4.21.2010

Burma's News World's News

A couple embrace after being reunited at Boston's Logan International Airport, following the arrival of a Lufthansa flight from Frankfurt, 20 April
European skies are re-opening to flights after almost a week of paralysis caused by ash from a volcanic eruption in Iceland.
An undated photo of the ultra-deepwater semi-submersible rig Deepwater Horizon in the Gulf of Mexico Samaranch (left) was succeeded by Jacques Rogge
US coast guards search the Gulf of Mexico for at least 11 people missing after an explosion and fire on an oil rig.
 
Long-time Olympic chief Juan Antonio Samaranch, who presided over the commercialisation of the Games, dies at 89.
Rescue workers on the derailed train (Pic: Bathini Mbatha/Sowetan) Rescuers workers pay their respects to the vicitims of last week's earthquake
A South African luxury tourist Rovos Rail train carrying 46 people derails in Pretoria, killing at least two people.
 
Flags fly at half mast across China as it holds a national day of mourning for the more than 2,000 victims of the Qinghai quake.

Festival Bombing Death Toll Rises

By SAW YAN NAING
The New Year festival bombing death toll in Rangoon rises to 10 dead.
NEWS ANALYSIS

US Response To Sudan Election Omen for Burma?

By HTET AUNG
The US has recognized the winners in the Sudan parliamentary election and said it will engage the new government even though the electoral process was not judged to be free or fair.

Junta Collects Voter Lists

By KYAW THEIN KHA
The Burmese junta canvasses Rangoon and Irrawaddy Division to collect the name and location of potential voters prior to the election.

DKBA Gold Mining Disrupting Lives: KORD

By ALEX ELLGEE
The Karen Office for Relief and Development says gold-mining activities by the DKBA in northern Karen State is severely disrupting villagers' lives.
Rangoon blasts were grenade attacks: army engineer
Hand grenades lobbed into the X2O pavilion in Kandawgyi Park, Rangoon last week ...KIO holds militia courses ahead of army deadline
Kachin Independence Organisation troops are providing military training to people from ...
Rakhine state ethnic party re-registers with poll watchdog
An ethnic minority political party from Rakhine State has re-registered with the Election ...
Canadian uni ‘spied’ on Burmese students thumbnail

Canadian uni ‘spied’ on Burmese students

Leaked emails show attempts by university staff to monitor Burmese students discussing companies investing in Burma, one of which was a university benefactor

Junta raking candidate backgrounds

Authorities begin collecting background information on election candidates as 19 political parties await approval after registering
Kachin army holds mass public forum thumbnail

Kachin army holds mass public forum

Meeting comes as fears grow about a possible outbreak of fighting in northern Burma with both sides strengthening forces and unable to compromise

သံဃာ့တပ်ပေါင်းစု အဖွဲကြီး၏ ABMA ဂျာနယ် အတွဲ ၁။ အမှတ် ၆

“နှာစေးမပစ်လိုက်ကြစေလိုပါ”

