8.03.2009

အမှန်တရားဂျာနယ် အတွဲ ၁ အမှတ် ၆ ကို ၈၈၈၈ နှစ်ဆယ့်တစ်နှစ် ပြည့် အမှတ်တရအဖြစ် ထုတ်ဝေ

CAC Volume1NO6

Burma's News World's News


Ayatollah Khamenei (l) and President Mahmoud Ahmadinejad
Iran's supreme leader formally endorses Mahmoud Ahmadinejad as winner of the June presidential poll, but key figures stay away.

Nato's priority must be the Afghan war, including talks with parts of the Taliban, the alliance's new leader says.

An Australian radio show is pulled off air following a lie detector stunt which saw a 14-year-old girl say she had been raped.

Iran's supreme leader Ayatollah Ali Khamenei (L) embraces President Mahmoud Ahmadinejad (R) after presenting him with a decree during an official ceremony in Tehran, 03 Aug 2009
Mon. 03 Aug 2009 0908 UTC

Iran's Supreme Leader Endorses Ahmadinejad's Presidency

Ayatollah Ali Khamenei endorsed the second-term presidency of Mahmoud Ahmadinejad, despite a widespread dispute over his re-election

Full Story »

Camp Delta Cell Block for uncooperative dedtainees

US Considering New Prison for Guantanamo Inmates

The maximum-security facility would be jointly run by the departments of Defense, Justice and Homeland Security

Tens of thousands of supporters gather at the funeral motorcade for the former Philippine President Corazon Aquino, Monday 3 Aug. 2009 in Manila, Philippines

Thousands Gather for Former Philippine President Audio Clip Available

The scene was reminiscent of the Philippine democracy movement that she led in the 1980's

Secretary of State Hillary Clinton

US Secretary of State Heads to Africa

First stop on seven-nation trip will be Kenya

Templo de Santo Domingo, San Cristobal de las Casas in Chiapas, Mexico

Chiapas, Mexico Offers Ancient, Modern Religion Mix Audio Clip Available

Local journalist finds Catholic church increasingly having to compete with new forms of worship in order to attract members to the faith


QUOTE OF THE DAY
She (Aung San Suu Kyi) was not optimistic from the beginning. She is ready to face the worst.
—Nyan Win, Suu Kyi’s lawyer

OPINION

Burma Must Make Clear its Nuclear Ambitions

By Aung Zaw
Reports of Burma’s shady nuclear ambitions have resurfaced to take their place alongside warnings by US Secretary of State Hillary Clinton of secret military ties and possible technology transfers between Burma and North Korea.

Suu Kyi Questions Burma’s Judiciary, Constitution

By WAI MOE
Aung San Suu Kyi called into question ‘the credibility of the government’s dignity’ during her recent trial, according to the NLD.

Activists Skeptical on Asean Human Rights Body

By ARKAR MOE
Human rights activists see the new Asean Human Rights Body as having little direct impact among member countries.

NEWS ANALYSIS

Nuclear Fallout

By SIMON ROUGHNEEN
The sum of all fears—Burma and North Korea working hand-in-hand toward nuclear arsenals—is fast becoming a regional crisis, and one which Asean appears prepared to ignore.

Karen Activist Wins Ramon Magsaysay Award

By SAW YAN NAING
Ka Hsaw Wa, the co-founder of environmental group EarthRights International, has been recognized for his ‘defense of human rights, the environment and democracy in Burma.’

Singapore Foreign Minister Challenged Over Burma Remarks

By WAI MOE
Remarks on Burma by Singapore’s Foreign Minister George Yeo have raised eyebrows in Burmese exile circles.

Junta Troops Prepare for Battle against UWSA

By LAWI WENG
Members of a private militia and junta troops combine forces to launch an attack against the Wa army in Shan State.

Thai government keen to develop border logistics

In a bid to give a leg up to border trade, Thailand’s Ministry of Commerce will be developing a logistics system at main border checkpoints, particularly in the Mae Sot...

