9.28.2008

Monks protest in Sittwe, western Burma

About 150 Buddhist monks in Sittwe town in western Burma's Arakan state staged a protest march on Saturday morning to observe the first anniversary of last year's 'Saffron Revolution', eyewitness said.

Than Hlaing, a local resident of Sittwe town who witnessed the protest march told Mizzima that about 150 monks began marching from the Sittwe main road at about 10 a.m. (local time). The demonstration was peaceful.

"The monks were marching silently. Police and other officials in several cars and motorcycles followed them and asked them why they were marching," Than Hlaing said.

"People on the road were bowing and paying obeisance to the marching monks," he added.

The monks, he said, took the right side and continued marching on to U Ottama till the end of the road. They dispersed peacefully later.

"As soon as the first batch dispersed, another group of about 100 followed them and dispersed at the same point," said Than Hlaing adding that the monks ended the march at about 10:30 a.m. (local time).

While the authorities did not disrupt the procession, officials, however, followed the monks, Than Hlaing said. He was told that a monk, Shin Thawbanah, of the Ashokayone Monastery was taken away by the police.

"I was told that he [Shin Thawbanah] was taken to the police station for interrogation," said Than Hlaing, adding that he was unaware of the details.

The monks, according to Than Hlaing, were marching along the street in commemoration of the first anniversary of last year's monk-led protests, that was brutally crushed by the ruling junta.

According to the UN, at least 31 people were killed while thousands of monks and activists were arrested and detained. But activists and opposition political groups said, the number of deaths following the junta's brutal crackdown could be hundreds if not thousands.

ဗကသ တနှစ်ပြည့် ထောင်ထဲက ကဗျာ


ဗကသ တနှစ်ပြည့်

ထောင်ထဲက ကဗျာ

စက်တင်ဘာ ၂၇၊ ၂၀၀၈

အိုသူငယ်ချင်း

မင်းကလည်း တနေရာမှာ

ငါကလည်း တနေရာမှာ

ဒါပေမယ့် . . .

ငါတို့တွေ အချုပ်အနှောင်ထဲမှာပဲ။

မင်းဘယ်မှာ ငါသိစရာ မလိုသလို

ငါဘယ်မှာ မင်းသိစရာ မလိုဘူး ဒါပေမယ့် . . .

ငါ့အတွက် မင်းဂုဏ်ယူလိုက်ပါ။

အို . . . သူငယ်ချင်း ငါတို့တွေ

ငါတို့တွေ ကျောင်းပရဝဏ်မှာ ပန်းရနံဝေဖို့ ကြိုးစားသလို

တိုင်းပြည်မှာ စစ်ရမ္မက် ချွေဖို့ ကြိုးစားကြတယ်၊

ငါတို့ရဲ့ အစဉ်အလာ

ငါတို့ရဲ့ သမိုင်း

ငါတို့ရဲ့ စိတ်တံတိုင်းဟာ

မခါးတမာ ပျားသကာသို့

ချိုမြစေရာ ခိုင်မာစွာဖြင့်။

အို . . . သူငယ်ချင်း

ရင်မှ ဝေဒနာ

ပြည်သူ့ ဗျာပါ

အေးမြစေရာ

ဒီဝန်တာဟာ ခေတ်သစ် တမန်

ဒေါင်းအလံ၏ နောက်လိုက်ဗိုလ်ပါ

ကျောင်းသားတွေသာ

တို့တာဝန်ဟု ပြောလိုက်ပါရစေ

အို . . . သူငယ်ချင်း။

အို . . . သူငယ်ချင်း

ဟိုး အတိတ်ဆီက ငါ့ထံသို့လာ

အရိပ်ပမာ စိတ်ဝေဒနာ ဟာ

လ စက်တင်ဘာ

လမ်းမထက် အလယ်မှာ

ပြည်သူ့ ရတနာ

မြတ်ထေရ် သံဃာ

သွေး စံပယ်ကာ

မြေသို့ ခရှာ

ပြည်သူ့ရင်သွေး ကျောင်းသားတွေလည်း

ကျောင်နံရံ တဝိုက်

ဒေါင်းအလံ စိုက်ဖို့ရာအတွက်

ကြိုးစားရင်း ဘဝပါဆုံးခဲ့ရတာ

မေ့မရနိုင်ပါ

အို . . . သူငယ်ချင်းးရာ။

သူငယ်ချင်း (သာသနဝံသ)



Cartoon Beruma – Veto power is superior than UN power, Ok ?