စိုးနေလင်း

နိုင်ငံရေးကိုစိတ်ဝင်စားပြီး နိုင်ငံရေးအသိပညာရှိတဲ့သူတွေ၊အမှန်တရား၊တရားမျှတမှု၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးကို လိုလားတောင့်တ တက်ကြွလှုပ်ရှားသူတွေနဲ့ နိုင်ငံရေးအတွေ့အကြုံ ရင့်ကျက်သူ ၀ါရှိသူတွေ အနေနဲ့ ကိုယ်က ကိုယ့်ဆန္ဒအလျှောက် ကိုယ့်အမြင်ကိုယ့်အတွေးကို ဖော်ထုတ် ပြောဆိုတာပဲ ဖြစ်ဖြစ် သတင်းစာနယ်ဇင်းတွေက မေးမြန်းလာလို့ အဖြေပေးပြောဆိုရတဲ့ အခါပဲ ဖြစ်ဖြစ် သတိကြီးကြီး ထားသင့်တယ်လို့ ထင်ပါတယ်။
နိုင်ငံရေး အသိပညာရှိသူတွေအတွက်က စဉ်းစားတွေးခေါ် အချက်အလက်ရှာဖွေ လေ့လာ အကဲဖြတ်လို့ ရနိုင်ပေမယ့် နိုင်ငံရေးအသိပညာ ဘ၀အရ အခြေအနေအရ အားနည်းသူ မရှိသူတွေ ဖြစ်တဲ့ သာမန် အခြေခံ ပြည်သူလူထုကြီးကို အမှားအမှန်ရွေးချယ်ဆုံးဖြတ်ဖို့ ခက်ခဲသွားစေတဲ့ တွေဝေသွားစေနိုင်တဲ့ အပြောအဆိုမျိုးကိုတော့ အထူးသဖြင့် ခုလိုမြန်မာနိုင်ငံအတွက် အရေးကြီးတဲ့အခြေအနေမျိုးမှာ သတိထား ရှောင်ရှားသင့်တယ်လို့ ယူဆပါတယ်။
ဒီဆောင်းပါးကို ရေးဖြစ်ဖို့စေ့ဆော်ပေးလိုက်တာကတော့ ဒီဗီဘီ အင်တာနက်စာမျက်နှာ မှာ 12th April 2010နေ့စွဲနဲ့ ဖော်ပြထားတဲ့ “ရွေးကောက်ပွဲပညာပေးရေး လုပ်မှဖြစ်မည်ဟု အမျိုးသားရေး ဦးဝင်းနိုင်က ပြောဆို”ဆိုတဲ့ သတင်းတိုလေးပါ။ ပြည်ပအခြေစိုက် စာနယ်ဇင်းဆရာ နှစ်ဦးရဲ့ ဆောင်းပါးနှစ်ပုဒ်ကိုလည်း ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ဖတ်လိုက်ရပါသေးတယ်။ ပြည်ပအခြေစိုက် ဖြစ်တဲ့အတွက် ပြည်တွင်းက အခြေခံ ပြည်သူလူထုကြီးအတွက် သက်ရောက်မှု သိပ်မရှိနိုင်တဲ့အတွက် ဆောင်းပါးရေးဖို့အထိ စိတ်မပါခဲ့ပါဘူး။ ကျနော်အထက်မှာ တင်ပြခဲ့တဲ့ သတင်းကတော့ မတော်တဆ ပြည်တွင်းစာနယ်ဇင်း တစောင်စောင်က ဖော်ပြခွင့်ရလို့ ဖော်ပြလိုက်မယ်ဆိုရင် သာမန် အခြေခံပြည်သူလူထု အတွက် မကောင်းတဲ့ သက်ရောက်မှု ရှိနိုင်တဲ့အတွက် ရေးဖြစ်သွားတာပါ။ အဲဒီသတင်းအရ ပြည်သူလူထုကို ရွေးကောက်ပွဲ ပညာပေးရေး လုပ်မှဖြစ်မယ်လို့ အမျိုးသားရေးဦးဝင်းနိုင်က ပြောတာကတော့ ပြဿနာမရှိပါဘူး။ ပညာပေးရေး လုပ်တာက ကောင်းပါတယ်။ ဒါပေမယ့် ဘယ်လိုပညာတွေကို ပေးမှာပါလဲ။ ပြည်တွင်းနိုင်ငံရေး အခြေအနေကို နားလည်သိမှီသူတွေရော ပြည်သူလူထုကြီးက ယုံကြည်အပ်နှံထားတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကရော စစ်အစိုးရထုတ်ပြန်ကြေငြာလိုက်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေဟာဘာ၊ ၂၀၁၀ ရွေးကောက်ပွဲဟာ ဘာဆိုတာကို ပြတ်ပြတ်သားသား သိမြင်နားလည် သဘောပေါက်ပြီး ဖြစ်သလို ပြည်သူလူထုကိုလည်း သူတို့ရဲ့ ထင်မြင်ချက်နဲ့ သဘောထားကို ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း ဖော်ပြပြောဆိုပြီး ဖြစ်ပါတယ်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်နဲ့ကမ္ဘာ့နိုင်ငံအတော်များများက အစိုးရတာဝန်ရှိပုဂ္ဂိုလ်တွေ သံတမန်တွေကလည်း စစ်အစိုးရရဲ့ ရွေးကောက်ပွဲဥပဒေဟာ ဒီမိုကရေစီ အခြေခံမူတွေနဲ့ မကိုက်ညီဘူး တရားမျှတမှုမရှိဘူးလို့ ဝေဖန်ပြောဆိုထားခဲ့ကြပြီး ဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆေ၁င်နဲ့ လူထုဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ဗဟိုအလုပ်အမှုဆောင်ကော်မီတီ ၀င်နဲ့ စာရေးဆရာ သတင်းစာဆရာကြီးဦးဝင်းတင်တို့ကလည်း သူတို့ရဲ့ သဘောထားအမြင်ကို လူထုကို ဖော်ထုတ်ပြောဆိုပြီးဖြစ်ပါတယ်။ လူထုကို ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ မဲမပေးဖို့ ပြောရမှာပဲလို့ ပြောပြီးဖြစ်ပါတယ်။ စစ်အစိုးရရဲ့ ရွေးကောက်ပွဲဥပဒေဟာ တရားမျှတမှုမရှိဘူး၊ ထပ်လုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲဆိုတာ ဘာကို ဦးတည်ရည်ရွယ်တယ် စတဲ့ မှန်ကန်တဲ့ နိုင်ငံရေး အသိပညာကို ပေးကြရပါလိမ့်မယ်။ ပေးဖို့လည်း တာဝန်ရှိပါတယ်။