Junta fails to respond to global financial crisis

(Commentary) Myanmar’s military leadership is yet to become fully aware of the consequences of the current global financial meltdown, and thus has been unable to position...

အမှုကို အစွမ်းကုန်အမြတ်ထုတ်နေတဲ့ နအဖဗိုလ်ချုပ်များ

ရဲဘော်ဖိုးသံချောင်း

၃ သြဂုတ် ၂၀၀၉

နအဖစစ်အစိုးရဟာ ကြောင်ကဖမ်းမိထားတဲ့ကြွက်ကို မစားခင် ကစားသလို ဒေါ်အောင်ဆန်းစုကြည် အမှု အပေါ်မှာ အမြတ် ထုတ်နေပါတယ်။ နောက်ပြီး ဒီလိုနှိပ်စက်ရတာကို သူတို့က သာယာနေကြပါတယ်။ ဒါဟာ Sadism ဆိုတဲ့ သူများကို နှိပ်စက်ခြင်းနဲ့ သာယာကြတဲ့ စိတ်ရောဂါဝေဒနာသည် ဖက်ဆစ်တွေ အရသာခံနည်းမျိုး ခံနေကြတာလည်း ဖြစ်ပါတယ်။

ဒီနေ့ နိုင်ငံတကာလူ့အဖွဲ့အစည်းမှာ မတတ်သာလို့ သေဒဏ်အပြစ်ပေးရရင်တောင် အတတ်နိုင်ဆုံး အနာအကျင် ကင်းမဲ့တဲ့ နည်းနဲ့ အမြန်ဆုံးပြီးမြောက်အောင် လုပ်ရပါတယ်။ ဒါပေမယ့် နအဖစစ်ဗိုလ်ချုပ်တွေကတော့ ဒါနဲ့ပြောင်းပြန် လူကိုပိတ်လှောင်ခြင်းနဲ့ နှိပ်စက်ရုံမက အချိန်ဆွဲတဲ့နည်းနဲ့ပါ နှိပ်စက်နေပါတယ်။ တချို့ သူတို့အင်မတန်အငြိုးထားတဲ့ ဦးဝင်းတင်တို့၊ ဗိုလ်ကြီးဝင်းထိန်တို့ကိုဆိုရင် ထောင်ဘူးဝရောက်မှ ထောင်ထဲပြန် ခေါ်သွားတာ၊ အပြင်ကိုလွှတ်ပေးပြီး နောက်တနေ့ကျမှ ပြန်ဖမ်းဆီးတာ စတဲ့ ရိုင်းပြ ရက်စက်တဲ့ နှိပ်စက်နည်း တွေနဲ့ အာဏာပြခဲ့ကြတာကို တိုင်းပြည်ကမမေ့ပါဘူး။

ဒီအချိန်မှာ သတိထားမိတဲ့ နောက်တချက်ကတော့ ဒီလို ဒေါ်အောင်ဆန်းစုကြည် ကိစ္စကို နိုင်ငံရေးသတင်းတကာရဲ့ ထိပ်ဆုံးမှာ ရောက်နေအောင်လုပ်ထား၊ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့လည်း အားလုံးကို မှန်းဆနေအောင် လုပ်ထားတာ တွေနဲ့ တချိန်တည်းမှာ ပြည်တွင်းပြည်ပကို သတင်းတုတွေအမျိုးမျိုး လွှင့်တဲ့နည်း နဲ့ “နိုင်ငံရေးကစား” နေကြပါတယ်။ ဒါဟာ စစ်တပ်မှာ တဖက်ရဲ့ တပ်တည် နေရာနဲ့ ပစ်အားအခြေအနေကို သိရအောင် "searching fire" ပစ်ကြည့်တယ် ဆိုတာမျိုး လုပ်နေတာပါ။ ပြည်တွင်းပြည်ပက အာဘော်တွေ၊ သဘောထားတွေ ကို ဒီနည်းနဲ့သိအောင် လုပ်နိုင်တယ်ဆိုပြီး သူတို့ကိုယ်သူတို့ လည်လှပြီလို့ ထင်နေကြဟန်တူပါတယ်။ ဒီကိစ္စမှာ မစ္စစ်ကလင်တန်ထွက်ပြောလာတာမျိုးကို သူတို့က အမြတ်လို့ တွက်နေကြဟန်တူပါတယ်။ တကယ်ကျတော့ ဒီဗိုလ်ချုပ်တွေရဲ့လုပ်နည်းတွေဟာ တည်ကြည်တဲ့ နိုင်ငံရေးလက္ခဏာ လုံးဝမဆောင်ဘဲ သူခိုးဓားပြ ဂိုဏ်းတွေ၊ မာဖီးယားဂိုဏ်းတွေ လက်နက် အားကိုးနဲ့ နှိပ်စက်ကလူ လုပ်ချင်တိုင်းလုပ်နေကြတာ ဖြစ်ပါတယ်။

