3.25.2009

ဘယ်သူခွဲခွဲ တို့မကွဲ အမြဲစည်းလုံးမည်



“အေးစေ … သက်သာ … ဘယ်ကြည့် … ညာကြည့် …”

နေပြည်တော် စစ်ရေးပြကွင်းကြီးထဲမှ ထွက်ပေါ်လာသော အသံများဖြစ်သည်။ ဤနေ့သည် မတ်လ ၂၇ ၇က်နေ့ ဖြစ်သောကြောင့် စစ်ရေးပြ အခမ်းအနား ကြည့်ရှုရန် နေပြည်တော်သို့ ဦးရုက္ခစိုး ရောက်ရှိနေခြင်းဖြစ်သည်။ စစ်ရေးပြ ကွင်းကြီးထဲတွင် လှံနှင့် ဓားများ ကိုင်ဆောင်ထားကြသော ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရား စသည့် ဧရာမ ရုပ်တုကြီးများက မတ်မတ်ရပ်နေကြသည်။ အားပါးတရ ချီတက် စစ်ရေးပြ နေသော ရာထောင်ချီသည့် စစ်သား၊ ရဲ၊ မီးသတ် နှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များလည်း ရှိသည်။ ၎င်းတို့ကို ကြည့်ပြီး ဦးရုက္ခစိုး စိတ်ဓာတ် တက်ကြွလာသည်။

ထိုသို့ စိတ်ကြွနေစဉ် ဦးရုက္ခစိုး အနီးသို့ ကွမ်း တမြုံ့မြုံ့ ဝါးပြီး မျက်မှောင်ကုပ်ထားသည့် တပ်မတော်သား တဦး ရောက်လာသည်။

ရုက္ခစိုး။ ။ ဟေ့ … ရဲဘော်၊ နေကောင်းရဲ့လား၊ မျက်နှာလည်း မကောင်းဘူး။ စစ်ရေးပြတဲ့ထဲ မပါရလို့ မှိုင်နေတာလား။

ရဲဘော်။ ။ ဒီနေ့ နှစ်လုံးထီ မပေါက်ဘူးဗျ။ ဒါကြောင့် မှိုင်နေတာ။

ရုက္ခစိုး။ ။ ဒီနေ့ ထီမပေါက်ဘူး ဆိုတော့ မနေ့ကရော ပေါက်လို့လား။

ရဲဘော်။ ။ ဟဲဟဲ … ဒီလိုပဲပေါ့ ဦးလေးရာ။ ဦးလေးဆီမှာ နံပါတ်လေး ဘာလေး ရှိရင် ပေးပါဦး။

ရုက္ခစိုး။ ။ ရှိပါဘူးကွာ။ မင်းက … ဘယ်လို ဝတ်ထားတာလဲ၊ ဒီနေ့ တပ်မတော်နေ့လေကွာ။ ဒီနေ့မှာ တပ်မတော်သား တယောက်က ယူနီဖောင်းအသစ် ဝတ်သင့်တာပေါ့။ ခုတော့ …

ရဲဘော်။ ။ (အဖာအထေးများဖြင့် ပြည့်နေသော သူ၏ အင်္ကျီ နှင့် ဘောင်းဘီကို ငုံ့ကြည့်လိုက်ပြီး) ဒါ … ကျနော့်ရဲ့ အသားနားဆုံး ယူနီဖောင်းဗျ။

ရုက္ခစိုး။ ။ ဘာလဲ … ယူနီဖောင်း အသစ်တွေက ထီထိုးဖို့ ရောင်းလိုက်ပြီပေါ့၊ ဟုတ်လား။

ရဲဘော်။ ။ ဘာယူနီဖောင်းအသစ်လဲ။ ကျနော်တို့မှာ ဘာမှ မရတာ ဘယ်လောက်ကြာပြီလဲ။

သူ့စကား မှားသွားသဖြင့် ဦးရုက္ခစိုးက ရဲဘော်လေးကို အားနာသွားသည်။ ထိုအခိုက် သူတို့အနားသို့ တပ်ကြပ် တဦး ရောက်လာသည်။ ရဲဘော်လေး၏ သူငယ်ချင်း ဖြစ်သည်။ တပ်ကြပ်၏ လက်ထဲတွင် ပုလင်းတလုံး၊ ခွက်တလုံး တွေ့ရသည်။