ခု အမျိုးသားရေးဦးဝင်းနိုင် ပြောလိုက်တာက “ကျနော်တို့က ရွေးကောက်ပွဲ ထောက်ခံတာ မထောက်ခံတာ ကျနော်တို့ ဘာမှပြောစရာမလိုဘူး။ တကယ်လို့ ရွေးကောက်ပွဲမဖြစ်ရင်လည်း ကျနော်တို့ပြောစရာမရှိဘူး။ ဖြစ်ရင် တိုင်းပြည်အတွက် အကောင်းဆုံးဖြစ်မလဲ၊ အဆိုးဆုံးထဲက အကောင်းဆုံးဖြစ်နိုင်တဲ့ နည်းလမ်းတွေကို ကျနော်တို့က ရှာကြံပြီးပေးတာပါ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြည်သူ့ဆန္ဒ မဲပေးကြတုံးက ဒါမျိုး ကျနော်တို့မရလိုက်ဘူး။ အဲတော့ လူထုဟာ သိပ်နာတယ်။ အဲဒါကြောင့်မို့ ကျနော်တို့က တကယ်လို့ဖြစ်လာရင် ကျနော်တို့က လုပ်ပေးမယ်။ ကျနော်တို့ထောက်ခံခြင်း မထောက်ခံခြင်းသည် ကျနော်တို့ အလုပ်မဟုတ်ဘူး” လို့ ပြောလိုက်တာပါ။ 
စစ်အစိုးရရဲ့၂၀၀၈ အခြေခံဥပဒေနဲ့ ထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲ ဥပဒေ အရ ကျနော်တို့ရဲ့ ပြည်သူလူထုဟာ ဘာအကောင်းဆုံး ရနိုင်မယ်လို့ ဦးဝင်းနိုင်ထင်ပါသလဲ။ ဦးဝင်းနိုင်အနေနဲ့ တရားမျှတမှု မရှိ ဒီမိုကရေစီ နည်းလမ်းမကျတဲ့ ရွေးကောက်ပွဲဥပဒေနဲ့ ကျင်းပပေးမယ့် ၂၀၁၀ ရွေးကောက်ပွဲဆိုတာကို ထောက်ခံတယ် မထောက်ခံဘူးဆိုတာလောက်ကိုတောင် ပြည်သူလူထုကို ထုတ်ဖော်ပြောဆိုဖို့ အနည်းဆုံး တာဝန်ရှိတယ်လို့ မယူဆတော့ပါဘူးလား။ ဒါတော့မတရားဘူး ဒါတော့တရားတယ် ဆိုတာ ပြည်သူလူထုကို ပြောဖို့ တာဝန်ရှိတယ်လို့ မထင်တော့ပါဘူးလား။ သိပ်မကြာခင်ကပြောခဲ့တဲ့ ဒီမိုကရေစီရမယ်လို့လည်း မထင်တော့ဘူး၊ နိုင်ငံရေး ဆက်မလုပ်တော့ဘူး ဆိုတာကတော့ ကိုယ့်ရဲ့ ကိုယ်ပိုင်အယူအဆ ဆုံးဖြတ်ချက်ပါ။ အဲဒီလို ထင်တာတွေ ဆုံးဖြတ်တာတွေအတွက် ပြောစရာအကြောင်း မရှိပါဘူး။ ပြည်သူလူထုအတွက်လည်း ပြဿနာမရှိပါဘူး။
ဘာဒီမိုကရေစီကိုမှ မပေး ဘာစည်းမျဉ်းဥပဒေကိုမှ လေးစားလိုက်နာမှုမရှိ၊ ဘယ်သူ ဝေဖန်ပြောဆို တောင်းဆိုတာတွေကိုမှ ဂရုမစိုက်ဘဲ သူတို့စစ်အာဏာတည်မြဲရေးအတွက် ဘာပဲလုပ်ရလုပ်ရ ဆိုတဲ့ အစိုးရမျိုးဆီက ဟောပြောခွင့် ပညာပေးခွင့် တောင်းကြည့်မယ်ဆိုတာဟာ အသိတရားရှိရာရော ကျပါသလား။ ၂၀၀၈ ခုနှစ် စစ်အခြေခံ ဥပဒေနဲ့ စစ်အာဏာရှုင်စနစ်နဲ့ တတိုင်းပြည်လုံးကို တရားဝင် ကျွန်ပြုခွင့်ရအောင် လုပ်မယ့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲက မြန်မာပြည်သူလူထုအတွက် အကောင်းဆုံး တခုခု ရနိုင်စရာများ ရှိပါသေးသလား။ အမှန် အမှား တရား မတရား သိထားတဲ့ သူတယောက်ဟာ အမှန်တရားဘက်က ရပ်တည်ဖို့  အမှန်တရားအတွက် ခုခံပြောဆိုဖို့ တာဝန်မရှိပါဘူးလား။ အထူးသဖြင့် အသက်အရွယ် ရလာပြီဖြစ်တဲ့ နိုင်ငံရေးသမားကြီးတွေကို သေသည်အထိ သမိုင်းကြောင်း ကောင်းစေချင်ပါတယ်။ အမှန်တရားဟာ ပြည်သူလူထုနဲ့ အတူရှိနေပါတယ်။ ပြည်သူလူထုဘက်က ရပ်တည်တာဟာ အမှန်တရားဘက်က ရပ်တည်တာပါပဲ။ အမှန်တရားကို ရဲရဲထောက်ခံ၊ မတရားမှုကို ရဲရဲဆန့်ကျင်သွားမယ်ဆိုရင် သမိုင်းကြောင်းဟာ လှပနေမှာ အသေအချာပဲ ဖြစ်ပါတယ်။