September 27, 2008


အမေရိကန်နိုင်ငံရောက်ရဲဘော်တဦးပေးပို့ထားသောကဗျာ

အဆာမပြေပုံများ

လူတစ်ယောက်လိုအပ်တာထက်

ဘာမှ ပိုမမက်ခဲ့တာကိုက

မိုက်တွင်းနက်သတဲ့လား

ထားလိုက်တော့

ငွေတွင်းလည်းနက်တယ်

မနက်တွေ ခင်းခင်းလာတိုင်း

ဒီနေ့ 

သစ်ပါ့မလား

ကြောင့်ကြမျက်နှာသာ

ဟောင်းသထက် ဟောင်းဟောင်းလာခဲ့

တွေးကြည့်မိတော့မှ

ပိတောက် ဆယ့်ငါးကြိမ်အပွင့်ဟာ

တကြိမ်ထက် တခါမှပိုမရခဲ့ဘူး

အကောင်းဖြစ်ဖြစ် အဆိုးဖြစ်ဖြစ်

မနက်ဖြန်ကို

အမြစ်ကနေ လှန်သစ်လိုက်ပစ်လိုက်ချင်တာ

နောက်တနေ့ ပါကွာဆိုသူတွေနဲ့ 

ပုဝါတကမ်းမှာ

မနေခဲ့ဖူးဘူး

မသေကောင်း မပျောက်ကောင်းပါ

ဒါပေမယ့်

သေကောင်ပေါင်းလဲ

မျိုးမြင့်ချို

နှစ်နှစ်ဆယ်ပြည့်နေ့အခမ်းအနားတွင်ထုတ်ပြန်သော NLD၏ထုတ်ပြန်ကြေညာချက်

ကုလသမဂ္ဂနဲ့ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်ရန် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးမြန်မာအစိုးရကို တိုက်တွန်း

မြန်မာနိုင်ငံ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုတွေမှာ မြန်မာစစ်အစိုးရရဲ့ ကုလသမဂ္ဂနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေဟာ ကျေနပ်အားရစရာ မရှိသေးတဲ့အတွက် ကုလသမဂ္ဂနဲ့ အပြည့်အ၀ပူးပေါင်းဆောင်ရွက်ရမယ်လို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်ဒ် မီလီဘန်း (David Miliband) က ပြောလိုက်ပါတယ်။ မနေ့က ကုလသမဂ္ဂမှာ ကျင်းပခဲ့တဲ့ မြန်မာ့အရေး အဆင့်မြင့်အစည်းအဝေးတခုအပြီး အခုလိုပြောလိုက်တာဖြစ်ပါတယ်။

မနေ့ကကျင်းပခဲ့တဲ့ အစည်းအဝေးအပြီး ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်ဒ် မီလီဘန်း သတင်းထောက်တွေ ကို ပြောပုံအရကတော့ မြန်မာစစ်အစိုးရရဲ့ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်မှုအပေါ် အတွင်းရေးမှူးချုပ်ရဲ့ မိတ်ဆွေနိုင်ငံတွေ အနေနဲ့ အားမလိုအားမရ ဖြစ်ကြပုံရတာ ထင်ရှားပါတယ်။ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့နဲ့ တိုင်းရင်း သားလူမျိုးစုတွေအပေါ် ဖိနှိပ်မှုတွေအဆုံးသတ်ဖို့ တောင်းဆိုထားတဲ့အပြင် ကုလသမဂ္ဂက ကြားဝင် စေ့စပ်ပေးနေတဲ့ ပြန်လည် သင့်မြတ်ရေးလုပ်ငန်းစဉ်အပေါ် ထောက်ခံတဲ့အကြောင်းကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ရှင်းရှင်းလင်းလင်း ပြောဆိုထားခဲ့ပြီး ဖြစ်ပေမယ့် မြန်မာစစ်အစိုးရဘက်က အကောင်အထည်ဖော်တာကတော့ လုံလောက်တဲ့အဆင့်ကို မရောက်တဲ့အကြောင်း မစ္စတာမီလီဘန်း က ပြောပါတယ်။