ရုက္ခစိုး။ ။ ဟာ … အာမီရမ် (Army Rum)တွေ ဘာတွေနဲ့ပါလားကွ။

ရဲဘော်။ ။ ဘာ အာမီရမ်လဲ၊ အာမီရမ်ကို ရာဇဝင်ထဲမှာ ထားခဲ့ပါ ဦးလေးရာ။ ဒီကောင် သောက်နေတာ ထန်းရည်တွေဗျ။ ကျနော်တို့ အာမီထဲမှာ အာမီရမ် မရတာ ကြာလှပြီ။

ရုက္ခစိုး။ ။ ဟာ … ဘယ်လိုဖြစ်တာလဲ မင်းတို့ဟာက။ ယူနီဖောင်းလည်းမရ၊ အာမီရမ်ဆိုရင်လည်း ရှားပါးပစ္စည်း ဖြစ်နေပြီ ဆိုတော့မင်းတို့တပ်ထဲမှာ ပေါတာ ဘာရှိသေးလဲ။

တပ်ကြပ်။ ။ (ထန်းရည်ကို တကျိုက် သောက်လိုက်ပြီး) တပ်ထဲမှာ ပေါတာကတော့ အမိန့်တွေပေါ့ဗျာ။

ရဲဘော်။ ။ အမိန့်အကြောင်းတော့ ဒီကောင် ပိုသိတယ်။ ဒီကောင် ရှေ့တန်း သွားနေတုန်း နောက်တန်းက သူ့မိန်းမ အတွက်တောင် အထက်က အမိန့် ရောက်လာတယ်၊ လုပ်အားပေး တဲ့။

ရဲဘော်လေးက ကိုင်ထားသည့် ကြွပ်ကြွပ်အိတ် အတွင်းသို့ ကွမ်းကို ပစ်ခနဲ ပစ်ခနဲ ထွေးထည့်လိုက်သည်။ ထို့နောက် အိတ်ထဲမှ ကွမ်းယာ တရာကို ယူပြီး ပါးစပ်ထဲ ထည့်လိုက်သည်။

ရုက္ခစိုး။ ။ မင်းတို့နှစ်ယောက်က သူငယ်ချင်း ဆိုပေမယ့် ရာထူးမတူကြပါလား။ မင်းက ရှေ့တန်းမှာ ရွပ်ရွပ်ချွံချွံ စစ်တိုက်ခဲ့လို့ လက်မောင်းမှာ အရစ်တွေ ရသွားတာ ထင်တယ်။

တပ်ကြပ်။ ။ ဟီးဟီး … ဟုတ်ပါဘူးဗျာ။ တရစ်က ရှေ့တန်းမှာ မုဒိမ်းကျင့်လို့ ရခဲ့တာ။ နောက်တရစ်က ဘုန်းကြီး အရေးအခင်းတုန်းက ကျနော် “ရပ်ပစ်ရှစ်ပါး” လုပ်လိုက်လို့ ရာထူး တိုးတာပေါ့ဗျာ။ နောက်တရစ်က ဘုန်းကြီး တွေ ဆန္ဒပြတုန်းက ခေါင်းရိုက်ခွဲ လိုက်လို့ ရတာလေ။ တပည့်တော် … အဲ … ကျနော်တို့က ဘုန်းကြီးတွေကို မရိုက်ချင် မပစ်ချင်ပါဘူး။ ပစ်ဆိုတော့လည်း ပစ်ရတာပေါ့။ အမိန့်က အမိန့်ပဲလေဗျာ။

ရုက္ခစိုး။ ။ အေး … မင်းတို့လိုကောင်တွေပဲ ရဲဘော်မသေ သေသော် ငရဲသွားပေါ့ကွာ။ ဒါကြောင့် မင်းတို့တပ်က ပြည်သူနဲ့ ဝေးပြီး ပြည်သူ့ချဉ်ဖတ်တပ် ဖြစ်နေတာကွ။

တပ်ကြပ်။ ။ မဝေးပါဘူးဗျာ။ ဒီကောင့်မိန်းမဆိုရင် လူထုနဲ့ နေ့စဉ်နေ့တိုင်း အရမ်း အရမ်းကို ရင်းရင်းနှီးနှီး ထိတွေ့ခွင့် ရနေတာ။

ရဲဘော်။ ။ ဟိတ်ကောင် … ငါ့လစာ တခုတည်းနဲ့မှ မစားလောက်လို့ သူ့ခမျာ ဖာဘဝ ရောက်ရတာပါကွာ။