အဓမ္မဟာ ဓမ္မကို ထာဝရ အနိုင်ရ အောင်ပွဲခံ သွားရိုးမရှိပါဘူး။
ABMA Journal Volume 1 No 6.

မြန်မာ့သတင်း ကမ္ဘာ့သတင်း

Gen. S. Gun Maw, vice chief of staff for the Kachin Independence Army, is seen on a video camera displayed during their first ever press conference held for foreign journalists after a rally at Laiza, April 16, 2010-AP

နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းဖို့ ငြင်းဆိုတဲ့ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကို စစ်အစိုးရက စစ်ရေးနဲ့ နှိမ်နင်းမယ်ဆိုရင် အမှားကြီး မှားလိမ့်မယ်လို့ KIA ခေါင်းဆောင်တွေက ပြောလိုက်ပါတယ်။

Shan state
RGN Blst2

ယတြာဗုံးနဲ့ သင်္ကြန်အမြောက်

ယတြာဗုံးနဲ့ သင်္ကြန်အမြောက် “ဒီနှစ်တော့ ရန်ကုန်သင်္ကြန် စည်မှာ မဟုတ်ဘူး” ပြောနေကြ သူတွေ ဖျားသွားသည်။ ထိုသို့ ဖျားသွားသူ များထဲတွင် ဒေဝါလီ မဂ္ဂဇင်းလည်း ပါသည်။ ဒေဝါလီ မဂ္ဂဇင်းက ရန်ကုန် သင်္ကြန် မစည်ဟု ပြောသူထဲတွင်
ဆက်ဖတ်ရန် ..
မွန်ပြည်သစ် ပါတီ တောပြန်ခိုမလား

