4.17.2009

မီဒီယာသစ်၊ နည်းပညာ အကန့်အသတ်နှင့် ပြည်တွင်းမီဒီယာ

E-mail Print
ပြည်တွင်းတွင် အင်တာနက် သုံးစွဲနိုင်မှု အကန့်အသတ် ကြောင့် အင်တာနက်နှင့် ယဉ်ပါးမှုနည်းခြင်း၊ ပြည်ပရောက် မြန်မာ များအဖို့မှာ မြန်မာစာ ရိုက်ရန်အခက်အခဲနှင့် ဘလော့ဂ် နည်းပညာ ထိတွေ့မှုနည်းခြင်း တို့ကြောင့် မီဒီယာသစ်တွင် မြန်မာတို့ ပါဝင်စီးမျောမှု အရှိန်နည်းနေသည်ကို ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးက တွန်းအားပေးလိုက်သည်။

မြန်မာဘလော့ဂ်နှင့် ဖိုရမ်များ၊ ပုဂ္ဂိလိက ဝက်ဘ်ဆိုက်များ ထိုအချိန်မှစ၍ ဝုန်းခနဲ တိုးပွားလာခဲ့သည်။ နိုင်ငံတကာသုံး စနစ်ကို မလိုက်နိုင်သည့်တိုင် ဇော်ဂျီဖောင့်ကလည်း မြန်မာဘာသာဖြင့် ဝက်ဘ်စာမျက်နှာများကို ပွားများအောင် ထောက် ကူပေးသည်။

ပြည်တွင်းမီဒီယာများအနေဖြင့် ဝက်ဘ်ဆိုက်များ ထူထောင်လာခြင်းသည်လည်း ထိုကာလနောက်ပိုင်းတွင် ပိုများလာခဲ့ သည်။ အစောပိုင်းတွင် ပြည်တွင်းမီဒီယာများအဖို့ အင်တာနက်သည် အချိန်မီ သတင်းရယူရန်နှင့် ပုံများ ရှာဖွေရန်သာ ဖြစ်ခဲ့သည်။ ဂျာနယ်များအတွက် ဒေသတွင်းသတင်း၊ နိုင်ငံတကာသတင်း ဆောင်းပါးနှင့် ပုံများအတွက် အင်တာနက်ကို သာ အားကိုးရသည်။ ထို့ထက်အစောပိုင်းကာလ အင်တာနက် မတွင်ကျယ်သေးခင်က နိုင်ငံတကာ သတင်း၊ ဆောင်းပါး နှင့် ရုပ်ပုံများအတွက် နိုင်ငံတကာ လေယာဉ်ဖြင့် ပါလာသော သတင်းစာများ၊ လစဉ်ထုတ် နိုင်ငံတကာ စာစောင်များကိုသာ အားကိုးခဲ့ရသည်။

အင်တာနက်နှင့် ထိတွေ့လာပြီးနောက် အချိန်မီ သတင်းရယူခြင်းဖြင့် အလုပ်အဖြစ်ဆုံးမှာ အားကစားဂျာနယ် အမည်ခံ ဘောလုံးလောင်းကစား အားပေး ဂျာနယ်များဖြစ်ပြီး နိုင်ငံတကာ သတင်း ဂျာနယ်များက ဒုတိယလိုက်သည်။

ရွှေဝါရောင် တော်လှန်ရေးမတိုင်ခင်ကာလက အင်တာနက်ပေါ်တွင် မြန်မာဘာသာဖြင့် ရေးသားသည့် ဝက်ဘ်စာမျက်နှာ များမှာ အနည်းငယ်သာရှိခဲ့သည်။ ယခုအချိန်တွင် ဂူဂယ် ရှာဖွေရေးစနစ်၌ တော်လှန်ရေးဟူသော စကားလုံးအတွက် ၂ သောင်းကျော်၊ အချစ်ဟူသော စကားလုံးအတွက် ၇ သောင်းနီးပါး၊ နိုင်ငံရေးဟူသော စကားလုံးအတွက် ၁ သိန်းကျော် မြန်မာဝက်ဘ်စာမျက်နှာများ ရှိနေပေသည်။