သူတို့ ဘယ်လိုပဲအကြောင်းပြပြ၊ သူတို့ရဲ့ဒီလိုလုပ်ရပ်ဟာ ဒီအမှုအပေါ်စိတ်ဝင်စားတဲ့၊ စိုးရိမ်တကြီး စောင့်ကြည့် နေကြတဲ့ ပြည်တွင်းပြည်ပကလူတွေ၊ အသင်းအပင်းအဖွဲ့အစည်းတွေ၊ အစိုးရတွေကို စော်ကားတာပဲဖြစ်ပါတယ်။ တရားရုံးမှာ လာနားထောင်နိုင်ပါတယ်ဆိုလို့၊ ဖိတ်လို့၊ ဘန်ကောက်ကတောင်လာတဲ့လူတွေအပါ နိုင်ငံတကာ သံတမန် နယ်ပယ်ကိုလည်း မထီလေးစား၊ စော်ကားတာဖြစ်ပါတယ်။ တကယ်ကျတော့ သူတို့ဘာရည်ရွယ်ချက် တွေနဲ့ ဘာလို့ အခုလိုလုပ်တယ်ဆိုတာဟာ အင်မတန်မှစင်းနေ၊ ရှင်းနေတာဖြစ်ပါတယ်။

သူတို့အနေနဲ့ အမှုကိုအချိန်ဆွဲတဲ့နည်းနဲ့ ဒီအမှုအပေါ် အာရုံစိုက်စောင့်ကြည့်နေကြတဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းပြည်သူလူထုကို ကသိကအောက်ဖြစ်အောင်လုပ်တာ၊ အာရုံပျက်အောင်၊ အာရုံလွင့်အောင် လုပ်နေ တာဖြစ်တယ်ဆိုတာ မြင်သာလှပါတယ်။ တပါတည်းမှာပဲ ဒီနေ့ စီရင်ချက်ကိုစောင့်ပြီး ဆန္ဒပြဖို့၊ ဒါမှမဟုတ် တနည်းနည်းတုံ့ပြန်ဖို့ ပြင်ဆင်ထားသူတွေကိုလည်း ကမောက်ကမဖြစ်စေဖို့ တချက်ခုတ်နှစ်ချက်ပြတ် ရည်ရွယ်တာဖြစ်ပါတယ်။ သေချာတာကတော့ ဒီတခါ ရုံးချိန်းမှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုကို အင်းစိန်ထောင်ထဲမှာရှိတဲ့ ဒီတရားရုံးကို တကယ်တမ်းအဆုံးအဖြတ်ပေးနေတာဟာ ကြပ်ပြေးက ဖြစ်တယ် ဆိုတာကို ပြသလိုက်ပါတယ်။