ရုက္ခစိုး။ ။ ဟိုက် … ဗိုလ်ချုပ်အောင်ဆန်းပြောတာ မှန်လိုက်လေ။ ငါတို့နိုင်ငံလည်း အခုတော့ ဖာနိုင်ငံကြီး ဖြစ်နေပါပေါ့လား။ ကဲ … ကဲ … စကားကောင်းနေလိုက်ကြတာ တပ်ချုပ်ကြီး မိန့်ခွန်း ပြောတော့မယ်ဟေ့ နားထောင်ရအောင်။

စစ်ရေးပြကွင်းကြီးအတွင်းရှိ အလေးပြုခံသည့် စင်မြင့်ပေါ်တွင် တပ်ချုပ်ကြီးက စကားပြောရန် ပြင်ဆင်နေသည်။ မိုက်ကရိုဖုန်းကို လက်ဖြင့် သုံးလေးချက် လှမ်းတောက်လိုက်သည်။ ထို့နောက် မျက်မှန်ကို လက်ဖြင့် တချက် ပင့်တင်ကာ “အဟမ်း အဟမ်း” ဟု ချောင်းဟန့်ပြီး အသံစမ်းလိုက်ပြန်သည်။ ထိုသို့ စမ်းသပ်မှုများ ပြုလုပ်ပြီး သကာလ တပ်ချုပ်ကြီး၏ တပ်မတော်နေ့ မိန့်ခွန်း စတင်လေသည်။

“ရဲဘော်တို့ … … ဒီနေ့ ဒီအချိန်မှာ ငါတို့ဟာ ခေတ်မီ ဖွံ့ဖြိုး တိုးတက်တဲ့ ဖာနိုင်ငံကြီးကို တည်ဆောက်နေတာ ဖြစ်တယ် … …”

တပ်ချုပ်ကြီး၏ မိန့်ခွန်းအစပိုင်းမှာပင် ဦးရုက္ခစိုး၊ ရဲဘော်လေး၊ တပ်ကြပ်တို့ မျက်လုံး ပြူးသွားကြသည်။

တပ်ချုပ်ကြီး၏ မလှမ်းမကမ်းတွင် ရှိနေကြသော ဗိုလ်ချုပ်မောင်အေး၊ ဗိုလ်ချုပ်ရွှေပန်း၊ ဗိုလ်ချုပ်မြင့်ဆွေတို့က ခေါင်းဆောင်ကြီးများပီပီ အိနြေ္ဒ ဆည်ထားကြသော်လည်း အံကို တင်းတင်း ကြိတ်ထားလိုက်ကြသည်။

ဗိုလ်ချုပ်ရွှေပန်းက “ဒီဘဲနာကြီး ဘာတွေပြောနေပါလိမ့်။ င့ါကိုလည်း တပ်မတော် ကြည်းရေလေညှိနှိုင်းရေးမှူး ဆိုတဲ့ ရာထူးနဲ့ ချွေးသိပ်ထားတယ်။ ဒီရာထူးက မတက်တော့ဘူး။ ငါ့မိန်းမလည်း ဒီဘဲနာကြီးအိမ်မှာ ကြမ်းတိုက် အဝတ်လျှော်လုပ်ရတာ မောနေပြီ။ ဒီငနဲကြီးက တပ်ချုပ်ကြီး နေရာမှာ မရှိသင့်ဘူး။ တကယ်တော့ သူ့နေရာ ငါ ရသင့်နေပြီ။ ဒီမိန့်ခွန်းဟာ ငါပြောရမယ့် မိန့်ခွန်း” စသဖြင့် စိတ်ထဲမှ တကိုယ်တည်း ပြောဆိုနေသည်။

စင်ပေါ်တွင် တပ်ချုပ်ကြီးက မိန့်ခွန်း ဆက်လက် ချွေနေသည်။

“ရဲဘော်တို့ … ငါတို့တပ်မတော်ဟာ ပြည်သူလူထုရဲ့ ချစ်ခင်၊ လေးစား၊ ကြည်ညို၊ ကိုးကွယ်မှုကို ဘယ်ခေတ်ကနဲ့မှ မတူအောင် ရနေပါပြီ … …” ဟု တပ်ချုပ်ကြီးက ပြောသည်။ ပြောရင်းနှင့် အင်္ကျီ လက်မောင်း နှစ်ဘက်ကို ပင့်တင်လိုက်သည်။ (နေပူထဲတွင် တန်းစီနေသော ရဲဘော်များထံမှ လှောင်ပြောင်သံများကို စတင် ကြားနေရသည်။)