“မြန်မာစစ်အစိုးရရဲ့ ပူးပေါင်းဆောင်ရွက်မှုဒီဂရီဟာ အပြည့်အ၀မရှိပါဘူး။ နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ တိုးတက်မှုတွေရဖို့ အတွက် မြန်မာစစ်အစိုးရအနေနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၊ သူ့ရဲ့အကြံပေးပုဂ္ဂိုလ် မစ္စတာဂမ်ဘာရီတို့နဲ့ ပူးပေါင်း ဆောင်ရွက်ရမယ် ဆိုတာဟာ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့အရေးမိတ်ဆွေတွေကိုင်စွဲထားတဲ့ အခြေခံမူဝါဒအဖြစ် ဆက်ရှိနေဆဲ ပါ။” လို့ ဒေးဗစ်ဒ် မီလီဘန်းကပြောပါတယ်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ပြောသွားတဲ့အပေါ် ထပ်ပြီး အတည်ပြုပြောခဲ့သူကတော့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ တွဲဘက် ပြောရေးဆိုခွင့်ရှိသူ မစ္စတာ ဖာရန် ဟတ်ခ် (Faran Haq) ပါ။ မြန်မာအစိုးရက နိုင်ငံရေးအကျဉ်းသားတချို့ကို မကြာသေးခင်က လွှတ်ပေးခဲ့တဲ့အပေါ် မိတ်ဆွေနိုင်ငံတွေက အသိအမှတ်ပြု ပြောဆိုကြပေမယ့် ဒီ့ထက်ပိုလုပ်ဆောင်ဖို့ တိုက်တွန်းပါတယ်တဲ့။

“နိုင်ငံတကာအသိုင်းအ၀ိုင်းက အဓိကထားတဲ့ကိစ္စရပ်တွေနဲ့ စိုးရိမ်ပူပန်မှုရှိတဲ့ ကိစ္စရပ်တွေ၊ အထူးသဖြင့်တော့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့နဲ့ အစိုးရနဲ့ အတိုက်အခံတွေအကြား သက်ဆိုင်သူအားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေး စတင်ဖို့ကိစ္စတွေမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးနဲ့ ပိုပြီး နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ဖို့နဲ့ ပိုပြီး အပြုသဘောဆောင်တဲ့ တုန့်ပြန်မှုတွေလုပ်ဖို့လည်း မိတ်ဆွေနိုင်ငံတွေက မြန်မာအစိုးရကို အားပေး တိုက်တွန်းပါတယ်။” လို့ မစ္စတာ ဖာရင် ဟတ်ခ်က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

မြန်မာနိုင်ငံအရေးကိစ္စကို ကုလသမဂ္ဂမှာ ဆွေးနွေးပြောဆိုတိုင်း နိုင်ငံတွေကြားမှာ မတူကွဲပြားတဲ့ ရပ်တည်ချက်တွေ၊ သဘောထားတွေ ရှိကြတာကို တွေ့ရစမြဲပါ။ အထူးသဖြင့်တော့ တရုတ်၊ ရုရှားတို့လို လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေ၊ အိန္ဒိယ လို မြန်မာအစိုးရနဲ့ နီးနီးကပ်ကပ် ဆက်ဆံနေတဲ့နိုင်ငံတွေ၊ အရှေ့တောင် အာရှနိုင်ငံတွေနဲ့ အနောက်နိုင်ငံတွေကြားမှာ ကွဲပြားကြတာပါ။