ဗိုလ်သန်းရွှေတို့ အခုလို ကုလားဖန်ထိုးတာနဲ့ ပတ်သက်လို့ ပြောကြတာတွေထဲမှာ စဉ်းစားစရာ ကောင်းတယ်လို့ထင်တဲ့ စကား တခွန်းကတော့ နအဖဗိုလ်တွေဟာ ရှစ်လေးလုံးနှစ်ပတ်လည်ကိုလည်း ရှောင်ချင် လို့ဖြစ်တယ်ဆိုတာပါပဲ။ ဗမာပြည် ပြည်သူတွေ အနေနဲ့ ရှစ်လေးလုံးအရေးအခင်းကို ဘယ်တော့မှ မေ့မှာမဟုတ်ကြောင်း၊ တိုင်းပြည်မှာ အရေးကိစ္စကြုံတိုင်း ပြန်သတိရလေ့ ရှိကြောင်း ပြသတဲ့အချက်ပါ။ နောက်ပြီး ဒီရှစ်လေးလုံးအရေးတော်ပုံကြီးဟာ စစ်အုပ်စုဝင်တွေကို သေတဲ့အထိ ခြောက်လှန့်နေ တယ်ဆိုတဲ့ အဓိပ္ပာယ် လည်းဖြစ်ပါတယ်။

တကယ်လို့သာ ဒေါ်အောင်ဆန်းစုကြည်ကို နအဖဗိုလ်ချုပ်တွေက မျက်စိကန်းတစ္ဆေမကြောက် ထောင်ဒဏ် အပြစ်ပေး လိုက်တယ်ဆိုရင် ဒီအဖြစ်အပျက်ဟာ ဒီပဲယင်းအရေးအခင်း၊ စက်တင်ဘာသံဃာ့လှုပ်ရှားမှုတို့လိုပဲ နအဖရဲ့သမိုင်းမှာ မှတ်တမ်းတင်ရမယ့် ဒီမိုကရေစီကို အဆုံးစွန် ချိုးဖောက်မှုတခု တိုးလာမှာဖြစ်ပါတယ်။ ဒါ့အ ပြင် နအဖရဲ့သမိုင်းရှိ နိုင်ငံတကာအသိုင်းအဝိုင်းကို အာခံမှုတွေထဲမှာလည်း တံခွန်ထူမယ်လို့ ပြောလို့ရပါတယ်။ ဘယ်လိုပဲပြောပြော နအဖစစ်ဗိုလ်တွေအကြောင်း နောကျေနေတဲ့ ဗမာနိုင်ငံသားတွေကတော့ ဒေါ်အောင်ဆန်း စုကြည်ရဲ့အမှုကို သူတို့ရဲ့လက်ထဲမှာ မြှောက်ကာမြှောက်ကာလုပ်ပြပြီး ပြည်ပအစိုးရတွေကို ဈေးဆစ်နေတဲ့ ပုံကိုပဲ မျက်စိထဲမှာမြင်ယောင်နေပါတယ်။ နအဖသက်တမ်းတလျှောက်မှာ သူတို့ဟာ နိုင်ငံရေး အကျဉ်းသမား တွေကို ပြန်ပေးဆွဲသလိုဖမ်းထားပြီး အနောက်နိုင်ငံတွေဆီက သူတို့လိုချင်တာတွေတောင်းနေခဲ့တာ လူတိုင်း အသိပါ။ အခုလည်းပဲ ဒီအမှုနဲ့ ပတ်သက်တဲ့ မစ္စစ်ကလင်တန်ရဲ့ ပြောစကားကိုကြားပြီးနောက် ဗိုလ်သန်းရွှေ၊ ဗိုလ်မောင်အေးတို့ဟာ လေလံဈေးခေါ်သလိုများ လုပ်ချင်စိတ်တွေ ပိုပေါ်လာတာလားလို့တောင် တွေးမိပါတယ်။

အသေအချာပြောလို့ရတာကတော့ ဒေါ်အောင်ဆန်းစုကြည်ကို စီရင်ချက်ချတာဟာ ပြည်သူလူထုထောက်ခံမှု အများဆုံးရနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပေါ် စီရင်ချက်ချတာ၊ အမျိုးသားရင်ကြားစေ့ရေး လမ်းစဉ် အပေါ် စီရင်ချက်ချတာ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ ကျန်ကောင်းလို့ ကျန်တဲ့မျှော်လင့်ချက်လေးအပေါ် စီရင်ချက် ချတာလည်းဖြစ်ပါတယ်။