ရုက္ခစိုး။ ။ သူပြောနေတာတွေ မှန်ရဲ့လားကွ။

ရဲဘော်။ ။ (ကွမ်းတံတွေးကို ပစ်ခနဲ ထွေးလိုက်ရင်း) ပေါက်ကရတွေပါဗျာ။ ဗိုလ်ချုပ်အောင်ဆန်းတို့၊ ဗိုလ်ချုပ်နေဝင်း ခေတ်ကဆိုရင် ဖြစ်နိုင်သေးတယ်။ အဲဒီတုန်းကတော့ တပ်မတော်သားဆိုရင် ပြည်သူတွေက ပန်းကုံးစွပ်ပြီး ကြိုဆိုခဲ့ကြတာဗျ။

တပ်ကြပ်။ ။ အေး … ခုတော့ ပြည်သူတွေက တို့ကို ချေးထုပ် (ချီးထုပ်)နဲ့ ပေါက်ချင်နေကြတာ။

တပ်ချုပ်ကြီးက လက်နှစ်ဘက်ကို ဘေးသို့ ဆန့်ကားလိုက်ပြီး “ရဲဘော်တို့ … ခေတ်မီတဲ့၊ ကြီးမားတဲ့ အဆောက်အဦးကြီးတွေ၊ တံတားကြီးတွေ၊ ဆည်ကြီးတွေဟာ နိုင်ငံတဝန်းလုံးမှာ တွေ့နေရပြီ … …” ဟု ပြောပြန်သည်။

ရဲဘော်။ ။ ဆောက်စရာ တခု ကျန်သေးတယ်။ တွင်းတူးပြီး သူတို့ကိုယ်သူတို့ မြှုပ်ရမှာ။

စစ်ရေးပြ စစ်ကြောင်းများတွင် ရှိသော စစ်သည် ရဲဘော်များလည်း သိသိသာသာ လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး တယောက်နှင့် တယောက် ကြည့်ကာ ဝေခွဲမရ ဖြစ်နေကြသည်။

တပ်ကြပ်။ ။ အဆောက်အဦးကြီးတွေကတော့ ဆောက်တယ်ဗျ။ အရာရှိကြီးတွေက အိမ် တလုံးပြီးတလုံး ဆောက်နေတာကို ပြောတာ ဖြစ်မယ်။

ရုက္ခစိုး။ ။ အေး … နန်းတော်ကြီးတွေ ဆောက်နေတယ်လို့ ကြားတာပဲ၊ ပထမ ရန်ကုန်မှာ ဆောက်တယ်၊ နောက်တော့ နေပြည်တော်မှာ အကြီးအကျယ် ဆောက်တယ်၊ အဲဒီကမှ မေမြို့မှာ ထပ်ဆောက်တယ်။ အခု နောက်ဆုံး မန္တလေး နန်းတွင်းထဲမှာ ဆောက်မယ်လို့ ဆိုတယ်။

ရဲဘော်။ ။ နန်းတွင်းထဲမှာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ရှိတယ်လေ။ တပ်တွေက ဘယ်မှာ သွားနေရမှာလဲ။

တပ်ကြပ်။ ။ မန္တလေးတောင်ခြေက ဇရပ်တွေမှာ သွားနေပေါ့ကွာ။

ထိုအချိန်တွင် တပ်ချုပ်ကြီးက လက်သီး လက်မောင်း တန်းပြီး မိန့်ခွန်း အဆက်မပြတ် ပြောလျက်ပင် ရှိသေး သည်။

“ရဲဘော်တို့ … ငါတို့ တပ်မတော်ဟာ အနာဂတ် နိုင်ငံတော် အနာ ဂတ် … ဂတ် … ဂတ် … ဂတ် … ”

မိန့်ခွန်းက တဂတ်ဂတ်နှင့် ရပ်သွားသည်။ တပ်ချုပ်ကြီး ပါးစပ်မှ အမြှုပ်များ ထွက်လာသည်။ စကားပြော စင်မြင့်ပေါ်မှ ခုံကို လက်နှစ်ဘက်ဖြင့် ဆုပ်ကိုင်လိုက်သည်။ မျက်လုံးနှစ်ဘက်လည်း ပြူးထွက်နေသည်။