ဒါပေမယ့် မနေ့ကအစည်းအဝေးမှာတော့ ဆွေးနွေးမှုတွေဟာ အပြုသဘောဆောင်ပြီး ကုလသမဂ္ဂအနေနဲ့ ထဲထဲဝင်ဝင် တက်တက်ကြွကြွ ဆက်ပြီးလုပ်ဆောင်သွားဖို့ကို ပါဝင်သူအားလုံးက သဘောတူခဲ့ကြတယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ကုလသမဂ္ဂက ဘာပဲပြောပြော၊ နိုင်ငံတကာအသိုင်းအ၀ိုင်းက ဘာပဲပြောပြော မြန်မာစစ်အစိုးရက ဂရုစိုက်လေ့ မရှိတာကြောင့် အခု ဆွေးနွေးတိုက်တွန်းတဲ့အချက်တွေကို မြန်မာအာဏာပိုင်တွေ လုပ်ဆောင်လာအောင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မိတ်ဆွေနိုင်ငံတွေက ဘယ်လို လုပ်ဆောင်ကြမယ်ဆိုတာက မေးခွန်းထုတ်စရာပါ။ ဒီအချက်ကြောင့်လည်း ကုလသမဂ္ဂအနေနဲ့ အတွင်းရေးမှူးချုပ်အဆင့်ရော၊ သူ့ရဲ့အကြံပေးပုဂ္ဂိုလ် အဆင့်မှာပါ ထိတွေ့ဆက်ဆံ လုပ်ကိုင်သွားဖို့ အရမ်း အရေးကြီးတာ ဖြစ်ပါ တယ်လို့ ဒေးဗစ်ဒ် မီလီဘန်း က ပြောပါတယ်။

“ဒီပြဿနာကို မျက်လှည့်ပြသလို ဖြေရှင်းနိုင်မယ့် အဖြေတခုခုရှိရင်တော့ တယောက်ယောက်က လုပ်ဆောင်ခဲ့ပြီးသား ဖြစ်မှာ အထင်အရှားပါ။ အမှန်ဖြစ်နေတာက စစ်အစိုးရဟာ အာဏာကို မလွှဲချင်ဘဲ မနာလိုဝန်တိုစွာ ဆုပ်ကိုင်ထားပါတယ်။ အင်မတန် အရေးကြီးတာတွေကတော့ ပထမအချက်၊ ပြီးခဲ့တဲ့နှစ်က အခြေခံဥပဒေကို ရုပ်ပြ အတည်ပြုပြဌာန်းခဲ့တဲ့ကိစ္စ ကျနော်တို့ လက်မခံပါဘူး၊ ဒုတိယအချက်၊ ကုလသမဂ္ဂက အတည်ပြုခဲ့တဲ့ ဆုံးဖြတ်ချက်တွေကို အခိုင်အမာဆက်ပြီး ထောက်ခံနေဆဲရှိပါတယ် ဆိုတာ ပါပဲ။” လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်ဒ် မီလီဘန်းက ပြောသွားတာပါ။

ပြီးခဲ့တဲ့နှစ်မေလမှာ နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်အပြီး ရက်ပိုင်းအတွင်းမှာပဲ အခြေခံဥပဒေမူကြမ်းကို လူထုဆန္ဒခံယူပွဲ လုပ်ခဲ့တဲ့အပေါ် မြန်မာစစ်အစိုးရကို ပြည်တွင်း ပြည်ပက အပြင်းအထန်ဝေဖန်ကြပါတယ်။ ဒါပေမယ့် မြန်မာအာဏာပိုင်တွေက တော့ ၂၀၁၀ ပြည့်နှစ်မှာ ရွေးကောက်ပွဲတွေလုပ်ဖို့တောင် ကြေညာထားပြီးသားပါ။ အဲဒီရွေးကောက်ပွဲတွေ ကျင်းပမယ့် ပုံသဏ္ဌာန် နဲ့ပတ်သက်ပြီး စိုးရိမ်မိတဲ့အကြောင်း စင်္ကာပူနိုင်ငံခြားရေ၀န်ကြီး ဂျော့ဂ်ျ ယို (George Yeo) ကလည်း မနေ့ကပြောပါတယ်။