ဒါက တဆက်တည်းဖော်ပြနေတာဟာ နအဖရဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ အဲဒီရွေးကောက်ပွဲလွန်ကာလ ဗမာပြည် နိုင်ငံရေး ဇာတ်ခုံဟာလည်း အလားတူပဲ စစ်အုပ်စုကနေ နောက်ကနေ ခြယ်လှယ်ပြီး လုပ်ချင်တိုင်းလုပ်တဲ့ ကောက်ကျစ်မှုတွေ၊ မာဖီးယား လုပ်ဟန်တွေနဲ့ ပြွမ်းတီးနေမယ်ဆိုတာပါပဲ။ မှန်းဆလို့ရတာကတော့ ၂ဝ၁ဝ ပြည့်နှစ် ရွေးကောက်ပွဲလုပ်ပြီးလို့ (ဘယ်သူတွေပဲ အမတ်တွေ ဝန်ကြီးတွေဖြစ်ဖြစ်) ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ စတင်အသက်ဝင်ပြီဆိုတာနဲ့ တပြိုင်နက်တည်း ဗမာပြည်မှာ အမျိုးသားရင်ကြားစေ့ရေးတံခါးဟာ ပိတ်သလောက် ဖြစ်သွားတော့မယ်ဆိုတာပါပဲ။ အဲဒီအခါကျရင် နအဖမှာ အလိုတော်ရိအသစ်တွေ၊ လက်ကိုင် တုတ် အသစ်တွေရလာပြီး ပြည်တွင်းပြည်ပကို ရင်ဆိုင်တော့မှာဖြစ်တယ်ဆိုတာလည်း ကြိုစဉ်းစားထား၊ ပြင်ဆင် ထားတာတွေ လုပ်ကြရပါတော့မယ်။

နအဖနဲ့ နိုင်ငံရေးလုပ်တယ်ဆိုတာဟာ ဖန်တို့တမ်းကစားသလို လုပ်လို့မရဘူးဆိုတာ ထင်ရှားသထက် ထင်ရှား လာ နေပါပြီ။ နအဖဗိုလ်ချုပ်တွေကို ဘွာခေါ်ခွင့်မပေးတမ်း စာရင်းရှင်းကြပါစို့။

မြန်မာ့သတင်း ကမ္ဘာ့သတင်း

ပတ္တနိက္ကုဇ္ဇန ကံဆောင်မည်။(သံဃာ့တပ်ပေါင်းစု၏ ကြေငြာချက်)

pattanikujana-2009
သင်္ဘောပေါက်ကွဲမှုဖြစ်ပွား၊ လူ (၃) ဦး ပွဲချင်းပြီးသေဆုံး
(၁၁) ဦး အတွင်းလူနာအဖြစ် ကုသနေရ

NEJ / ၃ သြဂုတ် ၂၀၀၉
ရန်ကုန်တိုင်း ရဲတပ်ဖွဲ့၏ သတင်းများအရ အဆိုပါသင်္ဘော ပေါက်ကွဲမှုဖြစ်ပွားသည့်အတွက် သင်္ဘောမှာ (၃) ပိုင်း ပိုင်းသွားကြောင်း၊ အနီးရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ဌာနပိုင် ကြံ့ (၁၄) အုပ်စုပိုင် ရေယာဉ်တစီးရှိ ရေယဉ်မှူးနှင့် ၀န်ထမ်းများ ၀င်ရောက်ကူညီမှုများကြောင့် အဆိုပါ (၁၄) အုပ်စုမှ ရေယာဉ်မှူးတဦးမှာ ပွဲချင်းပြီး.....အပြည့်အစုံသို့
Treasury Sec. Timothy Geithner testifies before the House Financial Services Committee on Capitol Hill, 24 Jul 2009

အခုတလော အမေရိကန်စီးပွားရေး အခြေအနေ ပြန်ပြီး တိုးတက်လာတဲ့ လက္ခဏာတွေ တွေ့လာရတယ်လို့ သမ္မတအိုဘားမားအစိုးရက ဂုဏ်ယူစွာ ပြောပါတယ်။


