပို့ပါသည်။