“စစ်ဘက်က အသာစီးရအောင် အခြေအနေကို ဖန်တီးမှာဖြစ်ပေမယ့် ရှုထောင်တခုကနေ ကြည့်မယ်ဆိုရင် တိုးတက်မှုလုံးလုံးမရှိ တာထက် တိုးတက်မှုတချို့ ရှိတာက ပိုကောင်းတယ်လို့ ကျနော်ယုံကြည်ပါတယ်။ ပြဿနာက ဒီလုပ်ငန်းစဉ်ထဲမှာ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် NLD ပါဝင်မှုမရှိဘူး၊ သူတို့ ရွေးကောက်ပွဲမ၀င်ဘဲ နေနိုင်တယ်၊ သူတို့မပါဘူးဆိုရင်တော့ နိုင်ငံဟာ ဆက်ပြီး ကွဲပြားနေဦးမှာဖြစ်ပြီး ပြဿနာကလည်း မဖြေရှင်းနိုင်သေးဘဲ ဆက်ရှိနေဦးမှာပါ။” လို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဂျော့ဂ်ျယိုက ပြောပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် အီဗရာဟင်မ် ဂမ်ဘာရီ ပြီးခဲ့တဲ့သြဂုတ်လ မြန်မာနိုင်ငံ ကို သွားရောက်ချိန်တုန်းက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကိုယ်တိုင် မြန်မာနိုင်ငံကိုလာရောက်ပြီး နိုင်ငံရေးရာကိစ္စရပ်တွေကို မြန်မာအာဏာပိုင်တွေနဲ့ ဆွေးနွေးပြောဆိုဖို့ ရှိတဲ့အကြောင်း ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့် မနေ့ကအစည်းအဝေးအပြီး ဗြိတိန်နိုင်ငံ ခြားရေးဝန်ကြီးကရော၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ တွဲဘက်ပြောရေးဆိုခွင့် ရှိသူကပါ မစ္စတာ ဘန် ကီ-မွန်း မြန်မာနိုင်ငံ သွားမယ် မသွားဘူးဆိုတာ တိတိကျကျ မပြောခဲ့ကြပါဘူး။ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးကတော့ ဒီလိုခရီးစဉ်မျိုးဟာ ခပ်ပေါ့ပေါ့လုပ်ရမယ့် ကိစ္စမဟုတ်ဘဲ အချိန်အခါကို ဂရုတစိုက်ရွေးချယ်ရမယ့် ကိစ္စဖြစ်ပြီး ရှင်းလင်းသိသာတဲ့ တိုးတက်မှုတွေမရှိဘဲ မသွားသင့်ဘူး၊ ဒါပေမယ့် အတွင်းရေးမှူးချုပ်ရဲ့ အချိန်အခါသင့်
ဝင်ရောက် ဆောင်ရွက်မှုဟာ အင်မတန်အရေးကြီးပါတယ်လို့ဆိုပါတယ်။

ဒီအစည်းအဝေးဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့အရေး မိတ်ဆွေနိုင်ငံများ အုပ်စုက နိုင်ငံခြားရေးဝန်ကြီးတွေ တက်ရောက်တဲ့ ပထမဆုံး အဆင့်မြင့် အစည်းအဝေး ဖြစ်ပါတယ်။ အစည်းအဝေးကို စုစုပေါင်း ၁၅ နိုင်ငံ တက်ရောက်တဲ့ ထဲမှာ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ပြင်သစ်၊ ရုရှားနဲ့ တရုတ်နိုင်ငံတို့အပြင် သြစတြေးလျ၊ ဥရောပသမဂ္ဂ၊ အိန္ဒိယ၊ နော်ဝေး၊ ဂျပန်နဲ့ တောင်ကိုရီးယား နိုင်ငံတွေက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပြီး အရှေ့တောင်အာရှ နိုင်ငံတွေ ဖြစ်ကြတဲ့ အင်ဒိုနီးရှား၊ စင်္ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ် နိုင်ငံတွေကတော့ လေ့လာသူတွေ အဖြစ် တက်ရောက်ခဲ့ကြပါတယ်။

ဒီအစည်းအဝေးဟာ ၆၃ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ကာလအတွင်း သီးခြားအစည်းအဝေးတခု အနေနဲ့ ကျင်းပတာ ဖြစ်ပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း အထွေထွေညီလာခံမှာ မိန့်ခွန်းပြောကြားမယ့်ရက်မတိုင်ခင် နှစ်ရက်အလိုမှာ ကျင်းပတာပါ။ ဒီအစည်းအဝေးအပေါ် မြန်မာအာဏာပိုင်တွေဘက်က တခုခု တုန့်ပြန်တာကိုတော့ ခုချိန်ထိ မကြားရသေးကြောင်းပါ။