မလှမ်းမကမ်းတွင် ရှိသော တပ်မတော်ခေါင်းဆောင်များထဲမှ ဗိုလ်ချုပ်ရွှေပန်းက ဦးစွာ မတ်တပ်ရပ်လိုက်ပြီး တပ်ချုပ်ကြီး ဆီသို့ ပြေးသွားကာ မိုက်ကရိုဖုန်းကို လုယူရန် ကြိုးစားလိုက်သည်။

ဗိုလ်ချုပ်မောင်အေးက ရှောင်လင် တရုတ်သိုင်းကားထဲတွင် တွေ့ရတတ်သော လေကဲ့သို့ လျှင်မြန်ခြင်းမျိုးဖြင့် နောက်မှ ပြေးလိုက်ကာ ဗိုလ်ချုပ်ရွှေပန်း၏ အင်္ကျီကော်လာကို လှမ်းဆွဲပြီး ဘေးသို့ တွန်းထုတ်လိုက်သည်။ “ငါအရင်ဦးတာကွ၊ ဘာရမလဲ…” ဟု ဆိုသည်။ ထို့နောက် မိုက်ကရိုဖုန်းကို ကိုင်ကာ အောင်မြင်သည့် လေသံကြီးဖြင့် ပြောဆိုလိုက်လေသည်။

“ရဲဘော်တို့ … အခုအချိန်က စတင်ပြီး အခြေအနေဟာ တမျိုးတဖုံ ပြောင်းလဲသွားပြီ ဖြစ်ပါတယ်”

သို့သော် ဗိုလ်ချုပ်မောင်အေးသည်လည်း စကားဆုံးအောင် မပြောလိုက်နိုင်ပေ။ ဗိုလ်ချုပ်မြင့်ဆွေ ထလာပြီး ဝါယာကြိုးကို လှမ်းဆွဲလိုက်သဖြင့် မိုက်ကရိုဖုန်းက ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။ “ငါ့ဦးလေး တပ်ချုပ်ကြီးကို မထိနဲ့ကွ” ဟု အော်ပြောလိုက်သည်။

ဗိုလ်ချုပ်သိန်းစိန်က စင်ပေါ်သို့ ပြေးတက်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း ဘေးတွင် ရှိနေသော ရှစ်လုံးထိုး ဗိုလ်ချုပ်တင်အောင်မြင့်ဦးက ခြေထိုးလိုက်သဖြင့် ဗိုလ်ချုပ်သိန်းစိန် ဒလိမ့်ခေါက်ကွေး လဲကျသွားကာ သူ၏ pace maker ခေါ် နှလုံးခုန်စက် ပြုတ်ကျသွားပြီး အသက်ရှူ ရပ်သွားသည်။

စကားပြောစင်ပေါ်တွင် ရုန်းရင်းဆန်ခတ် ဖြစ်နေသော ဗိုလ်ချုပ်များဖြင့် ရှုပ်ထွေးနေသည်။ အချင်းချင်း ဆဲသံ အော်သံများလည်း မိုက်ကရိုဖုန်းမှတဆင့် ဆူညံစွာ ထွက်ပေါ်လာသည်။

“ငါ … … သား ”

“မအေ … … ”

“ခွေး … …” (မိမိ အဆင်ပြေသလို ဖြည့်စွက် ဖတ်ရှုကြပါရန်)

“တပ်ထိန်းခေါ်ဟေ့ … ၊ တပ်ထိန်းခေါ်ဟေ့ …” ဟု အရာရှိတယောက်က လှမ်းအော်လိုက်သည်။

ဦးရုက္ခစိုးနှင့် စကားပြောနေသော ရဲဘော်လေးက လက်ထဲတွင် ရှိသော ကွမ်းတံတွေးထုပ်ကို စင်ပေါ်သို့ ပစ် ပေါက်လိုက်သည်။ ထို့နောက် တပ်ကြပ်၏ လက်ထဲမှ ထန်းရည်ပုလင်းကို ခပ်သွက်သွက် လှမ်းဆွဲယူကာ စင်ပေါ်သို့ လှမ်းပစ်လိုက်ပြန်သည်။ တပ်ကြပ်ကလည်း ၎င်း၏ လက်ထဲတွင် ကျန်ရှိသော ထန်းရည်ခွက်ကို ရုန်းရင်း ဆန်ခတ် ဖြစ်နေသော စင်ပေါ်သို့ ဝှီးခနဲ လှမ်းပစ်လိုက်သည်။ ခွက်က တပ်ချုပ်ကြီး၏ နဖူးကို ထိမှန် သွားရာ တပ်ချုပ်ကြီးမှာ တွန့်လိမ်ပြီး လဲကျသွားသည်။