ရွှေဝါရောင်တော်လှန်ရေးကာလမှ စ၍ မြန်မာ ဘလော့ဂါ၊ ဖိုရမ်သမား မြောက်မြားစွာတို့က သတင်းများ၊ စာများ၊ ပုံများကို အင်တာနက်ပေါ် တင်လာခဲ့ကြသည်။ ယင်းသတင်းများ၊ စာများ၏ တိကျမှု၊ လက်ခံနိုင်မှုအပေါ် မေးခွန်းထုတ်စရာ ရှိ သည့်တိုင် မြန်မာသတင်းအချက်အလက် စီးဆင်းမှုတွင် ၄င်းတို့၏ အရှိန်အဟုန်မှာ မသေးငယ်လှပေ။ ဆိုက်ဘာဂျာနယ် လစ်၊ နိုင်ငံသားဂျာနယ်လစ် စသည်ဖြင့် ပုံဖော် အမည်ပေးခံရသော ဘလော့ဂါများနှင့် ရှိနှင့်ပြီး ပြည်တွင်းနှင့် ပြည်ပ အခြေစိုက် မြန်မာအွန်လိုင်းမီဒီယာကြီးများ သဟဇာတဖြစ်မှုများရှိသလို ပဋိပက္ခများလည်း ပေါ်ပေါက်လာသည်ကို တွေ့ ရသည်။

ဘလော့ဂါများက မီဒီယာများကို ပွင့်လင်းစွာ ဝေဖန်ကြသလို ဘလော့ဂါများက ရေးသားလိုက်သော အတွေ့အကြုံ၊ အချက်အလက်များသည်လည်း မီဒီယာများအဖို့ နောက်ဆက်တွဲ သတင်းများဖြစ်လာကြသည်။ ဤနေရာတွင် မြန်မာ ဘလော့ဂါများနှင့် ပြည်တွင်းမီဒီယာတို့၏ သဟဇာတ ဖြစ်မှုများနှင့် အသံမထွက်သော ထိပ်တိုက်တွေ့မှုများကိုသာ မီးမောင်းထိုးပြချင်ပါသည်။

တင်းတင်းကျပ်ကျပ် ထိန်းချုပ်ခံထားရသော မြန်မာ ပြည်တွင်းမီဒီယာများအဖို့ နိုင်ငံတကာရေးရာ သတင်းများကို အချိန်မီ ရယူရန်အတွက် အင်တာနက်သည် အရေးပါသော ကဏ္ဍတွင်လုံးဝရှိနေသည်ကို ယခုနှစ် မတ်လနှောင်းပိုင်းနှင့် ဧပြီလ အစောပိုင်း သီတင်းပတ်ရှည်ကြာသော ပြည်တွင်းအင်တာနက်လိုင်း ပြတ်တောက်မှု(သို့) ဆက်သွယ်နိုင်မှုနှုန်း အလွန် အမင်း နှေးကွေးခဲ့ခြင်းက တပ်လှန့်ပေးလိုက်သည်။

ပြည်ပရှိ ယုံကြည်ရသော မိတ်ဆွေ အသိုင်းအဝန်းများထံ ပြည်တွင်း အယ်ဒီတာအချို့က သတင်းများ ရှာဖွေစုဆောင်း ပေး ပို့ရန် မေတ္တာရပ်ခဲ့ရသည်။ မိတ်ဆွေ အယ်ဒီတာ၏ အကူအညီတောင်းမှုကြောင့် ဂျာနယ် တပတ်စာ ပြည်ပသတင်းများ၊ ဆောင်းပါးများ စုစည်း ပေးပို့ခဲ့ရသည်ဟု ပြည်ပ တက္ကသိုလ်တခုမှ ဘလော့ဂါ ကျောင်းသား တယောက်က ဆိုသည်။

ပြည်တွင်းတွင် ဆင်ဆာထိသော၊ ထုတ်ဝေခွင့်မပြုနိုင်သော ဆောင်းပါးများ၊ ကြေညာချက်များ၊ ပေးစာများသည် ဘလော့ဂ် များတွင် ပေါ်ထွက်လာကြသည်။ ပြည်တွင်းမှ အယ်ဒီတာများ၊ သတင်းထောက်များကို နာမည်ဝှက်များဖြင့် ဘလော့ဂ်များ၊ ဖိုရမ်များတွင် ပိုမိုတွေ့လာရသည်။ သတင်းထောက်တဦးက သူဂျာနယ်လစ်ဖြစ်သည်ကို ဘလော့ဂ်တွင် လူသိမခံကြောင်း၊ ဂျာနယ်တိုက် ပိုင်ရှင်သိလျှင် ငြိုငြင်မည်စိုး၍လည်း ပါကြောင်း ပြောသည်။