ဒီမိုကရေစီအင်အားစုများ ညီညွတ်စွာပူးပေါင်းဆောင်ရွက်ရန် ဦးဝင်းတင် ပြောဆို

မကြာသေးခင်က ပြန်လည်လွတ်မြောက်လာသည့် သတင်းစာ ဆရာကြီး ဦးဝင်းတင်က မြန်မာ့ဒီမိုကရေစီရေး အတွက် အန်အယ်လ်ဒီ တဖွဲ့တည်းနှင့် လုပ်ဆောင်၍မရကြောင်း တိုင်းရင်းသားများ အပါအ၀င် ဒီမိုကရေစီ အင်အားစုများ အားလုံး ပူးပေါင်း ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ရုံးချုပ်၌ ယနေ့ ကျင်းပသော နှစ် ၂၀ ပြည့် အခမ်းအနားတွင် ပြောကြားလိုက်သည်။


အန်အယ်လ်ဒီ အခမ်းအနားသို့ တက်ရောက်လာသော ဦးဝင်းတင်
(ဓာတ်ပုံ - မြတ်မိုးမောင်/ဧရာဝတီ)

ထို့အပြင် ထောင်ဝတ်စုံ အပြာရောင်ပုံစံအင်္ကျီ ၀တ်ဆင်ထားသော ဦးဝင်းတင်က စစ်အစိုးရ၏ ဖမ်းဆီးခံထားရဆဲ နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ရှိရာတွင် အားလုံး လွတ်မြောက်ခြင်း မဟုတ်ဘဲ ၎င်း လွတ်မြာက်လာရသည်ကို ရှက်ရွံ့ မိကြောင်း အခမ်းအနားမိန့် ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်ဟု အန်အယ်လ်ဒီ ပြောခွင့်ရ ဒေါက်တာ ၀င်းနိုင်က ပြောဆိုသည်။

“အဓိကသူပြောတာက အခု ဒီမိုကရေစီ တိုက်ပွဲက မပြီးဆုံးသေးဘူး၊ အန်အယ်လ်ဒီ တဖွဲ့ တည်းနဲ့လည်း မရနိုင် ဘူး၊ ဒါကြောင့် တိုင်းရင်းသား အင်အားစုတွေ၊ ဒီမိုကရေစီအင်အားစုတွေ ပူးပေါင်းပြီး ညီညီညွတ်ညွတ် ဆောင်ရွက် ကြဖို့ လိုအပ်တယ်လို့ပြောပါတယ်၊ သူ အခုလို လွတ်မြောက်လာ ပေမယ့် ထောင်ထဲမှာ ရဲဘော်တွေ ၂၀၀၀ ကျော် လောက် ကျန်နေသေးတဲ့ အတွက် ရှက်ရွံ့တယ်တဲ့၊ သူ့အနေနဲ့ ၀မ်းသာရမယ့်အစား သူ့စိတ်ထဲမှာ ရဲဘော်တွေ အတွက် ခံစားရတယ်၊ သူရှက်တယ်တဲ့”ဟု ဒေါက်တာ ၀င်းနိုင်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး အပါအ၀င်၊ မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ် စသည့် ကျောင်းသား ခေါင်းဆောင်များ၊ သံဃာတော်အရှင်မြတ် များ အပါအ၀င် နိုင်ငံရေးအကျဉ်းသား အားလုံးလွတ်မြောက်ရန် ၀ိုင်းဝန်း ကြိုးပမ်းကြရန်လည်း ဦးဝင်းတင်က တိုက်တွန်းပြောကြားသွားသည်ဟု ၎င်းကဆိုသည်။

အခမ်းအနားသို့ ပြီးခဲ့သည့် အင်္ဂါနေ့က စစ်အစိုးရ အကျဉ်းထောင်များမှ ပြန်လည်လွတ်မြောက်လာသော ဦးဝင်းတင် အပါ အ၀င် လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြသည့် ဒေါက်တာ သန်းငြိမ်း၊ ဦးခင်မောင်ဆွေ တို့ လည်း တက်ရောက်လာ ကြပြီး အန်အယ်လ်ဒီ ဥက္ကဌ ဦးအောင်ရွှေက သဘာပတိ မိန့်ခွန်း ပြောကြားရာတွင် ၎င်းတို့၏ မူလ တာဝန်များကို ပြန်လည် အပ်နှင်းကြောင်း ပြောကြားသည် ဟုလည်း သိရသည်။