မွန်ပြည်သစ် ပါတီ တောပြန်ခိုမလား

စစ်အစိုးရနှင့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ဆွေးနွေးပွဲ ပျက်ပြားခဲ့ပါက ထိပ်ပိုင်း ခေါင်းဆောင် တချို့ အပါအ၀င် မွန်ပြည်သစ် ပါတီဝင်များ တောတွင်း အခြေစိုက် စခန်းသို့ ပြန်ရန်
Air Bagan မဏ္ဍပ်မှာ ပျော်ပါးသည့် ဦးတေဇ သား ပုံများ ပျံ့နှံ့

Air Bagan မဏ္ဍပ်မှာ ပျော်ပါးသည့် ဦးတေဇ သား ပုံများ ပျံ့နှံ့

မကြာသေးခင်က ကျင်းပခဲ့သော ရန်ကုန် သင်္ကြန်ပွဲတွင် နာမည်ကြီး စီးပွားရေး လုပ်ငန်းရှင် ဦးတေဇ၏ Air Bagan (အဲပုဂံ) မဏ္ဍပ်၌ ဒီဂျေနှင့် အနောက်အတိုင်း အကများ ဖျော်ဖြေသည့်

ယတြာဗုံးနဲ့ သင်္ကြန်အမြောက်

ယတြာဗုံးနဲ့ သင်္ကြန်အမြောက် “ဒီနှစ်တော့ ရန်ကုန်သင်္ကြန် စည်မှာ မဟုတ်ဘူး” ပြောနေကြ သူတွေ ဖျားသွားသည်။ ထိုသို့ ဖျားသွားသူ များထဲတွင် ဒေဝါလီ မဂ္ဂဇင်းလည်း ပါသည်။ ဒေဝါလီ မဂ္ဂဇင်းက ရန်ကုန် သင်္ကြန် မစည်ဟု ပြောသူထဲတွင်
ဆက်ဖတ်ရန် ...
ဗုံးပေါက်ကွဲမှုအကြောင်း Documentary ထုတ်လွှင့် 
  မျိုးဝင်းဇော်/ ၂၁ ဧပြီ ၂၀၁၀

“ဗုံးပေါက်ကွဲပြီးနောက် အခြေအနေတွေ၊ ဆေးရုံက မြင်ကွင်းတွေ၊ အဲဒီအချိန်က အနီးအနားမှာ ရှိတဲ့သူတွေကို မေးမြန်းပြီး ပြည့်ပြည့်စုံစုံ တင်ဆက်ထားတာ တွေ့ရတယ်။ ဒါပေမယ့် လုံခြုံရေးဆိုင်ရာ တာဝန်ရှိ အာဏာပိုင် အသိုင်းအဝိုင်းကို မေးမြန်းထားတာ၊ မှုခင်းဖော်ထုတ်ဖို့ ဘယ်လို အရေးယူ ဆောင်ရွက်နေတယ် ဆိုတာမျိုးတွေတော့ မပါဘူး။ ထူးဆန်းတာ တခုက MRTV-4 ရဲ့ အဲဒီနေ့လွှင့်မယ့် .... ” အပြည့်အစုံသို့

နာဂစ်သင့်ဒေသ ပြန်လည်ထူထောင်ရေး လိုအပ်ချက် မြင့်မားဆဲ

စိုးမိုး/ ၂၁ ဧပြီ ၂၀၁၀
“အသက်မွေးဝမ်းကျောင်းအတွက် အတော်ကိုလိုပါတယ်။ ဥပမာ တံငါသည်၊ ဆား ...” အပြည့်အစုံသို့
မြစ်ဆုံ ရေကာတာစီမံကိန်း လုံခြုံရေးတင်းကျပ်