ဆိုက်ဘာဂျာနယ်လစ်၊ စီတီဇင် ဂျာနယ်လစ်ဖြစ်သော မြန်မာဘလော့ဂါများနှင့် ပြည်တွင်းမီဒီယာတို့၏ ထိပ်တိုက်တွေ့မှု များကိုလည်း အသံတိတ် တွေ့နေရသည်။ နိုင်ငံတကာ သတင်းဌာနများ၏ ပုံများ၊ သတင်းများကို အင်တာနက်မှ တဆင့် အမြဲတစေ မှီခိုသုံးစွဲနေရသော ပြည်တွင်းမီဒီယာများသည် မြန်မာဘလော့ဂါတို့ တင်ထားသော ပုံများ၊ မြန်မာစာသားများကို ခွင့်မတောင်းမိဘဲ ယူငင်သုံးစွဲမိမှုများ ပေါ်ပေါက်လာသည်။ အများအားဖြင့် ကိုယ်ပိုင်စာ၊ ကိုယ်ပိုင် ဓာတ်ပုံများ တင်ထား သည့် မြန်မာဘလော့ဂ်များသည် ယင်းတို့၏ ဖန်တီးမှုများကို စီးပွားရေးအရ မသုံးစွဲရန် တားမြစ်ကြောင်း ဖော်ပြထားကြ သည်။

ထို့အပြင် ဘလော့ဂါအချို့၏ ဆောင်းပါးများ၊ စာများသည် အမည်တမျိုးဖြင့် ပြည်တွင်းမီဒီယာများတွင် ပါရှိလာသည့် အဖြစ် များလည်း ပိုများလာသည်။ မိန်းကလေးဘလော့ဂါတယောက်က သူမ ရှာဖွေရေးသားထားသည့် အလှအပရေးရာ ဆောင်း ပါး ၂ ပုဒ်သည် အနည်းငယ် ပြင်ဆင်ထားသည်မှအပ သူမရေးထားသည့်အတိုင်း အမည်တမျိုးဖြင့် မဂ္ဂဇင်းတခုတွင် ပါလာ သည်ဟု ပြောပြသည်။ ထို့အတူ ဆောင်းပါးတပုဒ်သည် ရေးသူ ဘလော့ဂါမသိဘဲ နာမည်တမျိုးဖြင့် မန္တလေးမြို့အခြေစိုက် ဂျာနယ်တစောင်တွင် ပါလာခဲ့ဖူးသည်။ အင်တာနက်မှ ရသည်ဟုဆိုကာ ရေးသူအမည်မပါဘဲ မြန်မာဘာသာဖြင့် တိုက်ရိုက် ကူးယူ ဖော်ပြထားသော စာအချို့ကိုလည်း ပြီးခဲ့သည့်လထုတ် မဂ္ဂဇင်းတစောင်တွင် တွေ့ရသည်။

ထိန်းချုပ်ကန့်သတ်မှုများလွန်းသော ပြည်တွင်းမီဒီယာများအဖို့ အင်တာနက်ပေါ်မှ သူတို့နှင့် ကိုက်ညီမည့် စာများ ပုံများရရှိ သည့်အတွက် အလုပ်သက်သာကောင်း သက်သာမည်။ သို့သော် မြန်မာအင်တာနက်သုံးစွဲသူ အသိုင်းအဝန်းသည် ကြီးမား ကျယ်ပြန့်နေသည်နှင့်အမျှ ထိုသို့ ပုံများ၊ စာများ အမှုမဲ့ အမှတ်မဲ့ ရယူသုံးစွဲရာတွင်လည်း သတိချပ်သင့်သည့် အချိန်ရောက် ပေပြီ။ ပြည်တွင်း အယ်ဒီတာများသည်လည်း အင်တာနက်နှင့် ပို၍ အကျွမ်းဝင်သင့်သည့် အချိန်ဖြစ်သည်။ မသင်္ကာသည့် ဆောင်းပါး၊ စာထဲမှ အဓိကစာလုံးတလုံးကို ဂူဂယ်အင်ဂျင်တွင် ထည့်ရှာရုံမျှဖြင့် ခြေရာအလွယ်ခံနိုင်ပါသည်။