စစ်ရေးပြ ရဲဘော်များကလည်း စစ်ဖိနပ်များကို ချွတ်ပြီး ဗိုလ်ချုပ်များ ရှိရာသို့ လှမ်း၍ တခဲနက်၊ တပျော်တပါး ပစ်ပေါက်ကြ တော့သည်။ “ဘီလူးတွေကို တောထုတ်ကြဟေ့ … ၊ ဗာလနံ လူမိုက်တွေကို မောင်းထုတ်ကြဟေ့ …” ဟု အော်ဟစ်ကြသည်။

ဤသို့ဖြင့် နေပြည်တော်တွင် ကျင်းပသော တပ်မတော်နေ့ အခမ်းအနားမှာ ရုန်းရင်းဆန်ခတ်ဖြင့် ပြီးဆုံးသွားလေသတည်း။ ။

မြန်မာ့သတင်း ကမ္ဘာ့သတင်း

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရာထူးကျသွားပြီ

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရာထူးကျသွားပြီ

ကမ္ဘာ့အဆိုးရွားဆုံး ခေါင်းဆောင်များ စာရင်းတွင် ယမန်နှစ်က တတိယ နေရာရရှိခဲ့သော မြန်မာ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေမှာ ယခုနှစ်တွင် စတုတ္ထ နေရာသို့ ကျဆင်း

တပ်မတော်အရင်းရှင်စနစ် မြန်မာပြည်တွင် ကြီးထွားနေ

မြန်မာ့ တပ်မတော်သည် ၁၉၈၈ အာဏာ သိမ်းပြီးချိန်မှစ၍ မြန်မာပြည် စီးပွားရေး အထူးသဖြင့် အကြီးစား စက်မှုလုပ်ငန်း၊ တွင်းထွက်ပစ္စည်း တူးဖော်ရေး လုပ်ငန်း၊ ပို့ကုန် သွင်းကုန်

မစုစုနွေး ကျန်းမာရေး AHRC စိုးရိမ်

အာရှ လူ့အခွင့်အရေး ကော်မရှင် (AHRC) က ကလေးမြို့ အကျဉ်းထောင်တွင် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရသည့် လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေးအား ၎င်း၏ ကျန်းမာရေး

လပွတ္တာ စီးပွားရေး နာလန်ပြန်မထနိုင်သေး

ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသတွင် နာဂစ်မုန်တိုင်း ၀င်ရောက်တိုက်ခတ် ခဲ့သည်မှာ တနှစ်နီးပါး ကြာမြင့်လာပြီ ဖြစ် သော်လည်း မုန်တိုင်းကြောင့် ပျက်စီးသွားရသော လယ်ယာ

City FM လိုင်း ၄ လိုင်း မကြာမီ တိုးချဲ့ ထုတ်လွှင့်မည်

မြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်းများတွင် City FM လိုင်း ၄ လိုင်းကို မကြာမီ တိုးချဲ့ထုတ်လွှင့်သွားမည်ဟု မြန်မာနိုင်ငံ ဂီတအစည်းအရုံးမှ တာဝန်ရှိသူတဦးက ပြောသည်။ လက်ရှိ..

ရဲရင့်ခြင်းနှင့် ကြောက်ရွံ့ခြင်း

(ဆောင်းပါး) ဆရာသော်တာဆွေ၏ မှန်ကန်ခြင်းနှင့် ရဲရင့်ခြင်းဆိုသော ကိုယ်တွေ့အဖြစ်အပျက်ကလေးကို ဖတ်ဖူးသည်။ အထူးအာဏာရ သူကြီး ဦးအောင်ဒွန်းနှင့် ဘိန်းစားမိန်းမ၊ သူများမိန်းမကို...