ဒေါ်အောင်ဆန်းစုကြည်အတွက် ဘင်္ဂလားဒေ့ရှ်ရောက် သံဃာများ ဆုတောင်း

ဒေါ်အောင်ဆန်းစုကြည်အတွက် ဘင်္ဂလားဒေ့ရှ်ရောက် သံဃာများ ဆုတောင်း

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားမြို့ရှိ မြန်မာ သံဃာများသည် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်စေရေး အတွက် စနေနေ့က “မောရသုတ်” ပရိတ်တော် ရွတ်ဖတ်ကာ ဆီမီးထွန်း

မြန်မာ့နျူကလီးယား စီမံကိန်းကို ဒေသတွင်း စိုးရိမ်

မြောက်ကိုရီးယား၏ အကူအညီဖြင့် ရှမ်းပြည်နယ်တွင် ၅ နှစ် အတွင်း အဏုမြူ ဗုံး တလုံး ထုတ်နိုင်သည့် နျူကလီးယား ဓာတ်ပေါင်းဖို လျှို့ဝှက် တည်ဆောက်နေသည် ဟူသော

“၀”ကို ဖိအားပေးရန် ပြည်သူ့စစ်များဖြင့် တပ်အင်အားတိုးချဲ့

“ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) နှင့် ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA-N) ထိန်းချုပ်ထားသော ဒေသတွင် မြန်မာ စစ်အစိုးရက စစ်တပ် အင်အား တိုးချဲ့

ပဲဈေးကွက် ယုံကြည်မှု ပြန်လည်တည်ဆောက်နေရ

ပဲအရောင်းအ၀ယ် လောကတွင် စစ်အစိုးရနှင့် နီးစပ်သူများ ပါဝင်ပတ်သက် နေသောကြောင့် ၂၀၀၈ခုနှစ်က ဖြစ်ပွားခဲ့သည့် ငွေကြေး လိမ်လည်မှုများကို အရေးယူရန် မလွယ်ကူ

ထိုင်းနှင့် မလေး စားသုံးဆီ ၁၁ မျိုးကို လိုက်လံသိမ်းဆည်း

ရန်ကုန် ဈေးကွက် အတွင်းရှိ ထိုင်းနှင့် မလေးရှား နိုင်ငံတို့မှ တင်သွင်းလာသည့် စားသုံးဆီ ၁၁ မျိုး ကို လိုက်လံ သိမ်းဆည်း နေသော်လည်း ၎င်းဆီများနှင့် ပတ်သက်၍ အာဏာပိုင်

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး နီပေါ ကူညီမည်

နီပေါနိုင်ငံ အထက်လွှတ်တော် အမတ်များနှင့် အတိုက်အခံ ပါတီများ၊ လူမှုရေး အသင်းအဖွဲ့ ပေါင်းစုံတို့က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနှင့် မြန်မာ့ဒီမိုကရေစီရေး အတွက်

Photobucket

အမေရိကန်အနောက်ခြမ်း ဆန်ဖရန်စစ္စကိုနှင့် အယ်လ်အေက မြန်မာတို့ ၈ လေးလုံး ၂၁ နှစ်ပွဲများ ပြင်ဆင်

မိုးမခရွာဆော်ကြီး

သြဂုတ် ၃၊ ၂၀၀၉

မြန်မာပြည်ဒီမိုကရေစီ အရေးတော်ပုံ လူထုအုံကြွမှုကြီး ၂၁ နှစ်ပြည့်အတွက် ပြည်ပရောက် မြန်မာတို့က အထိမ်းအမှတ်ပွဲများ ပြုလုပ်ကြပြီး မပြီးဆုံးသေးသည့် မြန်မာပြည်ဒီမိုရေစီရေး လှုပ်ရှားမှုများ ဆက်လက်ဆောင်ရွက်လျက် ရှိသည်ဟု ဆိုသည်။