"ဆောင်းပါးကို ကွန်ပျူတာနဲ့ ရိုက်ပြီး တိုက်ရိုက်ရေးတယ်၊ အင်တာနက်ပေါ်မှာလည်း စာလိုက်ဖတ်တယ်၊ မဟုတ်ရင် နောက်ကျကျန်ခဲ့ဖို့ မြင်တယ်"ဟု မြန်မာစာရိုက် လေ့ကျင်နေသူ ပြည်တွင်း ဆောင်းပါးရှင်တဦးက ဆိုသည်။
မီဒီယာသစ် လမ်းကြောင်းကို ခြေချလာသူများလာသည့်နည်းတူ အစိုးရက ပိုမိုထိန်းချုပ်လာနေသော်လည်း အင်တာနက် တွင် မြန်မာပရိသတ် အားကောင်း ကျယ်ပြန့်လာသည်နှင့်အညီ ပြည်တွင်းမီဒီယာများ ထိုကွန်ယက်နှင့် ချိတ်ဆက် မိနေဖို့ လိုသည်ဟု ထင်မြင်မိသည်။

အင်တာနက်နှင့် ယဉ်ပါးနေသောခေတ်တွင် သတင်းစီးဆင်းမှု ထိန်းချုပ်ရန် အမြဲကြံစည်နေသော စစ်အာဏာပိုင်များကား ရေကို ယိုဖိတ်မကျအောင် လက်ခုပ်နှင့် ခပ်ရန် ကြိုးပမ်းနေသူများသာဖြစ်သည်ဟူသော ဘလော့ဂါတယောက်၏ မှတ်ချက် ကိုလည်း မျှဝေလိုက်ပါသည်။

စာရေးသူသည် ထိုင်းနိုင်ငံ တက္ကသိုလ်တခုမှ လူမှုသိပ္ပံ ဘွဲ့လွန် ကျောင်းသားတစ်ဦး ဖြစ်သည်။

မြန်မာ့ သတင်း ကမ္ဘာ့ သတင်း

Philippine President Gloria Arroyo (File)

မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေး ကြိုးပမ်းတဲ့အနေနဲ့ အထိန်းသိမ်းခံ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့လမှာ လွှတ်ပေးပါလို့ ဖိလစ်ပိုင် သမ္မတ ဂလိုရီယာအာရိုယို က မြန်မာစစ်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။









မုန်တိုင်းသတိပေးချက်
မြန်မာ့အလင်းသတင်းစာ
ဧပြီ ၁၇၊ ၂၀၀၉
(၁၆-၄-၂ဝဝ၉ရက် မြန်မာစံတော်ချိန် ၁၈း၃ဝ နာရီထုတ်ပြန်ချက်)
ယနေ့ ညနေ ၅ နာရီခွဲ တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်း မုန်တိုင်း (ဘစ်ဂ်ျလီ)သည် အိန္ဒိယနိုင်ငံ ဗီဆာကာပတ္တနမ်မြို့ ၏ အရှေ့ဘက် မိုင် ၁၈ဝခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး လွန်ခဲ့သော သုံးနာရီအတွင်း မြောက်၊ အရှေ့မြောက်သို့ ရွေ့လျားပြီးနောက် ၄၈နာရီအကြာ ဧပြီ ၁၈ရက်(စနေနေ့) မွန်းလွဲပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသအနီးမှ ကုန်းတွင်းပိုင်းသို့ ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းထားသည်။
အျပည့္အစုံသိုႛ ...

မြန်မာနှစ်ကူးမှာ တိုက်ခတ်လာမည့် ဘီဂျလိမုန်တိုင်းနဲ့ သဘာဝဘေးဒဏ်က ကာကွယ်ဖို့ ဘာသာရေးအစီအရင် ပြင်ဆင်နေကြ

ဓာတ်ပုံသတင်း၊ မိုးမခ အထောက်တော် ၀၀၅

ဧပြီ ၁၇၊ ၂၀၀၉

မြန်မာနှစ်သစ်ကူးတွင် မုန်တိုင်းကို ကာကွယ်နိုင်ရန် ဘာသာရေးဖက် ဦးလှည့်နေကြသည်။ ရခိုင်ဆရာတော်တပါး၏ လမ်းညွှန်ချက်အတိုင်း ပြင်ဆင်ထားသော ဘုရားကန်တော့ပွဲတခုကို ယခုဓာတ်ပုံတွင် တွေ့ရမည် ဖြစ်သည်။

အျပည့္အစုံသိုႛ ...