ဖိအားပေးသည်ကို အလျှော့ပေးမည် မဟုတ်ဟု KNU ပြော
ဆလိုင်းပီပီ
ဗုဒ္ဓဟူးနေ့၊ မတ်လ 25 2009 11:09 - မြန်မာစံတော်ချိန်

နယူးဒေလီ (မဇ္ဈိမ)။ ။ တောင်းဆိုထားသည့်အတိုင်း စစ်အစိုးရက လမ်းပြမြေပုံတွင် အပြောင်းအလဲများ မပြုလုပ်ပါက ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် မည်သည့်ပုံစံဖြင့် ဖိအားပေးသည်ဖြစ်စေ လိုက်လျောမည် မဟုတ်ဟု ကရင်တိုင်းရင်းသား လက်နက်အဖွဲ့ ကရင်အမျိုးသား အစည်းအရုံးက ယနေ့ ပြောကြားသည်။



NEJ / မတ်လ(၂၅) ရက်၊ ၂၀၀၉

ယခုလမှစပြီး ထိုင်းကုန်သွယ်ရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ထိုင်း-မြန်မာနယ်စပ် မြ၀တီမှ မဲဆောက်ဘက်သို့ မြန်မာဆန် တင်သွင်းခွင့်ပြုလိုက်သဖြင့် ယခင်ကဲ့သို့ ညဘက် ဆန်များခိုးသွင်း ရန် မလိုတော့ဟု မြန်မာဆန်ကုန်သည်များက..အပြည့်အစုံသို့


တပ်မတော်ခန်းမ အရောင်းပြပွဲ
စစ်အစိုးရ သတင်းစာတွေ မဖော်ပြ

NEJ / မတ်လ(၂၅) ရက်၊ ၂၀၀၉
မတ်လ (၂ဝ) ရက်မှစပြီး ရန်ကုန် ဦးဝိစာရလမ်း တပ်မတော်ခန်းမတွင် Yangon Expo-၂ဝဝ၉ ဆိုသည့် ဈေးရောင်းပွဲတခု ကျင်းပ နေကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။ ရန်ကုန်မြို့ ဆိပ်ကမ်းသာလမ်းတွင် ကွန်ပျူတာ ကုမ္ပဏီ ....အပြည့်အစုံသို့
ဒေါ်စုလွှတ်ပေးလျှင်
ဒဏ်ခတ်မှုရုပ်သိမ်းရန် အီးယူစဉ်းစားမည်

AFP / မတ်လ(၂၅) ရက်၊ ၂၀၀၉
မြန်မာနိုင်ငံတွင်း ဒီမိုကရေစီရေး ဆိုင်ရာ တိုးတက်မှုများရှိလာမည် ဆိုပါက မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ထားမှုကို ရုပ်သိမ်းရန် အီးယူက စဉ်းစားနိုင်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အီးယူ အကြီးတန်းအရာရှိတဦးက ပြောသည်။ ....အပြည့်အစုံသို့


more


more


more


more


more

Burma's News World's News

Senior US official visits Burma amid signs of softening in policy

Mar 25, 2009 (DVB)–An official from the US State Department met with Burma’s foreign minister yesterday to discuss the promotion of bilateral relations between the two countries amid signs of a softening in US policy to Burma. - more


Burmese nationals arrested for smuggling rocket launchers into India

Mar 25, 2009 (DVB)–Police in India’s Mizoram state have arrested three Burmese nationals near the Burmese border on suspicion of smuggling rocket launchers into India. - more


UN ruling will increase pressure on the Burmese government

Mar 25, 2009 (DVB)–The Washington-based legal counsel to the imprisoned Burmese opposition leader has said that time is running out for the regime with Aung San Suu Kyi’s release date, as set by the government, due this November. - more


Police ignore traffickers in crackdown on Shan drug use

Mar 25, 2009 (DVB)–Shan state police have shot dead a bystander during a crackdown on drug addicts, said a resident from Nam Kham township. - more



KNU Willing to Talk, but not on

Burmese Territory

By LAWI WENG
The Karen National Union has welcomed Thailand’s offer
to mediate talks between the KNU and the Burmese regime,
but said they would have to be held outside Burma.

Army Capitalists: The Junta’s Wealth

By MIN LWIN
The Burmese army operates lucrative business enterprises which earn personal fortunes for elite officers and helps to maintain their military machine.

US Disappointed by Suu Kyi's Detention

By LALIT K JHA
The US calls for the release of Aung San Suu Kyi and all Burmese political prisoners, following a UN body’s ruling that her detention is unlawful.

Burmese Arrested on Suspicion of Briton's Murder

By THE ASSOCIATED PRESS
Three Burmese fishermen are arrested following the murder of a British tourist on his yacht.