“အခမ်းအနား မစခင်မှာ ဥက္ကဌ ဦးအောင်ရွှေက နေပြီးတော့ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြတဲ့ ဦးဝင်းတင် နဲ့ ဦးခင်မောင်ဆွေတို့ကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှာ တာဝန်ပြန်လည် ထမ်းဆောင်ဖို့၊ ဒေါက်တာ သန်းငြိမ်းကို လည်း ရန်ကုန်တိုင်းစည်းရုံးရေး ဒု ဥက္ကဌ တာဝန်ကို ပြန်လည် ထမ်းဆောင်ဖို့ ပန်ကြားပါတယ်၊ သူတို့အားလုံးက လည်း သဘောတူညီပါတယ်”ဟု ဒေါက်တာ ၀င်းနိုင်က ပြောပြသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ အတွင်းရေးမှူး ဦးအေးသာအောင်က“ဦးဝင်းတင်ဆိုရင် ကျနော်နဲ့ ရန်ကုန် ဆေးရုံကြီးမှာ လပေါင်းများစွာအကြာကြီး အတူတူနေလာတော့ သူရဲ့ ရပ်တည်ချက်၊ နိုင်ငံရေး အမြင် တွေကို တော်တော် လေး လေ့လာခွင့်ရခဲ့ပါတယ်၊ ဒေါက်တာ သန်းငြိမ်းလည်း ထို့အတူပါပဲ၊ ဒီလိုပုဂ္ဂိုလ်တွေ အန်အယ်လ်ဒီထဲမှာ ၀င်ရောက်ပြီး ပူးပေါင်းပါဝင် ဆောင်ရွက်မယ်ဆိုရင်တော့ ကျနော်တို့ တိုင်းရင်းသား ခေါင်း ဆောင်များ၊ ပါတီများ အနေနဲ့လည်း အန်အယ်လ်ဒီကို ပူးပေါင်းဆောင်ရွက်တဲ့ နေရာမှာ အရင်က ထက်တော့ နိုင်ငံရေး လှုပ်ရှားမှုတွေ ပိုလုပ်လာနိုင်လိမ့်မယ်လို့ ကျနော်ထင်ပါတယ်၊ တကယ့်ကို အောင်အောင် မြင်မြင် ဆောင်ရွက်နိုင်ဖို့ကတော့ လူတဦးတယောက်တည်းအပေါ်မှာ မှုမတည်ဘူး၊ တိုင်းပြည် တခုလုံးနဲ့တကွ နိုင်ငံရေးဦးဆောင် အဖွဲ့အစည်း၊ ခေါင်းဆောင်အားလုံးအပေါ်မှာ တည်ပါတယ်”ဟု ပြောသည်။

ယင်းအခမ်းအနားတွင် စစ်အစိုးရက ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို လျစ်လျူရှုပြီး မဲဆန္ဒရှင် ပြည်သူများ၏ ဆန္ဒကို ယနေ့ အထိ ငြင်းဆန်နေကြောင်း၊ပြီးခဲ့သည့် မေလက ပြုလုပ်သော အခြေခံဥပဒေ အတည်ပြု ဆန္ဒခံ ယူပွဲသည် ပြည်သူ့ဆန္ဒကို မရိုးမသား လိမ်လည်ရယူခြင်းဖြစ်၍ လက်မခံကြောင်း၊ လာမည့် ၂၀၁၀ ရွေးကောက်ပွဲ ကိုလည်း အသိအမှတ်မပြုကြောင်း စသည့် အချက်များ ပါဝင်သည့် စာမျက်နှာ ၆ မျက်နှာပါ ကြေညာချက် တစောင်ကိုလည်း ထုတ်ပြန်သည်။

အန်အယ်လ်ဒီ အနှစ် ၂၀ လှုပ်ရှားဆောင်ရွက်မှုနှင့် ပတ်သက်ပြီး အန်အယ်လ်ဒီ သည် ပြည်သူများနှင့် နိုင်ငံရေး အင်အားစု များ မျှော်မှန်းသည့် ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ရှိရန် မလုပ်ဆောင်နေသေးကြောင်း ဦးအေးသာအောင်က သုံးသပ်သည်။