အမေရိကန်ပြည်၊ ကယ်လီဖိုးနီယားမှ အယ်လ်အေနှင့် ဆန်ဖရန်စစ္စကိုဒေသက မြန်မာမိသားစုများ၊ အသင်းအဖွဲ့များ စုဝေးကြလျက် ၈၈ အရေးတော်ပုံ ၂၁ နှစ် ပြည့် အထိမ်းအမှတ် အခမ်းအနားများတွင် ဒီမိုကရေစီရေး လှုပ်ရှားမှုအသီးသီးက အာဇာနည်များ၊ သူရဲကောင်းများ၊ စွန့်လွှတ်အနစ်နာခံသူများကို အလေးအနက်ပြုကြမည်ဖြစ်ပြီး ယခု ဆက်လက်တိုက်ပွဲဝင်နေသော ဒီမိုကရေစီရေးလှုပ်ရှားမှုများ၊ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ စစ်အုပ်စုကို ဆန့်ကျင်ရှုံ့ချကြရေးတို့ကို အရှိန်မြှင့်လာကြသည်ဟု ထင်မြင်ပါကြောင်း မိုးမခမိတ်ဆွေတဦးက ပြောသည်။

အျပည့္အစုံသိုႛ ...

ဒေါ်အောင်ဆန်းစုကြည်၏ ခြံရောင်းချမည့်ကိစ္စကို လုပ်ကြံမှု တခုဟုဆို

မိုးမခအထောက်တော်၊ ရန်ကုန်

သြဂုတ် ၂၊ ၂၀၀၉

ဒေါ်အောင်ဆန်းစုကြည် နေထိုင်ရာ တက္ကသိုလ်ရိပ်သာလမ်း အမှတ် ၅၄ မှမြေကွက်တစိတ်တပိုင်းကို ရောင်းချမည့် ကိစ္စကို ရန်ကုန်အိမ်ခြံမြေ အကျိုးဆောင်လောကအနေဖြင့် အစိုးရ၏ လံကြုတ် (လုပ်ကြံ) အရောင်းအ၀ယ် တခုဟု ရှုမြင်လျက်ရှိကြပြီး ၀ယ်လက်ဖြစ်သူသည်လည်း အိမ်ခြံမြေလောကမှ မည်သူကမျှ မသိရှိကြဟု ပြောသည်။
အျပည့္အစုံသိုႛ ...

စိမ်းလဲ့ကန်သာ လူသတ်မှု ဆက်မလိုက်ရန် နအဖ ခေါင်းဆောင်များက ညွှန်ကြားထား

မိုးမခအထောက်တော်၊ ရန်ကုန်

သြဂုတ် ၂၊ ၂၀၀၉

ပြီးခဲ့သည့် နှစ် ဖေဖေါ်ဝါရီလက မိသားစုလိုက် အသတ်ခံခဲ့ရသည့် ရန်ကုန်မြို့စိမ်းလဲ့ကန်သာလမ်း လူသတ်မှုနှင့် ပတ်သက်ပြီး ထပ်မံစုံစမ်းဖေါ်ထုတ်ခြင်း မပြုရန် နအဖ စစ်ခေါင်းဆောင်ပိုင်းမှ ညွှန်ကြားထားကြောင်း ထိုအမှုနှင့် ပတ်သက်ပြီး စုံစမ်းဖေါ်ထုတ်ရာတွင် ပါဝင်ခဲ့သည့် အမည်မဖေါ်လိုသူ ရဲအရာရှိတဦးက ပြောဆိုသည်။

အဆိုပါ ရဲအရာရှိက ပြောဆိုရာတွင်
အျပည့္အစုံသိုႛ ...


more | audio


more


more


more


more
ဒေၞအောင်ဆန်းစုကြည် ပြန်လွတ်မယ်လိုႛ ရှေႛနေတွေမျှော်လင့်
အမှု ရက်ရွှေႛဆိုင်းခြင်းသည် စစ်အစိုးရ၏ ပရိယာယ်ဖြစ်ကြောင်းသုံးသပ်