ဘီဂျလီကို စိုးရိမ်၍ ကုန်းတွင်းပိုင်းသို့ ပြောင်းရွှေ့ကြ

ဘီဂျလီ မုန်တိုင်း သတိပေးချက် ထွက်ပေါ်လာပြီးနောက် စိုးရိမ်နေသော နာဂစ်သင့် ဧရာဝတီတိုင်းမှ ကျေးလက် ဒေသခံအချို့ ကုန်းတွင်းပိုင်း ဒေသများသို့ ပြောင်းရွှေ့မှုများ ရှိနေကြောင်း မျက်မြင်သက်သေများက ပြော...
  • ဘီဂျလီကို စိုးရိမ်၍ ကုန်းတွင်းပိုင်းသို့ ပြောင်းရွှေ့ကြ

  • ဗကပ မှ ခွဲထွက်ခြင်း အနှစ် ၂ဝ မြောက် အခမ်းအနား ဝ ကျင်းပ

    ဗမာပြည် ကွန်မြူနစ်ပါတီမှ ခွဲထွက်ခဲ့သည့် ဝပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP ထူထောင်သည့် နှစ် ၂၀ ပြည့် အခမ်းအနားကို...

    လောင်စာစွမ်းအင် ရှာဖွေတူးဖော်မှု ကန့်သတ်ချက်ကို မြန်မာ ပြန်စဉ်းစားစေလို

    မြန်မာနိုင်ငံတွင် တိုင်းပြည်၏ သဘာဝ ရင်းမြစ်များတွင် ထည့်ဝင်ထားမှုများကို ရောင်းချခြင်း၊ လွှဲပြောင်းခြင်းနှင့် သက်ဆိုင်သည့် လက်တလော တားမြစ် ကန့်သတ်ချက်များကို...

    ခေါင်းလောင်းထိုးသံ ဘယ်သူ့ထံ

    အာရှတိုက်၏ နောက်ဆုံးကျန်ရှိနေသော မုတ်သုန် သစ်တောများထဲမှ တခုဖြစ်သည့် မြန်မာပြည် မြောက်ပိုင်း သစ်တောများသည် နာတာရှည် ခြိမ်းခြောက်မှုတရပ်ကို ရင်ဆိုင်နေကြရ...


    ရွေးကောက်ပွဲ အောင်နိုင်ရေး မော်ဒယ်လ်ရှိုး

    E-mail Print

    ဘစ်ဂျလီ မုန်တိုင်း ရခိုင်ကို ဝင်မည်

    ဘစ်ဂျလီဟု အမည် ပေးထားသည့် မုန်တိုင်းတခု မနက်ဖြန် နေ့လယ်တွင် ရခိုင်ပြည်နယ် မြောက်ပိုင်းကို ဝင်ရောက် တိုက်ခတ်မည် ဟူသော သတင်းကြောင့် ဒေသခံများက စိုးရိမ်နေကြသည်။

    ဇိုယာဖန်း၏ ကိုယ်ရေး အတ္ထုပ္ပတ္တိ စာအုပ် ထုတ်ဝေမည်

    ကရင်အမျိုးသား ခေါင်းဆောင် တဦးဖြစ်သည့် ဖဒိုမန်းရှာ (ကွယ်လွန်) ၏ သမီးဖြစ်သူ ဇိုယာဖန်း ရေးသားပြုစုသော Little Daughter: A memoir of survival in Burma and the west

    အဖွဲ့ချုပ် အထူးဆွေးနွေးပွဲ ခေါ်

    အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်များနှင့် ပြည်နယ်တိုင်း အဆင့် ကိုယ်စားလှယ်များ၏ အထူး ဆွေးနွေးပွဲ တခုကို လကုန်ပိုင်းတွင် ပြုလုပ်ရန် စီစဉ်နေရာ တိုင်းပြည် အတွက်

    ဝတပ်ဖွဲ့က ကိုယ်ပိုင်ဒေသကြီး ထူထောင်မည်

    ဝတပ်ဖွဲ့က ကိုယ်ပိုင်ဒေသကြီး ထူထောင်မည်

    စည်းလုံး ညီညွတ်သည့် ဝတိုင်းရင်းသားတို့၏ ဒေသကြီး ပေါ်ပေါက်ရေး အတွက် ကြိုးပမ်းသွားမည်ဟု ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)က ယနေ့ ကျရောက်သည့်

    Burma's News World's News

    President Obama (left) and Mexican President Felipe Calderon, 16 Apr 2009
    Fri. 17 Apr 2009 0104 UTC