UN Panel: Poor Must be Part of Financial Overhaul

By EDITH M. LEDERER
To prevent another global financial crisis, a panel of UN-appointed economic experts calls for a major overhaul of the international trade and financial system.

Insein Court Sentences 13 More Political Activists

By WAI MOE
Thirteen more dissidents have been imprisoned—some for helping cyclone victims—as the Burmese junta signals its refusal to budge on the issue of political prisoners.

OPINION

Will Suu Kyi Be Soon Free? And What Then?


If Aung San Suu Kyi is freed soon, as some rumors predict, how will that affect Burma’s future? A question-and-answer session tackles this and other related issues.

KNU refuses to yield to pressure

The ethnic Karen rebel group – Karen National Union (KNU) – on Tuesday said they will not yield to any form of pressure to partake in the 2010 general election...

NLD requests meeting with party leaders

The National League for Democracy’s Central Executive Committee has called on the junta to let them meet with party Vice-Chairman Tin Oo and General Secretary Aung San Suu Kyi.

Editorial, Opinion and Analysis

The long road to freedom

(Allegory) The sun beat down on him as he staggered through the desert; his lips cracked, his mouth dry. “Water, water, how I need water,” he thought. It ha...


Burmese opposition leader's detention violates laws: UN panel
CBC.ca - Toronto,Ontario,Canada
A United Nations panel says the detention of Burmese opposition leader Aung San Suu Kyi violates both international legislation and the laws of Burma. ...
See all stories on this topic
Thailand attack man feared dead
BBC News - UK
The migrant workers from Burma are said to have confessed to killing Mr Roberston when he caught them trying to steal a dinghy from his moored yacht. ...
See all stories on this topic
International Rescue Committee (press release)
IRC Forensic Photographers Help Bring Justice to Refugees on Thai ...
International Rescue Committee (press release) - New York,NY,USA
Six female refugees at the International Rescue Committee’s domestic violence shelters in the refugee camps on the Thai-Burma border recently received ...
See all stories on this topic
KNU Willing to Talk, but not on Burmese Territory
The Irrawaddy News Magazine - Chiang Mai,Thailand
By LAWI WENG The Karen National Union’s deputy chairman, David Takapaw, has welcomed Thailand’s offer to mediate talks between the KNU and the Burmese ...
See all stories on this topic
Briton Thrown Off Yacht After Throat Slashed
Sky News - UK
A police spokesman said the men, who are migrant workers from neighbouring Burma, confessed to killing Mr Robertson. He apparently caught them climbing onto ...
See all stories on this topic
Burma Hyde changes focus, still going full speed at AACOG
Wilson County News - Floresville,TX,USA
SAN ANTONIO — To paraphrase Mark Twain, “The news of Burma Hyde’s retirement has been greatly exaggerated.” Rumors abounded last fall that Burma Hyde, ...
See all stories on this topic
British yachtsman 'beaten to death' by pirates off Thai coast
Times Online - UK
The men, all Burmese, have been arrested on suspicion of murder and a police spokesman said that the men - migrant workers - confessed to the killing. ...
See all stories on this topic
The Path of Pen or Sword? By Ryan Libre The Irrawaddy
Pulitzer Center on Crisis Reporting - Washington,DC,USA
Young Kachin in northern Burma are preparing and learning on both fronts. The question dates back to antiquity, but recently it has come to life here in ...
See all stories on this topic
Thailand to help with Burma's national reconciliation
Nation Multimedia - Bangkok,Thailand
Thailand is willing to help convince rebelling ethnic minorities to join Burma's juntasponsored sevenstep roadmap toward national reconciliation, ...
See all stories on this topic
BBC News
Letters from the author George Orwell which give an insight into ...
BBC News - UK
They document the time in the early 1930s when Orwell was staying with his parents in Southwold, Suffolk, after he returned from Burma. ...
See all stories on this topic
US President Barack Obama conducts his second prime time press conference since coming into office in January in the East Room of the White House, 24 Mar 2009
President Obama also talked about violence in Mexico and search for peace in Middle East

Expectations Mixed for Emergency Economic Meeting
US Regulators Want New Powers to Deal With Financial crisis





Benjamin Netanyahu
Israel's next prime minister, Benjamin Netanyahu, insists his government will work for peace with the Palestinians.

US President Barack Obama tells Americans he sees signs of economic recovery, while urging them to be patient.

China says video that allegedly shows Chinese security personnel beating Tibetans in the aftermath of last year's unrest is a fake.