“အဓိကကတော့ အန်အယ်လ်ဒီ ဟာ ရွေးကောက်ပွဲပြီးတဲ့ နောက်ပိုင်းမှာ တရှိန်ထိုး ပြည်သူတွေရဲ့ အားကိုး ယုံကြည်မှုကို ရခဲ့တယ်၊ ဒါပေမယ့် အန်အယ်လ်ဒီဟာ ပြည်သူတွေ၊ နိုင်ငံရေးအင်အားစုတွေ မျှော်မှန်းသလို တကယ့် ဒီမိုကရေစီလမ်း ကြောင်းပေါ် ရောက်အောင်ယနေ့အထိ မလုပ်နိုင်သေးဘူး၊ အဲဒီမှာ ဘာပဲပြောပြော တဘက်မှာ စစ်အာဏာရှင်တို့ရဲ ဖိနှိပ်မှုတွေရှိသော် ငြားလည်း ဒီမိုကရေစီနိုင်ငံဖြစ်ဖို့၊ ဒီမိုကရေစီလမ်းကြောင်း ပေါ်ရောက်ဖို့ တကယ်ကို အောင်မြင်အောင် မဆောင်ရွက်နိုင်သေးဘူးဆိုတာကိုတော့ ၀န်ခံရလိမ့်မယ်”ဟု ဦးအေးသာအောင်က ပြောသည်။

၎င်းက ဆက်လက်ပြီး“အဲဒီအခါမှာကျနော်တို့အပါအ၀င် နိုင်ငံရေးပါတီတွေမှာ၊ နိုင်ငံရေးခေါင်းဆောင်တွေမှာ ဘာပဲဖြစ်ဖြစ် တစုံတခု အတိုင်းအတာအထိ ကြိုးပမ်းအားထုတ်မှုနဲ့ စွမ်းဆောင်မှုပိုင်းမှာ အားနည်းချက်ရှိတယ်လို့ ကျနော်အနေနဲ့ သုံးသပ်ပါ တယ်”ဟုလည်း ဆိုသည်။

အန်အယ်လ်ဒီ အနှစ် ၂၀ ပြည့် အခမ်းအနား မကျင်းပမီနှင့် ကျင်းပပြီးချိန်တွင် အဖွဲ့ဝင် ၉ ဦး ခန့် ဖမ်းဆီး ခံရ ကြောင်းနှင့် လုံခြုံရေးများ တင်းကျပ်စွာ ချထားကြောင်းလည်း သိရသည်။

ယနေ့ အန်အယ်လ်ဒီ အခမ်းအနားသို့ ၀ါရင့်နိုင်ငံရေးသမားကြီးများနှင့် ဒီမိုကရေစီပါတီစသည့် တခြားသော နိုင်ငံရေး အင်အားစုများက သ၀ဏ်လွှာများပေးပို့ကြောင်း၊ အနယ်နယ်အရပ်ရပ်မှ အန်အယ်လ်ဒီ အဖွဲ့ဝင်များ၊ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ် စသည့် နိုင်ငံခြားသံတမန်များနှင့် တခြားသောဖိတ်ကြားထားသူများ တက်ရောက် ကြကြောင်း အန်အယ်လ်ဒီက ပြောသည်။

စက်တင်ဘာ ၂၂ ရက်နေ့တွင် အန်အယ်လ်ဒီ က ထုတ်ပြန်ခဲ့သည့် စစ်အစိုးရ ရေးဆွဲထားသော ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြန်လည်သုံးသပ်ပြင်ဆင်ရန် ကြေညာချက်အား ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီက ရုပ်သိမ်းပေးရန် ကြာသပတေး နေ့က အန်အယ်လ်ဒီ ဗဟို အလုပ်အမှုဆောင်အဖွဲ့ကို ခေါ်ယူပြောဆိုခဲ့သည်။

အန်အယ်လ်ဒီ သည် ၁၉၈၈ ခုနှစ် စက်တင်ဘာ ၂၇ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၉၀ ပြည့် ပါတီစုံ အထွေ ထွေရွေး ကောက်ပွဲ၌ ၈၀ ရာခိုင်နှုန်းကျော် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သောပါတီဖြစ်သော်လည်း စစ်အစိုးရ က ယင်းရွေး ကောက်ပွဲ ရလဒ်ကို အသိအမှတ်မပြုဘဲ အာဏာလွှဲပြောင်းခြင်းမပြုခဲ့ပေ။