ခိုင်လင်း/ ၂၁ ဧပြီ ၂၀၁၀
“စစ်သားတွေကတော့ အဲဒီ မိုင်းကွဲတဲ့နေ့က ရောက်နေတာ။ ဒီနေ့လည်း စစ်သားတွေ ဒီဘက်ကို ထပ်ရောက်လာတယ်၊ မြစ်ကြီးနားကနေ ကား (၇) စီး၊ ဆိုင်ကယ် ...” အပြည့်အစုံသို့
ဂျိုင်းတံတားသစ်တွင် တံတားကြေးပိုကောက် ကုန်သည်များ ဒုက္ခရောက်

ရဲရင့်/ ၂၁ ဧပြီ ၂ဝ၁ဝ
“စစ်တပ်နဲ့ပတ်သက်တဲ့ ကုမ္ပဏီကားတွေ၊ တံတားဖြတ် ကြေးငွေ ပိုပေးနိုင်တဲ့လူတွေကို ဦးစားပေးကြတော့ အရင်ရောက်တဲ့ကားတွေက နောက်မှ ...” အပြည့်အစုံသို့
ချင်းတွင်းမြစ်ပေါ်တွင် ရေအားလျှပ်စစ် စီမံကိန်း (၂) ခုတည်ဆောက်ရန် အိန္ဒိယ စီစဉ်

စိုးမိုး/ ၂၁ ဧပြီ ၂၀၁၀
“ရေလှောင်တမံ တည်ဆောက်ခြင်းကြောင့် တောရိုင်း တိရစ္ဆာန်များ ဆုံးရှုံးနိုင်ခြင်း၊ သဘာဝပတ်ဝန်းကျင် ပျက်စီးနိုင်ခြင်းကြောင့် သဘာဝ ...” အပြည့်အစုံသို့
ကောက်ရိုးနဲ့ လဲရင်တော့ အိုးကွဲပဲရလိမ့်မယ်
ဘွဲ့ဖြူ/ ၂၁ ဧပြီ ၂၀၁၀

“ကျမတို့ရဲ့ ဦးခေါင်းကတော့ ပျော့ပျောင်းပါတယ် ... ဒါပေမယ့် ကျမတို့ရဲ့ ဒူးခေါင်းကတော့ မပျော့ပျောင်းဘူး” လို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ဖူးတယ်။ ဒါဟာ မိမိကိုယ်ကို ရိုသေလေးစားသူ မှန်သမျှအတွက် လမ်းညွှန်သဘောတရားတခုဖြစ်တယ်။ အခု အဲဒီလမ်းညွှန်မှုကို ပြတ်ပြတ်သားသား ခံယူကျင့်သုံးခြင်းဖြင့် အန်အယ်လ်ဒီ ခေါင်းဆောင်များက သူတို့ပါတီဟာ စစ်မှန်တဲ့ အရေးတော်ပုံပါတီတရပ်ဖြစ်ကြောင်း ... အပြည့်အစုံသို့
 

အမျိုးသားစာဆိုကြီး သခင်ကိုယ်တော်မှိုင်း ခေါင်းချရာနေအိမ် ကန်ထရိုက်တိုက် ဆောက်မည်
မိုးမခအထောက်တော် ၀၀၃
ဧပြီ ၂၁၊ ၂၀၁၀
လျပ်တပြက်ဂျာနယ် ဧပြီ ၉ ထုတ် စာစောင်တွင် အထက်ပါပုံအတိုင်း ဖော်ပြထားရာ မိသားစုဝင်များက နှစ်ပေါင်း ၈၀ ကြာပြီဖြစ်သည့် ပြိုပျက်နေသော မူလအိမ်ဟောင်းကို ဖျက်၍ ၆ ထပ်တိုက် ဆောက်ရန် စီစဉ်နေပြီဖြစ်ကြောင်း သိရှိရသည်။
အပြည့်အစုံသို့ ...
 