    Obama, Mexican President Discuss Drug Trafficking, Border Violence

    Two leaders announced flurry of bilateral understandings, proposals, and pledges on a wide range of issues

    Full Story » | Listen Audio clip available

    A protester holds a banner demanding full rights for immigrants outside the US embassy, Mexico City, 16 Apr 2009

    Mexican Interest Groups Press Agendas During Obama Visit Audio Clip Available

    Protesters urging President Obama to take action on climate, immigration issues

    US President Barack Obama

    Obama: No Charges Against CIA Officials for Harsh Treatment of Detainees

    US president says it is unfair to prosecute CIA workers for conduct sanctioned in advance by US Justice Department

    An aerial photo taken by the French Navy on 15 Apr 2009 shows a pirate 'mother ship' east of Mombasa, Kenya

    Lack of Effective Somali Government Root of Piracy Problem, Experts Say Audio Clip Available

    No effective solution to piracy problem possible without solution to Somalia's statelessness, analysts say

    US Defense Secretary Robert Gates (file photo)

    US Defense Chief: US Must Not Lose Support of Afghan People Audio Clip Available

    US defense secretary calls civilian casualties 'a serious problem,' tells his commander in Kabul that protecting Afghan civilians must be one of his main concerns



    A guard at Guantanamo Bay, October 2007
    President Obama publishes details of harsh Bush-era interrogation tactics, but vows CIA agents will not face prosecution.

    The leader of the movement which helped bring down former Thai PM Thaksin in 2006 is shot and injured in Bangkok.

    The founders of Pirate Bay, the world's most famous file-sharing site, are jailed by a Swedish court on copyright charges.




    Asia's New Boat People

    2009-04-16

    A Muslim minority group unrecognized by Burma's military regime has sparked a diplomatic flurry, as they take to the high seas to escape persecution.


    Arroyo offers Philippines as a model for Burma

    Philippine President Gloria Macapagal Arroyo has held up her country's democratic experience as a guiding light for Burma's military regime, urging Burma's generals to adopt a similar approach...

    Cyclone Bijli moving toward Burma

    Cyclone Bijli, having formed earlier in the week in the Bay of Bengal, is now advancing in the direction of the Burma-Bangladesh border region. U.S. Navy weathermen predict that the...

    Burma to reconsider restrictions on energy exploration

    Oil and gas exploration and production companies in Burma are hoping for a forthcoming easing in restrictions on the current ban related to the selling and transferring of stakes in...

    KNLA fights Burmese Army and DKBA

    Fighting broke out tonight at the Karen National Liberation Army's base camp in Wah Lay Kee between the KNLA’s 201st Brigade, the Burma Army and its allies the Democratic Karen...
    OPINION

    Burmese Join in Praise for Abhisit’s Crisis Strategy

    By AUNG ZAW
    The countries of Southeast Asia followed keenly the dramatic Songkran events in Thailand—but probably none of Thailand’s neighbors displayed more interest than Burma.

    Gunmen Attack Thai Leader of 'Yellow Shirt' Protests

    By AMBIKA AHUJA
    The founder of Thailand's "yellow shirt" protest movement that shut down Bangkok airports last year was shot and wounded by gunmen Friday in an attack.

    Indians Start Voting in Month-long Elections

    By MUNEEZA NAQVI
    In tiny villages and sprawling concrete cities, tens of millions of Indians voted Thursday at the start of a monthlong process expected to yield no clear winner as this Asian giant grapples with global economic malaise.

    Philippines Urges Burma to Free Suu Kyi

    By THE ASSOCIATED PRESS
    The Philippine president has urged Burma's military junta to free pro-democracy leader Aung San Suu Kyi in May when the extension of her house arrest expires.

    NLD to Hold Rare ‘Special Meeting’ this Month

    By WAI MOE
    Burma’s main opposition party, the National League for Democracy (NLD), plans to hold a rare special meeting on April 28-29 to discuss what spokesman Han Thar Myint described as “several matters important for the country.”

    Rohingya Issue Remains Unresolved

    By SAW YAN NAING
    A regional meeting on illegal migration failed to reach any agreement on the issue of Rohingya boat people after Burma refused to recognize them as citizens.

    Burmese Exiles Also Deplore Bangkok Violence

    By THE IRRAWADDY
    Burmese exiles in Thailand were exceptionally keen observers of the events that shook the country, with many of them deploring the use of violence by anti-government protesters.