ချာဗာလစ် အကြောင်းပြချက်ကို ၀န်ကြီးချုပ် မေးခွန်းထုတ်
Wednesday, April 21, 2010 ...
အပြည့်အစုံသို့

images

ပုဏ္ဍားကျွန်း မင်းချောင်းကို ရထားလမ်းအတွက် ပိတ်ဆည်မူကြောင့် ခရီးသွားပြည်သူများ ဒုက္ခရောက်

၎၊၂၀၊၂၀၁၀
ရခိုင်ပြည်နယ်၏ အဓိက အသွားအလာ အများဆုံး ရေလမ်းကြောင်း တည်ရှိရာ ပုဏ္ဍားကျွန်း မင်းချောင်းကို အာဏာပိုင်များက ရထားလမ်း အတွက် ပိတ်ဆို့ ဆည်မူကြောင့် ရခိုင်ပြည်သူများစွာ အခက်ကြုံ တွေ့နေရသည်ဟု ဒေသခံများက ပြောသည်။ အပြည့်အစုံသို့

လေပြင်းကြောင့် မူစယ်တွင် ပျက်ဆီးမှုများပြား

လေပြင်းကြောင့် မူစယ်တွင် ပျက်ဆီးမှုများပြားသျှမ်းပြည် (မြောက်ပိုင်း) မူစယ်ခရိုင်နှင့် တရုတ်နယ်စပ်တစ်လျှောက်တွင်  ဧပြီလ၂၀ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က မိုးသက်လေပြင်း ကျရောက်ခဲ့သဖြင့် သစ်ပင်များနှင့် လူနေအိမ်များ ပြိုလဲပျက်ဆီးခဲ့ကြောင်း သိရသည်။
လူ့အခွင့်အရေး အကျိုးဆောင် လုပ်မည်ဟု NLD လူငယ်ကြေညာ
ပါတီသက်တမ်း ကုန်ဆုံးပြီးနောက် လူ့အခွင့်အရေး ကိစ္စဘက် ဦးလှည့် လုပ်ကိုင်သွားမည်ဟု ... 

more

 

more

 

more

 

more

 

more

အားလုံးပၝဝင်ခွင့်ရှိသည့်ေ႟ွးကောက်ပွဲ ကျင်းပဖိုႛ ဂျပန်နှင့် မလေးရှားတိုက်တွန်း
မြစ်ဆုံ ရေကာတာ ဗုံးကွဲမှုကို စစ်အစိုးရနှင့် KIO ပူးတွဲစုံစမ်းဖိုႛ သဘောတူ
စစ်အစိုးရစွပ်စွဲချက်ကို အတိုက်အခံများ ပယ်ချ
စစ်အစိုးရေ႟ွးကောက်ပွဲကို အသိအမှတ်မပြုဖိုႛ သြစတြေးလျှလွှတ်တော်ထောက်ခံ

နယ်ခြားစောင့် အသွင်ပြောင်းသည့် ကိစ္စနှင့်ပတ်သက်ပြီး ဒီကေဘီအေအတွင်း သဘောထားကွဲပြားနေ  နအဖ ဒီကိစ္စကို ကောင်းကောင်းသိတာပေါ့။ ဒါကြောင့် တရားဝင်ပြောင်းဖို့အတွက် ဖိအားမပေးသေးဘဲ ကြိုးရှည်ရှည်နဲ့ လှန်ထားတာလေ။ နအဖ ဒီကေဘီအေကို ဝ တို့ ကချင်တို့လို ဖိအားပေးပြီး တရားဝင် အခမ်းအနားနဲ့ပြောင်းခိုင်းပါစေလို့ ကျွန်တော်ကြိတ်ပြီးဆုတောင်နေတာကြာပြီး။ နယ်ခြားစောင့်တပ် ပြောင်းမဲ့ကိစ္စကို ဒီကေဘီအေတပ်ဖွဲ့ဝင် အများစုကလက်မခံဘူး ဆိုတဲ့...

နိုင်ငံရေးသတင်းတွေ ဘယ်လိုရေးကြမှာလဲ(Written by လူထုစိန်ဝင်း )

Written by လူထုစိန်ဝင်း
လတ်တလောကာလမှာ ဘယ်ဂျာနယ်ပဲလှန်လိုက်လှန်လိုက် မှတ်ပုံတင်လျောက်ထားကြတဲ့ နိုင်ငံရေးပါတီတွေရဲ့ အကြောင်းသတင်းတွေနဲ့ တွေ့ဆုံမေးမြန်းခန်းတွေ အသားပေး ဖော်ပြထားကြတာကို တွေ့ရတယ်။